ကယား ရိုးရာအစားအစာများ

ကယားရိုးရာ ဟင်းထုပ် ( အဓိကအစားအစာ )

ပါဝင်ပစ္စည်းများ

၁။ ငှက်ပျောရွက်

၂။ ဆန်မှုန့် (၆)ဇွွန်း

၃။ ကြက်သွန်မိတ် (၁)စီး

၄။ ကြက်သား (၂၀)သား

၅။ ကြက်သားမှုန့် အနည်းငယ်

၆။ ပဲဆီ (၂)ဇွန်း

၇။ ရေ (၁၀၀ ML)


ချက်ပြုတ်နည်း


ရှေးဉီးစွာ ကြက်သွန်မိတ်ကိုရေးဆေးပြီး အနေတော်လှီးဖြတ်ထားရပါမည်။ ထို့နောက် ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်ခုတွင်ထည့်၍ ရေအနည်းငယ်ထည့်ပြီး နယ်ပေးရပါမည်။  ငှက်ပျောရွက်ကို မီးကင်(သို့) နေလှန်းပြီး သန့်ရှင်းကာ ငှက်ပျောရွက်ထဲသို့ ဆန်မှုန့်အနှစ်၊ ကြက်သားထည့်ပြီး ထုပ်ရပါမည်။ ထို့နောက် မြေပေါင်းအိုးတွင်ထည့်ပြီး မိနစ် (၃၀) ခန့်ပေါင်း ပေးရပါမည်။ မိနစ် (၃၀) ခန့်ပေါင်းပြီးပါက ဂျူးမြစ်၊ ငရုပ်သီးကြော်တို့ဖြင့် တွဲဖက်ပြီး အချိန်အခါမရွေးစားသုံးနိုင်သည့် ကယားရိုးရာဟင်းထုပ်ကို ရရှိမည်ဖြစ်ပါသည်။

မှတ်ချက်။ ကြက်သားအစား (ဝက်သား၊ ငှက်ပျောဖူး) တို့ဖြင့် အသုံးပြုနိုင်ပါသည်။