စစ်ကိုင်းတိုင်းဒေသကြီးရှိ ခန္တီးရှမ်းတိုင်းရင်းသားများ၏ အချက်အလက်များ
"ခမ်းတီ"တို့၏ နေရင်းဒေသမှာ ဧရာဝတီမြစ်၏ အနောက်ဖက် မြစ်လက်တက်ဖြစ်သော နမ့်ကျို (ခေါ်) မလိခမြစ်နှင့် ထိုမြစ်၏ လက်တက်များဖြတ်စီးရာ မြေပြန့်ဒေသသာ ဖြစ်လေသည်။
ရှေးယခင်"ခမ်းတီ"တို့၏နယ်မှာ ပူတာအိုလွင်ပြင်၊ ဟူးကောင်းမြေပြန့်မှ ချင်းတွင်းမြစ်ဝှမ်း တလျှောက် တောင်ဘက်သောင်သွပ်၊ ကလးမြို့များအထိ ပြန့်နှံ့ခဲ့သော "တိုင်းသျှမ်းဒေသ" မှ မြောက်ပိုင်းတွင် ကွက်၍ ကျန်ခဲ့သော နယ်များဖြစ်သည်။
ဘာသန္တရအားဖြင့် တဲး (တိုင်း)ခေါ် ထိုင်း - တရုတ် အစုခွဲတွင် "တိုင်းသျှမ်းလူမျိုး" တစ်မျိုး ဖြစ်သော "ခမ်းတီးသျှမ်း" တို့သည် မြန်မာနိုင်ငံမြောက်ဖက် အစွန်ဆုံးခရိုင်ဖြစ်သော ပူတာအို (ခမ်းတီလုန်)၊ ဟူးကောင်းမြေပြန့်၊ ချင်းတွင်းမြစ်ဝှမ်း အထက်ပိုင်းနှင့် အာသန်ပြည်နယ် အရှေ့ဖက်စွန်း ဗြဟ္မပုတ္တရမြစ် တောင်ဖက်တွင်ရှိသော မစ်ရှမီ လူမျိုးနှင့် ဆင်ပိုး လူမျိုးတို့၏ ဒေသအကြားဖြစ်သည့် ဆာဒိယနယ်တွင် အနှံ့အပြားနေထိုင်ကြလေသည်။
မိုးညှင်းကို တရုတ်တို့က ခရစ်နှစ် ၁၄၄၉ တွင် ဝင်ရောက်တိုက်ခိုက်ရာ ပဲအိ(ပိုင်ယိ (ဝါ) ပါးယီ) သည် တရုတ်တို့က တိုင်းသျှမ်းတို့ကို ခေါ်ဆိုသော အများသုံးအမည်ဖြစ်သည်။ ကလေး၊ ခါမ္တီနှင့် အထက်ချင်းတွင်းသို့ ပြောင်းရွှေ့ကြပြီးလျှင် အာသံပြည်သို့ရောက်၍ ထိုပြည်ကို "အာဟောမ် ( အာဟုမ်-Ahom ) ဟု အမည်ပေးခဲ့ကြသည်။
အနောက်ချင်းတွင်းမြစ် (ဟူးကောင်းချိုင့်ဝှမ်း)ကိုဖြတ်၍ ပြောင်းရွှေ့နေထိုင်ကြသော "တိုင်းသျှမ်း"တို့သည် အာသန်နယ် မြေပြန့်တို့တွင် အခြေစိုက်နေထိုင်လာကြ၍ "အဟုမ်"တိုင်းပြည်ကို တည်ထောင်ခဲ့ကြသည်။ " ပူရန်ဂျီ "ခေါ် အာသံရာဇဝင်ကျမ်းများက "အဟုမ်"တို့သည် အာသံပြည်အတွင်းသို့ ၁၃ - ရာစု ( ၁၂၂၈ )ခုနှစ်တွင် ရောက်ရှိလာခဲ့သည်ဟု ဆို၏။
စာပေ
သျှမ်းတိုင်းရင်းသားမျိုးနွယ်စု အများစုတို့မှာ ဗုဒ္ဓဘာသာဝင်များဖြစ်၍ ကိုယ်ပိုင်စကားနှင့် ကိုယ်ပိုင်စာပေများရှိသည်။ ဗုဒ္ဓဘာသာသည် အေဒီ(၆)ရာစု သျှမ်းတို့နေထိုင်ရာဒေသ နန်ချို (နန်ကျောင်/နန်ချောင်)သို့ ရောက်ရှိပြီးချိန်မှစ၍ (ထိုငေါက်) သျှမ်းစာမူရှိလာသည်ဟု တွက်ဆနိုင်ပါ သည်။ နန်ချိုဒေသမှ မိုင်းမောပြည် စယ်လန့်သို့လည်းကောင်း၊ ထိုစယ်လန့်မှတဆင့်
(၁) ပူတာအို(ခမ်းတီလုံ)ကို ဖြတ်၍ အာသံ(အာဟုမ္မ)သို့လည်းကောင်း
(၂) ချင်းတွင်းမြစ်ရိုးတစ်လျှောက်နှင့် ဥရုမြစ်ဝှမ်းတစ်လျှောက်သို့လည်းကောင်း
(၃) သျှမ်းပြည်နယ် နေရာအနှံ့အပြားသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု ယူဆရပါသည်။
သျှမ်းလူမျိုးများ၏စာပေသည် ထိုငေါက်(ပဲပင်ပေါက်)သျှမ်းစာမှ အခြေခံဆင်းသက်လာကြခြင်း တူညီကြသော်လည်း
(က) ရာစုနှစ်ပေါင်းများစွာ ခွဲခွာနေထိုင်ကြခြင်း
(ခ) နေထိုင်ရာဒေသများ အလွန်အလှမ်းဝေးကွာလွန်းခြင်း
(ဂ) ကူးသန်းရောင်းဝယ်သွားလာဆက်စပ်မှု မရှိခြင်းတို့ကြောင့် တဖြည်းဖြည်း မူကွဲများရှိလာ ကြခြင်း ဖြစ်သည်။ ဥပမာ-ကျိုင်းတုံဒေသရှိ တိုင်းခင်းခေါ်ဂုံသျှမ်းတို့မှာ ထိုင်းခေါ်ယိုးဒယားစာပေနှင့် အလွန်နီးစပ်မှုရှိပြီး အာသံရှိ(အာဟုမ္မ)သျှမ်းစာပေနှင့် စကားသည် နီးစပ်ရာအိန္ဒိယဖက်သို့ နွယ်သွား ခြင်းကြောင့် ကွဲပြားသွားရခြင်း ဖြစ်ပေသည်။
ခန္တီးသျှမ်းတို့၏စာပေသည်လည်း အဆိုပါ ထိုငေါက်သျှမ်းစာမှ ဆင်းသက်လာခြင်းသည်။ မြန်မာ နိုင်ငံအတွင်းရှိ အခြားအခြားသော သျှမ်းမျိုးနွယ်စုများ၏ စာများထက် ရှေးကျခြင်းနှင့် မြန်မာစာပေ ဖက်သို့ အနည်းငယ်နွယ်သွားခြင်းတို့ကြောင့် ခန္တီးသျှမ်းစာပေအဖြစ် သီးသန့်တည်နေသကဲ့သို့ ထင်မြင် ရလေသည်။ ခန္တီးသျှမ်းစာပေသည်လည်း အခြားသော သျှမ်းမျိုးနွယ်စုများ၏ စာပေများကဲ့သို့ ဗျည်းသရ ဖွဲ့စည်းပုံ အသံထွက်တူညီကြသော်လည်း ယခုသျှမ်းပြည်နယ် သုံးစွဲနေသောသျှမ်းစာ(မူသစ်)များကဲ့သို့ (Tone Mark)အသံ သင်္ကေတမရှိသောကြောင့်အသံထွက် တိကျမှုမရှိချေ။
ဘာသာစကား
ဘာသာစကားမှာလည်း အခြားသော တိုင်းရင်းသားမျိုးနွယ်စုများနှင့် နီးစပ်နေထိုင်မှုအပေါ် မူတည်၍ အသံအနိမ့်အမြင့်၊ ဝါကျတည်ဆောက်ပုံ အနည်းငယ် ကွာခြားကြသော်လည်း စကားလုံး ခေါ်ဝေါ်သုံးစွဲမှု အသံထွက်နှင့် အဓိပ္ပါယ်များမှာ တူညီကြသည်။ ခန္တီးသျှမ်းမျိုးနွယ်စုများမှာလည်း ချင်းတွင်းမြစ်ဝှမ်း (ခန္တီးနှင့်ဟုမ္မလင်းမြို့နယ်)၊ ဥရုမြစ်ဝှမ်းနှင့်အထက်ပိုင်း မြစ်ကြီးနားမြို့နယ်နှင့် ရထား သံလမ်းအနီးတဝိုက် (မိုးကောင်း၊ မိုးညှင်းနှင့်အင်းတော်ကြီးဒေသ)တွင် နေထိုင်ကြသော သျှမ်းမျိုးနွယ် စုများနှင့်မူ အသံဝဲလွန်းခြင်းတို့ကြောင့် ရုတ်တရက်နားမလည်နိုင်ကြပဲ ဂရုတစိုက် နားထောင်နိုင်မှသာ လျှင် ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်နိုင်သည်။
ခန္တီးသျှမ်းမျိုးနွယ်စုများ၏ ဝါကျတည်ဆောက်ပုံမှာ အများအားဖြင့် မြန်မာစာပေ ဝါကျတည် ဆောက်ပုံနှင့် အလွန်နီးစပ်ခြင်း၊ အသံအနိမ့်အမြင့်သုံးစွဲပုံ ကွာခြားခြင်းတို့ကြောင့် သျှမ်းပြည်နယ်တွင် နေထိုင်ကြသော သျှမ်းမျိုးနွယ်စုများနှင့် စကားပြောဆိုရာတွင် ရုတ်တရက် နားမလည်နိုင်ကြခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ သျှမ်းစာပေတတ်မြောက်မှု အလွန်နည်းပါး ခြင်းကြောင့် ဖြစ်လေသည်။
ခန္တီးရှမ်းအမျိုးသားတို့၏ ရိုးရာအဝတ်အစားမှာ ဦးခေါင်းတွင်ခေါင်းဘောင်းပေါင်းပြီး အပေါ်ပိုင်း တွင် ခါးအထိ လက်ကြပ်ရင်စေ့တိုက်ပုံအင်္ကျီ၊ ခါးတွင် ရှမ်းဘောင်းဘီ ဖြစ်လေသည်။
အပေါ်ပိုင်းအင်္ကျီကို အိမ်တွင်ရက်လုပ်သော အနီရောင်ဆိုးထားသည့် ချည်ကြမ်းထည်ဖြင့် ချုပ်ဝတ်လေ့ရှိသည်။ ရှေးအခါက နားများကိုဖောက်၍ ပယင်းနားတောင်းများပန်ကာ ကိုယ်ပေါ်တွင် ဓါးများကို လွယ်ထားလေ့ရှိကြသည်။
ရှမ်းအမျိုးသားများမှာ အသက်အရွယ်အလိုက် ခေါင်းဘောင်းများကို ပေါင်းလေ့ရှိကြသည်။ ရှမ်းလူငယ်များ၊ လူလတ်ပိုင်းများနှင့် လူပျိုများသည် အနီရောင်၊ ပန်းရောင်ရှိသည့် ခေါင်းဘောင်းများကို ပေါင်းကြသည်။ အင်္ကျီအဖြူလက်ရှည် အောက်ကခံလျှက် ဝစ္စကုတ်ကို အပေါ်ထပ်ကာဝတ်ဆင် ကြသည်။ ရှမ်းဘောင်းဘီအရှည် (သို့)ခမ်းတီးရှမ်းရိုးရာပုဆိုးများကို ဝတ်ဆင်လေ့ရှိသည်။ အိမ်ထောင် သည်အမျိုးသာများသည် အဝါရောင်ခေါင်းဘောင်းကို ပေါင်းကြပြီးလျှင် သက်ကြီးရွယ်အိုအဘိုးအိုများ က အဖြူရောင်ခေါင်းဘောင်းကို ပေါင်းကြသည်။
ဝစ္စကုတ်ဆိုသည်မှာ ရှေးယခင် ရှမ်းအမျိုးသားများ စစ်ထွက်ရာတွင် ဓါးချက်၊ လှံချက်များကို ကာကွယ်နိုင်ရန် ကျားသားရေများ၊ ဝက်ဝံသားရေများကို ချုပ်လျက်ဝတ်ဆင်ကြသည်။ ချည်စများ ဖြင့်လည်း အင်းကွက်ဂါထာများဖြင့် မွမ်းမံလျက် ချုပ်၍ဝတ်ဆင်ကြသည်။ ဝစ္စကုတ်ပုံသည် ခါးထိရှည်၍ ဂျိုင်းထိဖြတ်ထားသောရင်ဘက်တွင် ချည်နှောင်ဝတ်ဆင်ရသည့် ပုံစံဖြစ်သည်။
ခန္တီးရှမ်းအမျိုးသမီးတို့၏ အများအားဖြင့် ၎င်းတို့၏ ရှေးရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ကြဆဲဖြစ် သည်။ အမျိုးသမီးတို့၏ ဝတ်စုံမျာ လှပတင့်တယ်၍ ထမိန်အရောင်မှာ နက်ပြာရောင်ဖြစ်သည်။ အပေါ် ပိုင်းတွင် အရှေ့ဘက်ဖွင့်ဟလျက်နေသော အပေါ်ဝတ်အင်္ကျီ အပြာနက်ရောင်ကို ဝတ်ဆင်ကြသည်။ ၎င်းတို့၏ အပေါ်ဝတ်အင်္ကျီ၏ လည်းပင်းကို စတစ်ကော်လာကဲ့သို့ဝိုက်၍ ရောင်စုံချည်တို့ဖြင့်ထိုးထားသည်။ အပေါ်ဝတ် အင်္ကျီ၏အောက်မှ ရင်စေ့ကိုယ်ကြပ်အတွင်းခံ အင်္ကျီအဖြူကို ဝတ်ဆင်ကြသည်။ အတွင်းခံလုံချည်ကို ခါးအထက်မှ ကြိုးစည်းချည်ကာ အစကို ဘယ်ဘက်ခြမ်းဘေးမှ လိပ်လျက်၊ ညှပ်ပြီး ဝတ်ဆင်ကြသည်။ ဦးခေါင်းကို အနက်ရောင်အစဖြင့် ပေါင်း၍ထားကာ ချမ်းသာသော အမျိုးသမီးများကမူ ရွှေချည်ထိုး၊ ပုတီး၊ ငွေမှန်ပြားများ၊ ပယင်း၊ ကျောက်စိမ်း၊ နီလာများစီခြယ်၍ ခေါင်းဘောင်းအပေါ်မှတင်ပြီး ဆင်းမြန် ထားတတ်ကြသည်။ လက်တွင် လက်ကောက်နှင့် ငွေလက်စွပ်များကိုဝတ်ဆင်ကာ နားတွင်ပယင်း နားတောင်းများကို ပန်ဆင်ကြ၏။ရှေးယခင် ရှမ်းအမျိုးသမီးများက ရှေးရိုးရာအဝတ်အစားများကို ဝတ်ဆင်ကြသော်လည်း ခေတ်နှင့်အညီပြောင်းလဲလာသော ဝတ်စားဆင်ယင်မှုများလည်း ရှိလာလေပြီဖြစ်သည်။
