ShanEthnic groups and areas of residence

ရှမ်း

ရှမ်းလူမျိုးများသည် မြောက်သိန္နီ၊ တောင်သိန္နီ၊ သီပေါ၊ မိုးမိတ်၊ လားရှိုး၊ မိုးနဲ၊ မိုင်းနောင်၊ နောင်မွန်၊ လွယ်လင်၊လဲခြား၊ မိုင်းကိုင်၊ ညောင်ရွှေ၊ ကျေးစီ၊ မန်းဆန်၊ ပင်လုံ၊ ကျိုင်းတုံ၊ နမ်းခမ်းနှင့် မိုးကုတ်၊ ကချင်ပြည်နယ်မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ အင်းတော်ကြီးနယ်များတွင် အများဆုံးနေထိုင်ကြပြီး...

ရှမ်းလူမျိုးများသည် မြောက်သိန္နီ၊ တောင်သိန္နီ၊ သီပေါ၊ မိုးမိတ်၊ လားရှိုး၊ မိုးနဲ၊ မိုင်းနောင်၊ နောင်မွန်၊ လွယ်လင်၊လဲခြား၊ မိုင်းကိုင်၊ ညောင်ရွှေ၊ ကျေးစီ၊ မန်းဆန်၊ ပင်လုံ၊ ကျိုင်းတုံ၊ နမ်းခမ်းနှင့် မိုးကုတ်၊ ကချင်ပြည်နယ်မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ အင်းတော်ကြီးနယ်များတွင် အများဆုံးနေထိုင်ကြပြီး စစ်ကိုင်တိုင်းဒေသကြီး ကသာ၊ အထက်ချင်းတွင်း၊ဟုမ္မလင်း၊ သောင်သွတ်၊ ခန္တီးနယ်များနှင့် မြေပြန့်အရပ်များတွင် အနည်းငယ်စီပျံ့နှံ့နေထိုင်ကြသည်။ ရှမ်းများသည် ယူနန်နှင့် ယိုးဒယားနယ်စပ် တိုင်အောင် ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။

၁၉၃၁ခုနှစ်တွင် ရှမ်းဦးရေ(၁,၀၃၇,၄၀၆)ဦးရှိခဲ့ပါသည်။ အောက်မြန်မာပြည်တွင် ရှမ်းလူမျိုး အနည်းငယ်အား ပဲခူးတိုင်းဒေသကြီး တောင်ငူ၊ မွန်ပြည်နယ် သထုံနှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်များတွင် တွေ့ရသည်။ ထိုင်းနိုင်ငံတွင် ရှမ်းလူမျိုး(၅)သန်းခန့်နှင့် လာအိုနိုင်ငံ၌ ရှမ်းလူမျိုး(၃)သန်းခွဲခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ကန်တုံနှင့် ကွမ်စီတွင် ရှမ်းလူမျိုး(၇)သန်းခန့် ရှိနိုင်သည်။ တရုတ်ပြည်နှင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် ရှမ်းလူမျိုး သန်း(၂၀) အောက် မလျော့နည်းနိုင်ကြောင်း ခန့်မှန်းခဲ့သည်။

ဦးမင်းနိုင်၊ ဒို့သွေး ဒို့သား တိုင်းရင်းဘွား (စာ-၈၄)

Races of Burma(Page-67,70,71)

ယွန်း(လာအို)

ယွန်းလူမျိုးတို့သည်လည်း ရှမ်းအနွယ်ဝင်များဖြစ်ကြသည်။ ၎င်းတို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ် ဒေသတစ်ဝိုက်တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း)(စာ-၃၃၊၅၈)

ယွန်းလူမျိုးတို့သည်လည်း ရှမ်းအနွယ်ဝင်များဖြစ်ကြသည်။ ၎င်းတို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ် ဒေသတစ်ဝိုက်တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း)(စာ-၃၃၊၅၈)

ကွီ

ကွီလူမျိုးများသည် လားဟူဟုခေါ်သော ရှမ်းလူမျိုးစုတွင် ပါဝင်သည်။ လားဟူတို့ကို ရှမ်းတို့က မုဆိုးလူမျိုးဟုခေါ်ဝေါ်ကြသည်။ ၎င်းတို့သည် ရှေးနှစ်ပေါင်းများစွာက သံလွင်မြစ်၏ မြောက်ဘက် တရုတ်-မြန်မာနယ်စပ်တွင်တည်ရှိသော မိုင်းလင်းဒေသမှ ပြောင်းရွှေ့ လာခဲ့ကြသူများဖြစ်သည်။ ယခုအခါ ကွီလူမျိုးတို့သည် ရှမ်းပြည်နယ် ကျို...

ကွီလူမျိုးများသည် လားဟူဟုခေါ်သော ရှမ်းလူမျိုးစုတွင် ပါဝင်သည်။ လားဟူတို့ကို ရှမ်းတို့က မုဆိုးလူမျိုးဟုခေါ်ဝေါ်ကြသည်။ ၎င်းတို့သည် ရှေးနှစ်ပေါင်းများစွာက သံလွင်မြစ်၏ မြောက်ဘက် တရုတ်-မြန်မာနယ်စပ်တွင်တည်ရှိသော မိုင်းလင်းဒေသမှ ပြောင်းရွှေ့ လာခဲ့ကြသူများဖြစ်သည်။ ယခုအခါ ကွီလူမျိုးတို့သည် ရှမ်းပြည်နယ် ကျိုင်းတုံ၊ မိုင်းဆပ်၊ မိုင်းပန်ဒေသ တစ်ဝိုက်တွင် ပျံ့နှံ့နေထိုင်ကြပါသည်။

၁၉၃၁ခုနှစ် သန်းခေါင်စာရင်းတွင် ကွီ(၃,၈၃၂) ယောက်ရှိခဲ့သည်။ လားဟူအဝါကို ကွီဟု ခေါ်ဆိုသည်ဟု ဖော်ပြခဲ့သည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၂)

Races of Burma (Page-67,70,71)

သအို

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တစ်ဝိုက်တွင် နေထိုင်ခဲ့ကြပြီး ယခုအခါ လူအနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ စာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ဖြေကြားချက်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တစ်ဝိုက်တွင် နေထိုင်ခဲ့ကြပြီး ယခုအခါ လူအနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ စာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ဖြေကြားချက်

ဓနော့/ထနော့

ဓနောလူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် နေထိုင်ကြသည်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်)

ဓနောလူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် နေထိုင်ကြသည်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်)

ပလေး

ပလေးလူမျိုးများသည် ရှမ်းပြည်တောင်ပိုင်း နမ့်ဆန်မြို့ကို ဗဟိုပြု၍ နေထိုင်ကြသည်။

ဦးမင်းနိုင် တိုင်းရင်းသားလူမျိုးများအဘိဓာန်(စာ-၁၆၂)

