MyanmarEthnic groups and areas of residence

ဗမာ

ဗမာလူမျိုးတို့သည် တိဗက်-ဗမာအနွယ်ဝင်များဖြစ်ကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၊ ဧရာဝတီ၊ စစ်တောင်းနှင့် ချင်းတွင်းမြစ်ဝှမ်းလွင်ပြင်ဒေသတို့တွင် အများစုနေထိုင်ကြပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်...

ဗမာလူမျိုးတို့သည် တိဗက်-ဗမာအနွယ်ဝင်များဖြစ်ကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၊ ဧရာဝတီ၊ စစ်တောင်းနှင့် ချင်းတွင်းမြစ်ဝှမ်းလွင်ပြင်ဒေသတို့တွင် အများစုနေထိုင်ကြပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်)

ထားဝယ်

ထားဝယ်လူမျိုးတို့သည် တိဗက်တို-ဘားမားအုပ်စုမျိုးနွယ်မှ ဆင်းသက်လာသည်ဟု သမိုင်းပညာရှင်များက ဆိုကြသည်။ ရှေးစကားအရ ထားဝဘ်အမည်ပေါ်လာခြင်း၏ မူလအခြေခံအကြောင်းအရင်းသည် ဂေါတမမြတ်စွာဘုရားသည် (၁၁) ဝါမြောက်၌ ဝေမိဿတောင်(ကနန်းတောင်ထိပ်)သို့ ကြွရောက်လာပြီး ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူသည်ကို အစွဲပြု၍ ထိုဒေသကို ထားဝယ်...

ထားဝယ်လူမျိုးတို့သည် တိဗက်တို-ဘားမားအုပ်စုမျိုးနွယ်မှ ဆင်းသက်လာသည်ဟု သမိုင်းပညာရှင်များက ဆိုကြသည်။ ရှေးစကားအရ ထားဝဘ်အမည်ပေါ်လာခြင်း၏ မူလအခြေခံအကြောင်းအရင်းသည် ဂေါတမမြတ်စွာဘုရားသည် (၁၁) ဝါမြောက်၌ ဝေမိဿတောင်(ကနန်းတောင်ထိပ်)သို့ ကြွရောက်လာပြီး ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူသည်ကို အစွဲပြု၍ ထိုဒေသကို ထားဝယ် လူမျိုးများဟုလည်းကောင်း ခေါ်ဝေါ်လာခဲ့ကြခြင်း ဖြစ်သည်ဟု လေ့လာသိရှိပါသည်။

ထားဝယ်လူမျိုးတို့သည် စာပေအရေးအသားတွင် ဗမာစာပေရေးသားနည်းကဲ့သို့ ‌ရေးသားကြပြီး အထူးသဖြင့် ရှေးကျသော ပေါရာဏစကားလုံးများကို သုံးနှုန်းပြောဆိုကြသည်။ ထားဝယ်လူမျိုးများ၏ဘာသာစကားနှင့်စာပေသည် မူရင်းဗမာလူမျိုးတို့၏ ဘာသာ စကားနှင့် စာပေတို့နှင့် တူညီသော်လည်း နေရာဒေသ၊ ပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ဓလေ့ထုံးစံတို့အရ အသံအနိမ့်အမြင့် ကွာခြားကြသည်။

ထားဝယ်လူမျိုးများသည် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ လောင်းလုံမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်၀

ရှေးမြန်မာလူမျိုးများ(Wikipedia Webpage)

မြိတ်

မြိတ်လူမျိုးများသည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၏ တောင်ဘက်ဖြစ်သော ပင်လယ်ကမ်းခြေဒေသ မြိတ်ခရိုင်တွင် နေထိုင်ကြသည်။ မြိတ်ကျွန်းစုအတွင်းတွင် ကျွန်းပေါင်း (၈၀၀)ကျော် ပါဝင်ပါသည်။ မြိတ်လူမျိုးများသည် မြန်မာဘာသာစကားကို အဓိကထား၍ သုံးစွဲကြသော်လည်း အသံထွက်ပုံမှာ အခြားမြန်မာလူမျိုးတို့ နားမ...

