KachinTraditional customs

ကချင်တိုင်းရင်းသားတို့သည် တိဘက်မြန်မာအုပ်စုဝင်များ ဖြစ်ကြသည်။ ဂျိန်းဖော၊ အဇီး(ဇိုင်းဝါး)၊ လရှီ(လာချိ)၊ လီဆူ၊ ရဝမ်နှင့် မရှု(လော်ဝေါ) မျိုးနွယ် ၆ မျိုးကို စုပေါင်း ၍ ကချင်ဟု ခေါ်လေ့ရှိကြပြီး ကချင်ပြည်နယ်တွင် ရှမ်းကြီး၊ ရှမ်းတရုတ်၊ ရှမ်းမြန်မာ၊ ဂဒူးစသော မျိုးနွယ် ၄ မျိုး ပါဝင်သော ရှမ်းများနှင့် ချင်း၊ ပလောင်၊ နာဂတို့ပါ နေထိုင်ကြသည်။

ဘာသာစကားနှင့်စာပေ

ဘာသာစကားမှာ ဂျိန်းဖောစကား၊ မရူစကား၊ ရဝမ်စကား၊ လီဆူစကား ဟူ၍ စကားကြီး ၄ မျိုးရှိပြီး၊ လရှီစကားနှင့် အဇီးစကားတို့မှာ မရူစကားမှ ခွဲထွက်လာသော စကားများဖြစ်သည်။ ဂျိန်းဖောစကား ကို လူသုံးအများဆုံး ဖြစ်သည်။ မရူစကားမှာ ဒုတိယ လူသုံးအများဆုံး ဖြစ်သည်။

ဝတ်စားဆင်ယင်မှု

ကချင်တိုင်းရင်းသားတို့က အမည်းရောင်ဝတ်သည်။ လရှီ၊ လီဆူနှင့် အဇီးတို့က ခေါင်းပေါင်းကို ထူထူထဲထဲ ပေါင်းထုပ်သဖွယ် ပေါင်းကြ၍ ဂျိန်းဖောနှင့် မရူတို့က ပါးပါးပေါင်းကြသည်။ မြောက်ပိုင်းနေ တိုင်းရင်းသားတို့က လုံကွင်းကို တိုတိုဝတ်ကြ၍ တောင်ပိုင်းနေ တိုင်းရင်းသားတို့က ရှည်ရှည်ဝတ်ကြသည်။

ကိုးကွယ်ယုံကြည်မှု

ကချင်ပြည်နယ်တွင် ဗုဒ္ဓဘာသ...

ကချင်ပြည်နယ်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူများ၊ ခရစ်ယာန် ဘာသာကိုးကွယ်သူများ၊ နတ်ကိုးကွယ်သူများ ဟူ၍ ရှိကြသည်။ ဘာသာကိုးကွယ်သူများသည် သက်ဆိုင်ရာဘာသာကို လေးစားသမှု အထူးရှိကြသည်။ မိမိတို့ ဘာသာအလိုက် ယုံကြည်ရာ ကချင် ပြည်နယ်တွင် နတ်ကိုးကွယ်သူများပြားသည်။ နတ်ကိုးကွယ်မှုမှာအဓိကဖြစ်သည်။ နတ်များ ကျေနပ်မှုရစေရန် အရေးကြီးသဖြင့် ယဇ်ကောင်များဖြင့် နတ်များကို ပူဇော်ပသရသည်။ ရွာအဝင်တွင် ကျေးရွာဆိုင်ရာ နတ်ကွန်းများ တွေ့နိုင်သည်။ နှစ်စဉ် နတ်ပူဇော်ပွဲ ကျင်းပချိန်တွင်သာ မွမ်းမံလေ့ရှိသည်။ အမြဲထိန်းသိမ်းထားလေ့ရှိသော နတ်ကွန်းမှာ မြေနတ်၏ နတ်ကွန်းဖြစ်သည်။ ယင်းနတ်ကွန်းကို ကျောက်ဘုံများဖြင့် ဝိုင်းရံထားခြင်း၊ ဝန်းခတ်ထားခြင်းများ ပြုလုပ်လေ့ရှိသည်။ အိမ်များတွင် နတ်ကွန်းကို အိမ်ရှေ့၌ ထားပြီး နတ်စင်ကို အိမ်ဦးခန်း၌ ထားသည်။ အချို့ကျေးရွာရှိ အိမ်များတွင် ရှေးယခင်ကတည်းက ပူဇော်ခဲ့သော ယဇ်ကောင်များ၏ ခေါင်းခွံများအား ဆင့်ကဲ ချိတ်ဆွဲထား သည်ကို တွေ့ရပေမည်။