ပလေးလူမျိုးများသည် ရှမ်းပြည်တောင်ပိုင်း နမ့်ဆန်မြို့ကို ဗဟိုပြု၍ နေထိုင်ကြသည်။

ဦးမင်းနိုင် တိုင်းရင်းသားလူမျိုးများအဘိဓာန်(စာ-၁၆၂)

စုံ(ဆံ)

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တစ်ဝိုက်တွင် နေထိုင်ခဲ့ကြပြီး ယခုအခါ လူအနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ စာပေနှင့် ယဉ်ကျေးမှုအသင်းများမှဖြေကြားချက်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တစ်ဝိုက်တွင် နေထိုင်ခဲ့ကြပြီး ယခုအခါ လူအနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ စာပေနှင့် ယဉ်ကျေးမှုအသင်းများမှဖြေကြားချက်

အင်/အဲန်

အင်လူမျိုးများသည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် နေထိုင်သူများဖြစ်ကြပြီး ကျိုင်းတုံမြို့နယ်၊ မိုင်းခေတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်တို့တွင် အများဆုံးနေထိုင်ကြသည်။ အခြားလူမျိုးစုများနှင့် ရောနှောနေထိုင်လေ့မရှိဘဲ တောင်ကုန်း၊ တောင်စောင်းများတွင် ရွာတည်ကာ သီးသန့်နေထိုင်သောလူမျိုးစုဖြစ်သည်။

အင်လူမျိုးများသည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် နေထိုင်သူများဖြစ်ကြပြီး ကျိုင်းတုံမြို့နယ်၊ မိုင်းခေတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်တို့တွင် အများဆုံးနေထိုင်ကြသည်။ အခြားလူမျိုးစုများနှင့် ရောနှောနေထိုင်လေ့မရှိဘဲ တောင်ကုန်း၊ တောင်စောင်းများတွင် ရွာတည်ကာ သီးသန့်နေထိုင်သောလူမျိုးစုဖြစ်သည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း) (စာ ၃၂၊ ၃၃၊ ၃၄၊၃၅၊ ၇၂၊၇၄၊)

ခမူ

ခမူလူမျိုးများသည် ယူနန်ပြည်နယ် စစ်ဆောင်ပန်နားမှ ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ ပြောင်းရွှေ့အခြေချလာသည့် လူမျိုးများဖြစ်ကြပါသည်။

ခမူလူမျိုးများသည် ယူနန်ပြည်နယ် စစ်ဆောင်ပန်နားမှ ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ ပြောင်းရွှေ့အခြေချလာသည့် လူမျိုးများဖြစ်ကြပါသည်။

ဖျင်

ဖျင်လူမျိုးများသည် မိုင်းယန်းမြို့အနီး ကျေးရွာတစ်ရွာတွင် နေထိုင်ကြပြီး လူဦးရေ(၇၀၀)ခန့်ရှိပါသည်။

ရှေးမြန်မာလူမျိုးများ(Wekipedia Webpage)

ဖျင်လူမျိုးများသည် မိုင်းယန်းမြို့အနီး ကျေးရွာတစ်ရွာတွင် နေထိုင်ကြပြီး လူဦးရေ(၇၀၀)ခန့်ရှိပါသည်။

ရှေးမြန်မာလူမျိုးများ(Wekipedia Webpage)

အာခါ(ကော်)

အာခါလူမျိုးတို့သည် မွန်ဂိုအနွယ်များဖြစ်ကြ၍ ရေကြည်ရာ၊ မြက်နုရာ အရပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြရာမှ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာကြသည်။ အာခါလူမျိုးတို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ်နယ်စပ်တို့တွင် အများစုနေထိုင်ကြပါသည်။

အာခါလူမျိုးတို့သ...

အာခါလူမျိုးတို့သည် မွန်ဂိုအနွယ်များဖြစ်ကြ၍ ရေကြည်ရာ၊ မြက်နုရာ အရပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြရာမှ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာကြသည်။ အာခါလူမျိုးတို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ်နယ်စပ်တို့တွင် အများစုနေထိုင်ကြပါသည်။

အာခါလူမျိုးတို့သည် လိုလို မျိုးနွယ်စုဝင် ဖြစ်သည်။ အာခါလူမျိုး အများစုမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တောင်စောင်းများပေါ်တွင် အနေများကြသည်။

၁၉၃၁ခုနှစ်သန်းခေါင်စာရင်းတွင် (၄၀,၅၁၂)ဦးရှိသည်။ အာခါ(Ahka)တို့သည် သံလွင်နှင့် မဲခေါင်မြစ်များအကြား နယ်မြေတောင်ကုန်းများတွင် အများဆုံးနေထိုင်ကြသော တောင်ပေါ် တိုင်းရင်းသားများဖြစ်သည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း)(စာ ၃၂၊၃၃၊၃၄၊၃၅၊၇၂၊၇၄)

Races of Burma(Page_68,69)

ကိုးကန့်

ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းထားသည့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အများစုနေထိုင်ကြပြီး ဝနယ်ရှိ ပန်းလုံး၊ မိုင်းမော်တို့တွင်လည်း နေထိုင်ကြပါသည်။

ကိုးကန့်ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်မှာ နှစ်မျိုးရှိသည်။ ပထမ အဓိပ္ပာယ် ကိ...

ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းထားသည့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အများစုနေထိုင်ကြပြီး ဝနယ်ရှိ ပန်းလုံး၊ မိုင်းမော်တို့တွင်လည်း နေထိုင်ကြပါသည်။

ကိုးကန့်ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်မှာ နှစ်မျိုးရှိသည်။ ပထမ အဓိပ္ပာယ် ကိုးကန့်မှာ ကိုး=စိမ်းလန်းသောဒေသ၊ ကန့်=ရဲရင့်သူများ နေထိုင်သောစိမ်းလန်းသည့်ဒေသဟူ၍ လည်းကောင်း၊ ဒုတိယအဓိပ္ပာယ် ကောက်ကန့်မှာ ကောက်=ကိုး(၉)၊ ကန့်= အုပ်ချုပ်သူ အကြီးအကဲ သူကြီးဖြစ်သည်။ သူကြီး(၉)ဦး အုပ်ချုပ်သော နယ်(၉)နယ်ဟူ၍ အဓိပ္ပာယ်ရ၏။ ၎င်းနယ်များမှာ (၁)တောင်ညို၊ (၂)ယင်းဖန်၊ (၃)ပန်းဆုံ၊ (၄)ပန်းရုံ၊ (၅)ကန်ငယ်၊ (၆)ကန်ဖန်၊ (၇)ကန်ပွိုင်၊ (၈) မော်ထေး၊ (၉) မောင်းဟောင် တို့ဖြစ်ကြသည်။

