ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး၏ ကြီးကြပ်မှုနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်ခြင်းအစီအစဉ်နှင့် အခြေခံခြင်းရက် သင်တန်း”ဖွင့်ပွဲအခမ်းအနားကို (၂၀-၅-၂၀၂၅) ရက်နေ့ နံနက် (၁ဝး၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဒွန်းတပဲ့ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) ဦးဝင်းစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းဝင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ မှော်ဘီခရိုင်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်မှူး ဦးမြင့်ဇော်ဦး၊ သမဝါယမဦးစီးဌာနမှ မှော်ဘီမြို့နယ်ဦးစီးမှူး ဒေါ်နွေနွေအောင်၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်ခြင်း စစ်တမ်းမေးခွန်းလွှာ (၆၀) အား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက် ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။