ကချင်ပြည်နယ်၊ ပူတာအိုခရိုင် တောင်ပေါ်နှင့် မြေပြန့်ဒေသများ၊ ဆွမ်ပရာဘုံမြို့နယ်၊ ကာမိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဆဒုံးမြို့နယ်၊ အနောက်တောင်ပိုင်းဒေသ ဗန်းမော်ခရိုင်၊ ရွေဂူမြို့နယ်၊ စိန်လုံမြို့နယ်နှင့် မြစ်ကြီးနားခရိုင်တို့တွင် နေထိုင်ကြသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသရှိ အာသံပြည်နယ်နှင့် တ...
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် တောင်ပေါ်နှင့် မြေပြန့်ဒေသများ၊ ဆွမ်ပရာဘုံမြို့နယ်၊ ကာမိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဆဒုံးမြို့နယ်၊ အနောက်တောင်ပိုင်းဒေသ ဗန်းမော်ခရိုင်၊ ရွေဂူမြို့နယ်၊ စိန်လုံမြို့နယ်နှင့် မြစ်ကြီးနားခရိုင်တို့တွင် နေထိုင်ကြသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသရှိ အာသံပြည်နယ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်းဒေသရှိ ယူနန် ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေချနေ ထိုင်ကြသည်။
ထရုမ်းလူမျိုးတို့သည် ကချင်ပြည်နယ်၊ ခါကာဘိုရာဇီတောင်ခြေနှင့် မေခမြစ်ဖျား အဒွန်မြစ် ဝှမ်းဒေသတွင် အများဆုံးနေထိုင်ကြသည်။ ထဂုံမြစ် မြစ်ဖျားခံရာဒေသမှ ဆင်းသက်လာသဖြင့် ထရုံလူမျိုးဟုအမည်တွင်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ခန့်ကပင် ထိုဒေသမှ ဆင်းသက်ခဲ့ကြပြီး ကချင်ပြည်နယ်တွင် အခြေချ နေထိုင်ခဲ့ကြသည်။ ထရုမ်းလူမျိ...
ထရုမ်းလူမျိုးတို့သည် ကချင်ပြည်နယ်၊ ခါကာဘိုရာဇီတောင်ခြေနှင့် မေခမြစ်ဖျား အဒွန်မြစ် ဝှမ်းဒေသတွင် အများဆုံးနေထိုင်ကြသည်။ ထဂုံမြစ် မြစ်ဖျားခံရာဒေသမှ ဆင်းသက်လာသဖြင့် ထရုံလူမျိုးဟုအမည်တွင်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ခန့်ကပင် ထိုဒေသမှ ဆင်းသက်ခဲ့ကြပြီး ကချင်ပြည်နယ်တွင် အခြေချ နေထိုင်ခဲ့ကြသည်။ ထရုမ်းလူမျိုးနွယ်စုများ၏အရပ်သည် ၁၁၀ စင်တီမီတာသာရှိသည် နောက်ပိုင်း အခြားမျိုးနွယ်စုများနှင့် လက်ထပ်ကြသောကြောင့် အရပ် အမောင်းများပါ ရှည်လာကြသည်။
မြန်မာနိုင်ငံမြောက်ပိုင်း မေခမြစ်ဖျား အဒုံလောင်နှင့် ဆန်ခူးလောင်ဒေသတွင် ရဝမ်အနွယ် ဝင် ထလု၊ ထရုမ်းလူမျိုးများနှင့် ရောနှာနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးဖြစ်သည်။ ဒလောင်လူမျိုးတို့သည် အသားဖြူ၍ အရပ်အမောင်းမြင့်မားပြီး ကျန်းမာသန်စွမ်းကြသည်။ ယင်းဒလောင်လူမျိုးတို့ကို တိဗက်အနွယ်မှ ဆင်းသက်လာသည်ဟု ဆိုကြသ...
