ပါဝင်ပစ္စည်းများ
၁။ ပုစွန်
၂။ ဂဏန်း
၃။ ကန်စွန်းရွက်
၄။ ရုံးပတီသီး
၅။ ဆူးပုတ်ရွက်
၆။ ခရမ်းချဉ်သီး
၇။ မျှစ်
၈။ ငရုတ်သီးစိမ်း
၉။ ကြက်သွန်နီ
၁၀။ ကြက်သွန်ဖြူ
၁၁။ ဆား
၁၂။ အရသာမှုန့်
ချက်ပြုတ်ပုံအဆင့်ဆင့်
ပထမဦးစွာ ရေကိုဆူအောင် တည်ထားရမှာဖြစ်ပါသည်။ ကြက်သွန်ဖြူကို လေးစိတ်ကွဲအောင် ထောင်းထားပြီး ရေဆူလာလျှင် ပုစွန်နှင့်ဂဏန်းကို ကြက်သွန်ဖြူနှင့် ရောထည့်ပြီးကျက်အောင် ပြုတ်ရပါမည်။ ရေဆေးသန့်စင်ထားသော မျှစ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကိုလည်း ထည့်ချက်ရပါမည်။ ကျက်ခါနီးပြီဆိုလျှင် ကန်စွန်းရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ဆား၊ အရသာမှုန့် တို့ကို ထည့်ပြီး အဖုံးခဏအုပ်ထားရပါမည်။ ဆူးပုတ်နံ့သင်းလာလျှင် အရသာရှိသော ဗမာရိုးရာ လယ်တောဟင်းကို သုံးဆောင်နိုင်ပါသည်။