MyanmarTraditional customs

တနင်္သာရီတိုင်းဒေသကြီးရှိ ဆလုံ(ခေါ်)မော်ကင်းလူမျိုးများ၏ ဆင်းသက်လာပုံ

ဆလုံ (ခေါ်) မော်ကင်းလူမျိုးများသည် နတ်ကိုးကွယ်သောဓလေ့ရှိကြသည်။ နေမကောင်း လျှင်ပင် နတ်ဆရာနှင့်သာကုသကြသည်။ နှစ်စဉ် မြန်မာသင်္ကြန်ပွဲတော်အပြီးတွင် ဆလုံ ခေါင်းဆောင်က သတ်မှတ်ပေးသောနေရာ (ကျွန်း)တွင် ရိုးရာနတ် ‘တူဒါး’ ခေါ် ကောင်းကျိုးပေးသော နတ် နှင့် ‘ကတွိုင်း’ ခေါ် ဆိုးကျိုးပေးသောနတ်တို့ရှိသည်ဟု ယုံကြည်ကြ၍ အထူးသဖြင့် ဆိုးကျိုးပေးသော ကတွိုင်းနတ်ကို ကောင်းကျိုးအလို့ငှာ နတ်ပူဇော်ပွဲကို ပြုလုပ်ကျင်းပလေ့ရှိကြသည်။ ဆလုံကျွန်းများသို့ ဗုဒ္ဓဘာသာ ဘုန်းကြီးများ သာသနာပြုခရီး ကြွရောက်ရာမှ အချို့ဆလုံလူမျိုးများ ယခုအခါ ရတနာ (၃)ပါးကို ယုံကြည် ကိုးကွယ်ခြင်း ရှိလာကြပြီဖြစ်သည်။ 

(က) နတ်ပူဇော်ပသရာတွင်ပါဝင်ပစ္စည်းများ

   နတ်ပူဇော်ပသရာတွင်အောက်ဖေါ်ပြပါပစ္စည်းများပါဝင်ရမည်ဖြစ်ပါသည်-

 လိပ်၊ သစ်ပလုပ်၊ ပျား၊ သံပချုပ်၊ ငှက်ပျောသီး၊ ပင်လယ်ထဲမျောနေသောအုန်းသီး၊ ကြက်၊ ဝက်၊ အရက်အမျိုးမျိုး၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ဆေးလိပ်၊ ဆေးတံ၊ ကွမ်းသီး၊ ကွမ်းရွက်၊ ထုံးတို့ ဖြစ်ပါသည်။

(ခ) နတ်ပူဇော်ရန်လှေတွင်ထည့်ရသောပစ္စည်းများ

          နတ်ပူဇော်ရန်လှေတွင် ထည့်ရသောပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

      မီးသွေးရောထမင်း၊ ထမင်းဝါ၊ ဆန်ပြုတ်၊ ဆန်၊ ရေ၊ လက်ဖက်ရည်၊ ထင်း၊ မီးဖို၊ ပြုံးခက်၊ ခရုဖင်ချွန်း၊ စေတီခရု၊ မုတ်ခွံ၊ ကွမ်းသီး၊ ကွမ်းရွက်၊ ဆေးလိပ်၊ ငါး၊ ဂဏန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ပိတ်အဖြူ၊ အနီ တို့ဖြစ်ပါသည်။

(ဂ) နတ်ပူဇော်ပုံ 

နတ်ပူဇော်ပွဲပြုလုပ်ရာတွင် သက်ဆိုင်ရာနတ်ဆရာမများမှဦးဆောင်၍ နတ်တိုင်များ ထွင်းခြင်း၊ နတ်တိုင်များအား အလှဆင်ခြင်း၊ နတ်ပူဇော်ရန်ပစ္စည်းများ ပြင်ဆင်ခြင်းများ ပြုလုပ်ကြပြီး နတ် ဆရာမများမှ ဝါးဆစ်များ၊ဗုံများနှင့်ဒန်အိုးများကို တီးခတ်ပြီး ပထမတွင်ငြိမ့်ညောင်းစွာ စည်းချက်နှင့်အညီကခုန်ကြပြီး နောက်ပိုင်းတွင် မြိုင်မြိုင်ဆိုင်ဆိုင် ကခုန်ကြပါသည်။ ထိုသို့ ကခုန်ရာ တွင် ဆလုံရိုးရာတေးသီချင်းကိုလည်း သီဆိုကြပါသေးသည်။ နတ်တင်ရန်အတွက် လိပ်၏ကလီစာ များကို နတ်ဆရာမ(၇)ဦး ရှိသဖြင့်(၇)ပုံ ပုံပြီး နတ်ဆရာမများ နတ်ပူဇော်ရန်အတွက် ဖယ်ပေးရပါ သည်။ ထို့နောက်ပြုတ်ထားသော လိပ်သားများကို နတ်ဆရာမများမှပထမဆုံးစားသုံးရပါသည်။ နတ်ဆရာမများစားသုံး ပြီးပါက ကျန်သည့်လိပ်သားများကို အခြားကျေးရွာများမှလာသော ဧည့်သည်များနှင့် နတ်ပွဲသို့ လာရောက်ကြသည့် ဧည့်သည်များအား ကျွေးမွေးပါသည်။

ဘာသာစကားနှင့်စာပေ

ဆလုံတိုင်းရင်းသားများပြောဆိုသော စကားမှာ (၄) မျိုးရှိပြီး လောတ (Lawta) ၊ လဘီ (Lbi) ၊ ဂျိတ် (Jait) ၊ ဒန်း (Dung) ဘာသာစကားတို့ဖြစ်ကြပြီး ထိုလေးမျိုးတွင် ဒန်းဘာသာ စကားသည် စံဘာသာစကား (သို့) မူရင်းဘာသာစကားဖြစ်ကြောင်းကို Walter Grainge Whtie ဆိုသူက The Sea Gypsies of Malaya စာအုပ်တွင် ဖော်ပြထားပေသည်။ ဆလုံဘာသာ စကားနှင့် စပ်လျဉ်း၍ ပညာရှင်များ၏ ယူဆချက် (၂) မျိုးကွဲလျက်ရှိပေသည်။ ဆလုံတို့ ပြောဆိုသောစကားတွင် မလေးအခေါ်အဝေါ်များပါဝင်နေခြင်းကြောင့် ဆလုံ တိုင်းရင်းသား တို့သည် မလေးလူမျိုး အဆက်အနွယ်ဖြစ်သည် ဟုယူဆကြသည်။ နောက်တစ်မျိုး မှာ မွန်-ခမာ အနွယ်ဝင်ဖြစ်သည် ဟု ယူဆချက်ဖြစ်သည်။ မွန်-ခမာတို့၏ အပြောအဆို အသုံးအနှုန်းတို့သည် ဆလုံတိုင်းရင်းသားတို့ပြောဆိုသော အသုံးအနှုန်းနှင့် ဆင်တူသောကြောင့် မွန်-ခမာအနွယ်မှ ဆင်းလာသည် ဟုယူဆခြင်းဖြစ်ပေသည်။ 

ဝတ်စားဆင်ယင်မှု

ယခင်က ဆလုံလူမျိုးများမှာ အောက်ပိုင်းလုံခြုံအောင် ဝတ်ဆင်၍ အပေါ်ပိုင်းတွင် ဘာမှမဝတ်ထားဘဲ နေထိုင်ကြပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှလာသော အဝတ် အစားများ ဖြင့် လုံလုံခြုံခြုံ လှလှပပ ဝတ်ဆင်တတ်နေကြပြီ ဖြစ်သည်။ ဆလုံအမျိုးသားများမှာ အောက်ပိုင်း လုံခြုံအောင် လုံချည်(သို့)ဘောင်:ဘီသာ ဝတ်ဆင်လေ့ရှိကြသည်။ ဆလုံကလေး များကိုမူ အဝတ်ဝတ်ပေး လေ့မရှိဘဲ (၅)နှစ် (၆)နှစ်ကျော်မှသာ အဝတ်အစား စတင်ဝတ်ဆင် လေ့ရှိကြသည်။ အမျိုးသား  ယခင်က အောက်ပိုင်းတွင် လုံချည် (သို့မဟုတ်) ဘောင်းဘီတို နှင့် နေပြီး အပေါ်ပိုင်း ဗလာကျင်း နေတတ်သော်လည်း ယခုအခါ  ကြက်သွေးရောင် ဘောင်းဘီ ရှည်ပွ ဝတ်ဆင်ကာ ကြက်သွေးရောင်အစကို သဘက်အဖြစ် ပခုံးပေါ်တင်၍ စလွယ်သိုင်း ဝတ်ဆင်လေ့ရှိပါသည်။ အမျိုးသမီးများမှာ ဘယ်ပုခုံးတင်အနီရောင်အင်္ကျီ (ညာပခုံးတွင် ကြိုးသိုင်းချည်ထားသည်) နှင့် အနီရောင်ချိတ် ပတ်လည်စင်း ပန်းဖော် အရစ် ပါ ထဘီ ဝတ်ဆင်လေ့ရှိပါသည်။ သူတို့ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင် သော်လည်း အချို့မှာ အိမ် ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာကျင်း နေထိုင် တတ်ကြ သော်လည်း ယခုအခါတွင်မူ အိုမင်းသော အဘိုးအဘွားများမှ လွဲ၍ အမျိုးသမီး အများစုမှာ အပေါ်ပိုင်းအောက်ပိုင်းလုံလုံခြုံခြုံ ဝတ်ဆင်လာကြပါသည်။ မွေးကင်းစကလေး အရွယ်မှ ငါးနှစ် ခြောက်နှစ်ကျော်မှသာ အဝတ်အစား ဝင်ဆင်လေ့ရှိပါသည်။

ကိုးကွယ်ယုံကြည်မှု

ဆလုံ (ခေါ်) မော်ကင်းလူမျိုးများသည် နတ်ကိုးကွယ်သောဓလေ့ရှိကြသည်။ ဆလုံတို့ကိုးကွယ် ယုံကြည်သော နတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဆလုံ (ခေါ်) မော်ကင်းလူမျိုးများသည် နတ်ကိုးကွယ်သောဓလေ့ရှိကြသည်။ ဆလုံတို့ကိုးကွယ် ယုံကြည်သော နတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

         (က)ဘိုးဘွားဘီဘင်နတ်ကိုးကွယ်မှု

(ခ) လှေစောင့်နတ်ကိုးကွယ်မှု

(ဂ) ပန်းဒေါင်းတို့၏ ရိုးရာနတ်ဖြစ်သောမြွေနတ်ကိုးကွယ်မှု

(ဃ)“ပေတအို” ခေါ် တံခါးပေါက်စောင့်နတ်ကိုးကွယ်မှု

(င) နတ်တိုင်နှင့်ပူဇော်ပသမှု(ယုံကြည်ကိုးကွယ်မှု) စသည်တို့ဖြစ်ပါသည်။

အုပ်ချုပ်မှုအစဉ်အလာ

ကျေးရွာ၌ သမာဓိရှိပြီး ငွေကြေးအနည်းငယ်အဆင်ပြေသောသူနှင့် ရိုးရာဆရာများက ခေါင်းဆောင်အဖြစ် အုပ်ချုပ်လျက်ရှိသည်။ အထူးသဖြင့် မိသားစုတစ်စုမှာ ပင်လယ်ထဲသို့ မိသားစုအလိုက် ဖြစ်စေ မိသားစုအလိုက်အပြင် အခြားသော...

ကျေးရွာ၌ သမာဓိရှိပြီး ငွေကြေးအနည်းငယ်အဆင်ပြေသောသူနှင့် ရိုးရာဆရာများက ခေါင်းဆောင်အဖြစ် အုပ်ချုပ်လျက်ရှိသည်။ အထူးသဖြင့် မိသားစုတစ်စုမှာ ပင်လယ်ထဲသို့ မိသားစုအလိုက် ဖြစ်စေ မိသားစုအလိုက်အပြင် အခြားသောသူများဖြစ်စေ ထိုမိသားစုထဲမှ အလုပ်လုပ်ရာတွင်လည်းကောင်း၊ လှေအားဖြင့်ကျွန်းတစ်ကျွန်းသွားလာရာတွင်လည်းကောင်း၊ ထိုအရာအားလုံးကို ညွှန်ပြပေးရာတွင် ထိုမိသားစုထဲမှ ဖခင်သည် ဩဇာအာဏာအရှိဆုံးသော သူဖြစ်သည်။

ရိုးရာယဉ်ကျေးမှု

မော်ကယ်(ဆလုံ)လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအကများကို မော်ကယ်(ဆလုံ) ရိုးရာနတ်ပွဲများတွင် ကလေ့ရှိကြပြီးနတ် ဆရာမများမှ ဝါးဆစ်များ၊ဗုံများနှင့်ဒန်အိုးများကို တီးခတ်ပြီး ပထမတွင်ငြိမ့်ညောင်းစွာ စည်းချက်န...

မော်ကယ်(ဆလုံ)လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအကများကို မော်ကယ်(ဆလုံ) ရိုးရာနတ်ပွဲများတွင် ကလေ့ရှိကြပြီးနတ် ဆရာမများမှ ဝါးဆစ်များ၊ဗုံများနှင့်ဒန်အိုးများကို တီးခတ်ပြီး ပထမတွင်ငြိမ့်ညောင်းစွာ စည်းချက်နှင့်အညီကခုန်ကြပြီး နောက်ပိုင်းတွင် မြိုင်မြိုင်ဆိုင်ဆိုင်ကခုန်ကြပါသည်။ ထိုသို့ ကခုန်ရာ တွင် ဆလုံရိုးရာတေးသီချင်းကိုလည်း သီဆိုကြပါသေးသည်။ 

ဆောင်ရန်

မော်ကယ်(ဆလုံ) တိုင်းရင်းသားတစ်မျိုးသားလုံးသည် မိမိတို့၏ ရိုးရာမပျက်ဓလေ့ ထုံးစံများ အတိုင်း ပြန်လည်ထိန်းသိမ်းစေရန် နှင့် ရိုးရာလက်မှုများနှင့်ဆိုင်သည့် လက်မှု ပညာများကို ပြန်လည်တီထွင်နိုင်ရန် နှင့်...

မော်ကယ်(ဆလုံ) တိုင်းရင်းသားတစ်မျိုးသားလုံးသည် မိမိတို့၏ ရိုးရာမပျက်ဓလေ့ ထုံးစံများ အတိုင်း ပြန်လည်ထိန်းသိမ်းစေရန် နှင့် ရိုးရာလက်မှုများနှင့်ဆိုင်သည့် လက်မှု ပညာများကို ပြန်လည်တီထွင်နိုင်ရန် နှင့် ရိုးရာယဉ်ကျေးမှုများသော စကားအပြောအဆို၊ အဆိုအက အတီးများကိုလည်း မိမိတတ်စွမ်းသမျှ ပြန်လည်ဖော်ထုတ်ပေးရန်ဖြစ်ပါသည်။

ရှောင်ရန်

မော်ကယ်(ဆလုံ) တိုင်းရင်းသားများကို ဆလုံဟု အသုံးအနှုန်း အစား  မော်ကယ်(ဆလုံ) တိုင်းရင်းသားများဟုသာ သုံးနှုန်းသင့်ပါသည်။ ရိုးရာနတ်ကပွဲများ ကျင်းပချိန်တွင် ရိုးရာပွဲတွင် ပါဝင်ပတ်သက်မှု မရှိသောသူမ...

မော်ကယ်(ဆလုံ) တိုင်းရင်းသားများကို ဆလုံဟု အသုံးအနှုန်း အစား  မော်ကယ်(ဆလုံ) တိုင်းရင်းသားများဟုသာ သုံးနှုန်းသင့်ပါသည်။ ရိုးရာနတ်ကပွဲများ ကျင်းပချိန်တွင် ရိုးရာပွဲတွင် ပါဝင်ပတ်သက်မှု မရှိသောသူများ၊ ထိုနေရာတွင်ရှိသောအစားအစာဖြစ်သော “ခရင်း” ကို နတ်ပွဲ ကျင်းပချိန်၌ စာသုံးခြင်းအား ရှောင်ကြည်သင့် ပါသည်။ ထို့အပြင် ရိုးရာနတ်ကသည့် နေရာတွင် ညစ်ညမ်းသော၊ ကြမ်းတမ်းသော စကားများ ပြောဆိုခြင်းများ၊ ပမာမခန့်အပြုအမူ များနှင့် အနေအထိုင်အပြုအမူများအား ရှောင်ကြဉ်သင့်ပါသည်။

ကချင်ပြည်နယ်ရှိ ဗမာတိုင်းရင်းသားလူမျိုးနှင့်လူမျိုးစုများဆင်းသက်လာပုံ

၂။ သမိုင်းဟူသည် ရှေးအတီတေနှစ်ကာလများစွာကဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို စုပေါင်း၍ဖြစ်စေ စကားပြေဖြင့်ဖြစ်စေ အလင်္ကာဖြင့်ဖြစ်စေ ရေးသားခဲ့သည့်စာပေများဖြစ်သည်။ ဤသို့ဆိုလျှင်လွန်ခဲ့သောနှစ်ပေါင်း(၅၀၀)ကျော်ကာလ သက္ကရာဇ်-၁၀၃၅နှစ်တွင် နန်းတက်ခဲ့သော ဝမ်းဘဲအင်းစံမင်းတရားလက်ထက် သက္ကရာဇ်-၁၀၄၂နှစ်တွင် ရေးသားလှူဒါန်းခဲ့သော မြန်မာရှေး အကျဆုံးစာပေမှ အစပြု၍ အေဒီ -၁-ရာစုတွင် ထွန်းကားဖြစ်ပေါ်လာခဲ့သော ဗိဿနိုးခေတ်၊ အေဒီ -၄-ရာစုမှ - ၉-ရာစုအတွင်း ထွန်းကားသော ဟန်လင်းခေတ်၊ အေဒီ-၄-ရာစုမှ ၁၀-ရာစုအတွင်း ထွန်း ကားဖြစ်ပေါ်ခဲ့သောပျုခေတ်ကာလ သမိုင်းကြောင်းပေစာ၊ ထန်းဖူးစာ၊ ပရပိုဒ်စာ တို့မှအစပြုကာ ဗမာ့ထီးဆောင်းမင်းကာလများဖြစ်သည့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်  ခေတ်ကာလအဆက်ဆက်မှတ်တမ်းစာပေနှင့် နှောင်းခေတ် သမိုင်းပညာရှင်၊ မနုဿဗေဒ ပညာရှင် စသည့် ပညာရှင်အသီးသီးတို့၏ လေ့လာဆန်းစစ်သုတေသနပြုမှု အထောက်အထား စာပေ ကျမ်းဂန်များအား ပေါင်း စည်းလေ့လာမှုပြုမှသာ သမိုင်းအား ထုဆစ်ပုံဖော်ရရှိမည် ဖြစ်ပေသည်။

၃။ စွယ်စုံကျမ်းအမှတ်(၁၀)တွင် လေ့လာဖတ်ရှုသိရှိရ သမျှဖော်ပြရမည်ဆိုပါလျှင် ဗမာလူမျိုးတို့ သည်လွန်ခဲ့သောခရစ်နှစ် (၈၀၀)ခန့်က ဗမာအနွယ်ဝင်လူမျိုးစုတို့သည်  သံလွင်မြစ်ကြောင်းကို လိုက် ၍ ကျောက်ဆည်မြို့၏အရှေ့တောင်ဘက်ရှိ နတ်ထိပ်တောင်းကြားမှ မြန်မာပြည်တွင်းသို့စတင် ဝင်ရောက်ခဲ့ရာတွင် “သက်’’နှင့်“ကဒူး” တို့သည်မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက် ကမ်း “တကောင်း” ပြည်၌လည်ကောင်း၊ ရှေးရခိုင်တို့သည်   “ဝေသာလီပြည်” ၌လည်းကောင်း    မွန် တို့သည် တောင်ဘက်ပင်လယ်ကမ်းခြေ “သထုံ” ပြည်၌လည်းကောင်း၊ ပျူတို့သည် ပြည်မြို့အနီး “မော်ဇာ” ရွာတည်ရှိရာ “သရေခေတ္တရာပြည်” ၌လည်းကောင်း နေထိုင်ကြကြောင်းလေ့လာတွေ့ရှိရ ပေသည်။  ကျောက်ဆည်လွင်ပြင်ရှိ    ပန်းလောင်မြစ် ၊ ဇော်ဂျီမြစ် ၊ စမုန်မြစ်တို့ဖြတ်သန်းစီးဆင်းရာ   ဒေသအား “မြစ်သားဆယ့်တစ်ခရိုင်”ဟူ၍လည်းကောင်း၊ “လယ်တွင်းဆယ့်တစ်ခရိုင်”ဟူ၍လည်း ကောင်း မြေဆီဩဇာကောင်းမွန်ခြင်း၊ လယ်ယာစိုက်ပျိုးထွန်ယက်ရန် ရေအလုံအလောက်ရရှိခြင်း စသဖြင့် လူမျိုးစုများ အခြေချနေထိုင်ထုပ်ကိုင်ရန် ရေခံ၊ မြေခံကောင်းမွန်သည့် ဒေသများတွင် စုစည်းနေထိုင်ခဲ့ ကြလေသည်။

၄။ နောင်တွင်လူဦးရေတိုးတက်များပြားလာသည့်အခါမှ အချို့သည် တောင်တွင်းကြီးဒေသ၊ အချို့သည် စလင်းချောင်းမုန်းချောင်းတို့ရှိရာ “မင်းဘူးခြောက်ခရိုင်”ဒေသနှင့်၊ အချို့သည် “ပုံတောင်၊ ပုံညာဒေသ”အပါအဝင် ချင်းတောင်တန်းဒေသနှင့် “မူးမြစ်ဝှမ်း”ဒေသများသို့ ပျံနှံ့ရောက်ရှိသွားကြ ကြောင်း လေ့လာတွေ့ရှိရပေသည်။

