ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးစု၏ ရိုးရာဓလေ့ထုံးတမ်းများ
ရခိုင်ရှေးဦးလူမျိုးတို့သည် ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းဆက်စပ်နေသော အိန္ဒိယအရှေ့ မြောက်ပိုင်းဒေသမှ ဝင်ရောက်လာသူများဖြစ်သည်။ တစ်နည်း အိန္ဒိယနိုင်ငံတွင်းသို့ အာရိယာန်နှင့် မွန်ဂိုလွိုက်တို့သည် တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာကြပြီး သွေးချင်းနှောကာ ရခိုင်ပြည်တွင်းသို့ ဝင်ရောက်လာခဲ့သော အဖွဲ့အစည်းဖြစ်ခဲ့သည်ဟု ယူဆနိုင်ပေ သည်။ ရခိုင်တွင် တစ်ချိန်က ရှေးဦး လူမျိုးတစ်မျိုးရှိခဲ့၍ ရခိုင်ရာဇဝင်၌ မူလရှိနေသူများကို ‘ရက္ခိုသ်’ဟူ၍ ခေါ်သည်။ ယင်းမှ ‘ရက္ခိုက်’ဟူ၍ တွေ့ရသည်။ နေထိုင်ရာဒေသ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အခြေစိုက်နေထိုင်ကြသည်။ မြစ်ဝှမ်း၊ ချောင်းရိုး၊ မြစ်ဝမြေနုကျွန်း ပေါ်များနှင့် ရမ်းဗြဲ၊ မာန်အောင် စသည့် ကျွန်းကြီးများပေါ်တွင် နေထိုင်ကြသည်။ လူဦးရေ နှစ်သန်းကျော်ရှိ၍ စတုရန်းတစ်မိုင်လျှင် ၁၃၀ ခန့် နေထိုင်ကြသည်။ မြေနိမ့်လွင်ပြင်ဒေသများ တွင် လူဦးရေထူထပ်ပြီး တောင်ကုန်းဒေသများတွင် လူဦးရေအလွန်နည်းသည်။ သွင်ပြင်လက္ခဏာ ရခိုင်လူမျိုးများသည် တိဘက်-မြန်မာအနွယ်ဝင်များဖြစ်ပြီး တခြားသောမြန်မာမျိုးနွယ်ဝင် တိုင်းရင်းသားများနှင့် မျက်နှာသွင်ပြင်နီးစပ်မှုရှိပြီး အင်ဒိုအာရီယာန်များဘက်သို့လည်း နှီးနွှယ်မှုရှိသည့် သွင်ပြင်လက္ခဏာများကို တွေ့ရသည်။ ရိုးရာဓလေ့ထုံးစံ လူမှုရေးရိုးရာဓလေ့၊ ဆွေမျိုးတော်စပ်ခေါ်ဝေါ်ပုံဓလေ့၊ အမွေဆက်ခံခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း မီးဖွားခြင်းဓလေ့၊ ကင်းပွန်းတပ်ခြင်း၊ ရှင်ပြုမင်္ဂလာဓလေ့၊ လူပျိုလှည့်ဓလေ့၊ စေ့စပ်ကြောင်းလမ်း သမက်တက်ခြင်းဓလေ့၊ အသုဘအခမ်း အနားဓလေ့၊ ဆွေမျိုးလည်ဓလေ့၊ သင်္ကြန်ပွဲဓလေ့များ ရှိသည်။
ရခိုင်ရှေးဦးလူမျိုးတို့သည် ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းဆက်စပ်နေသော အိန္ဒိယအရှေ့ မြောက်ပိုင်းဒေသမှ ဝင်ရောက်လာသူများဖြစ်သည်။ တစ်နည်း အိန္ဒိယနိုင်ငံတွင်းသို့ အာရိယာန်နှင့် မွန်ဂိုလွိုက်တို့သည် တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာကြပြီး သွေးချင်းနှောကာ ရခိုင်ပြည်တွင်းသို့ ဝင်ရောက်လာခဲ့သော အဖွဲ့အစည်းဖြစ်ခဲ့သည်ဟု ယူဆနိုင်ပေ သည်။ ရခိုင်တွင် တစ်ချိန်က ရှေးဦး လူမျိုးတစ်မျိုးရှိခဲ့၍ ရခိုင်ရာဇဝင်၌ မူလရှိနေသူများကို ‘ရက္ခိုသ်’ဟူ၍ ခေါ်သည်။ ယင်းမှ ‘ရက္ခိုက်’ဟူ၍ တွေ့ရသည်။
နေထိုင်ရာဒေသ
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အခြေစိုက်နေထိုင်ကြသည်။ မြစ်ဝှမ်း၊ ချောင်းရိုး၊ မြစ်ဝမြေနုကျွန်း ပေါ်များနှင့် ရမ်းဗြဲ၊ မာန်အောင် စသည့် ကျွန်းကြီးများပေါ်တွင် နေထိုင်ကြသည်။ လူဦးရေ နှစ်သန်းကျော်ရှိ၍ စတုရန်းတစ်မိုင်လျှင် ၁၃၀ ခန့် နေထိုင်ကြသည်။ မြေနိမ့်လွင်ပြင်ဒေသများတွင် လူဦးရေထူထပ်ပြီး တောင်ကုန်းဒေသများတွင် လူဦးရေအလွန်နည်းသည်။
သွင်ပြင်လက္ခဏာ
ရခိုင်လူမျိုးများသည် တိဘက်-မြန်မာအနွယ်ဝင်များဖြစ်ပြီး တခြားသောမြန်မာမျိုးနွယ်ဝင် တိုင်းရင်းသားများနှင့် မျက်နှာသွင်ပြင်နီးစပ်မှုရှိပြီး အင်ဒိုအာရီယာန်များဘက်သို့လည်း နှီးနွှယ်မှုရှိသည့် သွင်ပြင်လက္ခဏာများကို တွေ့ရသည်။
ရိုးရာဓလေ့ထုံးစံ
လူမှုရေးရိုးရာဓလေ့၊ ဆွေမျိုးတော်စပ်ခေါ်ဝေါ်ပုံဓလေ့၊ အမွေဆက်ခံခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း မီးဖွားခြင်းဓလေ့၊ ကင်းပွန်းတပ်ခြင်း၊ ရှင်ပြုမင်္ဂလာဓလေ့၊ လူပျိုလှည့်ဓလေ့၊ စေ့စပ်ကြောင်းလမ်း သမက်တက်ခြင်းဓလေ့၊ အသုဘအခမ်းအနားဓလေ့၊ ဆွေမျိုးလည်ဓလေ့၊ သင်္ကြန်ပွဲဓလေ့များရှိသည်။
ရခိုင်တွင် သီးခြားဘာသာစကားရှိသည်။ ရခိုင်အသုံးပြုနေသော ဝေါဟာရတချို့ကို မြန်မာတို့က ပေါရာဏအဖြစ် အသုံးပြုနေကြသည်။ စာပေကို ပထမဦးဆုံး ဓညဝတီခေတ်တွင် ဗြဟ္မီအက္ခရာကိုသုံးသည်။ ဝေသာလီခေတ်အဆက်ဆက်တိုင်အောင် ပြောင်းလဲလာခဲ့ရာ လေးမြို့ခေတ်နှင့် မြောက်ဦး ခေတ်သို့ရောက်သောအခါ အေဒီ ၁၅ ရာစုမှ ယနေ့တိုင်အသုံးပြု လျက်ရှိသော အက္ခရာကို သုံးစွဲကြသည်။
ဆင်ယင်ထုံးဖွဲ့မှုတွင် အမျိုးသားတို့သည် ပုဆိုးတောင်ရှည်တွင် ပန်းရောင်သွေးဖောက်ထားသော လုံချည်များကို အများဆုံးဝတ်ဆင်ကြသည်။ ထို့ပြင် ပန်းရောင်ခေါင်းပေါင်းသို့မဟုတ် အနီရောင် ခေါင်းပေါင်းများ ပေါင်းလေ့ရှိပြီး ထိုးကွင်း၊ ထိုးနား ဖောက်ကြသည်။ အမျိုးသမီးများသည် ထိုင်မသိမ်း အင်္ကျီနှင့် နောက်စထဘီပေါင်စိတ်ကို ရင်တင်ပြီး ဝတ်ဆင်ကြသည်။ ခါးတွင် ငွေကြိုး၊ ပိုးနီခါးကြိုး၊ ခြည်ခါးကြိုးအနီကို စည်းလေ့ရှိပြီး ပေါင်စိတ်ထဘီမှာလည်း အများအားဖြင့် အနီနှင့်အနက် ပတ်လည် စင်းအနီနှင့်ပန်းရောင် ပတ်လည်စင်းများကို ဝတ်လေ့ရှိကြသည်။
ရှေးဦးရခိုင်များသည် နေ၊ လ စသော နက္ခတ်တာရာများကို အစဉ်အလာကိုးကွယ်လာခဲ့ကြရာမှ ဗြဟ္မဏဘာသာ ပေါ်ပေါက်လာသောအခါ ဗြဟ္မဏဘာသာကို ကူးပြောင်းကိုးကွယ်ခဲ့ကြ၏။ ဓညဝတီ ပြည်ရှင် စန္ဒသူရိယ ဘီစီ ၅၈၀ မှ ၅၂၀ အတွင်း ဘီစီ ၆ ရာစုခန့်မှစ...
