၁။ အမဲသားကင်
၂။ ငရုတ်သီးစိမ်း
၃။ ကြက်သွန်ဖြူ
၄။ ဖက်ဖယ်ရွက်
၅။ ပင်စိမ်း
၆။ ရှမ်းနံနံ
၇။ နံနံပင်
၈။ ဆား
ချက်ပြုတ်ပုံအဆင့်ဆင့်
အမဲသားကို ကျပ်ခိုးစင်ပေါ်(သို့မဟုတ်)မီးကင်ပြီး အခြောက်ခံပါ။ အမဲသားခြောက်ကို မီးကင် ပြီး မွှနေအောင်ထုထောင်းထားရပါမည်။ ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူကို ဆားအနည်းငယ် ထည့်ထောင်းထားရပါမည်။ ဖက်ဖယ်ရွက်၊ ပင်စိမ်း၊ ရှမ်းနံနံ၊ နံနံပင်တို့ကို ရေဆေးသန့်စင်ပြီး ထောင်းထားရပါမည်။ အရွက်များအားလုံးထောင်းပြီးလျှင် အရင်ထောင်းထားသော အမဲခြောက်၊ ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူတို့ကိုရောထည့်၍ ထပ်ထောင်းရပါမည်။ အားလုံးသမသွားလျှင် အနံ့အရသာနှင့် ပြည့်စုံသော ကချင်ရိုးရာအမဲသားထောင်းကို သုံးဆောင်နိုင်မည်ဖြစ်ပါသည်။