ကယား ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကယားမျိုးနွယ်စုတို့၏ ကြက်ရိုးထိုးဗေဒင်
Image

နိဒါန်း

ကယားပြည်နယ်တွင်ကယား၊ ကယန်း၊ ကယော၊ ဂေဘား၊ မနုမနော၊ ယင်းတလဲ စသည့် ဌာနေတိုင်းရင်း သား(၆)မျိုးအပြင် ရှမ်း၊ပအိုဝ်း၊ဗမာ၊ကရင်၊လီဆူ၊ အင်းသား စသည့် တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြသည့် ပြည်နယ် တစ်ခုဖြစ်ပါသည်။ ကယားမျိုးနွယ်စုအားလုံး တို့သည်  ကြက်ရိုးထိုးဗေဒင်ကို ယနေ့ထိတိုင် ယုံကြည်စွာ လိုက်နာ ကျင့်သုံးကြပါသည်။

ကြက်ရိုးထိုးဗေဒင်ပေါ်ပေါက်လာပုံ

ကယားပြည်နယ်အတွင်း နေထိုင်ကြသော ကယား တိုင်းရင်းသား မျိုးနွယ်စုများသည် ရှေးဘိုးဘွားများ လက်ထက်ကတည်းက ရိုးရာဓလေ့ထုံးစံတစ်ခုအနေဖြင့် ကြက်ရိုးထိုး ဗေဒင်ကို အခက်အခဲရှိသည့်အခါတိုင်း ယုံယုံ ကြည်ကြည်ဖြင့် ကြည့်လေ့ရှိခဲ့ကြသည်။ ကယားမျိုးနွယ် စုအားလုံး ယုံကြည်လက်ခံထားသော ကြက်ရိုးထိုးဗေဒင် ကြည့်သည့် ဓလေ့ထုံးစံနှင့်ပတ်သက်သော ပုံပြင်ဒဏ္ဍာရီ တစ်ခုရှိပါသည်။ ရှေးအခါက ဘုရားသခင်သည် ကယားတို့ အား ရွှေကျမ်းစာတစ်အုပ်ကို ပေးအပ်ထားကြောင်း၊ ယင်း ရွှေကျမ်းစာကို ကယားတို့က မဖတ်တတ်သဖြင့် ညီထွေးဖြစ်သည့်လူဖြူထံမှငွေကျမ်းစာဖြင့်လဲခဲ့ကြောင်း၊ ညီထွေးဖြစ်သူ လူဖြူသည် ရွှေကျမ်းစာကို လဲယူသွားပြီး နေမင်းနှင့်အတူ အနောက်အရပ်သို့ ထွက်ခွာသွားခဲ့ ကြောင်း၊ ကယားတို့သည် ညီထွေးထံမှငွေကျမ်းစာကို ရရှိခဲ့ သော်လည်း မဖတ်တတ်သဖြင့် အစ်ကိုကြီးဖြစ်သူ တရုတ်ထံမှစက္ကူစာဖြင့်ထပ်မံလဲခဲ့ကြောင်း၊ ယင်းစက္ကူ စာကိုလည်း မဖတ်တတ်သဖြင့် နောက်ဆုံးတွင် ရှမ်း လူမျိုးထံမှ သားရေစာဖြင့် လဲခဲ့သည်ဟုဆိုသည်။

ကယားလူမျိုးတို့သည် ၎င်းတို့သွားလေရာသို့ ထို သားရေစာကိုယူသွားလေ့ရှိသည်။ တောင်ယာ ခုတ်ထွင် နေစဉ် ယင်းသားရေစာကို သစ်ငုတ်တစ်ခုပေါ် တင်ပြီး အလုပ်လုပ်နေစဉ် ခွေးကအစာဟု ထင်မှတ်ပြီး စားသွားခဲ့ ကြောင်း၊ ယင်းသားရေစာ ပျောက်ဆုံးသွားသဖြင့် စုံစမ်း မေးမြန်းရာခွေးကစားသွားကြောင်းသိရှိခဲ့ရသည်။ ခွေးကို မေးရာတွင် ခွေးက စားသွားသည့် သားရေစာသည် မစင် စွန့်ရာတွင်ပါသွားပြီးဝက်ကစားသွားကြောင်း ခွေးက ပြော သည်။ ဝက်ကိုမေးရာတွင် ဝက်ကလည်း မစင်စွန့် ရာ တွင်ပါသွားပြီးကြက်ကစားသွားကြောင်းပြောပြပါသည်။ တစ်ဖန် ကြက်ကိုမေးမြန်းရာတွင် ဝက်၏မစင်ကို မိမိစား မိကြောင်းယင်းစာသည်မိမိ၏ပေါင်ရိုးအထဲမှာရှိသော ခြင် ဆီထဲတွင်ရှိကြောင်း၊ အဖြစ်အပျက်တစ်ခုခုနှင့် ပတ်သက် ၍ အမှားအမှန်ကြည့်လိုပါက မိမိပေါင်ရိုးကို ထုတ်ပြီး ကြည့်ပါက အမှန်တရားကိုသိရှိနိုင်ပါကြောင်း ပြောပြပါ သည်။ ထို့ကြောင့် ကယားတို့သည် ဘုရားသခင်မှ ပေး အပ်ခဲ့သော အမှန်တရားသည် ကြက်ရိုးတွင် ရှိသည်ဟု ယုံကြည်ကြသဖြင့် ကြက်ရိုးထိုးသည့် အလေ့အထ ဖြစ် ပေါ်လာရခြင်းဖြစ်သည်ဟု လေ့လာသိရှိခဲ့ပါ သည်။

