KayarTraditional customs

ကယားတိုင်းရင်းသားလူမျိုးနှင့်လူမျိုးစုများ၏ ဆင်းသက်လာပုံ

ကယားတိုင်းရင်းသားတို့သည့် နေမင်းထွက်လာရာ အရှေ့ဘက်သို့ ဦးတည်ပြီး ရွှေ့ပြောင်းလာခဲ့ကြသည်။ နှစ်ပေါင်းများစွာဖြတ်သန်း‌ကျော်လွှားလာသည့်အခါ မို့မာကို့ ဟုခေါ်သော မွန်ဂိုလီယားကုန်ပြင်မြင့်သို့ဝင်ရောက်လာခဲ့ကြသည်။ကယားတိုင်းရင်းသားများသည်မွန်ဂိုလီယားကုန်ပြင်မြင့်မှတစ်ဆင့် ဆင်းသက်လာကြသော လူမျိုးများဖြစ် ကြသည်။

နေထိုင်ရာဒေသများ

ကယားလူမျိုးများသည် ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးအရှေ့ပိုင်းတောင်တန်း ဒေသ၊ ပဲခူးတိုင်း-တောင်ငူခရိုင် တို့တွင် နေထိုင်ကြပါသည်။


သွင်ပြင်လက္ခဏာများ

      ကယားတိုင်းရင်းသားလူမျိုးများသည် အရပ်၅ပေကျော်ခန့် မျက်လုံးမျက်ခုံးကောင်း၍ ပါးရိုးမြင့်သည်။ နှာတံအနေတော်ဖြစ်ပြီးမေးရိုးဝိုင်းသည်။ အသားညိုသည်။ ဆံပင်နက်၍ အနည်းငယ်ကြမ်းပုံရသည်။

ရိုးရာဓလေ့ထုံးစံများ

     ကယားပြည်နယ်တိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များကို  လူမှုရေးမင်္ဂလာပွဲများနှင့် စီးပွားရေးနှင့်သက်ဆိုင်သောရိုးရာပွဲတော်များဟူ၍ ရှိပါသည်။ လူမှုရေးမင်္ဂလာပွဲတော်များမှာ ကလေးအမည်ပေးပွဲ၊ ကလေးချက်ကြွေပွဲ၊ ကလေးထွန်းကားပွဲ၊ အိမ်သစ်တက်ပွဲနှင့် ထိမ်းမြားမင်္ဂလာပွဲ စသည်တို့ ကျင်းပ သည့်အခါတွင်၎င်း၊စီးပွားရေးနှင့်သက်ဆိုင်ရာပွဲတော်များမှာကေ့ထျိုးဘိုး(ခေါ်)တံခွန်တိုင်ပွဲ၊ထမင်းထောင်းပွဲ၊အဲဒိုပေါ်မီပွဲ၊တောလိုက်ပွဲစသည်တို့ ကျင်းပသည့်အခါတွင်၎င်း၊ ကြက်ရိုးထိုးကာ၊ နှီးချိုးကာ၊ ဝက်သည်းခြေကို ကြည့်ခြင်းဖြင့် ရက်ကောင်းရက်မြက်များကို ရွေးချယ်ပြီး မင်္ဂလာယူလေ့ရှိကြသည်။


ဘာသာစကားနှင့်စာပေ

ကယားတိုင်းရင်းသားအချင်းချင်းပြောဆိုရာတွင် ကယားစကားကိုပြောဆို ကြသော်လည်း ရောင်းရေးဝယ်မှုစသည့် ဝေါဟာရစကားမှာ ရှမ်းနှင့်မြန်မာစကားကို သုံးနှုန်းကြလေသည်။ ရုံးသုံးစကားကိုမူ ကျယ်ဖိုးကြီးစာပေကို အသုံးပြုပါသည်။

ဝတ်စားဆင်ယင်မှု

ကယားအမျိုးသားတို့သည် အနက်ရောင်ဘောင်းဘီရှည်နှင့် ရှပ်အင်္ကျီဖြူကို တွဲဘက်ဝတ်ဆင်ပြီး ခေါင်းပေါင်းအနီရောင်ပေါင်း၍ ခါးစည်းပန်းရောင် စည်းထားသည်။အမျိုးသမီးများမှာ ဆံထုံးထုံး၍အနီရောင်ပုဝါပေါင်းသည်။ အနီရောင် (သို့မဟုတ်) အနက်ရောင်ခြုံထည်ကိုလွှမ်းခြုံထားသည်။ (၆)ပေခန့်ရှည်သော အဖြူရောင် ခါးစည်းစည်းကြသည်။ အနက်ရောင် (သို့မဟုတ်) အနီရောင်ထမိန်တိုကို ဝတ်၍ ခြေသလုံးတွင် သစ်စေး သုတ်ထားသောချည်ကွင်းများစွပ်ထားသည်။ နားတွင်နားဆွဲချွန်များဆွဲပြီး ငွေလက်ကောက်နှင့် ငွေလက်စွပ် များ ဝတ်ဆင်ကြသည်။ ငွေဒင်္ဂါးများကိုလည်တွင်ဆွဲပြီး  ခါးတွင် ပယင်းပုတီးနှင့်သန္တာပုတီးများ ကိုသီ၍ဆွဲကြသည်။ ခြေကျင်းဝတ်တွင် ပုတီးစေ့များကိုသီကုံးပြီး ပတ်ထားသည်။

ကိုးကွယ်ယုံကြည်မှု

ကယားတိုင်းရင်းသားများသ...

ကယားတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ရိုးရာမိရိုးဖလာ ကေ့ထျိုးဘိုးဘာသာကို ယုံကြည်ကိုးကွယ်ကြပါသည်။ ကယားတိုင်း ရင်းသားတို့သည် တောစောင့်နတ်၊ တောင်စောင့်နတ်၊ ကမ္ဘာစောင့်နတ်အစရှိသော နတ်အမျိုးမျိုးရှိသည်ဟု ယုံကြည်ကြသော်လည်း နတ်များကို မကိုး ကွယ်ကြပါ။ အိမ်တွင်နတ်ရုပ်တုကြီးကိုးကွယ်ခြင်းလည်းမရှိပါ။ ရွာအပြင်တွင် နတ်ကိုပူဇော်ပသသည့်နေရာသတ်မှတ်ပြီး ပူဇော်ပွဲကိုပြုလုပ် ကြပါသည်။

အုပ်ချုပ်မှုအစဉ်အလာ

ကယားလူမျိုးများသည် ကယာ...

ကယားလူမျိုးများသည် ကယားပြည်နယ်တွင် အမှုအခင်းဖြစ်ပွားသောအခါ နယ်ရှင်များက ဘိုးစဉ်ဘောင်ဆက်မှ ဆင်းသက်လာသော ထုံးတမ်းဓလေ့ကိုအမှီပြု၍ အမှုအခင်းများကို စီစဉ်ဆုံးဖြတ်ကြသည်။ ၎င်းကယားပြည်နယ်ဓလေ့ ဉပဒေသည် ကယားလူမျိုးများ အားလုံးအတွက် သီးသန့်ပုံနှိပ်ထားသော ဉပဒေစာအုပ်ဟူ၍ မရှိခဲ့ချေ။ နယ်ရှင်များသည် မိမိနယ်တွင်ဖြစ်ပွားသော အမှုအခင်းများကို မိမိ၏နယ်ဓလေ့ထုံးစံအရ စီရင် ဆုံးဖြတ်ခဲ့ကြသည်။ သို့ရာ တွင် တစ်နယ်နှင့်တစ်နယ်၏ ဓလေ့ထုံးစံများသည် များစွာကွားခြားခြင်းမရှိပါ။

ရိုးရာယဉ်ကျေးမှု

ရိုးရာပွဲတော်များ

ရိုးရာပွဲတော်များ

ကယားတိုင်းရင်းသားများသည် ရိုးရာအစဉ်အလာမပျက် ကျင်းပကြသော ပွဲတော်များမှာ-

(၁) ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

(၂) အဲဒိုပေါ်မီ (ခေါ်) ကောက်ညှင်းထုပ်ပွဲ

(၃) ကောက်သစ်စားပွဲ

(၄) တောလိုက်ပွဲ

(၅) တောင်ယာမီးရှို့ပွဲ

(၆) အိမ်သစ်တက်ပွဲ တို့ဖြစ်သည်။

ရိုးရာတေးသီချင်း

ကယားတိုင်းရင်းသားများ သီဆိုလျက်ရှိသော ရိုးရာတေးသီချင်းများမှာ-

(၁) အီရိုး

(၂) ဟဲထူစဲ

(၃) ယို့သာ

(၄) ငို့ဟန် တို့ဖြစ်သည်။

ရိုးရာအကများ 

ကယားတိုင်းရင်းသားများ ရိုးရာပွဲတော်တွင် အများဆုံးကပြဖျော်ဖြေလျက်ရှိသော ရိုးရာအကများမှာ- 