မြိတ်လူမျိုးများသည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၏ တောင်ဘက်ဖြစ်သော ပင်လယ်ကမ်းခြေဒေသ မြိတ်ခရိုင်တွင် နေထိုင်ကြသည်။ မြိတ်ကျွန်းစုအတွင်းတွင် ကျွန်းပေါင်း (၈၀၀)ကျော် ပါဝင်ပါသည်။ မြိတ်လူမျိုးများသည် မြန်မာဘာသာစကားကို အဓိကထား၍ သုံးစွဲကြသော်လည်း အသံထွက်ပုံမှာ အခြားမြန်မာလူမျိုးတို့ နားမလည်နိုင်အောင်ပင် ကွဲပြားသည်။

မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန်(စာ_၁၂၁)

ဆော(ယော)

ယောလူမျိုးများသည် ဗမာအနွယ်ဝင်များဖြစ်ကြ၍ ဂန့်ဂေါခရိုင်ရှိ ထီးလင်း၊ ဆောနှင့် ဂန့်ဂေါမြို့နယ်များတွင် နေထိုင်ကြသည်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်)

ယောလူမျိုးများသည် ဗမာအနွယ်ဝင်များဖြစ်ကြ၍ ဂန့်ဂေါခရိုင်ရှိ ထီးလင်း၊ ဆောနှင့် ဂန့်ဂေါမြို့နယ်များတွင် နေထိုင်ကြသည်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်)

ရဘိန်း

ရဘိန်းလူမျိုးများကို အောက်မြန်မာပြည်၏ ပိုးရက်ကန်းရက်သူများဟု ခေါ်ဆိုကြပြီး ပဲခူးတိုင်းဒေသကြီး ပဲခူးရိုး၏ တောင်စောင်းများတွင် အများဆုံးနေထိုင်ကြပါသည်။

၁၉၈၁ခုနှစ်၊၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း

ရဘိန်းလူမျိုးများကို အောက်မြန်မာပြည်၏ ပိုးရက်ကန်းရက်သူများဟု ခေါ်ဆိုကြပြီး ပဲခူးတိုင်းဒေသကြီး ပဲခူးရိုး၏ တောင်စောင်းများတွင် အများဆုံးနေထိုင်ကြပါသည်။

၁၉၈၁ခုနှစ်၊၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း

ကတူး/ကဒူး(ခုံကူး)

        ကဒူးမျိုးနွယ်စုဝင်များသည် တိဗက်-ဗမာအုပ်စုမှ ဆင်းသက်လာသော သက်မျိုးနွယ်ဝင်ဖြစ်သည်။ မူးမြစ်နှင့် မဲဇာ၊ ဝန်းသို၊ ကောလင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ဗန်းမောက်၊ ပင်လည်ဘူး၊ မြစ်ကြီးနား၊ အင်းတော်ကြီးအိုင်ဝန်းကျင်တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။

 ...

         ၁၉၃၁ ခုနှစ်တွင် ကဒူး (Kadu) ၃၆၄၀၀ဦး ရှိသည်။ ဗမာအသွင်ပြောင်းလာသော ချင်းဟု ထင်မြင်ကြသည်။ တိဘက်တိုဘာမင်းမှ ရှေးဟောင်း Saks လူမျိုး ဖြစ်နိုင်သည်ဟု ပြောကြသည်။ ကဒူး တို့မူလဒေသ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်ရှိ"မန်စီ" ဖြစ်သည့် အပြင် ဥရုမြစ်ကမ်း တစ်လျှောက်တွင်လည်း နေထိုင်ကြသည်။ ထိုမှအရှေ့ဘက် ကသာနှင့် ရွှေလီမြစ်ဝှမ်းသို့လည်းကောင်း၊ အနောက်ဘက် အထက်ချင်းတွင်းသို့လည်းကောင်း ပျံ့နှံ့ခဲ့သည်။ချင်းတွင်းနှင့် ရွှေလီသစ်တောများတွင် အလုပ်လုပ်ကြသဖြင့် ထိုဒေသများ၌ပင် အခြေချနေထိုင်ကြသည်။ ကဒူးတို့ကို မဏိပူရရှိ Lui (တိဘက်တို-ဘားမန်း) နှင့် တစ်တန်းစားတည်းဟု သတ်မှတ်ကြသည်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်)