မြန်မာနိုင်ငံမြောက်ပိုင်း မေခမြစ်ဖျား အဒုံလောင်နှင့် ဆန်ခူးလောင်ဒေသတွင် ရဝမ်အနွယ် ဝင် ထလု၊ ထရုမ်းလူမျိုးများနှင့် ရောနှာနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးဖြစ်သည်။ ဒလောင်လူမျိုးတို့သည် အသားဖြူ၍ အရပ်အမောင်းမြင့်မားပြီး ကျန်းမာသန်စွမ်းကြသည်။ ယင်းဒလောင်လူမျိုးတို့ကို တိဗက်အနွယ်မှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ယောကျား၊ မိန်းမအားလုံး ဆံပင်ရှည်ထားကြသည်။ ယောကျားများသည် ဘယ်ဘက်နားတွင် ငွေကွင်း ကြီးများပန်ဆင်ပြီး မိန်းမများကမူ ငွေကွင်းကြီးများ နားနှစ်ဘက်လုံးတွင် ပန်ဆင်ကြသည်။ ယောကျားများသည် သိုးမွေးအဝတ်ရှည်ကြီးများ ဝတ်ဆင်ပြီး မိန်းမများမှာ အညို(သို့)အနက် ရောင် အဝန်ရှည်များ ဝတ်ဆင်ကြသည်။ မိန်းမများသည် အဖြူရောင်ကို ခါးအောက်ပိုင်းတွင် ဝတ်ရိုးထုံးစံမရှိပါ။ သူတို့ကိုယ်တိုင်ချုပ်သော ဖိနပ်ရှည်ကြီးများ စီးကြသည်။ ယောကျားများသည် ဆင်စွယ်လက်ကောက်ကို ဘယ်လက်တွင်ဝတ်ကြရပြီး မိန်းမများကမူ ဆင်စွယ်လက်ကောက် များကို လက်နှစ်ဘက်လုံးတွင် ဝတ်ကြသည်။ ယင်းတို့သည် ဗုဒ္ဓအယူဝါဒကို ကိုးကွယ်ကြသည်။ တောင်ယာလုပ်သည်။ ဂျုံနှင့် ပြောင်းဖူးများ စိုက်ပျိုးကြသည်။ ရက်ကန်းအနည်းအပါးရက်ကြသည်။ ကတိုး၊ အချစ်စုနှင့် ဆေးမြစ်အမျိုးမျိုး ရှာဖွေရောင်းချသည်။ ဒလောင်လူမျိုးတို့သည် ကျေးရွာများကို အစုလိုက် ဖွဲ့စည်းတည်ဆောက်လေ့ရှိသည်။ ကျေးရွာအတွက် မြေနေရာရွေးသည့်အခါ ဘုန်းတော်ကြီးများက တွက်ချက်ဟောပြောသည့် အတိုင်း ရွေးချယ်တည်ဆောက်ကြသည်။ အိမ်ယာထူထောင်သည့်အခါ တဝမ်းကွဲချင်းလက်ထပ် လေ့ရှိ ကြသည်။ လူများသေလွန်သည့်အခါ ဘုန်းတော်ကြီးများ တွက်ချက်ဟောပြောသည့်အတိုင်း မြေမြုပ်ခြင်း၊ မီးရှို့ခြင်း၊ မြစ်ထဲ ချောင်းထဲပစ်ချခြင်းများ ပြုလုပ်လေ့ရှိသည်။
မူရင်းဒေသမှာ ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့် မလိခမြစ်တို့ကြား မြောက်တြိဂံနယ်မြေ ဖြစ်သည်။ အများစုသည် ဗန်းမော်ခရိုင် တောင်တန်းဒေသ၊ မြစ်ကြီးနားခရိုင် ခန္တီးနယ်အတွင်းပိုင်း၊ နန့်ပမောက်မြစ် အရှေ့ဘက်ကမ်း၊ ကသာခရိုင်အတွင်းပိုင်းနှင့် ကချင်တောင်တန်းဒေသများတွင် အခြေစိုက်နေထိုင်လျက်ရှိပြီး မိုးမိတ်၊ ခိုတောင်၊...
မူရင်းဒေသမှာ ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့် မလိခမြစ်တို့ကြား မြောက်တြိဂံနယ်မြေ ဖြစ်သည်။ အများစုသည် ဗန်းမော်ခရိုင် တောင်တန်းဒေသ၊ မြစ်ကြီးနားခရိုင် ခန္တီးနယ်အတွင်းပိုင်း၊ နန့်ပမောက်မြစ် အရှေ့ဘက်ကမ်း၊ ကသာခရိုင်အတွင်းပိုင်းနှင့် ကချင်တောင်တန်းဒေသများတွင် အခြေစိုက်နေထိုင်လျက်ရှိပြီး မိုးမိတ်၊ ခိုတောင်၊ မြောက်သိန္နီ၊ ကိုးကန့်၊ ကျိုင်းတုံ၊ ကွတ်ခိုင်နယ် များတိုင်အောင် ပျံ့နှံ့နေထိုင်ကြသည်။
ဂေါရီလူမျိုးများသည် ကချင်ပြည်နယ် ဗန်းမော်အရှေ့ပိုင်းရှိ တောင်တန်းဒေသများတွင် နေထိုင်ကြသည်။ Sinlum (ဆင်လမ်မြို့)၏ မြောက်ဘက်တွင် ဂေါ်ရီတို့နယ်မြေရှိသည်။ ဗန်းမော်မြို့မြေပြန့်တွင် ရှမ်း၊ ရှမ်းတရုတ်၊ ဗမာအနည်းငယ်နှင့် ကချင်အနည်းငယ်တို့ နေ၍ ဗန်းမော်တောင်ပေါ်တွင် ဂေါ်ရီနှင့် ကချင်တို့နေကြသည်။ ဂေါ်ရီသည်...