ခမ်း
ဆက်လက်ဖတ်ရှု့ရန်
ခမ်းတီးသျှမ်းများနှင့် အခြားသောသျှမ်းများသည်လည်း ဗုဒ္ဓဘသာသာဝင်များဖြစ်ကြသည့် အလျောက် အခြားသော တိုင်းရင်းသား ဗုဒ္ဓဘာသာများကဲ့သို့ပင် ၎င်းတို့၏ ပွဲလမ်းသဘင်များမှာ များသောအားဖြင့် ဘာသာရေးဆိုင်ရာ ပွဲတော်များဖြစ်သည်။ အခါကြီးရက်ကြီးများနှင့် တစ်နှစ်ပတ်လုံး ဥပုသ်နေ့တိုင်း ဥပုသ်သီလစောင့်ထိန်းကြသည်။ နေ့စဉ် နံနက်စောစော ဆွမ်းဗန်း၊ ဆွမ်းချိုင့်တို့ဖြင့် ဘုန်းကြီးကျောင်းသို့သွား၍ ငါးပါးသီလခံယူဆောက်တည်ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ဆွမ်းလှည့် အဖွဲ့ဖွဲ့၍ နေ့စဉ်အလှည့်ကျ အာရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကို ချက်ပြုတ်လှူဒါန်းကြသည်။ အခါအား လျော်စွာ အလှူအတန်းများလည်း ပြုကြသည်။ ဥပုသ်သီလစောင့်စဉ်လည်းကောင်း၊ ပွဲလမ်းသဘင်ရှိ၍ လူစုမိလျှင်သော်လည်းကောင်း ကျောင်း၊ ဇရပ်တို့၌ ရှမ်းတရားစာများကို ရှမ်းဘာသာဖြင့် နားလည်သူ ကဖတ်ကြား၍ အများက တရားတော်ကို နာကြားကြသည်။ ဘာသာရေးအတွက် ပန်းဒကာကိုလည်း ထားရှိသည်။ ပန်းဒကာသည် သာရေး၊ နာရေး ကိစ္စရပ် များတွင် ဘုန်းတော်ကြီးများ ပင့်ဆောင်ခြင်း၊ တရားနာစဉ် ဦးဆောင်မှုပြုခြင်း၊ ရေစက်ချရွက်ဆိုခြင်း များ ပြုရသည်။ ဘုန်းတော်ကြီးများသည် သီလပေး၊ ပရိတ်တရားတော်များ ရွတ်ဖတ်ဟောကြားသည်။ ရေစက်ချကို ရွက်ဆိုရန်မလိုပါ။ တရားနာပြီးလျှင် ပန်းဒကာကို အလှူရှင်က သီးခြားကန်တော့ရသည်။ ခမ်းတီးသျှမ်း တိုင်းရင်းသားများသည် အများအားဖြင့် ဗုဒ္ဓဘာသာကိုသာ ခံယူကိုးကွယ်ကြသော်လည်း အိမ်စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ မြို့ရွာစောင့်နတ် စသော နတ်ကောင်း၊ နတ်မြတ်များနှင့်(ရိုးရာနတ်များ)ကိုလည်း ပူဇော်ပသလေ့ရှိကြသည်။
အုပ်ချုပ်မှုအစဉ်အလာနှင့် စော်ဘွားလက်ထက် အခြေအနေများ
ဆက်လက်ဖတ်ရှု့ရန်
အုပ်ချုပ်မှုအစဉ်အလာနှင့် စော်ဘွားလက်ထက် အခြေအနေများ “စဝ်ဖှ”ဟူသော နာမပညတ်ကို မြန်မာများက အသံမပီသ, သဖြင့် “စော်ဘွား”ဟူ၍ ခေါ်နေကြ သည်။ “စဝ်”၏ အဓိပ္ပ္ပယ်မှာ အရှင်သခင်/ဘုရင်ဟု အဓိပ္ပ္ပယ်ရပြီး “ဖှ”မှာ ကောင်းကင်ကိုခေါ်သည်။ “စဝ်ဖှ ”၏ အဓိပ္ပ္ပါယ်မှာ “ကောင်းကင်ကဲ့သို့ လွှမ်းမိုးကြီးစိုးသော အရှင်သခင်”ဟုခေါ်သည်။ စော်ဘွားနယ်ဖြစ်ပေါ်လာခြင်း မြန်မာတို့သွားရောက်၍ နန်းတင်ခဲ့သော ဝေသာလီမင်း ချန္ဒရာကန္တာဆင်း ( Chandra Kanta sing ) အား အမတ်စစ်ဗိုလ်မှူးကြီးဘူရာဂိုဟိန် (Boorago hain)မှ တိုက်ခိုက်နန်းချပြီး ပူရန္ဒ္ဒာဆင်း(Burandar sing) အမည်ရှိ မင်းသားတစ်ပါးကို လာရောက်နန်းတင်လေသည်။ ယင်းအကြောင်းကို ဘိုးတော်မင်းတရားကြီးအား မိုးကောင်းစော်ဘွားမှတဆင့် လျှောက်တင် သဖြင့် ကြားသိတော်မူလေလျှင် ဗိုလ်ချုပ်ကြီး မဟာမင်းလှမင်းခေါင်အုပ်ချုပ်၍ ဒီပဲယင်းမြို့ဝန် နေမျိုးသူရရဲခေါင် (နောင်တချိန်တွင် မဟာဗန္ဓုလဖြစ်လာမည့်သူ)၏ တပ်နှင့်တပ်ပေါင်း(၃၄)တပ်ကို သက္ကရာဇ် ၁၁၇၈ ခု၊ နတ်တော်လဆန်း(၂)ရက်နေ့တွင် ဝေသာလီ အာသံပြည်သို့ စစ်ချီလေရာ စစ်ကြောင်းကြီးသည်မိုးကောင်းဒေသ သို့ ဆိုက်ရောက်ခဲ့လေသည်။ မိုးကောင်းစော်ဘွားကြီးသည် မိုးကောင်း၊ မိုးညှင်း၊ မိုင်းခွမ်း၊ နိမ့်ပြင်း၊ ပေါ်မိန်း(ပေါမိုင်း) ကန်တော်(ကင်းတော်)၊ လုန်းကျိန်း(ခမ်းတီ)အစရှိသော သျှမ်း၊ ကချင်အမျိုးသားများ တပ်ကိုဦးဆောင်၍ နေမျိုးသူရရဲခေါ်တပ်များနှင့် ပူးပေါင်းကာ မိုးကောင်းမြို့နှင့် (၁၁)စခန်းကွာနေရာတွင် ဆီးကြိုခုခံနေသော ဝေသာ လီအမတ်ချုပ်သစ် “ဘူရာဂိုဟိန်” ဦးဆောင်သောတပ်ကို ရွပ်ရွပ်ချွံချွံတိုက်ဖျက်လေရာ တစ်တပ်ပြီးတစ်တပ် ပျက်ပြားဆုတ်ခွာ၍ ပြေးကြလေ၏။ ထို့နောက် ဂျော်ရ်ဟက်(Jorhat)မြို့ကိုသိမ်းယူပြီး မူလဝေသာလီမင်း ချန္ဒရာကန်တာဆင်းအား ရန်ပူ(Rang Pur)မြို့တွင် နန်လျက် ဝေသာလီတိုင်းအားလုံးကို အပ်နှင်းမင်းပြုစေလေသည်။ ခမ်းတီလုန်းကျိန်းခေါင်းဆောင် စဝ်ညီခေါင်သည် ဝေသာလီအာသံပြည်အရေးတွင် မိမိနှင့်တကွ ခမ်းတီရဲမတ်တို့က ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့ကြောင်းနှင့် မိမိ၏နောင်တော် စဝ်အိုက်ကျောင်းခမ်း သည် အရှင်၏ လက်နက်နိုင်ငံတော်အဓွန့်ရှည်စွာ ရပ်တည်နိုင်ရေးအတွက် အာသံပြည် ဆာဒိယနယ်တွင် အမှုတော်ထမ်းလျက်ရှိနေကြောင်း စသည်များကို မိုးကောင်းစော်ဘွားကြီးမှတဆင့် ဘိုးတော်မင်းတရားကြီး ထံသို့ လျှောက်ထားတင်ပြနိုင်သဖြင့် ဘိုးတော်မင်းတရားကြီးမှ အနောက်ဘက်နယ်ခြား နယ်စပ် လုံခြုံရေးအတွက် မိုးကောင်းစော်ဘွား၏ စစ်ဗိုလ်မှူးစဝ်ညီခေါင်အား ခမ်းတီးနယ်ကို အုပ်ချုပစေပြီး စော်ဘွားအရာ အပ်နှင်းခဲ့လေသည်။ ထိုအချိန်(၁၈၁၆ ခုနှစ်)မှစ၍ စဝ်ဖစဝ်ညီခေါင်သည် ကျေးရွာများကို စနစ်တကျပြန်လည်ပြုစု၍ ဟော်နန်းတည်ဆောက်ကာ မိမိလက်လှမ်းမိရာ အာဏာစက်ဖြန့်နိုင်ရာ နယ်ပယ်ဒေသကျေးရွာများကို စော်ဘွားအာဏာဖြင့် စတင်စိုးမိုးအုပ်ချုပ်ခဲ့လေသည်။ ထိုစဉ်က နယ်မြေအကျယ်အဝန်းမှာ ချင်းတွင်းမြစ်ဝဲယာတစ်လျှောက် အထက်ပိုင်းချင်းတွင်းမြစ် နှင့် နမ့်ဖုတ်ချောင်းဆုံရာဒေသမှ အောက်ပိုင်းတောင်ဖက်တွင် မင်းဆင်ကျေးရွာအပါအဝင် ချင်းတွင်း မြစ်အတွင်း နမ့်သငတ်(နမ့်ဆငတ်)ချောင်း စီးဝင်ပေါင်းဆုံရာဒေသအထိ ကျယ်ပြန့်သည်။ အထက်ဖော်ပြပါအတိုင်း စော်ဘွားစဝ်ညီခေါင်အုပ်ချုပ်သော နယ်ပယ်သည် ခန္တီးစော်ဘွားနယ်ဟူ၍ ဖြစ်ပေါ်တည်ရှိလာပြီးလျှင် နယ်ရှင်ရှမ်းစော်ဘွားများမှာလည်း တဆက်ပြီးတဆက် ဆက်ခံလာကြသည်။ အင်းဝ၊ အမရပူရ၊ ရတနာပုံမြို့တော် အစဉ်အဆက် မြန်မာဘုရင်များက ခန္တီးစော်ဘွားအုပ်ချုပ် သော နယ်မြေဒေသများကို “ဘွားစားနယ်”အဖြစ် သတ်မှတ်လျှက် နယ်ရှင်စော်ဘွားက မြန်မာဘုရင်ထံ နှစ်စဉ်မပျက် လက်ဆောင်ပဏ္ဍ ဆက်သွင်းခြင်းဖြင့် အစဉ် မပျက် ဆက်သွယ်လေးစားခဲ့သည်။ ၁၂၄၇ ခုနှစ်တွင်း ထီးနန်းနှင့်တကွ သီပေါဘုရင်ပါတော်မူပြီးသည့်နောက် မြန်မာနိုင်ငံတဝှမ်းလုံး ဗြိတိသျှကိုလိုနီဘဝသို့ ကျရောက်လာသောအခါတွင်လည်း ခန္တီးနယ်တော်ကို မူလအတိုင်းစော်ဘွား အုပ်ချုပ်သော နယ်မြေအဖြစ် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ၁၂၄၉ ခုနှစ်တွင် ခန္တီးနယ်အား လက်ရှိအုပ်ချုပ်လျက်ရှိသည့် (၆)ဆက်မြောက် စော်ဘွားကြီး စဝ်ညီတောင်ကို ရှေ့ယခင်က မြန်မဘုရင်များ ထုံးတမ်းအစဉ်အလာအတိုင်း ဗြိတိသျှအစိုးရက စော်ဘွားနယ် အဖြစ် အသိအမှတ်ပြုလျှက် ဆက်လက်အုပ်ချုပ်စေပြီး ခန္တီးနယ်တော်ကို စော်ဘွားပိုင်နက်အဖြစ် တည်မြဲစေခဲ့သည်။ ခန္တီးနယ်တော်အား ဗြိတိသျှအစိုးရက စော်ဘွားပိုင်နက်အဖြစ် အသိအမှတ်ပြုသော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေးနည်းပရိယာယ်အရ စစ်ကိုင်းတိုင်းမင်းကြီးအောက်တွင် တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်ခဲ့လေ သည်။ ခန္တီးနယ်တော်အား စော်ဘွားကြီးစဝ်ညီခေါင်မှစ၍ နောက်ဆုံးစော်ဘွားကြီး စဝ်မြစိန်ခွန်နွယ် အထိ ၁၃)ဆက်တိုင်တိုင် အုပ်ချုပ်ခဲ့သည်။
ရိုးရာယဉ်ကျေးမှုပွဲတော်များ
နတ်တော်လ နှစ်သစ...