၅။ အချို့စာပေကျမ်းဂန်များ၏ အဆိုအရ(သမိုင်းပညာရှင် ဦးဗရှင်၏ ဖော်ပြချက်အရ)မူ “မြန်မာ အစတကောင်းက ဆိုရိုးစကားနှင့်အညီ အေဒီ ၁၈၂၉-ခုနှစ်တွင် ရေးသားပြုစုခဲ့သော “မှန်နန်း မဟာရာဇဝင်တော်ကြီး”တွင် ဂေါတမမြတ်စွာဘုရားပွင့်တော်မမူမီ မဇ္ဈိမဒေသ ကပိလဝတ်ပြည်မှ “အဘိရာဇာ”မည်သော သကျသာကီမင်းသည် မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းလာ၍ တကောင်းပြည် ကို တည်ထောင်လာသည်မှစ၍ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကာလ ကပိလဝတ်ပြည်ပျက်၍ “ဓဇရာဇါ”မည်သော သာကီဝင်မင်းရောက်ရှိလာကာ ယခင်ရောက်ရှိခဲ့သော သာကီဝင်တို့နှင့် ပေါင်း တက်ကာ တကောင်းပြည်ကို ပြန်လည်တည်ထောင်ခဲ့ရာမှ မင်းဆက်အနွယ်တို့သည် ရခိုင်ပြည် “ဓညဝတီ” “သရေခေတ္တရာပြည်”မှစကာ “ပုဂံ”ကို ဆက်လက်တည်ထောင်၍ “ကုန်းဘောင်ခေတ်” အထိ အဆက်ဆက်အုပ်ချုပ်ခဲ့ပုံကို ဖော်ပြထားရှိပေရာ ဤအဆိုအရ “တကောင်း”မှာ ဗမာလူမျိုးတို့၏ အစဟုမဆိုသာဘဲ “ဗမာနိုင်ငံထီးဆောင်းမင်း”တို့၏ အစဟု ဆင်ချင်သုံးသပ်နိုင်ပေသည်။

၆။ တဖန်ရန်ကုန်တက္ကသိုလ် ကမ္ဘာအရှေ့ဖျားနိုင်ငံများဆိုင်ရာ သမိုင်းဌာန၏ အထူးပါမော က္ခဖြစ်သူဒေါက်တာဂျီ၊အိပ်(ချ)၊လု(စ) { Dr.G.H Luce }  ၏ ရှာဖွေတွေ့ရှိချက်အရမူ တရုတ်နိုင်ငံ၏ မြောက်ပိုင်းတွင်  တူးဖော်တွေ့ရှိရသော    ကျောက်ခေတ်သစ်ဆိုင်ရာ   ရှေးဟောင်းအထောက်အထား ပစ္စည်းများ ၊ ရှေးဟောင်းတရုတ်ရာဇဝင်ကျမ်းများနှင့်မှတ်တမ်းများ၊   မြန်မာနိုင်ငံတွင်ရှာဖွေတွေ့ရှိရ သည့် ရှေးဟောင်းပစ္စည်းများ၊ ကမ္ပည်းကျောက်စာများ၏ နှိုင်းယှဉ်သုတေသနပြုချက်အရ အေဒီ - ၃၅၀ လောက်တွင် တိဗက်-မြန်မာအနွယ်ဝင် ပျူလူမျိုးတို့ စတင်ဝင်ရောက်ခဲ့ကြောင်းနှင့် ထိုအချိန် တွင် မြန်မာနိုင်ငံအတွင်း၌ “သက်” “ကဒူး”နှင့် “ချင်း”လူမျိုးတို့ ရောက်ရှိနေပြီးဖြစ်ကြောင်းနှင့် ယင်းတို့မှာ တိဗက်ပြည်နှင့်  နီးကပ်စွာမြန်မာနိုင်ငံအနောက်မြောက်ဖက်   “အာသံပြည်နယ်”  ဘက်မှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ရှေးဗမာလူမျိုးများဖြစ်သည့် “ပျူ”လူမျိုးတို့မှာမူ တရုတ်ပြည် ယူနန်နယ်ဘက် မှ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပေသည်။

၇။ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဆောင်းပါးရှင် “မာန်သစ်ငြိမ်း”၏ (၂၃.၅.၂၀၂၀)နေ့ထုတ် “ကြေးမုံ”သတင်းစာပါ  “ဗမာလူမျိုးအကြောင်း သိကောင်းစရာ    “ဆောင်းပါးတွင်မူ”  မြန်မာအစုမှာ တိဗက်-မြန်မာအနွယ်ဝင် “လူမျိုးစု” တစ်စုဖြစ်ပြီး “မွန်ဂိုလွိုက်”များဖြစ်ကြောင်းနှင့် မြန်မာတို့သည် ပျူသား-ပျူမြေး-ပျူသွေးအစစ်” ဖြစ်သည်ဟု ဖော်ပြထားရှိပေသည်။ မြန်မာဟူသော အထောက် အထားကို သက္ကရာဇ် ၅၅၂-ခုနှစ် (အေဒီ ၁၁၉၀)ပါ ရှေးဟောင်းကျောက်စာတွင် “မြန်မာ”ဟူသော အသုံးအနှုန်းကို အစောဆုံးတွေ့ရှိရခြင်း၊ အေဒီ - ၁၁၀၂-ခုနှစ်တွင် ရေးထိုးခဲ့သည့် ကျန်စစ်သား မင်းကြီး၏နန်းတည် ရှေးမွန်ကျောက်စာတွင် မြန်မာကို “မိရမာ”ဟုလည်းကောင်း၊ အေဒီ ၁၃၂၄-ခုနှစ်တွင် ရေးထိုးသည့် ရှေးမြန်မာကျောက်စာတွင် “မြံမာ”ဟုရေးထိုးထားသည်ကို တွေ့ရှိရပြီး ရှေးဟောင်းကျောက်စာ၊မင်စာတို့တွင် “မြန်မာ၊ မြမ္မာ(သို့မဟုတ်)မြံမာ” ဟုရေးထိုးခဲ့သည်များကို လေ့လာတွေ့ရှိ ရပေသည်။

၈။ မည်သို့ပင်ဖြစ်စေ “မြန်မာအစ”ဟူသော အဆိုတွင် ကဏ္ဍနှစ်ရပ်၊ အဓိပ္ပါယ်နှစ်မျိုးနှင့် ပြဿနာ နှစ်ရပ်ပေါ်ထွက်လျက်ရှိပေသည်။   ပထမကဏ္ဍမှာ မြန်မာတို့သည် သီးသန့်လူမျိုးအဖြစ်မည်သည့် ဒေသတွင် မည်သည့်ကာလလောက်၌ စတင်ပေါ်ပေါက်လာသည်ဟူသော အစိတ်အပိုင်းဖြစ်၍ ဒုတိယ ကဏ္ဍမှာ မြန်မာတို့သည် မြန်မာနိုင်ငံအတွင်းသို့ မည်သည့်ဒေသတွင် မည်သည့်ကာလလောက်က စတင်ဝင်ရောက်လာ၍ မြို့၊ ရွာပြုစု ထီးနန်းစိုက်ထူနေထိုင်ခဲ့သည်ဟူသော အစိတ်အပိုင်းပင်ဖြစ်သည်။

၉။ ရာဇဝင်သုတေသီ၊ သမိုင်းပညာရှင်ကြီးများအနေနှင့်မူ တစ်ဦးနှင့်တစ်ဦးများစွာကွာခြားချက် မရှိ လှဘဲ အာရှတိုက်အလယ်ပိုင်း၊ တရုတ်ပြည်၏ အနောက်မြောက်ဖက်နှင့် တိဗက်ပြည်၏ အရှေ့မြောက် ဖက်စပ်ကြားလောက်ဆီ၌ ခရစ်တော်မပေါ်မီနှစ်ပေါင်း(၂၀၀၀)ကာလမှစ၍ စတင်ပေါ် ပေါက်ခဲ့ကြောင်း ယေဘူယျဆန်းစစ်အတည်ပြုထားရှိကာ ယနေ့ခေတ်ကာလတိုင်အောင်ပင် စဉ်ဆက် မပြတ်လေ့လာရှာဖွေ၊ သုတေသနပြုဆောင်ရွက်လျက်ရှိရာ “ပုံတောင်ပရိုင်းမိတ်” အပါအဝင်တွေ့ရှိ ချက်များစွာ လေ့လာတွေ့ရှိဆဲဖြစ်ပေသည်။

နေထိုင်ရာဒေသများ

၁၀။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံ၏ ပြင်ပဒေသတို့တွင် မြန်မာအစုဝင်ဘာသာစကား ပြောဆိုသည့် လူမျိုးစုတို့၏ ပျံ့နှံ့နေထိုင်ပုံနှင့် ဒေသအလိုက်လူဦးရေအနည်းအများတို့ကို လေ့လာ ကြည့်ရှုခြင်းအားဖြင့် မြန်မာအစုဝင်တို့၏ ဝင်ရောက်လာကြပုံ၊ မြန်မာနိုင်ငံအတွင်း စတည်းချခဲ့ရာ အဓိကဒေသကြီးများ၊ ယင်းမှတဆင့်ပျံ့နှံ့ခဲ့ပုံသမိုင်းကို ခန့်မှန်းလေ့လာသိရှိနိုင်ပေသည်။ လေ့လာ တွေ့ရှိချက်များအရ    မြန်မာနိုင်ငံအတွင်း၌   မြန်မာအစုဝင်တို့၏   အချက်အခြာဒေသမှာ    ဧရာဝတီ မြစ်ဝှမ်းအလယ်ပိုင်းဖြစ်၍ ယင်းဒေသမှ အနောက်ဖက်၊ တောင်ဘက်နှင့် မြောက်ဖက်ဒေသများသို့ ရွှေ့ပြောင်း နေထိုင်ခဲ့ကြောင်း တွေ့ရှိရပေသည်။

၁၁။ ထိုသို့ မြန်မာလူမျိုးတို့၏ ရာဇဝင်သမိုင်းကြောင်းကို လေ့လာရာ၌ “တိဗက်-မြန်မာ”အနွယ်ဝင် ဖြစ်သော အခြားလူမျိုးတို့၏ နောက်ကြောင်းရာဇဝင်တို့ကိုလည်း တိုက်ဆိုင်ညှိနှိုင်းချိန် ထိုးကြည့်သင့် ပေသည်။  တကောင်းဒေသသည်   ပျူတို့၏ ( သို့မဟုတ်  )ပျူနှင့် မြန်မာတို့၏ ရှေးဦးစွာ အခြေစိုက် ခဲ့ရာ ဒေသကြီးဖြစ်သည်ဟု သုံးသပ်ချက်အရ မြေပြန့်တွင် ရှေးမြန်မာတို့ အခြေစိုက်ခဲ့သော ခရိုင် ဒေသများဖြစ်သည့် ကျောက်ဆည်ခရိုင်၊ မြစ်သားတစ်ဆယ့်တစ်ခရိုင်၊ မင်းဘူးခြောက်ခရိုင်နှင့် တောင်ပြုန်းခရိုင် တို့ဖြစ်ကြောင်း ပုဂံခေတ်ကျောက်စာတို့တွင် တွေ့ရှိရပေသည်။

၁၂။ မြေပြန့်တွင် ရှေးမြန်မာတို့ပထမအခြေစိုက်ခဲ့သော ခရိုင်ဒေသတို့တွင် စားရေးရိက္ခာကောင်းစွာ ဖြစ်ထွန်းခြင်းကြောင့် လူဦးရေတိုးတက်မှုကိုများစွာအားပေးခဲ့လေသည်။ ရှမ်းကုန်းမြေမြင့်တွင် ကျန်ခဲ့ သော ရှေးမြန်မာတို့သည်လည်း အခြေအနေကောင်းသည့်အလျောက်ထပ်မံရွှေ့ပြောင်းရောက်ရှိလာခဲ့ ရာ ယင်းဒေသတို့မှ အရပ်မျက်နှာအသီးသီးသို့ ဆက်လက်ရွှေ့ပြောင်းပျံ့နှံ့ရောက်ရှိခဲ့ကြပေသည်။

၁၃။ ပုဂံခေတ်တစ်လျောက်ဖြစ်ပေါ်ခဲ့သော      ထိုသို့ရွှေပြောင်းမှုတို့သည်   တောင်ဘက်ရှိလယ်ယာမြေဒေသများဖြစ်သော တောင်တွင်(တောင်တွင်းကြီး)၊ ၎င်း၏ တောင်ဘက်နယ်စပ်ခံတပ်ဖြစ်သော ပြည်တော်သာကန်လွန်(မိကျောင်းရဲအနီး၊ ဧရာဝတီမြစ်အတွင်းရှိ ကျွန်းတော်)၊ အနောက်ဖက် ယင်းနီ (ဆိပ်ဖြူ)မှ ယင်းတွင် (ပေါက်)ပုံတောင်ရိပ်၊ ကြောမြစ်(ကျောမြစ်)နှင့် ထိလင်(ထီးလင်း)၊ အနောက် မြောက်ဖက် ကုခန်(ပုခန်းကြီး)ကြံတူ(အနိမ့်-အမြင့်)၊ ပင်က္လီ-၁၀တိုက်(ပန်းချီ-၁၀ တိုက်)နှင့် မုံရွာ အထိလည်းကောင်း၊ မြောက်ဖက်မြင်းမူမှ မူးမြစ်ဝှမ်းအတိုင်း ဝက်လက်၊ ဟန်လင်း၊ မုဆိုးခြုံ၊ မုဆိုင်ဖိုင် (ရွှေဘို)၊ ထိပေအ်သျှင်(ဒီပဲယင်း)၊ မ္လိယ်ဘူ(မြေဒူး)၊ တောင်ပ္လုန်(တောင်ပြုံး)မှ ဧရာဝတီမြစ်ကိုဆန်၍ မြောက်ဖက် သစ္စိမ်(သစ်ဆိမ့်ကြီး)နှင့် တကောင်(တကောင်း)အထိလည်းကောင်း၊ ပြည် (ပျူမြို့တော် ဟောင်း) တလ၊ ယှန်ပိုင်စသောမြစ်ဝကျွန်းပေါ်ဒေသ၊ပယ်ကူ(သို့မဟုတ်)ဥဿီဟုခေါ်သော ဥဿာ ပဲခူးနယ်၊ ဒဝါယ် (ထားဝယ်)၊ တနင်္သာရေ(မြိုတ်နှင့် တနင်္သာရီ)ဒေသစသည့် တောင်ပိုင်း ဒေသများ၊ တကောင်းမှလွန်၍ ကောင်စင်(ကောင်းစင်)နှင့် ငဆောင်ချံ(ငဆောင်ချမ်း)ဒေသများမှ မြောက်ပိုင်း ဒေသများအထိလည်းကောင်း ပျံ့နှံ့ရောက်ရှိခဲ့ကာ တင်ကြိုရောက်ရှိနှင့်ပြီးဖြစ်သော ပျူ၊ သက်၊ မွန်၊ ကဒူး၊ ကရင်၊ ပလောင်၊ ဝ အစရှိသော တိုင်းရင်းသားတို့နှင့် ဆုံဆည်းခဲ့ကြလေသည်။

၁၄။ ပုဂံခေတ်ကျောက်စာတို့၌ “ခရိုန်” ခေါ် “ခရိုင်”ဒေသသုံးခုကို လေ့လာတွေ့ရှိရပေရာ ကျောက်ဆည်ခရိုင်တွင်      မြစ်သား( ၁၁ )ခရိုင် ( မ္လစ်သာ-၁၁ခရိုန် ) ၊    မင်းဘူးဒေသတွင် ( ၆ )ခရိုင် (ခ္လောက်ခရိုန်)နှင့် မန္တလေးခရိုင်တွင် တောင်ပြုံး(တောင်ပ္လုန်ခရိုင်)တို့ ဖြစ်ပေသည်။ ထို့အပြင် ယင်းကျောက်စာတို့၌ မြန်မာအမည်စစ်စစ်ဖြစ်သောရပ်ရွာ အမည်များကို ကျောက်ဆည်ခရိုင်တွင် အများဆုံးတွေ့ရှိရပေသည်။   ဤဒေသတွင်    မြေအုပ်ချုပ်မှုစနစ်နှင့်  တိုင်းထွာမှုတို့မှာလည်း  တိကျသေခြာလှသည်။  သို့ဖြစ်၍ အဆိုပါဒေသများမှာ ရှေးမြန်မာတို့ရှေးဦးစွာ အခြေစိုက်နေထိုင်ခဲ့ရာ ဒေသများဖြစ်ကြောင်း ကောက်ချက်ဆွဲသုံးသပ်နိုင်ပေသည်။

သွင်ပြင်လက္ခဏာများ

၁၅။ ဗမာလူမျိုးသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားတို့အနက် မြန်မာအစုဝင်လူမျိုးများ ဖြစ်သည်။ မြန်မာအစုမှာ တိဗက်-တရုတ်ဘာသာစကားအနွယ်ကြီး၏ အနွယ် တစ်ခုဖြစ်သော တိဗက်-မြန်မာအနွယ်ဝင်လူမျိုးစုတစ်စုဖြစ်သည်။ မျိုးရိုးဗီဇအားဖြင့် မြန်မာအစုဝင် လူမျိုးတို့မှာ နက်မှောင်သွယ်ဖြောင့်သောဆံပင်နှင့် ဝါသော(သို့မဟုတ်)ညိုသော အသားအရောင်ရှိ သည့်  “မွန်ဂိုလွိုက်”များဖြစ်ကြသည်။

၁၆။ စိတ်နေစိတ်ထားမှာ မိမိလူမျိုးကိုချစ်မြတ်နိုင်းတတ်ပြီး ဂုဏ်ယူတတ်ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို တန်ဖိုးထားလေးစားတတ်ကြသည်။ ဇာတိပုညဂုဏ်မာနဖြင့် မိမိတို့လူမျိုးကို အသက်ပေး၍ စောင့်ရှောက်ကြသည်။ ဘာသာတရားကို လေးစားကိုင်းရှိုင်းရိုသေကြသည်။  (၁၂)လ ရာသီပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။  ပင်ကိုယ်သဘာဝအရ ပျော်ရွှင်စွာ နေတတ်ပြီး စေတနာသဒ္ဓါတရားထက်သန်ကာ ရိုးသားပွင့်လင်းဖော်ရွှေခင်မင်တတ်သည်။  မိသားစု ပုံစံဖြင့် နွေးထွေးချစ်ခင်စွာ နေထိုင်တတ်ကြသည်။   မူရင်းဒေသမှ ဖယ်ခွါထွက်ခွါခဲ့ရာ ခရီးစဉ် တစ်လျောက် ဒုက္ခဆင်းရဲနှင့် အကြပ်အတည်းများစွာ အခက်အခဲများစွာကို ကျော်လွှားကာ မြန်မာပြည်တွင်း ဝင်ရောက်ခဲ့ရသဖြင့် အခြားတိဗက်-မြန်မာအနွယ်ဝင်တို့ထက် ဇွဲ၊ သတ္တိ၊ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မှု၊ အမျိုးအတွက် ဂုဏ်ယူတတ်ခြင်း၊ လူမျိုးစု၏ ယဉ်ကျေးမှုနှင့်ဓလေ့ကို ထိမ်းသိမ်း တတ်ခြင်း၊ စည်းလုံးညီညွတ်ခြင်းစသည့် စိတ်ဓါတ်နှင့် အရည်အချင်းများအပြင် တရုတ်နိုင်ငံ နန်ကျောင်ဒေသတွင် မူလနေထိုင်စဉ်က ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့ရသည့် စစ်ပွဲများ၊ တိုက်ပွဲများမှ ရရှိခဲ့ သောအတွေ့အကြုံတို့ကြောင့် စစ်ဆင်၊ စစ်ထိုးခြင်းအတတ်နှင့် တိုက်ရည်ခိုက်ရည်ပြည့်ဝခြင်း၊ မြင်းစီး အတတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာတို့အား ဖြတ်သန်းခဲ့ရသည့် ဒေသနှင့် အတွေ့အကြုံများအရ တတ်မြောက် ခဲ့ခြင်းကြောင့် လူမျိုးစုတို့ကို စုစည်းကာတိုင်းနိုင်ငံထူထောင်နိုင်ခြင်း ဆည်၊ ကန်သင်း ဆည်ဖို့ရေသွယ်စိုက်ပျိုးနိုင်ခြင်းတို့အား ရှေးကာလကပင် ထူးခြားစွာ ဆောင်ရွက်နိုင်ကြသူများဖြစ်ပေ သည်။

ဘာသာစကားနှင့်စာပေ

၁၇။မြန်မာတို့သည် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့် မည်သည့်နိုင်ငံနှင့်မှ မတူအောင်နေထိုင်ခဲ့ကြသော လူမျိုးများ ဖြစ်ကြသည်။  မြန်မာတို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားဘိုး၊ ဘေး၊ ဘီ၊ ဘင်များမှ ဆင်းသက်လာကြသူများဖြစ်သည့်အလျောက်

 ပြောဆိုကြသည့် ဝေါဟာရများသည် ရောနှောသွားကြပြီး အသံဖလှယ်မှုများဖြစ်၍ လေယူလေသိမ်း မှစကာ တိုင်းရင်းသားတို့ပြောဆိုကြသည့် “ဒေသိယစကား”တို့မှာလည်း ပြောင်းလဲသွားကြလေသည်။  ယခုခေတ်မြန်မာတို့၏ ပြောဆိုစကားမှာမူ ရှေးမြန်မာတို့၏ ပြောဆိုပုံနှင့် များစွာကွာခြားသွားခဲ့ပြီး ဖြစ်ပေသည်။   ဝေးလံဒေသအချို့ရှိ တိုင်းရင်းသားအချို့တို့တွင်မှု အသံကွဲမြန်မာစကားပြောဆိုနေဆဲ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပေသည်။

၁၈။ အသံကွဲမြန်မာစကားပြောဆိုဆဲဒေသများအား လေ့လာရာတွင် အနောက်ဖက်တွင် ရမ်းဗြဲခရိုင် နှင့်စစ်တွေခရိုင် (ရခိုင်စကား)၊ ပခုက္ကူခရိုင်အတွင်းရှိ ထီးလင်းနှင့် ဆောဒေသများတွင်(ယောစကား)၊ ချင်းပြည်နယ်တောင်ပိုင်း ကုလားတန်မြစ်ရိုးတစ်လျောက်တွင်(ချောင်းသား စကား)၊ တောင်ဘက်ဒေသ များတွင် ထားဝယ်ခရိုင်(ထားဝယ်စကား)၊ မြိတ်ခရိုင်တွင်(မြိတ်စကား)နှင့် ဓနု၊ တောင်ရိုး၊ အင်းသား တိုဖြစ်ကြပေသည်။

