ပါဝင်ပစ္စည်းများ
၁။ မျှစ်
၂။ ပုစွန်ခြောက်
၃။ ကြက်သွန်ဖြူ
၄။ ကြက်သွန်နီ
၅။ ငရုတ်သီးစိမ်း
၆။ ပင်စိမ်း
၇။ နနွင်းမှုန့်
၈။ ဆား
၉။ ဆီ
၁၀။ မျှင်ငပိ
ချက်ပြုတ်ပုံအဆင့်ဆင့်
ရေဆေးသန့်စင်ထားသောမျှစ်ကို ပါးပါးလှီးရပါမည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း တို့ကိုနနွင်းမှုန့်အနည်းငယ်ထည့်ပြီး တစ်ခါတည်းရောထောင်းရပါမည်။ရေစိမ်ထားသောပုစွန်ခြောက် ကိုလည်း ထောင်းထားရပါမည်။ ပါးပါးလှီးထားသောမျှစ်၊ ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်၊ မျှင်ငပိ၊ ဆားတို့ကိုရောနယ်၍ ရေအနည်းငယ်ထည့်ပြီး မျှစ်နူးသည် အထိ ချက်ရပါမည်။ မျှစ်နူးလာလျှင်ပင်စိမ်းထည့်ပြီး အနံ့အရသာနှင့်ပြည့်စုံသော မျှစ်ရခိုင်ချက်ကို သုံးဆောင်နိုင်ပါမည်။