ကယားလူမျိုးစုများမှာ ကယားပြည်နယ် ကန္တာရဝတီ၊ဘောလခဲနှင့်ကြက်ဘိုးကြီး(ကြယ်ဖိုးကြီး)နယ်များရှိ တောတောင်နေရာအနှံ့အပြားတွင်လည်းကောင်း၊ သံလွင်မြစ်ကမ်းနှစ်ဖက်တွင်လည်းကောင်း ပျံ့နှံ့စွာနေထိုင်ကြပါသည်။လွိုင်ကော်လွင်ပြင်၏ အထက်ပိုင်းတောင်ပေါ်များတွင် ပရဲ(Bre)၊ဘွဲ့(Bwe)၊ ပဒေါင်(Padaung)၊ ယင်းဘော်(Yinbaw)၊ ယင်း...
ကယားလူမျိုးစုများမှာ ကယားပြည်နယ် ကန္တာရဝတီ၊ဘောလခဲနှင့်ကြက်ဘိုးကြီး(ကြယ်ဖိုးကြီး)နယ်များရှိ တောတောင်နေရာအနှံ့အပြားတွင်လည်းကောင်း၊ သံလွင်မြစ်ကမ်းနှစ်ဖက်တွင်လည်းကောင်း ပျံ့နှံ့စွာနေထိုင်ကြပါသည်။လွိုင်ကော်လွင်ပြင်၏ အထက်ပိုင်းတောင်ပေါ်များတွင် ပရဲ(Bre)၊ဘွဲ့(Bwe)၊ ပဒေါင်(Padaung)၊ ယင်းဘော်(Yinbaw)၊ ယင်းတလဲ(Yintale)၊ ကယား(ကရင်နီ) လူမျိုးများနေထိုင်ကြသည်။ ပရဲ(Bre)၊ ပဒေါင်(Padaung)၊ ယင်းဘော်(Yinbaw)၊ ဇယိမ်း(Zeyein)တို့သည် ကယားပြည်နယ်၊ ကရင်ပြည်နယ်ရှိ လိပ်သို၊ သံတောင်တို့တွင်လည်း နေထိုင်ကြသည်။ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အရှေ့ဘက်တောင်ပေါ်များတွင် ကရင်များနှင့် ရောနေကြသည်။
ဇယိမ်း မျိုးနွယ်စုဝင်များသည် ရှမ်းပြည်နယ်ရှိ မိုးဗြဲနှင့် ဖယ်ခုံမြို့နယ်အတွင်းပိုင်းတောင်ပေါ်ဒေသများနှင့် အင်းလေးတောင်ပိုင်း အနောက်ဘက်နယ်စပ် လွိုင်လုံနှင့်မိုင်းပယ်) နယ်တစ်ဝိုက်တွင် အများစုနေထိုင်ကြပြီး လွိုင်ကော်မြို့အနောက်၊ လွိုင်ဆန်တောင်ကုန်းများ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်ရှိ လိပ်သို၊ သံတောင်တို...
ဇယိမ်း မျိုးနွယ်စုဝင်များသည် ရှမ်းပြည်နယ်ရှိ မိုးဗြဲနှင့် ဖယ်ခုံမြို့နယ်အတွင်းပိုင်းတောင်ပေါ်ဒေသများနှင့် အင်းလေးတောင်ပိုင်း အနောက်ဘက်နယ်စပ် လွိုင်လုံနှင့်မိုင်းပယ်) နယ်တစ်ဝိုက်တွင် အများစုနေထိုင်ကြပြီး လွိုင်ကော်မြို့အနောက်၊ လွိုင်ဆန်တောင်ကုန်းများ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်ရှိ လိပ်သို၊ သံတောင်တို့တွင်လည်း နေထိုင်ကြသည်။
ကယမ်း(ပဒေါင်)လူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ်၏ ဒီးမော့ဆိုမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။ ကရင်ပြည်နယ် ၊ လိပ်သို၊ သံတောင်တို့တွင်လည်း နေထိုင်ကြသည်။ပဒေါင်တို့သည် ကြေးဝါကော်လာများ လည်တွင်စွပ်ထားပြီး Ke-Kawng-Du ဟု ကိုယ...