၁၉။ မြန်မာစာပေမှာမူ လွန်ခဲ့သော နှစ်ပေါင်း(၉၀၀)ကျော်ကာလ အနော်ရထာမင်းလက်ထက်မှ စတင်သုံးစွဲခဲ့သည်ဟု ယျေဘူယျသတ်မှတ်နိုင်ပေသည်။ လွန်ခဲ့သောနှစ်ပေါင်း(၃၀၀)ကျော်သက္ကရာဇ်  ၁၀၄၂ -ခုနှစ်တွင် ဝမ်းဘဲစံအင်းမင်းတရားလှူဒါန်းခဲ့သည့် ပေစာအား မြန်မာ့ရှေးအကျဆုံးပေစာအဖြစ် လေ့လာတွေ့ရှိရပေသည်။ လေ့လာတွေ့ရှိချက်အရဆိုသော် ဗိဿနိုးခေတ်(အေဒီ-၁)ရာစုနှင့်ဟန်လင်း ခေတ်(အေဒီ-၄)ရာစုမှာ (၉)ရာစု၊ သရောခေတ္တရာခေတ်(အေဒီ-၄)ရာစုမှ (၁၀)ရာစုများဖြစ်သည့် ပျူခေတ်ကပင် စာပေယဉ်ကျေးမှုတို့   ထွန်းကားခဲ့ပြီးဖြစ်ကြောင်း   ပျူခေတ်( အေဒီ - ၅ )ရာစုက ရေးသားခဲ့သော “ခင်ဘရွှေပေချပ်”များဖြင့် အထောက်အထားယူတွေ့ရှိနိုင်ပေသည်။  ပျူစာ ဖြင့်ရေး ထိုးထားသော “ခင်ဘရွှေပေချပ်” (၂၀)တွင် အကြောင်းအရာ(၈)ခုကို ပိဋကတ်ပါဋိတော်မှ ထုတ်နှုတ် ရေးထွင်းထားကြောင်းတွေ့ရှိရသဖြင့် ထိုခေတ်ကပင်ပျူတို့သည် ဘာသာတရားနှင့် ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့သည်ကို သိရှိနိုင်ပေသည်။

၂၀။မြန်မာစာပေ၏မူလအစတွင် “ပေစာ”အပြင် “ကျောက်စာ”ကိုပါထည့်သွင်းလေ့လာရမည် ဖြစ် ရာ မြန်မာစာပေ၏အစ မြစ်ဖျားခံရာမှာ “အာသောကမင်းကြီး”ရေးသားစိုက်ထူခဲ့သည့် “အာသောက ကျောက်စာ”ဖြစ်သည်။   “အာသောကကျောက်စာ”အား အင်္ဂလိပ်၊ပြင်သစ်၊ဂျာမဏီ၊အိန္ဒိယစသည်ဖြင့် ဘာသာအမျိုးပေါင်းများစွာ ပြန်ဆိုခဲ့ကြရာ မြန်မာဘာသာသို့ “ဆရာတော်အရှင်အာဒိစ္စဝံသ”က ပြန်ဆို ခဲ့ပေသည်။ အာသောကကျောက်စာအား “ဗြဟ္မီ အက္ခရာ”ဖြင့် ရေးထိုးထားခဲ့ကြောင်းတွေ့ရှိရသ ဖြင့်တစ်ကြောင်း၊မွန်၊မြန်မာဘာသာစကားများကို လေ့လာသည့်အခါ အက္ခရာများသည် အိန္ဒိယ တောင်ပိုင်းသုံး “ဗြဟ္မီ အက္ခရာ”ပွါးများဖြစ်သောကြောင့် အဆိုပါဗြဟ္မီ အက္ခရာမှ အိန္ဒိယ၊ ဂြတိ၊ ပျူနှင့် မွန်-မြန်မာ အက္ခရာများသို့ အဆင့်ဆင့်တိုးတက်ဆင်းသက်ခဲ့သည်ဟု မှတ်ယူ နိုင်ပေသည်။

၂၁။ ထို့ကြောင့် မြန်မာစာပေသည် “ဗြဟ္မီ၊ ဗြဟ္မီကုသန၊ ဂုတ္တလီပိ၊ ဂြန္တ၊ ကဒံဗ၊ မောင်းကန် ရွှေပေချပ်၊ ခင်ဘရွှေပေချပ်၊ ပျူစာ(မြစေတီကျောက်စာ)နှင့် အရိုးအိုးစာများ၊ မွန်-မြန်မာ ကျောက်ထက်အက္ခရာ များ(လေးထောင့်စာ)၊ ပေထက် အက္ခရာ(အဝိုင်းစာ)များအဖြစ် အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ် လာခဲ့ရာမှ ရှေးမြန်မာထီးဆောင်းမင်းအဆက်ဆက်တိုးတက် ဖွံ့ဖြိုးခဲ့ပေသည်။

၂၂။အိန္ဒိယနိုင်ငံမှ ဆင်းသက်ခဲ့သောပါဋိ၊သက္ကတမှအစ ပျူ၊ မွန်စာပေတို့အလယ်နှင့် သမိုင်းတင်နိုင် ခဲ့သော ပုဂံခေတ်မှအစ သီပေါမင်းပါတော်မူပြီးသည့်ကာလ (ကုန်းဘောင်ခေတ်အဆုံး)အထိ မြန်မာ့ ထီးဆောင်းမင်း(၁၉၁)ပါးတို့ လက်ထက်တစ်လျောက် မြန်မာစာပေသည် အဆင့်ဆင့်တိုးတက်ဖွံ့ဖြိုး ခဲ့ရာ ပျို့၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း၊ သံပိုင်း၊ သမိုင်း၊ ရဲတင်း၊ တမ်းချင်း၊ ဧချင်း၊ သံတိုင်၊ သံဖောက်၊ လူးတား၊  အဏ်ချင်း၊ ရကန်၊ သားချင်း၊ ကာချင်း၊ ဟောစာ၊ လေးချိုး၊ ဒွေးချိုး၊ ယိုးဒယား၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့၊ ဘောလယ်၊ တေးထပ်၊ သဖြန်၊ ကန်ချင်း၊ ငိုချင်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်ချင်းမှအစ စကားပြေဇာတ်တော်၊ ဇာတက ဝတ္ထုများအဆုံး  စာဆိုပညာရှိတို့သည် သုဗောဓါလင်္ကာရ၊ ဝုတ္တောဒယ၊ ကဝိကဏ္ဃပါသ၊ မြန်မာ ဝစ္စဝါ စကာ၊ လေခဝုဎိုစသည့် ကဗျာလင်္ကာဖွဲ့နည်းတို့အပြင် စိန္တာ၊ သုတ၊ အတ္တ၊ ပဋိဘာဏာစသော အဌကထာ နည်းများအတိုင်း ရေးသားထိမ်းသိမ်း ဖွံ့ဖြိုး တိုးတက်ခဲ့ပေသည်။ ထိုကဲ့သို့ စာရေးနည်းဥပဒေ၊ ဥပနိဿယ၊ ဂရူပဒေသ၊ နယူပဒေသ၊ ကဗျာရေး နည်း၊ ကဗျူပဒေသ စသည့် စနစ်ကျနသည့် ရေးထုံးရေးနည်း စနစ်များဖြင့် ရေးသားခဲ့ခြင်းကြောင့် အရှည်တည်တံ့ ခိုင်ခန့်ထည်ဝါသော စာပေအဖြစ်ခေတ် အဆက်ဆက်မတိမ်ကော မပပျောက်တည်တံ့ ခိုင်မာနေခြင်း ဖြစ်ပေသည်။

ဝတ်စားဆင်ယင်မှု

၂၃။ ဝတ်စားဆင်ယင်မှုဆိုင်ရာ ရိုးရာဓလေ့ထုံးစံများအနေဖြင့် သမိုင်းမတင်မီ ရှေးဟောင်းခေတ် ကာလများတွင် အခြားမျိုးနွယ်စုများနည်းတူဝတ်စားဆင်ယင်မှု၌ ပထမမွန်ဂိုများကဲ့သို့ ရှိနိုင်သော် လည်း “တကောင်းခေတ်”လောက်မှစတင်၍ “ကြဲသေး”ခေါ် နဂါးရေကိုချုပ်လုပ်သည့် စစ်အင်္ကျီ တစ်မျိုးပေါ်ပေါက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပေသည်။

၂၄။ တကောင်းခေတ်နောက်ပိုင်း ဟန်လင်းနှင့်သရေခေတ္တရာကာလတွင် ပျူယောက်ျားတို့သည် ဗောင်းထုပ်နှင့် မကိုဋ်သရဖူများဆောင်းကြပြီး ပျူမိန်းမများသည် ရွှေနဖူးစည်းများဝတ်ဆင်ကြသည်။ ယောကျ်ား၊မိန်းမနှစ်ဦးစလုံးသည် ပုတီး၊ လည်ဆွဲများဝတ်ဆင်ကြသည်။ သရေခေတ္တရာပျူတို့သည် ခါးဝတ်ပုဆိုးနှင့်ထဘီများဝတ်ဆင်ထားကြောင်းနှင့် ခါးစည်းကြိုးဖြင့် စည်းနှောင်ထားကြောင်း တွေ့ရ သည်။ ထိုအပြင် အင်္ကျီယောင်ယောင်စလွယ်သိုင်းလျက် လက်ကောက်နှင့် နားထောင်းကြီးများကို လည်းဝတ်ဆင်ထားတတ်သေးသည်။ ဆံထုံးမှာ ယောကျ်ား၊ မိန်မနှစ်ဦးစလုံးပင် ဆံစအရင်းလောက် ဆီမှ ဖွဲ့ချည်ထားသော ဆံထုံးနှင့်သျောင်ထုံးများဖြစ်ကြသည်။

၂၅။ရှေးဦးပုဂံခေတ်ဝတ်စားဆင်ယင်မှုအဖြစ် တရုတ်နိုင်ငံနှင့်အဆက်အသွယ်ရှိပြီးကြောင့် ဗောင်း ထုပ်များဝတ်ဆင်ခဲ့သည်။ အေဒီ(၁၀၄၄)ခုနှစ်လောက်တွင် မြန်မာတို့၏ ဝတ်စားဆင်ယင်မှုများသည် ပိုမိုတိုးတတ်လာပြီး သထုံအနွယ်ဝင် မွန်နှင့်အိန္ဒိယ ယဉ်ကျေးမှုများရောနှောလာခဲ့သဖြင့် နဖူးအလယ် တွင် မှန်ကူကွက်နှင့်အိန္ဒိယတိုင်းရင်းသူဆန်ဆန် ဆံပင်ကို ထုံးဖွဲ့ထားပြီးလျှင် ခါးတို၊ လက်ပြတ်အင်္ကျီ ကျပ်ကလေးများ ဝတ်ဆင်ကာ ဂါဝန်ရှည်သဏ္ဌာန် ကွင်းစွပ် အိတ်ရှုံ့ထဘီ တစ်မျိုးကိုခါးကြိုးဖြင့် ဝတ်ဆင်ကြသည်။ အမျိုးသားများသည် ဆံပင်ကိုနောက်တွဲထုံး၍ အတွင်းခံ ကိုယ်ကျပ် အင်္ကျီဝတ်ဆင် ကာ  “ခစီး” ခေါ်ပုဆိုးတစ်မျိုးကို ကုလားများကဲ့သို့ ဝတ်ဆင် ကြသည်။

 ၂၆။အင်းဝခေတ်တွင် ဝတ်စားဆင်ယင်မှုများမှာ အင်းဝသား မြန်မာတို့သည် အင်္ကျီအဖြူလက်ပွနှင့် ခါးဝတ်မှာ ရှေ့မှနောက်သို့ဖြတ်သန်းယူငင်ပြီးလျှင် ပတ်ပတ်လည်ရစ်ထားသည်။ လူကုန်တန်တို့၏ ပုဆိုးမှာ ပေ(၂၀) ရှည်၍ လူသာမန်တို့၏ပုဆိုးမှာ (၁၀)ပေသာရှိသည်။ ယောကျ်ားများသည် ပန်းရိုက်  ထားသော အဝတ်နှင့် ဦးခေါင်းကိုရစ်ပတ်ထားပြီး ကိုယ်တစ်ပိုင်းသာ အင်္ကျီဆင်မြန်းလျက် ပခုံးကို ဗလာ ထားသည်။ မိန်းမများမှာမှု ကိုယ်ပေါ်တွင်ပိတ်ဖြူထည်ကို လွှမ်းခြုံကာ ပန်းရိုက်အဝတ် အထည်ကိုလည် စီးသဖွယ်ဆင်မြန််းကြသည်။ 

၂၇။ကုန်းဘောင်ခေတ် ဝတ်စားဆင်ယင်မှုတွင် အမျိုးသမီးများမှာ ဆံထုံးကို နောက်တွဲထုံးပြီးလျှင် ပန်းကုံးများဖြင့် ရစ်ပတ်ထားကြသည်။ အချို့ဆံထုံးများမှာ တစ်ပတ်လျှိုပုံသဏ္ဌာန်ဖြစ်သည်။ အပေါ်ဝတ်အင်္ကျီမှာ ထိုင်မသိမ်းကဲ့သို့ လက်ကျပ်ဖြစ်ပြီး တံပတ်(သို့မဟုတ်) ပုဝါဖြင့် ရစ်ပတ်ထားသည်။ ထဘီမှာ  ရှေ့ခွဲထဘီကို    အထက်ဆင့်ရှည်စွာတပ်ပြီး   လျှင်ရင်လျား၍ဝတ်ဆင်သည့်     “ခါးတင်ထိုး” ဝတ်နည်းမျိုးဖြင့် ဝတ်ဆင်ကြသည်။ ယောကျ်ားများကား အများအားဖြင့် အင်္ကျီမဝတ်ဘဲ ပုဆိုးတောင်ရှည် သို့မဟုတ်  “ဧကနံ” ဝတ်လျက်တွေ့ရသည်။ အခမ်းအနားများတွင်သာ  “သိုရင်းပုံ” အင်္ကျီရှည်ကြီးများဝတ်ဆင်ကြသည်။

ကိုးကွယ်ယုံကြည်မှု

၂၈။မြန်မာနိုင်ငံသည် ရာမညတိုင်း(မွန်)နှင့်တစ်ဆက်တစ်စပ်တည်း ဆက်စပ်တည်ရှိသော်လည်း ရာမညတိုင်းတွင် သာသနာသက္ကရာဇ်(၃၀၀)ကျော် ကာလကပင် “အာသောကမင်းတရားကြီး” ပြုစု ကာ ထေရဝါဒသာသနာတော် ရောက်ရှိပျံ့ပွါးနေပြီဖြစ်ပေသည်။ မြန်မာန...

၂၈။မြန်မာနိုင်ငံသည် ရာမညတိုင်း(မွန်)နှင့်တစ်ဆက်တစ်စပ်တည်း ဆက်စပ်တည်ရှိသော်လည်း ရာမညတိုင်းတွင် သာသနာသက္ကရာဇ်(၃၀၀)ကျော် ကာလကပင် “အာသောကမင်းတရားကြီး” ပြုစု ကာ ထေရဝါဒသာသနာတော် ရောက်ရှိပျံ့ပွါးနေပြီဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် တိဗက်-မွန်ဂို လီးယား၊ ကမ္ဘောဒီးယားစသည်တို့ အဆင့်ဆင့်ကျယ်ပြန့်လာသော တန္တြ-မန္တြ ရောယှက်သည့် “မဟာ ယန” အယူဝါဒအနွယ်များဖြစ်သော “အပြာရောင်”အဝတ်အရုံများဝတ်ဆင်သည့် “အရည်းရှင် ယောင်များသာ ထွန်းကားခဲ့ပေသည်။   ယင်းတို့မှာ သာသနာတော်နှစ်(၁၀၀၀ )ကျော်လောက်ကပင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု ခန့်မှန်းရသည်။

၂၉။အဆိုပါ “ရှင်အရည်း”ဘာသာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၅၀၀)ကျော်မျှ လွှမ်းမိုးခဲ့ရာ ပုဂံမင်းဆက်(၄၆)ဆက်တိုင်အောင်ကြီးစိုးလျက် “စုက္ကတေးမင်း”လက်ထက်အထိ တစ်စုလျှင်(၃၀)မျှစီ ရှိသော အစုပေါင်း(၁၀၀၀)၊ဂိုဏ်း(၃၀၀၀)ကျော်အထိရှိလေသည်။ ရှင်အရည်းတို့သည် “ရဟန်း” ဟူ သော အမည်ကိုခံယူကာ ၎င်းတို့၏ အကြီးအမှူးကို “သံဃရာဇာ”ဟု ခေါ်ဝေါ်သမုတ်ကြလေသည်။

၃၀။ ထိုကာလ “အရည်းသာသနာ”သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးဖုံးလွှမ်းလုနီးပါး တန်ခိုးအာဏာ ကြီးမားခဲ့ပြီး “မင်္ဂလာပန်းဦး”များ တင်မြှောက်ရသည့်အထိ အကျင့်တရားတို့ပျက်ယွင်းခဲ့လေသည်။

၃၁။ပုဂံမင်းဆက်(၄၇)ဆက်မြောက်မင်းဖြစ်သည့် “သီရိအနုရုဒ္ဓါ”အမည်ရှိ အနော်ရထာမင်းမြတ် ကာလရောက်မှ  အရည်းရဟန်းတို့အား တစ်စတစ်စသုတ်သင်ကာ လူဝတ်လဲစေပြီး  မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကားစေရေးဆောင်ရွက်ခဲ့ရလေသည်။

၃၂။ ခရစ်သက္ကရာဇ်(၁၀၅၇)ခုနှစ် {သာသနာသက္ကရာဇ်-၁၆၀၁)ခုနှစ်တွင် အနော်ရထာမင်း (ဘုရင် သီရိအနုရုဒ္ဓါ)သည် ရာမညတိုင်း သထုံပြည်မှ ပိဋကတ်တော်များနှင့်တကွ ရဟန်းသံဃာတော်များကို ပင့်ဆောင်တော်မူလျက် ပုဂံပြည်သို့ ဗုဒ္ဓဘာသာ သာသနာရောက်ရှိတည်စေတော်မူခဲ့လေသည်။

၃၃။ ပုဂံမင်းဆက်(၄၇)ဆက်မြောက် အနော်ရထာမင်းကာလမှ အစပြု၍  ဆက်ခံအုပ်စိုးခဲ့သော ထီးဆောင်းမင်းအဆက်ဆက် ယနေ့ကာလတိုင် မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာ စည်ပင် ပျံ့ပွါးထွန်းကားခဲ့ရာ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း သံဃာယနာတင်ခြင်း(၆)ကြိမ် ရှိခဲ့ရာတွင် ပဉ္စမသံဃာယနာတင်ခြင်းကို ကုန်းဘောင်ခေတ်နှောင်းပိုင်း “မင်းတုန်းမင်းတရားကြီး” လက်ထက် သာသနာသက္ကရာဇ်(၂၄၁၅)ခုနှစ်တွင်လည်းကောင်း၊ ပိဋကတ်တော်တို့အား “ကျောက် ထက်” အက္ခရာတင်ခြင်းကို အက္ခရာ၊ ပုဒ်၊ ပါဌ်၊ ပုဒ်သေး၊ ပုဒ်မတို့ မတိမ်းစောင်းရလေအောင် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ် ပညာရှိတို့ ကြပ်မတ်လျက် အောက်ပါအရည်အတွက်အတိုင်း ကျောက်ထက် အက္ခရာ တင်ခဲ့လေသည်-

(က) ဝိနည်း(၅)ကျမ်း ပါဠိတော်(ကျောက်စာချပ်ရေ) - ၁၁၁-ချပ်

(ခ) အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်(ကျောက်စာချပ်ရေ) - ၂၀၈-ချပ်

(ဂ) သုတ္တန် ပိဋကတ်ပါဠိတော်(ကျောက်စာချပ်ရေ) - ၄၁၀-ချပ်

၃၄။ ထိုသို့ ကျောက်ထက်အက္ခရာတင်ခြင်း အပြင်ပေထက် အက္ခရာတင်ခြင်းအဖြစ် ညီတော် အိမ်ရှေ့စံ(ကနောင်မင်း)အား ကြီးမှူးကြပ်မတ်စေလျက် ကောဇာသက္ကရာဇ်(၁၂၂၂)ခုနှစ်မှ (၁၂၃၀) ပြည့်နှစ်အတွင်း ပိဋကတ်တော်များကို ရွှေရေး၊ မင်ရေး၊ ကညစ်ရေးတို့ဖြင့် ရေးကူးစေတော်မူခဲ့ပြီး မန္တလေးတောင်ခြေရှိ “ပိဋကတ်တိုက်တော်ကြီး” တွင် တည်ထားတော်မူလေသည်။

၃၅။ လွတ်လပ်ရေးရပြီးနောက်ပိုင်း(၁၉၅၄)ခုနှစ်တွင် ဆဋ္ဌမသံဃာယနာတင်ခြင်းကို နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုလက်ထက်၌ ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီတော် “မဟာပါသာန လိုဏ်ဂူတော်”ကြီး၌ သံဃာယနာတင်ခဲ့လေသည်။

၃၆။ ပုဂံခေတ်မြန်မာနိုင်ငံတော်ကို ဦးစွာစည်းလုံးအုပ်ချုပ်သော မင်းမှာ (၄၇)ဆက်မြောက် အနော်ရထာမင်း(၁၀၄၄-၁၀၇၃)ဖြစ်ရာ ထီးဆောင်းမင်းအဖြစ် ပုဂံပြည်ကို သုံးဆယ့်သုံးနှစ်တိုင်တိုင် အုပ်ချုပ်စိုးစံခဲ့သူဖြစ်သည်။  ထိုမင်းလက်ထက်တွင် ပုဂံပြည်သားတို့သည် ရတနာသုံးပါးအပြင် လောက နာထဘုရား၊ နတ်နဂါး၊ ဟိန္ဒူဘုရားနှင့် အကျင့်ဆိုးသောအရည်းရဟန်းတို့ကို အရောရောအနှောနှော ကိုးကွယ်လျက်ရှိရာမှ အနော်ရထာမင်း၏ အားထုတ်ကြိုးပမ်းမှုဖြင့် မြန်မာနိုင်ငံ(ပုဂံပြည်)တွင် ဗုဒ္ဓ သာသနာရောက်ရှိခဲ့ခြင်းဖြစ်ပေသည်။  အနော်ရထာမင်းတည်ခဲ့သော “ရွှေစည်းခုံ”စေတီတော်သည် ထင်ရှားသော စေတီတစ်ဆူဖြစ်ပေသည်။

