ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုစစ်တမ်းကောက်ယူခြင်းနှင့် အခြေခံပညာကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေး ဟောပြောခြင်းကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ် ကရင်၊ နိုဝင်ဘာ ၁၆ ရက်
ကရင်ပြည်နယ် 2023-11-16
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်" နှင့် “အခြေခံပညာ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောပွဲ အစီအစဉ်" ကို  ၁၆-၁၁-၂၀၂၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ၊ အ.ထ.က (ကြာအင်း)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသား များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာကိုလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှု နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊   မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က  ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ် ရေးရာ အသိပညာပေးရေး၊ လူငယ့်ဘဝဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းပြောကြားခဲ့ ကြပါသည်။

ဆက်လက်၍ လှိုင်းဘွဲ့မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းရန်နိုင် က ကလေး သူငယ်အခွင့်အရေးများ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာကိစ္စများ၊ ကလေး အလုပ်သမားဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိနန္ဒာမွန် က ဗလငါးတန်ဖွံ့ဖြိုးရေးတွင် ပါဝင်သော ကာယဗလဖွံ့ဖြိုးစေရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် အားကစားစိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ ကျန်းမာသော လူငယ် လူရွယ်များ ဖြစ်ပေါ်လာစေရေး ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင် က တိုင်းရင်းသား ဘာသာသင် ဆရာ/ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT)များ ခန့်အပ်ထားမှုအခြေအနေများကိုလည်းကောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဉာဏဗလနှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် ရည်ရွယ်၍ ဗဟုသုတဆိုင်ရာမေးခွန်းများ၊ ဒေသန္တရမေးခွန်းများ၊ အသိပညာဆိုင်ရာမေးခွန်းများကို ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ပြီး ဆုလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပါသည်။

ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်း ကောက်ယူ ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၅)ဦးက ဖြေဆိုခဲ့ကြပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါသည်။


Image
Image
Image
Image
Image
Image