ဆက်လက်ဖတ်ရှု့ရန်ရှေးဦးရခိုင်များသည် နေ၊ လ စသော နက္ခတ်တာရာများကို အစဉ်အလာကိုးကွယ်လာခဲ့ကြရာမှ ဗြဟ္မဏဘာသာ ပေါ်ပေါက်လာသောအခါ ဗြဟ္မဏဘာသာကို ကူးပြောင်းကိုးကွယ်ခဲ့ကြ၏။ ဓညဝတီ ပြည်ရှင် စန္ဒသူရိယ ဘီစီ ၅၈၀ မှ ၅၂၀ အတွင်း ဘီစီ ၆ ရာစုခန့်မှစ၍ ဗုဒ္ဓဘာသာကို ကိုးကွယ်လာခဲ့ကြောင်း တွေ့ရသည်။ ယနေ့ထိလည်း ထေရဝါဒ ဗုဒ္ဓသာသနာကို ယုံကြည်ကိုးကွယ်နေကြဆဲ ဖြစ်သည်။
မိသားစု၌ အဖကို အကြီးအကဲထား၍ အဖ၏ဩဇာကို ခံယူသည်။ မိသားစုအသီးသီးမှ ပေါက်ဖွားလာသောသူတို့ သည်လည်း အကြီးဆုံးကို အကြီးအကဲထား၍ ဩဇာခံယူကြသည်။ ကျေးရွာများတွင် အမြော်အမြင်ကြီး၍ ဖြောင့်မတ်သူ သက်ကြီးဝါကြီးတဦးအား အကြီးအကဲတင်မ...
ဆက်လက်ဖတ်ရှု့ရန်မိသားစု၌ အဖကို အကြီးအကဲထား၍ အဖ၏ဩဇာကို ခံယူသည်။ မိသားစုအသီးသီးမှ ပေါက်ဖွားလာသောသူတို့ သည်လည်း အကြီးဆုံးကို အကြီးအကဲထား၍ ဩဇာခံယူကြသည်။ ကျေးရွာများတွင် အမြော်အမြင်ကြီး၍ ဖြောင့်မတ်သူ သက်ကြီးဝါကြီးတဦးအား အကြီးအကဲတင်မြှောက်၍ ဩဇာခံယူကြသည်။ နောက်ပိုင်းတွင် ဆယ်အိမ် တစ်စု၊ ဆယ်စု တစ်ရွာ၊ ဆယ်ရွာ တစ်မြို့၊ ဆယ်မြို့ တစ်တိုင်း ပြီးမှ နိုင်ငံကို ဖွဲ့စည်းသည့်စနစ်ကိုကျင့်သုံးပြီး ဆယ်အိမ်ခေါင်း၊ ရွာအိမ်ခေါင်း၊ ရွာသူကြီး၊ မြို့သူကြီး၊ ရွာစား၊ မြို့စား၊ နယ်စားများအဖြစ် ခန့်အပ်အုပ်ချုပ်ခဲ့ကြသည်။
ရှေးရိုးရာသီချင်းအမျိုးအစားများမှာ ဧချင်း၊ သာချင်း၊ သာစွလေ၊ ဘွဲ့၊ ရွှန်းလိုက်ရတုအမျိုးမျိုး၊ လင်္ကာအမျိုးမျိုး၊ ဟန်စွလေ၊ လှေတော်သံ စသည်တို့ဖြစ်သည်။ ကျေးလက်သဘာဝ တေးသီချင်းအမျိုး အစားများမှာ သံချပ်ကြီး၊ နတ်ချင်း၊...
ဆက်လက်ဖတ်ရှု့ရန်ရှေးရိုးရာသီချင်းအမျိုးအစားများမှာ ဧချင်း၊ သာချင်း၊ သာစွလေ၊ ဘွဲ့၊ ရွှန်းလိုက်ရတုအမျိုးမျိုး၊ လင်္ကာအမျိုးမျိုး၊ ဟန်စွလေ၊ လှေတော်သံ စသည်တို့ဖြစ်သည်။ ကျေးလက်သဘာဝ တေးသီချင်းအမျိုး အစားများမှာ သံချပ်ကြီး၊ နတ်ချင်း၊ ဒုံးချင်း၊ သီချင်းများ ဖြစ် သည်။တူရိယာများမှာ ခွက်ခွင်း၊ စည်းခတ်၊ မောင်း၊ ကြေးစည်၊ ပတ္တလား၊ စောင်း၊ စောင်းကောက်၊ တယော၊ မိကျောင်းစောင်း၊ ဒူးလောင်း၊ တစ်ဖက်ပိတ်စည်၊ နှစ်ဖက်ပိတ်စည်၊ မြောက်စည် (ပဟိုရ်စည်)၊ သံလွင်စည်၊ မရိုးစည် (စည်ဗြော)၊ စည်ပုတ်၊ စည်ကြီး (ရွန်းစည်)၊ စည်ပန်းတောင်း၊ စည်အိုင့် (အိုးစည်)၊ ဒုပ္ပါ၊ ဒုံမင်း၊ ပတ်သာ၊ ပတ်မ၊ ပန်းတျားတို့ဖြစ်သည်။ လေမှုတ်တူရိယာများမှာ ခရာကောက်၊ ခရာမြော်၊ လက်တံတို၊ လက်တံရှည်၊ ကောညှင်း၊ ခြည်ခေါင်း၊ ဖက်လိပ်၊ နှဲ၊ ခရုသင်း၊ ပုလွေတို့ဖြစ်သည်။ လက်ခုပ်မှာ ဝါးလက်ခုပ်၊ သစ်လက်ခုပ်၊ လက်ကြားလက်ခုပ်၊ ကျောက်လက်ခုပ် တို့ဖြစ်သည်။ အကများတွင် ပင့်ကူအက၊ ငစည်အက၊ ဟန်အက၊ ဒုံးကြမ်းအက၊ ဒုံးယိမ်းအက၊ သိုင်းအက၊ နဂါးအက၊ တိုးအက၊ ဆံထောက် ပိုးအက၊ ရုပ်သေးအက၊ ကိန္နရာအက၊ နတ်အက စသည်တို့သည် ရခိုင်ရိုးရာအကများဖြစ်သည်။ ယခုခေတ်တွင် ရှေးဟောင်းယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် သျှိင်ဒိုင်အက၊ အဇိမ်ဇိတ် ကေအက၊ ရထား ပန်းယိုင်အက၊ ဇမ်းအက၊ ရွှေပန်းတူ ငွေပန်းပြောက်၊ အယသမင်္ဂီအက၊ ယိုင်းအက အစရှိသည်ဖြင့် ရခိုင်အကများကို ဆန်းသစ်တီထွင် ကပြလာကြသည်။
လယ်ယာလုပ်ကိုင်ရာတွင် ကောက်ဦး၊ မျိုးဦးချသောရက်ကို တနင်္ဂနွေနေ့တွင် သတ်မှတ် ဆောင်ရွက်ရသည်။ စပါးများ၏မိခင်ဟုယူဆသော သံရှင်ကောက်ညင်းတစ်ဆုပ်ကို နေ့နံသင့်အရပ်တွင် ဦးစွာစိတ်ပျိုးကြဲပက်ပြီးမှ မိမိစိုက်ပျိုးလိုသော စပါးကို...