ကယားတိုင်းရင်းသားမျိုးနွယ်စုတို့သည် ကြက်ရိုး ထိုးဗေဒင်ကို အထူးယုံကြည်ကြသည်။ စိုက်ပျိုးရန် မြေ နေရာရွေးခြင်း၊ အိမ်ဆောက်လုပ်ရန် မြေနေရာရွေးချယ် ခြင်း၊ နေ့ကောင်းရက်မြတ် ရွေးချယ်ခြင်းများ ပြုလုပ်ရာ တွင် ကိစ္စအဝဝမပြုလုပ်မီ ကြက်ရိုးထိုးကြည့် လေ့ရှိသည်။ ကြက်ရိုးထိုးခြင်းသည် နတ်ဆရာ (သို့မဟုတ်) ကြက်ရိုး ထိုးတတ်သူ အမျိုးသားတစ်ဉီးဉီးက လုပ်ဆောင်ပေးလေ့ ရှိသည်။ သို့သော် အမျိုးသမီးများ ကြက်ရိုး ထိုးခွင့်မရှိပေ။

         မိသားစုတွင်တစ်ဉီးဉီးနာမကျန်းဖြစ်သည့်အခါနတ် ဖမ်းစားခြင်း (သို့မဟုတ်) ရောဂါကပ်ရောက်နေသည် ကို သိရှိရန်  ကြက်ရိုးထိုးကြည့်လေ့ရှိသည်။ မည်သည့်နတ် ကို မည်သည့်တိရစ္ဆာန်ဖြင့် မည်သည့်နေရာတွင် ပူဇော်ပသ ရမည်တို့ကို ကြက်ရိုးထိုးဗေဒင်ဖြင့် ကြည့်ကြသည်။ ဗေဒင်ဟောကိန်းအရ သိရသောကြက် (သို့မဟုတ်) နွား (သို့မဟုတ်) ဝက်ကိုသတ်ပြီး ပူဇော်ပသကြသည်။ကယား မျိုးနွယ်စုတို့သည် ကြက်ရိုးထိုးသည့်ဓလေ့ကို ရှေးယခင် မှစ၍ ယနေ့အထိအသုံးပြုလျက်ရှိပါသည်။ထို့အပြင် အမှု ဖြစ်ပွားရာတွင်လည်း သက်သေပြရန် ခက်ခဲသော အမှု များအားတစ်ခါတစ်ရံတွင်ကြက်ရိုးထိုးပြီး အဆုံးအဖြတ်ပေးလေ့ရှိသည်။ ကြက်ရိုးထိုးပြီး ပေါ်လာသည့်အတိုင်း နှစ်ဉီးနှစ်ဖက် ကျေကျေနပ်နပ် လက်ခံလေ့ရှိပါသည်။ 