ဂေါရီလူမျိုးများသည် ကချင်ပြည်နယ် ဗန်းမော်အရှေ့ပိုင်းရှိ တောင်တန်းဒေသများတွင် နေထိုင်ကြသည်။ Sinlum (ဆင်လမ်မြို့)၏ မြောက်ဘက်တွင် ဂေါ်ရီတို့နယ်မြေရှိသည်။ ဗန်းမော်မြို့မြေပြန့်တွင် ရှမ်း၊ ရှမ်းတရုတ်၊ ဗမာအနည်းငယ်နှင့် ကချင်အနည်းငယ်တို့ နေ၍ ဗန်းမော်တောင်ပေါ်တွင် ဂေါ်ရီနှင့် ကချင်တို့နေကြသည်။ ဂေါ်ရီသည် တပိန်မြစ် တောင်ဘက်တွင် နေခဲ့သည်။ Lahpai မျိုးနွယ်ခွဲများ(သို့မဟုတ်) Lahpai အကြီးအကဲလက်အောက်ရှိ အဇီးများဖြစ်သည်ဟု ယူဆခဲ့သည်။ ဂေါရီ ကျေးရွာ (၁၄) ရွာသည် နီးကပ်စွာ ရှိနေပြီး သိပ်သည်းနေ၍ ရွှေ့ပြောင်းကြမည် ဖြစ်ကြောင်း ၁၉၃၁ ခုနှစ်တွင် ဖော်ပြထားခဲ့သည်။ ဂေါရီတို့သည် အုပ်စု (၇) စု ခွဲထားသည်။ ၎င်းတို့မှာ Lazum ၊ Lazing ၊ Nangzing ၊ Gawlu ၊ Kumbau ၊ Kareng ၊ Changma တို့ဖြစ်သည်။
ခခု(သို့) မြစ်ဖျားကချင် (Up-river Kachins) များသည် ဂျိန်းဖောများ၏ မျိုးနွယ်ခွဲများဖြစ်ပါသည်။ မေခ၊ မလိခ မြစ်နှစ်သွယ်ကြားရှိ တြိဂံ ဒေသကို ယခင်က သိမ်းပိုက်နေထိုင်ခဲ့ကြသည်။ ခခု လူမျိုးများသည် ပူတာအိုမြို့၊ ဆွမ်ပရာဘွမ်မြို့၊ မိုးကောင်းမြို့အနီးရှိ ကာမိုင်း၊ မလိခ မြစ်ဖျားလက်ဝဲဘက်ကမ်းခြေမှသည် နောင်မွန်းမ...
ခခု(သို့) မြစ်ဖျားကချင် (Up-river Kachins) များသည် ဂျိန်းဖောများ၏ မျိုးနွယ်ခွဲများဖြစ်ပါသည်။ မေခ၊ မလိခ မြစ်နှစ်သွယ်ကြားရှိ တြိဂံ ဒေသကို ယခင်က သိမ်းပိုက်နေထိုင်ခဲ့ကြသည်။ ခခု လူမျိုးများသည် ပူတာအိုမြို့၊ ဆွမ်ပရာဘွမ်မြို့၊ မိုးကောင်းမြို့အနီးရှိ ကာမိုင်း၊ မလိခ မြစ်ဖျားလက်ဝဲဘက်ကမ်းခြေမှသည် နောင်မွန်းမြို့အနီးရှိ ကောင်းလူအထိ ကျေးရွာများတွင် ပျံ့ပွားနေထိုင်လျက်ရှိကြသည်။
ကချင်ပြည်နယ်ရှိ ခန္တီးလုံလွင်ပြင်(ပူတာအို) အရှေ့တောင်ဘက်နှင့် မြောက်ဘက်အထိတိုးချဲ့နေကြပါသည်။ပူတာအိုအနီး ပတ်ဝန်းကျင်တောင်နှင့် မြစ်ဝှမ်းများတွင် NungL(ရဝမ်)၊Lisu(လီဆူ)၊kachins(ကချင်)၊Dulengs(ဒူးလန်း)၊Tabetans(တိဘက်တန်)၊Minishmi(မစ်ရှိ)တို့နှင့် နေခဲ့ကြသည်။ပူတာအိုမြို့၏ အရှေ့ဘက်ရှိ Konglu Post(ကောင်...
ကချင်ပြည်နယ်ရှိ ခန္တီးလုံလွင်ပြင်(ပူတာအို) အရှေ့တောင်ဘက်နှင့် မြောက်ဘက်အထိတိုးချဲ့နေကြပါသည်။ပူတာအိုအနီး ပတ်ဝန်းကျင်တောင်နှင့် မြစ်ဝှမ်းများတွင် NungL(ရဝမ်)၊Lisu(လီဆူ)၊kachins(ကချင်)၊Dulengs(ဒူးလန်း)၊Tabetans(တိဘက်တန်)၊Minishmi(မစ်ရှိ)တို့နှင့် နေခဲ့ကြသည်။ပူတာအိုမြို့၏ အရှေ့ဘက်ရှိ Konglu Post(ကောင်းလူ)အနီးတွင် Dulengs(ဒူးလန်း)များနေထိုင်ကြပါသည်။ ဒူးလန်းတို့သည် ဂျိန်းဖော့စကားပြော၍ ဂျိန်းဖော့နှင့် တူကြပါသည်။
လော်ဝေါ် လူမျိုးများသည် ကချင်ပြည်နယ်အရှေ့ဘက်ရှိ လောခေါင်တောင်တန်းတစ်လျှောက်၊ ဆဒုံးနှင့် ထောဂေါတောင်တန်း၊ဟူးကောင်းတောင်ကြားနှင့် ရွှေလီမြစ်အနောက်ဘက်ကမ်း ပေ(၄၀၀၀)အထက်မြင့်သော တောင်တန်းဒေသများတွင် နေထိုင်ကြသည်။မရူဟူသောအခေါ်အဝေါ်ကို မနှစ်သက်ကြဟုသိရသည်။လော်ဝေါ်ဟု ခေါ်ဆိုသည်ကိုနှစ်သက်ကြသည်။လော်ဝေါ်၊အဇီး...