ကယမ်း(ပဒေါင်)လူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ်၏ ဒီးမော့ဆိုမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။ ကရင်ပြည်နယ် ၊ လိပ်သို၊ သံတောင်တို့တွင်လည်း နေထိုင်ကြသည်။ပဒေါင်တို့သည် ကြေးဝါကော်လာများ လည်တွင်စွပ်ထားပြီး Ke-Kawng-Du ဟု ကိုယ့်ဘာသာ ခေါ်ကြသည်။ကရင်ပြည်နယ်နှင့် ကယားနယ်စပ်ရှိ ယာဒိုတွင်လည်း နေထိုင်ကြသည်။
ဂေခို၊ ဂေဘား လူမျိုးများမှာ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်၊ ရှမ်းပြည်နယ်ရှိ မိုးဗြဲနယ်၊ ပြည်ထောင်စုနယ်မြေရှိ ပျဉ်းမနားမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၏ တောင်ငူနယ်တစ်ဝိုက်နှင့် ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းရှိ မောင့်မလော့၊ မောင့်ကျော်၊ မူဆူမ၊ ကျေးကတော့၊ တော်ပုံ၊ အလယ်ချောင်း၊ တောင်မြင့်နှ...
ဂေခို၊ ဂေဘား လူမျိုးများမှာ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်၊ ရှမ်းပြည်နယ်ရှိ မိုးဗြဲနယ်၊ ပြည်ထောင်စုနယ်မြေရှိ ပျဉ်းမနားမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၏ တောင်ငူနယ်တစ်ဝိုက်နှင့် ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းရှိ မောင့်မလော့၊ မောင့်ကျော်၊ မူဆူမ၊ ကျေးကတော့၊ တော်ပုံ၊ အလယ်ချောင်း၊ တောင်မြင့်နှင့် ဘောဂထာ စသည့် တောင်ပေါ်ရွာများတွင် နေထိုင်ကြပါသည်။
ပရဲလူမျိုးများသည် ကယားပြည်နယ်ရှိ ကြက်ဘိုးကြီးနယ် (ကြယ်ဖိုးကြီး)၊ ဖရူးဆိုးမြို့နယ်၊ ကရင်ပြည်နယ်ရှိ လိပ်သိုနယ်အရှေ့မြောက်ပိုင်း၊ တောင်ငူခရိုင် တောင်ပိုင်းဒေသရှိ ညောင်ဇင်အနီး ကျေးရွာများတွင် နေထိုင်လျက်ရှိကြသည်။

မနုမနောလူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပယ်နယ်နှင့် ကယားပြည်နယ်အတွင်း ကြက်ဘိုးကြီးနယ် (ကြယ်ဖိုးကြီး)အနောက်ဖက်၊ ဖရူးဆိုးမြို့နယ် အနောက်တောင်ခြမ်းဒေသရှိ ကျေးရွာ(၁၉)ရွာ၊ ကရင်ပြည်နယ်ရှိ ဘောဂလိနယ် အတွင်းပိုင်း၊သံတောင်နယ်အတွင်းပိုင်း တောင်ပေါ်ဒေသများတွင် နေထိုင်ကြပါသည်။

ယင်းတလဲ လူမျိုးများသည် ကယားပြည်နယ်ရှိ ဖာဆောင်းမြို့နယ်တွင် အများဆုံးနေထိုင်ကြပြီး ဘောလခဲမြို့နယ်တစ်ဝိုက်တွင်လည်း နေထိုင်ကြပါသည်။
ယင်းတလဲ လူမျိုးများသည် ကယားပြည်နယ်ရှိ ဖာဆောင်းမြို့နယ်တွင် အများဆုံးနေထိုင်ကြပြီး ဘောလခဲမြို့နယ်တစ်ဝိုက်တွင်လည်း နေထိုင်ကြပါသည်။
ယင်းဘော်လူမျိုးများသည် ကယားပြည်နယ်ရှိ ဒီမော့ဆိုမြို့နယ်တွင် အများစုနေထိုင်ပြီး ဖာဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။ရှမ်းပြည်နယ်ရှိ နမ်းမယ်ခုံနယ်တို့တွင် အများဆုံးနေထိုင်ကြပြီး ကရင်ပြည်နယ် လိပ်သို၊ သံတောင်၊ ယာဒိုတို့တွင်လည်း နေထိုင်ကြသည်။