၃၇။ကျန်စစ်သားမင်း(၁၀၈၄-၁၁၁၂)လက်ထက်တွင်လည်း အနော်ရထာမင်းကဲ့သို့ပင် ရှင်အရဟံ၏ အဆုံးအမကိုခံယူကာ ဘာသာသာသနာတိုးတက်ထွန်းကားရေးကို ဆောင်ရွက်ခဲ့သည်။   တိုင်းပြည်ကို အုပ်ချုပ်ရာ၌ လူမျိုးမရွေး၊ ဘာသာအယူဝါဒမရွေး တရားမျှတစွာ ဆောင်ရွက်သည်။ ကျောက်စာများကို မွန်ဘာသာဖြင့်ရေးထိုးခြင်းဖြင့် မွန်တို့အား အရေးပေး၏။ ပိဋကတ်တို့ကို ပြန်လည်စုဆောင်းတည်း ဖြတ်၏။ ကျန်စစ်သားမင်းတည်ခဲ့သော ပုဂံ “အာနန္ဒာဂူဘုရား”သည် ထင်ရှားသော ဂူဘုရားတစ်ဆူ ဖြစ်သည်။ ပုဂံပြည်သား ရဟန်းပညာရှိ/လူပညာရှိတို့သည် သီဟိုဠ်ကျွန်း၊ မဇ္ဈိမဒေသ၊ အိန္ဒိယ တောင်ပိုင်းတိုင်းနိုင်ငံတို့သို့ သွားရောက်၍ ဓမ္မသတ်ကျမ်း၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ စသည့် လောကီ ပညာရပ်များကိုလည်းကောင်း၊ ပိဋကတ်ဆိုင်ရာလောကုတ္တရာပညာများကိုလည်းကောင်း သင်ကြား ကြသည်။ ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်မင်းသားသည် “မြစေတီကျောက်စာ”ကို ပါဠိ ဘာသာ၊ ပျူဘာသာ၊ မွန်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရေးထိုးသည်။ ပါဠိစာပေလောကတွင် ယခုတိုင် ထင်ရှားကျော်စောသည့် “သဒ္ဒနီတိ” ပါဠိသဒ္ဒါကျမ်းကို “ရှင်အဂ္ဂဝံသ” ဆရာတော်မှ ရေးသားခဲ့သည်။ ထိုအချိန်တွင် ပုဂံပြည်၌ ဗုဒ္ဓဘာသာသာသနာသည်နေလိုလလို ပွင့်ထွန်းနေပြီဖြစ်၍ ပုဂံပြည်သား တို့သည် ကျောင်း ၊ကန်၊ ဘုရားများတည်ထားကြ၏။  ထိုကျောင်းကန်ဘုရားတို့သည် ဗိသုကာအရာ၌ လည်းကောင်း၊ပန်းချီ အရာ၌လည်းကောင်း သဒ္ဓါကြည်ညိုဖွယ်ဆောင်၏ စေတီ၊ ပုထိုးတို့၌ သင်ပုတ်၊ ရေချမ်း၊ကွမ်း၊ ပန်းတင်လှူ၍လည်းကောင်း ၊ ဆီမီးထွန်းညှိ၍လည်းကောင်း ၊ စည် ၊ ပတ်စာ ၊ ခွက်ခွင်း စသော တူရိယာများ တီးမှုတ်၍လည်းကောင်း၊ တံမြတ်ဝတ်ပြု၍လည်းကောင်း ပူဇော်ကြသည်။ ထင်ရှားသော စေတီဘုရားများကား လောကနန္ဒာ၊ ရွှေစည်းခုံ၊ မင်္ဂလာစေတီတို့ဖြစ်၍ ဂူဘုရား များကား အာနန္ဒာ၊ ကူပြောက်ကြီး၊ သဗ္ဗညုကန်တော့ပလ္လင်တို့ ဖြစ်သည်။  ပုဂံရွှေကူကြီးကျောက်စာ၌ ခရစ် သက္ကရာဇ် (၁၁၃၁)ခုနှစ်တွင် ရေးထိုးခဲ့သော ပါဠိ(၁၀၀)အဆုံးသတ် သက္ကတဘာသာသုံးကြောင်းတို့ သည် “အလောင်းစည်သူမင်း”၏ ဆုတောင်းပတ္တနာဖြစ်ပေသည်။

အုပ်ချုပ်မှုအစဉ်အလာ

၃၈။ ရှေးမြန်မာထီးဆောင်းမင်းများလက်ထက်တော်အခါကပင် နိုင်ငံရေး၊ ပထဝီဝင...

၃၈။ ရှေးမြန်မာထီးဆောင်းမင်းများလက်ထက်တော်အခါကပင် နိုင်ငံရေး၊ ပထဝီဝင်နှင့် စပ်လျဉ်း၍ သုံးသော ဝေါဟာရများအနက် “တိုင်း”သည် လူမျိုးတစ်မျိုးပေါင်းစု၍နေသောအရပ်ကို ဆိုလိုသည်။ မြန်မာနိုင်ငံကို အောက်ပါအတိုင်း “တိုင်း”နှင့် “ပြည်”ဟု ခွဲဝေးသတ်မှတ်သည်-

(က) တိုင်းများ

(၁) သုနာပရန္တတိုင်း

(၂) တမ္ပဒီပတိုင်း

(၃) သီရိခေတ္တရာတိုင်း

               (၄) ဇေယျဝေဎုဏတိုင်း

(၅) ရာမညတိုင်း

                (၆) သုဝဏ္ဏဘုမ္မိတိုင်း

(၇) ကမ္ဘေဇတိုင်း

(၈) စိန့်တိုင်း

(ခ) ပြည်များ

(၁) ကျော်ကသည်းပြည်

(၂) ဂျွမ်းပြည်

၃၉။ ဤတွင် ပြည်သည်တိုင်းလောက်မနှံ့ပြားသော နေရာကိုဆိုသည်။ အောက်မြန်မာပြည်ကို “အောက်ဖြစ်စဉ်တစ်လျောက်”ဟူ၍ လည်းကောင်း၊ ရာမည(သို့မဟုတ်)မုတ္တမ၊ ဥပါယ်ခို၊ ပုသိမ်တို့အား တလိုင်း(မွန်)သုံးရပ်ဟူ၍လည်းကောင်း၊ ရှမ်းဒေသကို “ကိုးကျိုင်း၊ ကိုးမှိုင်း၊ ကိုးထား၊ ကိုးမော”ဟူ၍ လည်းကောင်း၊ ကျောက်ဆည်(၉)ခရိုင်( သို့မဟုတ်)လယ်တွင်း(၉)ခရိုင်၊ ဇင်းမယ်(၅၇)ခရိုင်၊ ပုသိမ်(၃၂) မြို့ခရိုင်ဟူလည်းကောင်း သတ်မှတ်သည်။

၄၀။ အရပ်ရပ်ဆိုင်ရာ အုပ်ချုပ်ရေးဌာန(၇)ဌာနအဖြစ် တောင်ဖက်တိုက်၊ မြောက်ဖက်တိုက်၊ အရှေ့ ဖက်တိုက်၊ အနောက်ဖက်တိုက်၊ ဆင်ကျည်တိုက်၊ တွင်းသင်းတိုက်၊ မဟာဒါန်တိုက်ဟူ၍ သတ်မှတ် သည်။

၄၁။ အဝေးမြို့သည် အရေးကြီးသော အုပ်ချုပ်ရေးလက္ခဏာဖြစ်သည်။ အတွင်း(သို့မဟုတ်) ပြည်ထဲ နယ်မြေနှင့် ဆန့်ကျင်ဖက်ဖြစ်ဟန်တူသည်။ အဝေးမြို့တွင် ရှမ်းပြည်နှင့်မြို့စားများအား ခွဲဝေချထား အပ်သော အခြားမြို့များပါဝင်သည်။ ဧရိယာအားဖြင့် “တိုက်” “ခရိုင်”တို့အောက်ငယ်၍ အုပ်ချုပ်ရေး စနစ်တွင် အရေးကြီးဆုံးဧကမူကား “မြို့”ဖြစ်သည်။

၄၂။ ဌာနချုပ်ကို “မြို့မ”ဟူ၍လည်းကောင်း၊လက်အောက်ခံမြို့ကို “မြို့ရံ”ဟူ၍လည်းကောင်းခေါ် ၏။ မြို့တွင်းရှိရွှာသူကြီးအရေအတွက်သည် ရွာအရေအတွက်လောက်မများကြောင်းတွေ့ရှိရသည်။

၄၃။ အစိုးရဝန်ထမ်းဖြစ်သော အမှုထမ်းတို့ကို အသင်း၊အစု၊အစို့ဖွဲ့၍ထား၏ ။များသောအားဖြင့် လက်နက်ကိုင်စစ်တပ်ဖြစ်သည်။ တပ်တို့သည် သူရဲ(၁၂)တပ်၌ ပါဝင်ကြ၏ ။ မြင်း၊ဒိုင်း၊ဆင်၊ သေနတ်၊ ကာ၊လွှား၊လှံရှည်တို့သည် ထင်ရှားသော စစ်မှုထမ်းဌာနခွဲများဖြစ်ကြသည်။ 

၄၄။ အရာထမ်းများအနက် “အတွင်းဝန်”သည် အတွင်းမှုစီရင်ပိုင်ခွင့်နှင့်တကွ အတွင်းသားတို့ အာဏာတားဆီးနိုင်သည်။ အတွင်းဝန်တို့ကို ဗြဲတိုက်အရာထမ်းမှူးများဟုလည်းခေါ်သည်။  နန်းတော် နောက်ပိုင်းမိန်မဆောင်ဖြစ်သော “အနောက်ရုံး”ကို အုပ်ထိမ်းသော အရာထမ်းကို “အနောက်ဝန်” ဟုခေါ်သည်။

၄၅။ ပုဂံခေတ်တွင်ထင်ရှားသော “ကလန်၊သံပျင်၊စာချီ”တို့ကိုလည်းတွေ့ရသည်။ “ကလန်”ဟူသည်မှာရွာသူကြီးနှင့် အလားတူသည်။     “သံပျင်”ကား    ဘုရင့်အမိန်တော်ကိုချသူဖြစ်သည်။    “စာချီ”မှာ စာရေးတော်တို့၏ အချုပ်ဖြစ်သည်။

၄၆။ အခွန်တော်နှင့်ပတ်သက်လျှင် “မြေခွန်၊ ရေခွန်၊ ယာခွန်၊ ကိုင်းခွန်၊ တောခွန်”အစရှိသည်တို့ကို တွေ့ရသည်။ နှစ်စဉ်ပုံသေပေးရသော အခွန်ကို “ခွန်သေ”ဟုခေါ်၍ တစ်နှစ်မှတစ်နှစ်ပြောင်းလဲသည့် အခွန်ကို “ခွန်ရှင်”ဟုခေါ်သည်။  “ရွှေနန်းရိုး၊ ရွှေခွန်၊ ငွေခွန်”သည် မြို့တော်ရှိ အရာထမ်းတို့သို့ ထမ်း ဆောင်ရသောအခွန်ဖြစ်သည်။   အချို့ရွာတို့သည် ရွှေ၊ ငွေအစား သစ်ခွပန်း(သို့မဟုတ်) အခြားပန်း တော်တို့ကို ဆက်ကြသည်။ ဆဲ့နှစ်မှုထမ်းတို့မှာ သာမန်သစ်တောထွက်ပစ္စည်းလက်ဆောင်ဖြစ်သည်။  ထို့အပြင် “တရားကွမ်းဖိုး၊ ကွမ်းဖိုး၊ တရားစကားဟုခေါ်သော တရားစီရင်မှုအခငွေများလည်း ရှိသည်။

၄၇။ရွှေပြည်ခေါ် မြန်မာနိုင်ငံကို နယ်မြေအားဖြင့်လည်းကောင်း၊ ဌာနအားဖြင့် လည်းကောင်း အုပ်ချုပ်သည်။   နယ်မြေအုပ်ချုပ်ပုံတွင် ဘုရင့်ကိုယ်စား အမှုထမ်းများနှင့် ရိုးရာအမှုထမ်းများ ပါဝင် သော နှစ်ထပ်အစိုးရရှိသည်။   နယ်မြေအုပ်ချုပ်ရေးတွင် အောက်ပါအတိုင်း အုပ်ချုပ်ပုံ(၃)မျိုး ရှိသည်-

(က) မြို့တော်၌ နန်းတော်ပတ်လည်ငါးတိုင်အတွင်း စီရင်ပိုင်ခွင့်ရှိသော မြို့ဝန်နှင့် လက် အောက်ခံများ

(ခ) မြို့တော်အပြင်ဘက်၌ ဘေးဘိုးအစဉ်အဆက်ကြီး စိုးအုပ်ကွပ်တိုင်တော်သည့် နယ်မြေ အတွင်း ရိုးရာကျွန်တော်မျိုးဖြစ်သော တိုင်းသူရင်းတို့ကိုသာ စီရင်ပိုင်ခွင့်ရှိသော “မြို့ကွပ်” နှင့် အခြားအမှုထမ်းများ

(ဂ) စော်ဘွားအစရှိသည့် ရိုးရာကြီးအကဲတို့လက်အောက်ရှိ အဝေးမြို့များနှင့်စစ်ကဲမြို့များ

၄၈။ နယ်မြေအုပ်ချုပ်ရေးနှင့် ယှဉ်ကာအတွင်းဝန်၊ ဝန်းမှူး၊ ဆင်မှူး၊ ဗိုလ်မှူး၊ သင်းမှူးအစရှိသည်တို့ အပါအဝင်သောဌာနဆိုင်ရာ(သို့မဟုတ်) စစ်တပ်ဆိုင်ရာအုပ်ချုပ်ရေးရှိသည်။

၄၉၊၊မြန်မာမင်းများ အုပ်ချုပ်ပုံကိုအမိန့်တော်၊ စစ်တမ်းစသည်တို့ပါသည့် ဇမ္ဗူဒီပဥဆောင်း ကျမ်း၌ ဖတ်ရှုနိုင်သည်။ သက္ကရာဇ်(၇၂၉)ခုနှစ်ထုတ် “မင်းကြီးစွာစော်ကဲ”၏ အမိန့်တော်တွင် အရပ်ရပ် အုပ်ချုပ်ရေးဆိုင်ရာအကြောင်းအရာများနှင့် အမှုးထမ်းအမျိုးမျိုးတို့၏ ဝတ္တရားများကိုဖော်ပြထားရှိပေ သည်။

ရိုးရာယဉ်ကျေးမှု

၅၀။မြန်မာတို့သည် မြန်မာသမိုင်းခေတ်အသီးသီးကို ကျော်ြဖတ်ခဲ့ကြသည်ဖြစ်ရာ ယဉ်ကျေးမှု၊ ဘာသာတရား     ၊  ဗိသုကာပညာနှင့်     အခြားတိုးတက်မှုအပိုင်းအခြား တို့သည်လည်း တစ်ပါတည်း 

၅၀။မြန်မာတို့သည် မြန်မာသမိုင်းခေတ်အသီးသီးကို ကျော်ြဖတ်ခဲ့ကြသည်ဖြစ်ရာ ယဉ်ကျေးမှု၊ ဘာသာတရား     ၊  ဗိသုကာပညာနှင့်     အခြားတိုးတက်မှုအပိုင်းအခြား တို့သည်လည်း တစ်ပါတည်း ဆိုသလို ပါဝင်ဖြစ်ထွန်း တိုးတက်လာခဲ့ကြသည်။ ဗိဿနိုးခေတ် (အေဒီ-၁-ရာစု)ဟန်လင်းခေတ် (အေဒီ-၄-ရာစုမှ-၉-ရာစု)နှင့် သရေခေတ္တရာခေတ်(အေဒီ-၄-ရာစုမှ-၁၀-ရာစု)အတွင်း ကာလများ ကပင် စာပေယဉ်မှုများ ထွန်းကားပေါ်ပေါက်ခဲ့ပြီဖြစ်ပေသည်၊၊  ထိုခေတ်ကာလ၏ ယဉ်ကျေးမှု အမွေအနှစ်များအား ရှေးဟောင်းမြို့တော်များဖြစ်သည့် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့ဟောင်း များမှ တူးဖော်ရရှိသည့် လက်ကောက်၊ ပုတီး၊ အိုး၊ အုတ်ခွက်ဘုရား၊ လက်နက်များနှင့် စာပေ၊ ပရပိုဒ်စာများက အထောက်အထားပြု သက်သေထူလျက် ရှိပေသည်၊၊

၅၁၊၊ခရစ်နှစ်(၈၀၀)ခန့်ကာလမြန်မာနှင့်မြန်မာအနွယ်ဝင်တို့ စတင်ဝင်ရောက်ယာချိန်မှစကာ မြင်းစီးခြင်းအတတ် လယ်ယာစိုက်ပျိုးခြင်းနှင့်အစုအဝေးဖြင့် နေထိုင်အုပ်ချုပ်တတ်သော အလေ့အထ များဖြင့် မြို့၊ ရွာများအသွင်နေထိုင်တတ်ခဲ့ရာ ဟံသာဝတီ၊ ပဲခူးဒေသတို့သည် စည်ပင်တိုးတက်ခဲ့ ပြီဖြစ်သည်၊၊ ပင်လယ်ဆိပ်ကမ်းဒေသများဖြစ်သည့် သရေခေတ္တရာ၊ ပဲခူးဒေသတို့သို့ အိန္ဒိယနိုင်ငံ မဈ္စိမဒေသနှင့် တောင်ပိုင်းဒေသများမှ ကုန်သည်များ ရွက်သင်္ဘောများနှင့် လာရောက်ရာမှအစပြုကာ ဗုဒ္ဓရဟန်းတော်များပါရှိလာခဲ့ပြီး မြန်မာနိုင်ငံ တွင်ထေရဝါဒဗုဒ္ဓသာသနာစတင်ပွင့်ထွန်းခဲ့ကာ ခရစ် သက္ကရာဇ်-၁၀၉၇-ခုနှစ်တွင်ပုဂံပြည်သို့ ရှင်အရဟံကြွရောက်ခဲ့ကာ ပိဋကတ်တော်အစုံနှင့်တကွ သာသနာသည် ပုဂံဒေသသို့တိုင်  ပျံ့နှံ့ ရောက်ရှိခဲ့ပေသည်။ ပိဋကတ်တော်အစုံနှင့်အတူ သထုံဒေသမှ အနုပညာသည် လက်မှုပညာသည်များပါ ပါရှိခဲ့ရာ ယင်းတို့ဒေသတွင် ဗိသုကာပညာတို့ပါ ဖွံ့ဖြိုး တိုးတက်ခဲ့ပြီးဘုရား၊ စေတီများ တည်ထားနိုင်ခဲ့ပေသည်၊၊

၅၂။ကျန်စစ်သားမင်းလက်ထက်  (ခရစ် ၁၀၈၄-၁၁၁၂ )ကာလတွင်  အိမ်နီးခြင်းနိုင်ငံများ နှင့် သင့်မြတ်စွာဆက်ဆံ၍ မဇ္ဈိမဒေသနှင့် တရုတ်နိုင်ငံများတို့သို့ သံများစေလွှတ်မိတ်ဖွဲ့ခဲ့ခြင်းကြောင့် သံတမန်ဆက်ဆံရေးနှင့် ကုန်စည်ရောင်းဝယ်ဖောက်ကားမှု အဆင့်အတန်းသည် ပုဂံခေတ်ကာလ ကပင်ဖွံ့ဖြိုုးခဲ့ကြောင်း တွေ့ရှိရပေသည်။ ထိုအပြင် လယ်ယာစိုက်ပျိုးခြင်း၊ လူး၊ ဆပ်၊ ပဲ၊ ပြောင်း၊ ဗူး၊ ဖရုံ၊ သခွါး၊ နှမ်းစသည့် တောင်ယာစိုက်ပျိုးခြင်းတို့တွင်ကောင်းစွာ ဖွံ့ဖြိုးခဲ့ပြီဖြစ်ရာ အိန္ဒိယနိုင်ငံမှ ဝါမျိုးစေ့ များရယူ၍ ဝါစိုက်ပျိုးခြင်းဆောင်ရွက်ခဲ့ရာ ထိုကာလမှစ၍ အဝတ်အထည်ယက်လုပ်ခြင်းနှင့် ဗိုင်းငင်၊ ဝါဖန့်ခြင်းတို့၌ ကောင်းစွာအဆင့်မြင့်မား ထွန်းကား  ခဲ့လေသည်၊၊ စိုက်ခင်းများသို့ ရေသွယ် ယူနိုင်ရေး ဆည်၊ မြောင်း၊ ကန်ချောင်းများအားကောင်းစွာ ဆည်ဖို့ဆောင်ရွက်နိုင်သည်ကိုလည်း တွေ့ရှိရပေသည်၊၊

၅၃။ စာပေပညာတွင်လည်း အိမ်နီးခြင်းတိုင်းနိုင်ငံများဖြစ်သည့် သီဟိုဋ်ကျွန်း၊ မဇ္ဈိမဒေသ၊ အိန္ဒိယ တိုင်းနိုင်ငံတို့သို့ သွားရောက်၍ ဓမ္မသတ်ကျမ်း၊ ဆေးကျမ်း၊ နက္ခတ်ကျမ်းစည့်လောကီပညာရပ်များနှင့် ပိဋကတ်ဆိုင်ရာ လောကုတ္တရာပညာတို့ကို သင်ကြားခဲ့ကာ ပုဂံပြည်တွင်ပြန်   လည်ပို့ချခြင်း၊ စာပေ သင်ကြားခြင်းတို့ဖြင့် ယဉ်ကျေးမှုအဆင့်အတန်းတိုးတက်မြင့်မားခဲ့ကြသည်၊၊

၅၄။ ဆင်ဖြူရှင်မင်းလက်ထက်တွင်တောင်တန်းဒေသများ၌ ဗုဒ္ဓသာသနာပြုခြင်း စိုက်ပျိုးရေးနှင့် ကူသန်းရောင်းဝယ်ရေးကိုအားပေးခြင်းတို့ကြောင့် ပုသိမ်၊ ပဲခူး၊ သံလျင်၊ မုတ္တမမြို့များသည် ကူသန်း ရောင်းဝယ်ရေးဖွံ့ဖြိုးသည့် ဆိပ်ကမ်းမြို့ကြီးများဖြစ်ကာ နိုင်ငံယဉ်ကျေးမှုးတို့ကို ဖလှယ်နိုင်ခဲ့ သည်၊၊ ထိုမင်းလက်ထက်တွင်ဇင်းမယ်နိုင်ငံမှ ယွန်းထည်ပညာ ယိုးဒယား(ထိုင်း)နိုင်ငံမှ အဆို၊ အကအတတ် ပညာတို့ကို ယဉ်ကျေးမှုဖလှယ်နိုင်ခဲ့ပေသည်၊၊