ဆက်လက်ဖတ်ရှု့ရန်လယ်ယာလုပ်ကိုင်ရာတွင် ကောက်ဦး၊ မျိုးဦးချသောရက်ကို တနင်္ဂနွေနေ့တွင် သတ်မှတ် ဆောင်ရွက်ရသည်။ စပါးများ၏မိခင်ဟုယူဆသော သံရှင်ကောက်ညင်းတစ်ဆုပ်ကို နေ့နံသင့်အရပ်တွင် ဦးစွာစိတ်ပျိုးကြဲပက်ပြီးမှ မိမိစိုက်ပျိုးလိုသော စပါးကို ကြဲကြရသည်။ ပင်လယ်ခရီးထွက်လျှင် ပင်လယ် နတ်ကို ပူဇော်ရသည်။ လေမချွန်ရ၊ မဆဲရ၊ စကားကြမ်းမပြောရ။ ငါးဖမ်းသူများ မီးနေသည့်အိမ်သို့ မသွားရ။ သွားမိလျှင် မျှင်ပိုက် ဝင်မဆွဲရ။ လင်ယောက်ျား ငါးဖမ်းထွက်လျှင် အိမ်ပြန်ရောက်မှ ခေါင်းလျှော်ရသည်။ အိမ်တစ်ဆောင်တွင် အလယ်ဆီးထရံကို ဓားမထိရ။ ခြေဦး မလှည့်ရ။ ဝါတွင်း မင်္ဂလာမဆောင်ရ။ အိမ်တစ်ဆောင်တွင် တစ်နှစ်အတွင်း မင်္ဂလာပွဲနှစ်ပွဲမလုပ်ရ။ ကိုယ်ဝန်ဆောင်အိမ်မှ လင်ယောကျ်ား အသုဘမထမ်းရ။ ကိုယ်ဝန်ဆောင်အိမ်မှ အသုဘအတွက် ငွေမထည့်ရ၊ ပစ္စည်းမငှားရ။
လယ်ယာလုပ်ကိုင်ရာတွင် ကောက်ဦး၊ မျိုးဦးချသောရက်ကို တနင်္ဂနွေနေ့တွင် သတ်မှတ် ဆောင်ရွက်ရသည်။ စပါးများ၏မိခင်ဟုယူဆသော သံရှင်ကောက်ညင်းတစ်ဆုပ်ကို နေ့နံသင့်အရပ်တွင် ဦးစွာစိတ်ပျိုးကြဲပက်ပြီးမှ မိမိစိုက်ပျိုးလိုသော စပါးကို...
ဆက်လက်ဖတ်ရှု့ရန်လယ်ယာလုပ်ကိုင်ရာတွင် ကောက်ဦး၊ မျိုးဦးချသောရက်ကို တနင်္ဂနွေနေ့တွင် သတ်မှတ် ဆောင်ရွက်ရသည်။ စပါးများ၏မိခင်ဟုယူဆသော သံရှင်ကောက်ညင်းတစ်ဆုပ်ကို နေ့နံသင့်အရပ်တွင် ဦးစွာစိတ်ပျိုးကြဲပက်ပြီးမှ မိမိစိုက်ပျိုးလိုသော စပါးကို ကြဲကြရသည်။ ပင်လယ်ခရီးထွက်လျှင် ပင်လယ် နတ်ကို ပူဇော်ရသည်။ လေမချွန်ရ၊ မဆဲရ၊ စကားကြမ်းမပြောရ။ ငါးဖမ်းသူများ မီးနေသည့်အိမ်သို့ မသွားရ။ သွားမိလျှင် မျှင်ပိုက် ဝင်မဆွဲရ။ လင်ယောက်ျား ငါးဖမ်းထွက်လျှင် အိမ်ပြန်ရောက်မှ ခေါင်းလျှော်ရသည်။ အိမ်တစ်ဆောင်တွင် အလယ်ဆီးထရံကို ဓားမထိရ။ ခြေဦးမလှည့်ရ။ ဝါတွင်း မင်္ဂလာမဆောင်ရ။ အိမ်တစ်ဆောင်တွင် တစ်နှစ်အတွင်း မင်္ဂလာပွဲနှစ်ပွဲမလုပ်ရ။ ကိုယ်ဝန်ဆောင်အိမ်မှ လင်ယောကျ်ား အသုဘမထမ်းရ။ ကိုယ်ဝန်ဆောင်အိမ်မှ အသုဘအတွက် ငွေမထည့်ရ၊ ပစ္စည်းမငှားရ။
သက်တိုင်းရင်းသားမျိုးနွယ်စုများဆိုင်ရာအချက်အလက်များ
သက်လူမျိုးများဆင်းသက်လာပုံ
မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုးထဲတွင်ပါဝင်သည့် လူဝါမျိုးနွယ်ဖြစ်သည့် မွန်ဂိုလွိုက် မျိုးနွယ်စုကြီးမှ တိဗတ်မြန်မာအနွယ်ဝင်ဖြစ်သည်၊၊ သက်လူမျိုးသည် မွန်ဂိုလွိုက်အနွယ် တိဗက် မြန်မာ မျိုးကွဲမှအာသံ-မြန်မာမျိုးစိတ်များဖြစ်သော နာဂအစု၊ ကုကိ-ချင်း အစု၊ သက် အစု၊ ကချင် အစု၊ မြန်မာအစုနှင့် လော်လော်အစုဟုဆိုသော အစုများထဲက သက်အစုထဲမှာပါဝင်ပါသည်၊၊
မြန်မာနိုင်ငံသို့ သက်လူမျိုးစတင်ဝင်ရောက်လာမှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံ၏ အရှေ့ မြောက်ဘက်ယူနန်နယ်မှ တစ်ဆင့်ဝင်ရောက်အခြေချလာသည်ဟူ၍ တစ်ချို့က ယူဆကြပေသည်၊၊ ဤအယူအဆနှင့်ပတ်သတ်၍ ဦးရည်စိန်၏ တင်ပြချက်မှာ အခိုင်မာဆုံး ဖြစ်ပေသည်၊၊ သက်အစုသည် စီးချွန်းနယ်အနောက်မှ မြန်မာအစု နှင့် လမ်းခွဲလာပြီးယှီးခန့် (င်) ထဲသို့ ဝင်လာသည်ဟု ယူဆရသည်၊၊ ထိုမှ ယှီးခန့်(င်) ယူနန်နယ်စပ်သို့ရောက်လာသည်၊၊ သူတို့သည် သံလွင်မြစ်ညှာအထက်ပိုင်း ရှိတောင် တန်းများကို ကျော်ဖြတ်ပြီး ဧရာဝတီမြစ်ညာသို့ ရောက်လာ သည်၊၊ အေဒီ ၉-ရာစုတွင် ဟူးကောင်း တောင်ကြားနှင့် ဉရုချောင်းဖျားတဝှမ်းတွင် နေထိုင်ခဲ့ ကြောင်းတွေ့ရသည်၊၊ ထိုဒေသသို့ ရောက်ရှိ သွားခြင်းမှာ ခရစ်နှစ် ၇၆၂ - ခုနှစ်အတွင်း နန်းစိုးမင်း (ကော်လိုဖင့် - Ko-Lo- Fend) ၏ စစ်ဆင်မှု ကြောင့် ဖြစ်တန်ရာသည်၊၊
သက်အစုခွဲသည် ဟူးကောင်းတောင်ကြားနှင့် ဉရုချောင်းဖျားမှ ချင်းတွင်းမြစ်အတိုင်း ဆင်းသက်လာခဲ့ရာ မဏိပူရသို့လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့ လည်းကောင်း၊ ရခိုင်ပြည် ဘက်သို့လည်းကောင်း၊ ပျံ့နှံ့သွားကြသည်၊၊ ကတူး အစုခွဲတို့မူကား တကောင်းဘက်သို့ ရောက်လာ ပြီး ထိုမှတစ်ဆင့်ကသာ မြစ်ကြီးနားဖက်သို့ ပျံ့နှံ့သွားသည်၊၊ ကတူး အစုခွဲသည် ဟူးကောင်းတောင် ကြားနှင့် ဉရုချောင်းဖျားမှဆင်းလာခဲ့ခြင်းအကြောင်းရင်းကား ယူနန်နယ် အနောက်ဖက်မှ တက်လာ သော ထန် (Tai ) တို့သည် အာသံနယ်ထဲသို့ ဝင်ရောက်လာခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုပေသည်၊၊
သက်လူမျိုးတို့၏ ဝင်ရောက်ခဲ့သောလမ်းကြောင်းသည် အရပ်ဒေသအားဖြင့် အရှေ့အနောက် နေရာဒေသဖြင့် ကွဲလွဲသော်လည်း ၎င်းတို့သည် မြန်မာပြည်မြောက်ပိုင်းဒေသကို စောစီးစွာ အခြေချ နေထိုင်ခဲ့ကြသူများဟု သမိုင်းပညာရှင်များကဆိုသည်၊၊
