ရခိုင်လူမျိုးများသည် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ သုံးခရိုင်ရှိ မြို့နယ်၊ကျေးရွာများတွင် အများဆုံးခြေစိုက်နေထိုင်ကြပြီး ရမ်းဗြဲ၊ မာန်အောင်စသည့်ကျွန်းများပေါ်တွင်လည်း ပျံ့နှံ့နေထိုင်ကြပါသည်။
ချင်း၊ ဒိုင်းနက် တို့သည် ကုလားတန်မြစ်ဖျား ဘူးသီးတောင်၌ နေထိုင်ကြပြီး မရော(Mro) တို...
ရခိုင်လူမျိုးများသည် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ သုံးခရိုင်ရှိ မြို့နယ်၊ကျေးရွာများတွင် အများဆုံးခြေစိုက်နေထိုင်ကြပြီး ရမ်းဗြဲ၊ မာန်အောင်စသည့်ကျွန်းများပေါ်တွင်လည်း ပျံ့နှံ့နေထိုင်ကြပါသည်။
ချင်း၊ ဒိုင်းနက် တို့သည် ကုလားတန်မြစ်ဖျား ဘူးသီးတောင်၌ နေထိုင်ကြပြီး မရော(Mro) တို့သည် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊မြောက်ဦး(မြို့ဟောင်း)တွင် နေထိုင်သည်။ ရခိုင်ပြည်နယ် တောင်ကုန်းဒေသတွင် ခမီ၊ ဒိုင်းနက်၊Chaw, Mro, Kon, Kaungtsos.Ku,Kyu,Welaung, Le Du,Yindu တို့နေထိုင်ကြပါသည်။
ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှပေးပို့သော စာရင်းအရ ရခိုင်လူမျိုးခန့်မှန်း(၁,၇၀၄,၁၆၁)ဦးခန့် ရခိုင်ပြည်နယ်တွင် နေထိုင်ကြပါသည်။
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်)
Races of Burma(Page-23)
ကမန်လူမျိုးများမှာ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာ၊ စစ်တွေမြို့နယ် သင်းကနက်ကျေးရွာနှင့် သံတွဲမြို့နယ်တို့တွင် အများဆုံးနေထိုင်ကြပါသည်။
ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ပေးပို့သောစာရင်းအရ ကမန် ခန့်မှန်း (၁၄,၂၄၉)ဦးရခိုင်ပြည်နယ်တွင် နေထိုင်ကြပါသည်။

မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန်(စာ-၁၄၅)
ခမွီးလူမျိူးများမှာ ရခိုင်အုပ်စုဝင်လူမျိုးများ ဖြစ်ကြပြီး ကုလားတန်မြစ်ရိုး တစ်လျှောက် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် အများဆုံးနေထိုင်ကြသည်။ ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် ချင်းပြည်နယ် ပလက်ဝနယ်တို့တွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။ ခမွီးနှင့် မြိုတို့သည် အများဆုံးရောနှောနေထိုင်ကြ၍ ဘာသာစကားအ...
ခမွီးလူမျိူးများမှာ ရခိုင်အုပ်စုဝင်လူမျိုးများ ဖြစ်ကြပြီး ကုလားတန်မြစ်ရိုး တစ်လျှောက် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် အများဆုံးနေထိုင်ကြသည်။ ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် ချင်းပြည်နယ် ပလက်ဝနယ်တို့တွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။ ခမွီးနှင့် မြိုတို့သည် အများဆုံးရောနှောနေထိုင်ကြ၍ ဘာသာစကားအားဖြင့် ဆက်စပ်မှုရှိသည်။
ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှပေးပို့သော စာရင်းအရ ခမွီးခန့်မှန်း(၃၂,၅၄၇)ဦး ရခိုင်ပြည်နယ်တွင် နေထိုင်ကြပါသည်။
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်)
ဒိုင်းနက်လူမျိုးစုများမှာ စစ်တွေ၊ကျောက်တော် ၊ပုဏ္ဏားကျွန်း၊ မြို့ဟောင်း၊မင်းပြား၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် လေးမြို့ချောင်းတို့တွင် အများဆုံးနေထိုင်ကြသည်။
ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ပေးပို့သောစာရင်းအရ ဒိုင်းနက်ခန့်မှန်း(၄၃,၁၀၀)ဦး ရခ...
ဒိုင်းနက်လူမျိုးစုများမှာ စစ်တွေ၊ကျောက်တော် ၊ပုဏ္ဏားကျွန်း၊ မြို့ဟောင်း၊မင်းပြား၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် လေးမြို့ချောင်းတို့တွင် အများဆုံးနေထိုင်ကြသည်။
ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ပေးပို့သောစာရင်းအရ ဒိုင်းနက်ခန့်မှန်း(၄၃,၁၀၀)ဦး ရခိုင်ပြည်နယ်တွင် နေထိုင်ကြပါသည်။
တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရခိုင်)(စာ-၂၇၊၃၀)
မရမာကြီး လူမျိုးစုဝင်များမှာမူ မင်းပြား၊ ပန်းမြောင်း၊ ဖုံသာ၊ ဆင်အိုးရွာ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊စစ်တွေ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးလက်အရပ်များတွင် နေထိုင်ကြပါသည်။ မရမာကြီးဆိုသည်မှာ မြန်မာကြီး ဟူသောစကားမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပေသည်။ မရမာကြီးလူမျိုးကို အချို့က "ဗရူဝါ" ဟုလည်း...