(၁) ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်အက

(၂) အဲဒိုပေါ်မီ (ခေါ်) ဒီကူအက

(၃) အိမ်သစ်တက်ပွဲအက

(၄) အသုဘအက

တူရိယာပစ္စည်းများ 

ကယားတိုင်းရင်းသားများ၏ အသုံးပြုသော တူရိယာပစ္စည်းများမှာ-

(၁) ကလူ (ခေါ်) ဖားစည်

(၂) တွဲပလွေ

(၃) ဗုံရှည်၊ ဗုံတို

(၄) ကွယ် (ခေါ်) ကျွဲချိုခရာ

(၅) မောင်း၊ လင်းကွင်း၊ အိုးစည်

(၆) တီးတူ


ကယားမျိုးနွယ်စုများသည် တောတောင်စောင့်နတ်ကို ပြစ်မှားမိလျှင် ထိုနတ်များ ဖမ်းစားတတ်သည်ဟု ယုံကြည်ကြသောကြောင့် ပူဇော်ပသကြသည်။ လုပ်ငန်းဆောင်တာများ၊ ရာသီပွဲတော်များနှင့် ပတ်သက်သောနတ်အမျိုးမျိုး ရှိကြသည့်အနက် ကေနတ်၊ တဖရုနတ်၊ ကီစိုးနတ်၊ ကူထိုးဘိုးနတ် စသည့် နတ်များသည် ကယားလူမျိုးများအတွက် အရေးပါအရာရောက်သော တန်ခိုးရှင်နတ်များဖြစ်ကြသည်။ပူဇော်ပသပွဲများအနက်တံခွန်တိုင်ပွဲနှင့်ပတ်သက် ၍ ယဇ်ကျွဲကိုသတ်၍ ပူဇော်သောဓလေ့ကို ကယားပြည်နယ်ရှိဖားဆောင်းမြို့နယ်တွင်တွေ့ရှိရသည်။ကယားမျိူးနွယ်စုတို့သည် စုန်း၊ကဝေ၊မှော် အတတ် ပညာနှင့် ပတ်သက်၍ စုန်းပြုစားတတ်သူများမရှိဟု အချို့ကပြောဆိုကြ သော်လည်း စုန်းပြုစားခြင်း နှင့်စုန်းများရှိသည်ဟု ယုံကြည်ကြသည်။ကယားမျိုးနွယ်စုတို့သည် စုန်းကို အလွန်မုန်းတီး ကြောက်ရွံ့ကြသည်။ ရပ်ရွာအတွင်း၌ တစ်စုံတစ်ယောက်အား စုန်းပြုစားတတ်သည်ဟု ထင်မှတ်ကြလျှင်ထိုသူအားရွာမှ နှင်ထုတ်လေ့ရှိကြသည်။ ရွာစောင့်နတ် ပူဇော်ပသပွဲများကို ရောဂါကင်းရှင်းစေရန်၊လုပ်ငန်းကောင်း မွန်စေရန်နှင့် ရွာမီးမလောင် စေရန်အတွက် ရွာများ၌ အနည်းဆုံးတစ်နှစ်လျှင် တကြိမ်ပုဒိုးခေါ်ရွာစောင့်နတ်ကို ပူဇော်ကြသည်။ ကောက်ပင်ဖွံ့ဖြိုးရေးနှင့် လုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အထမြောက် အောင်မြင်စေရန် ပူဇော် ပသသော ကူထိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲ၊ ကောက်ပဲ သီးနှံများကို စိုက်ပျိုး၍ အောင်မြင်ပြီးစီး ကြောင်းအထိမ်း အမှတ်သဘောမျိုးဖြင့် ကျင်းပသော ဒီးကူ(ခေါ်) ကောက်ညှင်း ထုပ်ပွဲ၊ မိမိတို့ ပိုင်ရပ်ကွက်နယ် မြေဒေသ အစရှိသည်များ မပျက်စီးပဲ တည်မြဲစေရန် ရေ၊မြေ၊ရပ်ရွာ၊တော တောင်စောင့်နတ်များတို့က ထိမ်းသိမ်းစောင့်ရှောက် ကာကွယ်ရန်ယဇ်ပူဇော်ပသသော တောလိုက်ပွဲ၊ စီပွားရေးတိုးတက်စေရန်နှင့် ဘေး အန္တရာယ် အမျိုးမျိုးတို့မှ ကင်းရှင်းစေရန် ကူညီစောင်မရန် ပူဇော်ပသော ကေကရဲဒါး(ခေါ်) ငှက်လိုက်ပွဲ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် သက်ဆိုင်သော အဲဒိုပေါ်မီပွဲ၊ အမျိုးသမီးများပါဝင် ယှဉ်ပြိုင်ဆောင်ရွက်ကြသော အပျော်တမ်းပွဲတော်ဖြစ်သောစပါးထောင်းပြိုင်ပွဲ၊ အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အသုဘ ပွဲ၊ နတ်ပူ ဇော်ပွဲနှင့် ကောက်သစ်စားပွဲ စသော အခြားပွဲလမ်းများရှိသေးသည်။

ဆောင်ရန်

(က) ရောက်ရာဒေသအကြီးအ...

(က) ရောက်ရာဒေသအကြီးအကဲများနှင့်တွေ့ဆုံပြီးတစ်ရွာနှင့်တစ်ရွာ မတူညီသည့် ဓလေ့ထုံးတမ်းများကို  မေးမြန်း၍ လိုက်နာပါ။ ချစ်ကြည်သွေးစည်းရေးအတွက် အထင်လွဲမှားသံသယဖြစ်စေမည့် အပြုအမူအားလုံးကို သတိပြုပါ။

(ခ) မဖွံ့ဖြိုးသေးသည့် ၎င်းတို့၏စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအားလုံးကို ဝိုင်းဝန်း ကူညီ ပါ။ ၎င်းတို့၏ချို့တဲ့သော ပစ္စည်းများကို ယူငင်သုံးစွဲမှုကို အထူးဂရုပြုပါ။

(ဂ) ၎င်းတို့ဓလေ့အတိုင်း ကလေးသူငယ်များကို ချစ်ခင်ယုယ၍ သက်ကြီးရွယ်အိုများကို လေးစားကြသည်။

 (ဃ)  ၎င်းတို့နေအိမ်သို့ ရောက်ရှိလျှင်၎င်းတို့ထုံးတမ်းအရ ခေါင်ရည်ကို ဝါးပြွန်ဖြင့် စုပ်ယူပြီးနောက် ကျဆင်းလာသောခေါင်ရည်ကိုဝါးခွက်ဖြင့် ဧည့်ခံပြုစုလျှင် ရင်းနှီးချစ် ကြည်မှုရစေရန် သောက်သုံးပါ။

(င) လူမှုရေး၊ ဘာသာရေး ပွဲလမ်းသဘင်ကိစ္စရပ်များတွင် ၎င်းတို့ထုံးတမ်းအတိုင်း လိုက်နာ၍ကူညီဝိုင်းဝန်ဆောင်ရွက်ပေးပါ။ မည်သည့်ယုံကြည်မှုမဆို လေးစားပါ။

(စ) အိမ်ထဲသို့ အိမ်ရှေ့တံခါးမှဝင်ပါ။ ဧည့်ခန်းမီးဖိုးမှာနေထိုင်ပါ။ ရေကျည်တောက်နှင့် ပထမဧည့်ဝတ်ပြု၍ နောက်ခေါင်ရည်နှင့် ဧည့်ဝတ်ပြုသည်။ အိမ်ရှင်ပေးသောရေကိုသာသောက်သုံးရမည်။

ရှောင်ရန်

ထိမ်းမြားမင်္ဂလာနှင...

ထိမ်းမြားမင်္ဂလာနှင့်ပတ်သက်၍ရှောင်ဓလေ့များ

ထိမ်းမြားမင်္ဂလာနှင့်ပတ်သက်၍ ကယားလူမျိုးတို့တွင် ပညတ်ထားသော ရှောင်ရန်များရှိပေသည်။ မောင်နှမတဝမ်းကွဲချင်း လက်ထပ်ခွင့်မရှိသည့် ပြင် ဦးလေးနှင့်တူမ၊ အဒေါ်နှင့်တူတို့မှာ သွေးမည်မျှပင်ဝေးသော်လည်း လက်ထပ်ထိမ်းမြားခြင်း မပြုလုပ်ရပေ။ ထိုပြင် ကေ့ထျိုးဘိုးနတ် ကိုးကွယ်သူ များသည် ကေ့နတ်ကိုးကွယ်သူများနှင့် လက်ထပ်ပိုင်ခွင့် မရှိကြပေ။

မီးဖွားခြင်းနှင့်ပတ်သက်၍ရှောင်ဓလေ့များ

ကိုယ်ဝန်ဆောင်အမျိုးသမီး၏ခင်ပွန်းသည် မိမိ၏ဇနီးသည် မီးမဖွားမီ မြေတူးဆွခြင်းမပြုရ၊ မျောက်ကိုပစ်ခတ်ခြင်းမပြုရ၊ ပဲပုပ်စားသောက်ခြင်း  မပြုရသည့်ပြင် အသုဘအိမ်မှ အစားအစာများကိုလည်းစားသောက်ခြင်းစသည့်အချက်များကို မီးထွက်သည့်အချိန်အထိရှောင်ကြဉ်ရသည်။ 

အမဲလိုက်ခြင်းနှင့်ပတ်သက်သောရှောင်ဓလေ့များ

ရွာလုံးကျွတ်အမဲလိုက်သည့်အခါတွင်အမဲလိုက်သူများမှာ ပဲပုပ်၊ အသုဘအိမ်မှထမင်းဟင်းနှင့် တန်းနိမ့်နတ်များအားပူဇော်ထားသည့် အစား         အသောက်များကို စားသောက်ခြင်းမှ ရှောင်ကြဉ်ကြရသည်။ ရွာလုံးကျွတ်အမဲလိုက်ထွက်နေစဉ် ရွာတွင်းသို့ဧည်သည်များ ဝင်ရောက်ခြင်းမပြုရခြင်း၊ အရက်ချက်ခြင်း၊ခေါင်ရည်ချက်ခြင်း၊ရက်ကန်းရက်ခြင်း၊ဗိုင်းငင်ခြင်း၊ချည်ရှည်ခြင်း၊စပါးထောင်းခြင်း၊ ရေခပ်ခြင်း၊ အဝတ်အထည်ချုပ်ခြင်း၊ ခေါင်း လျှော်ခြင်းများ မပြုရပေ။

စိုက်ပျိုးရေးနှင့်ပတ်သက်သောရှောင်ဓလေ့များ

သီးနှံများစတင်စိုက်ပျိုးချိန်တွင် ပဲပုပ်၊ အသုဘအိမ်မှ ထမင်းဟင်းများနှင့် တန်းနိမ့် နတ်များအား ပူဇော်ထားသည့် အစားအသောက်များကို စားသောက်ခြင်းမပြုရပေ။ 

ကေ့ထျိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲတော်နှင့်ပတ်သက်သောရှောင်ဓလေ့များ