ဆက်လက်ဖတ်ရှု့ရန်ရိုးရာယဉ်ကျေးမှုပွဲတော်များ
နတ်တော်လ နှစ်သစ်ကူးပွဲ(သို့)ကောက်သစ်စားပွဲတော်
နတ်တော်လတွင် နစ်သစ်ကူးခြင်းကား သျှမ်းလူမျိုးတို့၏ သီးခြားပြက္ခဒိန်ရှိနေခြင်းကို ဖော်ညွှန်း လျက်ရှိသည်။ မြန်မာလူမျိုးတို့၏ ပထမမူလသည် တန်ခူးလဖြစ်၍ သျှမ်းလူမျိုးတို့၏ ပထမလသည် မြန်မာနတ်တော်လဖြစ်၍ သျှမ်းဘာသာအားဖြင့်(လိန်စိန်)ဟုခေါ်သည်။ ဒုတိယလကို ‘လိန်ကမ်’ဟု ခေါ်ပြီး တတိယလမှ ဆယ့်နှစ်လအတိကိုမူ ဂဏာန်းသင်္ချာအရေအတွက်ဖြင့် ‘လိန်ဆမ်၊ လိန်ဆီ’ သုံးလ၊ လေးလ စသည်ဖြင့် ခေါ်ကြသည်။ နတ်တော်လဆန်း(၁)ရက်နေ့တွင် နှစ်သစ်ကူးပွဲတော်နှင့် နတ်တော် လဆန်းတွင် ကောက်သစ်စားပွဲ ကျင်းပကြသည်။ ဆွမ်းတော် တင်လှူခြင်း၊ ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ပြီး ဆွမ်းကပ်လှူခြင်းနှင့် ရပ်ဆွေရပ်မျိုးတို့အား ပို့ဆောင်ဝေငှခြင်းများ ပြုလုပ်လေ့ရှိသည်။
တပို့တွဲလ ပြဿဒ်မီးပူဇော်ပွဲ၊ ယာဂုထမနဲပွဲ
တပို့တွဲလပြည့်ညတွင် ဘုရားရှင်ကို အာရုံပြု၍ ထင်း၊ နံ့သာဖြူ၊ နံ့သာနီတို့ကို စေတီဝန်း ဘုရား ပရဝုဏ်အတွင်းရှိ (ရှေးယခင်က ဝါးပြဿဒ်ဆောက်လုပ်ပြီး) မီးရှို့ပူဇော်ကြသည်။ တပို့တွဲလ ထမနဲပွဲ ဆိုသည်နှင့်အညီ သျှမ်းလူမျိုးများသည်လည်း ယာဂုပြုလုပ်၍ဘုရားမှူးပြုသော သံဃာတော်များကို လှူဒါန်းခြင်း၊ မိတ်ဆွေသင်္ဂဟအိမ်သို့ ပေးပို့၍ ဝေငှခြင်းများ ပြုလုပ်သည်။ သျှမ်းထမနဲကို သျှမ်းများက (ခေါက်ယာဂု)ဟု ခေါ်သည်။
တပေါင်းလ တပေါင်းပွဲ
(ပွဲလိန်ဆီ)ခေါ် တပေါင်းပွဲတွင် ဘုရားရှင်၏ ဓါတ်တော်၊ မွေတော်များကို ပူဇော်ကြပြီး၊ နံနက် အာရုဏ်ဆွမ်း ကပ်လှူပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများ ပြုလုပ်ကြသည်။ အလုပ်ပါးချိန်၊ အားလပ်ချိန်ဖြစ်သော တပေါင်းလတွင် “ရှင်ပြုပွဲ”များ ကျင်းပကြသည်။
ရှင်ပြုမင်္ဂလာပွဲ
ခန္တီးနေ ရှမ်းတို့၏ သားရတနာများကို အချိန်တန်အရွယ်ရောက်လျှင် ရှင်ပြုပေးကြသည်။ ရှင်ပြု ရက်မတိုင်ခင် တစ်လအလိုခန့်၌ ကျောင်းထိုင်ဆရာတော်ထံအပ်နှံ၍ စာပေသင်ကြားရသည်။ ဆရာ တော်ထံ အပ်နှံပြီးလျှင် ရှင်လောင်းများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ပရိတ်ချည်၊ ချည်မန်းကွင်းများ လက်ကောက်ဝတ်တွင် ချည်ပေးထားကြသည်။ ထိုရက်များအတွင်း သစ်ပင် အမြင့် မတက်ရန်၊ ရေနက် သို့မသွားရန် မိဘဘိုးဘွားတို့က မှာကြားကြသည်။ အဖျက်အမှောက် ပယောဂများ ဝင်ရောက် နှောင့်ယှက်တတ်သောကြောင့် ဖြစ်သည်။ ရှင်ပြုချိန်ရောက်မှ ချည်မန်းကွင်းများ ဖြုတ်ပေးကြသည်။
ရှင်ပြုသောနေ့တွင် လှူဖွယ်ဝတ္တုများနှင့်တကွ ရှင်လောင်းလှည့်ကြသည်။ မောင်ရင်လောင်းများ ကို သားတော် ရာဟုလာမင်းသားအတုယူ၍ မင်းညီမင်းသားပုံစံ ဝတ်ဆင်ပေးကြသည်။ ကျောင်းတိုက် သို့ ရှင်လောင်းများ ပို့ဆောင်ပြီး သီးခြားဖွဲ့ထားသော ဆွေမျိုးသားချင်းများက တနေကုန် ထမင်း(၇) ကြိမ် ကျွေးမွေးသည်။ ရှင်လောင်းခိုးများ မဖြစ်ပေါ်စေရန် သက်ကြီးများက ရှင်လောင်းဘေးတွင် စောင့်ရှောက်ရသည်။ ညနေပိုင်းရောက်မှ ပင့်သံဃာတော်များနှင့်အတူ သာမဏေဘောင်ဝင်သည်။ သင်္ကန်းကပ်၊ သင်္ကန်းတောင်းစသည်များကို ရှင်လောင်းများကိုယ်တိုင် အလွတ်ဆိုရသည်။ ရှင်သာမဏေ ဖြစ်ပြီး မိဘများက(၇)ရက်တိုင်တိုင် ကျောင်းတိုက်သံဃာကုန် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းတာဝန်ယူ ဆက်ကပ်လှူဒါန်းသည်။
(၇)ရက်ပြည့်လျှင် ဘုရားရှင်သည်. ကျေးဇူးရှိခဲ့သူများအား ဓမ္မစကြာတရားဦးဖြင့် ကျေးဇူးဆပ် ဟောပြောသည်ကို အတုလိုက်၍ သာမဏေများက မိဘများအား တရားတော်ဖြင့် ကျေးဇူးဆပ်သော အားဖြင့် တရားဦးနာကို ရှင်မိရှင်ဖအိမ်တွင် ပြုလုပ်သည်။ ရှင်သာမဏေဖြစ်ခိုက် မိဘများအားတရား တော်ဖြင့် ကျေးဇူးဆပ်ခြင်းဖြစ်သည်။ တရားဦးနာပြီးမှသာ လူဝတ်လဲလိုက လဲနိုင်သည်။ သာမဏေ ဘောင်၌ ဆက်လက်နေလိုက နေနိုင်သည်။
တန်ခူးလ သင်္ကြန်ပွဲ
တန်ခူးလတွင် သျှမ်းလူမျိုးများသည် မြန်မာများနှင့်အတူ သင်္ကြန်ပွဲတော်ကို ဆင်နွဲကြသည်။ လောင်းလှေများတွင် ရေအပြည့်ထည့်ပြီး အမျိုးသား၊ အမျိုးသမီးများမှ တစ်ဖက်နှင့်တစ်ဖက် အပြိုင် အဆိုင် စကားနိုင်လု၊ သီချင်းဆို၍ ရေပက်ကစားလေ့ရှိကြသည်။
ရှေးယခင်က ခမ်းတီးသျှမ်းတို့၏ သင်္ကြန်ရက်များတွင် ကျင်းပသော ပျော်ပွဲရွှင်ပွဲတစ်ခုလုံးမှ ဂုံညင်းဒိုး ကစားပွဲများဖြစ်သည်။ မောင်မယ် ကျားနှင့်မ အပြိုင်ကစားလေ့ရှိကြသည်။ တစ်ခါတစ်ရံ အိမ်ထောင်သည်များနှင့် မောင်မယ်များ တစ်ဖက်ဆီ ယှဉ်ပြိုင်ကစားလေ့ရှိကြသည်။ ဒိုးဝိုင်ခေါ် ဂုံညှင်း ကစားပွဲကို နေ့ရောညပါ ဆင်နွဲလေ့ရှိကြသည်။
တန်ခူးလတွင် နှစ်ဆန်းတစ်ရက်နေ့မှစ၍ မိမိထက် အသက်အရွယ် သိက္ခာဝါကြီးသူများကို သွားရောက်ကန်တော့ကြသည်။ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတို့တွင် ဘုန်းကြီးကျောင်းများထံသို့ နေ့ရက်သတ်မှတ်ပြီး ကန်တော့ပွဲများ ဆင်နွဲကြပါသည်။ လူပုဂ္ဂိုလ်များသာမက သံဃာတော်များမှ ရွာသူရွာသားများကို ဦးဆောင်၍ တစ်ကျောင်းပြီးတစ်ကျောင်း သွားရောက်ကန်တော့ကြသည်။ ကန်တော့ပွဲတွင် မုန့်၊ ထမင်းထုပ်၊ ဟင်းထုပ်များ သွားရောက်လှူဒါန်းထားကြပြီး ကန်တော့ပွဲပြီးသော အခါတွင် ဧည့်ခံကျွေးမွေးကြသည်။
သီတင်းကျွတ်လ မီးထွန်းပွဲ
ပွဲအောက်ဝါ(ဝါကျွတ်ပွဲ) - (ပွဲစဝ်ဖရားလုန်းမိန်း-ဘုရားရှင် လူ့ပြည်သို့ ဆင်းသက် လာတော်မူသောနေ့)ဟု ခေါ်ကြသည်။ အိုးစည်ဗုံမောင်းတီး၍ ဆီမီးတစ်ထောင် လှူဒါန်းပွဲကို ကုန်း တစ်ထောင်၊ ရေတစ်ထောင်(ဆီမီးဖောင်မျောခြင်း)ဟူ၍ လှူဒါန်းကြသည်။ ဆီမီးဖောင်ကို ငှက်ပျော တုံးများဖြင့် ကရဝိတ်ဖောင်(သို့)ဆင်ဖြူရုပ်ပါသော ဝါးဖောင်ကိုပြုလုပ်ပြီး ဆီမီးတစ်ထောင်၊ ပန်းတစ် ထောင်၊ တံခွန်၊ ကုက္ကား၊ ကြက်လျှာ၊ ယို၊ လဖက်၊ ဆွမ်းစသည်တို့ တင်လှူ၍ မြစ်ထဲသို့ မျောသော အလေ့အထများလဲ ပြုလုပ်လေ့ ရှိခဲ့ကြသည်။ ရပ်ရွာအတွင်းရှိ ဘုန်းတော်ကြီးများကို ဝါကျွတ်စုပေါင်း ကန်တော့ခြင်း၊ သက်ကြီးရွယ်အိုများအား စုပေါင်းသွားရောက်ကန်တော့ခြင်း၊ ကျေးရွာများတွင် တန်ခူးလကဲ့သို့ သံဃာတော်များ ဦးဆောင်၍ တစ်ကျောင်းတက်ဆင်း ပူဇော်ကန်တော့လေ့ရှိကြသည်။
တန်ဆောင်မုန်းလ ကထိန်သင်္ကန်းလှူပွဲ
ကထိန်သင်္ကန်းကပ်လှူပွဲများကို ရပ်ကွက်အလိုက်စုပေါင်း၍ ပြုလုပ်ကျင်းပလေ့ရှိကြသည်။ လပြည့်ညတွင် ဆီမီးခွက်မျောပွဲများ ကျင်းပလေ့ရှိကြသည်။ဆီမီးခွက်သုံးထောင်မှ ခုနှစ်ထောင်၊ ကိုးထောင်အထိ ပြုလုပ်၍ မြစ်လယ်တွင် ဝါးဖောင်ကြီးများဖွဲ့ကာ ဝါးဖောင်ပေါ်မှ အိုးစည်ဗုံမောင်းတို့ဖြင့် ပျော်ရွှင်စွာ တီးမှုတ်ပြီးမျောသော အလေ့အထများလည်းရှိသည်။
ရိုးရာမောင်းထောင်းပွဲ
ခမ်းတီးသျှမ်းများ အထူးပြုလုပ်ကျင်းပသည့်ပွဲမှာ မောင်းထောင်းပွဲဖြစ်သည်။ ကောက်သစ်စားပွဲ၊ အလှူပွဲများနှင့် အခြားသောပွဲများတွင် မောင်းထောင်းပွဲ ပါဝင်လေ့ရှိကြသည်။ လက်ထောင်းဆုံအလုံး ၄၀၊ ၅၀(လေးငါးဆယ်)အားအမျိုးသား၊ အမျိုးသမီးများ စုပေါင်း၍စည်းချက်ညီညာစွာဖြင့် ထောင်းကာ တေးများကို တလှည့်စီသီဆိုကြသည်။ သီဆိုကြသော တေးအကြောင်းအရာများမှာ နိဗ္ဗာန်ကူးတို့တေး၊ မိတ်ဖွဲ့မိတ်ဆက်တေးတို့ ဖြစ်ကြသည်။ ထိုမိတ်ဆက်တေးတွင် မောင်မယ်များ၏ အချီအချ၊ အမေး အဖြေ၊ အထေ့အငေါ့များဖြင့် သီကုံးကာ သီဆိုလေ့ရှိကြသည်။
ရွာစောင့်နတ်၊မြို့စောင့်နတ် ပူဇော်ပွဲ
ခန္တီးမြို့နေရှမ်းတို့သည် အိမ်စောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်များရှိရာ မိမိတို့ဓလေ့ ထုံးတမ်းအရ ပူဇော်လေ့ရှိကြသည်။ မြို့စောင့်နတ်ကိုမူ အရွယ်ရောက်သူတိုင်း တက်ရောက်ပူဇော်ပသ လေ့ရှိကြသည်။ မြို့စောင့်နတ်အား သက်သတ်လွတ်ဖြင့် တစ်နှစ်လျှင်နှစ်ကြိမ် (သင်္ကြန်နှင့် သီတင်း ကျွတ်ပြီး) သွားရောက်ပူဇော်ပသလေ့ရှိကြသည်။ ခန္တီးမြို့စောင့်နတ် (၆)ပါးရှိသည်။ (စဝ်ပလန်ဟော ခမ်း)၊ (စဝ်မပုန်မပန်)၊ (စဝ်နောင်စီ)၊ (စဝ်တိန်းအင်)၊ (စဝ်ဆားပေါက်)၊ (စဝ်ဆားဝ)တို့ ဖြစ်ကြသည်။ ရွာအလိုက် နတ်များသီးသန့်ရှိသည်။
ပြင်ဆင်ထားပုံမှာ သစ်သီး(၆)မျိုး၊ ထမင်းဟင်း၊ ပေါက်ပေါက်ဆုပ်၊ မုန့်ဆီကြော်၊ သောက်တော် ရေ စသည်တို့ဖြစ်သည်။ အရက်သေစာမပါ၊ အသားငါး မပါပါ။ ရှေးဦးစွာ နတ်(၆)ပါးအတွက် နတ်နန်း အတွင်း တစ်ပါးစီ တစ်ပါးစီ ပြင်ဆင်ထားရသည်။ ထို့နောက် နတ်နန်းအပြင်စည်းဝိုင်းကာ၍ စင်ထိုး ထားပြီး နတ်များ၏ နောက်လိုက်နောက်ပါများအတွက် သီးသန့်ပြင်ဆင်ပေးထားသည်။ အခြားသူများ အနှောင့်အယှက်မပြုမနိုင်ရန် နောက်လိုက်နောက်ပါများဖြင့် စောင့်ရှောက်ခိုင်းထားသည့်သဘော ဖြစ်သည်။ နတ်များ၏ စီးတော်ဆင်၊ စီးတော်မြင်းများအတွက်လည်း ငှက်ပျောဖက်ကန်တော့ထိုး၍ ပေါက်ပေါက်ဆုပ်များ ထည့်ပေးရသည်။ ပေါက်ပေါက်ဆုပ်အမှုန်ကလေးများကို နတ်နန်းအပြင်ဖက် စွန့်ကြဲရသည်။