၅၅၊၊ဝတ်စားဆင်ယင်မှု ပိုင်းတွင်မြန်မာတို့သည် သမိုင်းမတင်မီ ရှေးခေတ်ဟောင်းကာလက တိရစ္ဆာန်တို့မှ ရသည့် သားရေ၊ ထိုမှ သစ်ခေါက်လျှော်မျှင်အဝတ်၊ ထိုမှ တစ်ဆင့်တက်၍ လဲမှို့အား ပြုပြင်စီမံ၍ရသော အဝတ်များကို ဝတ်ဆင်ခဲ့သည်ဟုယူဆရသည်။ ထိုမှ တကောင်းခေတ်ကာလ တကောင်း နေပြည်တော် ထွန်းကားသည့်ကာလ (ခရစ်မပေါ်မှီနှစ်ပေါင်း-၅၀၀) ကာလလောက်တွင် ကြဲသေး ခေါ်နဂါးရေကို ချုပ်လုပ်သည့် စစ်ဝတ်အင်္ကျီတစ်မျိုးပေါ်ပေါက်ခဲ့ခြင်းသည် အဝတ်အစား သမိုင်း၏ အစဟု မှတ်တမ်းတင်ရပေသည်။ တကောင်းခေတ်နောက်ပိုင်းပျူခေတ်တွင် ဗောင်းထုတ်နှင့် မကိုဋ်သရဖူများ ဆောင်းခြင်း၊ နားဋောင်းတွင်ဝတ်ဆင်ခြင်းနှင့် ပုတီးသွယ်ကြီးများ ဝတ်ဆင်လာခဲ့ ပေသည်၊၊

၅၆။ပုဂံခေတ်မှအစပြုကာ ဝတ်စားဆင်ယင်မှုအပိုင်းတွင်း တိုးတက်ထွန်းကားခဲ့ပြီး ယက္ကန်း ယက်လုပ်ခြင်းအတတ်ဖွံ့ဖြိုးခဲ့ကာ “မြိတ်လွတ်” “စုလည်း” အထုံးအဖွဲ့များ၊ “ရထည်ဖျင်” စသော ဝတ်ဆင်မှုပိုင်းဆိုင်ရာများတိုးတက်မြင့်မားခဲ့ကာ ထီးဆောင်းမင်းကာလအဆက်ဆက် ဘာသာ၊ စာပေ၊ ပန်းချီ၊ အနုပညာ ပန်းဆယ်မျိုးနှင့် ဗိသုကာတို့ အဆင့်ဆင့် တိုးတက်ထွန်းကားမြင့်မားခဲ့ပေ သည်၊၊

၅၇။ထီးဆောင်းမင်းကာလအဆက်ဆက်တစ်လျောက်အစဉ်တစ်စိုက်တိုးတက်ခဲ့သော ယဉ်ကျေးမှု အဆင့်အတန်းသည် ကုန်းဘောင်ခေတ်ကာလတွင်လည်း အခြားတိုင်းနိုင်ငံများ၏ အလေးဂရုပြုခြင်း ခံရလောက်အောင်တိုးတက်ထွန်းကားခဲ့ပေသည်။ အင်းဝခေတ်နောက်ပိုင်းနှင့် တောင်ငူခေတ်တို့မှာ ကဲ့သို့ပင် လူမှုရေးနှင့် ယဉ်ကျေးမှုတို့ဖက်တွင် ထွန်းကားတိုးတက်ခဲ့သည်။  တိုင်းနိုင်ငံအနေဖြင့် ပြည်တွင်း စည်းလုံးမှုသာမက မဏိပူရ၊ ယိုးဒယားစသည့် နိုင်ငံများသို့တိုင် အာဏာလက်ရုံး ဆန့်နိုင်ခဲ့ပြီး ထိုစဉ်က အင်အားကြီးလက်နက်နိုင်ငံဖြစ်သည့် မန်ချူးတရုတ်တို့၏ ကျူးကျော်စစ်ကို အောင်မြင်စွာ တွန်းလှန်တိုက်ထုတ်ကာ အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နက်ကို ကာကွယ်နိုင်ခဲ့ပေ သည်။

၅၈။မြန်မာစာပေတွင် သီချင်းကို ကဗျာ၊ လင်္ကာအဖွဲ့တစ်မျိုးအဖြစ် သတ်မှတ်ထားရှိရာ မြန်မာတို့ သည် ရှေးနှစ်ပေါင်း(၁၅၀၀)ကျော်ကာလကပင် သီဆို၊ တီးမှုတ်၊ ကခုန်ခြင်းတို့သည် ယဉ်ကျေးမှု အနုပညာ တစ်ရပ်အဖြစ် ထွန်းကားခဲ့ပြီး ဖြစ်ပေသည်။ အထောက်အထားအဖြစ် ခရစ်နှစ်(၈) ရာစုတွင် တရုတ်ပြည်သို့ ချစ်ကြည်ရေးသွားရောက်ခဲ့သော သရေခေတ္တရာပျူယဉ်ကျေးမှုအဖွဲ့သည် သီချင်း(၁၂) မျိုးကို သီဆို၊ တီးမှုတ်၊ ကပြခဲ့ကြောင်း တရုတ်မှတ်တမ်းများအရ သိရှိရပေသည်။ ထိုသီချင်းတို့သည် ကြိုး၊ ဘွဲ့တို့ဖြစ်မည်ဟု ခန့်မှန်းရပေသည်။ အေဒီ-၅ရာစုမှ အေဒီ-၁၁ရာစုအတွင်း စည်ပင်ဖွံ့ဖြိုးခဲ့သည့် ရာမညတိုင်း သထုံပြည်တွင် အဆို၊ အက၊ အတီး၊ အမှုတ်ပညာတို့ ထွန်းကားတိုးတက်ခဲ့ကြောင်း တူးဖော် တွေ့ရှိရသည့် ထိုခေတ်စဉ့်ကွင်းများမှ အထောက်အထားများအရ သိရှိရပေသည်။

၅၉။ပုဂံပြည့်ရှင် အနော်ရထာမင်းစောလက်ထက်တွင် မြန်မာတစ်နိုင်ငံလုံးပေါင်းစည်းခဲ့ကြသဖြင့် ပျူ၊မွန်၊မြန်မာ ယဉ်ကျေးမှုတို့ ရောစပ်ကာ အနုပညာ ယဉ်ကျေးမှုတို့ တိုးတက်ထွန်းကားခဲ့သည်။

၆၀။ပုဂံပျက်၍ ပင်းယခေတ်သို့ ရောက်သောအခါ မှတ်တမ်းတင်ထားသော မြန်မာသီချင်းများကို “အစောဆုံး”တွေ့ရှိရသည်။ ထိုခေတ်တွင် “တျာဘွဲ့၊ ကာချင်း၊ စည်းချင်း”များ ထွန်းကားခဲ့သည်။  အင်းဝခေတ်နှစ်ပေါင်း(၅၀၀)ကာလတွင် အနုပညာယဉ်ကျေးမှု အရပ်ရပ်တိုးတက်ခဲ့သည်။

၆၁။ အင်းဝခေတ်နောက်ပိုင်းတွင် “အချီကြီး၊ အချီငယ်၊ ဆရာတောင်းသံ၊ ဆရာပန်သံ၊ ဆရာညွှန်းသံ၊ အတွင်းတီးပြေသံ၊ အပြင်တီးပြေသံ၊ ဆင်ဖြူရေချသံ၊ ရွှေပလ္လင်တည်သံ၊ ဗောဓိညောင် ရွက်သံ၊ ဇမ္ဗူ့သပြေသီးကြွေသံ၊ ငါးကြင်းမြီးခတ်သံ၊ ခရုသင်းသံ၊ ခွက်ခွင်းသံ၊ သိကြားလောပစ်သံ၊ ကင်းပတ်ငယ်သံ၊ မျောက်မင်းအူသံ၊ ပွင့်လှရွှေဝါသံ၊ လင်္ကာဝုတ္တိသံ၊ သိကြားမင်းဘိသိတ် မြှောက်သံ စသည့် ကြိုး၊တျာချင်း၊ သီချင်းခန့်များနှင့် အိုင်ချင်းများပေါ်ပေါက် ခဲ့သည်။ ထိုခေတ်၏ ထင်ရှားသော ဂီတစာဆိုမှာ “ဝန်ကြီးပဒေသရာဇာ”ဖြစ်သည်။  အတီးအမှုတ် တူရိယာဘက်တွင် “ပတ်ဆိုင်း”များ စတင်ပေါ်ပေါက်သည်။

၆၂။ကုန်းဘောင်ခေတ်နှစ်ပေါင်း(၁၀၀)အတွင်း ဂီတ၊ သဘင်ပညာသည် အဘက်ဘက်မှ တိုးတက် ခဲ့သည်။  ပြည်ပနိုင်ငံများနှင့် အဆက်အဆံများလာ၍ ဂီတ၊ အနုပညာတို့ ပိုမိုကြွယ်ဝလာခဲ့သည်။ တူရိယာပစ္စည်းတို့ ပိုမိုစုံလင်လာခဲ့သည်။ ကုန်းဘောင်ခေတ်တွင် ထင်ရှားသော သီချင်းများမှာ ပတ်ပျိုး၊ ယိုးဒယား၊ တေးထပ်၊ ဘောလယ်၊ လေးချိုး၊ သဖြန်နှင့် မွန်သီချင်းခန့်တို့ဖြစ်ပြီး ဇတ်တော် များမှာ နန်းတွင်း၌ အသုံးတော်ခံရသော အီနောင်၊ ရာမ၊ သင်္ခပတ္တ၊ ကေသာသီရိဇတ်တို့ ဖြစ်သည်။  နိုင်ငံခြားတိုင်းများနှင့် အဆက်အဆံများသောခေတ်ဖြစ်၍တေးသွားများတွင် “ကြေးခရာသံ၊ ဗရင်ဂျီ ဩသံ၊ ထားဝယ် ဒိန်းသံ၊ ကရင်ဩသံ၊ ယိုးဒယားသံ၊ ကောင်းတုံသံ” တို့ကို အတုယူဆန်းသစ် စပ်ဆို ကြသော်လည်း မြန်မာမူ၊ မြန်မာ့ဟန် မပျက်စေဘဲ စပ်ဆိုခဲ့ကြသည်။ ထိုခေတ်၏ ထင်ရှားသော  ဂီတ စာဆိုများမှာ “မြဝတီမင်းကြီးဦးစ၊ ပြင်စည်မင်းသား၊ ဇတ်ဆရာဦးကျောက်ခဲ၊ ငယ်တိုးအတွင်းဝန် ဦးကျီစိုး၊ မင်းကြီးကတော်ခင်ဆုံ၊ အနောက်နန်းမိဖုရား မမြကလေး၊ လှိုင်ထိပ်ခေါင်တင်”တို့ ဖြစ်ကြ သည်။

၆၃။ မြန်မာသီချင်းများကို စပ်ဆိုရာတွင် ရှေးစာဆိုတို့သည် တေးသွားထက်တေးသားစကားလုံး အဓိပ္ပါယ်ရှိပြီး ကာရန်ပြေပြစ်မှုကို အလေးထားသည်။  ကုန်းဘောင်ခေတ်တွင် သဘင်ဂီတပညာရှင် များသည် အအုပ်အခံ ၊ ကာရန်ဝါကျမညီသော    သီချင်းများ ၊ ဂိုဏ်းမလွတ်သောသီချင်း ၊  သာသနာ ကို ထိပါးပုတ်ခတ်သော သီချင်းများကို စပ်ဆိုသီဆိုခြင်းမပြုရန် “သဘင်ဝန်”များက ကြပ်မတ်ပေးရ၍ သီဆိုစပ်ဆိုပါက စပ်ဆိုသူ၏ “လက်”နှင့် သီဆိုသူ၏ “လျာ”ကို အပစ်ပေးလေသည်။

၆၄။ မြန်မာတို့သည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့သည်ဖြစ်ရာ ထီးဆောင်းမင်းမှအစ တိုင်းသူ ပြည်သားအဆုံး ဘာသာတရား၏ အဆုံးအမ၊ စာပေကျမ်းဂန်လာတားမြစ်တိုက်တွန်းချက်၊ ညွှန်းဆို ချက်နှင့်အညီ စနစ်တကျနေထိုင် လုပ်ကိုင်ကြသည်။ ရာဇဘိသေကခံယူပွဲ၊ နှုတ်ဆက်ကန်တော့ခံပွဲ၊ တရားစီရင်ရေး၊ စစ်ထွက်အခမ်းအနား၊ သာမန်အချိန်စသဖြင့် နေရာဌာနအလိုက် နေထိုင်ဝတ်ဆင်၊ အသုံးအဆောင်သီဆိုတီးမှုတ်ဧည့်ခံမှုတို့မှာ စနစ်ကျနခဲ့ကြောင်း တွေ့ရှိရပေသည်။ ဗဿနိုး၊ ဟန်လင်း မြို့ဟောင်းများသည် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရသည်အထိ ယဉ်ကျေးမှု မြင့်မားပါသည်။

ဆောင်ရန်

၆၅။သမိုင်းမတင်မီကာလမှအစပြု၍ ယနေ့ခေတ်ကာလတိုင်အောင် ကာလကြာရှည်စွာတည်တံ့ အဓွန့်ရှည်ကြာခဲ့သည့် ဗမာတိုင်းရင်းသားလူမျိုးတို့၏ ကောင်းမြတ်သည့် သမိုင်းကြောင်းနှင့် ရိုးရာ ဓလေ့ထုံးစံများအား မတိမ်ကော မပပျောက်စေရေးအတွက် ဆက်...

၆၅။သမိုင်းမတင်မီကာလမှအစပြု၍ ယနေ့ခေတ်ကာလတိုင်အောင် ကာလကြာရှည်စွာတည်တံ့ အဓွန့်ရှည်ကြာခဲ့သည့် ဗမာတိုင်းရင်းသားလူမျိုးတို့၏ ကောင်းမြတ်သည့် သမိုင်းကြောင်းနှင့် ရိုးရာ ဓလေ့ထုံးစံများအား မတိမ်ကော မပပျောက်စေရေးအတွက် ဆက်လက်ထိမ်းသိမ်းစောင့်ရှောက် သွားရန်နှင့် လက်ဆင့်ကမ်းအမွေပေးရန်မှာ ဗမာတိုင်းရင်းသားတိုင်း၏ အဓိကတာဝန်ဖြစ်ရာ အမျိုး ဂုဏ်ဇာတိဂုဏ်မြင့်မားစေရေး၊ ဝံသာနုရက္ခိတတရားအား နောင်လာနောက်သား မျိုးဆက်သစ်လူငယ် များအားလုံး သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ထိမ်းသိမ်းစောင့်ရှောက်သွားစေခြင်းဖြင့် ကမ္ဘာ့အလယ် တွင် ထည်ဝါခန့်ညားစွာ ကမ္ဘာတည်ရှိနေသ၍ ဗမာလူမျိုးဟူ၍ တည်ရှိနေမည် ဖြစ်ပေသည်။

၆၆၊၊သို့ပါ၍ ဗာမာလူမျိုးများအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုအားလုံးတို့သည် အောက်ပါတို့ကို လိုက်နာ စောင့်ထိမ်းရန်လိုအပ်မည်ဖြစ်ပေသည်-

(က) ကိုးကွယ်ယုံကြည်ရာ ဘာသာအလိုက် ဘာသာ ၊သာသနာနှင့် ရိုးရာဓလေ့ထုံးတမ်း စဉ်လာများကို ထိမ်းသိမ်းစောင့်ရှောက်ရန်

(ခ) မိမိလူမျိုး၊ မိမိရိုးရာယဉ်ကျေးမှုစာပေနှင့် သဘင်ဂီတို့ကို ထမ်းသိမ်းစောင့်ရှောက်ရုံမျှ မက မျိုးဆက်သစ်လူငယ်များသို့ပါ လက်ဆင့်ကမ်းအမွေပေးရန်

(ဂ) မိမိလူမျိုး၊ မိမိနိုင်ငံ အပါအဝင် မိမိတို့၏ စာပေ၊ သဘင်၊ ဂီတ၊ ရိုးရာ ယဉ်ကျေးမှု အစရှိသည်တို့ကို တိုင်းတပါးကျူးကျော်လွှမ်းမိုးမှုအား အမျိုးသားရေး စိတ်ဓါတ်တို့ဖြင့် ကာကွယ်တားဆီးရန်

ရှောင်ရန်

၆၇၊ရှောင်ရန်အချက်များအနေဖြင့် အောက်ပါတို့ကို ရှောင်ကျဉ်သင့်ပေသည်-

(က)

၆၇၊ရှောင်ရန်အချက်များအနေဖြင့် အောက်ပါတို့ကို ရှောင်ကျဉ်သင့်ပေသည်-

(က) မိမိဘာသာ၊ သာသနာ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကိုပစ်ပယ်၍ တိုင်းတစ်ပါး ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို အထင်မကြီးရန်နှင့် လွှမ်းမိုးမှုမခံရန်

(ခ) စာပေ၊ သဘင်၊ ဂီတ၊ ယဉ်ကျေးမှုအပါအဝင်တိုင်းတစ်ပါး၏ သြဇာလွှမ်းမှု၊ ထိုးဖောက် ဝင်‌ရောက်မှုကို ကာကွယ်တားဆီးရန်

(ဂ) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရေးနှင့် ဝံသာနု ရက္ခိတတရားများထွန်းကားပျံ့ပွါး စေရေး မျိုးဆက်သစ်လူငယ်များကို အသိတရားရှိရှိလက်ဆင့်ကမ်းအမွေပေးရန်၊ ရိုးရာ စာပေ၊ သဘင်၊ ဂီတ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို မြတ်နိုးတန်းဖိုး ထားတတ် စေရေး အလေ့အကျင့်ကောင်းများ မွေးမြူပေးရန်နှင့် အမျိုး၊ ဘာသာ၊ သသနာ ပျက်စီး တိမ်ကောစေမည့် အလုပ်အကိုင် အပြောအဆို အမူအကျင့်များကို ရှောင်ရှားရန်


 တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်တိုင်းရင်းသားလူမျိုးနှင့် လူမျိုးများ၏ ဆင်းသက်လာပုံ

 မြန်မာနိုင်ငံအတွင်းတွင် နေထိုင်သော ဗမာနှင့်တိုင်းရင်းသားလူမျိုးစုအားလုံးသည် မွန်ဂိုလွိုက် လူမျိုးကြီးမှဖြာဆင်းသက်လာသော လူမျိုးစုကြီးဖြစ်သည်ဟု သမိုင်းပညာရှင်တစ်ချို့က ယုံကြည်လက်ခံ ထားကြပြီး အာရှတိုက်အလယ်ပိုင်းတွင် နေထိုင်ကြသော မူလပင်ရင်း မွန်ဂိုလွိုက်လူမျိုးကြီးတွင် အုပ်စု (၂)စုရှိသည်။ ၎င်းတို့မှာ (၁)သြစရစ်အုပ်စု (၂)တိဘက်-တရုတ်အုပ်စုတို့ဖြစ်ကြသည်။  သြစရစ်အုပ်စုတွင် သြစရိုနီးရှမ်းအုပ်စု၊သြစရိုအေးရှားတစ်အုပ်စုနှင့်တိဘက်-တရုတ်အုပ်စုတွင် တိဘက်-တိုဘားမင်း(ခေါ်) တိဘက်မြန်မာအုပ်စု၊ တိုင်တရုတ်အုပ်စုဟု ထပ်မံကွဲပြားကြသည်။

 မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးဝင်ရောက်လာသူများမှာ တိဘက်မြန်မာအနွယ်ဝင် မွန်ခမာ လူမျိုးများ မရှေးမနှောင်း ဝင်ရောက်လာသူများမှာ ပျူလူမျိုးများဖြစ်သည်။ တနင်္သာရီတိုင်းမှ ဆလုံနှင့် ပသျှူးလူမျိုးတို့သည် သြစရစ်အုပ်စုတွင်ပါဝင်သော သြစရိုနီးရှမ်းအစုဝင်များဖြစ်ပြီး ထားဝယ်နှင့် မြိတ် တို့သည် ဗမာလူမျိုးအုပ်စုဝင် တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည်။ တိဘက်-မြန်မာမျိုးနွယ်စုဝင်များ ဖြစ်ကြသည်။ 

  ရှေးဗမာအစုတို့သည်   မြန်မာနိုင်ငံအတွင်းသို့   လွန်ခဲ့သော   ရာစုနှစ်ပေါင်း မြောက်များစွာက   ဝင် ရောက်လာကြပြီးနောက်  ဘူမိနက်သန် ရေခံမြေခံကောင်းသော ရေကြည်ရာ မြက်နုရာနေရာကို ရှာဖွေ၍ ရွှေ့ပြောင်းနေထိုင်လာ ခဲ့ကြရာမှ  ကာလဒေသ  အခြေအနေအရ  ထားဝယ်ဒေသသို့   ရောက်ရှိလာသည့် အချိန်တွင် သူ့အစုနှင့်သူနေထိုင်လျက်ရှိကြပြီး ဒေသခံရှိရင်းစွဲရှေးမြန်မာပျူလူမျိုးများဖြစ်သည့် ထားဝယ် လူမျိုးများနှင့်တွေ့ဆုံကြရာတွင် ဘာသာအယူဝါဒ၊ယဉ်ကျေးမှု၊အခြေခံကအစ တူညီမှုရှိကြသည့် “ မျိုးတူ နွယ်တူ မျိုးနွယ်စုများ” ဖြစ်သည်ကို တွေ့ကြရလေ၏။  ထိုကဲ့သို့  ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ် အလာတို့  တူညီမှုရှိခဲ့သော်လည်း  တစ်ကျောင်းတစ်ဂါထာ၊  တစ်ရွာ တစ်ပုဒ်ဆန်းဆိုဘိ သကဲ့သို့   စကား အခေါ်အဝေါ် လေယူ၊ လေသိမ်း အသံထွက်အချို့နှင့် ဝေါဟာရတို့ အနည်းနှင့်အများ တစ်စတစ်စ ကွဲပြား ခြားနားသွားကြသည်။

