တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊
ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည်
ဧပြီလ (၉) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်း၌
ငလျင်ဘေးကြောင့် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား
နေထိုင်ရန်အတွက် ယာယီတဲများ စတင်ဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည်
ယာယီတဲဆောက်လုပ်ရန်အတွက် မြေနေရာအား ပန္နက်ရိုက်သွင်းပေးခဲ့ပြီး
ယာယီနေအိမ်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည် သုံးရေသွယ် တန်းခြင်း၊ ရေစင်ပြုပြင်ခြင်းဆောင်ရွက်နေမှုအား
ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းမိသားစုများ သန့်ရှင်းသည့်သုံးရေရရှိစေရေးဆောင်ရွက်ရန်
တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။