အားလုံးပြင်ဆင်ပြီးမှ နတ်များကို ပင့်ရသည်။ ထို့နောက် ထမင်း၊ ဟင်းစသည် ပူဇော်ဆက်သ ရသည်။ ထို့နောက် ဘေးအန္တရာယ်များမှ စောင့်ရှောက်ပေးနိုင်ပါရန် ဆုတောင်းရသည်။ ထိုနတ်များ လည်း ကုသိုလ်ကောင်းမှု တိုးပွားနိုင်ရန် နတ်နန်းတွင် သံဃာတော်များပင့်ဖိတ်၍ တရားတော်များ နာကြားကြသည်။ ကုသိုလ်ကောင်းမှုအဖို့ ဘာဂကို အမျှပေးဝေသည်။ ပူဇော်ပသခြင်း အမှုကိစ္စအားလုံး ပြီးဆုံးလျှင် နတ်စာတင်လှူထားသည်များကို စွန့်လွှတ်ပါရန် တောင်းယူ၍ စားသောက်ကြသည်။ နတ်တို့၏ အငွေ့အသက် ထိတွေ့ထားမှုကြောင့် ဘေးကင်းသည်ဟု ယုံကြည်ကြသည်။
ရက်ကန်းသတ်မှတ်ခြင်း
တော်သလင်းလသည် သျှမ်းလမှာ(၁၀)လမြောက်ဖြစ်သည်။ တော်သလင်းလကွယ်နေ့သည် မယ့်ပီ ခေါ် မူရင်းမိခင်နှစ်ကြီး ကုန်ဆုံးသည်ဟု အယူအဆရှိ၍ ရက်ကန်းနေ့အဖြစ် သတ်မှတ်လေ့ရှိ သည်။ ရက်ကန်းဆိုသည်မှာ သမရိုးကျလုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းဆောင်တာများကို (တောတောင် ထဲဝင်ရောက်ပြီး သစ်ခုတ်၊ ထင်းခွေခြင်း၊ မြေတူးပေါက်ခြင်းများ) လုပ်ကိုင်ခြင်းမရှိသည့်နေ့ကို ခေါ် သည်။ ထိုနေ့တွင် အိမ်တိုင်း၌ အိမ်စောင့်နတ်၊ လယ်စောင့်နတ်၊ တောတောင်စောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်များကို ပူဇော်ပသလေ့ရှိကြသည်။
သက်ကြီးရွယ်အိုများမှာ သီတင်းဉပုသ်သီလ စောင့်ထိန်းကြပြီး လူငယ်မောင်မယ်များက ဒိုးဝိုင်း ခေါ် ဂုံညင်းကစားပွဲကို ဆင်နွဲလေ့ရှိသည်။
ရိုးရာဓလေ့များ
အိမ်ယာတည်ဆောက်ပုံ ရိုးရာဓလေ့
ခန္တီးမြို့နေ ရှမ်းတို့၏ အိမ်ယာတည်ဆောက်ပုံ ရိုးရာဓလေ့မှာ ရိုးရှင်းလှသည်။ ရှေးဦးစွာ အိမ်မြေ နေရာကို ထယ်၊ ထွန်တို့ဖြင့် ထွန်ယက်ပြီး မြေကိုသန့်ရှင်းအောင်ပြုပြီးမှ ရဟန်းသံဃာတော်များ ပင့်ဖိတ်၍ မြေသန့်(အန္တရယ်ကင်း) ပြုလုပ်ကြသည်။ ပန္နက်ချစဉ် ရှမ်းတိုင်းရင်းသားတို့၏ဗေဒင် (ကာလ)နည်းဖြင့် တွက်ချက်၍ ပန္နက်တိုင်ကိုင် ကြိုးကိုင်တို့ဖြင့် နားလည်သူက ရွတ်ဖတ်ပူဇော်ပြီး ပန္နက်ချသည်။ ရိုးရာနတ်တိုင်(ဥရုတိုင်)ကို ရှေးဦးစွာထူရသည်။ ဆောက်လုပ်စဉ် ဝိုင်းဝန်းကူညီကြသည်။ ထိုသို့ကူညီကြစဉ် အိမ်ရှင်က ဧည့်ခံကျွေးမွေးသည်။ အိမ်နံရံကိုများသောအားဖြင့် ဝါးကပ်ရက်၍ ကာကြ သည်။ တတ်နိုင်သူက ပျဉ်ကာကြသည်။ အခင်းကိုမူ ပျဉ်များဖြင့် ခင်းကြသည်။ လမ်းအခြေအနေအရ အိမ်ပေါက်ဝတံခါးမကို အရှေ့(သို့မဟုတ်) အနောက်ဖက်တွင်ထားသည်။ အိမ်၏ ခေါင်တန်းကို များသောအားဖြင့် တောင်မြောက်တန်း ဆောက်လုပ်လေ့ရှိသည်။ လှေကားတပ်ဆင်ရာတွင် အနောက်မှ အရှေ့သို့တက်၍လည်းကောင်း၊ မြောက်အရပ်မှ တောင်အရပ်သို့တက်၍လည်းကောင်း တပ်ဆင်ကြ သည်။ အိမ်ပုံစံမှာ များသောအားဖြင့် သုံးခန်း x နှစ်ခန်းတွဲ နှစ်ထပ်ပင်မဆောင် ဆောက်လုပ်ပြီး အိမ်မျက်နှာစာတွင် တံစက်မြိတ်အောက်မှ အမိုးတစ်ထပ် ပယက်ချ၍ တစ်ထပ် ထပ်မံတွဲ၍ဆောက် လုပ်သည်။ တစ်ထပ်ခွဲပုံစံဖြစ်သည်။
အိမ်ဆောက်လုပ်ကြရာတွင် အရပ်မျက်နှာကိုလည်း ထည့်တွက်ကြသည်။ အရှေ့အရပ်ကိုပို၍ အလေးအမြတ်ပြုကြသည်။ ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် ဘုရားကျောင်းဆောင်ကို ထည့် သွင်းဆောက်လုပ်ကြသည်။ ဘုရားကျောင်းဆောင်ကို များသောအားဖြင့် အရှေ့အရပ်မျက်နှာတွင် ထားသည်။ အချို့က တောင်အရပ်တွင် ဘုရားကျောင်းဆောင်ထား သည်။
အိမ်၏မြောက်ဖက်အခန်း၌ ဇနီးမောင်နှံအိပ်ကြသည်။ မြောက်ဖက် ထရံဘေးနားကပ်ပြီး လင်ယောကျ်ားကနေရာယူလျက် ဇနီးမယားကမိမိလင်ယောကျ်ား၏ ဘယ်ဖက်ဘေး တောင်အရပ်ဖက် မှာနေရာယူလျက် အရှေ့အရပ်ဖက်ကို ဦးခေါင်းထားကာ အိပ်ရာဝင်လေ့ရှိကြသည်။ အထူးအားဖြင့် အိမ်စောင့်နတ်ကို ပသသည့်နေရာသည် မိမိလင်ယောကျ်ား၏ ဦးခေါင်းပြုရာထိပ်မှတိုင်တွင် အသိ အမှတ်ပြုပြီး ပန်းကန်တော့ ထိုးထားလေ့ရှိသည်။ အိမ်အပေါ်ထပ် သင့်လျော်ရာနေရာများတွင် သားသမီးများအိပ်ရာ နေရာယူကြသည်။ အိမ်၏ မြောက်ဖက်တွင် မီးဖိုဆောင်ကို တွဲဆောက်လေ့ရှိ ကြသည်။ မီးဖိုဆောင်နှင့်တွဲရက် ပန်းကန်ခွက်ယောက်ဆေးရန် ရေစင်ထားကြသည်။
ဧည့်သည်များအတွက် အိမ်အောက်ထပ်တွင် နေရာချပေးသည်။ ရဟန်းတော်များ၊ အကြီး အကဲများအတွက် ဘုရားခန်းရှေ့တွင် နေရာချပေးသည်။ အိမ်၏အောက်ထပ် တောင်ဖက်တွင် အိမ်မ ကြီးနှင့်ကပ်ပြီး စင်ထိုးထားလေ့ရှိသည်။ (ပိုင်းစန်း)ဟု ခေါ်သည်။ ထိုစင်ပေါ်တွင် ဝင်ထွက်လွယ်အောင် (၂)ရွက်တံခါးဖြစ်စေ၊ (၁)ရွက်တံခါးဖြစ်စေ ထားလေ့ရှိသည်။ လသာချိန်များတွင် ညဉ့်အပန်းဖြေရန် ဧည့်ခံရန်ဖြစ်သလို နေ့ခင်းအချိန်တွင် ဧည့်သည်၏ အဝတ်အစားများ လှန်းနိုင်ပါသည်။ စပါး၊ လက်ဖက် စို၊ လက်ဖက်ခြောက်၊ ကာဖီနှင့် အခြားသီးနှံများလည်း လှန်းကြသည်။ အိမ်ဆောက်လုပ်ပြီးလျှင် အိမ်သစ်တက် မင်္ဂလာပြုကြသည်။
လက်ဖက်ကမ်းသောဓလေ့
ဓလေ့တစ်ခုမှာ သာမှု၊ နာမှုကိစ္စများ ဖိတ်ကြားရာတွင် လက်ဖက်ကိုသာ အဓိက အသုံးပြုတတ် ကြသည်။ လက်ထပ်မင်္ဂလာကိစ္စရပ်များတွင် လက်ဖက်သား(ဒေသအခေါ် လက်ဖက်စို)ကို ငှက်ပျောဖက် နှင့်ထုပ်၍ နှီးကြိုးဖြင့်စည်းနှောင်ပြီး ရပ်နီးရပ်ဝေး ဆွေးမျိုးသားချင်းများနှင့် မိတ်သင်္ဂဟများထံ ပေးပို့ပြီး အသိပေး ဖိတ်ကြားလေ့ရှိသည်။
လက်ဖက်ထုပ်ဖြင့် ဖိတ်ကြားခြင်းတွင် ဆွေမျိုးရင်းချာသဘောကို ဆောင်ခြင်းနှင့် မဖြစ်မနေ ကြွရောက် ချီးမြှင့်ပေးပါရန် စသော အဓိပ္ပါယ်များပါရှိသည်။
အိမ်တွင်း သာမှု၊ နာမှုကိစ္စများတွင် ဗန်းငယ်(သို့)ပန်းကန်ပြားထဲတွင်ထည့်ပြီး လက်ဖြင့် အနည်းငယ်ကို ဆုပ်ယူ(ကိုင်ဆုပ်)၍ ပြုလုပ်ကျင်းပမည့် အစီအစဉ်ကို ပြောဆိုကာ တစ်အိမ်တက်ဆင်း ခြင်းဖြင့် ရိုသေစွာဖြင့် ဖိတ်ကြားလေ့ရှိသည်။
ဉပမာ - အိမ်သစ်တက်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ ကောက်သစ်စားခြင်း။
နာမှုကိစ္စတွင်မူ လက်ဖက်ခြောက်အနည်းငယ်ကို ငှက်ပျောဖက်နှင့်ထုပ်ပြီး နီးစပ်ရာ သားချင်း များသို့ ပေးပို့အသိပေး အကြောင်းကြားလေ့ရှိသည်။ လက်ဖက်ထုပ်ဖြင့် ဖိတ်ကြားခြင်းမရှိသော်လည်း မည်သူမဆို သွားရောက်ကူညီနိုင်သည်။
အင်းကွက်၊ ဂါထာနှင့် ပရိတ်ကြိုးချည်ဆုတောင်းသည့်ဓလေ့
ဓလေ့တစ်ခုမှာ ဖျားနာမှုများတွင် အများအားဖြင့် ဆေးဆရာများဖြင့် ကုသကြသော်လည်း အချို့သောရောဂါများသည် သာမန်ဖျားနာမှုမဟုတ်၊ အမှောင့်ပယောဂဟု ယုံကြည်ကြသောကြောင့် အန္တရာယ်ကင်စေရန် ပရိတ်ချည်များဖြင့် ချည်မန်းကွင်းများပြုလုပ်ပြီး လည်ပင်း၊ လက်မောင်း၊ လက် ကောက်ဝတ်များတွင် ချည်ထားတတ်ကြသည်။ ဆေးမင်ကြောင်များလည်း အင်းကွက်ချ ထိုးကြသည်။
လက်ထပ်မင်္ဂလာပွဲကျင်းပခြင်းဓလေ့
အပျို၊ လူပျို ချစ်ခင်စုံမက်၍ အိမ်ထောင်ပြုသည့်အခါ အမျိုးသမီး၏ မိဘများထံတွင် အမျိုးသား များက သုံးကြိမ်သုံးခါတိုင်တိုင် သွားရောက်တောင်းရမ်းရပါသည်။ သုံးကြိမ် သုံးခါတောင်းရမ်း၍ မိဘက သဘောတူခြင်းမရှိပါက မင်္ဂလာဆောင်၍ မရချေ။ မင်္ဂလာဆောင်ရာတွင် အမျိုးသားဖက်မှ(ခေါ်ခိုင်)ခေါ် မျိုးရိုးလက်ဆောင်ကန်တော့ပွဲ အပါအဝင် လက်ဖက်စို ကျည်နှစ်ကျည်အား ပေါင်းစုချည်ရသည်။ ထို့အ ပြင် ပြည်တောင်းတစ်လုံးကို အသုံးပြု၍ ဆန်တစ်ပြည်၊ ကြက်ဥနှစ်လုံး၊ ငွေတစ်ကျပ်မှ လေးကျပ် အထိထည့်၍ ပိတ်ဖြူစ လေးတောင်၊ ချည်ခင်တစ်ခင်ဖြင့် ရစ်ပတ်၍ ပါရှိရပါသည်။ ထိုမျိုးရိုးလက်ဆောင် ကန်တော့ပွဲအား နံနက်(၆)နာရီခန့်တွင် တစ်ကြိမ်၊ (၈)နာရီခန့်တွင် တစ်ကြိမ်၊ (၁၀)နာရီခန့်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် အဆိုပါကန်တော့ပွဲကို အမျိုးသားဖက်မှ ဦးဆောင်တာဝန်ယူလမ်းကြောင်း ပေးသူနှစ်ဦးက ကိုင်ဆောင်လျက် ဆွေကြောင်းမျိုးကြောင်း အပြစ်အမှားမရှိ ရိုးဖြောင့်တည်ကြည်စွာ ပေါင်းသင်းပါမည့်အကြောင်းများအား အမျိုးသမီးဖက်မှ တာဝန်ယူသည့် ပုဂ္ဂိုလ်နှစ်ဦးထံ သွားရောက်၍ မင်္ဂလာစကားဆို တောင်းရမ်းရပါသည်။
ဤသို့ဖြင့် သုံးကြိမ်သုံးခါမြောက်သောအခါ သားသမီးပေါများ၍ တစ်ဦးတစ်ယောက်မျှ ဆုံးပါး ခြင်းမရှိသူ ဘိုးဘွားနှစ်ဦးက လက်ထပ်ထိမ်းမြားပေး၍(ခေါင်ခိုင်)တွင် ပါလာသော ချည်ခင်များဖြင့် လက်ဖွဲ့စည်းနှောင်ကာ ဆုတောင်းပတ္ထနာ ပြုပေးကြလေသည်။ ရှေးအခါက ကွမ်းဖိုးတင်လေ့ရှိသော် လည်း ယခုအခါ၌မူ ကွမ်းဖိုးတင်လေ့မရှိကြတော့ပေ။ မင်္ဂလာရက် ရွေးချယ်သောအခါ (ရှမ်းဗေဒင်) ကြည့်၍ ရက်ရွေးသတ်မှတ်ရသည်။ မင်္ဂလာဆောင်စဉ် လိုအပ်သောပစ္စည်းများ ငှားရမ်းလျှင် လက်ဖက် ထုပ်ဖြင့် ငှားရမ်းရသည်။ ဖိတ်ကြားမှ သွားရောက်ရသည်။
လက်ထပ်မင်္ဂလာပြုပြီး ညဉ့်ဦးပိုင်းအချိန်တွင် အိုးစည်၊ ဗုံ၊ မောင်းများဖြင့် လူပျို၊ အပျိုများစုဖွဲ့၍ မင်္ဂလာဆောင်သည့် အိမ်သို့သွားကြသည်။ ဇနီးမောင်နှံ အသစ်စက်စက်က လူပျိုခေါင်း၊ အပျိုခေါင်းကို ကန်တော့ရသည်။ မြန်မာအခေါ် ခဲပစ်ဖြစ်သည်။ စကားစစ်ထိုးရင်း အိမ်ရှင်က ဧည့်ခံကျွေးမွေးကြသည်။ ဇနီးမောင်နှံ အသစ်စက်စက်က အပျို၊ လူပျိုရံပုံငွေအတွက် သင့်သလို ထည့်ဝင်လှူဒါန်းသည်။
