ကယား ရိုးရာအစားအစာများ

ကယားရိုးရာ ငါးထမင်းနယ် ( အဓိကအစားအစာ )

ပါဝင်ပစ္စည်းများ

၁။ ငါးရံ့

၂။ ဆန်

၃။ ကြက်သွန်ဖြူ

၄။ ဆီ

၅။ ခရမ်းချဉ်သီး

၆။ ဆား

၇။ နနွင်းမှုန့်

၈။ ကြက်သားမှုန့်

၉။ ဂျူးမြစ်

၁၀။ ငရုတ်သီးခြောက်

ချက်ပြုတ်နည်း

ရှေးဦးစွာ ဆူအောင်တည်ထားသည့် မြေအိုးထဲသို့ ငါး၊ ဂျင်း၊ ဆား (အနည်းငယ်)နှင့်  ခရမ်းချဉ်သီးထည့်ပြီး မိနစ် (၃၀) ခန့် တည်ထားရပါမည်။ ငါးဟင်းရည်ရပြီဆိုရင် ငါးနှင့် ဟင်းရည်ကို သပ်သပ်စီခွဲထားပြီး အအေးခံထားရပါမည်။  ပြီးလျှင် အအေးခံထားသည့် ငါးကို အသားနွှင်ထားပါ။ ထို့နောက် အအေးခံထားသော ထမင်းပေါ်သို့ ဆား(အနည်းငယ်)၊ ကြက်သွန်ဖြူ၊ ဆီချက်၊ ငါးဟင်းရည်တို့ကို ထည့်ပြီး ညက်သွားသည်အထိ နယ်ပေးရပါမည်။ ထမင်းညက်သည်အထိနယ်ပြီးလျှင် နယ်ထားသည့်ထမင်းကို အနေတော်လေး လုံးပေးရ ပါမည်။  အားလုံးပြီးသွားလျှင် နွှင်ထားသည့် ငါးရံ့နှင့် ကြက်သွန်ဖြူဆီချက်ကို လုံးထားသည့် ထမင်းပေါ်တွင် ဖြူးပေးကာ ဂျူးမြစ်၊ ငရုတ်သီးကြော်တို့နှင့် တွဲဖက် စားသုံးနိုင်ပါသည်။

မှတ်ချက်၊ သက်သက်လွတ် စားချင်သူများအတွက် ငါးအစား အားလူးကို အသုံးပြုနိုင် ပါသည်။