ကယား ရိုးရာအစားအစာများ

ကယားဝက်အူချောင်း ( ရိုးရာအစားအစာ )

ပါဝင်ပစ္စည်းများ

၁။ ဝက်သား (၁)ပိဿာ

၂။ ဝက်အူ            (၆၀)သား

၃။ ကြက်သွန်ဖြူ (၃)မွှာ

၄။ ချင်း                   (အနည်းငယ်)

၅။ မက်ခါသီးအမှုန့် (အနည်းငယ်)

၆။ ငရုတ်သီးခြောက်ကြော် (အနည်းငယ်)    

၇။ ဂျူးမြစ်      (အနည်းငယ်)

၈။ ဆား           (အနည်းငယ်)

၉။ ဆီ     (အနည်းငယ်)

၁၀။ အရသာမှုန့်    (အနည်းငယ်)

၁၁။ နနွင်းမှုန့် (အနည်းငယ်)

၁၂။ ငရုတ်သီးအရောင်တင်မှုန့် (အနည်းငယ်)


ချက်ပြုတ်နည်း

             ၀က်သားကို ‌ရေစင်အောင်ဆေး၍ နုပ်နုပ်စဉ်းထားရပါမည်။ ၀က်အူကို အနံ့အသက် ပျောက်သွားစေရန် ဆားဖြင့်ရေစင်အောင် ပွတ်တိုက်ဆေးထားရပါမည်။  ချင်း၊ ကြက်သွန်ဖြူ၊ ဂျူးမြစ်တို့ကို ထောင်းထားရပါမည်။ ထောင်းထားသော ချင်း၊ ကြက်သွန်ဖြူနှင့် ဂျူးမြစ်

တို့ကို နုပ်နုပ်စဉ်းထားသော ဝက်သားထဲသို့ အရသာမှုန့်အနည်းငယ်၊ ဆားအနည်းငယ်၊ မက်ခါသီးအမှုန့်အနည်းငယ်၊ နနွင်းမှုန့်အနည်းငယ်နှင့် ဆီအနည်းငယ်တို့ကို ထည့်ပြီး သမ အောင်မွှေရပါမည်။ ကယား၀က်အူချောင်းအစာသွပ်ရာတွင် ကန်တော့ (သို့) ရေသန့်ဘူးခွံ ထိပ်ပိုင်းကို ပိုင်းဖြတ်၍ အသုံးပြုနိုင်ပါသည်။ သွပ်ပြီးသားအစာများ ပြန်မထွက်စေရန် ထိပ် ကို သွားကြားထိုးတံ (သို့မဟုတ်) နှီးကြိုးဖြင့် ပိတ်ထားရပါမည်။ ၀က်အူချောင်း မကင်မီ ၀က်အူချောင်းအပေါ်ကို သွားကြားထိုးတံဖြင့် အပေါက်ကလေးများဖြစ်အောင်  ဖောက်ပေးရ ပါမည်။  ထို့နောက် ၀က်အူချောင်းကို အကင်ဗန်းထဲထည့်၍ ကင်ရပါမည်။ အနီရောင်သန်း လာလျှင် အရသာရှိသည့် ကယား၀က်အူချောင်းကို ရရှိပြီဖြစ်ပါသဖြင့် သုံးဆောင်နိုင်ပါသည်။