ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး၏လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း အစီအစဉ်ကို (၂၇-၁-၂၀၂၅) ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ချောင်းကြားကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါများပါ အချက်အလက်များ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားအစီအစဉ် ဆောင်ရွက်ရခြင်းအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာသာ သင်ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များ ခန့်အပ်ထားမှုကိစ္စများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မူးယစ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး အေးမင်းထွန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ အန္တရာယ်တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်ဖြိုးဝေက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များ အကြောင်းကိုလည်းကောင်း၊ ကလောမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေ ခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ် များအကြောင်းကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်မောင်ဌေးက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များအကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြပါသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ဒေသခံများထံ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခဲ့ရာ ကလောမြို့နယ်အတွင်းရှိ ထနော့တိုင်းရင်းသား (၁၀၀) တို့က ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။