ရှမ်း ရိုးရာအစားအစာများ

ရှမ်းရိုးရာ ခေါပုတ် ( အဓိကအစားအစာ )

ပါဝင်ပစ္စည်းများ

၁။ ကောက်ညှင်းဆန် (၃) ဘူး

၂။ ဆီ (၁၅) ကျပ်သား

၃။ သကြား (၁၀) သား

၄။ နှမ်း (၁၀) သား


ချက်ပြုတ်နည်း

ပထမဦးစွာ ကောက်ညှင်းဆန်ကို(၃) နာရီခန့် ရေစိမ်ထားရပါမည်။ ပြီးလျှင်  ရေစစ်ပြီး ရေဆေးရပါမည်။ ရေဆေးပြီးလျှင် ကောက်ညှင်းကို ပေါင်းအိုးထဲ ထည့်ပေါင်းရပါမည်။ ကောက်ညှင်းပေါင်းနေစဉ် လှော်ပြီးသားနှမ်းကို ဆားအနည်းငယ်ရော၍ ထောင်းထားပါ။ ကောက်ညှင်းကျက်လျှင် ဆီသုတ်ထားသော ဆုံထဲသို့ နှမ်းအနည်းငယ် ထည့်၍ ထောင်းရ ပါမည်။  ကောက်ညှင်းညက်ပါက ဆီသုတ်ထားသော ဆန် ကောထဲတွင် ထည့်၍ လုံးရပါမည်။ လုံးပြီးပါက ပုံစီခွက်ထဲထည့်၍ ပုံဖော်နိုင်ပါသည်။ ထိုအခါ မနက်စာအဆာပြေအဖြစ် စားသုံးနိုင်သည့် ရှမ်းရိုးရာ ခေါပုတ်ကို ရရှိမည်ဖြစ်ပါသည်။