နေထိုင်ရာဒေသများ
ရခိုင်ပြည်နယ်ရှိ သက်လူမျိုးတို့သည် ယခုအခါ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ အမ်း တို့တွင်ပြန့်ကျဲ့နေထိုင်လျက်ရှိပါသည်။ ၎င်းပြင် ရန်ကုန် တောင်ဒဂုံနှင့် နေပြည်တော်တို့တွင်လည်း အချို့အနည်းငယ် နေထိုင်လျက်ရှိကြပါသည်။
သွင်ပြင်လက္ခဏာများ
သက်လူမျိုးတို့၏ ရုပ်ရည်သွင်ပြင်လက္ခဏာမှာ ဗမာ၊ ရခိုင်များနှင့်ရုပ်ရည်ဆင်တူကြသည်။ အသားမဲလွန်းခြင်း၊ အသားဖြူလွန်းခြင်းမရှိပေ။ မဖြူ/မညို သော အသားအရောင်ရှိသည်ဟု ဆိုရပေ မည်။ ရှေးခေတ်အမျိုးသမီးများသည် နားပေါက်ကျယ်ထားပြီး ငွေနားကွင်းကြီးပန်ဆင်းလေ့ ရှိသည်။ အရပ်ရှည်လွန်းခြင်း၊ အရပ်ပုလွန်းခြင်းလည်းမရှိပေ။ အလယ်အလတ်ဖြစ်သည်။
ရိုးရာဓလေ့ထုံးစံများ
၁။ မွေးသည်မှသေဆုံးသည်အထိ ဓလေ့ထုံးစံများ
မွေးဖွားခြင်း မင်္ဂလာ
အမည်ကင်ပွန်းတပ် မင်္ဂလာ
ပုခက်တင်/နားထွင်း မင်္ဂလာ
ခေါင်းပေါင်းတင် မင်္ဂလာ
ရှင်ပြု မင်္ဂလာ
ထိမ်းမြားခြင်း မင်္ဂလာ
သေဆုံး(အသုဘ)ဆိုင်ရာ ဓလေ့ထုံးစံ
သေဆုံးသူအား မျိုးရိုးထိန်းသိမ်းခြင်း ဓလေ့ထုံးစံ
၂။ လုပ်ငန်း/အလုပ်အကိုင် စီးပွားရေးဓလေ့ထုံးစံများ
လယ်ယာမြေ/ တောင်ယာမြေ သတ်မှတ်ခြင်းနှင်း ဓါးသွေးကျောက်တင်ခြင်းဓလေ့
ကောက်ဦးချခြင်းဓလေ့
ကောက်ရိတ် မင်္ဂလာဓလေ့
ကောက်သစ်စား မင်္ဂလာဓလေ့
၃။ ကျေးရွာတွင်းပြုလုပ်ရသောဓလေ့များ
ချောင်းရှင်နတ်၊ ရွာရှင်နတ် ပူဇော်ပသခြင်းဓလေ့
ရွာခင်း/ပရိတ်နာခြင်းဓလေ့
ခေါင်းဆေးမင်္ဂလာပြုခြင်းဓလေ့
သက်ကြီးရွယ်အိုပူဇော်ခြင်းဓလေ့
ရွာစား(ရွာလူကြီး)တင်မြောက်ခြင်းဓလေ့
၄။ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သောဓလေ့များ
အမျိုးသားနေ့ကျင်းပခြင်းဓလေ့
နှစ်သစ်ကူးခြင်းဓလေ့(မှတ်ချက်။ တန်ခူးလ(၁)ရက်နေ့အားသတ်မှတ်သည်)
ဝါဆိုသင်္ကန်းကပ်လှူခြင်းဓလေ့
ဝါကျွတ်/သီတင်းကျွတ်ဆီမီးထွန်းခြင်းဓလေ့
ကထိန်သင်္ကန်းကပ်လှူခြင်းဓလေ့
စုပေါင်းရှင်ပြုခြင်းဓလေ့
သင်္ကြန်အခါတော်နေ့ ဆရာကန်တော့ခြင်းဓလေ့
သက်ကြီးရွယ်အိုပူဇော်ကန်တော့ခြင်းဓလေ့
အခါကြီး/ရက်ကြီးနေ့တွင် မုန်းသရေစာများချက်ပြုတ်လှူဒါန်းခြင်းဓလေ့
သက်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာပြီး တိဗက်တိုဘာမင်ဖြစ်သည်နှင့် အညီ တိဗက်-မြန်မာစကားတစ်မျိုးကို ပြောဆိုကြသည်။ကဒူး၊ ကနန်းတို့၏ စကားနှင့် သက်ဘာသာ စကားတို့၏ ကြိယာတွင် အများစုတူပြီး ဝေါဟာရစကားလုံးများတွင် ၆၀ရာခိုင်နှုန်းခန့် တူညီနေ သည်ကိုတွေ့ရသည်။ စကားပြောဆိုသည့်အခါ ရခိုင်၊ ဗမာများကဲ့သို့ ကြိယာဖြင့်သုံးသော ဝါကျဖြစ် သည်။ ဉပမာ- မောင်လှလယ်တဲသို့သွားသည်ကို သက်ဘာသာစကားဖြင့် မောင်လှ လယ်ဒါလင်ဟေ - လယ်ဒါ-လယ်မြေ လာင်ဟေ-သွားသည်-ကြိယာဖြင့် အဆုံးသတ်ထားသည်။ အခေါ်ပိုင်းဆိုင်ရာ များတွင် ဗမာ၊ ရခိုင်စကားလုံးများနှင့်အနည်းအကျဉ်းတူညီမှုရှိသည်ကို တွေ့ရသည်။ ဉပမာ- ဘုန်းတော်ကြီးကို ဗမာ၊ ရခိုင်တို့က ဆရာတော်ခေါ်ပြီး သက်ဘာသာ စကားတွင်လည်း ဆရာဒိုး ဟုခေါ်ခြင်း၊ ပိန္နဲပင်ကို ပနန်ဖင်း၊ ပိန္နဲသီးကို ပနန်ဆူးဟု ခေါ်ခြင်းများရှိပါသည်။ သက်ဘာသာ စကားတွင် “ခ” အသံကို “ဟ” အသံဖြင့် ထွက်ဆို ပြောဆိုကြသည်။ “သ”အသံကို “ဆ”အသံထွက် ကာ ပြောဆိုကြသည်။ ငြင်းဆန်ခြင်း၊ မဟုတ်ခြင်းတို့၌ “အ” စကားလုံးကို ရှေ့၌ထားကာ ပြောဆို ကြပါသည်။ ခန္ဓာကိုယ်တစ်ခုလုံး၌ရှိသော အစိတ်အပိုင်း အခေါ်အဝေါ်တို့တွင် “အ”စကားလုံးကို ထည့်သွင်းပြောကြသည်။ ဉပမာ- ဦးခေါင်း-အာဟူး၊ ဆံပင်-အဟူးမိန်၊ နားရွက်-အကနား၊ မျက်လုံး-အမိတ်၊ နှာခေါင်း-အဆကနိုး၊ မျက်နှာ- အမန်း၊ ပါးပြင်-အနပင်း၊ သွား-အဆဗား၊ နုတ်ခမ်း-အဆတုန်းလက၊ လျှာ-အဆလိတ်၊ အသက်- အဆာက် စသည်ဖြင့် “အ”ထည့်သွင်းပြောဆိုရသော နာမ်စကားလုံးများ၊ မဟုတ်သော ငြင်းဆန်ခြင်းတို့၌ “အ”ကို ထည့်သွင်းအသုံးပြုကြရပါသည်။ သက်ဘာသာစကားတွင် မဂဓဘာသာစကားလုံးများအချို့လည်းရှိပါသည်။ ဉပမာ- ခွေး-ကူဖ်၊ လ-ဆဒါး၊ အင်္ကျီ-ပာဇူ တို့ဖြစ်သည်။ ယခင်ကသက်စာပေဟူ၍ မရှိခဲ့သော်လည်းယခုအခါဗြဟ္မီအက္ခရာ ဆင့်ပွားဟူ၍ သက်စာပေအက္ခရာများတီထွင်ကာ ရာနှုန်းပြည့် ရေးသားနိုင်ကာ အသုံးပြုလျက် ရှိပါသည်။
စာပေဖြစ်ပေါ်လာမှု
သက်စာပေသည် သက်လူမျိုးတို့၏ ဘာသာစကားကို စာပေအက္ခရာတစ်မျိုးဖြင့်ရေးသား နိုင်ရန် တီထွင်ဖန်တီးထားသောစာအရေးအသားတစ်မျိုးဖြစ်ပါသည်။ ဗြဟ္မီအက္ခရာမှ ထုတ်နုတ်၍ ဆင့်ပွါးယူထားသော သက်အက္ခရာဖြစ်ပါသည်။ ယခင်က စာပေအက္ခရာဟူ၍ မရှိခဲ့သော်လည်း ရခိုင်သမိုင်းပညာရှင်များကမူ အောက်ဖော်ပြပါအတိုင်း သက်အက္ခရာဟူ၍ ထည့်သွင်းဖေါ်ပြထား သည်ကို တွေ့ရသည်။