အုပ်ချုပ်မှုအစဉ်အလာ

ကျေးရွာတွင် အကြီးအကဲအဖြစ် ကချင်ဒူးဝါး တ...

ကျေးရွာတွင် အကြီးအကဲအဖြစ် ကချင်ဒူးဝါး တစ်ဦးရှိသည်။ ၎င်း၏ အိမ်ခေါင်း၌ ကျွဲချိုကဲ့သို့သော သစ်ပြားဖြင့် ပြုလုပ်သည့် အိမ်ချို တပ်ဆင်ထားသည်။ ကျေးရွာအုပ်စု များနှင့် ဒူးဝါး နယ်မြေများကို အုပ်ချုပ်ရန် ပြည်နယ်အစိုးရက တောင်အုပ်များနှင့် တောင်တန်းဝန်ထောက်များကို ခန့်ထားပေးသည်။ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီများကိုပါ ယခုအချိန်တွင် တွဲဖက်ပေးထားသည်။ ထုံးစံအရ ရိုးရာဥပဒေများသာ ရှိသည်။ ချိုးဖောက်ပါက ဝဋ်ကျွေးပေးဆပ်ခြင်း ပြုရသည်။ ဖဂါ ခေါ် လက်ဆောင်အဖြစ် အဖိုးတန်ပစ္စည်း တစ်မျိုးမျိူးကို ကွမ်းဘိုးအဖြစ် ပေးရသည်။ ဓါး၊ လှံ၊ သန္တာပုတီး၊ သေနတ် စသည်တို့ကို အသုံးပြုသည်။

ရိုးရာယဉ်ကျေးမှု

လူတစ်ဦးတစ်ယောက်၏ ကျန်းမာရေးသည်နတ်တို့နှင့်သက်ဆိုင်သည်ဟု ယုံကြည်ကြသည်။ မကျန်းမာလျှင် နတ်ဟောဆရာထံ မေးမြန်း၍ သက်ဆိုင်ရာ နတ်တို့အား ပူဇော်ပသရသည်။ ဆင်းရဲနွမ်းပါးသူများပင်လျှင် ကြွေးခံ၍ နတ်ကန်တော့ရသည်။ နတ်ဆရာများသည် ဘာသာရေးတွင်သာမက လူမှုရေးတွင်ပါ အရေးပါသောပုဂ္ဂိုလ်များဖြစ်ကြ သည်။ အတိတ်နိမိတ် ကောက်ယူခြင်း၊ အဆောင်များထားခြင်းတို့ကို ပြုတတ်၍ စုန်းများရှိပြီး ပြုစားတတ်သော အတတ်ပညာများ ရှိသည်ဟုလည်းယုံကြည်ကြသည်။ မဒိုင် နတ်ခေါ် ကောင်းကင်နတ်ကို မူတည်၍ အကြောင်းအမျိုးမျိုးကြောင့် မနောပွဲကျင်းပကြရာ အရေးကြီးသော မနောပွဲငါးမျိုး ရှိသည်။ – ပဒန်မနော စစ်အောင်ချိန် အောင်ပွဲခံသည့်ပွဲ။– ဆွတ်မနော ဓနဥစ္စာ တိုးတက်ချိန်၌ မနာလို ဝန်တိုသူများရှိ၊ မရှိ ပေးဆပ်ရန် ကြွေးရှိ၊ မရှိရယူရန်ကြွေးရှိ၊ မရှိ စုံစမ်းရင်း ဆွေသစ်မျိုးသစ် မိတ်သင်္ဂဟသစ်ဖွဲ့သောပွဲ။ – ဂျူမနော မကျန်းမာသည့်အခါနှင့် အသက်အရွယ် ကြီးရင့်သော အဘိုးအို၊ အဘွားအိုများ သေဆုံးသည့်အခါ ကျင်းပသောပွဲ။ – ကွမ်ရန်မနော အိမ်သားဖြစ်သူ ညီအစ် ကို တစ်ဦးဦး နယ်မြေသစ် တည်ထောင် နေထိုင်ကြသော အချိန်တွင် မဒိုင်နတ်ကို ဝေချမ်းပင့်ဆောင်ယူ သော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။ – ရှဒမ်ဖေါ့မနော နယ်မြေသစ်တည်ထောင်ပြီးမဒိုင်နတ်အားနေရာပြသော အထိမ်းအမှတ်၊ နယ်မြေသစ်ရှိ မကောင်းဆိုးဝါးများကို နှင်ထုတ် သော အထိမ်းအမှတ်အဖြစ် ကျင်းပသောပွဲ။ မနောပွဲအပြင် အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အသုဘပွဲ၊ နတ်ပူဇော်ပွဲနှင့် ကောက်သစ်စားပွဲ စသော အခြားပွဲလမ်းများ ရှိသေးသည်။