အကို/ ညီ ဆုံးပါးသွားလျှင် အကို/ ညီ၏ ဇနီး(မရီး)ကို အကို/ ညီဖြစ်သူက ဆက်လက် စောင့်ရှောက်သောအားဖြင့် လက်ထပ်ပိုင်ခွင့်ရှိသည်။ မိမိ၏ဇနီး ဆုံးပါးသွားလျှင် ဇနီး၏ညီမ အပျိုကို လက်ထပ်နိုင်သည်။ နှစ်ဝမ်းကွဲအထိ လက်ထပ်လေ့မရှိကြပေ။ သုံးဝမ်းကွဲအထိခြားမှ လက်ထပ်ယူ လေ့ရှိကြသည်။ သုံးဝမ်းကွဲအထိ ညီအကို(သားယောကျ်ား)ဖက်မှ ပေါက်ဖွားလာလျှင် သားချင်းအရင်း အချာအဖြစ်သာ သတ်မှတ်လေ့ရှိကြပြီး လက်ထပ်ယူလေ့မရှိကြပေ။
ကန်တော့ပန်းပေးသည့်ဓလေ့
အိမ်ဝိုင်းအတွင်း ပလွေမှုတ်ခြင်း၊ လေချွန်ခြင်း ပြုလုပ်လျှင် လာဘ်တိတ်သည်ဟု အယူရှိသည်။ နေအိမ်၊ ခြံစည်းရိုးတို့ကို လှေ၊ လှည်း(ကား) စသည်တို့နှင့် တိုက်မိခိုက်မိလျှင် အိမ်ရှင်အိမ်သားတို့အပေါ် ခိုက်တတ်သည်ဟု အယူရှိပြီး အိမ်နတ်ကိုလည်း တောင်းပန်ပေးနိုင်ရန် (အိမ်နတ်တောင်းပန်ရန်) အတွက် ပန်းကန်တော့ပန်းပေး၍ ကျေအေးရသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် (ရိုးရာနတ်ပူဇော်ပသမှုအပေါ် ကွဲပြား၍) အိမ် နတ်မတူ သော အခြားသူတစ်ပါးတို့၏ အိမ်တိုင်နှင့် နံရံများတွင်မှီခြင်း၊ လက်ထောက်ခြင်း၊ မှီ၍အိပ်ခြင်းများ မပြုလုပ်ရပေ။ ဤသို့ပြုလုပ်ပါက အိမ်ရှင်အပေါ်သို့ ဘေးဆိုးများကြုံရတတ်သည်ဟု အယူရှိသည်။ အိမ်စောင့်နတ်ကို တောင်းပန်ရန်အတွက် အိမ်ရှင်အား ပန်းကန်တော့ ပေးဆောင်၍ ငြိမ်းအေးစေနိုင် သည်။ သားယောကျ်ား(၇)ဦး ဆက်တိုက်မွေးဖွားလျှင် ထိုအမျိုးသမီးကို မြတ်သောအမျိုးသမီးအဖြစ် သတ်မှတ်လေ့ရှိပြီး ယောကျ်ားများနှင့်တန်းတူ သတ်မှတ်လေ့ရှိသည်။
ဥပုသ်သီလစောင့်ထိန်းခြင်းဓလေ့
ခန္တီးမြို့နေ ရှမ်းတို့သည် သင်္ကြန်ကာလ၊ ဝါတွင်းဥပုသ်နေ့များနှင့် အခါကြီးရက်ကြီးများတွင် ဥပုသ်သီလ စောင့်ထိန်းကြပါသည်။ နံနက်စောစောထ၍ (နံနက် ၅နာရီ/ ၆နာရီခန့်) ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့သွားကာ ဆရာတော်များထံမှ ဥပုသ်သီလယူကြပါသည်။ ထိုဥပုသ်နေ့ တွင် အိမ်မပြန်ဘဲ ဒါယကာများက ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ဒါယကာမများက ရွာဦး ဇရပ်တွင်လည်းကောင်း၊ တရားရှုမှတ်လျက်လည်းကောင်း၊ တရားစကားဆွေးနွေးလျက်လည်းကောင်း တနေကုန် နေကြပါသည်။ စာဖတ်တတ်သူများက သုဒ္ဓနိဗ္ဗာန်ကဲ့သို့သော ရှမ်းဘာသာဖြင့် ရေးသားထား သော သုတ္တန်တရားတော်များကိုဖတ်ပြ၍ ကျန်ဥပုသ်သည်များက တရားနာကြသည်။
ဥပုသ်သည်များအတွက် အိမ်သားများက နေ့စာကို လင်ဗန်းများဖြင့် ထမင်းဟင်းများ၊ ရေခွက်နှင့် ရေတကောင်းများပို့ပေးရသည်။ နေ့စာစားပြီးချိန် အိမ်သားများက လင်ဗန်းများကို လာရောက် သိမ်းဆည်းရသည်။ ဒါယကာများအတွက် ညဉ့်ဦးအချန်တွင် အိပ်ရာလိပ်များ ပို့ပေးရသည်။ ဒါယကာ များက ကျောင်းတွင်ညအိပ်ပြီး ဒါယကာမများက အိမ်ပြန်အိပ်ကြသည်။ မနက်မိုးလင်းလျှင် ဒါယကာ၊ ဒါယကာမများစုပေါင်း၍ ငါးပါးသီလယူပြီးမှ အိမ်ပြန်ကြသည်။ ရှမ်းတို့၏ ဥပုသ်စောင့်ထိန်းခြင်းသည် နောက်နေ့မနက်အထိ ဖြစ်သည်။ နောက်နေ့ ငါးပါးသီလယူပြီးမှ ဥပုသ်ထွက်သည်ခေါ်သည်။
အသုဘအခမ်းအနား
ခန္တီးနေရှမ်းတို့သည် လူသေလျှင် သေသည်မပြောပဲဟု ပြောတတ်ကြသည်။ ကံကုန်သည်ဟု ဆိုလိုသည်။ ခန္တီးနေရှမ်းတို့၏ထုံးစံအရ မင်္ဂလာဆောင်အတွက် ပစ္စည်းငှားရမ်းလျှင် လက်ဖက်ထုပ်ဖြင့် ငှားရမ်းရသည်။ ဖိတ်ကြားမှ သွားရောက်ကူညီရသည်။ အသုဘအတွက် လိုအပ်သောပစ္စည်းငှားရမ်း လျှင် လက်ဖက်ထုပ်ပေးစရာမလို၊ မည်သူမဆို ဝင်ရောက်ကူညီနိုင်သည်။ အသုဘအတွက် ဝိုင်းဝန်း လုပ်ကိုင်မှုမှန်သမျှ မှားယွင်းမှုမရှိ။ ထို့ကြောင့် (အိမ်ရှင်ကောင်း)ဟု ခေါ်သည်။ တစ်စုံတစ်ဦးသေဆုံးလျှင် မည်သူမဆို ကူငွ များ ထည့်ဝင်ကြသည်။ (၇)ရက်တိုင်တိုင် နေ့ညဝိုင်းဝန်း ကူညီစောင့်ရှောက်ကြသည်။
ပထမဦးစွာ လူသေအလောင်းကို ရေချိုးသန့်စင်ပေးပြီး မျက်နှာအလှပြင်ပေးကြသည်။ အမြင် မဆိုးအောင်ဖြစ်သည်။ ပါးစပ်ဟနေလျှင် ပါးစပ်စေ့သွားအောင် ဦးခေါင်းမှ မေးစေ့အထိ ချည်ကြိုးဖြင့် သိုင်းချည်ပေးထားကြသည်။ ခြေလက်များ နေရာတကျ ပြင်ပေးကြသည်။ လက်မနှစ်ဖက်ကို ချည်ကြိုး ဖြင့်ချည်ထားသည်။ ခြေမနှစ်ဖက်ကိုလည်း ချည်ကြိုးဖြင့်ချည်ထားသည်။ ချည်ကြိုးများကို အပ်ချည် ကြိုး(၇)ပင်ဖြင့် တွဲစပ်၍ ပြုလုပ်သည်။ အကယ်၍ လူ့ဘဝပြန်ရလျှင် သိသာအောင် ခန္ဓာကိုယ် တစ်နေရာတွင် အမှတ်အသားပြုကြသည်။ များသောအားဖြင့် ဆေးအနက်ရောင် အကွက်လေးများဖြစ် သည်။ ထူးခြားသည်မှာ ထိုအမှတ်သင်္ကေတသည် အချို့သူများတွင်တွေ့ရပြီး အတိတ်အကြောင်းများ လည်း ပြန်ပြောနိုင်ကြသည်။
ရပ်ဝေးတနေရာသေဆုံးလျှင် အလောင်းကို ရွာတွင်းသို့မသယ်ယူရပါ။ သင့်လျော်ရာနေရာတွင် သင်္ဂြိုလ်ရသည်။ ရွာခံသင်္ချိုင်း၊ ဧည့်သင်္ချိုင်းလည်း ခွဲခြားသတ်မှတ်သည်။
မိဘဆွေမျိုးများ စုံလင်သည့်ရက်၊ မစုံလင်နိုင်လျှင် တစ်ရက်နှစ်ရက်ထား၍ သင်္ဂြိုလ်ကြသည်။ မြင်းဖောင်ခေါ်သော အလောင်းတင်စင်ကို ဝါးလုံးများဖြင့်ပြုလုပ်ကာ အလောင်းထည့်အခေါင်းကိုတင်၍ ပုခုံးများဖြင့်ထမ်းပြီး အတီးအမှုတ်များဖြင့် သုဿန်သို့ ပို့ဆောင်ကြသည်။ ရဟန်းတော်များ၊ စော်ဘွား ကဲ့သို့သော အကြီးအကဲများကိုမူ လှည်းရထားပေါ်တွင် ပြဿာဒ်ဆောင်တင်၍ အဆောင်အယောင်များ ဖြင့် လှည်းဦးတွင် ချည်ကြိုးအရှည်ချည်၍ ကြိုးကိုဆွဲကာ သုဿာန်သို့ ပို့ဆောင်ကြသည်။ ရဟန်း တော်များ၊ စော်ဘွားကဲ့သို့သော အကြီးအကဲများ၊ ဘုရားဒါယကာ၊ ကျောင်းဒါယကာ၊ ရဟန်းဒါယကာ များကို ရွှေထီးမိုးပေးကြသည်။ သာမန်သူကို မြေမြုပ်သင်္ဂြိုလ်သည်။ ရဟန်းတော်များ၊ အကြီးအကဲများ၊ မိသားစုတွင် အကြီးဆုံးပုဂ္ဂိုလ်တို့ကို မီးသင်္ဂြိုလ်ကြသည်။ တစ်ချို့ဂူသွင်းသင်္ဂြိုလ်ကြသည်။
သင်္ဂြိုလ်သည့်ရက်ရွေးချယ်ရာတွင် လပြည့်လကွယ်ရက်များကို ရှောင်ပါသည်။ ရက်ကန်းကို ရှောင်ပါသည်။ ရွာနံများကိုရှောင်ပါသည်။ ဥပမာ- ခန္တီးရွာနံသည် နောက်အက္ခရာ တီး၏ စနေနေ့ ဖြစ်သည်။ ပေါမိုင်းရွာနံသည် နောက်အက္ခရာ မိုင်း၏ ကြာသပတေးနေ့ဖြစ်သည်။ သေဆုံးသူ နှစ်ဦး၊ သုံးဦးဖြစ်ခဲ့သော် နောက်မှသေဆုံးသူကို ဦးစွာသင်္ဂြိုလ်သည်။ ကလေးသေဆုံးလျှင် နေ့မကူးခင်သင်္ဂြိုလ် သည်။ သင်္ဂြိုလ်ရန် အချိန်မရခဲ့သော် သုဿာန်သို့ ပို့ဆောင်၍ အစောင့်များထားကာ နောက်နေ့တွင် သင်္ဂြိုလ်ရသည်။
တစ်စုံတစ်ဦးသေဆုံးလျှင် နံနက်ပိုင်းတွင် ရဟန်းတော်တစ်ပါးပင့်၍ သက်ပြတ်တရားနာပြု လုပ်သည်။ သရဏဂုံနှင့် ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ မသင်္ဂြိုလ်မှီ နံနက်တိုင်း သက်ပြတ် တရားနာကြသည်။ အကယ်၍ နောက်ဘဝတွင် အယူမှားခဲ့သော် သရဏဂုံသုံးပါးကို ပြန်လည်သတိရ အောက်မေ့နိုင်စေရန်ဖြစ်သည်။ သင်္ဂြိုလ်ပြီး နောက်ရက်နံနက်ပိုင်းတွင် မြေကျတရားနာသည်။ သေဆုံး ပြီး(၇)ရက်ပြည့်လျှင် သံဃာတော်များပင့်ဖိတ်၍ ရက်လည်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်းပြီး တရားတော်များ နာကြားကြသည်။ သံဃာတော်များနှင့်အပ်စပ်သော သေဆုံးသူသုံးဆွဲခဲ့ သည့် ပစ္စည်းအသုံးအဆောင်များကို သံဃာတော်များအား လှူဒါန်းသည်။ သေဆုံးသူ၏ လုံချည်၊ ပုဆိုး တို့ကို ဆက်စပ်ချုပ်လုပ်၍ နေရာထိုင်ခင်း၊ အိပ်ရာခင်း၊ ကန့်လန့်ကာများ ပြုလုပ်လှူဒါန်းကြသည်။ တံခွန်လုံးကိုလည်း အဝတ်ဖြူ၊ ချည်ရောင်စုံတို့ဖြင့် ပြုလုပ်ကာ တံခွန်တိုင်တွင် ချိတ်ဆွဲကြသည်။ အထူးအားဖြင့် ရှမ်းဘာသာဖြင့် ရေးသားထားသော သုဒ္ဓနိဗ္ဗာန် တရားတော်ကို မဖြစ်မနေ လှူဒါန်း ကြသည်။ သေဆုံးသူကို အမည်တပ်ဖိတ်ခေါ်ကာ ကုသိုလ်ကောင်းမှု အစုစုတို့၏ အဖို့ဘာဂကို အမျှ အတမ်း ပေးဝေကြသည်။ သုဿန်သင်္ချိုင်းအထိလည်း သွားရောက်အမျှ ပေးဝေကြသည်။ ရက်လည် ဆွမ်းကပ်ပြီး ညနေပိုင်းတွင် သံဃာတော်များပင့်ဖိတ်၍ ပရိတ်၊ ကမ္မဝါ ရွတ်ဖတ်၍ အန္တရာယ်ကင်း ပြုလုပ်ကြသည်။ အန္တရာယ်ကင်းပြုလုပ်ပြီး ညဦးပိုင်းတွင် သုဿန်သို့သွားပြီး သေဆုံးသူကိုဖိတ်ခေါ်၍ သူပြုခဲ့သော ကုသိုလ်ကောင်းမှုတို့ကို အမှတ်ရစေရန် ရှမ်းဘာသာဖြင့် ရေးသားထားသော သုဒ္ဓနိဗ္ဗာန် တရားတော်ကို ဖတ်ကြားသည်။
(၁) မင်္ဂလာဆောင်ဖိတ်ရာတွင် လက်ခံ၊ မခံ၊ အိမ်ရှင်ကိုအရ...
ဆက်လက်ဖတ်ရှု့ရန်(၁) မင်္ဂလာဆောင်ဖိတ်ရာတွင် လက်ခံ၊ မခံ၊ အိမ်ရှင်ကိုအရင်မေးရသည်၊ လက်ခံမှ ဖိတ်စာပေးရ သည်။
(၂) ကိုယ်ဝန်ဆောင် ဧည့်သည်များ အိမ်ရှင်ခွင့်ပြုမှ အိမ်သို့ဝင်ခွင့်ရှိသည်၊ ထိုင်ခွင့်ရသည်၊ ကျောမှီ မထိုင်ရ။
(၃) အသုဘ(လူသေ) အလောင်းကို မြို့၊ ရွာ အထက်ဘက်ဆန်၍ မသယ်ရ။
(၄) အခြားနယ်တွင်သေဆုံးသော လူသေအလောင်းကို မြို့တွင်း၊ ရွာတွင်းဖြတ်၍မသယ်ရ။
(၅) အရင်သေဆုံးသူကို နောက်မှမသာချ၍ ၊ နောက်မှသေဆုံးသူကို အရင်မသာချရသည်။
(၆) ဆွေမျိုးတွင် အသက်အကြီးဆုံးသူဆုံးမှ မြင့်ဖောင် ထိုးခွင့်ရှိသည်။
(၇) လကွယ်ညဆုံးလျှင် လမကူးရ၊ အိမ်အပြင်ထုတ်ရသည်။
(၈) တောထဲတွင် သစ်ကိုင်းကို အဖျားမှမဆွဲရ။
(၁) မင်္ဂလာဆောင်ဖိတ်ရာတွင် လက်ခံ၊ မခံ၊ အိမ်ရှင်ကိုအရ...