သက်စာပေကို ပထမဦးဆုံးတတီထွင်ခဲ့သူမှာ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ ဘင်ဒရို ဘင်မြို့မှ ဦးမောင်မောင်ဖြစ်သည်။ သူသည် ဗြဟ္မီအက္ခရာမှ ထုတ်နုတ်၍ စာပေဗျည်း အက္ခရာနှင့် သရများစာလုံးပေါင်းနည်း၊ အခြေခံစနစ်ကို ၂၀၀၁ ခုနှစ်တွင် ဖေါ်ထုတ်နိုင်ခဲ့ပါသည်။ ထို့နောက် ဦးမောင်မောင်၏ ညီဖြစ်သူ ဦးအောင်ခိုင်က ကွန်ပျူတာများဖြင့် ရေးသားနိုင်ရန် ၂၀၁၁ခုနှစ်တွင် သက်စာ(Font)ကို တီထွင်ခဲ့သူဖြစ်သည်။ အဆိုပါ စာပေဗျည်းအက္ခရာနှင့် သရများ သက်စာပေ ကွန်ပျူတာ (Font) ကို မြန်မာနိုင်ငံမှ ဦးလွန်းစိန်ဦးက ရယူကာ စာပေနှင့် ယဉ်ကျေးမှုအသင်း (ရခိုင် ပြည်နယ်)သို့ ဖြန့်ဝေပေးခဲ့ပါသည်။ ဦးလွန်းစိန်ဦးသည် မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် သူငယ်တန်းဖတ်စာအုပ်ကို စီစဉ်ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှ (Chak/သက်)နှင့် မြန်မာနိုင်ငံအတွင်းရှိ သက်လူမျိုးတို့၏ ဘာသာစကားမှာ အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ သက်လူမျိုးတို့မှာလည်း အဆိုပါသက်စာပေ သင်ကြားတတ်မြောက်သုံးစွဲ ရန်မှာ အခက်အခဲတစ်စုံတစ်ရာမရှိပါ။ ထိုသို့ ဗျည်းအက္ခရာနှင့် စာလုံးပေါင်းနည်း အခြေခံကိုရယူကာ (သက်စာပေနှင့် ယဉ်ကျေးမှုအသင်း-ရခိုင်ပြည်နယ်) အသင်းသား တစ်ဦးဖြစ်သော ဦးဦးကျော်လှ ဦးဆောင်လျှက်အသင်းတာဝန်ရှိသူများနှင့် လက်တွဲကာ ထိုထက် ကောင်းမွန်သော အရေးအသား စနစ်ဖြစ်ပေါ်လာရေးကို ကြိုးပမ်းခဲ့ကြပါသည်။ သို့ကြောင့် ယခုလက်ရှိ အခြေအနေတွင် သက်လူမျိုး တို့၏ နေ့စဉ်နှင့်အမျှ ပြောကြားနေသော သက်ဘာသာ စကားကို မှတ်တမ်းတင်ရေးသားနိုင်ခဲ့ပါ သည်။ သက်ဘာသာစာပေပိုမို တိုးတက်ကောင်းမွန်အောင် ဖန်တီးနိုင်ခဲ့ကြပါသည်။
ယခုလက်ရှိအသုံးပြုလျှက်ရှိသော ဗျည်းအက္ခရာ (၃၄)လုံးနှင့် သရအက္ခရာ(၁၁)လုံးရှိပါသည်။ မြန်မာစာရေးသားနည်းဖြစ်သော (အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ့၊ အေး၊ အော၊ အော်၊ အံ၊ အာ၊ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး၊ အသတ်များဖြင့် ရေးနိုင်သော အသံများကို မြန်မာစာလုံးပေါင်းစနစ်ဖြင့် ရေးသား၍ မရနိုင်သောအသံများကို ( w, a )အစရှိသော သရများ၊ ဗျည်းတွဲများ၊ အသတ်များ ဖြင့်သုံးနှုန်း၍ မိမိတို့၏ အသံများကို တိတိကျကျ ရရှိနိုင်အောင်ရေးသားပါသည်။ ထိုသို့ အသံများကို ရရှိနိုင်အောင် (w, a) သရများ၊ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး၊ ဗျည်းတွဲများ ( -\ )ရီတင် ဟုခေါ်ဆိုသော အမှတ်အသားများဖြင့်ရေးခြင်း၊ အသတ် ဖြင့်ရေးခြင်း၊ ကျသံများကို (-f, -အာပေါင်း)ထည့်ကာ ဗျည်းများဖြင့် အသတ်ပြုလုပ်ခြင်း ၊ ဗျည်းတွဲများ တွင် (-f, -အာပေါင်း)ထထည့်ကာ ဗျည်းများဖြင့် အသတ်ပြုလုပ်ခြင်းဖြင့် တက်သံ/ကျသံများကို ရရှိပါသည်။ တက်သံ/ကျသံများ ရရှိရေးအတွက် (-fr^, -fN^, -fg^, -fj^, -fk^, -fM^ )အစရှိသည့် အသတ်အမှတ်သင်္ကေတများအသုံးပြု ခြင်းဖြင့် သက်လူမျိုးတို့၏ နေ့စဉ်နှင့်အမျှပြောဆို ဆက်ဆံသည့် အသံဘာသာစကားများကို ရာနှုန်းပြည့် ရေးသားမှတ်တမ်း တင်နိုင်ကြောင်းဖေါ်ပြအပ်ပါသည်။
ရှေးယခင်ကပင် သက်အမျိးသားများဝတ်စားဆင်ယင်မှုပုံစံမှာ အဖြူရောင်အဝတ်အစား (အနံ-၁တောင်၊ အလျား-၉တောင်)ကို ဇာတ်လူရွှင်တော်များ ဝတ်ဆင်သကဲ့သို့ ခန္ဓာကိုယ်ပေါ်မှာ အဝတ်အစွန်းအစကို ဇလွယ်သိုင်းရစ်ပတ်ပခုံးတင်ဝတ်ဆင်ကြပါသည်။ အင်္ကျီမှာ ကိုယ်တိုင်ဂျတ်ခုတ် ရက်လုပ်သော ဝါဂွမ်းအဖြူထည်ကို ရှေ့စိတ်ကြိုးကွင်းချိတ်ဖြင့်လည်းကောင်း၊ လက်ပိုင်းတစ်မျိုး၊ လက်ရှည်တစ်မျိုး၊ အင်္ကျီအောက်ခြေတစ်ဖက်တစ်ချပ် အိတ်နှစ်လုံးပါ တိုက်ပုံအင်္ကျီ ကဲ့သို့ဖြစ်ပြီး အတွင်းအိတ် ကိုလည်းထည့်၍ ဝတ်ဆင်ကြသည်။ တစ်ခါတစ်ရံ အဖြူထည်ပေါ်တွင် အနီ၊ အဝါအစင်း များထည့်၍ လည်း ခြုပ်လုပ်ဝတ်ဆင်ကြပါသည်။
သက်အမျိုးသားများသည် (အနံ-၁တောင်၊ အလျား-၄တောင်)ရှိသော ခေါင်းပေါင်းကို သုံးခေါက်ချိုးဘယ်ဖက်တွင် အစွန့်ချ၍ ခေါင်းပေါင်း ပေါင်းကြသည်။ ယခင်သက်အမျိုးသားများ သည် နားကို အချင်းတစ်လက်မခန့်ရှိ ငွေသား၊ ရွှေသားနားကွင်းကိုလည်း ဝတ်ဆင်ကြသည်။ ထိပ်အရစ်အဝိုင်း ပုံစံပိုး၍ ပြုလုပ်ထားသော ရွှေလက်စွပ်၊ ငွေလက်စွက်များကိုလည်း ပြုလုပ် ဝတ်ဆင်ကြသည်။