ကေ့ထျိုးဘိုး(ခေါ်) တံခွန်တိုင်မစိုက်ထူမီမြေပေါ်ချထားစဉ်ခွေးများဖြတ်ကျော် မသွားစေရန်နေ့ရောညပါစောင့်ကြည့်ရခြင်း၊ကေ့ထျိုးဘိုး(ခေါ်) တံခွန် တိုင်နယ်မြေတွင် ကျင်ကြီးကျင်ငယ်စွန့်ခြင်း မပြုရသည့်အပြင် ကေ့ထျိုးဘိုး(ခေါ်) တံခွန်တိုင်သတ်မှတ် ထားသောတိုင်ကို ဧည့်သည်များနှင့်အမျိုး သမီးများကိုင်တွယ်ခြင်းမပြုရခြင်း၊ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင် နတ်ဆရာများသည် သား၊ ငါး၊ ပဲပုပ်၊ မှို၊ နို့ားစဉ် ခွေးများဖြတ်ကျော် မသွားစေရန် နေ့ရောညပါစောင့်ကြည့်ရခြင်း၊ ကေ့ထျိုးဘိုး(ခေါ်)တံခွန်တိုင်နယ်မြေတွင် ကျင်ကြီး ကျင်ငယ်စွန့်ခြင်းမပြုရသည့်အပြင်ကေ့ထျိုးဘိုး(ခေါ်) တံခွန်တိုင်သတ်မှတ်ထားသောတိုင်ကို ဧည့်သည်များနှင့်အမျိုးသမီးများကိုင်တွယ်ခြင်းမပြုရခြင်း၊ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင် နတ်ဆရာများသည် သား၊ ငါး၊ ပဲပုပ်၊ မှို၊ နို့ စသည့်တို့ကို စားသောက်ခြင်းမှ ရှောင်ကျဉ်ရခြင်းတို့ဖြစ်သည်။


က‌ယောလူမျိုးစုတို့၏ရိုးရာဓလေ့ထုံးတမ်းများ

ကယောတိုင်းရင်းသားတို့သည့်နေမင်းထွက်လာရာအရှေ့ဘက်သို့ဦးတည်ပြီးရွှေ့ပြောင်းလာခဲ့ကြသည်။နှစ်ပေါင်းများစွာ ဖြတ် သန်း‌ကျော်လွှာလာသည့်အခါမို့မာကို့ဟုခေါ်သောမွန်ဂိုလီယားကုန်ပြင်မြင့်သို့ဝင်ရောက်လာခဲ့ကြသည်။ကယောတိုင်းရင်းသားများသည် မွန်ဂိုလီယားကုန်ပြင်မြင့်မှတစ်ဆင့် ဆင်း သက်လာကြသော လူမျိုးများဖြစ်ကြသည်။ 

သွင်ပြင်လက္ခဏာများ

ကယောတိုင်းရင်းသားလူမျိုးများသည် အရပ်၅ပေကျော်ခန့် မျက်လုံးမျက်ခုံးကောင်၍ ပါးရိုးမြင့်သည်။ နှာတံအနေတော်ဖြစ်ပြီး မေးရိုးဝိုင်းသည်။ အသားညိုသည်။ ဆံပင်နက်၍ အနည်းငယ်ကြမ်းပုံရသည်။

ရိုးရာဓလေ့ထုံးစံများ

ကယောတိုင်းရင်းသားလူမျိုးတို့သည် ဆေးမင်ကြောင်ထိုးခြင်းဓလေ့၊ သွားနက်ဆိုးခြင်းဓလေ့၊ အပျိုလူပျိုလှည့်ခြင်း ဓလေ့၊ အမွေ ပေးခြင်းဓလေ့များရှိပြီး  ကယောအမျိုးသားနေ့၊ ဖားစည်ပွဲတော်၊ ကောက်သစ်စားပွဲ၊ ဗေ့လာ (ဒီးကူ)ပွဲတော်၊ အိမ်သစ်တက်ပွဲ၊ တောလိုက်ပွဲ စသည့်ရိုးရာဓလေ့ပွဲတော်များလည်း ကျင်းပလေ့ရှိသည်။

ဘာသာစကားနှင့်စာပေ

ကယောလူမျိုးစုသည် ကရင်အနွယ်ဝင်ဖြစ်သည်။ စကောကရင်ဘာသာစကားနှင့် (၅၀) ရာခိုင်နှုန်းခန့် လေယူလေသိမ်းပြော ဆိုမှုများ တူညီသည်။ လျှာသံ၊ အာသံ၊ နှာသံ၊ စကားကွဲ၊ စကားအက်နည်းပြီးလေ့လာရာတွင် လွယ်ကူသည်။စာပေမှာ အနောက်တိုင်း အီတာလျံကတ်သလစ် သာသနာပြုဘုန်းတော်ကြီး ရိုးဖရေဒိုဂေါင်တီ (Rev. Fr. Goffredo Conti) ကဂေဘား(Gheba) ဘာသာစကားကို လက်တင်ဘာသာစကား (Roman alphabet) ဖြင့်တီထွင်ထားသော စာပေဖြစ်ပါသည်။

ဝတ်စားဆင်ယင်မှု

ကယောအမျိုးသားများသည် ဦးခေါင်းတွင် ရောင်စုံပုတီးသီထားသောကြိမ်ကွင်းကို စွပ်ထားကြသည်။ အနီခံပေါ်တွင် အဖြူစင်းဖောက်ထားသည့်အင်္ကျီနှင့် အဖြူခံပေါ်တွင်အနီနှင့်အနက်စင်းဖောက်ထားသည့်ဘောင်ဘီတို များ ဝတ်ဆင်ကြသည်။အမျိုးသမီးများသည် အနီရောင်၊ အနက်ရောင်ကန့်လန့်စင်းလုံချည်နှင့် အနီခံပေါ်တွင် အဖြူစင်းဖောက်ထားသည့်ချည်ထည်အင်္ကျီများ ဝတ်ဆင်ကြသည်။ နားတွင် ငွေနားကွင်းကြီးများပန်ဆင်ကြသည်။ ပုတီးနှင့် ငွေလည်ဆွဲများကိုလည်တွင်ဆွဲထားပြီး လက်တွင် ငွေလက်ကောက်များ ဝတ်ဆင်ထားကြပြီး ဒူးတွင် ကြေးကွင်းစွတ်ကြသည်။

ကိုးကွယ်ယုံကြည်မှု

ကယောတိုင်းရင်းသားများသည်  ခရစ်ယာန်ဘာသာနှင့် ရိုးရာမိရိုးဖလာ ဂါထူဘိုး ဘာသာကို ယုံကြည်ကိုးကွယ်ကြပါသည်။ 

ကယောတိုင်းရင်းသားများသည်  ခရစ်ယာန်ဘာသာနှင့် ရိုးရာမိရိုးဖလာ ဂါထူဘိုး ဘာသာကို ယုံကြည်ကိုးကွယ်ကြပါသည်။ 

အုပ်ချုပ်မှုအစဉ်အလာ



ကျေးရွာအတွင်းဖြစ်ပေါ်လာသောပြသနာများကို ပထမဆုံး ဆယ်အိမ်ခေါင်းများမှ ဖြေရှင်းပေးရသည်။ ဆယ်အိမ်ခေါင်းနှင့် ဖြေရှင်း၍မရလျှင် သူကြီး၊ သူကြီးမှဖြေရှင်း၍ မပြေလည်ခြင်း၊ မကျေနပ်ခြင်းရှိလျှင် ဟိန်အမတ်ကြီးများ၊ တိုက်သူကြီးများမှ ဖြေရှင်းပေးရသည်။ တရားစီရင်ခြင်းတွင် အဓိကထား ရှိသောအမှုမှာ “ ကြီးသောအမှုကိုငယ်စေ၍ ငယ်သောအမှုကို ပပျောက်စေ” ဟူ၍ဖြစ်သည်။

ရိုးရာယဉ်ကျေးမှု

ရိုးရာပွဲတော်များ

ကယောတိုင်းရင်းသားများသည် ရိုးရာအစဉ်အလာမပျက်ကျင်းပကြသော ပွ...

ရိုးရာပွဲတော်များ

ကယောတိုင်းရင်းသားများသည် ရိုးရာအစဉ်အလာမပျက်ကျင်းပကြသော ပွဲတော် များမှာ-

(၁) ကယောအမျိုးသားနေ့

(၂) ဖားစည်ပွဲတော်

(၃) ကောက်သစ်စားပွဲ

(၃) ဗေ့လာ (ဒီးကူ)ပွဲတော်

(၅) အိမ်သစ်တက်ပွဲ

(၆) တောလိုက်ပွဲ   တို့ဖြစ်သည်။

ရိုးရာအကများ 

ကယောတိုင်းရင်းသားများ ရိုးရာပွဲတော်တွင် အများဆုံးကပြဖျော်ဖြေလျက်ရှိသော ရိုးရာအကများမှာ- 

(၁) တာမာဆု (ခေါ်) စူးထိုးအက

(၂) မားဂေါ်တော် (ခေါ်) လုပ်ငန်းခွင်သရုပ်ဖော်အက

(၃) အာမီ (ခေါ်) စုံတွဲအက

(၄) အိမ်သစ်တက်ပွဲအက

တူရိယာပစ္စည်းများ 

ကယောတိုင်းရင်းသားများ၏ အသုံးပြုသော တူရိယာပစ္စည်းများမှာ-

(၁) လေမှုတ်တူရိယာ

(က) ကျွဲချိုခရာကိရိယာ

(ခ)  တွဲပုလွေ

(ဂ) ပုလွေအမျိုးမျိုး

(ဃ) လျှာခင်တပ်မှုတ်ရသောနှဲပုလွေ

(င) ကျစ်ရစ်ကူ

(စ) တီးလိုလြနှင့်တီးလိုထား

(၂) ရိုက်ခတ်တီးမှုတ်ရသောတူရိယာ

(က) ကလူသူးရှီ

(ခ) ဗုံအမျိုးမျိုး

(ဂ) မောင်းအမျိုးမျိုး

(ဃ) ဝါးပတ္တလား

(င) ဝါးလက်ခုပ်

(စ) တုံးခေါက်ကိရိယာ

(ဆ) လင်းကွင်း

(၃) ကြိုးတပ်တူရိယာ

(က) တီးတူ (ခေါ်) ဝါးစောင်း

(ခ) ထီဒိုပိုး (ခေါ်) သစ်သားဂီတ တို့ဖြစ်သည်။

ဆောင်ရန်

(က) အိမ်၏လှေကားထိပ်တွင် ဘိုဘီး...