ဆက်လက်ဖတ်ရှု့ရန်(၁) မင်္ဂလာဆောင်ဖိတ်ရာတွင် လက်ခံ၊ မခံ၊ အိမ်ရှင်ကိုအရင်မေးရသည်၊ လက်ခံမှ ဖိတ်စာပေးရ သည်။
(၂) ကိုယ်ဝန်ဆောင် ဧည့်သည်များ အိမ်ရှင်ခွင့်ပြုမှ အိမ်သို့ဝင်ခွင့်ရှိသည်၊ ထိုင်ခွင့်ရသည်၊ ကျောမှီ မထိုင်ရ။
(၃) အသုဘ(လူသေ) အလောင်းကို မြို့၊ ရွာ အထက်ဘက်ဆန်၍ မသယ်ရ။
(၄) အခြားနယ်တွင်သေဆုံးသော လူသေအလောင်းကို မြို့တွင်း၊ ရွာတွင်းဖြတ်၍မသယ်ရ။
(၅) အရင်သေဆုံးသူကို နောက်မှမသာချ၍ ၊ နောက်မှသေဆုံးသူကို အရင်မသာချရသည်။
(၆) ဆွေမျိုးတွင် အသက်အကြီးဆုံးသူဆုံးမှ မြင့်ဖောင် ထိုးခွင့်ရှိသည်။
(၇) လကွယ်ညဆုံးလျှင် လမကူးရ၊ အိမ်အပြင်ထုတ်ရသည်။
(၈) တောထဲတွင် သစ်ကိုင်းကို အဖျားမှမဆွဲရ။
ကချင်ပြည်နယ်ရှိ တိုင်းလေလူမျိုးစုတို့၏ ရိုးရာဓလေ့ထုံးတမ်းများ
နေထိုင်ရာဒေသများ
တိုင်းလေလူမျိုးများသည် မွန်ဂိုလွိုက်အနွယ် ထိုင်း-တရုတ်အုပ်စုမှ ပေါက်ဖွားဆင်းသက်လာ သော လူမျိုးများဖြစ်ပါသည်။ တိုင်းလေလူမျိုးများသည် ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူ၊ မိုးညှင်း၊ မိုးကောင်း၊ ရှမ်းပြည်နယ်တွင် မိုးမိတ်၊ ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ မူဆယ်၊ ပန်ဆိုင်းနှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တို့တွင်လည်းကောင်း နေရာအနှံ့ အုပ်စုလိုက်နေထိုင်လျက် ရှိပါသည်။ ထို့အပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်လည်း ပျံ့နှံ့နေထိုင်လျက်ရှိပါသည်။
သွင်ပြင်လက္ခဏာများ
တိုင်းလေလူမျိုးများ၏ သွင်ပြင်လက္ခဏာများမှာ ကျစ်လစ်ကြံ့ခိုင်ပြီး မျက်နှာမတင်းဘဲ ရိုးစင်းသည့် ပုံသွင်ရှိသည်။ အရပ်အမောင်းမှာ ၅ ပေမှ ၆ ပေခန့်ရှိပါသည်။ မျက်လုံးမဲနက်သော လူမျိုးဖြစ်ပြီး မျက်ခုံးမွှေး ခပ်ထူထူရှိ၍ မျက်ခုံးပေါ်လွင်သည်။ ဖြူဝါသောအရောင်ရှိပြီး ဖြူနီရောင်နှင့် ပန်းနုရောင်သည်များလည်း ရှိပါသည်။ ဆံပင်အရောင်မှာ မဲနက်ရောင်ဖြစ်ပါသည်။
ရိုးရာဓလေ့ထုံးစံများ
(က) လိန်ဆီပွဲတော်
တိုင်းလေတို့၏ရိုးရာဓလေ့ထုံးစံများအနက် လိန်ဆီပွဲတော်၊ မိတ်ဆုံစားပွဲ စသည့်ပွဲများ သည် တိုင်းလေတို့၏ထူးခြားသော ပွဲလမ်းသဘင်များ ဖြစ်ကြ၍ အလေးအနက်ထားပြီးကျင်းပကြသည်။ ယခင်က လိန်ဆီပွဲတော်ရောက်ခါနီးတွင် လူငယ်လူရွယ်များက ဝါးများ၊ သစ်များ သွားခုတ်ကြပြီး ဘုန်းကြီး ကျောင်းရှေ့ သို့မဟုတ် သင့်တော်သော နေရာတစ်နေရာ တွင် ရိုးရာအားကစားများ ပြုလုပ်ရန် ပြင်ဆင်ကြသည်။ အချို့ဒေသတွင် ဒန်းစီးပြိုင်ပွဲ ကျင်းပပြီး အမြင့်ဆုံးစီးနိုင်သောသူက ဆုချီးမြှင့်ခံရသည်။ လိန်ဆီပွဲတော် ကျင်းပရန် နီးလာ သောအခါ ထုံးတမ်းအစဉ်အလာအရ အိမ်တိုင်းတွင် အိမ်သန့်ရှင်းရေး၊ စောင်များ၊ အိပ်ယာခင်း၊ အိပ်ယာလိပ်များကို လျှော်ဖွတ်သန့်ရှင်းရပါသည်။ လိန်ဆီပွဲတော်မရောက်ခင် တိုင်းလေရှမ်းတို့သည် ဆွန်ထန်၊ တိုဟူး၊ မုန့်ညှင်းချည်၊ ပဲပုတ်၊ နမ့်ကြိုင်နှင့် တာရှည်ခံရိုးရာအစားအစာများကို ပြုလုပ်ပြီး ခေါက်ပုတ်(ခေါပုတ်)၊ ခေါက်ဆင့်၊ ခေါက်ဆွဲများလည်း ထောင်းထားကြပြီး ပွဲတော်ရက်တွင် စားသုံးရန်အတွက် ပြင်ဆင်ရပါသည်။
လိန်ဆီပွဲတော် ဆင်နွှဲရန် အဝေးရောက်နေသော သားသမီး၊ ဆွေမျိုး၊ မိသာစုများလည်း မိမိတို့အိမ်ကို အရောက်ပြန်ကြရပါသည်။ ပွဲတော်ရက်မတိုင်မီ တစ်ရက်အလိုတွင် မိသားစု၊ ဆွေမျိုးများနှင့်အတူ သင်္ချိုင်းကို ကန်တော့ကြပါသည်။ ထို့နောက် ညတွင် မိသားစုထမင်းဝိုင်း ကို မျက်နှာစုံစုံလင်လင်ဖြင့် ပြင်ဆင်စားသောက်ကြသည်။ ညစာထမင်းဝိုင်းသည် တိုင်းလေ လူမျိုးတို့၏အလွန်တန်ဖိုးထား မြတ်နိုးပြီး ယနေ့ထိတိုင် ထိန်းသိမ်းပြုလုပ်လေ့ရှိကြသည်။ ထိုထမင်းဝိုင်းသည် မိသားစုမောင်နှမများကြား ချစ်ခင်ရင်းနှီးမှုများ ပိုတိုးစေခြင်းနှင့် မိသားစု စိတ်ဓါတ်စည်းလုံးညီညွတ်စေသည်ဟု ယုံကြည်ယူဆကြသည်။ ပွဲတော်ပထမရက်တွင် ကလေးများက သစ်လွင်သော အဝတ်အစားများ ကိုယ်စီ ဝတ်ဆင်ပြီး မိုးလင်းလင်းချင်း လိန်ဆီပွဲတော်ကို တစ်ဦးချင်းဖြင့်လည်း ကောင်း၊ အုပ်စုလိုက်ဖွဲ့၍လည်းကောင်း တစ်အိမ်ဝင်တစ်အိမ်ထွက် ကန်တော့ကြသည်။အိမ်ရှင်များက ကလေးများ အယောက်စီ တိုင်းကို မုန်ဖိုး သို့မဟုတ် စားစရာများ ပေးကြသည်။ ထိုနေ့တွင် မိမိ၏ မိဘနှစ်ပါးနှင့်အတူ ဆွေမျိုးသားရင်းများ၊ ဘိုးဘွားများကို ကန်တော့ကြပါသည်။ ကန်တော့ခံ ပုဂ္ဂိုလ်များက မင်္ဂလာစကားနှင့် ဆုံးမစကားများ ပြောဆိုကြရသည်။
လိန်ဆီပွဲတော်ကျင်းပရခြင်းသည် တိုင်းလေတို့၏ ကောက်ပဲသီးနှံများအားလုံးကို ရိတ်သိမ်းပြီးစီးချိန်၊ အနားယူအပန်းဖြေရသော ရှမ်းလရာသီ၏ လေးလပိုင်းတွင် ကျရောက် သောကြောင့် ပွဲတော်ကို ရှမ်းဘာသာဖြင့် “ပွဲလိန်ဆီ”ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ ၎င်းလိန်ဆီ ပွဲတော်ကျင်းပရာတွင် စာပေနှင့်ယဉ်ကျေးမှုကိစ္စရပ်များ ဖလှယ်ခြင်း၊ မျှဝေခြင်းများ ပြုလုပ်ကြပြီး ပွဲလာပရိတ်သတ်များအား “ကျိန်း”ခေါ်သော ပြဇာတ်ဖြင့် မိမိတို့ ၏သမိုင်းကြောင်းများနှင့် ရိုးရာဓလေ့များ စသည့်အကြောင်းအရာများကို ရေးစပ်ဖွဲ့နွဲ့ သီဆိုကာ ပြဇာတ်သီချင်းများဖြင့် ကပြတင်ဆက်ကြပါသည်။ အဆိုပါပြဇာတ်ကို ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့နယ်၊ မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်ရှိ ကျေးရွာအချို့တွင် ယနေ့ထိတိုင် ရိုးရာ မပျက်ထိန်းသိမ်းကာ ကပြဖျော်ဖြေလျက်ရှိသော်လည်း တချို့ဒေသများတွင် တိမ်ကော ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး ရေရှည်ထိန်းသိမ်းနိုင်ရန် လိုအပ်လျက်ရှိပါသည်။ လိန်ဆီပွဲတော် သည် တိုင်းလေလူမျိုးတို့၏ လူမှုအဖွဲ့အစည်းတွင် မေ့မရသော ရိုးရာယဉ်ကျေးမှုပွဲတော်ကြီး တစ်ခုဟု ဆိုနိုင်ပါသည်။
(ခ) အိမ်မျိုးနွယ်စု မိတ်ဆုံစားပွဲ
ရှမ်းလရာသီ၏လေးလပိုင်းတွင် လိန်ဆီပွဲတော် ကျင်းပသည့်အပြင် တိုင်းလေလူမျိုး တို့၏ အိမ်မျိုးနွယ်စု မိတ်ဆုံစားပွဲသည်လည်း ပြုလုပ်ကျင်းပသော လရာသီအချိန်အခါဖြစ်ပါ သည်။ အိမ်မျိုးနွယ်စုမိတ်ဆုံစားပွဲကို ကျင်းပရသည့် ရည်ရွယ်ချက်မှာ အိမ်မျိုးနွယ်စုအချင်းချင်း ချစ်ကြိုက်လက်ထပ်ယူခြင်း မပြုလုပ်မိစေရန်၊ အသက်ငယ်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ ဝါအဆင့်အနိမ့်အမြင့်အတိုင်း အချင်းချင်း လေးစားမှုပြုကြရန်နှင့် အိမ်မျိုးနွယ်စုများ မပျောက် ပျက်ဘဲ ဆက်လက်ထိန်းသိမ်းကြရန် စသည်တို့ဖြစ်ပါသည်။
အိမ်မျိုးနွယ် ဆိုသည်မှာ လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအုပ်စုတစ်ခုခု၏ သွေး နှောတော်စပ်မှုသင်္ကေတ အမှတ်အသားကိုယ်စား အမည်နာမပေးခြင်းဖြစ်ပါသည်။ အင်္ဂလိပ် ဘာသာတွင် Surname or Family Name ဟုခေါ်ပြီး တိုင်းလေဘာသာတွင် “ခေးဟိဏ်း” (Khay Heaing)ဟု ခေါ်ကြသည်။ အိမ်မျိုးနွယ်များသည် တစ်မြို့တည်း သို့မဟုတ် မျိုးနွယ်စု တစ်ခုတည်းဖြစ်သည်ကိုလည်း မတူညီကြဘဲ တစ်နယ်နှင့်တစ်နယ်တွင်လည်း အိမ်မျိုးနွယ်များ ကွဲပြားလျက်ရှိပါသည်။ သို့သော် မည်သည့်ဒေသ၊ မည်သည့်မျိုးနွယ်စုကိုမဆို အိမ်မျိုးနွယ်စု များ၏ အခြေခံဖြစ်စဉ်များသည် တစ်သားတည်းဖြစ်ပြီး ကွဲပြားမှုအနည်းငယ်သာလျှင် ရှိပါသည်။
(ဂ) လူသေသင်္ဂြိုလ်ခြင်း
တိုင်းလေလူမျိုးတို့သည် လူသေအလောင်းများကို မြေမြုပ်ခြင်းနှင့်မီးသင်္ဂြိုလ်ခြင်း ဟူသော ဓလေ့နှစ်မျိုး ရှိသည်။ ရိုးရိုးဖျားနာသေခြင်းနှင့် သက် ကြီးရွယ်အိုသေဆုံးခြင်းကို မြေမြုပ်ပေးပြီး ဘုန်းကြီးများ ပျံလွန်တော်မူခြင်းနှင့် အနာရောဂါကြီးများဖြင့် သေဆုံးလျှင် မီးရှို့သင်္ဂြိုလ်ပေးခြင်း ပြုလုပ်ကြသည်။ ဘုန်းကြီးများပျံလွန်ခြင်းနှင့် ရိုးရိုးလူသေဆုံးခြင်းသည် ဝေယျာဝစ္စပြုလုပ်ရသည်မှာ မတူညီကြပေ။ ဘုန်းကြီးပျံလွန်တော်မူသောအခါ သက် တော်ဝါတော်ကြီးသော ကျောင်းထိုင်ဆရာတော်များဖြစ်လျှင် နိဗ္ဗာန်ယဉ်လွန်ဆွဲပွဲတော်ကိုသုံးရက်မှခုနှစ်ရက်အထိ ပုံသေသတ်မှတ်ချက်မရှိဘဲ ကျင်းပလှူဒါန်းကြပါသည်။
တိုင်းလေလူမျိုးတို့သည် ဝမ်းနည်းပူဆွေးခြင်း အိမ်များရှိခဲ့လျှင် ဗျောက်အိုးဖြင့်ဖောက် ၍ ပတ်ဝန်းကျင်အိမ်နီးချင်းများကို အသိပေးရပါသည်။ ထိုအခါ အိမ်နီးချင်းရွာသားများကြား၍ ပိတ်စဖြူ၊ ဆန်၊ အမွှေးတိုင်စသည်တို့ ကိုယ်စီယူဆောင်ကာ လာရောက်ဝိုင်းဝန်းကူညီကြပါ သည်။ တချို့သော ဒေသများတွင် ပိတ်ဖြူအစား ပိတ်မဲကို သုံးလေ့ရှိပါသည်။ သေဆုံးသူ၏ သားသမီး (သို့မဟုတ်) ဆွေမျိုးများက အလောင်းကို ရေချိုးခေါင်းလျှော်ပေးပြီး အဝတ်အစားသစ် များ ဝတ်ဆင်ပေးကြသည်။ တချို့ကလည်း ထိုအဝတ်အစားကို သေသွားသောအခါ ဝတ်ဆင်ဖို့ အသက်ရှိစဉ်က ကိုယ်တိုင်ချုပ်ထားကြပါသည်။ အလောင်းလှဲရန်အတွက် အခေါင်းတွင် ပြာခေါင်းအုံးခုပေး၍ ခေါင်းအုံးအပေါ်မှ ခြေရင်းအထိ ပိတ်ဖြူများ ခင်းကာ အလောင်းလဲစေပြီး အပေါ်တွင် ပိတ်ဖြင့် ထပ်အုပ်ပေးကြပါသည်။ အခေါင်းမပိတ်ခင် ဆွေမျိုးများ လာရောက်စစ်ဆေးပြီးမှ အခေါင်း ပိတ်ခွင့် ရှိပါသည်။ အခေါင်းပိတ်ပြီးနောက် အခေါင်း၏ရှေ့တွင် ကြက်ဥတစ်လုံး တင်ထား သော ဆန်တစ်ပန်းကန်နှင့် အရက်အိုးတစ်လုံး ထားရသည်။ အိမ်တွင် လူသေအလောင်းကို သုံးရက်ထား၍ မြေမြုပ်ရန် ရက်ကောင်းရွေးကြပြီး ရက်ကောင်းမရှိသေးလျှင် သုံးရက်အထက် ထားရပါသည်။ တိုင်းလေလူမျိုးတို့သည် အဘိုးအဘွားများဆုံးပါးလျှင် မိသားစုသားသမီး၊ ဆွေမျိုး အသိုင်းအဝိုင်းအားလုံးက ဒူးအထိရှည်သော ပိတ်ဖြူစဖြင့် ချုပ်ထားသော အင်္ကျီနှင့် ခေါင်းစည်းဖြူ ပတ်ရပြီး သေဆုံးသူ၏သားသမီးမြေးမြစ်များက ပိတ်ဖြူစအင်္ကျီဝတ်ကာ အခေါင်းဘေးတွင် နေပေးရသည်။