လော်ဝေါ် လူမျိုးများသည် ကချင်ပြည်နယ်အရှေ့ဘက်ရှိ လောခေါင်တောင်တန်းတစ်လျှောက်၊ ဆဒုံးနှင့် ထောဂေါတောင်တန်း၊ဟူးကောင်းတောင်ကြားနှင့် ရွှေလီမြစ်အနောက်ဘက်ကမ်း ပေ(၄၀၀၀)အထက်မြင့်သော တောင်တန်းဒေသများတွင် နေထိုင်ကြသည်။မရူဟူသောအခေါ်အဝေါ်ကို မနှစ်သက်ကြဟုသိရသည်။လော်ဝေါ်ဟု ခေါ်ဆိုသည်ကိုနှစ်သက်ကြသည်။လော်ဝေါ်၊အဇီး၊လေရှီ၊မိုင်းသာ(Maing Thas)(ရှမ်းလူမျိုး)တို့သည် တိဘက်တို-ဘားမိ(စ်)တို့ ပြောင်းရွှေ့ရာတွင် ချန်ရစ်ခဲ့သောအုပ်စုများဟု ယူဆကြသည်။မေခမြစ်ညာအထက်ပိုင်းတွင် လော်ဝေါ်တို့နေကြသည်။လော်ဝေါ်တို့ကNagaw-LaungBam(ငလောင်ဘမ်)ဒေသတွင် ယခင်က နေခဲ့သည်ဟု တစ်ဆင့်စကား ပြောကြသည်။တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မြောက်ပိုင်းရှိ ယန်စီကျန်မြစ်များဒေသဟု ခန့်မှန်းသည်။ထိုဒေသတွင် ကြာရှည်စွာနေထိုင်ခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်း မေခမြစ်ဝှမ်းသို့ သံလွင်မြစ်၊ မဲခေါင် မြစ်လမ်းကြောင်းများမှ ဝင်ရောက်ပြီး အဇီး၊လေရှီး/(လေရှီ)၊မိုင်းသာ၊လော်ဝေါ်တို့သည် N'mai kha (မေခ) မြစ်ဝှမ်းအတိုင်းလာခဲ့သူများ ဖြစ်နိုင်သည်ဟုသုံးသပ်ကြသည်။ အဇီးနှင့် လေရှီး/(လေရှီ)တို့သည် မရူနှင့် ဆက်စပ်မျိုးနွယ် ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။လော်ဝေါ်တို့ကို တြိဂံဒေသရှိ မေခမြစ်ဝှမ်း အထက်ပိုင်း၊မြစ်ကြီးနားမြို့၊ထောဂေါ၊Laukhaung (လောခေါင်) ဒေသတို့တွင် တွေ့ရသည်။ လော်ဝေါ်တို့သည် ဂျိန်းဖော့တို့နှင့် ရောနှောတွေ့ရသည်။kutkai ကွတ်ခိုင်မြို့အနီးနှင့် မြောက်ပိုင်းရှမ်းပြည်သို့လည်း ပြောင်းရွှေ့ခဲ့ခြင်းကို တွေ့ရသည်။Chum Lut၊ Numdaw၊ ZingHang၊Zakungတို့သည် လော်ဝေါ်မှ ဆင်းသက်သည်ဟုဆိုကြသည်။၁၉၃၁ခုနှစ် သန်းခေါင် စာရင်းအရ(၃၉၇၈၀)ဦးရှိခဲ့သည်။ပြည်သူ့အင်အားဦးစီးဌာန၊ကချင်ပြည်နယ်ရုံးခွဲမှ တင်ပြလာသော ၂၀၁၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား အခြေခံ၍တွက်ချက်ထားသော ၂၀၁၈-၂၀၀၁၉ခန့်မှန်း လူဦးရေစာရင်းအရ ကချင်ပြည်နယ်အတွင်းရှိ လော်ဝေါ်(မရူ)လူမျိုးများ၏ခန့်မှန်းလူဦးရေစာရင်းများမှာ မြစ်ကြီးနားခရိုင်တွင်(၃၇,၉၀၃)ဦး၊မိုးညှင်းခရိုင်တွင်(၇,၈၄၉)ဦး၊ဗန်းမော်ခရိုင်တွင် (၃၆၉)ဦး၊ပူတာအိုခရိုင်တွင်(၅,၀၇၄)ဦး၊စုစုပေါင်း ပြည်နယ်ချုပ်မှာ (၅၁,၁၉၅)ဦးဖြစ်ပါသည်။အဆိုပါစာရင်းအရ ယခင်မေခမြစ်ဝှမ်းအထက်ပိုင်း၊မြစ်ကြီးနားခရိုင်နှင့် ဆော့လော်မြို့အနီးတို့မှ ပူတာအိုခရိုင်၊မိုးညှင်းခရိုင်၊ဗန်းမော်ခရိုင်တို့ကို ပျံ့နှံ့နေထိုင်ကြကြောင်း သိရှိရပါသည်။
ရဝမ်လူမျိုးများအဓိကနေထိုင်သော ဒေသများမှာ ပူတာအိုမြို့၊မချမ်းဘောမြို့၊နောင်မွန်းမြို့၊ခေါင်လန်းဖူးမြို့၊ဆွမ်ပရာဘွမ်မြို့၊မြစ်ကြီးနားမြို့၊ချီဖွေမြို့၊ဆော့လော်မြို့၊ပူတာအို မြောက်ဘက် တောင်တန်းဒေသနှင့် နမ့်ခမ်း၊မူလာဒီးအစရှိသည့် ကျေးရွာများတွင် အခြေစိုက် နေထိုင်လျက်ရှိကြသည်။ကချင်နှင့်ရှမ်းတို့က Hka N...