(က) အိမ်၏လှေကားထိပ်တွင် ဘိုဘီးလာ(ခေါ်) သစ်ကိုင်းထိုးခြင်းဖြင့် အိမ်ပေါ်တွင်ခေါင်ချက်ပါက အပြင်လူစိမ်းများ၊ ဧည့်သည်များ၊ ရပ်နီးရပ်ဝေမှ ဆွေမျိုးများ မတက်စေရန် အတားအဆီးအကာအကွယ်ပြုထားခြင်းဖြစ်သည်။

(ခ) ကော်ကိုလာ (ခေါ်) မယားကြီးရွက်သစ်ကိုင်းထိုးထားခြင်းဖြင့် အလုပ်တစ်ခုခုစတင် လုပ်ကိုင်ရန် ဦးဦးဖျားဖျားလုပ်ကိုင်ရသော အချိန်ဖြစ်၍ ရပ်နီးရပ်ဝေးဧည့်သည်များ အိမ်ပေါ်တွင်တည်ခိုးခြင်း၊ လာရောက်ခြင်းမပြုရန် အတားအဆီး ပြုလုပ်ထားခြင်း ဖြစ်သည်။

(ဂ)  အဆူးရှိသော ရှောက်ပင်ကိုင်းများ  ထိုးထားခြင်းဖြင့် မိမိရွာတွင်ဖြစ်စေ၊ အိမ်ပေါ်တွင်ဖြစ်စေ၊ ကူးစက်တတ်သော ကာလ ဝမ်းရောဂါကဲ့သိုသော ကပ်ရောဂါများ တားဆီးပေးခြင်းဖြစ်သည်။

(ဃ) သစ်ကိုင်းသစ်ခတ်ချိုးပြီးစုချည်ကာ အကာအကွယ်ပြုခြင်းဖြင့် မိမိတောင်ယာ ပိုင်ဆိုင်သော နယ်မြေအထိမ်းအမှတ်ဖြစ်လည်ကောင်း၊ကျူးကျော်မှုမပြုရန်အတွက်လည်ကောင်း၊ပိုင်ဆိုင်မှုရှိကြောင်းကိုလည်ကောင်းအမှတ်အသားတစ်ခုဖြစ်သည်။

(င) ဝါးရွက်- ဝါးကိုင်းထိုးထားခြင်းသည်  လိပ်ပြာပြန်ခေါ်ချိန်တွင်လည်ကောင်း၊မကောင်းဆိုးဝါးများ မောင်းထုတ်ရာတွင်လည်းကောင်း၊ အိုးအိမ်၊ စပါး ကျီ အကာအကွယ် ပြုရာတွင်လည်ကောင်း ပြုလုပ်ကြသည်။

(စ) ကျောက်တုံးပေါ်တွင်သစ်ကိုင်းချိုး၍ အမှတ်အသားပြုလုပ်ခြင်းဖြင့် လမ်းခရီးသွားလာရာတွင် ဖြောင့်ဖြူးရန်ရည်ရွယ်၍ သစ်ကိုင်းချိုးပြီး အမှတ် အသားပြုထားခြင်းဖြစ်သည်။

(ဆ) ရရာသစ်ကိုင်းတစ်ခုခုဖြင့်ချိုးခြင်းသည် ထင်းပုံ၊သစ်ပင်၊ဝါးပင် စသည့်ဖြင့် ပိုင်ဆိုင်မှုရှိကြောင်း အမှတ်အသားဖြစ်သည်။

(ဇ)   လူသွားလူလာ လမ်းခွတွင် သစ်ကိုင်းချိုး၍  အမှတ်အသားပြုလုပ်ခြင်းဖြင့် မသွားသင့်သော လမ်းကြောင်းကို မသွားမိစေရန်အတွက် လမ်းညွှန်သောသဘောဖြင့် အမှတ်အသား ပြုလုပ်ထားခြင်းဖြစ်သည်။

(ဈ) ဝါးခြမ်းပြားလွှာ၊ နှီးပြားများကိုကြက်ခြေခတ်ယက်ပြီး အမှတ်အသား ပြုလုပ်ထားခြင်းဖြင့် ရွာတွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ၊ ကပ်ရောဂါ၊ ကူးစက် ရောဂါ၊ မီးနေချိန် တွင်မလာစေရန် အကာအကွယ်ပြုလုပ်ထားသည်။

(ည) အပ်ချည်ကြိုးနှင့်နှီးပြားများကို ခက်ထားသောကြိုးဖြင့် အကာအကွယ်ပြုလုပ်ထားခြင်းသည်ဤရွာသို့လည်ကောင်း၊ဤအိမ်တွင်လည်ကောင်း မဝင်စေရန် အတားအဆီး အမှတ်အသားတစ်ခုဖြစ်သည်။

(ဋ) ဓါးထစ်ရာဖြင့် ကြက်ခြေခတ်ပြုလုပ်ထားခြင်းသည် ပိုင်ရှင်ရှိကြောင်း လူတိုင်းသိစေရန် အသိပေးထားခြင်းဖြစ်သည်။

ရှောင်ရန်

(၁) စိုက်ပျို...

(၁) စိုက်ပျိုးရေးလုပ်ငန်းများ ဦးဦးဖျားဖျားလုပ်ကိုင်ရာတွင်ဧည့်သည်နှင့်စကားမပြောရခြင်း၊

(၂) သက်ငယ်ရိတ်သောအခါတွင် အိမ်ထောင်ဦးစီးမှာ ချေသား၊ ကျားကုတ်ထားတိရိစ္ဆာန်၏ အသား၊ ဆွမ်းသွတ်ထားသောအသားငါးများမစားရခြင်း၊

(၃) အိမ်သစ်တက်ရာတွင် တစ်နှစ်အတွင်း ချေသား၊ ကျောက်ကပ်ရွက်၊ အဆူးရှိသော  ဟင်းသီးဟင်းရွက်များကို ရှောင်ကြည်ရခြင်း၊

(၄) တောလိုက်ရာတွင် ပဲပုပ်၊ ငါးပိ၊ ပဲသီး၊ အသား၊ ငါးများမစားရခြင်း၊

(၅) ရွာလည်လာသောဧည့်သည်များကိုချေသား၊ရစ်သားနှင့်မှိုများမကျွေးရခြင်းနှင့်လာရောက်တည်းခိုသောဧည့်သည်သည်မီးဖိုပြာပေါ်၌မအန်ချရခြင်း၊

(၆) အစိမ်းသေသူအားကိုင်တွယ်ရာတွင် မိဘ၊ ညီအစ်ကို၊ ဆွေမျိုးသားချင်းများမှလွှဲ၍ မည်သူမျှ မကိုင်တွယ်ရခြင်း စသည့်အချက်များကို ရှောင်ကြဉ်ကြရပါသည်။


ဂေဘားလူမျိုးစုတို့၏ရိုးရာဓလေ့ထုံးတမ်းများ

ဂေဘားတို့ ဆင်းသက်လာပုံနှင့် ပတ်သက်၍ ကယားတိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်းတွင် ဂေဘားတိုင်းရင်းသားတို့မှ ပေးဝေငှသည့် လက်ကမ်းစာစောင်တွင် ဂေဘားတို့ သည် မွန်ဂိုလွိုက် (အသားဝါ) မျိုးနွယ်စုမှဆင်းသက်လာသည့် တိဘက်မြန်မာ ဘာသာစကား ပြောအုပ်စုဝင် လူမျိုးတစ်မျိုးဖြစ်ကြောင်း၊ မွန်ဂိုလွိုက်အနွယ်ထဲမှ ကရက် တိဘက်မြန်မာ မျိုးနွယ်စုတစ်စုဖြစ်ကြောင်း၊ တရုတ်ပြည် ယူနန် ရှမ်းတို့အခေါ် ယန်မျိုးနွယ်စုမှ ဆင်းသက် လာသည်ဟုလည်း သမိုင်းပညာရှင်များ အဆိုရှိသည်။

သွင်ပြင်လက္ခဏာများ

ရုပ်ရည်သွင်ပြင်နှင့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ယန်(ကရင်)သုံးစုတွင် တစ်စုအပါအဝင် ဖြစ်သဖြင့် ပုံပန်းသွင်ပြင် တူညီကြသည်။ မေးရိုးကား၍ ကိုယ်လုံးကိုယ်ထည် ခပ်ပြားပြားဖြစ်သည်။

ရိုးရာဓလေ့ထုံးစံများ

ဂေဘားတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံအရကျင်းပရသည့် ပွဲတော်များမှာ စပါး ရိတ်သိမ်းပြီး စပါးကျီထည့်ပွဲ၊ ကောက်သစ်စားပွဲ၊ အိမ်သစ်တက်ပွဲ၊ တံခွန်တိုင်ထူပွဲ၊ ရွာသန့်စင် ပွဲများရှိပါသည်။ ရိုးရာတူရိယာများမှာ အိုးစည်၊ မောင်း၊ ကျွဲချို၊ လင်းကွင်း၊ ဖားစည်၊ ပတ္တလား၊ ဝါးပလွေတို့ ဖြစ်သည်။

ဘာသာစကားနှင့်စာပေ

ရောမအက္ခရာကို အခြေခံ၍ အသံဖလှယ်ထားသည့် စာပေရှိသည်။ သရ၊ ဗျည်းပေါ် တွင် နိမ့်သံ၊ မြင့်သံ သင်္ကေတအသုံးပြုထားသည်။ ၁၈၆၈ ခုနှစ်တွင် ခရစ်ယာန် သာသနာပြု အီတာလျှံဘုန်းတော်ကြီးဆယ်ဘာစတြားနိုကာဘောနေက ဒေသခံဂေဘားဘာသာ စကား၏ အသံအနေအထားများကို အသေးစိပ်သေချာစွာ လေ့လာသင်ကြားမှတ်သားထားပြီး အဆီလျှော်ဆုံးဖြစ်သော လာတင်း (Latin) အက္ခရာစာလုံးများဖြင့် အသံအနိမ့်အမြင့်သင်္ကေတများ ဖြင့် ပြုစုရေးသားပေးခဲ့သည်။ လက်ရှိအချိန်ထိ ဂေဘားစာပေသည် Latin အက္ခရာစာလုံး များဖြင့် အသုံးပြုလျက်ရှိပါသည်။