ထိုအခါအခေါင်းကို ပိတ်စဖြူလာအုပ်ပေးသူများ၊အမွှေးတိုင်လာရောက်ထိန်းညှိပေးသောသူများကိုအခေါင်းဘေးတွင်ထိုင်နေသောသားသမီးမြေးမြစ်များကအရိုအသေပေးသည့်အနေဖြင့်ပြန်လည်ဦးချကြရသည်။အိမ်ထဲတွင်လူသေအလောင်းများရှိနေစဉ်အတွင်းသံဃာတော်များပင့်ဖိတ်ပြီတရား နာ၊ ဆွမ်းကပ်မှုများ ပြုလုပ်လှူဒါန်းကြသည်။ တိုင်းလေ လူမျိုးတို့၏ ဓလေ့တွင် အပြင်၌ သေဆုံးသော သူသည် အိမ်အတွင်း သို့မဟုတ် ရွာအတွင်းတွင် မထားရဘဲ ရွာအပြင်ဘက် တစ်နေရာ သို့မဟုတ် သင်္ချိုင်းသုဿာန်တွင်သာ ထားပြီး အိမ်၌ လွမ်းဆွတ်ပူဆွေးခြင်း အခမ်းအနား ပြုလုပ်နိုင်ပါသည်။
(ဃ) သင်္ချိုင်းကန်တော့ခြင်း
တိုင်းလေတို့၏ သင်္ချိုင်းကန်တော့ခြင်းဓလေ့သည် ရှေးခေတ်ရှမ်းတို့၏ ဘာသာရေး ဆိုင်ရာ ကိုးကွယ်ယုံကြည်မှုများ၏ ပတ်သက်မှုတစ်ခုဖြစ်ပါသည်။ ရှမ်းတို့ဒေသတွင် ဗုဒ္ဓသာသနာ မပြန့်ပွားခင်က ရှမ်းတို့၏လူမှုအဖွဲ့အစည်းတွင် ဘိုးဘွားနတ်၊တောစောင့်နတ်၊ လယ်စောင့် နတ်၊ မြို့ရွာစောင့်နတ် စသည့်နတ်များကို ယုံကြည်ကိုးကွယ်ကြသည်။
တိုင်းလေတို့သည် “ကျွန်ုပ်တို့၏ မိဘသည် ဘိုးဘေးများ၏ သွေးဆက်မျိုးဆက် ဖြစ်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း မိဘတို့၏ သွေးဆက်မျိုးဆက်များဖြစ်ပြီး ကျွန်ုပ်တို့၏ သားသမီးမြေးမြစ်များသည်လည်း ကျွန်ုပ်တို့၏ သွေးဆက်မျိုးဆက်များဖြစ်လာမည်”ဟု ယုံကြည်ကြသည်။ ထိုသို့အဆင့်ဆင့် ဆင်းသက်ခြင်းသည် လူတို့၏ ပြောင်းလဲတိုးတက်နေ သော နိယာမသဘာဝ ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။
လောကကြီးတွင် မိဘနှစ်ပါးသည် သားသမီးများအတွက် ဘုရားတစ်ဆူကဲ့သို့ဖြစ်ပြီး မိဘ၏ကျေးဇူးသည်လည်း တုနှိုင်းမဲ့အလေးနက်ဆုံးသော အရာတစ်ခုဖြစ်သည်ဟု ယုံကြည် သောကြောင့် နှစ်စဉ်နှစ်တိုင်း သင်္ချိုင်းကန်တော့ပွဲများ ပြုလုပ်ကျင်းပကြပြီး ယနေ့ခေတ်တိုင် သင်္ချိုင်းကန်တော့သည့်ဓလေ့ကို ဆက်လက်ထိန်းသိမ်းထားကြပါသည်။
တိုင်းလေလူမျိုးတို့၏ သင်္ချိုင်းကန်တော့သည့်ရက်သည် တစ်နေရာနှင့်တစ်နေရာ မတူကြပေ။ အချို့ဒေသများတွင် လိန်ဆီပွဲတော်မတိုင်မီ တစ်ရက်အလိုတွင် ကန်တော့ကြပြီး၊ အချို့ဒေသတွင် သင်္ကြန်မတိုင်မီရက်အနည်းငယ်တွင် ကန်တော့ကြပါသည်။ သင်္ချိုင်းကန်တော့ ချိန်မဟုတ်လျှင် အုတ်ဂူမြေများ သွားရောက်ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းများ မပြုလုပ်ရပါ။
သင်္ချိုင်းကန်တော့မည့်ရက် ကျရောက်လာလျှင် သားသမီးမြေးမြစ်များက ဘိုးဘွား ဆွေမျိုးများ၏ သင်္ချိုင်းကို သွားရောက်ကန်တော့ကြပါသည်။ သင်္ချိုင်းကန်တော့ခြင်း မပြုလုပ်ခင် အုတ်ဂူပတ်ပတ်လည်၌ ရှိသော အပင်များ၊ ခြုံပင်များကို အရင်ရှင်းလင်းကြပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည် မိဘဆွေမျိုးဘိုးဘွားများ၏ အကျိုးကျေးဇူးများကို မမေ့ဘဲ လွမ်းဆွတ်သတိရ နေပါကြောင်း ရှမ်းအခေါ် “ခိုလုန်” သို့မဟုတ် “ခိန့်လုန်” ဟု ခေါ်ကြသည်။
သင်္ချိုင်းကန်တော့မည့်ရက်တွင် စားသောက်ဖွယ်ရာများ၊ မုန့်များ၊ ထမင်းဟင်းများကို ချက်ပြုတ်ပြီး သစ်သီးများ၊ လက်ဖက်ရည်ကြမ်းများ၊ အချိုရည်များ၊ ရွှေငွေစက္ကူ၊ အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် ဗျောက်အိုးများကို ယူဆောင်ပြီး သားသမီးများနှင့်အတူ မိသားစုစုံလင် စွာဖြင့် သွားရောက်ကန် တော့ကြပါသည်။ စားသောက်ဖွယ်ရာများကို အုတ်ဂူရှေ့တွင် ခင်းကျင်းပြီး ဆုတောင်းချွေ ကန်တော့ကြပါသည်။ တိုင်းလေလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ အတွင်းတွင် လိန်ဆီပွဲတော်၊ မိတ်ဆုံစားပွဲ၊ သင်္ချိုင်းကန်တော့ပွဲများသည် တိုင်းလေလူမျိုးတို့၏ ထူးခြားသော ပွဲလမ်းသဘင်များ ဖြစ်ပါသည်။
(င) တိုင်းလေရိုးရာ တံခွန်တိုင်စိုက်ထူပွဲ
တိုင်းလေရှမ်းတို့သည် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မတိုင်မီ အကြိုနေ့တွင် တံခွန်တိုင်စိုက်ထူရန်အတွက် တစ်ပတ်အလိုတွင် လူပျိုအပျိုများသည် တောတောင်ထဲတွင် တံခွန်တိုင်ယူကြရပြီး တံခွန်ရွက်ကိုလည်း တိုင်းလေလူပျိုအပျိုများ ကိုယ်တိုင် ရက်လုပ်ကြပါသည်။ တံခွန်တိုင်စိုက်ထူပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်ဒေသ၌ စည်ပင်သာယာရေး၊ လုပ်ငန်းဆောင်တာများ ဖြစ်မြောက် အောင်မြင်ရေး၊ ဘေးအန္တရာယ်အမျိုးမျိုးပပျောက်ရေး၊ ရိုးရာယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းနိုင်ရေးတို့ဖြစ်ပါသည်။
အဘိဓမ္မာအကြိုနေ့တွင် ရပ်ရွာလူကြီးများလည်း ဓားကိုယ်စီဖြင့် ခြင်း၊ တောင်း၊ ဆွမ်းကလပ်များ၊ ပန်းကလပ်များ၊ တံခွန်တိုင်ဆိုင်ရာ လိုအပ်သည့်ပစ္စည်းများကို တည်ဆောက် ရက်လုပ်ကြပါသည်။ လူပျိုအပျိုများသည်လည်း အကျွေးအမွေးဒါနများ ပြုလုပ်ရန် ချက်ပြုတ် ပြင်ဆင်ထားကာ တံခွန်တိုင်စိုက်ထူရန် အချိန်ကျရောက်လာလျှင် လူကြီးမိဘများ၊ လူပျိုအပျို များ၊ လူငယ်လူလတ်များသည် အိုးစည်တီးကာ အိုးစည်သံများနှင့်အတူ တံခွန်တိုင်ကို စိုက်ထူ ကြပါသည်။ တံခွန်တိုင်ပင်ရင်းတွင် ကြံပင်နှင့်ငှက်ပျောပင်စိုက်ထူကာ ထမင်းဟင်းများ၊ သစ်သီးများဖြင့် ခင်းကျင်းထားကြပါသည်။
အိုးစည်သံများနှင့် တံခွန်တိုင်စိုက်ထူကြရင်း လူပျိုအပျိုများသည် ဒါနပြုလုပ်ကြရန် ပြင်ဆင်ချက်ပြုတ်ထားသော “ခေါက်ဟိန်ဟို”များကို ပွဲလာကြသူများအား ပေးဝေကြ သည်။ ထိုအခါ ရွာအတွင်း သက်ကြီးရွယ်အိုများ၊ လူငယ်လူလတ်များ၊ လူပျိုအပျိုများသည် ဘုန်းကြီး ပင့်ကာ တံခွန်တိုင်အရင်းတွင် တရားနာကြပြီး သက်ကြီးရွယ်အိုများ စားသုံးရန် ညစာပြင်ဆင် ပေးကြသည်။ ညနေပိုင်းတွင် လူပျိုအပျိုများသည် အုပ်စုဖွဲ့၍ ဆွမ်းချက်ရန် ရွာအတွင်းရှိ နေအိမ်များကို အလှူလိုက်ကောက်ရပြီး တချို့က ဆန်၊ တချို့က အသီးများ ပေးလှူကြပါ သည်။
ညရောက်သောအခါ လူပျိုအပျိုများသည် ဘုန်းကြီးကျောင်းတွင် လူစုကာစေတီဘုရား များတွင် ဆီမီးထွန်းခြင်း၊ မီးပုံးပျံများ လွှတ်တင်ခြင်း၊ သစ်သီး များဖြင့် ဆွမ်းတင်ခြင်းများ ပြုလုပ်ပြီး ညလုံးပေါက်မအိပ်ကြဘဲ ဆွမ်းတော်တင်ရန် ဆွမ်းများ ပြင်ဆင်ချက်ပြုတ်ကြသည်။ ညသန်းခေါင်ယံ ၁၂ နာရီ ရောက်လျှင် ကျောင်းရှိ စေတီဘုရားများတွင် ဆွမ်းတင်ပြီး၊ တံခွန် တိုင်၊ ညောင်ပင်ကြီးများ၊ ရွာဦးက အရှင်ကြီးနတ်၊ တံတား၊ အိမ်နတ်များလည်း တစ်အိမ်ပြီး တစ်အိမ် လိုက်၍တင်ပေးကြပါသည်။ အဘိဓမ္မာနေ့ နံနက်မိုးလင်းလာသောအခါ ရွာသူရွာသားများသည် ဘုရားကျောင်းတက် ကုသိုလ်ယူ အမျှဝေကြရပါသည်။ နောက်နေ့များတွင် ရွာသူရွာသားများ အုပ်စုဖွဲ့ပြီး ရင်းနှီးကျွမ်းဝင်သော အခြားရွာရှိ ဘုန်းကြီးကျောင်းများကို အပြန်အလှန် ကန် တော့ကြပါသည်။ ကန်တော့လာကြသော တစ်ရွာနှင့်တစ်ရွာ လူပျိုအပျိုများမှ အိုးစည် ဗုံမောင်းများဖြင့် အကပြိုင်ခြင်းများ ပြုလုပ်ကြသည်မှာ တိုင်းလေရှမ်းတို့၏ ဓလေ့ တစ်ခုလည်း ဖြစ်ပါသည်။
(စ) တိုင်းလေရိုးရာ အိုးစည်အက
တိုင်းလေလူမျိုးတို့၏ “အိုးစည်အက (ခေါ်) ကာ့ဟန်ဂေါင်”အကသည် ထင်ရှားသည့် ယဉ်ကျေးမှုအကအလှများဖြစ်သည်။ တိုင်းလေအိုးစည်အကကို လွန်ခဲ့သော AD-1396 ခုနှစ်တွင်မိန်းမောင်းလုံဟုခေါ်သောရှမ်းမြို့ဒေသ၏ Sao Sur Kham Fha(စဝ်ဆေခန်ဖှ) ဘုရင် လက်ထက်မှ စတင်ကပြခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိရပါသည်။ဗုံ၊ အိုးစည်ကို ရှမ်းများက “ဂေါင်” Kong ဟု ခေါ်ပါသည်။ အိုးစည်ကို ကောင်းသော သားရေ သို့မဟုတ် တင်းကြပ်စွာ ဆွဲဆန့်သော အလွှာ (အမြေးပါး) တစ်ခုဖြင့် ဖုံးအုပ်ထားပြီး ထုလုံးရှည်ပုံရှိသော အခေါင်းပေါက်သစ်သားတစ်ခုဖြင့် ပြုလုပ်ထားပါသည်။ အိုးစည်(Kong) သည် တိုင်းလေလူမျိုးတို့အတွက် အဓိကအရေးပါသော ရိုးရာဓလေ့ဆိုင်ရာ ဂီတတူရိယာ တစ်မျိုးဖြစ်သည်။
တိုင်းလေအိုးစည်အကသည် ကြက်ဖခွပ်ကကွက်၊ ကြက်ယက်ကကွက်၊ ဒေါင်းအလှ ကကွက် စသည့်ကကွက်(၁၂)မျိုးခန့်ရှိကြောင်း သိရသည်။ ထိုကကွက်(၁၂)မျိုးကို ကပြနိုင်ရန် အတွက် သန်မာသော အမျိုးသားတစ်ဦး၊ လင်းကွင်းတီးရန် လျင်မြန်ဖြတ်လတ်သော အမျိုးသား (သို့မဟုတ်)အမျိုးသမီးတစ်ဦးနှင့် ကြေးမောင်းတီးရန် အမျိုးသားနှစ်ဦး (သို့) သုံးဦး လိုအပ်မည် ဖြစ်ပါသည်။ တိုင်းလေလူမျိုး၏ ရိုးရာအကတွင် အိုးစည်နှင့်လင်းကွင်းဖြင့်သာ ကကြသော ကကွက်များသည် တခြားရှမ်းများ၏အကနှင့်မတူဘဲ ထူးခြားသော ကကွက်များ အဖြစ် ယခုအချိန်ထိ ထိန်းသိမ်းထားလျက်ရှိပါသည်။ ၎င်းတိုင်းလေရိုးရာအိုးစည်အကကိုဘာသာရေးပွဲတော်အခမ်းအနားများ၊ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားများနှင့် အောင်မြင်ခြင်း အထိမ်းအမှတ် အခမ်း အနားပွဲများတွင် ကပြ ဖျော်ဖြေလေ့ရှိပါသည်။
တိုင်းလေလူမျိုးတို့သည် ရှေးယခင်ကတည်းက အရုပ်စာကို စတင်အသုံးပြုခဲ့ပြီး BC 200 ခန့် တွင် အရုပ်စာမှ Lik To Yong (လိတ်တိုယောင်း)စာအဖြစ် ပြောင်းလဲတီထွင် ရေးသားလာခဲ့ကြသည်။ ထိုစာ၏ ပုံသဏ္ဍာန်ကို အမှီပြုပြီးနောက်တွင်း Lik Hto Ngouk (လိတ်ထိုငေါက်) ပဲပင်ပေါက် (bean sprout script) ဟု ခေါ်တွင်လာသည်။ သို့သော် Lik Hto Ngouk သည် အုပ်ချုပ်သူဘုရင်၊ မှူးမတ်များနှင့် အိမ်မျိုးနွယ်များအတွက်သာ အသုံးပြုရေးသားကြပြီး ပြည်သူပြည်သားများအကြား ဆက်သွယ်အသုံးပြုသော စာမဖြစ်နိုင်သေး၍ အသုံးပြုသူ နည်းပါးသည်။
AD 638 နှောင်းပိုင်းတွင် ပြောင်းလဲတိုးတက်လာခဲ့ပြီး AD 728 တွင် Lik Hto Ngouk Yong (ပဲပင်ပေါက်ကိုယ်ရှည်စာ) အဖြစ် ရှိလာသည်။ ထိုစာသည် ယခုခေတ်ရှမ်းစာများ၏ ဗဟိုပြုမူရင်းစာ ဖြစ်ပါသည်။ ရှေးခေတ်တွင် ကျောက်တုံး၊ ကျောက်ပြားများ၊ သစ်ခေါက်၊ သစ်ရွက်များ၊ မိုင်းကိုင်စက္ကူ များပေါ်တွင် ရေးသားပြီး ခေါက်ထား၍လည်းကောင်း၊ လိပ်၍လည်းကောင်း သိမ်းဆည်းခဲ့ရပါသည်။ AD 650 ခန့်တွင် တိုင်းလေလူမျိုးတို့သည် ဩဇာ အာဏာအရှိန်အဝါ ကြီးမားလာပြီး နန်ချောင် (Nanchao) နိုင်ငံတော်ကို တည်ထောင်ခဲ့ပါသည်။ AD 713-728 ခန့်တွင် စစ်ဘက်ဆိုင်ရာ ဆောင်ရွက်မှု များ အတွက် Lik Hto Ngouk Yong ကို ထည့်သွင်းအသုံးပြုရေးသားလာကြသည်။
