ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီးနှင့်
ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်ဇနီးတို့က ငါးသားပေါက် များကို ဝန်ကြီးဌာနရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ဇီဝိတဒါနငါးလွှတ်ပေးကြပြီး
အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊
အမှုထမ်းများက ဆက်လက်၍ ဇီဝိတဒါနငါးလွှတ် ပေးကြပါသည်။
၎င်းနောက်
အန္တရာယ်ကင်း ပရိတ်တရားတော်
နာယူခြင်းအခမ်းအနားကို ကျင်းပရာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး
အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသကထံမှ ငါးပါးသီလ ခံယူကြကာ ဆရာတော်၊ သံဃာတော်များက
အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ပွားသရဇ္စျယ်တော်မူကြရာ
ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး
ဦးဇော်အေးမောင်နှင့်ဇနီး နှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးနှင့်
ဒုတိယဝန်ကြီးနှင့်ဇနီးတို့က ဆရာတော်၊ သံဃာတော်များအား
နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်း ကြပြီး ကောင်းမှုကုသိုလ်များအတွက်
ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် သာဓု အနုမောဒနာ
ခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။