ဝတ်စားဆင်ယင်မှု

အမျိုးသားတို့မှာ အပေါ်ပိုင်းအဖြူ၊ အောက်ပိုင်း ကြက်သွေးရောင်ဖျော့ သင်တိုင်းကို ဝတ်ကြပြီး ကြက်သွေးရောင်၊ အနက်ရောင်ဘောင်းဘီ ဝတ်ကြသည်။ အချို့မှာ အဖြူခံ နီဝါပြာဒေါင်လိုက်အစင်း၊ အောက်ပိုင်းကြက်သွေး ရောင်ပန်းထိုးသင်တိုင်းနှင့် ကြက်သွေး အနက်ရောင် ခွဘောင်းဘီဝတ်ကြသည်။ နားဖောက်၍ ချိုစောင်းတွင် သျှောင်ထုံးကို ဝါးဘီးဖြင့် ထုံးကြသည်။ ခေါင်းပေါင်းပြီး လွယ်အိတ်လွယ်လေ့ရှိသည်။ ။အမျိုးသမီးတို့မှာ နေလကြယ်ပန်းထိုးအပေါ်ဖြူနှင့် အောက်ပိုင်းစပါးနှံပန်းထိုး ကြက် သွေးဖျော့သင်တိုင်းကိုဝတ်ကြပြီး ကြက်သွေးရောင် အောက်ခံဖားစည်ရေလှိုင်း အဆင်ရောင် စုံထဘီကို ဝတ်ဆင်ကြသည်။ အချို့မှာ အနက်ခံပေါ်တွင် ဖားစည်ပါ ပန်းခက်အကွက် နှင့်အောက်ပိုင်း ကြက်သွေးရောင် ပန်းထိုးသင် တိုင်းတိုဝတ်ကြပြီး ကြက်သွေးရောင်အောက် ခံဖားစည် ရေလှိုင်းရောင်စုံထဘီကို ဝတ်ဆင်ကြသည်။ ပန်းရောင်ပဝါကို ဦးခေါင်းတွင် ၂ ပတ် လေ့ရှိသည်။ ပယင်းပုတီး၊ ငွေမတ်စေ့၊ ငွေပြားနှင့်ကြိတ်သီးများကို သီပြီးဆွဲလေ့ရှိသည်။ 

ကိုးကွယ်ယုံကြည်မှု

ဂေဘားတို့သည် ရှေးအခါက ရိုးရာနတ်ကိုးကွယ်ခဲ့ကြသည်။ ယဇ်ပူဇော်သောနေရာ ပုံသေသတ်မှတ်ခြင်းမရှိ။ နတ်ထိန်းညွှန်ကြားသည့်နေရာသို့ တိရစ္ဆာန်များယူဆောင်သွားပြီး ပူဇော်ပသကြသည်။တောစောင့်နတ်၊ တေ...

ဂေဘားတို့သည် ရှေးအခါက ရိုးရာနတ်ကိုးကွယ်ခဲ့ကြသည်။ ယဇ်ပူဇော်သောနေရာ ပုံသေသတ်မှတ်ခြင်းမရှိ။ နတ်ထိန်းညွှန်ကြားသည့်နေရာသို့ တိရစ္ဆာန်များယူဆောင်သွားပြီး ပူဇော်ပသကြသည်။တောစောင့်နတ်၊ တောင်စောင့်နတ်များကိုလည်း ပူဇော်ကြသည်။ အေဒီ ၁၈၅၃ ခုနှစ် နောက်ပိုင်း ခရစ်ယာန်ဘာသာသို့ သက်ဝင်ယုံကြည်လာကြသည်။ ခရစ်ယာန်ရဟန္တာ၊ မယ်တော်မာရီရုပ်တုများကို ရွာတိုင်းရှိဘုရားကျောင်းနှင့် အိမ်တိုင်းတွင် ထားရှိကိုးကွယ်ကြသည်ကိုတွေ့ရသည်။ ယင်းမတိုင်မီ ဗုဒ္ဓဘာသာကိုးကွယ်သူများလည်းရှိခဲ့သည်။ 

အုပ်ချုပ်မှုအစဉ်အလာ

ရှေးအခါက စော်ကဲစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း မရှိတော့ပါ။ အများကြည်ညိုလေးစားသူ ရပ်ရွာလူကြီးတစ်ဦးဦးက ဦးဆောင်၍ စီမံခန့်ခွဲ အုပ်ချုပ်ကြသည်။

ရှေးအခါက စော်ကဲစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း မရှိတော့ပါ။ အများကြည်ညိုလေးစားသူ ရပ်ရွာလူကြီးတစ်ဦးဦးက ဦးဆောင်၍ စီမံခန့်ခွဲ အုပ်ချုပ်ကြသည်။

ရိုးရာယဉ်ကျေးမှု

ဂေဘားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအရ ကျင်းပသည့်အကများမှာ ဒိုင်းအက၊ ဒူးလေးအက၊ ဝါးညှပ်အက၊ တုတ်ခေါက်အက၊ စပါးလှေ စပါးနယ်အကတို့ဖြစ်သည်။

ဂေဘားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအရ ကျင်းပသည့်အကများမှာ ဒိုင်းအက၊ ဒူးလေးအက၊ ဝါးညှပ်အက၊ တုတ်ခေါက်အက၊ စပါးလှေ စပါးနယ်အကတို့ဖြစ်သည်။

ဆောင်ရန်

လူမှုရေး၊ ဘာသာရေး ပွဲလမ်းသဘင်ကိစ္စရပ်များတွင် ၎င်းတို့ထုံးတမ်းအတိုင်း လိုက်နာ၍ ကူညီဝိုင်းဝန်းဆောင်ရွက်ပေးပါ။ မည်သည့်ယုံကြည်မှုမဆိုလေးစားပါ။

လူမှုရေး၊ ဘာသာရေး ပွဲလမ်းသဘင်ကိစ္စရပ်များတွင် ၎င်းတို့ထုံးတမ်းအတိုင်း လိုက်နာ၍ ကူညီဝိုင်းဝန်းဆောင်ရွက်ပေးပါ။ မည်သည့်ယုံကြည်မှုမဆိုလေးစားပါ။

ရှောင်ရန်

၁။ အသုဘအိမ်မှ ချက်ပြုတ်ကျွေးမွေးသော အသား၊ ငါးများကို အိမ်ယူပြန်ခွင့်မရှိဘဲ ကျန်နေပါက အသုဘကိစ္စပြီ...

၁။ အသုဘအိမ်မှ ချက်ပြုတ်ကျွေးမွေးသော အသား၊ ငါးများကို အိမ်ယူပြန်ခွင့်မရှိဘဲ ကျန်နေပါက အသုဘကိစ္စပြီးလျှင် ရွာပြင်တွင် အကုန်စွန့်ပစ်ရသည်။

၂။ အိမ်တွင်ကြက်ကလေးပေါက်လျှင် အမျိုးသားများ တောလိုက်၊ အမဲဖမ်းခြင်းမပြုလုပ်ရပါ။

၃။ အမျိုးသမီးများမီးဖွားချိန်တွင် ဧည့်သည်များမလာရပါ။

မနုမနောလူမျိုးစုတို့၏ရိုးရာဓလေ့ထုံးတမ်းမျာ

မနုမနော (ကော်ယော်) လူမျိုးစုများသည် ကယားလူမျိုးကဲ့သို့ မွန်ဂိုးလီးယားမှ ဆင်းသက်လာခြင်းဖြစ်သည်။ 

သွင်ပြင်လက္ခဏာများ

မနုမနော(ကော်ယော်)တိုင်းရင်းသားလူမျိုးများသည် အရပ် ၅ ပေကျော်ခန့် မျက်လုံး မျက်ခုံးကောင်း၍ ပါးရိုးမြင့်သည်။ နှာတံအနေတော်ဖြစ်ပြီး မေးရိုးဝိုင်းသည်။ အသားညိုသည်။ ဆံပင်နက်၍ အနည်းငယ်ကြမ်းပုံရသည်။

ရိုးရာဓလေ့ထုံးစံများ

မနုမနော(ကော်ယော်)တို့၏ ရိုးရာဓလေ့ထုံးစံအရ ကျင်းပသောပွဲတော်များအနေဖြင့် ဗေ့လ၊ လယ်ဂါ၊ အမဲလိုက်ပွဲ၊ အိမ်သစ်မင်္ဂလာပွဲ၊ ကောက်သစ်စားပွဲတို့ဖြစ်ပါသည်။ ရိုးရာတေး သီချင်းများအနေဖြင့် ကော်ယော်အမျိုးသားသီချင်း၊ ဂေါ်ဒေါ်အကသီချင်းတို့ဖြစ်ပါ သည်။ ရိုးရာတူရိယာများအနေဖြင့် ဖား စည်၊ ဗုံရှည်(အိုးစည်)၊ မောင်း၊ လင်းကွင်း၊ တစ်လွတ်၊ ပစ်ကော်လော့၊ မော်ဟ၊ တီးတူ၊ သေကွေ၊ ဂယ်၊ တု၊ မိုးကလေးကလို၊ တော့တော်၊ ပီးသယ်တု၊ ဂေါ်တော်၊ ထိုပဲတုတို့ဖြစ်ပါသည်။

ဘာသာစကားနှင့်စာပေ

ရှေးပဝေသဏီကပါ ရာမို့လာ ဟုခေါ်သောအရပ်တွင်နေထိုင်ခဲ့စဉ်ကကယားလူမျိုးတစ်မျိုးတည်းသာဖြစ်ပါသည်။ စကားအား ဖြင့်လည်းတစ်မျိုးတည်းသာပြောဆိုသည်။ ကော်ယော်စာပေတွင် လက်တင်အက္ခရာဖြင့် အသုံးပြုထားပြီး ဗျည်း အက္ခရာ (၂၃) လုံး၊ ဗျည်းနှစ်လုံးတွဲ (၂၁) လုံး၊ ဗျည်းသုံးလုံးတွဲ (၉) လုံး၊ အခြေခံသရ (၅) လုံး၊ သင်ရိုးသရ (၁၀)လုံး၊ အသံအနိမ့်အမြင့်  (၄) လုံး၊ အသံပြောင်းလဲမှု သင်္ကေတ (၂)မျိုးဟူ၍ရှိပါသည်။