ရှေးယခင်ကပင် သက်အမျိုးသမီးများဝတ်စားဆင်ယင်မှုပုံစံမှာ အလျား-၆ပေ၊ အနံ-၂ပေ ခွဲ ရှိ ထမီကို လုံပိတ်ခြုပ်၍ မဝတ်ပဲ (ဒူးဖုံးရုံ)ကို ခါး၌ ပတ်၍ဝတ်ပြီး အစွန်းဘယ်ဖက်ဘေး၌ချကာ ငွေခါးကြိုးနှင့်ထိန်းရုံဖြင့် ဝတ်ကြသည်။ သက်အမျိုးသမီးထမီကို အမဲရောင်အောက်ခံထားပြီး (အဖြူ၊ အဝါ၊ အစိမ်း၊ အနီ)ကန့်လန့်ဖြတ်ဖြင့် ကိုယ်တိုင်ဂျတ်ခုတ်ရက်လုပ်သော ထမီကို ဝတ်ဆင်ကြသည်။ သက်အမျိုးသမီးများမှာ အနက်ရောင် အလျား၊ အနံ သုံးပေခန့်ရှိ စတုရန်းပုံအဝတ်စကို ထောင့်ချိုး ခေါက်ပြီးဆံထုံးနောက်ဖက်မှပတ်၍ ခေါင်းပေါင်းပေါင်း၍လည်းကောင်း ရင်စည်းကိုရစ်ပတ်၍ ကျောနောက် ဖက်မှပတ်၍လည်းကောင်း ရင်စည်းအင်္ကျီအဖြစ် ချည်နှောင်ကာဝတ်ဆင်ကြသည်။ သက်အမျိုးသမီးများသည် အင်္ကျီအဖြူရောင်ကို ဘေးတိုက် လက်ပိုင်း၊ လက်ရှည်ကို ကိုယ်တိုင် ဂျတ်ခုတ်ခြုပ်လုပ် ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် ငွေနားကွင်းကို အချင်းကိုတစ်လက်မမှ သုံးလက်မခန့်ထိရှိသော နားကွင်းများကို အရွယ်အစားအငယ်မှအကြီးအလိုက် နားပေါက်ကျယ် အလေ့ရှိသည်နှင့်အညီ နားကွင်းကိုလည်း ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် ရွှေလက် ကောက်၊ ငွေလက်ကောက်၊ ရွှေခြေချင်း၊ ငွေခြေချင်းနှင့် ငွေဒင်္ဂါးပြားများကိုလည်း ဘယက် သဖွယ်သီကုံး၍ ဝတ်ဆင်ကြသည်။
ယခုခေတ် သက်အမျိုးသားများသည် အဖြူရောင်ပေါ်တွင် အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ အပြာရောင်၊ အမဲရောင်၊ ခရမ်းရောင် ပါဝင်သောအစင်းများကို ဒေါင်လိုက်ထည့်ပြီး တိုက်ပုံအင်္ကျီ အနက်ပေါ်တွင် ပုခုံးတစ်ဖက်တစ်ချက်စီမှ ဖြူ၊ နီ၊ ပြာ သုံးရောင်ချည်လိုင်း တပ်ဆင် ထားသည့် ပြင်ခံအင်္ကျီကိုဝတ်ဆင်ကြသည်။ သက်အမျိုးသမီးများမှာ ထမိန်ကြက်သွေးရောင်ပေါ် တွင် အနီ၊ အစိမ်း၊ အဝါ၊ အဖြူ ရောက်စုံခြောက်ပေပတ်လည်လုံပိတ် ကန့်လန့်ဖြတ် ရက်လုပ်ထား သော ထမိန်နှင့် အဖြူ၊ အနီ၊ ပန်းရောင် လက်ရှည်ရင်ဖုံးအင်္ကျီကို ဝတ်ဆင်ကြသည်။
သက်တိုင်းရင်းသားများသည် ရှေ့နှစ်ပေါင်းများစွာကပင် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ် ခဲ့ကြသည်။ သက်လူမျိုးများသည် မိမိကိုယ်ကို သက်ကျသာကီဝင်လူမျိုးအစစ်ဟု ခံယူကြသည်။ သမိုင်း သုတေသီများကလည်း မြန်မာနိုင်ငံတွင်းသို့ အစ...
ဆက်လက်ဖတ်ရှု့ရန်သက်တိုင်းရင်းသားများသည် ရှေ့နှစ်ပေါင်းများစွာကပင် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ် ခဲ့ကြသည်။ သက်လူမျိုးများသည် မိမိကိုယ်ကို သက်ကျသာကီဝင်လူမျိုးအစစ်ဟု ခံယူကြသည်။ သမိုင်း သုတေသီများကလည်း မြန်မာနိုင်ငံတွင်းသို့ အစော-ဆုံးဝင်ရောက်လာသူများထဲတွင် သက်လူမျိုးများ ပါဝင်သည်ဟု ဖော်ပြထားသည်။ သက်လူမျိုးများသည် ရှေ့ယခင်ကပင် သား/သမီး များကို နားဖောက် မင်္ဂလာပြုကြသည်။ သားဖြစ်ပါက ရှင်ပြုမင်္ဂလာခံယူရန် နားဖောက်မှသာ အထက်မြောက်သည်ဟု ခံယူ ကြပါသည်။ သမီးနားဖောက်ခြင်းမှာ ရွှေ၊ ငွေနားကွင်းများ ဝတ်ဆင်ရန် ရည်ရွယ်ပါသည်။ ယခင်က သက်အမျိုးသမီးများသည် နားပေါက်ကျယ်ထားခဲ့သည်။
ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော သက်လူမျိုးများသည် ဥပုသ်သီလဆောက်တည်ခြင်း ဘုရားကျောင်းကန်သွားပြီး ငါးပါးသီလခံယူခြင်း ဆရာကန်တော့ခြင်း တရားနာခြင်းများကို ပြုလုပ်ကြ သည်။ အသက်ကြီးရင့်၍ မိအို၊ ဖအိုများကွယ်လွန်သွားပါက ရက်လည်ဆွမ်းကျွေးခြင်း မေတ္တာပို့အမျှဝေ ခြင်းများ ပြုလုပ်ကြပါသည်။ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူများဖြစ်သည့် အတွက် ရှင်ပြုခြင်း၊ ကထိန်ကပ်ခြင်း၊ ဝါဆိုသင်္ကန်းကပ်ခြင်း၊ ပရိတ်တရားနာခြင်း၊ ပဌာန်း ရွတ်ဖတ်ခြင်းများပြုလုပ်ကြ ပါသည်။
သက်လူမျိုးများသည် ယခင်က အိမ်စောင့်နတ်၊ ချောင်းစောင့်နတ်၊ တောင်စောင့်နတ်များကို ထုံးတမ်းစဉ်လာအရ နတ်ပူဇော်လေ့ရှိသည်။ မိသားစုအတွင်း နာမကျန်းဖြစ်ပါက အိမ်စောင့်နတ်ကို ကြက်ဖြင့် ပူဇော်ပသလေ့ရှိသည်။ ထို့အပြင် ချောင်းစောင့်နတ်ကိုလည်း မိုးဦးကာလတွင် တစ်ကြိမ်၊ မိုးနှောင်ကာလတွင် တစ်ကြိမ် တစ်နှစ်လျှင်(၂)ကြိမ် စနေနှင့် အင်္ဂါကို ရက်ကောင်းရက်မြတ် ရွေးချယ်၍ မုန့်အချိုပွဲ၊ ဆီမီး၊ ပန်း၊ ရွှေစက္ကူ၊ ငွေစက္ကူတို့ဖြင့် ပူဇော်ပသလေ့ရှိကြသည်။ ထို့သို့ ပူဇော်ရခြင်းမှာ ရွာသူရွာသားများ ရောဂါဘေးအန္တရာယ်အပေါင်းခပ်သိမ်းကင်းဝေးစေရန်နှင့် အလုပ်အကိုင် စီးပွားရေး များလည်း အဆင်ပြေစေရန် ဆုတောင်းပူဇော်ပသကြပါသည်။
