တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ ကရင် ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် “အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၉-၅-၂၀၂၅) ရက်နေ့တွင် ကရင်ပြည် နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ဝန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဦးကျော်စိုးက သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းနည်းပြအား ချီးမြှင့်ငွေ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
(၁၉-၅-၂၀၂၅) ရက်နေ့မှ (၂၅-၅-၂၀၂၅) ရက်နေ့အထိ (၇)ရက်ကြာ ဖွင့်လှစ်မည့် အဆိုပါသင်တန်းတွင် သစ်သီးယိုစုံများ၊ ဖျော်ရည်အမျိုးမျိုး၊ မြေပဲယို၊ နှမ်းယိုနှင့် ဂျယ်လီ အမျိုးမျိုးပြုလုပ်မှုနည်းပညာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၆)ဦး၊ သင်တန်းသူ(၂၄)ဦး စုစုပေါင်း (၃၀)ဦး တို့က တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။