 ယောနယ်တွင်    ယောသူ၊  ယောသားများ၊    ရှမ်းပြည်နယ်တွင်   ဓနု၊  တောင်ရိုး၊   အင်းသားများ၊     အနောက်ဘက်တွင်   ရခိုင်များနှင့် တောင်ဘက်တွင် ထားဝယ်သူ၊ ထားဝယ်သားများ  အသီးသီးအခြေချ နေထိုင်လာခဲ့ကြသည်။

 ဗမာစကားကို အသံကွဲ၍ပြောဆိုနေကြသော ဗမာမျိုးနွယ်အစုဝင်ဖြစ်သည့် ရှေးဟောင်းဗမာများ မှာ တောင်ရိုး၊ အင်းသား၊ ဓနုနှင့် အနောက်ဘက်သားများမှာ ရခို်င်၊ ယော၊ ချောင်းသား၊ တောင်ဘက် သားများမှာ ထားဝယ်ခရိုင်မှ ထားဝယ်သားများ၊ မြိတ်ခရိုင်မှ မြိတ်သားများဖြစ်ကြသည်။

 ထားဝယ်သူ၊ထားဝယ်သားများသည် ရှေးပဝေသဏီကပင် တိုင်းပြည်မြို့ပြထီးနန်းနှင့်တကွ ဗမာ စကားကို အသံကွဲ၍ ထားဝယ်စကားပြောသည့် ထားဝယ်လူမျိုးဟုရှိခဲ့ပေသည်။ ထားဝယ်လူမျိုးဟု ရှိနေ သည့်အဖြစ်ကြောင့် ထားဝယ်စကားဟု တစ်ဘာသာ မြန်မာစကားနှင့် လုံးလုံးကွဲ၍လည်းကောင်း၊ တချို့ စကားမှာမူ ဆင်တူယိုးမှားဖြစ်၍သော်လည်းကောင်း ယနေ့အချိန်အထိပြောဆိုနေကြပေသည်။

ထိုကြောင့် ထားဝယ်လူမျိုးတို့သည် ရှေးနှစ်ပေါင်းမြောက်မြားစွာကတည်းကပင် ထားဝယ်ဒေသ တွင် နေထိုင်ကြလျက်ရှိပြီး ဗမာစကားကို အသံကွဲ၍ ထားဝယ်အသံ (စကား)ဖြင့် ပြောဆိုကြခြင်း၊ ကိုယ့် ထီး ကိုယ့်ကြဌန်းနှင့် နေထိုင်လာကြခြင်း၊ ဘာသာအယူဝါဒ၊ ရိုးရာယဉ်ကျေးမှုဓလေ့များသည်လည်း      သူ့ဓလေ့နှင့်သူရှိနေကြခြင်းတို့ကြောင့် ထားဝယ်လူမျိုးတို့သည် ရှေးပဝေသဏီကတည်းကပင် ရှိနှင့်နေ သည့်ရှေးကျသော တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပေသည်။

 နေထိုင်ရာဒေသများ

ထားဝယ်တိုင်းရင်းသားတို့သည် ရှေးအစဉ်အဆက်ကတည်းက ထားဝယ်ခရိုင် (ထားဝယ်ဒေသ) အတွင်းရှိ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်တို့တွင် အများစု နေထိုင်ကြပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်၊ ကော့သောင်ခရိုင်အတွင်းရှိ မြို့ရွာများ၊ ပြည်တွင်းရှိ ရန်ကုန်၊ မန္တလေး၊မော်လမြိုင်၊ရေးစသည့်မြို့များနှင့်ဒေသအနှံ့အပြားတွင် လည်း ကောင်း၊ ထိုင်းနိုင်ငံ၊ မလေးရှားနို်ငငံ စသည့်နိုင်ငံများလည်းကောင်း ပြန့်ကျဲနေထိုင်ကြသည်။

သွင်ပြင်လက္ခဏာ

ဗမာလူမျိုးနှင့် ထားဝယ်တိုင်းရင်းသားတို့၏ သွင်ပြင်မှာ မကွာခြားပေ။ ထားဝယ်တိုင်းရင်းသား တို့သည် ဟန်ဆောင်မှုကင်းပြီး ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်ဆံသည့် အလေ့အထရှိသည်။ 

ရိုးရာဓလေ့ထုံးစံများ

ထားဝယ်တိုင်းရင်းသားတို့တွင် အခြားဒေသများတွင် မရှိသော သို့မဟုတ် အခြားသော ဒေသများ နှင့်မတူ တမူခြားနားသော ရှေးထားဝယ်ရိုးရာဓလေ့များစွာရှိပါသည်။ ဝါဆိုကန်တော့ခြင်း၊ ထားဝယ် ရိုးရာသပိတ်မျှောပွဲ၊ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲ၊ ရပ်ရွာများတွင် ဘာသာရေးနှင့် ရပ်ရွာရေးကိစ္စများ ဆောင်ရွက်ရန် ရွာလယ်ဇရပ်များ ဆောက်လုပ်ထားခြင်း၊ နတ်ကွန်းကလေးများ(ထားဝယ်ခေါ်-ရှင်ဂီးအီ) ဆောက်လုပ်၍ ရပ်ရွာစောင့်ရှောက်သော နတ်အား ကန်တော့ပွဲဖြင့် တင်မြှောက်ပသ ဆုတောင်းခြင်း၊ ဘုရားမီးကန်ပွဲ ( မီးပုံ၍ ဘုရားအား မီးပူဇော်ခြင်း)၊ ကလေးသကြႅန် (သကြႅန်ကျရက်မတိုင်မီ အကြိုသုံး ရက်တွင် ကလေးများ ရေကစားခြင်း)၊ ပွဲစံ (သကြႅန်ရက်များအတွင်း ပွဲစံဟုခေါ်သော ပွဲတစ်မျိုးကို ရပ် ကွက်တစ်ခုတည်းကဖြစ်စေ၊ ရပ်ကွက်များစုပေါင်း၍ ဖြစ်စေကျင်းပခြင်း)၊ ဖားထီး ဖားမပွဲ သို့မဟုတ် မိုး ခေါ်ပွဲ ( မိုးခေါင်သည့်အခါ လွန်ဆွဲပွဲလုပ်၍မှ မိုးမရွာ လျင် ဖားထီးဖားမပွဲ သို့မဟုတ် မိုးခေါ်ပွဲ ကျင်းပ ပြုလုပ်ခြင်း)၊ အသုဘပို့ အဝတ်ဖြူလဲခြင်း ( ရှေးအစဉ်အဆက်ကပင် ထားဝယ်အသုဘပို့သည့်အခါ သေ ဆုံးသူ၏ဆွေမျိုးသားချင်းများက ခါးတွင် ပိတ်စအဖြူ လုံချည်ထမီပေါ်မှထပ်ဝတ်၍ ခေါင်းတွင် ဗျက် နှစ်လက်မခန့်ပိတ်ဖြူစကို ပတ်လျက်လိုက်ပါရသည်။ ယခုအချိန် ယင်းဓလေ့ကို လုပ်ဆောင်သူနည်းလာ သည်။) စသော ရိုးရာဓလေ့များရှိပေသည်။

ထို့အပြင် ရိုးရာဓလေ့ထုံးစံများကို ထားဝယ်သူ၊ထားဝယ်သားများက  (၁) ကျန်းမာရေးကို မူတည် ခြင်း (၂) ဘေးအန္တရာယ်ကင်းရေးကို မူတည်ခြင်း (၃)အကျိုးစီးပွားတိုးတက်ရေးကို မူတည်ခြင်း (၄) မည် သည့်အဓိပ္ပါယ်မျှမရှိ လုပ်ရိုးလုပ်စဉ်အတိုင်း ရှေးအခါကစပြီးလုပ်နေခဲ့၍ လုပ်သည်ဟု အစွဲအလမ်းကို မူတည်ခြင်း စသည်ဖြင့် လေးမျိုးခွဲခြား၍ လုပ်ကိုင်ကြသည်။

ဘာသာစကားနှင့်စာပေ

ထား၀ယ်စကားသည် ဘာသာဗေဒ အခေါ်အဝေါ်အားဖြင့် ( Dialect ) ဟုခေါ်သော ဒေသန္တရ စကား သို့မဟုတ် ဒေသိယစကားတစ်မျိုးပင်ဖြစ်သည်။ “ ဒေသိယစကား” ဟူသည် ဒေသသုံးစကားပင် ဖြစ်သည်။ ထားဝယ်စကားသည် နေရာဒေသအလိုက် ကွဲပြားသော အသွင်ကွဲ မြန်မာစကားတစ်မျိုးဖြစ် သည်။ ထားဝယ်စကား၏ ထူးခြားသော အသံထွက်ပုံများတွင် (၁) မြန်မာနှင့်မတူသော သရအသံထွက် များ (၂) အပင့်အရစ်မြှုပ်သံများ (၃) လဆွဲသံများ (၄) အသံပျော့နှင့် အသံမာ အလဲအလှယ်ပြုစကားများ (၅) အစဗျည်းမြှုပ် သို့မဟုတ် အစသံချန်ပြောစကားများ (၆) နှစ်လုံးထပ်စကားနှင့် ဝိသဇ္ဖနီသံများ (၇) မပီ သသော စကားဆက်နှင့်အဆုံးသတ်များ စသည့်တို့ပါဝင်ပါသည်။ 

ထားဝယ်စကား၊ ယဉ်ကျေးမှုဓလေ့များ သင်ကြားရေး ဘာသာရပ်ဆိုင်ရာ အခြေခံပညာ သင်ရိုး ညွှန်းတမ်းသင်ရိုးမာတိကာပြုစုရေးလုပ်ငန်းကော်မတီက ပြုစုထားသည့် ထားဝယ်စကားအခြေခံသူငယ် တန်းဖတ်စာ KG ၊ ပထမတန်းဖတ်စာ Grade-1 ၊ ဒုတိယတန်းဖတ်စာ Grade-2 ကျောင်းသားကိုင်နှင့် ဆရာကိုင်စာအုပ်များအား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့က ကျင်းပပြုလုပ်သည့် ပညာ ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး(၃၆⁄၂၀၂၀)အစီအစဉ်(၄၈)၏ ဆုံးဖြတ်ချက်အရ ဒေသသင်ရိုးစာသင်ချိန်တွင် သင်ကြားခွင့်ပြုရန်နှင့် ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့၏အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။ သို့သော် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်ကုန် ဆုံးချိန်တွင် အဆိုပါကျောင်းသုံးပုံနှိပ်စာအုပ်များအား ပညာရေးဝန်ကြီးဌာနက  ပုံနှိပ်ထုတ်ဝေပေးခဲ့၍ ဆရာ၊ဆရာမများအား ထားဝယ်တိုင်းရင်းသားဘာသာသင်ကြားပေးပြီးနောက် ကျောင်းသား၊ကျောင်းသူ များကို ဆက်လက်သင်ကြားပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ဝတ်စားဆင်ယင်မှု

ထားဝယ်ရိုးရာဝတ်စုံ (အမျိုးသားဝတ်စုံ)မှာ ခေါင်းပေါင်းဖြူ ( ဖားအူပိုင်း )၊ လည်ကတုံး၊ တိုက်ပုံ၊ ထားဝယ်ရိုးရာလုံချည်နှင့် ထားဝယ်ရိုးရာဝတ်စုံ ( အမျိုးသမီးဝတ်စုံ ) မှာ ဆံလေးတို အရှေ့ခွဲ ရင်စည်း အင်္ကျီ၊ ထားဝယ်ရိုးရာထမိန်၊ သဘက်ပိုင်း၊ ဖားအူပိုင်းတို့ကိုခေတ်နှင့်လျော်ညီအောင် ယဉ်ကျေးသိမ်မွေ့ စွာဝတ်ဆင်ကြသည်။ ထားဝယ်ရိုးရာသည် အဆင်အားဖြင့် ရေလှိုင်း၊ ခရေပွင့်၊ ခြင်းလုံး၊ ထရံဟု လေးမျိုး ခွဲခြားလေ့ရှိပြီး အရောင်အားဖြင့် စုံလင်အောင် ဝတ်ဆင်ကြပါသည်။

ကိုးကွယ်ယုံကြည်မှု

ထားဝယ်ဒေသသည် ပုဂံ-အနိရုဒ္ဓခေတ်ထက်စော၍ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားခဲ့သော     ဒေသဖြစ်သည်။ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသော ဒေသလည်းဖြစ်သည်။ ထို့အပြင် အေဒီ(၃)ရာစု မှ(၁၀)ရာစုအတွင်း ဝဇီရာယာနနှင့်တန္တရာယာန...

ထားဝယ်ဒေသသည် ပုဂံ-အနိရုဒ္ဓခေတ်ထက်စော၍ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားခဲ့သော     ဒေသဖြစ်သည်။ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသော ဒေသလည်းဖြစ်သည်။ ထို့အပြင် အေဒီ(၃)ရာစု မှ(၁၀)ရာစုအတွင်း ဝဇီရာယာနနှင့်တန္တရာယာန ဗုဒ္ဓဘာသာလည်း ထွန်းကားခဲ့ဟန်ရှိသည်ဟု ဆိုနိုင် သော ဒေသဖြစ်ပေသည်။

ထားဝယ်ခရိုင်အတွင်း တည်ထားကိုးကွယ်ခဲ့ကြသော သမိုင်းဝင်ဘုရား၊ စေတီပုထိုး ကျောင်းကန် နှင့် သာသနာတော်ဆိုင်ရာ အဆောက်အဦများစွာ ရှိပါသည်။ ထားဝယ်တိုင်းရင်းသားတို့၏ နေအိမ်၌ ဘုရားစင်ကို အိမ်ဦးတွင်ထားကာ တခမ်းတနား  ယုံကြည်ကိုးကွယ်ဆည်းကပ်ကြသည်။ ဘုရားစင်တွင် ပန်းအိုးအပြင် “ ညောင်ရေအိုး ” ဟုခေါ်သော အိုးသုံးလုံးတွင် ညောင်ရေပန်းဟုခေါ်သည့် ရွက်လှပန်း တစ်မျိုးကို ထိုးလေ့ရှိသည်။ 

ထားဝယ်သူ ထားဝယ်သား အများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ဘုရားကိုးကွယ်မှုနှင့်အတူ  နတ်ကိုးကွယ်မှုကိုလည်းရှိပါသည်။ ရိုးရာနတ်အပေါ် ယုံကြည်လေးစားသည်။ ရိုးရာဓလေ့အတိုင်း ရိုးရာ အိမ်တွင်း နတ်အိမ်အောက်နတ်၊ ရွာစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်မင်း မဟာဂီရိနတ်၊ ဦးရှင်ကြီးနတ်၊ ၃၇ မင်းနတ်စသည့်တို့ကို ကိုးကွယ်ပသကြသည်။ နတ်တော်လတွင် ရပ်ကွက်၊ ကျေးရွာ များ၌ တစ်နှစ်တစ်ခါ နတ်ပွဲကျင်းပသည်။

အုပ်ချုပ်မှုအစဉ်အလာ

ထားဝယ်ဒေသသည် ပုဂံ - အနိရုဒ္ဓမင်းခေတ်မတိုင်မီကတည်းက ထားဝယ်ပဒေသရာဇာများက မြို့ပြထီးနန်းတည်ထောင်၍  အုပ်ချုပ်နေခဲ့သော ဒေသဖြစ်သည်။   ထားဝယ်ဒေသတွင် မှတ်တမ်းတင် ထားသော မြို့ဟောင်းနေရာ (၁၈) နေရာရှိသည်။ ယင...

ထားဝယ်ဒေသသည် ပုဂံ - အနိရုဒ္ဓမင်းခေတ်မတိုင်မီကတည်းက ထားဝယ်ပဒေသရာဇာများက မြို့ပြထီးနန်းတည်ထောင်၍  အုပ်ချုပ်နေခဲ့သော ဒေသဖြစ်သည်။   ထားဝယ်ဒေသတွင် မှတ်တမ်းတင် ထားသော မြို့ဟောင်းနေရာ (၁၈) နေရာရှိသည်။ ယင်းမြို့များကို အောက်တွင် ဖော်ပြထားပါသည်။ မှတ် တမ်းမတင်ရသေးသော ရှေးမြို့ဟောင်းတွေလည်းရှိပါသည်။ ယင်းမြို့ဟောင်းများအနက် လက်တွေ့ သုတေသနပြုချက်အရ အစောဆုံးမြို့ဟောင်းမှာ ဘုမ္မိဒေဝနာဂရဖြစ်ပြီး ဒုတိယအစောဆုံးမှာ သာဂရ ဖြစ်သည်။ ထားဝယ်သာဂရမှာ ပထမသာဂရခေတ်၊ ဒုတိယသာဂရခေတ်၊ တတိယသာဂရခေတ်ဟု ခေတ်သုံးခေတ် တိုင်တိုင် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားစွာ ထွန်းကားခဲ့ပါသည်။ နှစ်ပေါင်း (၉၀၀) ခန့်တည်တံ့ခဲ့ပါသည်။

ရိုးရာယဉ်ကျေးမှု

ရှေးထားဝယ်များ၏ ရိုးရာအကမှာ (၃) မျိုးရှိသည်။ ၎င်းတို့မှာ (၁) ရမ်းအက (၂) ဒိန်းအက (၃) အိုးစည်အက တို့ဖြစ်ပါသည်။ ထို့အပြင် ထားဝယ်ရိုးရာ ရေအိုးရွက်အကမှာလည်း ရိုးရာအက တစ်ခုဖြင့် ထင်ရှားပေသည်။

ရှေးထားဝယ်များ၏ ရိုးရာအကမှာ (၃) မျိုးရှိသည်။ ၎င်းတို့မှာ (၁) ရမ်းအက (၂) ဒိန်းအက (၃) အိုးစည်အက တို့ဖြစ်ပါသည်။ ထို့အပြင် ထားဝယ်ရိုးရာ ရေအိုးရွက်အကမှာလည်း ရိုးရာအက တစ်ခုဖြင့် ထင်ရှားပေသည်။

ဆောင်ရန်

ထားဝယ်တိုင်းရင်းသားတို့သည် ဘာသာသာသနာကို ကိုင်းရှိုင်းမှုရှိပြီး ရိုးရာဓလေ့အတိုင်း ရိုးရာ နတ်ကိုလည်းပူဇော်ပသကြသည်။ လူမျိုးခြားအကြောင်းပြု၍နတ်ပွဲကျင်းပခြင်းတို့ကိုလည်း လုပ်ဆောင် ကြသည်။

ထားဝယ်တိုင်းရင်းသားတို့သည် ဘာသာသာသနာကို ကိုင်းရှိုင်းမှုရှိပြီး ရိုးရာဓလေ့အတိုင်း ရိုးရာ နတ်ကိုလည်းပူဇော်ပသကြသည်။ လူမျိုးခြားအကြောင်းပြု၍နတ်ပွဲကျင်းပခြင်းတို့ကိုလည်း လုပ်ဆောင် ကြသည်။

ဟိန္ဒူဘာသာဝင်များ မဟာပိန္နဲနတ်ဘုရား လှည့်လည်ရာ ထားဝယ်သူ ထားဝယ်သားအများပင် လိုက်ပါ၍ အုန်းဌက်ပျောကန်တော့ပွဲဆက်ခြင်းနှင့် မောင်းမကန်ကျေးရွာတွင် နှစ်စဉ်ဆင်အရုပ်ကို နတ်ပွဲ ပေးခြင်း(ကုလားရွက်လှေကြီးများသည် ထားဝယ်ဘက်မှ ဆင်များကို တင်ယူသွားကြစဉ် မောင်းမကန် ပင်လယ်တွင် လှေတစ်စင်းပျက်ခဲ့ပြီး လှေပျက်ရာ၌ ဖိုးသီး ခေါ် ဟိန္ဒူကုလား လှေသူကြီးသည် နတ်အ ဖြစ်ဝင်ပူးပြီး မိမိဆင်ကို အလျော်တောင်းသည်ကအစပြု၍ ဆင်ရုပ်ထုပြုလုပ်လျက် ရေချိုးပေးခြင်း၊ အမှု ပြုကာ နတ်ကန်တော့ပွဲများပေးခြင်းဖြစ်သည်)၊ ပေါင်းလောင်းကျေးရွာနေ ရပ်သူ ရွာသားများက ပေါင်း လောင်းနတ်အရုပ်ကြီး ( မွတ်ဆလင်.. နတ်အရှင်ကြီး)အား ယုံကြည်ချက်အရ နှစ်စဉ်နှစ်တိုင်း နတ်တော် လတွင် နတ်က၍ နတ်ပွဲပေးကြလေသည်။ ထိုနေရာတွင် မွတ်စလင်တို့က ဒါ(လ်)ကာပွဲကို  နတ်ပွဲနှင့် တစ်ချိန်တည်းကျင်းပကြသည်။ 

ရှောင်ရန်

ထားဝယ်ရိုး ကြက်ကိုး” အစား  “ထားဝယ်ရိုး ကြက်ခိုး”ဟု ပြောဆိုခြင်းသည် ရိုးလှပါသည်ဆို သည့် ထားဝယ်သားသည် အနည်းဆုံးကြက်လောက်တော့ ခိုးတတ်ပါသေးသည်ဟု အဓိပ္ပာယ် သက် ရောက်ပါသည်။ ယင်းသို့ “ထားဝယ်ရိုး ကြက်ခိုး”ဟု ပြောဆ...