ဝတ်စားဆင်ယင်မှု

မနုမနော(ကော်ယော်)တိုင်းရင်းသားတို့၏အမျိုးသားဝတ်စုံမှာအပြာရင့်ရောင်တွင်ဒေါင်လိုက်အဖြူရောင်အစင်းပါသောအင်္ကျီ တို၊ ဒေါင်လိုက်အစင်းများပါသော အပြာရင့်ရောင် ဘောင်းဘီနှင့် ခေါင်းပေါင်းတို့ဖြစ်ပါသည်၊၊ ရှမ်းဘောင်းဘီရှည် အဖြူ (သို့မဟုတ်) အနက်တို့ကိုလည်း ဝတ်ဆင်ကြပါသည်။   ဘောင်းဘီ၏ခါးတွင် ကြိုးထည့်၍စည်းကြသည်။ အချို့က သားရေခါးပတ်ကို အသုံးပြုကြပါသည်။ သားရေးခါးပတ် မရနိုင်ပါက လျှော်ပင်မှအခေါက်ကိုခွာ၍ ခါးပတ်သဖွယ်ပြုလုပ်ကြပါသည်၊၊ 

မနုမနော(ကော်ယော်) အမျိုးသမီးဝတ်စုံမှာအပေါ်ပိုင်းတွင်အင်္ကျီအနေဖြင့် ပခုံးတစ်ခြမ်းဖုံးအုပ်ထားသောအနက်ရောင်လက် တစ်ခြမ်းပြတ်အင်္ကျီကို ဝတ် ဆင်ကြပါသည်။ ထို့နောက် ခြုံထည်အဖြစ် လိုင်းစင်းကလေးများပါသော အနီရောင်ချည်ထည်ကို ဝတ်ဆင်ကြပါသည်။ အမျိုးသမီးလုံချည်မှာ အနီ/နီညို ရောင်ပေါ်တွင် အဝါ၊ အနီ၊ ခရမ်း အစိမ်း၊ ခရမ်းအစင်းဖော်ပြီး ချုပ်ကာဝတ်ဆင်ကြပါသည်။ ခါးတွင်လည်း ခါးစည်းအဖြစ် အဖြူရောင်ပုဝါရှည်ကြီးအဖြင့် ချည်နှောင်ထားပါသည်။ 

ကိုးကွယ်ယုံကြည်မှု

ရှေးဘိုးဘွားတို့သည် ဒွံဒွံတာနာ(ခ)မျက်စိဖြင့်မမြင်နိုင်သော အရှင်ဘုရားကိုသာ ရှိခိုးကိုးကွယ်ကြသည်။ နတ်ကိုးကွယ်သည်ဟုဆိုရာ၌ နတ်ဆိုးကိုဆိုလိုခြင်းမဟုတ်ဘဲ တောတောင်၊ ရေမြေစောင့်နတ်သိကြားတို့ကို ကိုးကွယ်ခြင်းသာဖြစ်သည်။ ယခ...

ရှေးဘိုးဘွားတို့သည် ဒွံဒွံတာနာ(ခ)မျက်စိဖြင့်မမြင်နိုင်သော အရှင်ဘုရားကိုသာ ရှိခိုးကိုးကွယ်ကြသည်။ နတ်ကိုးကွယ်သည်ဟုဆိုရာ၌ နတ်ဆိုးကိုဆိုလိုခြင်းမဟုတ်ဘဲ တောတောင်၊ ရေမြေစောင့်နတ်သိကြားတို့ကို ကိုးကွယ်ခြင်းသာဖြစ်သည်။ ယခုအခါ ခရစ်ယာန် ဘာသာဝင်များဖြစ်လာကြသောကြောင့် နတ်ကိုးကွယ်သူများ အလွန်နည်းပါးသွားပြီးဖြစ်သည်။

အုပ်ချုပ်မှုအစဉ်အလာ

မနုမနော(ကော်ယော်) လူမျိုးတို့သည် ရှေးယခင်က ရပ်ရွာများကို ဂါဘို (ခေါ်) ဂါဘေးစားက အုပ်ထိန်းရသည်။ တရားစီရင်ရာတွင်အလွန်သိမ်မွေ့ထက်မြတ်လှသောဓလေ့ထုံးတမ်းဖြင့်သာအဆုံးအဖြတ်ပေးသည်။ ကြီးသောအမှုကိုငယ်စေ၊ ငယ်သောအမှုကို ပပျောက်စေဟူသောမူကို လက်ခံကျင့်သုံးလျက် အုပ်ချုပ်စေသည်။

ရိုးရာယဉ်ကျေးမှု

မနုမနော(ကော်ယော်) တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကများမှာ ဂေါ်ဒေါ် အက၊ ဗူဇူအက၊ ဆပ်ဂလေအက၊ ဒေါ်သယ်အကတို့ဖြစ်ပါသည်။

မနုမနော(ကော်ယော်) တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကများမှာ ဂေါ်ဒေါ် အက၊ ဗူဇူအက၊ ဆပ်ဂလေအက၊ ဒေါ်သယ်အကတို့ဖြစ်ပါသည်။

ဆောင်ရန်

အမျိုးသား၊ အမျိုးသမီးတို့သည် လက်မထပ်မီအချိန်ထိ တစ်ဦးနှင့်တစ်ဦး ကျူးလွန်ခြင်းမရှိကြရပေ။ ကျူးလွန်မိပါကလည်း ရွာနစ်နာ၍ နစ်နာကြေးအနေဖြင့် ဝက်သားဖြင့် ရပ်ရွာလူထုအားကျွေးမွေးရသည်။ မီးဖွားခြင်းနှင့်ပတ်သက်သော ရှောင်ဓလေ့မ...

အမျိုးသား၊ အမျိုးသမီးတို့သည် လက်မထပ်မီအချိန်ထိ တစ်ဦးနှင့်တစ်ဦး ကျူးလွန်ခြင်းမရှိကြရပေ။ ကျူးလွန်မိပါကလည်း ရွာနစ်နာ၍ နစ်နာကြေးအနေဖြင့် ဝက်သားဖြင့် ရပ်ရွာလူထုအားကျွေးမွေးရသည်။ မီးဖွားခြင်းနှင့်ပတ်သက်သော ရှောင်ဓလေ့မှာ မီးဖွားနေ သည့်အိမ်ပေါ်၌ ဧည့်သည်များတက်ရောက်ခြင်းမပြုရ။ မီးဖွားပြီး၍ (၃) ရက်ကြာမှ အပြင်လူများလာရောက်၍ လည်ပတ်နိုင်သည်။အမဲလိုက်ခြင်းနှင့်ပတ်သက်၍အမဲလိုက်မည့်သူသည် မီးနေသည်၏အိမ်တွင် တည်းခိုခြင်းမပြုရ။ စိုက်ပျိုး ရေးနှင့်ပတ်သက်သော ရှောင်ဓလေ့မှာ တောင်ယာ၌ ပျိုးစကြဲသောနေ့တွင် ပျိုးကိုစတင်ကြဲသူမှာ သန့်ရှင်းစေရန် အသားငါးများကို စားသောက်ခြင်းမှ ရှောင်ကြဉ်ရ၏။ ထို့ပြင်မိမိအိမ်တွင် ရာသီလာနေသော အမျိုးသမီးရှိနေလျှင် ရက်ရွှေ့ဆိုင်းထားကြသည်။ အိမ်သားတစ်ဦးဦး အရောင်း  အဝယ်ပြုလုပ်မည်ဟု ကြံရွယ်လျှင် မသွားမီက တစ်မိသားစုလုံး ပဲပုတ်စားခြင်း၊ သေရည်အရက်သောက်သုံးခြင်းတို့မှ ရှောင်ကြဉ်ရသည့်အပြင်ခေါင်ချက်ခြင်းကိုလည်းရှောင်ကြဉ်ရသည်။သားသမီးတစ်ဦးဦး သေဆုံး သွားပါက မိဘများသည် အသားများကိုစားသောက်ခြင်းမပြုရဘဲ(၁)လခန့် ရှောင်ကြဉ်ရပြီး မိဘများသေဆုံးပါက သားသမီးများက အသားစားခြင်းကို တစ်နှစ်ခန့် ရှောင်ကြဉ်ရသည်။ 

ရှောင်ရန်

အမျိုးသား၊ အမျိုးသမီးတို့သည် လက်မထပ်မီအချိန်ထိ တစ်ဦးနှင့်တစ်ဦး ကျူးလွန် ခြင်းမရှိကြရပေ။ ကျူးလွန်မိပါကလည်း ရွာနစ်နာ၍ နစ်နာကြေးအနေဖြင့် ဝက်သားဖြင့် ရပ်ရွာလူထုအားကျွေးမွေးရသည်။ မီးဖွားခြင်းနှင့်ပတ်သက်သော ရှောင်ဓလေ့မှာ မီးဖွားနေ သည့်အိမ်ပေါ်၌ ဧည့်သည်များတက်ရောက်ခြင်းမပြုရ။ မီးဖွားပြီး၍ (၃) ရက်ကြာမှ အပြင်လူ များလာရောက်၍ လည်ပတ်နိုင်သည်။အမဲလိုက်ခြင်းနှင့်ပတ်သက်၍ အမဲလိုက်မည့်သူသည် မီးနေသည်၏အိမ်တွင် တည်းခိုခြင်းမပြုရ။ စိုက်ပျိုး ရေးနှင့်ပတ်သက်သော ရှောင်ဓလေ့မှာ တောင်ယာ၌ ပျိုးစကြဲသောနေ့တွင် ပျိုးကိုစတင်ကြဲသူမှာ သန့်ရှင်းစေရန် အသားငါးများကို စားသောက်ခြင်းမှ ရှောင်ကြဉ်ရ၏။ ထို့ပြင်မိမိအိမ်တွင် ရာသီလာနေသော အမျိုးသမီးရှိနေ လျှင် ရက်ရွှေ့ဆိုင်းထားကြသည်။ အိမ်သားတစ်ဦးဦး အရောင်း အဝယ်ပြုလုပ်မည်ဟု ကြံရွယ်လျှင် မသွားမီက တစ်မိသားစုလုံး ပဲပုတ်စားခြင်း၊ သေရည်အရက်သောက်သုံးခြင်းတို့မှ ရှောင်ကြဉ်ရသည့်အပြင် ခေါင်ချက်ခြင်းကိုလည်းရှောင်ကြဉ်ရသည်။ သားသမီးတစ်ဦးဦးသေ ဆုံးသွားပါက မိဘများသည် အသားများကို စားသောက်ခြင်းမပြုရဘဲ(၁)လခန့် ရှောင်ကြဉ်ရပြီး မိဘများသေဆုံးပါက သား သမီး များက အသားစားခြင်းကို တစ်နှစ်ခန့် ရှောင်ကြဉ် ရသည်။ 