တောင်စောင့်နတ်ကို တောင်ယာနယ်နမိတ်သတ်မှတ်ပြီး အထွက်အမြတ်အဖြစ် ပူဇော်မည့် နတ်ပင်တစ်ပင်ကိုလည်း သတ်မှတ်ထားရှိရသည်။ ပူဇော်ပသရန်အတွက် ကြက်နှစ်ကောင် (သို့မဟုတ်) ကြက်ဥ တစ်လုံးနှင့် အခြားလိုအပ်သည့် ဓါးသွေးကျောက်အပြင်ပစ္စည်းများကိုလည်း ယူဆောင်သွား ရသည်။ ကြက်တစ်ကောင်ကို တောင်ယာအနီးရှိ ချောင်းတွင်ဝါးစင်ကလေး ဆောက် ကာကြက်ကို လှည်လှီးဖြစ်၍ သွေးချပူဇော်ပသရသည်။ အခြားကြက်တစ်ကောင်ကို ဝါးစင်ကလေး ပြုလုပ်ကာ နတ်ပင်အရင်းတွင် ကြက်ကို လှည်လှီးဖြတ်၍ သွေးချပူဇော်ပသကြရသည်။ ထိုသို့ တောင်စောင့်နတ် ပူဇော်ပသရာတွင်ပါဝင်သော နတ်ဆရာက လိုက်လာသူများကို အန္တရာယ်ကင်း ခြည်မျှင်ကွင်းများ စွပ်ပေးကြသည်။ ကြက်ဥကိုပြုတ်ပြီး နှစ်ခြမ်းခွဲကာ ကြက်ဥအရောင်အဆင်းကို ကြည့်၍ တောင်ယာ ကောင်း၊ မကောင်းကို ဆုံးဖြတ်ကြသည်။ တောင်စောင့်နတ် ပူဇော်ပသ၍ ပြီးဆုံးပါက ကြက်သားကို ချက်ပြုတ်ကာလက်သုတ် သုတ်စားကြသည်။
ဤသည်တို့က သက်လူမျိုးတို့၏ ဘာသာရေးနှင့် ယုံကြည်ကိုးကွယ်မှုဓလေ့ထုံးတမ်းသာ ဖြစ်ပါသည်။
သက်တိုင်းရင်းသားများသည် ရှေးနှစ်ပေါင်းများစွာကပင် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ခဲ့ ကြသည်။ မိမိကိုယ်ကို သကျသာကီဝင်လူမျိုး ဟုခံယူကြသည်။ သမိုင်းသုတေသီများကလည်း မြန်မာနိုင်ငံအတွင်းသို့ အစောဆုံးဝင်ရောက်လာသူများထဲတွင် သက်လူမျိုးများပါဝင်သည်ဟု ဖော်ပြ ထားသည် ရှေးဘိုး၊ ဘေး၊ ဘီဘင်လက်ထက်ကပင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် သီလဆောက်တည်ခြင်း၊ ရှင်သာမဏေပြုခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ကထိန် သင်္ကန်းကပ်လှူခြင်း စသည့်တို့ကို လူတိုင်းပြုလုပ်ကြသည်။
ရှေးယခင်ကပင် တောတောင်များ၌ နေထိုင်ကြသူများက တောစောင့်နတ်၊ တောင်စောင့် နတ်၊ ချောင်းစောင့်နတ်၊ အိမ်စောင့်နတ်တို့ကို ယုံကြည်ကာ ပူဇော်ပြသလေ့ရှိသည်။ ယခုထက်တိုင် ချောင်းစောင့်နတ်ကို နှစ်စဉ်ပူးဇော်ပသသည့်အလေ့ရှိနေသေးသည်။
သက်လူမျိုးတို့တွင် အုပ်စုကြီး(၂)စုရှိရာ ‘ဘောက်’ အုပ်စု(အင်းဒေါင်းဆာအုပ်စု)နှင့် ‘ဆမတ်’ အုပ်စု(ကန်ကဘိုင်ဆာအုပ်စု)ဟူ၍ဖြစ်သည်။၎င်းတွင် ဘောက်အုပ်စုတွင်၁။ အင်းဒေါင်းဆာ၊ ၂။ပေမုန်းဆာ၊ ၃။ကွမ်းမဲဆာ ဟူ၍(၃)မျိုးနှင့်...
ဆက်လက်ဖတ်ရှု့ရန်သက်လူမျိုးတို့တွင် အုပ်စုကြီး(၂)စုရှိရာ ‘ဘောက်’ အုပ်စု(အင်းဒေါင်းဆာအုပ်စု)နှင့် ‘ဆမတ်’ အုပ်စု(ကန်ကဘိုင်ဆာအုပ်စု)ဟူ၍ဖြစ်သည်။၎င်းတွင် ဘောက်အုပ်စုတွင်၁။ အင်းဒေါင်းဆာ၊ ၂။ပေမုန်းဆာ၊ ၃။ကွမ်းမဲဆာ ဟူ၍(၃)မျိုးနှင့် ဆမတ်အုပ်စုတွင် ၁။ကန်ကဘိုင်ဆာ၊ ၂။တန့်ဇိန်းဆာ၊ ၃။ငရတ်ဆိန်းဆာ၊ ၄။ကန်ကဇိတ်ဆာ၊ ၅။စိုးရဆာ၊ ၆။ပြင်းလားဆာ၊ ၇။ စနပ်ဆာ(အုပ်စုပျောက်) ဟူ၍(၇)မျိုး စုစုပေါင်း(၁၀) ရှိကြသည်။ မည်သည့်သက်ကျေးရွာတွင်မဆို အုပ်စုကြီး(၂)စုထဲမှ ဘောက်အုပ်စုအထဲမှ အင်းဒေါင်းဆာအမျိုးများသာ ကျေးရွာအားအုပ်ချုပ်သူ ရွာစား(ရွာလူကြီး) အဖြစ်ရွေးချယ် တင်မြောက်ကြရပြီး ဆမတ် အုပ်စုအထဲမှ ကန်ကဘိုင်ဆာအမျိုးများကို ကျေးရွာရှိ ဒုတိယအုပ်ချုပ် သူအဖြစ် ကာရာဗာကို ရွေးချယ်ကြရသည်။ ၎င်းတို့က ကျေးရွာရှိကိစ္စ ကြီး/ငယ်၊ ပြဿနာ ကြီး/ငယ် များကို ကျေးရွာသူ/သားများရှေ့တွင် အဆုံးအဖြတ်ပေးကြရသည်။ ပြီးလျှင် ကျေးရွာရှိ ကာလသား(အပျို/လူပျို)ခေါင်းဆောင်များကို ထိန်းချုပ်နိုင်ရန် ကျေးရွာရှိမင်းကျွန် (အိမ်ထောင်သည်)များ ထဲမှ ကျား(၃)ဦး၊ မ(၃)ဦးတို့ကို အုပ်ချုပ်သူအဖြစ်တင်မြောက်ကြသည်။ ကာလသား(အပျို/လူပျို)များ ထဲမှ အုပ်ထိန်းသူအဖြစ် အပျိုများထဲမှ ခေါင်းဆောင်(၃)ဦးနှင့် လူပျိုများထဲမှ ခေါင်းဆောင်(၃)ဦး တို့ကို အသီးသီးတင်မြောက်၍ ကျေးရွာကာလသားများကို ထိန်းချုပ်ကြသည်။ ထိုထဲတွင် ကာလသား(အပျို/လူပျို) များက ကျေးရွာရှိ သာရေး၊ နာရေး၊ ဘာသာရေးများတို့တွင် အဓိကပါဝင်လုပ်ဆောင်ကြရသည်။
သက်လူမျိုးများသည် စုပေါင်းနေထိုင်လုပ်ကိုင်သည့်ဓလေ့ရှိသည်။ သက်လူမျိုးတို့နေထိုင်ရာ ကျေးရွာတစ်ရွာတွင် လုပ်ငန်းများဆောင်ရွက်ရာတွင် စုပေါင်းညှိနှိုင်း၍ ဆောင်ရွက်ကြသည်။ ထိုကြောင့် ကျေးရွာထဲမှသီလသမာဓိပညာတို့နှင့်ပြည်စုံသူကို (ရွာစား)အဖြစ်တင်မြှောက်ကြသည်။ ထိုရွာစားမှ ဒုခေါင်းဆောင်တစ်ဦးကို (ဖန်ဆွီး)အဖြစ် ခန့်ထားသည်။ ရပ်ရွာအကျိုးပြုဆောင်ရွက်ရန် ထုံးတမ်းစဉ်လာများလုပ်ဆောင်ရန် ရွာစားက (ဖန်ဆွီး)နှင့်ဦးစွာတိုင်ပင်ရသည်။ ထို့နောက် ကျေးရွာ သူ/သားများအား ဖိတ်ခေါ်၍ ရွာ၏ထုံးဓလေ့များနှင့်ပတ်သက်သော ကိစ္စများကို ဆွေးနွေးဆုံးဖြတ် ပေးကြသည်။
သက်လူမျိုးတို့၏ ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာမှ စီးဆင်းလာသော ယဉ်ကျေးမှုဖြစ်သည်။ မွေးဖွားစကလေးများအား နာမည်ကင်ပွန်းတပ်ပေးခြင်း၊ နားဖေါက်မင်္ဂလာပြုပေးခြင်း၊ ရှင်ပြုပေး ခြင်းအစဉ်အလာများရှိသည်။ အရွယ်ရောက်လာလျှင်ယောကျ်ားကလ...