၁၉၃၁ခုနှစ်တွင် ကိုးကန့်လူမျိုး (၄၅,၀၀၀)ဦးရှိခဲ့သည်။ နမ့်ခမ်းအရှေ့ သံလွင်မြစ်ကို ဖြတ်၍ Tawnyo or Malipa ဒေသများတွင် ကိုးကန့်များ နေထိုင်ကြပါသည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း) (စာ ၃၂၊ ၃၃၊၃၄၊၃၅၊၇၂၊၇၄)

Races of BurmaL( Page-79)

ခန္တီးရှမ်း

သက္ကရာဇ် ဘီစီ (၁၀၀၀)ခန့်တွင် တိဘက်အနွယ်ဝင် စဝ်ဇေယျထိတာနှင့် အပေါင်းအပါ (၁၀၀၀) ကျော်တို့သည် နောင်အခါခမ်းတီးလုန်ဒေသဟုခေါ်တွင်မည့် နေရာသို့ ရောက်ရှိလာပြီး မန္ဓရာဇ်တိုင်းကို တည်ထောင်ခဲ့ပါသည်။ ဘီစီ(၆၀၀)မတိုင်မီတွင် စုနိုင်ငံရှမ်းတိုင်းပြည့်ရှင် စဝ်ဖရှမ် ခေါ်  ခမ်းတီထျန်တို့ အဖွဲ့ရောက်ရှိလာပြီး စဝ်...

သက္ကရာဇ် ဘီစီ (၁၀၀၀)ခန့်တွင် တိဘက်အနွယ်ဝင် စဝ်ဇေယျထိတာနှင့် အပေါင်းအပါ (၁၀၀၀) ကျော်တို့သည် နောင်အခါခမ်းတီးလုန်ဒေသဟုခေါ်တွင်မည့် နေရာသို့ ရောက်ရှိလာပြီး မန္ဓရာဇ်တိုင်းကို တည်ထောင်ခဲ့ပါသည်။ ဘီစီ(၆၀၀)မတိုင်မီတွင် စုနိုင်ငံရှမ်းတိုင်းပြည့်ရှင် စဝ်ဖရှမ် ခေါ်  ခမ်းတီထျန်တို့ အဖွဲ့ရောက်ရှိလာပြီး စဝ်ဇေယျထိတာမှ ဆင်းသက်ပေါက်ဖွားလာသော တိဘက် အနွယ်ဝင်များနှင့် ပေါင်းစပ်သွားရာမှ ခမ်းတီလူမျိုးများဟူသော လူမျိုးတစ်မျိုးဖြစ်ပေါ်လာခဲ့ပါသည်။

အေဒီ(၂၂၆)ခန့်တွင် အိုက်လောနိုင်ငံမှ ရှင်းမင်းသား စဝ်ကျမ်မိန်းဟိန်းဟောက်သည် စစ်သည် ဗိုလ်ပါအင်အား (၁၁၀) ဖြင့် ခမ်းတီးပြည်သို့လာရောက်နေထိုင်ခဲ့ပြီး ထိုရှမ်းအဖွဲ့ကြီးသည် မြို့ပြယဉ်ကျေးမှုကို ခမ်းတီးပြည်၍ စတင်ထူထောင်ခဲ့ပါသည်။ ၎င်းနောက် အေဒီ(၈)ရာစုမှ (၁၃)ရာစုအတွင်း ရှမ်းအနွယ်ဝင်များ ခမ်းတီးလုန်ပြည်သို့ အသီးသီး အသုတ်လိုက် ရောက်ရှိခဲ့ပါသည်။ ထိုအချိန်မှစ၍ ခမ်းတီးပြည်ကြီးတွင် ရှမ်းယဉ်ကျေးမှု ဓလေ့များ လွှမ်းမိုးလာခဲ့ပါသည်။ ထိုအချိန်မှစ၍ ခမ်းတီးပြည်ကြီးတွင် ရှမ်းယဉ်ကျေးမှု ဓလေ့များ လွှမ်းမိုးလာခဲ့ပါသည်။ ခမ်းတီးလူမျိုးများနှင့် ရှမ်းလူမျိုးများ တဖြည်းဖြည်း သွေးရောနှောပေါင်းစပ်လာပြီး ခမ်းတီးရှမ်းလူမျိုးများ၊ တိုင်းရှမ်းအနွယ်ဝင်များ ဖြစ်လာခဲ့သည်။ဤသို့ဖြင့် ခမ်းတီးနှင့်ရှမ်းများ သွေးရောနှောပေါင်းစပ်ကာ တိုင်းခမ်းတီ(ခန္တီးရှမ်း) ဟူ၍ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

ခန္တီးရှမ်း(တိုင်းခမ်းတီ)တို့သည် စစ်ကိုင်းတိုင်း ၊ ခန္တီး၊ ဟုမ္မလင်း၊ ဆောင်ဆွပ်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးကောင်း၊ ဝိုင်းမော်၊ မိုးညှင်း၊ ကာမိုင်း၊ ခမ်းတီးလုံးဒေသဖြစ်သော ပူတာအိုနှင့် မချမ်းဘောမြို့နယ်များတွင် ပျံ့နှံ့နေထိုင်ကြပါသည်။

စဝ်နွဲ့ဆားတော်၏(တိုင်းခမ်းတီ ရှမ်းတိုင်းရင်းသားတို့၏ သမိုင်း၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုစာတမ်း)

ဂုံ(ခွန်)

ဂုံရှမ်းလူမျိုးတို့သည် ထိုင်း-တရုတ်အုပ်စုမှ ပေါက်ဖွားလာသော အနွယ်များ ဖြစ်ကြသည်။ ရှမ်းတို့က ၎င်းတို့ကိုတိုင်းခွံဟု ခေါ်၍ ၎င်းတို့ကရှမ်းတို့ကို သျှမ်းဟု ခေါ်ခြင်းကို ထောက်ရှုခြင်းအားဖြင့် အမျိုးချင်းတူကြောင်း သိရှိရသည်။ ဂုံတို့သည် ထိုင်း-တရုတ် အုပ်စုတို့နှင့်အတူ တရုတ်ပြည်မှ တောင်ဘက်သို့ ဆင်းသက်လာသူမ...