မရမာကြီး လူမျိုးစုဝင်များမှာမူ မင်းပြား၊ ပန်းမြောင်း၊ ဖုံသာ၊ ဆင်အိုးရွာ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊စစ်တွေ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးလက်အရပ်များတွင် နေထိုင်ကြပါသည်။ မရမာကြီးဆိုသည်မှာ မြန်မာကြီး ဟူသောစကားမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပေသည်။ မရမာကြီးလူမျိုးကို အချို့က "ဗရူဝါ" ဟုလည်း ခေါ်ဝေါ်ကြသည်။
ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ပေးပို့သောစာရင်းအရ မရမာကြီး ခန့်မှန်း(၉,၁၃၅)ဦး ရခိုင်ပြည်နယ်တွင် နေထိုင်ကြပါသည်။
တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရခိုင်)(စာ-၂၇၊၃၀)
မြိုလူမျိုးတို့သည် သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက်မှစ၍ အစဉ်အဆက် သက်ကြီးစကား သက်ငယ်ကြား နှုတ်အာဂုံဆောင်ကြဉ်းကြသော မြိုရိုးရာသီချင်း၊ ဝတ္ထု၊ ပုံပြင်များ၊ ပါးစပ်ရာဇဝင်များအရ တိဗက်ဒေသမှ ဆင်းသက်လာခဲ့ကြသည်။ တိဗက်ဒေသမှ ဆင်းသက်လာကြစဉ် အာသံ၊ မဏိပူရ ယနေ့ ချင်းပြည်နယ်၊ မတူပီ၊ ပလက်ဝဒေသမှ ရှေးခေတ် ရက္ခပူရတိုင်း၊ ဓည...
မြိုလူမျိုးတို့သည် သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက်မှစ၍ အစဉ်အဆက် သက်ကြီးစကား သက်ငယ်ကြား နှုတ်အာဂုံဆောင်ကြဉ်းကြသော မြိုရိုးရာသီချင်း၊ ဝတ္ထု၊ ပုံပြင်များ၊ ပါးစပ်ရာဇဝင်များအရ တိဗက်ဒေသမှ ဆင်းသက်လာခဲ့ကြသည်။ တိဗက်ဒေသမှ ဆင်းသက်လာကြစဉ် အာသံ၊ မဏိပူရ ယနေ့ ချင်းပြည်နယ်၊ မတူပီ၊ ပလက်ဝဒေသမှ ရှေးခေတ် ရက္ခပူရတိုင်း၊ ဓညဝတီ ဟုအမည်တွင်လာမည့် မြိုဟူသော စကားလုံးအား စောဆုံးတွေ့နိုင်သောကျမ်းမှာ မြန်မာ့စာပေ လောကတွင် ရှေးအကျဆုံး ခရစ်နှစ် ၁၄၅၈ခု ရခိုင်စာဆိုပညာရှိ "အဒူမင်းညို" ရေးစပ်ဖွဲ့ဆိုသော မြောက်ဦး ဒုတိယခေတ်"ဘစောဖြူမင်း" သမီး ဧချင်းနှင့် မြန်မာကျောက်စာများတွင် ခရစ်နှစ်၁၄၄၂ခု နရသီဟပတေ့မင်းရေးထိုးသော စစ်ကိုင်းထူပါရုံ ကျောက်စာ စာကြောင်းရေ (၂၀)တွင် တွေ့ရှိရကြောင်းလေ့လာသိရှိပါသည်။ ရခိုင်မဟာရာဇဝင်တော်ကြီး၊ ဓညဝတီရာဇဝင်သစ် ကျမ်း၊ မရာရုနှင့် ဗေဒါ ရှင်းတမ်းစသည့် ကျမ်းဂန်အစုံစုံတို့တွင် မြိုဝေါဟာရ အပြင် "မြုံ၊ မြုန်၊ မြုမ်၊ မြူ" စသော အသုံးအနှုန်းအရေးအသားများကို တွေ့ရှရပါသည်။
မြိုတိုင်းရင်းသားများသည် ရခိုင်တောင်ရိုး မြောက်ဖျားအရပ်များနှင့် ကျောက်တော်နယ်အတွင်းပိုင်း၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် ပျံ့နှံ့နေထိုင်ကြသည်။
ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ပေးပို့သောစာရင်းအရ ရခိုင်ပြည်နယ်တွင် မြို(ဓညဝတီ) ခန့်မှန်း (၄၄,၉၈၀)ဦး၊ မြို(မရူစာ) ခန့်မှန်း (၂၃,၁၆၁)ဦးတို့နေထိုင်လျက်ရှိပါသည်။
မြိုလူမျိုးများအကြောင်းသိကောင်းစရာသမိုင်းအကျဉ်း(စာ ၁-၂)
သက်လူမျိုးများမှာ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် အများဆုံးနေထိုင်ကြပါသည်။ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှပေးပို့သော စာရင်းအရ ရခိုင်ပြည်နယ်တွင် သက်လူမျိုး ခန့်မှန်း (၂,၇၄၂)ဦးနေထိုင်ကြပါသည်။
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစေ...