ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၏ ကြီးကြပ်မှုနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “အခြေခံခြင်းရက် လုပ်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၂-၅-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် လည်းကောင်း၊ “ကွန်ပျူတာ အခြေခံသင်တန်း” ဖွင့်ပွဲအခမ်းအနားကို နေ့လယ် (၁၃:၀၀) နာရီတွင် လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တရုတ်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီအတွင်းရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အခြေခံခြင်းရက်လုပ်ခြင်းသင်တန်းကို (၁၂-၅-၂၀၂၅) ရက်နေ့မှ (၁၆-၅-၂၀၂၅) ရက်နေ့အထိ သင်တန်းသား/သူ (၂၀) ဦးဖြင့် (၅) ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး ကွန်ပျူတာအခြေခံသင်တန်းကို (၁၂-၅-၂၀၂၅) ရက်နေ့မှ (၁၂-၆-၂၀၂၅) ရက်နေ့အထိ သင်တန်းသား/သူ (၂၀) ဦးဖြင့် (၁) လကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။