ထားဝယ်ရိုး ကြက်ကိုး” အစား  “ထားဝယ်ရိုး ကြက်ခိုး”ဟု ပြောဆိုခြင်းသည် ရိုးလှပါသည်ဆို သည့် ထားဝယ်သားသည် အနည်းဆုံးကြက်လောက်တော့ ခိုးတတ်ပါသေးသည်ဟု အဓိပ္ပာယ် သက် ရောက်ပါသည်။ ယင်းသို့ “ထားဝယ်ရိုး ကြက်ခိုး”ဟု ပြောဆိုခြင်းကို ထားဝယ်သားများ မနှစ်သက်ပေ။ အမှန်မှာ ကောဇာသက္ကရာဇ်၇၉၂ခုနှစ်မှာဝေဒီမြို့အား-တည်ခဲ့သည်။ ဝေဒီမင်းဆက်၏ နောက်ဆုံးမင်းမှာ စောသီလဖြစ်သည်။  ပထမအင်းဝခေတ်နှင့်ခေတ်ပြိုင်ဖြစ်သည်။ ဘုရင်စောသီလတွင် မောင်ဗအဲဟုခေါ် သော သက်တော်စောင့်တစ်ဦးရှိသည်။ မောင်ဗအဲတွင် အလွန်ချောမောလှပသော ဇနီးရှိသည်။ ဆေး ပညာတတ်မြောက်ပြီး အတွေးအခေါ်ဉာဏ်ပညာကြွယ်ဝ၍ စောပညာဟုလည်း ခေါ်ဝေါ်ကြသည်။ တစ် နေ့တွင် ဘုရင်စောသီသည် မယ်စောကိုတွေ့မြင်သွား၍ တပ်မက်မိသည်။ သို့နှင့် မောင်ဗအဲကို အကွက် ဆင်၍ တောထဲ၌ ကြက်(တည်)တိုက်ကြရန် မိန့်ကြားသည်။ မောင်ဗအဲမှာ ကြက်တိုက် ဝါသနာပါသည်။ ဘုရင့်အမိန့်ဖြစ်၍ မောင်ဗအဲက ကြက်တိုက်ရန် ကြက်ပိုက်ပြီး တောထဲသို့ လိုက်သွားသည်။ စောပညာ ခေါ် မယ်စောက အခြေအနေကို သုံးသပ်ပြီး သံသယဖြစ်၍ မလိုက်ရန် လင်တော်မောင်ကို တားမြစ် ခဲ့သည်။ တောထဲတွင် မောင်ဗအဲမှာရေတွင်းထဲတွန်းချခံရပြီး အသတ်ခံလိုက်ရသည်။ မောင်ဗအဲ အစိမ်း သူရဲဖြစ်သွားသည်ဟုဆိုသည်။ မောင်ဗအဲက အစိမ်းသူရဲအဖြစ်ဝင်ပူးပြီး မိမိနေရန် နတ်ကွန်း ဆောက် ပေးပါ။ မိမိအား ကြက်အရှင်နှင့်ပူဇော်ပသပါဟုပြောသည်။ ထိုအချိန်မှစ၍ ထားဝယ်ဒေသတွင် ထားဝယ် ရိုးကြက်ကိုးဟူသော အဆိုသည် ပေါ်ပေါက်လာသည်။ ထားဝယ်သားတို့၏ ရိုးရာဓလေ့တွင် နတ်ကို ကြက်ဖြင့် ကိုးလေ့ရှိသည်ဟု ဆိုခြင်းဖြစ်သည်။ (ကိုး= ပူဇော်ပသသည်)

မြစ်ကြီးနားမြို့ရှိ   ဗမာ တိုင်းရင်းသားလူမျိုးတို့၏ သမိုင်းကြောင်းနှင့် ရိုးရာဓလေ့ထုံးစံများ

ဗမာတိုင်းရင်းသားလူမျိုးနှင့်လူမျိုးစုများဆင်းသက်လာပုံ

၂။ သမိုင်းဟူသည် ရှေးအတီတေနှစ်ကာလများစွာကဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို စုပေါင်း၍ဖြစ်စေ စကားပြေဖြင့်ဖြစ်စေ အလင်္ကာဖြင့်ဖြစ်စေ ရေးသားခဲ့သည့်စာပေများဖြစ်သည်။ ဤသို့ဆိုလျှင်လွန်ခဲ့သောနှစ်ပေါင်း(၅၀၀)ကျော်ကာလ သက္ကရာဇ်-၁၀၃၅နှစ်တွင် နန်းတက်ခဲ့သော ဝမ်းဘဲအင်းစံမင်းတရားလက်ထက် သက္ကရာဇ်-၁၀၄၂နှစ်တွင် ရေးသားလှူဒါန်းခဲ့သော မြန်မာရှေး အကျဆုံးစာပေမှ အစပြု၍ အေဒီ -၁-ရာစုတွင် ထွန်းကားဖြစ်ပေါ်လာခဲ့သော ဗိဿနိုးခေတ်၊ အေဒီ -၄-ရာစုမှ - ၉-ရာစုအတွင်း ထွန်းကားသော ဟန်လင်းခေတ်၊ အေဒီ-၄-ရာစုမှ ၁၀-ရာစုအတွင်း ထွန်း ကားဖြစ်ပေါ်ခဲ့သောပျုခေတ်ကာလ သမိုင်းကြောင်းပေစာ၊ ထန်းဖူးစာ၊ ပရပိုဒ်စာ တို့မှအစပြုကာ ဗမာ့ထီးဆောင်းမင်းကာလများဖြစ်သည့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်  ခေတ်ကာလအဆက်ဆက်မှတ်တမ်းစာပေနှင့် နှောင်းခေတ် သမိုင်းပညာရှင်၊ မနုဿဗေဒ ပညာရှင် စသည့် ပညာရှင်အသီးသီးတို့၏ လေ့လာဆန်းစစ်သုတေသနပြုမှု အထောက်အထား စာပေ ကျမ်းဂန်များအား ပေါင်း စည်းလေ့လာမှုပြုမှသာ သမိုင်းအား ထုဆစ်ပုံဖော်ရရှိမည် ဖြစ်ပေသည်။

၃။ စွယ်စုံကျမ်းအမှတ်(၁၀)တွင် လေ့လာဖတ်ရှုသိရှိရ သမျှဖော်ပြရမည်ဆိုပါလျှင် ဗမာလူမျိုးတို့ သည်လွန်ခဲ့သောခရစ်နှစ် (၈၀၀)ခန့်က ဗမာအနွယ်ဝင်လူမျိုးစုတို့သည်  သံလွင်မြစ်ကြောင်းကို လိုက် ၍ ကျောက်ဆည်မြို့၏အရှေ့တောင်ဘက်ရှိ နတ်ထိပ်တောင်းကြားမှ မြန်မာပြည်တွင်းသို့စတင် ဝင်ရောက်ခဲ့ရာတွင် “သက်’’နှင့်“ကဒူး” တို့သည်မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက် ကမ်း “တကောင်း” ပြည်၌ လည်ကောင်း၊ ရှေးရခိုင်တို့သည် “ဝေသာလီပြည်” ၌ လည်းကောင်း    မွန် တို့သည် တောင်ဘက်ပင်လယ်ကမ်းခြေ “သထုံ” ပြည်၌လည်းကောင်း၊ ပျူတို့သည် ပြည်မြို့အနီး “မော်ဇာ” ရွာတည်ရှိရာ“သရေခေတ္တရာပြည်”၌လည်းကောင်းနေထိုင်ကြကြောင်း လေ့လာတွေ့ရှိရပေသည်။ ကျောက်ဆည်လွင်ပြင်ရှိ ပန်းလောင်မြစ်၊ ဇော်ဂျီမြစ်၊ စမုန်မြစ် တို့ဖြတ်သန်းစီးဆင်းရာ ဒေသအား“မြစ်သားဆယ့်တစ်ခရိုင်”ဟူ၍ လည်းကောင်း၊ “လယ်တွင်းဆယ့်တစ်ခရိုင်”ဟူ၍လည်းကောင်း မြေဆီဩဇာကောင်းမွန်ခြင်း၊ လယ်ယာစိုက်ပျိုးထွန်ယက်ရန် ရေအလုံ အလောက်ရရှိခြင်း စသဖြင့် လူမျိုးစုများ အခြေချနေထိုင်ထုပ်ကိုင်ရန် ရေခံ၊ မြေခံကောင်းမွန်သည့် ဒေသများတွင် စုစည်းနေထိုင်ခဲ့ ကြလေသည်။

၄။ နောင်တွင်လူဦးရေတိုးတက်များပြားလာသည့်အခါမှ အချို့သည် တောင်တွင်းကြီးဒေသ၊ အချို့သည် စလင်းချောင်းမုန်းချောင်းတို့ရှိရာ “မင်းဘူးခြောက်ခရိုင်”ဒေသနှင့်၊ အချို့သည် “ပုံတောင်၊ ပုံညာဒေသ”အပါအဝင် ချင်းတောင်တန်းဒေသနှင့် “မူးမြစ်ဝှမ်း”ဒေသများသို့ ပျံနှံ့ရောက်ရှိသွားကြ ကြောင်း လေ့လာတွေ့ရှိရပေသည်။

၅။ အချို့စာပေကျမ်းဂန်များ၏ အဆိုအရ(သမိုင်းပညာရှင် ဦးဗရှင်၏ ဖော်ပြချက်အရ)မူ “မြန်မာ အစတကောင်းက ဆိုရိုးစကားနှင့်အညီ အေဒီ ၁၈၂၉-ခုနှစ်တွင် ရေးသားပြုစုခဲ့သော “မှန်နန်း မဟာရာဇဝင်တော်ကြီး”တွင် ဂေါတမမြတ်စွာဘုရားပွင့်တော်မမူမီ မဇ္ဈိမဒေသ ကပိလဝတ်ပြည်မှ “အဘိရာဇာ”မည်သော သကျသာကီမင်းသည် မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းလာ၍ တကောင်းပြည် ကို တည်ထောင်လာသည်မှစ၍ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကာလ ကပိလဝတ်ပြည်ပျက်၍ “ဓဇရာဇါ”မည်သော သာကီဝင်မင်းရောက်ရှိလာကာ ယခင်ရောက်ရှိခဲ့သော သာကီဝင်တို့နှင့် ပေါင်း တက်ကာ တကောင်းပြည်ကို ပြန်လည်တည်ထောင်ခဲ့ရာမှ မင်းဆက်အနွယ်တို့သည် ရခိုင်ပြည် “ဓညဝတီ” “သရေခေတ္တရာပြည်”မှစကာ “ပုဂံ”ကို ဆက်လက်တည်ထောင်၍ “ကုန်းဘောင်ခေတ်” အထိ အဆက်ဆက်အုပ်ချုပ်ခဲ့ပုံကို ဖော်ပြထားရှိပေရာ ဤအဆိုအရ “တကောင်း”မှာ ဗမာလူမျိုးတို့၏ အစဟုမဆိုသာဘဲ “ဗမာနိုင်ငံထီးဆောင်းမင်း”တို့၏ အစဟု ဆင်ချင်သုံးသပ်နိုင်ပေသည်။

၆။ တဖန်ရန်ကုန်တက္ကသိုလ် ကမ္ဘာအရှေ့ဖျားနိုင်ငံများဆိုင်ရာ သမိုင်းဌာန၏ အထူးပါမော က္ခဖြစ်သူဒေါက်တာဂျီ၊အိပ်(ချ)၊လု(စ) { Dr.G.H Luce }  ၏ ရှာဖွေတွေ့ရှိချက်အရမူ တရုတ်နိုင်ငံ၏ မြောက်ပိုင်းတွင်  တူးဖော်တွေ့ရှိရသော    ကျောက်ခေတ်သစ်ဆိုင်ရာ   ရှေးဟောင်းအထောက်အထား ပစ္စည်းများ ၊ ရှေးဟောင်းတရုတ်ရာဇဝင်ကျမ်းများနှင့်မှတ်တမ်းများ၊   မြန်မာနိုင်ငံတွင်ရှာဖွေတွေ့ရှိရ သည့် ရှေးဟောင်းပစ္စည်းများ၊ ကမ္ပည်းကျောက်စာများ၏ နှိုင်းယှဉ်သုတေသနပြုချက်အရ အေဒီ - ၃၅၀ လောက်တွင် တိဗက်-မြန်မာအနွယ်ဝင် ပျူလူမျိုးတို့ စတင်ဝင်ရောက်ခဲ့ကြောင်းနှင့် ထိုအချိန် တွင် မြန်မာနိုင်ငံအတွင်း၌ “သက်” “ကဒူး”နှင့် “ချင်း”လူမျိုးတို့ ရောက်ရှိနေပြီးဖြစ်ကြောင်းနှင့် ယင်းတို့မှာ တိဗက်ပြည်နှင့်  နီးကပ်စွာမြန်မာနိုင်ငံအနောက်မြောက်ဖက်   “အာသံပြည်နယ်”  ဘက်မှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ရှေးဗမာလူမျိုးများဖြစ်သည့် “ပျူ”လူမျိုးတို့မှာမူ တရုတ်ပြည် ယူနန်နယ်ဘက် မှ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပေသည်။

၇။ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဆောင်းပါးရှင် “မာန်သစ်ငြိမ်း”၏ (၂၃.၅.၂၀၂၀)နေ့ထုတ် “ကြေးမုံ”သတင်းစာပါ  “ဗမာလူမျိုးအကြောင်း သိကောင်းစရာ    “ဆောင်းပါးတွင်မူ”  မြန်မာအစုမှာ တိဗက်-မြန်မာအနွယ်ဝင် “လူမျိုးစု” တစ်စုဖြစ်ပြီး “မွန်ဂိုလွိုက်”များဖြစ်ကြောင်းနှင့် မြန်မာတို့သည် ပျူသား-ပျူမြေး-ပျူသွေးအစစ်” ဖြစ်သည်ဟု ဖော်ပြထားရှိပေသည်။ မြန်မာဟူသော အထောက် အထားကို သက္ကရာဇ် ၅၅၂-ခုနှစ် (အေဒီ ၁၁၉၀)ပါ ရှေးဟောင်းကျောက်စာတွင် “မြန်မာ”ဟူသော အသုံးအနှုန်းကို အစောဆုံးတွေ့ရှိရခြင်း၊ အေဒီ - ၁၁၀၂-ခုနှစ်တွင် ရေးထိုးခဲ့သည့် ကျန်စစ်သား မင်းကြီး၏နန်းတည် ရှေးမွန်ကျောက်စာတွင် မြန်မာကို “မိရမာ”ဟုလည်းကောင်း၊ အေဒီ ၁၃၂၄-ခုနှစ်တွင် ရေးထိုးသည့် ရှေးမြန်မာကျောက်စာတွင် “မြံမာ”ဟုရေးထိုးထားသည်ကို တွေ့ရှိရပြီး ရှေးဟောင်းကျောက်စာ၊မင်စာတို့တွင် “မြန်မာ၊ မြမ္မာ(သို့မဟုတ်)မြံမာ” ဟုရေးထိုးခဲ့သည်များကို လေ့လာတွေ့ရှိ ရပေသည်။

၈။ မည်သို့ပင်ဖြစ်စေ “မြန်မာအစ”ဟူသော အဆိုတွင် ကဏ္ဍနှစ်ရပ်၊ အဓိပ္ပါယ်နှစ်မျိုးနှင့် ပြဿနာ နှစ်ရပ်ပေါ်ထွက်လျက်ရှိပေသည်။   ပထမကဏ္ဍမှာ မြန်မာတို့သည် သီးသန့်လူမျိုးအဖြစ်မည်သည့် ဒေသတွင် မည်သည့်ကာလလောက်၌ စတင်ပေါ်ပေါက်လာသည်ဟူသော အစိတ်အပိုင်းဖြစ်၍ ဒုတိယကဏ္ဍမှာ မြန်မာတို့သည် မြန်မာ နိုင်ငံအတွင်းသို့ မည်သည့်ဒေသတွင် မည်သည့်ကာလလောက်က စတင်ဝင်ရောက်လာ၍ မြို့၊ ရွာပြုစု ထီးနန်းစိုက်ထူနေထိုင်ခဲ့သည်ဟူသော အစိတ်အပိုင်းပင်ဖြစ်သည်။

၉။ ရာဇဝင်သုတေသီ၊ သမိုင်းပညာရှင်ကြီးများအနေနှင့်မူ တစ်ဦးနှင့်တစ်ဦးများစွာကွာခြားချက် မရှိ လှဘဲ အာရှတိုက်အလယ်ပိုင်း၊ တရုတ်ပြည်၏ အနောက်မြောက်ဖက်နှင့် တိဗက်ပြည်၏အရှေ့မြောက် ဖက်စပ်ကြားလောက်ဆီ၌ ခရစ်တော်မပေါ်မီနှစ်ပေါင်း (၂၀၀၀) ကာလမှ စ၍ စတင်ပေါ်ပေါက်ခဲ့ကြောင်း ယေဘူယျဆန်းစစ်အတည်ပြုထားရှိကာ ယနေ့ခေတ်ကာလတိုင်အောင်ပင် စဉ်ဆက်မပြတ်လေ့လာရှာဖွေ၊ သုတေသနပြုဆောင်ရွက်လျက်ရှိရာ “ပုံတောင်ပရိုင်းမိတ်” အပါအဝင်တွေ့ရှိ ချက်များစွာ လေ့လာတွေ့ရှိဆဲဖြစ်ပေသည်။

သွင်ပြင်လက္ခဏာများ

၁၅။ ဗမာလူမျိုးသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားတို့အနက် မြန်မာအစုဝင်လူမျိုးများ ဖြစ်သည်။ မြန်မာအစုမှာ တိဗက်-တရုတ်ဘာသာစကားအနွယ်ကြီး၏ အနွယ် တစ်ခုဖြစ်သော တိဗက်-မြန်မာအနွယ်ဝင်လူမျိုးစုတစ်စုဖြစ်သည်။ မျိုးရိုးဗီဇအားဖြင့် မြန်မာအစုဝင် လူမျိုးတို့မှာ နက်မှောင်သွယ်ဖြောင့်သောဆံပင်နှင့် ဝါသော(သို့မဟုတ်)ညိုသော အသားအရောင်ရှိ သည့်  “မွန်ဂိုလွိုက်”များဖြစ်ကြသည်။

၁၆။   စိတ်နေစိတ်ထားမှာ မိမိလူမျိုးကိုချစ်မြတ်နိုင်းတတ်ပြီး ဂုဏ်ယူတတ်ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို တန်ဖိုးထားလေးစားတတ်ကြသည်။ ဇာတိပုညဂုဏ်မာနဖြင့် မိမိတို့လူမျိုးကို အသက်ပေး၍ စောင့်ရှောက်ကြသည်။ ဘာသာတရားကို လေးစားကိုင်းရှိုင်းရိုသေကြသည်။  (၁၂)လရာသီပွဲတော်များကို စည်ကားသိုက် မြိုက်စွာ ကျင်းပကြသည်။  ပင်ကိုယ်သဘာဝအရ ပျော်ရွှင်စွာ နေတတ်ပြီး စေတနာသဒ္ဓါတရားထက်သန်ကာ ရိုးသားပွင့်လင်းဖော်ရွှေခင်မင်တတ်သည်။  မိသားစု ပုံစံဖြင့် နွေးထွေးချစ်ခင်စွာ နေထိုင်တတ်ကြသည်။   မူရင်းဒေသမှ ဖယ်ခွါထွက်ခွါခဲ့ရာ ခရီးစဉ် တစ်လျောက် ဒုက္ခဆင်းရဲနှင့် အကြပ်အတည်းများစွာ အခက်အခဲများစွာကို ကျော် လွှားကာ မြန်မာပြည်တွင်း ဝင်ရောက်ခဲ့ရသဖြင့် အခြားတိဗက်-မြန်မာအနွယ်ဝင်တို့ထက် ဇွဲ၊ သတ္တိ၊ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မှု၊ အမျိုးအတွက် ဂုဏ်ယူတတ်ခြင်း၊ လူမျိုးစု၏ ယဉ်ကျေးမှုနှင့်ဓလေ့ကို ထိမ်းသိမ်း တတ်ခြင်း၊ စည်းလုံးညီညွတ်ခြင်းစသည့် စိတ်ဓါတ်နှင့် အရည်အချင်းများအပြင် တရုတ်နိုင်ငံ နန်ကျောင်ဒေသတွင် မူလနေထိုင်စဉ်က ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့ရသည့် စစ်ပွဲများ၊ တိုက်ပွဲများမှ ရရှိခဲ့သောအတွေ့အကြုံတို့ကြောင့် စစ်ဆင်၊ စစ်ထိုးခြင်းအတတ်နှင့် တိုက်ရည်ခိုက်ရည်ပြည့်ဝခြင်း၊ မြင်းစီး အတတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာတို့အား ဖြတ်သန်းခဲ့ရသည့် ဒေသနှင့် အတွေ့အကြုံများအရ တတ်မြောက် ခဲ့ခြင်းကြောင့် လူမျိုးစုတို့ကို စုစည်းကာတိုင်းနိုင်ငံထူ ထောင်နိုင်ခြင်း ဆည်၊ ကန်သင်း ဆည်ဖို့ရေသွယ်စိုက်ပျိုးနိုင်ခြင်းတို့အား ရှေးကာလကပင် ထူးခြားစွာ ဆောင်ရွက်နိုင်ကြသူများဖြစ်ပေသည်။

ရိုးရာဓလေ့ထုံးစံများ

၁၇။ ဗမာတို့သည် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့် သမိုင်း ခိုင်မာခဲ့ကြသူများဖြစ်သည့်အပြင် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ ဘာသာတရားယဉ်ကျေးမှုနှင့် ရိုးရာ ဓလေ့ထုံးစံများကို အမြတ်တနိုးတန်ဖိုးထားလိုက်နာကြသူများဖြစ်ရာ  ရိုးရာဓလေ့ထုံးစံနှင့်အညီ “မင်္ဂလာ”ဟူသည့် အယူအဆကို အထွဋ်အမြတ်ထားတတ်ကြသူများဖြစ်ရာ နိစ္စဓူဝ ဆောင်ရွက်လေ့ ရှိကြသည်။
၁၈။ မွေးဖွားစဉ်မှစကာ လက်ထပ်ထိမ်းမြားခြင်းအဆုံးမင်္ဂလာ(၁၂)ခန်းနှင့်အညီ ဆောင်ရွက်လေ့ ရှိပြီး ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အုပ်ချုပ်သူထီးဆောင်းမင်းတို့၏ မင်းခမ်းတော်မင်္ဂလာများ၊ တိုင်းသားပြည်သူတို့ မင်္ဂလာအခမ်းအနားများစသဖြင့် စနစ်တကျ သတ်မှတ်ဆောင်ရွက်ခဲ့ကြလေ သည်။
၁၉။ မြန်မာ့ဘုရား၊ ကျောင်းကန်များရှိရှေးဟောင်း “မင်စာ”များကို လေ့လာခြင်းဖြင့် အောက်ပါ ရိုးရာ ဓလေ့ထုံးစံများကို စနစ်တကျသတ်မှတ်လိုက်နာကြကြောင်း တွေ့ရှိရသည်-
(က) မြန်မာ့ဗဟိုရ်စည်နန်းဓလေ့များ(ပုဂံခေတ် အလောင်းစည်သူမင်းကြီးလက်ထက် သက္ကရာဇ်၄၅၅-၅၃၀ ကာလ၊သက္ကရာဇ်
၅၂၇ခုနှစ်မှ စ၍ ဗဟိုရ်စည်တီးခတ်၍ အချိန်အမှတ်အသားပြုုသည့် နန်းဓလေ့)
(ခ) ပုဂံဘုရင်ကျစွာမင်းလက်(သက္ကရာဇ်-၅၉၆-၆၁၂)လက်ထက်ကပင် နရည်းတူရိယာဓလေ့
ပေါ်ပေါက်ခဲ့ခြင်း
(ဂ) ရှေးမြန်မာကျေးလက်တောရွာ ယဉ်ကျေးမှုဓလေ့ ကြက်တွန်သံအမှတ်အသားများ
(ဃ) ပုဂံဘုရင်နရပတိစည်သူမင်းလက်ထက်(သက္ကရာဇ် ၅၃၆-၅၇၃)လက်ထက် သက္ကရာဇ် -
၅၆၀ ပြည့်နှစ်လောက်ကပင် နက္ခတ်အမည်များစတင်သုံးစွဲခြင်း  