ကယန်းတိုင်းရင်းသားလူမျိုးနှင့် လူမျိုးစုများ

(က)  ဆင်းသက်လာပုံ

ကမ္ဘာ့လူမျိုးနွယ်ကြီး (၃)မျိုးဖြစ်သော နိဂရိုက်၊ ယူရိုပွိုက်၊ မွန်ဂိုလွိုက်ဟူသော လူမျိုး ကြီးများအနက် မွန်ဂိုလွိုက်မှ ဆင်းသက်လာပါသည်။ မွန်ဂိုလွိုက်မျိုးနွယ်မှဆင်းသက်လာ သော တိဘက်-မြန်မာ၊ ထိုင်း-တရုတ်၊ မွန်-ခမာ လူမျိုးနွယ် (၃)မျိုးနွယ်အနက် ထိုင်း-တရုတ် လူမျိုးနွယ်မှ ဆင်းသက်လာပါသည်။ ထိုင်း-တရုတ်လူမျိုးနွယ်မှ ဆင်းသက်လာသော ဗျူ၊ ကမ်းယံ၊ သက် စသည့်လူမျိုးကြီး (၃)မျိုးအနက် ကမ်းယံလူမျိုးကြီးမှ ဆင်းသက်လာပါသည်။ ကမ်းယံလူမျိုးကြီးမှ ဆင်းသက်လာသော ပကူး၊ လဟွီး၊ လထာဟူ၍ မျိုးနွယ်စု(၃)စုအနက် လဟွီနှင့်လထာမှ ဆင်းသက်လာပါသည်။ ကယန်း ဟုခေါ်သောလူမျိုးတွင် ကယန်းကခေါင်း၊ ကယန်းကငန်၊ ကယန်းကဲ့ဒေါ့၊ ကယန်းလထာ ဟူ၍ မျိုးနွယ်စု (၄)မျိုးပါဝင်ပါသည်။

(ခ) နေထိုင်ရာဒေသများ

ကယန်းကခေါင်း လူမျိုးစု အများဆုံးနေထိုင်ရာဒေသမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင်နေထိုင်ကြပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ် တွင် နေထိုင်ကြပါသည်။ ကယန်းကငန် လူမျိုးစုသည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ပိုင်းဒေသကျေးရွာ၌ အများဆုံးနေထိုင်ကြပြီး ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နှင့် မန္တလေးတိုင်း၊ ပျဉ်းမနားမြို့နယ် အရှေ့ဘက်တောင်တန်းဒေသတွင် နေထိုင်လျက်ရှိကြပါ သည်။ ကယန်းကဲ့ဒေါ့လူမျိုးစုသည် ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့ပေါ်ရှိ ရပ်ကွက်များတွင် အခြားတိုင်းရင်းသားများနှင့်ရောနှော နေထိုင်ကြပြီး ကရင်ပြည်နယ် မြောက်ပိုင်း၊ သံတောင်မြို့နယ်နှင့် မန္တလေးတိုင်း၊ ပျဉ်းမနားမြို့နယ်အရှေ့ဘက်တောင်တန်း ဒေသတွင် နေထိုင်လျက်ရှိကြပါသည်။ ကယန်းလထာလူမျိုးစုတို့သည် ရှေးအခါက ကယား ပြည်နယ် အနောက်ပိုင်းဒေသတွင် ကျေးရွာများတည်ထောင်၍ နေထိုင်ခဲ့ကြသည်။ ထိုဒေသမှ တဆင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နှင့် ပင်လောင်းမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ကယားပြည်နယ်တွင် ကယန်းလထာတို့ သီးခြားနေထိုင်သောကျေးရွာများမှာ လွိုင်ကော် မြို့နယ်အတွင်းရှိ ဝါဆောင်နှင့် ဒေါတနောကျေးရွာ (၂)ရွာသာ ရှိပါသည်။ 

(ဂ) သွင်ပြင်လက္ခဏာများ

ကယန်းတိုင်းရင်းသားလူမျိုးများသည် အရပ် ၅ပေကျော်ခန့် မျက်လုံးမျက်ခုံးကောင်း ၍ ပါးရိုးမြင့်သည်။ နှာတံအနေတော်ဖြစ်ပြီး မေးရိုးဝိုင်းသည်။ အသားညိုသည်။ ဆံပင်နက်၍ အနည်းငယ်ကြမ်းပုံရသည်။

ဘာသာစကားနှင့်စာပေ

ကယန်းကခေါင်း၊ ကယန်းကငန်၊ ကယန်းကဲ့ဒေါ့၊ ကယန်းလထာ အစရှိသော ကယန်းလူမျိုးစုများ ပြောဆိုသောဘာသာစကားတွင် အသံအနိမ့်အမြင့် ခြားနားသည်မှတပါး အားလုံးတူညီကြပါသည်။ ၁၈၉၇ ခုနှစ်တွင် သံတောင်မြို့နယ်မြောက်ပိုင်း မောင်ဗလော့ရွာသို့ ကြွရောက်သီတင်းသုံးခဲ့သော ဘုန်းတော်ကြီး ပေါလ်မန်းနာ Fr.Paul Manna သည် မောင်ဗလော့ရွာသား အိုင်ဘန်းခန်ဆိုသူ လူငယ်ထံမှ ကယန်းကဲ့ဒေါ့စကားကို လေ့လာ သင်ယူတတ် မြောက်ပြီးနောက် လက်တင်အက္ခရာဖြင့် ကယန်းစာပေကိုတီထွင်ခဲ့ပါသည်။ လက်ရှိ အချိန်ထိ ကယန်းစာပေသည် လက်တင်အက္ခရာဖြင့် အသုံးပြုလျက်ရှိပါသည်။

ဝတ်စားဆင်ယင်မှု

ကယန်းကခေါင်း

ကယန်းကခေါင်းအမျိုးသားတို့သည် ဖျင်ကြမ်းခေါင်းပေါင်းဖြူပေါင်းပြီး ရှေ့နောက်ကွဲ သင်တိုင်းအဖြူရောင်နှင့် ချည်ကြမ်းအဖြူရောင်ဘောင်းဘီတို့ကို ဝတ်ဆင်ကြသည်။

ကယန်းကခေါင်းအမျိုးသမီးများသည် ဦးခေါင်းထိပ်တည့်တည့်တွင် ဆံထုံးထုံးပြီး ငွေဆံထုံးကို ထိုးစိုက်ထားသည်။ ငွေကွပ်ထားသော ဝါးဘီးအကြီး(၁)ချောင်း၊ အငယ်(၁) ချောင်းကို အဖြူရောင်ခေါင်းပေါင်းနှင့်တွဲ၍ အလှဆင်ထားပါသည်။ ရှေ့နောက်ကွဲသင်တိုင်း အဖြူရောင်နှင့် ဒူးဆစ်အထိရှည် သော အနက်ရောင်ထမီအတိုကိုတွဲ၍ ဝတ်ဆင်ထားပါသည်။ လည်ပင်းနှင့် ဒူးအောက်ပိုင်းခြေသလုံးတို့တွင် ကြေးချောင်းများရစ်ပတ်ဝတ်ဆင်ထားပြီး နားတွင်စည်ပုံနားတောင်းပန်ဆင်ထားကာ ငွေပြားများကိုသီ၍ လည်ဆွဲတန်ဆာအဖြစ် ဆင်မြန်းထားသည်။ လက်တွင်ငွေလက်ကောက်များဝတ်ဆင်ထားပါသည်။

ကယန်းကငန် 

ကယန်းကငန်အမျိုးသားတို့သည် အနက်ရောင်ဘောင်းဘီတိုနှင့် ရင်ကွဲအင်္ကျီအနက် ကို ဝတ်ဆင်ကြသည်။ ချည်မဲကို ဒူးဆစ်အောက်နှင့် ခြေကျင်းဝတ်တွင်ပတ်ထားသည်။ ရောင်ထုံး ထုံးပြီး ခေါင်းပေါင်းအဖြူရောင်ပေါင်းထားသည်။ ကြွေစေ့များကို နဖူးတစ်ဝိုက် တွင် ဆွဲထားသည်။

ကယန်းကငန်အမျိုးသမီးများသည် အင်္ကျီအနက်ရောင်နှင့် လုံချည်အနက်ရောင်တို့ကို ဝတ်ဆင်ကြသည်။ အင်္ကျီအပေါ်မှ အနက်ရောင်ခြုံထည်ကို လွှမ်းခြုံထားသည်။ ငွေပြားဖြင့် လည်ဆွဲများဆင်မြန်းထားသည်။ နားတွင်နားတောင်းချွန်များပန်ဆင်ကြသည်။ ခါးတွင် ပုဝါဖြူ စည်းထားပြီး အနားစများကိုဒူးဆစ်အထိချထားသည်။

ကယန်းကဲ့ဒေါ့

ကယန်းကဲ့ဒေါ့အမျိုးသားများသည် ဘောင်းဘီအနက်နှင့် ရှေ့ကွဲနောက်ကွဲသင်တိုင်း အင်္ကျီအဖြူကို ဝတ်ဆင်ကြသည်။ ခေါင်းပေါင်းပေါင်းပြီး ဖျင်စရှည်ကို ခါးတွင်စည်းထားသည်။