ဆောင်ရန်

– ရောက်ရာအရပ်တွင် ရွာအကြီးအကဲနှင့် ထုံးတမ်းစဉ်လာကိုမေး၍ လိုက်နာပါ။

– ရပ်ရွာရှိ သာသနာ့အဆောက်အဦနှင့် မြေများအတွင်း ဝင်ရောက်လျှင် သာသနာရေး စည်းမျဉ်းများအတိုင်း လိုက်နာပါ။

– ရောက်ရာအရပ်တွင် ရွာအကြီးအကဲနှင့် ထုံးတမ်းစဉ်လာကိုမေး၍ လိုက်နာပါ။

– ရပ်ရွာရှိ သာသနာ့အဆောက်အဦနှင့် မြေများအတွင်း ဝင်ရောက်လျှင် သာသနာရေး စည်းမျဉ်းများအတိုင်း လိုက်နာပါ။

– အိမ်ထဲဝင်လျှင် အိမ်ရှေ့တံခါးပေါက်မှသာဝင်ပါ။ ဧည့်ခန်းမီးဖိုရှိရာတွင်သာ ထိုင်ပါ။ (အိမ်နောက်ဖေးတံခါးသည် အိမ်ရှင်အတွက်သာ ဖြစ်သည်။)

– အိမ်ရှင်ချထားပေးသော ရေဗူးမှ ရေကိုသာ သောက်သုံးပါ။ ခေါင်ရည်တည်လျှင် သောက်တတ်က သောက်ပါ။

– ကတိပေးမိလျှင် တည်ပါ။

– တပ်စခန်းတွင် လုံခြုံရေးကြောင့် ရပ်သူရွာသားများနှင့် ၎င်းတို့ပိုင် တိရိစ္ဆာန်များ မဝင်ရောက်စေလိုပါက အကြီးအကဲများနှင့် ပြေလည်အောင် ရှင်းလင်းပြောပြပါ။ နားမလည်၍ ဝင်လာသူများကို ချက်ချင်း အရေးမယူရ။

– အလုပ်သမား ငှားရမ်းခကို ပုံသေနှုန်း ရှင်းပြပြီးမှ ငှားပါ။ ငှားပြီး အတိအကျ စာရင်း ရှင်းပါ။

– နန ခေါ် ရှောင်ကြည်ရက်များတွင် ရွာတွင်း ရောက်နေက ရွာတွင်း၌ပင် နေပါ။ ရွာပြင်တွင်ရှိနေက ရွာပြင်တွင်သာ နေပါ။

– တိုင်းရင်းသားအိမ်တစ်ခုကို လက်နက်များယူဆောင်သွားရလျှင် အိမ်ရှင်အကြီးအကဲအား ခွင့်တောင်းပါ။

ရှောင်ရန်

– ရပ်ရွာလူထု ကျင်းပသော ဘာသာရေးအခမ်းအနား ပွဲလမ်းသဘင်များတွင်...