ဂုံရှမ်းလူမျိုးတို့သည် ထိုင်း-တရုတ်အုပ်စုမှ ပေါက်ဖွားလာသော အနွယ်များ ဖြစ်ကြသည်။ ရှမ်းတို့က ၎င်းတို့ကိုတိုင်းခွံဟု ခေါ်၍ ၎င်းတို့ကရှမ်းတို့ကို သျှမ်းဟု ခေါ်ခြင်းကို ထောက်ရှုခြင်းအားဖြင့် အမျိုးချင်းတူကြောင်း သိရှိရသည်။ ဂုံတို့သည် ထိုင်း-တရုတ် အုပ်စုတို့နှင့်အတူ တရုတ်ပြည်မှ တောင်ဘက်သို့ ဆင်းသက်လာသူများ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းသို့ ရွှေလီမြစ်ကြောင်းအတိုင်း ဆင်းသက်လာကြပြီး ရှမ်းကုန်းပြင်မြင့်ကို ဖြတ်၍ အရှေ့စူးစူးသို့ ရွှေ့ပြောင်းခဲ့ရာ ယခုရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ လာအိုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်နယ်စပ်ဒေသများတွင် အနှံ့အပြားနေထိုင်ခဲ့ကြသည်။ ဂုံလူမျိုးတို့ အများဆုံး နေထိုင်ရာဒေသမှာ ကျိုင်းတုံနယ်ဖြစ်သည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း) (စာ-၅၆၊ ၆၃၊ ၆၅)


တောင်ရိုး

တောင်ရိုးလူမျိုးတို့က မိမိတို့သည် မြေပြန့်မှ တောင်ပေါ်သို့ တက်လာသော မြန်မာလူမျိုး အနွယ်များဟု ပြောဆိုကြသည်။ ၎င်းတို့ပြောသော စကားတွင် မြန်မာပေါရာဏနှင့် ရှေးဝေါဟာရများပါဝင်နေခြင်းက သက်သေခံလျက်ရှိသည်။ တောင်ရိုးတို့မှာ တိဗက်-မြန်မာ အုပ်စုဝင် မြန်မာ အစုတွင် အကျုံးဝင်သည်။ ပအိုဝ်းလူမျိုးတို့နှင့် နေထိုင်...

တောင်ရိုးလူမျိုးတို့က မိမိတို့သည် မြေပြန့်မှ တောင်ပေါ်သို့ တက်လာသော မြန်မာလူမျိုး အနွယ်များဟု ပြောဆိုကြသည်။ ၎င်းတို့ပြောသော စကားတွင် မြန်မာပေါရာဏနှင့် ရှေးဝေါဟာရများပါဝင်နေခြင်းက သက်သေခံလျက်ရှိသည်။ တောင်ရိုးတို့မှာ တိဗက်-မြန်မာ အုပ်စုဝင် မြန်မာ အစုတွင် အကျုံးဝင်သည်။ ပအိုဝ်းလူမျိုးတို့နှင့် နေထိုင်မှုနီးစပ် သော်လည်း မျိုးနွယ်ချင်း မတူချေ။ ပုဂံခေတ်က မြန်မာစကားအသုံးအနှုန်းမျိုးကို ပြောကြခြင်းကြောင့် ပုဂံအနွယ်မြန်မာ လူမျိုးဖြစ်သည်ဟု အချို့သုတေသီတို့က ယူဆကြသည်။ အချို့ကမူ တောင်ရိုးတို့သည် ထားဝယ်ဘက်မှ် ထွက်ပြေးလာသော မြန်မာအချို့မှ ပေါက်ဖွား လာကြသူများဟု ဆိုကြပြန်သည်။ တစ်ဖန် တောင်ရိုး လူမျိုးမှာ ရခိုင်နှင့်ကရင်တို့ ပေါင်းစပ်ပြီး ပေါက်ဖွားလာသော မျိုးဆက်များဟု ဆိုပြန်သည်။

တောင်ရိုးလူမျိုးတို့သည် တိဗက်-ဗမာအုပ်စုတွင် နောက်ပိုင်းယူနန်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်၍ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြဟန်တူသည်။တောင်ရိုးတိုင်းရင်းသားများသည် ပုဂံခေတ်တွင် ရှမ်းရိုးမတောင်ပေါ်သို့ ပြောင်းရွှေ့အခြေချရင်း တောင်ကုန်း၊ ရိုးမပါမကျန် လုပ်ကိုင်စားသောက်ကြသဖြင့် တောင်ရိုးပျော်သူများဟု ခေါ်ဆိုရာမှ ယခုတောင်ရိုးလူမျိုးများ ပေါက်ဖွားလာကြခြင်းဖြစ်သည်။ တောင်ရိုးတိုင်းရင်းသားများသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံးနေထိုင်ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ပင်လောင်းမြို့နယ်၊ ဟိုပုန်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင်လည်းကောင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ရွာငံနှင့် ပင်းတယဒေသများတွင်လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင်လည်းကောင်း ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။ တောင်ရိုး တိုင်းရင်းသားဘာသာစကားသည် ရခိုင်၊ အင်းသား၊ ထားဝယ်စသော တိုင်းရင်းသားစကားများနှင့် ဆင်တူသည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း) (စာ-၅၆၊ ၆၃၊၆၅)

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး(လက်ကမ်းစာစောင်)

ဓနု

ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည်။ဓနု အမျိုးသားတို့သည် တိဗက်တို ဘားမန်းအုပ်စုဝင် ပရက်ဆိုသော အမျိုးအနွယ်မှ  ဆင်းသက်လာကြသည်။ ဓနုတို့၏ ရာဇဝင်အရ  အလောင်းဘုရားသည် ယိုးဒယားသိ...

ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည်။ဓနု အမျိုးသားတို့သည် တိဗက်တို ဘားမန်းအုပ်စုဝင် ပရက်ဆိုသော အမျိုးအနွယ်မှ  ဆင်းသက်လာကြသည်။ ဓနုတို့၏ ရာဇဝင်အရ  အလောင်းဘုရားသည် ယိုးဒယားသို့ စစ်ချီ ပြီး အပြန် ယခုဓနုတို့နေထိုင်ရာအရပ်တွင် စခန်းချနေခဲ့ရာ တပ်တော်တွင် ဒူးလေးတပ်များ ပါဝင်လာခဲ့ရာ ဒူးလေး၊ လင်းလေးကို စွဲကိုင်သော လူမျိုးကို ဓနုဂ္ဂဟဟု ခေါ်ဆိုသည်။ ထိုသူများမှ ဆင်းသက်လာသူများကို ဓနုလူမျိုးများဟု ခေါ်ဆိုကြောင်း ပြောစမှတ်ရှိကြသည်။ ဓနုတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ရွာငံနှင့် ပင်းတယမြို့နယ်တို့တွင် အများဆုံးနေထိုင်ကြပြီး ရှမ်းပြည်နယ် မိုင်းလုံ၊ ရပ်စောက်၊ ပွေးလှ၊ အောင်ပန်း၊ ကလော၊ တောင်ကြီးမြို့များတွင်လည်း တွေ့ရှိရသည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း) (စာ -၅၆၊ ၆၀၊ ၆၁၊ ၆၃၊ ၆၅၊ ၇၄)

ပလောင်

ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကိုစုစည်းပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းထားသည်။ ပလောင်အမျိုးသားများသည် မွန်-ခမာ အုပ်စုဝင်ဖြစ်သည်။ ပလောင်တို့မှာ တရုတ်ပြည်ဘက်မှ ပြောင်းရွှေ့ဆင်းသက်လာကြသော လူမျိုးတစ်မျိုးဖြစ်သည်။ ယခုအချိန်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း၌...

ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကိုစုစည်းပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းထားသည်။ ပလောင်အမျိုးသားများသည် မွန်-ခမာ အုပ်စုဝင်ဖြစ်သည်။ ပလောင်တို့မှာ တရုတ်ပြည်ဘက်မှ ပြောင်းရွှေ့ဆင်းသက်လာကြသော လူမျိုးတစ်မျိုးဖြစ်သည်။ ယခုအချိန်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း၌ ပလောင်အချို့ကျန်ရစ်ပြီး နေထိုင်လျက်ရှိသည်ကို တွေ့ရှိရသည်။ တရုတ်-မြန်မာနယ်စပ်တွင်လည်း ပလောင်များကို တွေ့ရှိရသည်။ ပလောင်ဟူသော ဝေါဟာရမှာ မြန်မာအခေါ်ဖြစ်သည်။ ရှေးပုဂံခေတ်ကလည်း မြန်မာတို့နှင့် ဆက်ဆံခဲ့ကြကြောင်းကို ကျောက်စာများအရ သိရှိရသည်။ ရှေးကျောက်စာများတွင် ပေါက်လောင်ဟု ရေးသားထားသည်။ ပုဂံခေတ်တွင် ပေါက်လောင်(ပလောင်)တို့မှာ ဧရာဝတီမြစ်ဝှမ်းရှိ မြေပြန့်များတွင် နေထိုင်ကြကြောင်း ကျောက်စာများတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ပလောင်လူမျိုးများသည်၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံမြို့နယ်တို့တွင် အများအပြားနေထိုင်ကြသည်။ ထို့အပြင် မြစ်ကြီးနားနယ်ဆဒုံးဒေသ၊ ဗန်းမော်နယ်၊ မိုးကုတ်ကျောက်တွင်းဒေသ၊ မိုးမိတ်နယ် ရွှေလီမြစ်လက်ဝဲဖက် ကမ်းတစ်လျှောက်ဖြစ်သော ကိုးထောင်ဒေသ၊ တောင်ပိုင်နယ်၊ သီပေါနယ်၊ လားရှိုး၊ သိန္နီနယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ အနီးအနားတစ်ဝိုက်နှင့် ကွမ်းလုံနယ်ခြားခရိုင်၊ ကိုးကန့်နယ်များတွင် ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။ ၁၉၃၁ခုနှစ် ပလောင်(၁၃၈.၇၄၆)ဦးရှိကြသည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း) (စာ- ၅၆၊ ၆၀၊ ၆၁၊ ၆၃၊ ၆၅၊၇၄)

မြောင်ဇီး

မြောင်ဇီးလူမျိုးတို့မှာ မွန်ဂိုအနွယ်များဖြစ်ကြ၍ ရေကြည်ရာမြက်နုရာ အရပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြရာမှ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာကြသည်။ ၎င်းတို့အချင်းချင်း''မုံ'' ဟု ခေါ်ဆိုကြခြင်းဖြင့် မွန်ဂိုလီးယားအနွယ်ဝင်များ ဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းတို့နေထိုင်ရာ အရပ်ဒေသများမှာ ကွမ်းလုံမြို့နယ်...

မြောင်ဇီးလူမျိုးတို့မှာ မွန်ဂိုအနွယ်များဖြစ်ကြ၍ ရေကြည်ရာမြက်နုရာ အရပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြရာမှ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာကြသည်။ ၎င်းတို့အချင်းချင်း''မုံ'' ဟု ခေါ်ဆိုကြခြင်းဖြင့် မွန်ဂိုလီးယားအနွယ်ဝင်များ ဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းတို့နေထိုင်ရာ အရပ်ဒေသများမှာ ကွမ်းလုံမြို့နယ် ကာမိုင်းဒေသတွင် အများဆုံးနေထိုင်ကြပြီး နောင်ချို၊ ဟိုပန်၊ လောက်ကိုင်၊ မိုးကုတ်၊ မိုင်းနောင်၊ ဝမ်းစိမ်းနှင့် လားရှိုးမြို့နယ်တို့တွင် လည်းကောင်း၊ ကိုးကန့်နယ်ရှိ တာရွှေထန်၊ ကျာတိမော်၊ ရဲညိုပါး၊ ပါဝေး၊ မန်လော့၊ ပါမာချန်း၊ ဆုံကန်၊ မာလီပါး၊ ရှုတ်တင်ပါး၊ ကာမိန်းနှင့် သိန္နီဒေသများတွင် ပျံ့နှံ့နေထိုင်ကြပါသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှမ်း၊ တအောင်း(ပလောင်)၊ ဝ၊ မြောင်ဇီးခေါ် မှုန့်၊ လားဟူ တိုင်းရင်းသား ရိုးရာဓလေ့များ စာ-၂၁၇၊ မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန်(စာ-၁၇၄)

ယင်းကြား၊ ယင်းနက်

ယင်းနက်၊ ယင်းကြားလူမျိုးတို့မှာလည်း ရှမ်းအမျိုးအနွယ်တွင် ပါဝင်သည်။ ယင်းနက်တို့မှာ မိမိတို့သည် တရုတ်ပြည်မှ ခေါင်းဆောင် ၅ဦးနှင့်အတူ ဆင်းသက်လာခဲ့ကြသည်ဟု ဆိုသဖြင့် ထိုင်း-တရုတ်မျိုးနွယ်တို့ တရုတ်ပြည်ကြီးမှ ဆင်းသက်လာစဉ်ကတည်းက တစ်ပါတည်း လိုက်ပါခံကြဟန်တူသည်။ သို့သော် ပါမောက္ခလုစ်၏ သုတေသနပြုချက်အရ တိဗက်တိ...