ကယန်းကဲ့ဒေါ့အမျိုးသမီးများသည် ဆံပင်ရှည်ကို နောက်တွဲဆံထုံးထုံးကြသည်။ လေးထောင့်ပုဝါကိုထောင့်ဖြတ်ခေါက်ချိုးပြီး ဒေါင့်စွန်းနှစ်ဘက်မှဆွဲကာ ဦးခေါင်းကိုပတ်၍ စည်းထားသည်။ အဖြူရောင်တစ်ပိုင်း၊ အပန်းရောင်တစ်ပိုင်းသင်တိုင်းအင်္ကျီနှင့် အနီတစ်ပိုင်း၊ အနက်ရောင်တစ်ပိုင်းလုံချည် အဆင်ကိုဝတ်ဆင်ကြသည်။ ငွေနားတောင်းများပန်ဆင်ကြပြီး ငွေပြားများကိုသီ၍လည်တွင်ဆွဲထားကြသည်။ ငွေလက်ကောက်များကိုလည်း ဝတ်ဆင်ကြ သည်။

ကယန်းလထာ

ကယန်းလထာအမျိုးသားတို့သည် အဖြူရောင်ခေါင်းပေါင်း၊ ဘောင်းဘီတိုအဖြူရောင် နှင့် ဂျပ်ခုတ်ဖျင်ကြမ်းအင်္ကျီအဖြူဝတ်ပြီး လည်တွင်ပယင်းပုတီးများဆွဲထားသည်။ နားပေါက် ဖောက်၍ ပယင်းနားတောင်းပန်ကြသည်။ ဒူးဆစ်အောက်တွင် သစ်စေးသုတ်ထားသော ချည်ကွင်းအနက်များ ကို ပတ်ထားသည်။

ကယန်းလထာအမျိုးသမီးတို့သည် ဂျပ်ခုတ်လုံချည်အဖြူရောင်နှင့် ရှေ့နောက်ကွဲ ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားကြသည်။ နားတွင်ပယင်းပုတီးနားတောင်းများ ဆင်မြန်း ထားပြီး ရောင်စုံပုတီးများလည်တွင်ဆွဲကြသည်။ ခါးတွင်ခါးပတ်ပုတီးများ ဝတ်ဆင်ကြသည်။ လက်တွင်ငွေလက်ကောက်များ ဝတ်ဆင်ထားကြသည်။

ကိုးကွယ်ယုံကြည်မှု

ကယန်းတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ရိုးရာမိရိုးဖလာ ကန်းခွမ်ဘာသာကို ကိုးကွယ်ယုံကြည်ကြပါသည်။ 

ကယန်းတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ရိုးရာမိရိုးဖလာ ကန်းခွမ်ဘာသာကို ကိုးကွယ်ယုံကြည်ကြပါသည်။ 

အုပ်ချုပ်မှုအစဉ်အလာ

ကယန်းလူမျိုးတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူ၍ ခွဲခြားထားခြင်းမရှိပါ။ အမှု အခင်းဖြစ်ပွားရာ၌ ရာဇဝတ်မှု၊ တရားမျှတမှုဟူ၍ ခွဲခြားခြင်းမရှိပါ။ တရားစီရင်ဆုံးဖြတ်ရာ၌ သတ်မှတ်ထားသော ဥပဒေမရှိဘဲ ရိုးရာဓလေ့ဖြတ်ထုံးကိုမှီ၍ တရားစီရင်က...

ကယန်းလူမျိုးတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူ၍ ခွဲခြားထားခြင်းမရှိပါ။ အမှု အခင်းဖြစ်ပွားရာ၌ ရာဇဝတ်မှု၊ တရားမျှတမှုဟူ၍ ခွဲခြားခြင်းမရှိပါ။ တရားစီရင်ဆုံးဖြတ်ရာ၌ သတ်မှတ်ထားသော ဥပဒေမရှိဘဲ ရိုးရာဓလေ့ဖြတ်ထုံးကိုမှီ၍ တရားစီရင်ကြပါသည်။

ရိုးရာယဉ်ကျေးမှု

ကြေးပတ်ခြင်းသည် ကယန်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည်။ ကယန်းအမျိုးသမီးများ ကြေးပတ်ခြင်းကို အသက် (၄)နှစ်ကျော်တွင် စတင်ပတ်ကြသည်။ ကြေးကွင်းများကို လည်ပင်းနှင့်ခြေသလုံးအထက်ပိုင်းတွင် ပတ်ထားကြပါသည်။ အသက် (၅) နှစ်...

ကြေးပတ်ခြင်းသည် ကယန်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည်။ ကယန်းအမျိုးသမီးများ ကြေးပတ်ခြင်းကို အသက် (၄)နှစ်ကျော်တွင် စတင်ပတ်ကြသည်။ ကြေးကွင်းများကို လည်ပင်းနှင့်ခြေသလုံးအထက်ပိုင်းတွင် ပတ်ထားကြပါသည်။ အသက် (၅) နှစ်ကျော်လွန်လာလျှင် အရစ်တိုး၍ပတ်ပေးပါသည်။ အသက် (၈)နှစ်ကျော်လာလျှင် ပို၍ လုံးပတ်ကြီးသော ကြေးကွင်းကိုပတ်ပေးပါသည်။ ကြေးကွင်းပတ်ခြင်းကို အသက် (၁၅)နှစ် ကျော်တွင်ပြီးဆုံးပါသည်။

ဆောင်ရန်

ရှောင်ရန်

ထိမ်းမြားခြင်းဆိုင်ရာရှောင်ဓလေ့ 

ကယန်းတို့၏ထိမ်းမြားခြင်းနှင့်ဆိုင်သောရှောင်ဓလေ့များမ...

ထိမ်းမြားခြင်းဆိုင်ရာရှောင်ဓလေ့ 

ကယန်းတို့၏ထိမ်းမြားခြင်းနှင့်ဆိုင်သောရှောင်ဓလေ့များမှာ ဦးလေးနှင့်တူမ၊ အဒေါ် နှင့်တူ လက်ထပ်ပိုင်ခွင့်မရှိပါ။ ထို့အပြင် ဆွေခုနှစ်ဆက်လက်မထပ်ဟု ကျိန်ဆိုထားသော အမျိုးထဲမှဖြစ်လျှင်လည်း လက်ထပ်ခြင်းမှရှောင်ကြဉ်ရသည်။ 

မီးဖွားခြင်းဆိုင်ရာရှောင်ဓလေ့

မီးဖွားခြင်းနှင့်ပတ်သက်သည့်ရှောင်ဓလေ့မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ခင်ပွန်း သည် မိမိဇနီးမီးမဖွားမီ မြေကျင်းတူးခြင်းမပြုရပါ။ ပဲပြုတ်မစားရပါ။ အသုဘအိမ်မှ အစား အစာများကိုလည်း မစားရပါ။ ဤဓလေ့ကိုကျူးလွန်ပါက ကလေးကိုထိခိုက်တတ်သည်ဟု ယုံကြည်ကြ၏။

တောလိုက်ခြင်းရှောင်ဓလေ့

တောကောင်လိုက်ခြင်းဓလေ့မှာ တောကောင်လိုက်မည့်နေ့တွင် ပဲပုတ်၊ ငါးပိစားခြင်း ကိုရှောင်ကြဉ်ရပြီး မေထုန်မှီဝဲခြင်းမှလည်း ရှောင်ကြဉ်ရသည်။ အမျိုးသားများတောကောင် လိုက်နေစဉ် အိမ်၌ကျန်နေသူများသည် ခေါင်ချက်ခြင်း၊ ဆဲဆိုခြင်းမပြုရပါ။ တောကောင် လိုက်ချိန်တွင် အမဲလိုက်မည့်သူတစ်ဦးဦး၏ အမျိုးသမီးတစ်ဦးဦး ရာသီလာနေလျှင်လည်း ကောင်း၊ မီးဖွားနေလျှင်လည်းကောင်း၊ ကြက်ကလေး ပေါက်နေလျှင်လည်းကောင်း၊ နာမကျန်းဖြစ်နေလျှင်လည်းကောင်း အမဲလိုက်ခွင့်မပြုပါ။ 

စိုက်ပျိုးရေးဆိုင်ရာရှောင်ဓလေ့

သီးနှံထွက်ကောင်းလာစေရန် တောင်ယာတွင်နတ်အား ပူဇော်ပသပြီးသောအခါ အသားကို အမျိုးသမီးများ စားသောက်ခွင့်မပြုပါ။ ဤဓလေ့ကိုချိုးဖောက်ပါက သီးနှံခေါင်းပါး ပြီး ရပ်ရွာတွင်နစ်နာတတ်သည်ဟု ယုံကြည်ကြသည်။ စပါးရိတ်သိမ်းစအချိန်မှစ၍ သုံးရက် အတွင်း ယာကွက်ထဲသို့ မည်သူမျှဖြတ်သန်းသွားလာခွင့်မပြုပါ။ ဖြတ်သန်းသွားလာပါက စပါးလိပ်ပြာလွင့်ပြီး နောင်နှစ်တွင် စပါးကောင်းစွာ မထွက်တော့ဟုယူဆကြ၏။

ရိုးရာပွဲတော်ကျင်းပရေးဆိုင်ရာရှောင်ဓလေ့

ကန်းခွမ်တိုင်မစိုက်ထူမီ မြေပေါ်တွင်ချထားစဉ် ခွေးမကျော်ဖြတ်စေရန် နေ့ရောညပါ စောင့်ရသည်။ ကန်းခွမ်တိုင်ကိုဝိုင်း၍ကခုန်ရာတွင် အမျိုးသမီးများပါဝင်ခွင့်မပြုပါ။ ဘေးတွင် ရပ်ပြီး သပြေခက်နှင့် ရေပက်ဖျန်းပေးခြင်းကိုသာ ပြုလုပ်ရပါသည်။ တိုင်ကိုလည်းဧည့်သည် နှင့်အမျိုးသမီးများ ကိုင်ခွင့်မပြုပါ။ ကန်းခွမ်တိုင်ကိုစိုက်ထူနေစဉ် တိုင်လဲသွားပါက ရွာလုံး ကျွတ်ပြောင်းရွှေ့သွားကြသည်။ ကြက်ရိုးထိုးခြင်းအမှု၌ အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခြင်း မပြုပါ။