ရဝမ်လူမျိုးများအဓိကနေထိုင်သော ဒေသများမှာ ပူတာအိုမြို့၊မချမ်းဘောမြို့၊နောင်မွန်းမြို့၊ခေါင်လန်းဖူးမြို့၊ဆွမ်ပရာဘွမ်မြို့၊မြစ်ကြီးနားမြို့၊ချီဖွေမြို့၊ဆော့လော်မြို့၊ပူတာအို မြောက်ဘက် တောင်တန်းဒေသနှင့် နမ့်ခမ်း၊မူလာဒီးအစရှိသည့် ကျေးရွာများတွင် အခြေစိုက် နေထိုင်လျက်ရှိကြသည်။ကချင်နှင့်ရှမ်းတို့က Hka Nung၊ တရုတ်က Chudzer or Kiutzu၊ မရူက Naing Waw ဟုခေါ်သည်။ ယခင်က နုန်ဟုခေါ်ခဲ့ပြီး ရဝမ်ဟုခေါ်သည်ကိုသာ နှစ်သက်ကြသည်။ N'Mai Kha (မေခ)နှင့် MaliHka(မလိခ)မြစ်နှစ်သွယ်ခွဲထွက်ရာSingrupkypt အလွန်တွင် နေကြသည်။ ပူတာအိုဒေသရှိ Tisang ၊ Tami ၊Taron ၏တစ်စိတ် တစ်ပိုင်းအပြင် မေခမြစ်ဝှမ်းများတွင် နေကြသည်။ Ahkyang မြစ်ဝှမ်းအောက်ပိုင်းတွင် လီဆူနှင့်တစ်ဖက်ကမ်းစီနေခဲ့ကြသည်။တြိဂံဒေသမြောက်ပိုင်းတွင် ရဝမ်တို့၏ကြီးမားသော ကိုလိုနီနယ်ရှိခဲ့သည်။ဒူလန်း(Duleng)တို့ တောင်ဘက်၌လည်း ရဝမ်နယ်မြေရှိသည်။ရဝမ်တို့နှင့် အဆက်အသွယ်ရှိသောKwin-Hpang ၊Tangsir လူမျိုးစု နှစ်စုသည် လီဆူကဲ့သို့ ဝတ်ဆင်ကြသည်။ထိုနှစ်စုသည် Ahkyang ၊Latagaw၊ Lanen Ti မြစ်ဝှမ်းအထက်ပိုင်းနှင့် တာရုံမြစ်ကွေ့ကြီးများတွင် နေထိုင်ကြသည်။ အမျိုးသမီးများမှာ မျက်နှာတွင် ဆေးမှင်ကြောင် ထိုးကြသည်။သံလွင်မြစ်ဝှမ်းတွင် နေထိုင်ကြသည့် Latzu(or) Nutzu တို့ နှင့်စကားတူသည်။ တောင်သို့ လတ္တီတွဒ် ၂၇ဒီဂရီ ၅၀ လက်မအထိကျယ်၍ လီဆူနယ်မြေအထိဖြစ်သည်။ ရဝမ်တို့ ပြောင်းရွှေ့ခြင်းသည် ဧရာဝတီအထက်ပိုင်း မေခ တာရုံမြစ်စဉ် အတိုင်း မဟုတ်ပဲ သံလွင်၊ မဲခေါင်မြစ်ကြောင်းအတိုင်းဖြစ်၍ အနောက်သို့ ခြေဦးလှည့်ခဲ့သည်။ သံလွင်မှ ပူတာအိုသို့ ပြောင်းသော လမ်းသည် အနောက်လှည့်လမ်းဖြစ်သည်။ ရဝမ်အနွယ်များမှာ ထရုံ၊ ထလူ၊ ဒရူ၊ ဇယ်ဝယ်၊ အချ၊ ဖိုင်၊ တန်ဆာ၊ တမန်၊ မတ်ဝမ်၊တောင်ဖ ဟူ၍ (၁၀)မျိုးခန့်ရှိသည်။ရှေးစကားအရ တိဘက်ကို-ဘားမိ(စ်)အနွယ်ဝင်များနှင့်အတူ ဝင်ရောက်လာသည်။ မဲခေါင်၊ သံလွင်မြစ်ဖျားဒေသများ၌ နေထိုင်ကြပြီးနောက် ထရုံမြစ်ဝှမ်းသို့ ပြောင်းရွှေ့ကြသည်။ ထိုမှတစ်ဖန် လီဆူတို့ ဝင်ရောက်လာ၍ မေခမြစ်ဝှမ်းအတွင်း ပူတာအိုနယ်သို့ ရောက်လာသည်။ ထိုမှတစ်ဆင့် ဟူးကောင်းတောင်ကြား၊ မလိခမြစ်လက်တက် အထက်ဖျားအရပ်ဒေသ၊ ပူတာအို မြောက်ဘက် တောင်တန်းဒေသနှင့် ခေါင်လန်းဖူးမြို့၊ မချမ်းဘောမြို့၊ နမ့်ခမ်း၊ မူလာဒီးစသည့် ကျေးရွာများတွင် အခြေစိုက်နေထိုင်သည်။ ၁၉၃၁ ခုနှစ် သန်းခေါင် စာရင်းအရ ရဝမ်/Nung နုန်လူမျိုးများ(၂၄,၁၀၇)ရှိခဲ့သည်။ပြည်သူ့အင်အားဦးစီးဌာန၊ ကချင်ပြည်နယ်အတွင်းရှိ ရဝမ်လူမျိုးများ၏ ခန့်မှန်းလူဦးရေ စာရင်းများမှာ မြစ်ကြီးနားခရိုင်တွင် (၁၁,၁၈၀)ဦး၊ မိုးညှင်းခရိုင်တွင်(၇,၁၅၈)ဦး၊ ဗန်းမော်ခရိုင်တွင် (၇၁၃)ဦး၊ ပူတာအိုခရိုင်တွင် (၄၁,၀၄၃)ဦး၊ စုစုပေါင်း ပြည်နယ်ချုပ်မှာ (၆၀,၀၉၄)ဦး ဖြစ်ပါသည်။
လချိဒ်လူမျိုးများသည် ဗန်းမော်ခရိုင်၊ ဝိုင်းမော်အနီးရှိ ဆဒုံးတို့တွင်နေထိုင်ကြသည်။ ရှေးစကားများအရ Lashi တို့က NgalungBawn (ငလောင်ဘမ်) တွင် နေထိုင်ခဲ့ဖူးကြောင်း၊ တရုတ်ပြည် Taman မြို့တွင် လှည့်လည်သွားခဲ့ပြီး အင်းတော်ကြီးကမ်းခြေတွင် နေခဲ့ဖူးသည်ဟု ပြောဆိုကြသည်။လချိဒ်တို့အား ထောဂေါ၊ ဖိမော၊ ဆဒုံးဒေသ ပတ်...
လချိဒ်လူမျိုးများသည် ဗန်းမော်ခရိုင်၊ ဝိုင်းမော်အနီးရှိ ဆဒုံးတို့တွင်နေထိုင်ကြသည်။ ရှေးစကားများအရ Lashi တို့က NgalungBawn (ငလောင်ဘမ်) တွင် နေထိုင်ခဲ့ဖူးကြောင်း၊ တရုတ်ပြည် Taman မြို့တွင် လှည့်လည်သွားခဲ့ပြီး အင်းတော်ကြီးကမ်းခြေတွင် နေခဲ့ဖူးသည်ဟု ပြောဆိုကြသည်။လချိဒ်တို့အား ထောဂေါ၊ ဖိမော၊ ဆဒုံးဒေသ ပတ်ဝန်းကျင်တွင် တွေ့ရသည်။N'Mai Kha မေခမြစ်ဝှမ်းသည် မရူ၊ လချိဒ်၊အဇီးတို့ဒေသဖြစ်သည်။ လချိဒ်၊ လော်ဝေါ်၊ ဇိုင်ဝါးတို့သည်ရဝမ် ၊ ဗမာများကဲ့သို့ သံလွင် မြစ်ဖျားမှ အင်မိုင်ခ မြစ်ဝှမ်း (မေခမြစ်ဝှမ်း) ဒေသသို့ ဆင်းလာသည့် မူလအစ လူမျိုးများဖြစ်နိုင်သည်ဟု ယူဆနိုင်သည်။ ဗမာနှင့်တူညီသည့် စကားပြောဆိုကြသည်။ ၎င်းတို့ကိုယ်ကိုယ် Lachic-Waw ဟုခေါ်ကြသည်။ လူမျိုးခွဲများမှာ Mang Shang, Hpare, Luksing< Galau or Yindam, Mading or Ngawlang, Lagwi, Shichyang, Lagyawn and Htam-Nyo များဖြစ်သည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ (၂၂, ၃၆၂) ဦး ရှိခဲ့သည်။ ပြည်သူ့အင်အားဦးစီးဌာန၏ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား အခြေခံ၍ တွက်ချက်ထားသော ၂၀၁၈-၂၀၁၉ ခန့်မှန်းလူဦးရေစာရင်းအရ ကချင်ပြည်နယ်အတွင်းရှိ လရှီ(လချိဒ်) လူမျိုးများ၏ ခန့်မှန်းလူဦးရေ စာရင်းများမှာ မြစ်ကြီးနားခရိုင်တွင် (၃၆,၃၁၆) ဦး၊ မိုးညှင်းခရိုင်တွင် (၆,၂၈၅) ဦး ၊ ဗန်းမော်ခရိုင်တွင် (၂,၃၁၇)ဦး စုစုပေါင်းပြည်နယ်ချုပ်မှာ (၄၄,၉၁၈)ဦး ဖြစ်ပါသည်။
ဇိုင်ဝါးလူမျိုးများသည် ကချင်ပြည်နယ် မြေပြန့်အရပ် မြစ်ကြားနားခရိုင်နှင့် အနီးဆုံးတောင်တန်းတွင် နေထိုင်လျက်ရှိကြပါသည်။ ဇိုင်ဝါးလူမျိုးများအများဆုံးနေထိုင်ရာဒေသမှာ ဝိုင်းမော်မြို့အနီးရှိ ဆဒုံး ဖြစ်ပြီး ယူနန်နယ်စပ်၊ စိန်လုံတောင်တန်း ၊ ဆမားတောင်တန်း နှင့် အရှေ့ပိုင်းတောင်တန်းများတွင် ပျံ့နှံ့နေထိုင်ကြသ...
ဇိုင်ဝါးလူမျိုးများသည် ကချင်ပြည်နယ် မြေပြန့်အရပ် မြစ်ကြားနားခရိုင်နှင့် အနီးဆုံးတောင်တန်းတွင် နေထိုင်လျက်ရှိကြပါသည်။ ဇိုင်ဝါးလူမျိုးများအများဆုံးနေထိုင်ရာဒေသမှာ ဝိုင်းမော်မြို့အနီးရှိ ဆဒုံး ဖြစ်ပြီး ယူနန်နယ်စပ်၊ စိန်လုံတောင်တန်း ၊ ဆမားတောင်တန်း နှင့် အရှေ့ပိုင်းတောင်တန်းများတွင် ပျံ့နှံ့နေထိုင်ကြသည်။ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် လတ္တီတွဒ် ၂၅ ဒီဂရီ မြောက်မှ တောင်ဘက်သို့ရှမ်းပြည်နယ်၊ လားရှိုးမြို့အထိ နေကြသည်။ ကချင်ပြည်နယ် ဝိုင်းမော်အနီးရှိ ဆဒုံးဒေသတွင် တွေ့ရသည်။ မိုးကောင်းဒေသ၊ အဇီးဝရာနောင်ဒေသ (Atsi Wara Nawng) တွင်နေထိုင်ခဲ့၍ ဂျိန်းဖော့များနှင့် နေခဲ့ကြသည်။ တရုတ်-မြန်မာနယ်စပ် ဝိုင်းမော်အနီးရှိ ဆဒုံး၏ တောင်ဘက်မျက်နှာချင်းဆိုင်မှ မြောက်ပိုင်းရှမ်းပြည်နယ်အထိ တွေ့ရသည်။ ကိုယ့်ကိုယ်ကို Zaiwa ဟုခေါ်ကြသည်။ ဇိုင်ဝါး ဘာသာစကားသည် လချိဒ်နှင့် တူသည်။ လော်ဝေါ်နှင့်လည်းတူသည်။ ဇိုင်ဝါးတို့သည် ဆဒုံးတရုတ်နယ်စပ်တစ်လျှောက် နေထိုင်ခဲ့ကြသည်။ ဇိုင်ဝါးမျိုးနွယ်ခွဲမှာ Dum, Hpau, Hpakawn, Myi, Shi, Mahkaw, Zunwa တို့ဖြစ်သည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ (၅, ၃၁၈) ဦးရှိခဲ့သည်။ ပြည်သူ့အင်အားဦးစီးဌာန၊ ကချင်ပြည်နယ်ရုံးခွဲမှ ပေးပို့သော ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား အခြေခံ၍ တွက်ချက်ထားသော ၂၀၁၈-၂၀၁၉ ခန့်မှန်းလူဦးရေစာရင်းအရ ကချင်ပြည်နယ်အတွင်းရှိ အဇီး(ဇိုင်ဝါး) လူမျိုးများ၏ ခန့်မှန်းလူဦးရေစာရင်းများမှာ မြစ်ကြီးနားခရိုင်တွင် (၉,၉၁၆) ဦး၊ မိုးညှင်းခရိုင်တွင် (၇,၆၈၅) ဦး၊ ဗန်းမောခရိုင်တွင် (၅,၈၁၁)ဦး၊ စုစုပေါင်းပြည်နယ်ချုပ်မှာ (၂၃,၄၁၂) ဦး ဖြစ်ပါသည်။
လီဆူလူမျိုးတို့သည် တိဗက်မြန်မာအနွယ်ဝင်နှင့် ရုပ်သွင်လက္ခဏာချင်း ဆင်တူသည်။ ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အများဆုံးနေထိုင်ကြပြီး ပူတာအိုမြို့၊ ချီဖွေမြို့အနီးရှိ လောခေါင်နှင့် စိန်လုံတောင်တန်း၊ ယူနန်နယ်စပ်၊ ဧရာဝတီနှင့် သံလွင်မြစ်ဖျား မချမ်းဘောမြိ...
လီဆူလူမျိုးတို့သည် တိဗက်မြန်မာအနွယ်ဝင်နှင့် ရုပ်သွင်လက္ခဏာချင်း ဆင်တူသည်။ ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အများဆုံးနေထိုင်ကြပြီး ပူတာအိုမြို့၊ ချီဖွေမြို့အနီးရှိ လောခေါင်နှင့် စိန်လုံတောင်တန်း၊ ယူနန်နယ်စပ်၊ ဧရာဝတီနှင့် သံလွင်မြစ်ဖျား မချမ်းဘောမြို့အနီးရှိ ကောင်းလူ စသည့် အရပ်ဒေသများတွင် ပျံ့နှံ့ နေထိုင်လျှက်ရှိကြသည်။ ၁၉၃၁ ခုနှစ် ပူတာအိုအစွန်အဖျား (တောင်မှ မြောက်)၊ Ahkyang မြစ်ဝှမ်း ချီဖွေမြို့အနီးရှိ ထောဂေါ နှင့် ဝိုင်းမော်မြို့၊ ပန်းဝါ တောင်ကြားလမ်းနှင့် Upper Ngaw-Chaung Vally (အထက်ငေါ်ချန်းတောင်ကြားလမ်း) အထက်ပိုင်း Ngaw-Chaung (ငေါ်ချန်း) / ငေါ်ချမ်းခ မြစ်ဝှမ်း ထောဂေါ အနီးတွင် နေကြသည်။ ပါဂျာအိုဒေသ (Pajau) တွင် လီဆူများနေထိုင်ကြသည်။ လီဆူတို့သည် Ahkyang မြစ်ဝှမ်းတွင် နေထိုင်ခဲ့ပြီး နုန်(ရဝမ်) တို့အား မောင်းထုတ်ခဲ့သည်။ လီဆူမျိုးတူ (၁၄) စု