– ရပ်ရွာလူထု ကျင်းပသော ဘာသာရေးအခမ်းအနား ပွဲလမ်းသဘင်များတွင် အနှောင့် အယှက်မပြုမိစေရန် ယာဉ်မောင်းရဲဘော်များတတ်နိုင်လျှင်ရှောင်ကွင်းမောင်းနှင်ရန်။

– သီးဦး၊ သီးပွင့်များကို ပိုင်ရှင်မခူးမီ မခူးရ။

– အိမ်တွင်း မွေးထားသော တိရိစ္ဆာန်များမှာ များသောအားဖြင့် နတ်ပူဇော်ရန်ဖြစ်၍ ဖမ်းယူ စားသောက်ခြင်း မပြုရ။

– သား – ငါး -ကြက် − ဝက် သီးနှံများကို မရောင်းလျှင် အတင်းမဝယ်ရ။

– ဝိုင်းဖွဲ့၍ ကရသော အကမျိုးမှာ ဘာသာရေးနှင့် ဆက်စပ်နေတတ်သည်။ ၎င်းတို့၏ ယုံကြည် ကိုးကွယ်မှုကို ထိခိုက်စေသော အပြုအမူမျိုး မပြုရ။

– နတ်ကိုးကွယ်သူများကို နတ်နှင့် ပတ်သက်သော အကြောင်းအရာများမမေးရ။ မဆွေးနွေးရ။

– နတ်စင်ပေါ်တွင် ပစ္စည်းတင်ခြင်း၊ အဝတ်လှန်းခြင်း၊ နတ်စင်အနီးတဝိုက်တွင် သစ်ဝါး ခုတ်ခြင်း၊ မြေတူးခြင်း၊ သားငှက်တိရိစ္ဆာန် ပစ်ခြင်းမပြုရ။

– နတ်ပွဲများ နတ်ပူဇော်ရာ နေရာများသို့ မဖိတ်ဘဲမသွားရ၊ မလွှဲသာ၍ ရောက်သွားလျှင် ၎င်းတို့ပြုလုပ်ထားသော အထိမ်းအမှတ်များကိုလုံးဝမကိုင်ရ၊စည်းဝိုင်းအတွင်းမဝင်ရ။

– စပါးနယ်သော နေရာသို့ ဧည့်သည်မသွားရ။ မလွှဲသာ၍ ရောက်ခဲ့လျှင် ဘိနပ်မစီးရ ဓါး၊ သေနတ်စသော လက်နက်များ ကိုင်ဆောင်မသွားရ။

– နတ်ပွဲကျင်းပသည့်နေ့ရက်တွင် အလုပ်သမားများ ဆင့်ခေါ်ခြင်း၊ အလုပ်လုပ်ခိုင်းခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း မလုပ်ရ၊ မိမိအလုပ်သမားထဲမှ နတ်ပွဲသွားခွင့်တောင်း လျှင် မငြင်းပယ်ရ။

– အိမ်ရှေ့ပေါက် အများမြင်နိုင်သော နေရာတွင် ကြိုးတန်းထားလျှင် အိမ်ထဲမဝင်ရ၊ မေးမြန်းပြီး အခွင့်ရမှ ဝင်ရမည်။

– တည်းခိုနေထိုင်စဉ် အိမ်ရှင်၏ အိမ်ခန်းတွင်းသို့ မဝင်ရ၊ အိမ်ပေါက်ဝတွင် မျက်နှာ မသစ်ရ၊ လ္ဘက်ရည် ကျည်တောက်ကို အိမ်ပေါက်ဘက်သို့ ဦးတည်ထားခြင်း၊ ဖိုခနောက် နေရာရွှေ့ခြင်းများ မပြုရ၊ အိပ်သည့်အခါ နတ်စင်ဘက်သို့ ခေါင်းပြု မအိပ်ရ။