Races of Burma(Page- 44)

ကနန်း/ဂဏန်း

ဂဏန်းလူမျိုးများသည် တိဗက်တို-ဘားမန်းအနွယ်ဝင်လူမျိုးဖြစ်သည်။ မြန်မာတို့က ၎င်းတို့ကို ကဒူး၊ ကနန်းဟု ခေါ်ကြသည်။ ကဒူး၊ ကနန်းလူမျိုးတို့သည် ညီအစ်ကို အရင်းအချာများ ဖြစ်ကြောင်းနှင့် ကချင်လူမျိုးတို့သည် အစ်ကိုကြီးဖြစ်ကြောင်း ပြောကြသည်။

ဂဏန်းလူမျိုးများသည် စစ်ကိုင်းတိုင်းဒေသကြ...

ဂဏန်းလူမျိုးများသည် တိဗက်တို-ဘားမန်းအနွယ်ဝင်လူမျိုးဖြစ်သည်။ မြန်မာတို့က ၎င်းတို့ကို ကဒူး၊ ကနန်းဟု ခေါ်ကြသည်။ ကဒူး၊ ကနန်းလူမျိုးတို့သည် ညီအစ်ကို အရင်းအချာများ ဖြစ်ကြောင်းနှင့် ကချင်လူမျိုးတို့သည် အစ်ကိုကြီးဖြစ်ကြောင်း ပြောကြသည်။

ဂဏန်းလူမျိုးများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ဗန်းမောက်မြို့နယ်နှင့် ကချင်ပြည်နယ် ဥရုချောင်းဘက်တွင် နေထိုင်ကြပါသည်။ မူးမြစ်နှင့် မဲဇာတို့တွင်လည်း နေထိုင်ကြပါသည်။

ဆလုံ

ဆလုံလူမျိုးတို့ကို မလေးမျိုးနွယ်အဆက်၊ မွန်-ခမာအဆက်စသဖြင့် ခန့်မှန်းကြသည်။ ရှေးဆလုံ သက်ကြီးရွယ်အိုတို့က မွန်ခဲမ်များဖြစ်သည်ဟု ပြောဆိုလေ့ရှိကြသည်။ဆလုံမျိုးနွယ်စုဝင် များမှာမူ မြိတ်ကျွန်းစုတွင် အများဆုံးနေထိုင်ကြပါသည်။

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်း ဆလုံတိုင်းရင...

ဆလုံလူမျိုးတို့ကို မလေးမျိုးနွယ်အဆက်၊ မွန်-ခမာအဆက်စသဖြင့် ခန့်မှန်းကြသည်။ ရှေးဆလုံ သက်ကြီးရွယ်အိုတို့က မွန်ခဲမ်များဖြစ်သည်ဟု ပြောဆိုလေ့ရှိကြသည်။ဆလုံမျိုးနွယ်စုဝင် များမှာမူ မြိတ်ကျွန်းစုတွင် အများဆုံးနေထိုင်ကြပါသည်။

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်း ဆလုံတိုင်းရင်းသားများ နေထိုင်လျက်ရှိသောမြို့နယ်နှင့် ကျွန်းများမှာ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်ရှိ ဒုံးပုလဲအော်၊ ဒုံးညောင်းမှိုင်း၊ ပရောဝါး၊ ကန်မော်ကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ လငမ်း၊ စက်တပ်ဂလဲ့၊ ကော့သောင်းမြို့နယ်ရှိ မကြုံဂလက်၊ ဇာဒက်ကြီး၊ ဂျလမ်း၊ ကျွန်းမဲ၊ ညောင်ဝိ တို့ဖြစ်ကြသည်။

တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ တင်ပြသောစာရင်းအရ ဆလုံလူမျိုးများမှာ ကျွန်းစုမြို့နယ်တွင်(၄၂၄)ဦး ၊ကော့သောင်းမြို့နယ်တွင် (၁,၀၁၆)ဦး၊ ဘုတ်ပြင်းမြို့နယ်တွင်(၃၀၄)ဦးရှိကြောင်း ဖော်ပြထားပါသည်။

၁၉၉၇ခုနှစ် ရန်ကုန်တက္ကသိုလ်၊ မနုဿဗေဒဌာနမှ ကွင်းဆင်းခဲ့စဉ်အချိန်က ဇာဒက်ကြီးကျွန်းရှိ တလွန်းဆလုံရွာတွင် အိမ်ခြေ(၉၈) အိမ်ရှိ၍ ဆလုံ(၅၀၅)ဦးနှင့် ကော့ညှော့ကျေးရွာတွင် အိမ်ထောင်စု(၄၀)စုရှိ၍ ဆလုံ(၁၅၃)ဦး  စုစုပေါင်း (၆၅၈)ဦး နေထိုင်ခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးဆောင်သော ဆလုံလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းလေ့လာရေးအဖွဲ့၏ လက်တွေ့ကွင်းဆင်းခဲ့ချိန် ၂၀၁၈ ခုနှစ်၌ ကော့သောင်းခရိုင် အတွင်းရှိ ဇာဒက်ကြီးကျွန်းတွင် အိမ်ခြေ(၁၆၀)ရှိ၍ ဗမာ(၂၄၉)ဦး၊ ဆလုံ(၄၇၈)ဦး၊ ကရင်(၆)ဦး၊ စုစုပေါင်း(၇၃၃)ဦးနေထိုင်ပါသည်။ သို့ဖြစ်ပါ၍ ဇာဒက်ကြီး ကျွန်းတွင် ၁၉၉၇ခုနှစ် စာရင်းထက် ဆလုံလူမျိုးဦးရေ (၁၈၀)ဦး လျှော့နည်းသွားပြီဖြစ်သည်။ ယခုအခါ ဆလုံလူမျိုးဦး‌ရေ နည်းသွားခြင်းမှာ အချို့ဆလုံလူမျိုးများသည် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအခြေချနေထိုင်ကြ၍ ဖြစ်သည်ဟုလည်း ဆိုကြသည်။

ကော့သောင်းမြို့နယ်၊ ကျွန်းဖီလာရှိ ဂျာအုံးကျေးရွာတွင် အိမ်ခြေ(၄၀)ရှိသည့်အနက် ဆလုံလူမျိုး အိမ်(၇)လုံးတွင် ဆလုံလူမျိုး(၂၅)ဦးရှိပါသည်။

ကော့သောင်းမြို့နယ်၊ မကြုံဂလက်ကျေးရွာတွင် အိမ်ခြေ(၁၈၈)လုံးရှိသည့်အနက် ဆလုံလူမျိုးအိမ်ခြေ (၈၀)လုံးရှိပြီး ဆလုံလူမျိုး(၃၀၃)ဦးရှိပါသည်။

ပါမောက္ခ ဒေါ်တင်ရီနှင့်အဖွဲ့၊ ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားရေးဘဝ

ဖုန်း(ဖွန်)Hpon

ဖွန်လူမျိုးများမှာ မြစ်ကြီးနားအရှေ့မြောက် ဧရာဝတီပထမမြစ်ကျဉ်း ဆင်ဘိုအနီးရှိ ကုန်းမ၊ လက်မရွာများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် နေထိုင်ကြသည်။

ဖွန်လူမျိုးများမှာ မြစ်ကြီးနားအရှေ့မြောက် ဧရာဝတီပထမမြစ်ကျဉ်း ဆင်ဘိုအနီးရှိ ကုန်းမ၊ လက်မရွာများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် နေထိုင်ကြသည်။