ရှိသည်။ လီဆူမျိုးနွယ်စုဝင် Nopa Jezapa မျိုးနွယ်စုက ပိုများသည်။ ကျေးရွာများမှ မြောက်ဘက်မှ တောင်ဘက်သို့ Ngaw- Chaung, Panwa ပန်ဝါ မြစ်ဝှမ်းရှိ ထောဂေါ့ ၊ ဆဒုံးရှိ Singaw မြစ်ဝှမ်း Sima ရှိ Pajau ကျေးရွာ (၅) ရွာတို့ဖြစ်ကြသည်။ ဗန်းမော်ဒေသရှိ Shangtai၊ Tashan၊ Hkring mudun တို့နှင့် Kodaung ၊ Bernard- Myo တွင် တွေ့ရသည်။ ဗန်းမော်မြို့တွင် (၄) ရွာ၊ ဆင်မတွင် (၅)ရွာ၊ ဆဒုံးတွင် (၂၀) ရွာ၊ ပန်ဝါတွင် (၆) ရွာ ရှိသည်။ တောင်ပိုင်းရှမ်းပြည်နယ် Mong Nai ၊ Kengtung ၊ Mong Pang တို့တွင်တွေ့ရသည်။ လီဆူအများအပြားသည် တရုတ်ယူနန်နယ်တွင် နေကြသည်။တရုတ် - မြန်မာနယ်စပ် အနောက်ဘက်အစွန်အဖျားသည် လီဆူလူမျိုးတို့ ဖြန့်ကျက်နေထိုင်ရာ ဒေသဖြစ်သည်။ Nmai Vally တွင် လီဆူ၊ တရုတ်၊ Lashi (လရှီ)၊ ရှမ်းတရုတ်တစ်ချို့ နေကြသည်။ ဂျိန်းဖော့ လူမျိုးများထဲမှ Marip, Nhkum, Shadan, Lahpai, Kareng , Udi, Nang, Layang, Chang- Maja များလည်းနေထိုင်ကြသည်။ မြစ်ကြီးနား၊ ဗန်းမော် ရှမ်းပြည်နယ်နှင့် Tengyueh တွင် တွေ့ရသော လီဆူတို့သည် နောက်မှ ပြောင်းရွှေ့လာခဲ့သူများ ဖြစ်နိုင်သည်ဟု ယူဆကြသည်။ လီဆူတို့၏ မျိုးတူအုပ်စုခွဲ အမည်များမှာ Town Kya (ကချင်ဘာသာဖြင့် Mitung), Ngwa Hpa နှင့် Ngawhpa (ကချင်ဘာသာဖြင့် Marip), Zaw Kya (ကချင်ဘာသာဖြင့်N'Hkum) or (ကချင်ဘာသာဖြင့် ဗန်းမော်တွင် Lasang), Bya Hpa,Dzi Hpa,La Hpa,Waw Hpa တို့ဖြစ်သည်။၁၉၃၁ခုနှစ်တွင် လီဆူလူမျိုး(၃၅၀၀၀)ခန့်ရှိခဲ့သည်။အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာ၏ ၂၀၁၄ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား အခြေခံ၍တွက်ချက်ထားသော၂၀၁၈-၂၀၁၉ခုနှစ်ခန့်မှန်းလူဦးရေစာရင်းအရကချင်ပြည်နယ်အတွင်းရှိ လီဆူလူမျိုးများ၏ခန့်မှန်းလူဦးရေစာရင်းမှာ မြစ်ကြီးနားခရိုင်တွင်(၃၈,၃၂၄)ဦး၊ မိုးညှင်းခရိုင်တွင်(၅,၇၉၉)ဦး၊ဗန်းမော်ခရိုင်တွင်(၆,၄၉၃)ဦး၊ပူတာအိုခရိုင်တွင်(၃၇,၄၄၈)ဦး၊စုစုပေါင်း ပြည်နယ်ချုပ်မှာ (၈၈,၀၆၄)ဦးဖြစ်ပါသည်။ကချင်ပြည်နယ်အတွင်းရှိ ခိုလုံလီရှောလူမျိုးများ၏ ခန့်မှန်းလူဦးရေစာရင်းများမှာ မြစ်ကြီးနား ခရိုင်တွင်(၆)ဦး၊မိုးညှင်းခရိုင်တွင်(၉,၄၁၉)ဦး၊ဗန်းမော်ခရိုင်တွင်(၂,၅၁၉)ဦးစုစုပေါင်း ပြည်နယ်ချုပ်မှာ(၁၁,၉၄၄)ဦးဖြစ်ပါသည်။
ဒုရင်လူမျိုးများသည်ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းတွင် နေထိုင်လျက်ရှိကြပြီး ၁၉၃၁ခုနှစ် သန်းခေါင်စာရင်းပါ ဆင်ဖိုးလူမျိုးSingphoတို့သည် ပတ်ကွိုင်တောင်တန်း နှစ်ဖက်လုံးအားသိမ်းပိုက်ထားပြီး အထက်ချင်းတွင်းနှင့် နာဂတောင်များအကြားဒေသများတွင် နေထိုင်ကြသည်။လူဦးရေ၅၀၀၀ခန့်ရှိမည်ခန့်မှန်းခဲ့သည်။
ဒုရင်လူမျိုးများသည်ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းတွင် နေထိုင်လျက်ရှိကြပြီး ၁၉၃၁ခုနှစ် သန်းခေါင်စာရင်းပါ ဆင်ဖိုးလူမျိုးSingphoတို့သည် ပတ်ကွိုင်တောင်တန်း နှစ်ဖက်လုံးအားသိမ်းပိုက်ထားပြီး အထက်ချင်းတွင်းနှင့် နာဂတောင်များအကြားဒေသများတွင် နေထိုင်ကြသည်။လူဦးရေ၅၀၀၀ခန့်ရှိမည်ခန့်မှန်းခဲ့သည်။