ယင်းနက်၊ ယင်းကြားလူမျိုးတို့မှာလည်း ရှမ်းအမျိုးအနွယ်တွင် ပါဝင်သည်။ ယင်းနက်တို့မှာ မိမိတို့သည် တရုတ်ပြည်မှ ခေါင်းဆောင် ၅ဦးနှင့်အတူ ဆင်းသက်လာခဲ့ကြသည်ဟု ဆိုသဖြင့် ထိုင်း-တရုတ်မျိုးနွယ်တို့ တရုတ်ပြည်ကြီးမှ ဆင်းသက်လာစဉ်ကတည်းက တစ်ပါတည်း လိုက်ပါခံကြဟန်တူသည်။ သို့သော် ပါမောက္ခလုစ်၏ သုတေသနပြုချက်အရ တိဗက်တို-ဗားမန်းအုပ်စုတွင် ပါဝင်ကြောင်းသိရှိရသည်။ ယင်းနက်၊ ယင်းကြားတို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်ဆန်မြို့နယ်အတွင်းရှိ နမ့်ဟိုး၊ နောင်လျှံ၊ လှိုင်ဆင်၊ နောင်သို၊ ဆန်ခါထွန်း၊ ရောင်းလွိုင်ကပ်၊ ဝမ်ဂွေ၊ လွိုင်ငံ၊ နမ့်ဟိုင်း၊ ကုန်းလမ်း၊ ဝမ်းဝင်၊ လွိုင်ဆောင်၊ ဝမ်းကွင်း၊ ကွမ်းပုပ်နှင့် ဝမ်းပန်ရွာများတွင် အများဆုံးနေထိုင်ကြပါသည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ (ရှမ်း) (စာ-၆၀၊ ၆၁၊၆၃၊၆၅၊၇၄)

ရှမ်းကလေး

ရှမ်းကလေးများမှာ ကချင်ပြည်နယ် မြစ်ကြီးနား၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံအရှေ့ဘက်ပိုင်းတွင် နေထိုင်ကြပါသည်။

မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန်(စာ-၁၈၆)၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစုများ(စာ-၁၁)

ရှမ်းကလေးများမှာ ကချင်ပြည်နယ် မြစ်ကြီးနား၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံအရှေ့ဘက်ပိုင်းတွင် နေထိုင်ကြပါသည်။

မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန်(စာ-၁၈၆)၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစုများ(စာ-၁၁)

ရှမ်းကြီး

ရှမ်းကြီးများသည် ကချင်ပြည်နယ် မြစ်ကြီးနား၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ အနောက်ဘက်ပိုင်းတွင် နေထိုင်ကြပါသည်။

မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန်(စာ-၁၈၆)၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစုများ(စာ-၁၁)

ရှမ်းကြီးများသည် ကချင်ပြည်နယ် မြစ်ကြီးနား၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ အနောက်ဘက်ပိုင်းတွင် နေထိုင်ကြပါသည်။

မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန်(စာ-၁၈၆)၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစုများ(စာ-၁၁)

လားဟူ/မူဆို

လားဟူလူမျိုးတို့သည် တရုတ်ပြည်မှ ဆင်းသက်လာကြသော မောင်းဂွပ်လူမျိုးအနွယ်များဖြစ်သည်ဟု ၎င်းတို့ကိုယ်ကို ဆိုသည်။ လားဟူလူမျိုးများ နေထိုင်ရာဒေသများမှာ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပူကြီး၊ မိုင်းပင်၊ မိုင်းပဲ၊ မိုင်းပေါက်၊ မိုင်းကာ၊ မိုင်းငုံး၊ မိုင်းယမ်း၊ မိုင်းလုံး၊ မိုင်းလင်း၊ မြောက်ပိုင်း သိန္နီ၊ လားရ...

လားဟူလူမျိုးတို့သည် တရုတ်ပြည်မှ ဆင်းသက်လာကြသော မောင်းဂွပ်လူမျိုးအနွယ်များဖြစ်သည်ဟု ၎င်းတို့ကိုယ်ကို ဆိုသည်။ လားဟူလူမျိုးများ နေထိုင်ရာဒေသများမှာ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပူကြီး၊ မိုင်းပင်၊ မိုင်းပဲ၊ မိုင်းပေါက်၊ မိုင်းကာ၊ မိုင်းငုံး၊ မိုင်းယမ်း၊ မိုင်းလုံး၊ မိုင်းလင်း၊ မြောက်ပိုင်း သိန္နီ၊ လားရှိုးအနီးတစ်ဝိုက်၊ ကိုးကန့်နယ်နှင့် ဝနယ်အချို့ဒေသများ ဖြစ်ကြသည်။

၁၉၃၁ သန်းခေါင်စာရင်းအရ လားဟူ(သို့) မူဆို (၂၇,၁၈၄)ရှိပါသည်။ လားဟူတို့သည် လိုလိုမျိုးနွယ်စုများဖြစ်ပြီး တောင်ဘက်သို့ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ပြောင်းရွှေ့လာခဲ့သည်။ လီဆူတို့ကဲ့သို့ သံလွင်မြစ်အတိုင်း ပြောင်းရွှေ့လာခဲ့သည်။ လားဟူတို့သည် Keng Tung နှင့် သံလွင် မြစ်မှတစ်ဆင့် Mong Pan သို့ပင်ရောက်ရှိခဲ့သည်။ ထိုင်းနှင့် Tongkin သို့ပင် ရောက်ရှိခဲ့သည်။ လားဟူအနက်(Lahu Na) နှင့် လားဟူ(Lahu His)နှစ်မျိုးရှိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားဟူတို့ကို Myen ဟုခေါ်ကြသည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း၀ (စာ-၃၂၊၇၄၊၈၀၊၈၁)

Races of Burma(Page-67)

အင်းသား

အင်းသားလူမျိုးတို့ ပြောလေ့ပြောထရှိသည်မှာ အလောင်းစည်သူမင်း ဖောင်တော်နှင့် တိုင်းခမ်းလှည့်ခဲ့ရာ အောက်ပြည်အောက်ရွာများမှ အထက်သို့ဆန်အတက် ထားဝယ်သူ ထားဝယ်သားများစွာ လိုက်ပါလာကြသည်။ အခြားတိုင်းရင်းသားလူမျိုးများလည်း လိုက်ပါလာခဲ့ကြလေသည်။ လမ်းခရီးတွင် တိုင်းရင်းသားများအား ရွာတည်ပေး၍ နေထိုင်စေခဲ့သည်။ အင်းလ...

အင်းသားလူမျိုးတို့ ပြောလေ့ပြောထရှိသည်မှာ အလောင်းစည်သူမင်း ဖောင်တော်နှင့် တိုင်းခမ်းလှည့်ခဲ့ရာ အောက်ပြည်အောက်ရွာများမှ အထက်သို့ဆန်အတက် ထားဝယ်သူ ထားဝယ်သားများစွာ လိုက်ပါလာကြသည်။ အခြားတိုင်းရင်းသားလူမျိုးများလည်း လိုက်ပါလာခဲ့ကြလေသည်။ လမ်းခရီးတွင် တိုင်းရင်းသားများအား ရွာတည်ပေး၍ နေထိုင်စေခဲ့သည်။ အင်းလေးသို့ ရောက်သောအခါ ထားဝယ်သားများအား အင်းထဲတွင် နေထိုင်ကြရန် မင်းကြီးက အမိန့်တော်မှတ်၍ နေရာချထားပေးတော်မူခဲ့သည်။

