(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာအဆောက်အအုံ ဖွင့်ပွဲ အခမ်းအနားကျင်းပ တောင်ကြီး ဖေဖော်ဝါရီ (၅)
ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့နယ် 2024-02-19

(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၅-၂-၂၀၂၄)ရက်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အအုံဖွင့်ပွဲသို့  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒေါက်တာစိုးဝင်း၊ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဒေါက်တာအေးထွန်း၊ ဦးဇော်အေးမောင်တို့ တက်ရောက်ပြီးဖွင့်လှစ်ခဲ့ကြပါသည်။