မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း ” အခမ်းအနားကို (၂၇-၅-၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကရင်ဝင်းစိန်ကျေးရွာ၊ ကရင် စာပေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးမို့မို့၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မွန်ပြည် နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမြတ်ခတ္တာသင်း၊ မွန်ပြည်နယ် လူမှု ဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ပြုံး၊ မော်လမြိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေမိုး၊ မွန်ပြည်နယ် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဲချိုအေးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့်ပုံစံများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မွန်ပြည်နယ် တိုင်းရင်းသားအခွင်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ ဝန်ထမ်းများမှ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်း ကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၀) ဦးတို့မှ စစ်တမ်းမေးခွန်း လွှာများဖြေဆိုခဲ့ကြပြီးနောက် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။