အင်းသားတို့က မိမိတို့ကိုယ်ကို မိမိတို့ ထားဝယ်အဆက်အနွယ်များ ဖြစ်သည်ဟု ယူဆထားကြသည်။ အင်းသားတို့၏ ပြောဆိုသောစကားအသုံးအနှုန်းများနှင့် ထားဝယ်လူမျိုးတို့၏ အသံနေ အသံထားတို့မှာ တူညီကြရာ တစ်ဦးနှင့်တစ်ဦး ပြောဆိုနားလည်လွယ်ကြောင်း တွေ့ရှိရသည်။ အင်းသားတို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေနယ် အင်းလေးကန်ဒေသတွင် နေထိုင်ကြပါသည်။

အိုက်ဆွယ်

အိုက်ဆွယ်လူမျိုးများသည် သံလွင်မြစ်အရှေ့ဘက်ကမ်း ဝနယ်-မိုင်းမောမြို့အနီးတစ်ဝိုက် တွင် နေထိုင်ကြသည်။ တရုတ်နယ်စပ်တွင် ပိုမိုများပြားသည်။

ဦးမင်းနိုင်၊ဒို့သွေး ဒို့သား တိုင်းရင်းဘွား(စာ ၁၀၃)

အိုက်ဆွယ်လူမျိုးများသည် သံလွင်မြစ်အရှေ့ဘက်ကမ်း ဝနယ်-မိုင်းမောမြို့အနီးတစ်ဝိုက် တွင် နေထိုင်ကြသည်။ တရုတ်နယ်စပ်တွင် ပိုမိုများပြားသည်။

ဦးမင်းနိုင်၊ဒို့သွေး ဒို့သား တိုင်းရင်းဘွား(စာ ၁၀၃)

ပအိုဝ်း (တောင်သူ)

ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ကိုစုစည်းပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းခဲ့ပါသည်။ ပအိုဝ်း လူမျိုးတို့၏ မူလဇာတိမှာ မြန်မာနိုင်ငံတောင်ပိုင်း၊ သထုံခရိုင်ဖြစ်ပြီး ပအိုဝ်းတို့၏ ဒဏ္ဏာရီပုံပြင် အရ နဂါးနှင့်...

ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ကိုစုစည်းပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းခဲ့ပါသည်။ ပအိုဝ်း လူမျိုးတို့၏ မူလဇာတိမှာ မြန်မာနိုင်ငံတောင်ပိုင်း၊ သထုံခရိုင်ဖြစ်ပြီး ပအိုဝ်းတို့၏ ဒဏ္ဏာရီပုံပြင် အရ နဂါးနှင့် ဝိဇ္ဇာမျိုးတို့မှ ဆင်းသက်လာခဲ့သည်ဟု ယုံကြည်ကြသည်။ ရာဇဝင်အရ ပေါဣံပြည့်ရှင် အနော်ရထာမင်းစောလက်ထက်တွင် သထုံပြည်ပျက်ရာမှ ရှမ်းပြည်နယ်ဖက်သို့ ပြောင်းရွှေ့ပြီး မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ ပအိုဝ်းတို့၏ သဘာဝမှာ စီးပွားရေး၊ လူမှုရေးနှင့် ဘာသာရေးအရ အခြေချရန် ကောင်းမွန်သည့်နေရာများသို့ ပြောင်းရွှေ့အခြေစိုက်တတ်ကြသည်။၎င်းတို့နေထိုင်ရာဒေသများမှာ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ မြန်မာနိုင်ငံအောက်ပိုင်းရှိ ကျိုက္ခမီ၊ သထုံ၊ တောင်ငူ၊ ပဲခူး၊ ဘားအံ၊ ကော့ကရိတ်၊ မော်လမြိုင် တို့တွင် တွေ့ရသည် ။ သံလွင်မြစ်ကမ်းရှိ ဘားအံဝန်းကျင်တွင် ကျေးရွာ ၂၁ ရွာ ရှိသည်။ ကယားပြည်နယ်တွင်လည်း ပအိုဝ်းတို့ နေထိုင်ကြသည်။

၁၉၃၁ခုနှစ်တွင် တောင်သူလူမျိုးများ (၂၂၅,၈၂၂) ဦးရှိ၍ သထုံခရိုင်တွင် တောင်သူ(၅၃,၁၅၉)ဦး ရှိခဲ့သည်။

တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ (ရှမ်း) (စာ-၇၀၊၇၂)၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်)

တိုင်းလွယ်

တိုင်းလွယ်လူမျိုးများသည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ ကိုးကန့်နယ်အတွင်းပိုင်းတောင်ပေါ်ဒေသများတွင် လည်းကောင်း၊ ကျိုင်းတုံနယ်မြောက်ပိုင်းနှင့် မိုင်းလုံအရှေ့ပိုင်းတွင်လည်းကောင်း နေထိုင်ကြပါသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)၊ ဦးမင်းနိုင်၊ ဒို့တိုင်းသားဘွားပြည်ထောင်စုသား...

တိုင်းလွယ်လူမျိုးများသည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ ကိုးကန့်နယ်အတွင်းပိုင်းတောင်ပေါ်ဒေသများတွင် လည်းကောင်း၊ ကျိုင်းတုံနယ်မြောက်ပိုင်းနှင့် မိုင်းလုံအရှေ့ပိုင်းတွင်လည်းကောင်း နေထိုင်ကြပါသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)၊ ဦးမင်းနိုင်၊ ဒို့တိုင်းသားဘွားပြည်ထောင်စုသား(စာ-၄၀)

တိုင်းလျမ်

တိုင်းလျမ်းလူမျိုးများသည် မြန်မာပြည်အထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လယ်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ ဟုမ္မလင်း၊ သောင်သွပ်၊ ဟောင်းပါး၊ လုံးခင်း၊ ဖားကန့်စသည့် ဒေသများနှင့် ချင်းတွင်း မြစ်ဝ...

တိုင်းလျမ်းလူမျိုးများသည် မြန်မာပြည်အထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လယ်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ ဟုမ္မလင်း၊ သောင်သွပ်၊ ဟောင်းပါး၊ လုံးခင်း၊ ဖားကန့်စသည့် ဒေသများနှင့် ချင်းတွင်း မြစ်ဝှမ်းဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)၊ ဦးမင်းနိုင်၊ ဒိုးတိုင်းရင်းသားဘွားပြည်ထောင်စုသား (စာ-၄၀)

တိုင်းလုံ

တိုင်းလုံလူမျိုးများသည် ကချင်ပြည်နယ် မြစ်ကြီးနား၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ အနောက်ဘက်ပိုင်းတွင် နေထိုင်ကြပါသည်။

မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန်(စာ-၁၈၆)

တိုင်းလုံလူမျိုးများသည် ကချင်ပြည်နယ် မြစ်ကြီးနား၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ အနောက်ဘက်ပိုင်းတွင် နေထိုင်ကြပါသည်။

မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန်(စာ-၁၈၆)

တိုင်းလေ့

တိုင်းလေ့လူမျိုးများသည် ရှမ်းကြီး ၊ ဂုံရှမ်း၊ တိုင်းလွယ်တို့နှင့် မျိုးနွယ်တူဖြစ်သည်။ လိရှမ်း လူမျိုးများသည် တရုတ်ပြည်အလယ်ပိုင်းတွင် နေထိုင်စဉ် တိုင်းဟု ခေါ်ဝေါ်ကြသော်လည်း နှစ်ကာလများ ရှည်ကြာလာသောအခါ တိုင်းလေ့ဟုခေါ်ဝေါ်ခဲ့ကြသည်။ တိုင်းလေ့လူမျိုးများသည် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ရှိ မိ...