ကြက်ရိုးဗေဒင်မေးရန်အတွက် အရွယ်ရောက် ပြီး ကြက်တစ်ကောင်(အနီရောင်)ကို အများဆုံးရွေး ချယ် ကြသည်။ အဖြူရောင်ကြက်ကို လုံးဝအသုံးမပြု ကြောင်း သိရှိရပါသည်။ နတ်ဆရာ (သို့မဟုတ်) မေးတတ်သည့် သူက ကိုင်မြှောက်ပြီး တိုင်းရင်းသားဘာသာ စကားဖြင့် မိမိတို့သိလိုသည်ကို အမှန်သိအောင်ပြု လုပ်ပေးရန်၊ ပြောပေးရန် ရွတ်ဆိုဆုတောင်းရသည်။ ထို့နောက် ကြက် ကိုသတ်ပြီး ပေါင်ရိုးနှစ်ရိုးကိုချိုး၍ အပြင်သို့ဖြတ်ထုတ်ယူ ရသည်။ ပေါင်ရိုးနှစ်ရိုး အပြင်သို့ ရောက်လျှင် အရိုးများ တွင်ကပ်နေသောအသားများကိုဖယ်ခြစ်ထုတ်၍ အောက် ခြေဘက်အပေါက်မှ ၅လက်မ ၊ ၆လက်မ ရှည်သော ဝါး တုတ်ချောင်း တစ်ခုစီထိုးထည့်ရသည်။ ထိုသို့ထည့် လိုက် သည့်အခါ ပေါင်ရိုးတစ်ချောင်း စီတွင်ရှိသော အပ်ပေါက် ရာခန့် သေးငယ်သောအပေါက် နှစ်ခုစီမှ သွေးများ ထွက် လာသည်။ သွေးထွက်လာသော အပေါက်ငယ်များကို အပ် ချောင်းအရွယ်ဝါးချောင်း သေးသေး တစ်ခုစီကို အလိုက် သင့်ထိုးသွင်းရသည်။ ထို့နောက် ကြက်ပေါင်ရိုးနှစ်ခုကို အတူယှဉ်ကြည့်ပြီးသွေးထွက်လာသောအပေါက်တွင် ထိုး ထည့်ထားသည့် ဝါးချောင်းလေးများ၏ အနိမ့်အမြင့်နှင့် ညီညာမှုရှိ/မရှိကို ကြည့်ပြီး အဖြေရှာ၍ ပြောသည်။

ကြက်ရိုးထိုးဗေဒင်ဖတ်ရှုခြင်း

ကြက်ရိုးထိုးဗေဒင်ကို နံနက်ပိုင်းတွင် ဖြစ်စေ၊ မွန်းလွှဲပိုင်းတွင်ဖြစ်စေ ပြုလုပ်ရပါသည်။ မွန်းတည့်ချိန်၌ ကြက်ရိုးထိုးခြင်းကိုမပြုလုပ်ရပါ။ ကြက်ရိုးထိုးသည့်အခါ နေရှိရာအရပ်ဘက်သို့ မျက်နှာမူရပါသည်။ ညာလက် ဖြင့်ကြက်လည်ပင်းကိုဆုပ်ကိုင်၍ဘယ်လက်ဖြင့် ကြက် ၏ခြေနှစ်ချောင်းကို စုကိုင်ထားပြီး  ရှေးဦးစွာ ဆုတောင်း ပေးရပါသည်။ထိုသို့ ဆုတောင်းအမှုပြုပြီးနောက် ကြက် ကို သတ်ရပါသည်။ ပထမဉီးစွာကြက်၏ ဘယ်ပေါင်ရိုး ထုတ်ယူပြီး ကြက်ရိုးထိုးရပါသည်။ ကြက်ယာပေါင်မှာ သူတစ်ပါးအတွက် ဆန့်ကျင်သူအတွက် ဖြစ်ပါသည်။

ကြက်ရိုးထိုးဗေဒင်၌ အဓိကဟောကိန်း (၄) မျိုး ရှိသည်။ ယင်းတို့မှာ-

(၁) ထန်းလျံ

(၂) ထန်ငေါင်

(၃) ထန်ကွီ

(၄)ထန်ရို တို့ဖြစ်ပါသည်။

(၁) ထန်းလျံဟောကိန်း

ပုံစံ (၁) ဘယ်ဘက်တုတ်ချောင်း ယာဘက်ထက်မတ် ထောင်နေလျှင် မိမိအတွက်ကောင်းသည်။ နိုင်သည်ဟု အဓိပ္ပာယ်ရပါသည်။

ပုံစံ(၂)ဘယ်ဘက်တုတ်နှင့် ယာဘက်တုတ်ထပ်တူ နေလှျင် သူမနိုင် ကိုယ်မနိုင်သရေဖြစ်သည်။ အဆိုး ဟူ၍ မဆိုနိုင် အကောင်းဟူ၍လည်းမဆိုနိုင်ပါ။

ပုံစံ(၃)ဘယ်ဘက်တုတ်ကားထွက်နေပြီး ယာဘက် တုတ်အတွင်းစုနေလျှင် မကောင်းရှုံးသည်။

ပုံစံ(၄)ဘယ်နှင့်ယာနှစ်ဘက်စလုံး ကြက်ရိုးတစ်ပေါက်စီ ပါပြီးတစ်ဘက်တည်းလှည့်နေလျှင်ဆီးငေါထန်စိုးဟု ခေါ် သည်။ ကောင်းလျင် ချက်ချင်းကောင်း၊ မကောင်းလျှင်  ချက်ချင်းပျက် ချက်ချင်းကျန်းမာမည် (သို့) မိုးမလင်း ခင် သေသည်။

