ကချင် ရိုးရာအစားအစာများ

လီဆူရိုးရာ ဝက်နံရိုး ကျောက်ဖရုံသီးဟင်း ( အဓိကအစားအစာ )

ပါဝင်ပစ္စည်းများ

၁။ ဝက်နံရိုး (၂၀) သား

၂။ အဆီမပါသောဝက်သား (၂၀) သား

၃။ ကြက်ဉကျောက်ဖရုံ (၁) စိတ်

၄။ ကြက်သွန်နီ (၁) လုံး

၅။ ငရုတ်သီးအနီခြောက် (၅) တောင့်

၆။ ချောက်ကောပါကောအမှုန့် အနည်းငယ်

၇။ ဆီ ဟင်းခတ်ဇွန်း (၁) ဇွန်း

၈။ ဆား အနည်းငယ်

၉။ ဂျင်း အနည်းငယ်

၁၀။ ကြက်သွန်မိတ် အနည်းငယ်


ချက်ပြုတ်နည်း

          ပထမဉီးစွာဝက်နံရိုးနှင့်အသားကို ရေစင်အောင်ဆေးပြီး အသားများကို အနေတော် ပိုင်းကာ ဆားနှင့်နယ်၍ ဆယ့်ငါးမိနစ်ခန့်ထားရပါမည်။ ကျောက်ဖရုံသီးကိုလည်း အနေ တော်တုံးပြီးဆားနှင့်နယ်ကာ ဆယ်မိနစ်ခန့် ထားရပါမည်။ ထိုအချိန်အတွင်း ကြက်သွန်နီကို အနေတော်စိတ်၍ ငရုတ်သီးကို ထက်ခြမ်းခြမ်းထားရပါမည်။ ထို့နောက် အိုးထဲသို့ ဆီအနည်း ငယ်ထည့်၍ ဆီပူလာလျှင် ကြက်သွန်နီနှင့် ငရုတ်သီးကို ဆီသတ်ရပါမည်။ ဆီချက်ထဲသို့ ဝက်နံရိုးနှင့် ဝက်သားများကို အိုးထဲထည့်ပြီး လုံးရပါမည်။ လုံးပြီးလျှင် ရေအနည်းငယ်ထည့် ပြီး အဖုံးအုပ်၍ နူးသွားအောင် စောင့်ရပါမည်။ ဝက်နံရိုးနူးချိန်ရောက်လျှင် ကျောက်ဖရုံသီး ထည့်ပြီး အဖုံးပြန်အုပ်ထားရပါမည်။ အားလုံး ကျက်သွားပြီ ဆိုလျှင် အနံ့မွှေးအောင် ချောက် ကောပါးကောထည့်ရပါမည်။ ထို့နောက် ဂျင်းကို ပါးပါးလှီးထည့်ပြီး ကြက်သွန်မြိတ်ကိုလည်း တစ်လက်မခန့် ဖြတ်ပြီး ထည့်ရပါမည်။ ထိုအခါ အနံ့အရသာနှင့် ပြည့်စုံသော လီဆူရိုးရာ ဝက်နံရိုးနှင့် ကျောက်ဖရုံ သီးချက်ကို ရရှိပါမည်။