တိုင်းလေ့လူမျိုးများသည် ရှမ်းကြီး ၊ ဂုံရှမ်း၊ တိုင်းလွယ်တို့နှင့် မျိုးနွယ်တူဖြစ်သည်။ လိရှမ်း လူမျိုးများသည် တရုတ်ပြည်အလယ်ပိုင်းတွင် နေထိုင်စဉ် တိုင်းဟု ခေါ်ဝေါ်ကြသော်လည်း နှစ်ကာလများ ရှည်ကြာလာသောအခါ တိုင်းလေ့ဟုခေါ်ဝေါ်ခဲ့ကြသည်။ တိုင်းလေ့လူမျိုးများသည် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ရှိ မိုင်းလား၊ မိုင်းမ၊ မိုင်းယန်းမြို့နယ်နှင့် မိုင်းယောင်းမြို့နယ်များတွင် နေထိုင်ကြသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)

မိုင်းသာ

မိုင်းသာလူမျိုးများသည် တိဗက်-မြန်မာအုပ်စုဝင် မရူ-အဇီ အုပ်စုခွဲတွင် ပါဝင်သည်။ ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းနယ်တွင် ၎င်းတို့ကို ရှမ်းတရုတ်ဟု ခေါ်ကြ၍ ရှမ်းပြည်အရှေ့ပိုင်း နယ်များတွင် မိုင်းသာဟု ခေါ်ကြသည်။ မိုင်းသာတို့ကို ကချင်ပြည်နယ် ဗန်းမော်၊ မြစ်ကြီးနားနှင့် ရှမ်းပြည်နယ် နမ်းခမ်း၊ ကျိုင်းတုံဒေသတို...

မိုင်းသာလူမျိုးများသည် တိဗက်-မြန်မာအုပ်စုဝင် မရူ-အဇီ အုပ်စုခွဲတွင် ပါဝင်သည်။ ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းနယ်တွင် ၎င်းတို့ကို ရှမ်းတရုတ်ဟု ခေါ်ကြ၍ ရှမ်းပြည်အရှေ့ပိုင်း နယ်များတွင် မိုင်းသာဟု ခေါ်ကြသည်။ မိုင်းသာတို့ကို ကချင်ပြည်နယ် ဗန်းမော်၊ မြစ်ကြီးနားနှင့် ရှမ်းပြည်နယ် နမ်းခမ်း၊ ကျိုင်းတုံဒေသတို့တွင် တွေ့ရှိနိုင်သည်။ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နမ်းခမ်းနယ်၊ တရုတ်-မြန်မာ နယ်ခြား ကျောက်တိုင်အမှတ် (၄၂)အနီး ရွှေလီမြစ် ဝဲယာကမ်းတစ်လျှောက်ရှိကျေးရွာတို့တွင် မိုင်းသာ လူမျိုးတို့အများဆုံး အခြေစိုက်နေထိုင်ကြသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)၊ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရှမ်း) (စာ-၃၂)

မောရှမ်း

မောရှမ်းလူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်ကြသည်။

ဦးမင်းနိုင်၊ ဒို့သွေး ဒို့သား တိုင်းရင်းဘွား(စာ-၁)

မောရှမ်းလူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်ကြသည်။

ဦးမင်းနိုင်၊ ဒို့သွေး ဒို့သား တိုင်းရင်းဘွား(စာ-၁)

"ဝ"

ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း)မြို့နယ် (၆) မြို့နယ်တို့ကို ခရိုင်(၂)ခုဖွဲ့၍ စုစည်းပြီး "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းခဲ့ပါသည်။

ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း)မြို့နယ် (၆) မြို့နယ်တို့ကို ခရိုင်(၂)ခုဖွဲ့၍ စုစည်းပြီး "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းခဲ့ပါသည်။

"ဝ"၊ မွန်၊ ပလောင် လူမျိုးတို့သည် တစ်ချိန်တည်းတွင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသည့် ရှေ့ပြေးလူမျိုးများဖြစ်ကြသဖြင့် ၎င်းတို့၏စကားမှာ ခပ်ဆင်ဆင်တူကြသည်။ ကိုးကန့်နယ်၊ "ဝ"နယ်နှင့် ကျိုင်းတုံနယ်များတွင် အနေများသည်။

"ဝ"လူမျိုးတို့သည် ဟိုပန်၊ နားဝီး၊ ဗင်ဟင်၊ မန်တွန်း၊ မိုင်းမော၊ မွတ်လင့်(ခေါ်) မွတ်လေ့မြို့၊ ကလောင်ဝါခေါ် တောင်ဝါ၊ ခွေးမား၊ ဝလင်း၊ ရင်ဖန်၊ အိုက်ချိန်း(ခေါ်) လလိုင်းနှင့် ပန်ဝိုင်စသည့်မြို့များပါဝင်သော "ဝ"နယ်မြောက်ပိုင်းနှင့် မန်မန်ဆိုင်မြို့၊ ပန်ယန်း၊ ပန်ခမ်း(ခေါ်) ပန်ဆန်းမြို့၊ နားကောင်၊ နောင်ခိတ်၊ ဝိန်းကောင်မြို့၊ လွယ်ပန်လုံဒေသနှင့် လွယ်လင်း(နမ့်ခမ်းဝိုး) မြို့များ ပါဝင်သော "ဝ" နယ်တောင်ပိုင်း ဒေသတို့တွင် ပျံ့နှံ့စွာနေထိုင်ကြသည်။

၁၉၉၅ခုနှစ် "ဝ"နယ်မြောက်ပိုင်းတွင် လူဦးရေ(၆၅,၈၆၉) ဦးရှိ၍ "ဝ"နယ် တောင်ပိုင်းတွင် လူဦးရေ( ၅၄,၀၂၈)ဦးရှိပါသည်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(လက်ကမ်းစာစောင်)

ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာန၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှမ်း၊ တအောင်း(ပလောင်)၊ "ဝ" ၊ မြောင်ဇီးခေါ်မှုန့်၊ လားဟူ တိုင်းရင်းသားရိုးရာဓလေ့များ(စာ-၁၅၁)

ပါမောက္ခ ဒေါ်တင်ရီနှင့်အဖွဲ့၊ "ဝ" တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ(စာ-၃၇)