၁။ ကန်စွန်းရွက် (၁) စည်း
၂။ ငှက်ပျောဖူး (၁) ဖူး
၃။ မျှစ် (၁၀) သား
၄။ ပဲသီး (၁) စည်း
၅။ ကြက်သွန်နီ (၃) လုံး
၆။ သံပုရာသီး (၂) လုံး
၇။ ငရုတ်သီးခြောက် (၁၀) တောင့်
၈။ ဆီ အနည်းငယ်
၉။ ဆား အနည်းငယ်
၁၀။ ပုဇွန်ခြောက်မှုန့် အနည်းငယ်
၁၁။ နှမ်း အနည်းငယ်
၁၂။ နံနံပင် (၅) ပင်
ပထမဦးစွာ ကန်စွန်းရွက်၊ ငှက်ပျောဖူး၊ မျှစ်၊ ပဲသီးတို့ကို ပြုတ်ရပါမည်။ ပြုတ်ပြီးပါက ကြက်သွန်နီ ဆီကျက်ချက်ရပါမည်။ ထို့နောက် ငရုတ်သီးခြောက်ကို ဆီအနည်းငယ်ဖြင့် လှော်ပြီးထောင်းထားရပါမည်။ အားလုံးပြီးပါက ပြုတ်ထားသည့့် ကန်စွန်းရွက်၊ ငှက်ပျောဖူး၊ မျှစ်၊ ပဲသီးတို့ကို ဆီ၊ဆား၊ သံပုရာသီး၊ ငရုပ်သီးမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ နှမ်းတို့ဖြင့် ရောပြီး နယ်ရပါမည်။ နယ်ပြီးပါက ပန်းကန်တစ်ချပ်ထဲသို့ နံနံနှင့်ကြက်သွန်ကြော်ကို အပေါ်က အုပ်ပေးပါ။ ထို့အခါ အချိန်အခါမရွေးစားသုံးနိုင်ပြီး ခံတွင်းမြိန်စေမည့် ရခိုင်ရိုးရာသနပ်သုပ် ကို ရရှိမည်ဖြစ်ပါမည်။