၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဆင်နွှဲရန် ယိမ်းလှပျိုဖြူများ ယိမ်းအက ကြိုတင်လေ့ကျင့်နေမှု ကြည့်ရှုအားပေး နေပြည်တော် ဧပြီ ၄
နေပြည်တော် 2024-04-05

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့က ၁၃၈၅ ခုနှစ်၊ နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမဏ္ဍပ်တို့တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲရန်အတွက် ယိမ်းလှပျိုဖြူများ ယိမ်းအကကြိုတင်လေ့ကျင့်နေမှုကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန် ရှိသူများနှင့်  အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။