ဆက်လက်ဖတ်ရှု့ရန်သက်လူမျိုးတို့၏ ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာမှ စီးဆင်းလာသော ယဉ်ကျေးမှုဖြစ်သည်။ မွေးဖွားစကလေးများအား နာမည်ကင်ပွန်းတပ်ပေးခြင်း၊ နားဖေါက်မင်္ဂလာပြုပေးခြင်း၊ ရှင်ပြုပေး ခြင်းအစဉ်အလာများရှိသည်။ အရွယ်ရောက်လာလျှင်ယောကျ်ားကလေးများအား ခေါင်းပေါင်းတင် မင်္ဂလာပြုလုပ်ပေးပြီး လူပျိုဖြစ်သည်ဟု သမုတ်ကြသည်။ ထိုနည်းတူ မိန်းကလေးများကိုလည်း ခေါင်းပေါင်းပေါင်းပေးခြင်းနှင့် ရင်စည်းစည်းပေးခြင်း(ရင်းကန်ပေ)ကို တစ်ပြိုင်တည်းပြုလုပ်ပေးပြီး မင်္ဂလာမြှောက်ကာ အပျိုစာရင်းဝင်အဖြစ်သတ်မှတ်ကြသည်။ မိန်းကလေးများသည် နားဖေါက်သည့် အချိန်မှစ၍ နားကိုချဲ့ကာငွေနားကွင်း၊ ရွှေနားကွင်းများ အမြတ်တနိုးပန်ဆင်ကြသည်။ မိမိ၏ နားကွင်းကို ပခုံးထိအောင်ချဲ့ကာ ပန်ဆင်ကြသည်။နားပခုံးထိမှသာ ဘုရားရှင်နားကဲ့သို့ဖြစ်မည်ဟု ယုံကြည်၍ နားကွင်းချဲ့ခဲ့ခြင်းဖြစ်သည်။
သက်လူမျိုးတို့တွင် ဖခင်၏ အရိုက်အရာကို သားဖြစ်သူကသာ ဆက်ခံခွင့်ရှိသည်။ သမီး ဖြစ်သူက ဆက်ခံခွင့်မရပေ။ မိဘအမွေများကိုလည်း သားဖြစ်သူကသာ ဆက်လက်ထိန်းသိမ်းပိုင် ခွင့်ရှိသည်။
ဆက်လက်ဖတ်ရှု့ရန်
သက်လူမျိုးတို့တွင် ဖခင်၏ အရိုက်အရာကို သားဖြစ်သူကသာ ဆက်ခံခွင့်ရှိသည်။ သမီး ဖြစ်သူက ဆက်ခံခွင့်မရပေ။ မိဘအမွေများကိုလည်း သားဖြစ်သူကသာ ဆက်လက်ထိန်းသိမ်းပိုင် ခွင့်ရှိသည်။
အမျိုးသမီးတစ်ဦးတွင် သားသမီးမွေးဖွားလာပါက အစ်ကိုမောင်ဘွားတို့မှ အင်အားဖြစ်စေ သော စားသောက်ဖွယ်ရာများကို ပေးကမ်းရသည်။ မီးတွင်းကာလ၌ ဆွေမျိုးညှာတကာတို့မှ နံနက် စောစောထမင်းချက်၍ လာရောက်ကျွေးမွေးသည့် ဓလေ့ရှိကြသည်။ အကယ်၍ ဖခင်ကွယ်လွန်သွား ပါက မိမိ၏သားတွင် သား/သမီးမွေးဖွားလာလျှင်ဖခင်ပြန်လည် မွေးဖွားလာပြီဟုမှတ်ယူကာ ဖခင် အမည်ပါအောင် ကင်းပွန်းတပ်အမည်မှည့်လေ့ရှိကြသည်။ မိခင်ဆုံးပါက ထိုမိခင်၏ မောင်/အစ်ကို ၏ သားတို့ထံတွင် သမီးလေးမွေးဖွားလျှင် အမည်ကင်ပွန်းတပ်ပေးနိုင်သည်။ မျိုးရိုးစဉ်ဆက် တိမ်ကောမသွားအောင် ပြန်လည်ဖော်ဆောင်ခြင်းဖြစ်ပေသည်။
သက်လူမျိုးများသည် ဘောက်အုပ်စုတစ်အိမ်တွင် နာရေးကိစ္စဖြစ်ပါက ဆမတ်အုပ်စုဝင်တို့မှ လာရောက်သဂြိုလ်ပေးရသည်။ထို့အတူ ဆမတ်အုပ်စုဝင်အိမ်တွင် နားရေးဖြစ်လာပါကလည်း ဘောက်အုပ်စုဝင်ဖက်မှလာရောက်သဂြိုလ်ပေးရသည်။ အထူးသဖြင့်ယောက်ျားသေဆုံးပါက ဦးရီး တော်စပ်သူတို့က ဦးစီးပြီးသဂြိုလ်ပေးရသည်။ မိန်းကလေးသေဆုံးလျှင်မူအစ်ကို၊ မောင်ဘွားတို့က ဦးစီးပြီးသဂြိုလ်ပေးရသည်။ သဂြိုလ်ရာတွင် မြင့်မိုရ်တောင်ရှိရာမြောက်ဖက်အရပ်သို့ ဦးခေါင်းတိုက် ၍ သဂြိုလ်ကြရသည်။
သက်ရွာသားတစ်ဦးသည် အခြားကျေးရွာမှ အိမ်ထောင်ပြေင်းရွှေ့လာပါက ရွာဦးတွင် နေထိုင်ခွင့်ပြုလေ့မရှိပါ။ (ရွာဦးတွင် လုံးဝလုံးဝ မနေရပါ။) သက်လူမျိုးတို့တွင် ဘောက်အုပ်စုနှင့် ဆမတ်အုပ်စုဟူ၍ (၂)မျိုးရှိသည်။ ဘောက်အုပ်စုတွင...
ဆက်လက်ဖတ်ရှု့ရန်သက်ရွာသားတစ်ဦးသည် အခြားကျေးရွာမှ အိမ်ထောင်ပြေင်းရွှေ့လာပါက ရွာဦးတွင် နေထိုင်ခွင့်ပြုလေ့မရှိပါ။ (ရွာဦးတွင် လုံးဝလုံးဝ မနေရပါ။) သက်လူမျိုးတို့တွင် ဘောက်အုပ်စုနှင့် ဆမတ်အုပ်စုဟူ၍ (၂)မျိုးရှိသည်။ ဘောက်အုပ်စုတွင်၁။ အင်းဒေါင်းဆာ၊ ၂။ပေမုန်းဆာ၊ ၃။ကွမ်းမဲဆာ ဟူ၍(၃)မျိုးနှင့် ဆမတ်အုပ်စုတွင် ၁။ကန်ကဘိုင်ဆာ၊ ၂။တန့်ဇိန်းဆာ၊ ၃။ငရတ်ဆိန်းဆာ၊ ၄။ကန်ကဇိတ်ဆာ၊ ၅။စိုးရဆာ၊ ၆။ပြင်းလားဆာ၊ ၇။ စနပ်ဆာ(အုပ်စုပျောက်) ဟူ၍(၇)မျိုး စုစုပေါင်း(၁၀) ရှိကြသည်။ ဘောက်အုပ်စုမှ သား/သမီးများနှင့် ဆမတ်အုပ်စုမှ သား/သမီးများသာ အပြန်အလှန်လက်ထပ်ထိမ်းမြှားနိုင်သည်။ ဘောက်အုပ်စုတွင်း အချင်းချင်းသော်လည်းကောင်း၊ ဆမတ်အုပ်စုတွင်း အချင်းချင်းသော်လည်းကောင်း (လုံးဝလုံးဝ)လက်မထပ်ရပေ။ အထူးရှောင်ကြဉ် ကြသည်။
သက်လူမျိုးတို့သည် လက်ထပ်ထိမ်းမြှားပြီး(၇)ရက်အတွင်း တစ်ခြားရွာသို့ သွားရောက် လည်ပတ်ခြင်းကို မပြုလုပ်ကြပေ။ ရှောင်ကြဉ်ကြသည်။
သက်လူမျိုးများသည် သင်္ချိုင်းကို ရွေးချယ်ပြီးမြှုပ်နှံကြသည့် လူမျိုးတစ်မျိုးဖြစ်သည်။ ဥပမာ- အစိမ်းသေများကို ရွာသင်္ချိုင်းတွင် မမြှုပ်နှံဘဲ သီးခြားခွဲကာ မြှုပ်နှံကြသည်။ ထိုအစိမ်းသေများကို နာမည် ပြန်မှည့်လေ့မရှိပါ။ ထို့အတူ အခြားရွာသား တစ်ဦးက သက်ရွာတစ်ရွာ၌ ယာယီလည်ပတ် ရင်း (သေဆုံး)အနိစ္စရောက်သွားပါကလည်း သီးခြားမြှုပ်နှံသော သင်္ချိုင်း၌သာ သဂြိုလ်ကြသည်။ ရွာသားတစ်ဦးကရွာအပြင်၌ သေဆုံးပါက ရွာထဲသို့(လုံးဝလုံးဝ)မသွင်းရပါ။