၂၀။ ထို့အပြင် မြန်မာ့ပြက္ခဒိန်(၁၂)လအတွက် လအလိုက်(၁၂)လရာသီပွဲတော်များကိုလည်း ဓလေ့ ထုံးစံနှင့်အညီ ကျင်းပမြဲဖြစ်ရာ မြန်မာ့တစ်ဆယ့်နှစ်လရာသီပွဲများ ကျင်းပခြင်းအား ဘိုးတော်ဘုရား လက်ထက်အမတ်သရေသင်္ခယာရေးဖွဲ့သည့် “သာဓိနပျို့” အပိုဒ်( ၃၀ )တွင် အောက်ပါအတိုင်း အကျဉ်းချုပ်ရေးဖွဲ့ထားရှိကြောင်း တွေ့ရှိရလေသည်-
- သင်္ကြန်တာကူး၊နှစ်ဦးညောင်ရေ
စာပုလွေခင်း၊ပဉ္စင်းတော်ခံ
စာရေးတံနှင့် မြစ်ယံပွဲကြီး
ဆီမီးထွန်းချိန်၊ကထိန်နတ်ကျင်း
မြင်းခင်းထွက်ဝင်၊သဘင်မီးဖုံး
ဂူလုံးသဲပုံ၊စေ့စုံစီလျဉ်
ဤသို့ယှဉ်ထား၊လစဉ်စမြဲ
ဆယ့်နှစ်ပွဲ…။

၂၁။ မြန်မာရိုးရာဓလေ့ထုံးတမ်းစဉ်လာများတွင် တစ်ဆယ့်နှစ်လရာသီပွဲတော်များ ကဲ့သို့အဆာပြေ စားသုံးရသောမုန့်များနှင့် သင်္ကြန်ကာလ၊ ဝါဝင်/ဝါထွက်စသည့်  အခါကြီး၊ ရက်ကြီးများနှင့် ပွဲလမ်း သဘင်အလှူ/မင်္ဂလာတို့၌ အထိမ်းအမှတ်မုန့်များပြုလုပ်ဝေငှခြင်း၊ ဘုရားကျောင်းကန်နှင့် ရိုးရာနတ်ပွဲ တို့၌ တင်မြှောက်ပသခြင်းတို့ ဆောင်ရွက်လေ့ရှိပေသည်။   ယင်းသို့ရိုးရာမုန့်များပြုလုပ်ရာ၌ ဝယ်ယူ ခြင်းထက်ဆွေမျိုး၊ မိတ်သင်္ဂဟအသိုင်းအဝိုင်းများဖြင့် တစုတဝေး၊ တပျော်တပါး၊ တယောက်တလက် ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ကြမြဲဖြစ်ရာ အချင်းချင်းပိုမိုရင်းနှီးချစ်ခင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ လက်ရည်တပြင်တည်းအတူတကွ စားသောက်ခြင်းစသည့် နှစ်သက်ဖွယ်ရာယဉ်ကျေးမှု ဓလေ့ထုံးစံ တစ်ရပ်ဖြစ်ပေသည်။

၂၂။ ပျူနှင့် ရှေးခေတ်မွန်တို့ကို အကြောင်းပြု၍ ပေါ်ပေါက်လာသော စာပေ၊ အနုပညာ၊ ဗိသုကာ ပညာ စသည့် ယဉ်ကျေးမှုအချက်အလက်တို့၏ အခြေခံတို့သည် အိန္ဒိယပြည်ဘက်မှ ရောက်ခဲ့ခြင်း ဖြစ်ပေသည်။ အနော်ရထာမင်းလက်ထက် အေဒီ ၁၀၅၀ ခန့်တွင် မြန်မာနိုင်ငံတောင်ပိုင်းကို သိမ်းပိုက်မိသောအခါ ပင်လယ်နှင့် တိုက်ရိုက်ဆက်သွယ်မှုကို ရှေးမြန်မာတို့ ရခဲ့ကြပေသည်။ မြန်မာနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသတွင် နေထိုင်လျက်ရှိကြသော သထုံ၊ ပဲခူး၊ သရေခေတ္တရာတို့မှာ အိန္ဒိယနိုင်ငံသားများနှင့် အဆက်အသွယ် ဖြစ်ခဲ့ကြသည်သာမက ဘင်္ဂလား ပင်လယ်အော်တစ်ဝိုက်ရှိ ဒွါရဝတီ(ယိုးဒယားနိုင်ငံတောင်ပိုင်း)၊ မလ္လာယု၊ သီဟိုဋ်၊ အိန္ဒိယပြည် တောင်ပိုင်းရှိ တေလင်္ဂန၊ ဘင်္ဂလား၊ ပဋိက္ကရားခေါ် ပဋတ္တိကေရစသော တိုင်းပြည်တို့နှင့်လည်း ကူးလူးဆက်ဆံခဲ့ကြသဖြင့် ဆန်းသစ်သော ယဉ်ကျေးမှုဓလေ့ထုံးစံ အချက် အလက်များ ကူးလူးဆက်ဆံ ဖလှယ်နိုင်ခဲ့ကြသော်လည်း မြန်မာ့ရိုးရာ ဓလေ့ထုံးစံများမှာ အစဉ်အလာ မပျက်ရှိဆဲဖြစ်ပါသည်။ နှောင်းလူတို့အတုယူဖွယ်ရာမှတ်သားသင့်ပေသည်။ 


ဘာသာစကားနှင့်စာပေ

ဘာသာစကားနှင့်စာပေ

၂၃။ မြန်မာတို့သည် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့် မည်သည့်နိုင်ငံနှင့်မှ မတူအောင်နေထိုင်ခဲ့ကြသော လူမျိုးများ ဖြစ်ကြသည်။  မြန်မာတို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားဘိုး၊ ဘေး၊ ဘီ၊ ဘင်များမှ ဆင်းသက်လာကြသူများဖြစ်သည့်အလျောက်ပြောဆိုကြသည့် ဝေါဟာရများသည် ရောနှောသွားကြပြီး အသံဖလှယ်မှုများဖြစ်၍ လေယူလေသိမ်း မှစကာ တိုင်းရင်းသားတို့ပြောဆိုကြသည့် “ဒေသိယစကား”တို့မှာလည်း ပြောင်းလဲသွားကြလေသည်။  ယခုခေတ်မြန်မာတို့၏ ပြောဆိုစကားမှာမူ ရှေးမြန်မာတို့၏ ပြောဆိုပုံနှင့် များစွာကွာခြားသွားခဲ့ပြီး ဖြစ်ပေသည်။   ဝေးလံဒေသအချို့ရှိ တိုင်းရင်းသားအချို့တို့တွင်မှု အသံ ကွဲမြန်မာစကားပြောဆိုနေဆဲ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပေသည်။

၂၄။ အသံကွဲမြန်မာစကားပြောဆိုဆဲဒေသများအား လေ့လာရာတွင် အနောက်ဖက်တွင် ရမ်းဗြဲခရိုင် နှင့်စစ်တွေခရိုင် (ရခိုင်စကား)၊ ပခုက္ကူခရိုင်အတွင်းရှိ ထီးလင်းနှင့် ဆောဒေသများတွင်(ယောစကား) ၊ ချင်းပြည်နယ်တောင်ပိုင်း ကုလားတန်မြစ်ရိုးတစ်လျောက်တွင်(ချောင်းသားစကား)၊ တောင်ဘက်ဒေသ များတွင် ထားဝယ်ခရိုင် (ထားဝယ်စကား)၊ မြိတ်ခရိုင်တွင်(မြိတ်စကား)နှင့် ဓနု၊ တောင်ရိုး၊ အင်းသား တိုဖြစ်ကြပေသည်။

၂၅။ မြန်မာစာပေမှာမူ လွန်ခဲ့သော နှစ်ပေါင်း(၉၀၀)ကျော်ကာလ အနော်ရထာမင်းလက်ထက်မှ စတင်သုံးစွဲခဲ့သည်ဟု ယျေဘူယျသတ်မှတ်နိုင်ပေသည်။ လွန်ခဲ့သောနှစ်ပေါင်း(၃၀၀)ကျော်သက္ကရာဇ်  ၁၀၄၂ -ခုနှစ်တွင် ဝမ်းဘဲစံအင်းမင်းတရားလှူဒါန်းခဲ့သည့် ပေစာအား မြန်မာ့ရှေးအကျဆုံးပေစာအဖြစ် လေ့လာတွေ့ရှိရပေသည်။ လေ့လာတွေ့ရှိချက်အရဆိုသော် ဗိဿနိုးခေတ်(အေဒီ-၁)ရာစုနှင့်ဟန်လင်း ခေတ်(အေဒီ-၄)ရာစုမှာ (၉)ရာစု၊ သရောခေတ္တရာခေတ်(အေဒီ-၄)ရာစုမှ (၁၀)ရာစုများဖြစ်သည့် ပျူခေတ်ကပင် စာပေယဉ်ကျေးမှုတို့   ထွန်းကားခဲ့ပြီးဖြစ်ကြောင်း   ပျူခေတ်( အေဒီ - ၅ )ရာစုက ရေးသားခဲ့သော “ခင်ဘရွှေပေချပ်”များဖြင့် အထောက်အထားယူတွေ့ရှိနိုင်ပေသည်။  ပျူစာ ဖြင့်ရေး ထိုးထားသော “ခင်ဘရွှေပေချပ်” (၂၀)တွင် အကြောင်းအရာ(၈)ခုကို ပိဋကတ်ပါဋိတော်မှ ထုတ်နှုတ် ရေးထွင်းထားကြောင်းတွေ့ရှိရသဖြင့် ထိုခေတ်ကပင်ပျူတို့သည် ဘာသာတရားနှင့် ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့သည်ကို သိရှိနိုင်ပေသည်။

၂၆။ မြန်မာစာပေ၏မူလအစတွင်“ပေစာ”အပြင်“ကျောက်စာ”ကိုပါထည့်သွင်းလေ့လာရမည် ဖြစ်ရာမြန်မာစာပေ၏ အစမြစ်ဖျားခံရာမှာ“အာသောကမင်းကြီး” ရေးသားစိုက်ထူခဲ့သည့် “အာသောက ကျောက်စာ”ဖြစ်သည်။  “အာသောကကျောက်စာ”အား အင်္ဂလိပ်၊ပြင်သစ်၊ဂျာမဏီ၊အိန္ဒိယစသည်ဖြင့် ဘာသာအမျိုးပေါင်းများစွာ ပြန်ဆိုခဲ့ကြရာ မြန်မာဘာသာသို့ “ဆရာတော်အရှင်အာဒိစ္စဝံသ”က ပြန်ဆို ခဲ့ပေသည်။ အာသောကကျောက်စာအား “ဗြဟ္မီ အက္ခရာ”ဖြင့် ရေးထိုးထားခဲ့ကြောင်းတွေ့ရှိရသဖြင့်တစ်ကြောင်း၊မွန်၊မြန်မာဘာသာစကားများကို လေ့လာသည့်အခါ အက္ခရာများသည် အိန္ဒိယတောင်ပိုင်းသုံး “ဗြဟ္မီ အက္ခရာ”ပွါးများဖြစ်သောကြောင့် အဆိုပါဗြဟ္မီ အက္ခရာမှ အိန္ဒိယ၊ ဂြတိ၊ ပျူနှင့် မွန်-မြန်မာ အက္ခရာများသို့ အဆင့်ဆင့်တိုးတက်ဆင်းသက်ခဲ့သည်ဟု မှတ်ယူနိုင်ပေသည်။

၂၇။ ထို့ကြောင့် မြန်မာစာပေသည် “ဗြဟ္မီ၊ ဗြဟ္မီကုသန၊ ဂုတ္တလီပိ၊ ဂြန္တ၊ ကဒံဗ၊ မောင်းကန် ရွှေပေချပ်၊ ခင်ဘရွှေပေချပ်၊ ပျူစာ(မြစေတီကျောက်စာ)နှင့် အရိုးအိုးစာများ၊ မွန်-မြန်မာ ကျောက်ထက်အက္ခရာ များ(လေးထောင့်စာ)၊ ပေထက် အက္ခရာ(အဝိုင်းစာ)များအဖြစ် အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ် လာခဲ့ရာမှ ရှေးမြန်မာထီးဆောင်းမင်းအဆက်ဆက်တိုးတက် ဖွံ့ဖြိုးခဲ့ပေသည်။

၂၈။ အိန္ဒိယနိုင်ငံမှ ဆင်းသက်ခဲ့သောပါဋိ၊သက္ကတမှအစ ပျူ၊ မွန်စာပေတို့အလယ်နှင့် သမိုင်းတင်နိုင် ခဲ့သော ပုဂံခေတ်မှအစ သီပေါမင်းပါတော်မူပြီးသည့်ကာလ (ကုန်းဘောင်ခေတ်အဆုံး)အထိ မြန်မာ့ ထီးဆောင်းမင်း(၁၉၁)ပါးတို့ လက်ထက်တစ်လျောက် မြန်မာစာပေသည် အဆင့်ဆင့်တိုးတက်ဖွံ့ဖြိုး ခဲ့ရာ ပျို့၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း၊ သံပိုင်း၊ သမိုင်း၊ ရဲတင်း၊ တမ်းချင်း၊ ဧချင်း၊ သံတိုင်၊ သံဖောက်၊ လူးတား၊  အဏ်ချင်း၊ ရကန်၊ သားချင်း၊ ကာချင်း၊ ဟောစာ၊ လေးချိုး၊ ဒွေးချိုး၊ ယိုးဒယား၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့၊ ဘောလယ်၊ တေးထပ်၊ သဖြန်၊ ကန်ချင်း၊ ငိုချင်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်ချင်းမှအစ စကားပြေဇာတ်တော်၊ ဇာတက ဝတ္ထုများအဆုံး  စာဆိုပညာရှိတို့သည် သုဗောဓါလင်္ကာရ၊ ဝုတ္တောဒယ၊ ကဝိကဏ္ဃပါသ၊ မြန်မာဝစ္စဝါစကာ၊ လေခဝုဎိုစသည့် ကဗျာလင်္ကာဖွဲ့နည်းတို့အပြင် စိန္တာ၊ သုတ၊ အတ္တ၊ ပဋိဘာဏာစသော အဌကထာ နည်းများအတိုင်း ရေးသားထိမ်းသိမ်း ဖွံ့ဖြိုး တိုးတက်ခဲ့ပေသည်။ ထိုကဲ့သို့ စာရေးနည်းဥပဒေ၊ ဥပနိဿယ၊ ဂရူပဒေသ၊ နယူပဒေသ၊ ကဗျာရေး နည်း၊ ကဗျူပဒေသ စသည့် စနစ်ကျနသည့် ရေးထုံးရေးနည်း စနစ်များဖြင့် ရေးသားခဲ့ခြင်းကြောင့် အရှည်တည်တံ့ ခိုင်ခန့်ထည်ဝါသော စာပေအဖြစ်ခေတ် အဆက်ဆက်မတိမ်ကော မပပျောက်တည်တံ့ ခိုင်မာနေခြင်း ဖြစ်ပေသည်။


ဝတ်စားဆင်ယင်မှု

ဝတ်စားဆင်ယင်မှု

၂၉။ ဝတ်စားဆင်ယင်မှုဆိုင်ရာ ရိုးရာဓလေ့ထုံးစံများအနေဖြင့် သမိုင်းမတင်မီ ရှေးဟောင်းခေတ် ကာလများတွင် အခြားမျိုးနွယ်စုများနည်းတူဝတ်စားဆင်ယင်မှု၌ ပထမမွန်ဂိုများကဲ့သို့ ရှိနိုင်သော် လည်း “တကောင်းခေတ်”လောက်မှစတင်၍ “ကြဲသေး”ခေါ် နဂါးရေကိုချုပ်လုပ်သည့် စစ်အင်္ကျီ တစ်မျိုးပေါ်ပေါက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပေသည်။

၃၀။ တကောင်းခေတ်နောက်ပိုင်း ဟန်လင်းနှင့်သရေခေတ္တရာကာလတွင် ပျူယောက်ျားတို့သည် ဗောင်းထုပ်နှင့် မကိုဋ်သရဖူများဆောင်းကြပြီး ပျူမိန်းမများသည် ရွှေနဖူးစည်းများဝတ်ဆင်ကြသည်။ ယောကျ်ား၊မိန်းမနှစ်ဦးစလုံးသည် ပုတီး၊ လည်ဆွဲများဝတ်ဆင်ကြသည်။ သရေခေတ္တရာပျူတို့သည် ခါးဝတ်ပုဆိုးနှင့်ထဘီများဝတ်ဆင်ထားကြောင်းနှင့် ခါးစည်းကြိုးဖြင့် စည်းနှောင်ထားကြောင်း တွေ့ရ သည်။ ထိုအပြင် အင်္ကျီယောင်ယောင်စလွယ်သိုင်းလျက် လက်ကောက်နှင့် နားထောင်းကြီးများကို လည်းဝတ်ဆင်ထားတတ်သေးသည်။ ဆံထုံးမှာ ယောကျ်ား၊ မိန်မနှစ်ဦးစလုံးပင် ဆံစအရင်းလောက် ဆီမှ ဖွဲ့ချည်ထားသော ဆံထုံးနှင့်သျောင်ထုံးများဖြစ်ကြသည်။

၃၁။ ရှေးဦးပုဂံခေတ်ဝတ်စားဆင်ယင်မှုအဖြစ် တရုတ်နိုင်ငံနှင့်အဆက်အသွယ်ရှိပြီးကြောင့် ဗောင်း ထုပ်များဝတ်ဆင်ခဲ့သည်။ အေဒီ(၁၀၄၄)ခုနှစ်လောက်တွင် မြန်မာတို့၏ ဝတ်စားဆင်ယင်မှုများသည်ပိုမိုတိုးတတ်လာပြီး သထုံအနွယ်ဝင် မွန်နှင့်အိန္ဒိယ ယဉ်ကျေးမှုများရောနှောလာခဲ့သဖြင့် နဖူးအလယ် တွင် မှန်ကူကွက်နှင့်အိန္ဒိယတိုင်းရင်းသူဆန်ဆန် ဆံပင်ကို ထုံးဖွဲ့ထားပြီးလျှင် ခါးတို၊ လက်ပြတ်အင်္ကျီ ကျပ်ကလေးများ ဝတ်ဆင်ကာ ဂါဝန်ရှည်သဏ္ဌာန် ကွင်းစွပ် အိတ်ရှုံ့ထဘီ တစ်မျိုးကိုခါးကြိုးဖြင့် ဝတ်ဆင်ကြသည်။ အမျိုးသားများသည် ဆံပင်ကိုနောက်တွဲထုံး၍ အတွင်းခံ ကိုယ်ကျပ် အင်္ကျီဝတ်ဆင် ကာ  “ခစီး” ခေါ်ပုဆိုးတစ်မျိုးကို ကုလားများကဲ့သို့ ဝတ်ဆင် ကြသည်။

၃၂။ အင်းဝခေတ်တွင် ဝတ်စားဆင်ယင်မှုများမှာ အင်းဝသား မြန်မာတို့သည် အင်္ကျီအဖြူလက်ပွနှင့် ခါးဝတ်မှာ ရှေ့မှနောက်သို့ဖြတ်သန်းယူငင်ပြီးလျှင် ပတ်ပတ်လည်ရစ်ထားသည်။ လူကုန်တန်တို့၏ ပုဆိုးမှာ ပေ(၂၀) ရှည်၍ လူသာမန်တို့၏ပုဆိုးမှာ (၁၀)ပေသာရှိသည်။ ယောကျ်ားများသည် ပန်းရိုက်  ထားသော အဝတ်နှင့် ဦးခေါင်းကိုရစ်ပတ်ထားပြီး ကိုယ်တစ်ပိုင်းသာ အင်္ကျီဆင်မြန်းလျက် ပခုံးကို ဗလာ ထားသည်။ မိန်းမများမှာမှု ကိုယ်ပေါ်တွင်ပိတ်ဖြူထည်ကို လွှမ်းခြုံကာ ပန်းရိုက်အဝတ် အထည်ကိုလည် စီးသဖွယ်ဆင်မြန််းကြသည်။

၃၃။ ကုန်းဘောင်ခေတ် ဝတ်စားဆင်ယင်မှုတွင် အမျိုးသမီးများမှာ ဆံထုံးကို နောက်တွဲထုံးပြီးလျှင် ပန်းကုံးများဖြင့် ရစ်ပတ်ထားကြသည်။ အချို့ဆံထုံးများမှာ တစ်ပတ်လျှိုပုံသဏ္ဌာန်ဖြစ်သည်။ အပေါ်ဝတ်အင်္ကျီမှာ ထိုင်မသိမ်းကဲ့သို့ လက်ကျပ်ဖြစ်ပြီး တံပတ်(သို့မဟုတ်) ပုဝါဖြင့် ရစ်ပတ်ထားသည်။ ထဘီမှာ  ရှေ့ခွဲထဘီကို   အထက်ဆင့်ရှည်စွာတပ်ပြီးလျှင်ရင်လျား၍ဝတ်ဆင်သည့်  “ခါးတင်ထိုး” ဝတ်နည်းမျိုးဖြင့် ဝတ်ဆင်ကြသည်။ ယောကျ်ားများကားအများအားဖြင့် အင်္ကျီမဝတ်ဘဲ ပုဆိုးတောင်ရှည် သို့မဟုတ်  “ဧကနံ” ဝတ်လျက်တွေ့ရသည်။ အခမ်းအနားများတွင်သာ  “သိုရင်းပုံ” အင်္ကျီရှည်ကြီးများဝတ်ဆင်ကြသည်။

ကိုးကွယ်ယုံကြည်မှု