ပုံစံ(၅)ကြက်ရိုးတစ်ပေါက်စီရှိပြီး ဆန့်ကျင်ဘက် လှည့်နေလျှင် ငေါမိုမူဟုခေါ်သည်။ အနှောင့်အယှက် မရှိ အန္တရာယ်မရှိ၊ ရန်မရှာပါ။

ပုံစံ(၆)ဘယ်ဘက်အရိုးတွင်အပေါက်တစ်ပေါက်စီပါရှိ ပြီး ယာဘက်တွင်အပေါက်နှစ်ပေါက်ပါရှိလျှင်ဆီးဆော့ဟုခေါ် သည်။ ဆိုက်တာတောင် လူကာကောင် ဟူ၍လည်း ခေါ် သည်။

(၂)  ထန်ငေါင်ဟောကိန်း

ပုံစံ(၁) ဘယ်တုတ်ထောင်ပြီး ယာတုတ်လှဲနေလျှင် မိမိအဖို့ ကောင်းသည်။ နိုင်သည်။

ပုံစံ(၂)   ကြက်ရိုးတစ်ပေါက်စီပါရှိပြီး၊ ဆန့်ကျင်ဘက် လှည့်နေလျှင် လန်ငါးသိုက်ဟုခေါ်၍ မကောင်းပါ။ ရန်သူ အင်အားများမည်။ အဆိုးများမည်။ ဆုံးရှုံးမှု များမည်။

ပုံစံ(၃) ဘယ်ဘက်တုတ်လှဲနေပြီးယာဘက်တုတ် ထောင် နေလျှင် မကောင်းပါ။ ရှုံးသည်။

ပုံစံ(၄)ဆီးဗွယ်ဖရိုးဟုခေါ်သည်။ မကောင်းပါ။

ပုံစံ(၅)ဆီးလန်ငါးဖရိုးဟုခေါ်သည်။ သူများအတွက် မကောင်း။

ပုံစံ(၆) လန်ငါးဗွယ်ဟုခေါ်သည်။ ကိုယ့်အတွက် မကောင်း။

(၃)  ထန်ကွီဟောကိန်း

ပုံစံ(၁)ကောင်းသည်။
ပုံစံ(၂)ထန်ကွီလန်ငါးဖရိုးဟုခေါ်သည်။ အခက်အခဲ မရှိ၊ အောင်မြင်မည်။ နိုင်မည်။
ပုံစံ(၃) ထန်ကွီဗွယ်ဖရိုဟုခေါ်သည်။လုံးဝမကောင်းပါ။
ပုံစံ(၄)လန်ငါးဗွယ်ဟုခေါ်သည်။ မကောင်းပါ။
ပုံစံ(၅) ထန်ကွီဗွယ်ဖရိုဟုခေါ်သည်။ မလုပ်ကောင်းပါ။ ခရီးမဆက်ကောင်းပါ။ အန္တရာယ်ရှိသည်။
ပုံစံ(၆) ထန်ကွီကိတ်ဟုခေါ်သည်။အနည်းငယ်မှ မကောင်း ပါ။
ပုံစံ(၇) မကောင်းပါ။

(၄) ထန်ရိုးဟောကိန်း
ပုံစံ(၁) အချိန်ကြာတတ်သည်။ကိုယ်ဝန်ဆောင်လျှင် သား မွေးမည်။ အသက်ရှည်မည်။ ကျန်းမာမည်။ အန္တရာယ်မရှိ၊ အိမ်ထောင်ပြုပါက စိတ်ချရသည်။
ပုံစံ(၂) ယာဘက်အရိုးတုတ်ယာစောင်းပါက ဗယ်ဖရို ဟု ခေါ်သည်။မကောင်းပါ။
ပုံစံ(၃) လန်ငါးဖရိုဟုခေါ်သည်။ တဖြည်းဖြည်းကောင်းလာမည်။
ပုံစံ(၄)ဗွယ်ဗွေဟုခေါ်သည်။ စိတ်မချ၊ မကောင်းပါ၊၊ ခရီးသွားလျှင် စိုးရိမ်ရသည်။ ကောင်းလျှင် အလွန် ကောင်း၍ ဆိုးလျှင်အလွန်ဆိုးမည်။
ပုံစံ(၅)လန်ဖရိုလန်ငါးဗွေဟုခေါ်သည်။ မိမိအတွက် မကောင်းပါ။ အိမ်ထောင်ကိစ္စမကောင်းပါ။