AD 1312 တွင် မောနိုင်ငံတော်ကြီး မောဘုရင်စဝ်ဆေခန်ဖှ (Sao Sur Khan Fha) သည် Lik Hto Ngouk Yong (ပဲပင်ပေါက်ကိုယ်ရှည်စာ)မှ Lik Hto Ngouk To Pot (ပဲပင်ပေါက်ကိုယ်တိုစာ) အဖြစ် ပြုပြင်ပြောင်းလဲခဲ့ပါသည်။ AD 1315 တွင် မောဘုရင်စဝ်ဆေခန်ဖှသည် အသက် ၅ နှစ်မှ ၂၀ နှစ်အထိ စာပေမသင်မနေရဟူသောအမိန့်ဖြင့် ပြည်သူပြည်သားများကို စာတတ်မြောက်စေပါသည်။ ထို့မှတဆင့် Lik Hto Ngouk သည် ပြောင်းလဲတိုးတက်လာခဲ့ပြီး အထက်သံလွင်၊ အောက်သံလွင်၊ မဲခေါင်နှင့် ဧရာဝတီစသည့် မြစ်ကြောင်းဝန်းကျင်တစ်လျှောက်တွင် ရှိသော မြို့ပြနိုင်ငံများက အသုံးပြုရေးသား ခဲ့ကြသည်။
၎င်းစာပေသည် Lik Hto Ngouk (ပဲပင်ပေါက်စာမူဟောင်း)နှင့် (ပဲပင်ပေါက်စာမူသစ်) ဟူ၍ နှစ်မျိုးရှိပါသည်။ ထိုပဲပင်ပေါက်စာမူဟောင်းကို မြတ်စွာဘုရား၏ တရားတော်၊ ဇာတ်တော်၊ ပုရပိုဒ်စာ များကို ၎င်းစာပေသင်္ကေတအားဖြင့် ထိန်းသိမ်းသုံးစွဲလာခဲ့ကြသည်။ ဝါတွင်း၊ လပြည့်၊ လကွယ်၊ ဥပုသ်ရက်ကာလများ၌ သက်ကြီးရွယ်အိုများက ဘုရားသာသနာ ဇာတ်တော်၊ ပုရပိုဒ်တို့ ဖတ်ကြား ဆွေးနွေးဖလှယ်လေ့ရှိကြသည်။
ရှေးယခင်က ပဲပင်ပေါက်စာမူဟောင်းကို အသုံးပြုကြသော်လည်း အသံနေအသံထားကွဲပြားမှု မရှိခြင်းကြောင့် 1953 ခုနှစ်တွင် မိန်းလှစော်ဘွား တောင့်ကျင်ပန်းက မိန်းခွမ်ဒေသတွင် ရှမ်းစာပေ ပြုပြင်ပြောင်းလဲရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး စာပေကို ပြုပြင်ခဲ့ကြသည်။ 1956 ခုနှစ်တွင် ပဲပင်ပေါက် မူဟောင်းစာကို အသံနေအသံထား ပိုမိုပြည့်စုံစေအောင် အသံ(ခြောက်သံ)ဖြင့် ပြောင်းလဲပြုပြင် ဖန်တီးပြီး ပဲပင်ပေါက်မူသစ်စာအဖြစ်သို့ ရောက်ရှိလာကာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပြီဖြစ်ပါသည်။
တိုင်းလေလူမျိုးတို့သည် AD 7 ရာစုကတည်းက ချည်ယက်လုပ်တတ်ပြီး ဝတ်စားဆင်ယင်မှု ရှိခဲ့ပြီဖြစ်ပါသည်။ တိုင်းလေလူမျိုးများ ဝတ်ဆင်သော အဝတ်အစား၏မူလအရောင်မှာ အပြာ၊ အနက်ရောင်ဖြစ်ပြီး ထိုသို့ ဝတ်ဆင်ရခြင်းမှာ စိမ်းလန်းစိုပြည်သော တောတောင်၊ မြစ်ချောင်း၊ အင်းအိုင် တစ်လျှောက်တွင် နေထိုင်သောကြောင့် ဖြစ်ပါသည်။ AD 14 ရာစုတွင် အလှအပ အဆင်တန်ဆာများ အဆင့်မြင့်လာ၍ ပိတ်စကြီးငယ်များ၊ စောင်များ ခေတ်မှီစွာ အသုံးပြုလာကြသည်။ AD 19 ရာစုမှ AD20ရာစုအစောပိုင်းတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တိုင်းလေတို့၏ လူမှုအဖွဲ့အစည်း များ၊ ဝတ်စားဆင်ယင်မှုများမှာလည်း ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာခဲ့ပါသည်။ အသက် ၇ နှစ်မှ ၁၂ နှစ်အထိ သမီးပျိုတွင် “မို့ဟိုဆိတ်ငင်း” သို့မဟုတ် “မို့ဟိုခို” ခေါ် ဦးထုပ် ဆောင်း၍ ဆံကျစ်ပြီး ဦးထုပ်ပေါ် ရစ်ပတ်ကာ ရင်ဖုံး၊ ရင်စေ့အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်၊ ခါးစည်းကြိုးများ ဝတ်ဆင်ကြသည်။ အသက် ၁၃ နှစ်အထက် အိမ်ထောင်ပြုနိုင်သည့်အရွယ်အထိ “လိုင်းဝိန်းဟို” ခေါ် ဆံပင်ရှည်ထား၍ ဆံကျစ်ကာ ခေါင်းတွင် ဝိုက်ထားရပါသည်။
ယနေ့ခေတ် ဘိုးဘွားများ၏ ဝတ်စားဆင်ယင်မှုပုံ
အိမ်ထောင်ရှင်အမျိုးသမီးများမှာ ဆံပင်ကို ရှမ်းအခေါ် “ရှောင်းဟို” ခေါ် “ကိုကောက်” ပြုလုပ်ပြီး တိုက်ပုံအင်္ကျီနှင့် တောက်ပသော ရွှေငွေကြယ်သီး၊ အနက်ရောင်လုံချည် ခြေအဆင့်နှစ်ဆင့်၊ အနက်ရောင် ခါးစည်းစနှင့်ခါးစည်းကြိုးဝတ်ဆင်ကြပါသည်။ “ရှောင်းဟို” ခေါ် “ကိုကောက်” ဆိုသည်မှာ ဆံပင်ထုံး၍ အစနှင့်ဖုံးကာ ခေါင်းဆောင်း ဆောင်းပြီး အဆင်တန်ဆာခြင်းကို ခေါ်ပါသည်။ စော်ဘွားမျိုးနွယ်များက “ရှင့်ဖာ” ဟုခေါ်သော ရောင်စုံပါ ဖဲလုံချည် ခြေအဆင့်လေးဆင့်အထိ ဝတ်ဆင်ကြပါသည်။ သက်ကြီး အမျိုးသမီးများသည် ပြာဖျော့ (သို့မဟုတ်) ပြာရောင်တိုက်ပုံအင်္ကျီနှင့် အနက်ရောင်လုံချည်၊ ခေါင်းဆောင်းအနက်၊ အနက်ရောင်တဘက်တို့ကို ဝတ်ဆင်ကြသည်။
ယနေ့ခေတ်တိုင်းလေအမျိုးသားများသည် အပြာရောင်ဝှမ်းဆက်၀တ်စုံနှင့် အပြာရောင် ခေါင်းပေါင်းကို ၀တ်ဆင်ကြပါသည်။ ခေါင်းပေါင်းတွင် အလျား(၂)ကိုက် တစ်ထွာနှင့် အနံကိုးလက်မ ရှိသည့်အစဖြင့် အသုံးပြုကြသည်။ အပြာရောင်စတစ်ကော်လံ သို့မဟုတ် ကော်လံကတုံးအင်္ကျီကို ၀တ်ဆင်ပြီး ပုစဉ်းခေါင်းကြယ်သီးဖြင့် တပ်ဆင်ကြသည်။ အပြာရောင်ဘောင်းဘီဖြင့် အလှဆင်ပြီး ဘောင်းဘီခေါင်းနားနှင့် ခြေ၀နားတွင် ရှမ်းမိတ်တပ်၍ ၀တ်ဆင်ကြပြီး အိတ်ထောင်သုံးလုံးနှင့် ဘေးခွဲ အင်္ကျီဝတ်ဆင်ကြသည်။ ခါးစီးတွင် အနီရောင်ဖဲစအပြား ဆယ်လက်မနှင့် အရှည်နှစ်ကိုက်ခွဲကို အသုံးပြုကြသည်။
ယနေ့ခေတ် တိုင်းလေလူပျို/အပျို၏ ဝတ်စားဆင်ယင်မှုပုံ
ယခုခေတ် တိုင်းလေအမျိုးသမီးများသည် ဆံပင်ကို ဆံကျစ်ကျစ်ပြီး ခေါင်းကို ပတ်ထား၍ လေးလက်မအပြားရှိ ခေါင်းပေါင်းအမဲနှင့် ဆံကျစ်ပေါ်တွင် တင်ပြီး အလှဆံထုံးကို ခေါင်းပေါင်းပေါ်တွင် ပန်ရသည်။ စတစ်ကော်လံ အင်္ကျီအနက်နှင့် ပုဇဉ်းခေါင်းအနက်ရောင် တပ်ဆင်ကြသည်။ ငွေသားဖြင့် ပြုလုပ်ထားသော လည်ရွဲကုံးဖြင့် ၀တ်ဆင်ပြီး အနက်ရောင်လုံချည်ကို ရောင်စုံဖဲပွင့်စ အစိမ်းရောင်၊ ပန်းရင့်ရောင်၊ အဝါရောင် စသည့် အရောင်များကို သုံးပြီး ဝတ်ဆင်လေ့ရှိသည်။ တိုင်းလေ အမျိုးသမီး ဝတ်စုံတွင် ပါရှိသော ခါးစီးကြိုးမှာ အပြားနှစ်လက်မနှင့် အရှည်သုံးကိုက်ခွဲရှိသော (၁၀)လက်မ အနက်ရောင်ကြိုးပေါ်တွင် ပုံဖော်ထားသည့် ကနုတ်ပန်း အပွင့်လေးကို အနီရောင်ဖြင့် အပွင့်ပုံဖော် ထားပုံမှာ ထူးခြားဆန်းပြားလှပသည့် အဆင်တန်ဆာတစ်မျိုး ဖြစ်ပါသည်။
တိုင်းလေလူမျိုးများသည် မိမိကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုများနှင့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှ...
ဆက်လက်ဖတ်ရှု့ရန် တိုင်းလေလူမျိုးများသည် မိမိကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုများနှင့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ ရှိပြီး ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြသူများဖြစ်သည့်အလျောက် ပွဲတော်များကလည်း ဘာသာရေး ပွဲတော်များမှာ အများစုဖြစ်ပါသည်။ သီတင်းကျွတ်ပွဲတော်၊ သင်္ကြန်ပွဲတော်၊ ရှင်ပြုပွဲ ရဟန်းခံ၊ ပဌာန်းရွတ်ပွဲ၊ သက်ကြီးရွယ်အို မိဘဘိုးဘွားများ ပူဇော်ကန်တော့ပွဲများ နှစ်စဉ်ချိန်ခါမပြတ် ကျင်းပကြသည်။ ကောက်စိုက်ချိန်၊ ကောက်သိမ်းချိန်များတွင် စပါးအထွက်နှုန်းတိုးလာစေရန် တစ်နှစ် တစ်ကြိမ်ကျ ရွာစောင့်နတ်၊ လယ်စောင့်နတ်နှင့် သမ္မာဒေဝါနတ်များအား ပူဇော်ပသကြခြင်းလည်း ရှိပါသည်။ သို့သော် ထုံးစံမျှသာဖြစ်ပြီး ကြီးကျယ်ခမ်းနားစွာ၊ နတ်ပွဲကြီးများ ကျင်းပခြင်းမရှိပေ။
တိုင်းလေလူမျိုးတို့၏ ရှေးခေတ်အုပ်ချုပ်မှုအစဉ်အလာသည် နိုင်ငံတော်(သို့မဟုတ်) Moung ၏ အုပ်ချုပ်သူအကြီးအကဲ၊ ခေါင်းဆောင်သည် Sao Fha (စော်ဘွား)ဖြစ်...
ဆက်လက်ဖတ်ရှု့ရန် တိုင်းလေလူမျိုးတို့၏ ရှေးခေတ်အုပ်ချုပ်မှုအစဉ်အလာသည် နိုင်ငံတော်(သို့မဟုတ်) Moung ၏ အုပ်ချုပ်သူအကြီးအကဲ၊ ခေါင်းဆောင်သည် Sao Fha (စော်ဘွား)ဖြစ်ပါသည်။ Sao သည် အရှင်သခင်၊ ဘုရင် (သို့မဟုတ်) မင်းညီမင်းသားကဲ့သို့သော အုပ်ချုပ်သူအကြီးအကဲအတွက် အသုံးပြုခေါ်ဝေါ်သော ရှမ်းဝေါဟာရ ဖြစ်ပြီး Fha ၏ အဓိပ္ပာယ်သည် ကောင်းကင်ဟု ဆိုပါသည်။ ထို့ကြောင့် Sao Fha ၏ အနက်အဓိပ္ပာယ်မှာ ကောင်းကင်အရှင်သခင်ဖြစ်ပြီး အဆင့်အားဖြင့် သက်ဦးဆံပိုင်ဘုရင်အဆင့်မျိုး ဖြစ်ပါသည်။ Sao Fha အချင်းချင်းသည် အဖခမည်းတော်၊ ဦးရီးတော်၊ အစ်ကိုတော်ဟူ၍ အသက်အရ လေးစားမှုဖြင့် ဆက်ဆံကြရပါသည်။ ထို့အပြင် Sao Fha တို့၏ အဆင့်အတန်းများ၊ ဝါများ၊ ဂုဏ်ထူး ဂုဏ်သိမ်စည်းစိမ်များ၊ နိုင်ငံတော်ဩဇာညောင်းမှုများကို ညွှန်ပြနေပါသည်။ Sao Fha ၏ မဟာဒေဝီ သည် မင်းမျိုးမင်းနွယ်ဖြစ်ရပါမည်။ မင်းမျိုးမင်းနွယ်မဟုတ်သော သူများနှင့်လက်ထပ်ပါက မဟာဒေဝီ ရာထူးမပေးဘဲ သူ၏မွေးလာသော သားသည်လည်း အိမ်ရှေ့အရာမရနိုင်ပါ။ မဟာဒေဝီမှ မွေးလာသော သားသည်သာလျှင် အိမ်ရှေ့အရာ ဆက်ခံနိုင်သည်။
တိုင်းလေလူမျိုး၏ယဉ် ကျေးမှုဓလေ့ထုံးတမ်းသည် ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံသော ယဉ်ကျေးမှု ဖြစ်ပါသည်။ ရာသီ...
ဆက်လက်ဖတ်ရှု့ရန် တိုင်းလေလူမျိုး၏ယဉ် ကျေးမှုဓလေ့ထုံးတမ်းသည် ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံသော ယဉ်ကျေးမှု ဖြစ်ပါသည်။ ရာသီအလိုက် ကျင်းပသော ပွဲတော်များလည်း ရှိသည်။ နှစ်သစ်ကူးပွဲတော်၊ ဘုရားပွဲ၊ သင်္ကြန်ပွဲ၊ ညောင်ရေသွန်းပွဲ၊ ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ သီတင်းကျွတ်ပွဲ ၊ ကထိန်ပွဲ၊ ကောက်ဦးဆွမ်းပွဲ၊ တံခွန်တိုင်စိုက်ထူပွဲ၊ အိမ်သစ်တက်ပွဲ၊ လိန်ဆီပွဲ(လေးလရာသီပွဲ)၊ အိမ်မျိုးနွယ်စုများ မိတ်ဆုံစားပွဲ၊ သင်္ချိုင်းကန်တော့ပွဲများ ဖြစ်သည်။ ၎င်းပွဲတော်များကို ရပ်ရွာမိဘနှင့်သက်ကြီးရွယ်အိုများက ဦးဆောင်ကြပြီး လူတန်းစား ခွဲခြားမှု မရှိဘဲ ကုသိုလ်တရားပွားများရန်နှင့် စည်းလုံးညီညွတ်မှုကို ရည်ရွယ်၍ ကုသိုလ်လည်းရ၊ စည်းလုံး ညီညွတ်မှုကို ဖော်ဆောင်သည့် အကျိုးတရားကို ဖြစ်စေပါသည်။ တိုင်းလေလူမျိုးတို့သည် သစ်သားတို့ဖြင့် ပလွေစသည့် ဂီတဆိုင်ရာတူရိယာများ ပြုလုပ်သီဆို တတ်ကြပြီး သစ်ရွက်ဖြင့်လည်း တေးသီချင်းသံစဉ်ကို ဖန်တီးနိုင်ပါသည်။ အိုးခွက်၊ ဝါဂွမ်းစိုက်ခင်း၊ ရက်ကန်း၊ အရောင်တင်တို့သည်လည်း တိုင်းလေလူမျိုးများက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်း က ပြုလုပ်တတ်ကြပါသည်။ တိုင်းလေလူမျိုးတို့သည် တံဆိပ်တုံးကို ကိုင်ဆောင်အုပ်ချုပ်ခဲ့ဖူးသော သူများကို လေးနက်စွာ အသိအမှတ်ပြုကြသည်။ အဆင့်အတန်း ရာထူးအပ်နှင်းခြင်းခံရသည့်နေ့မှစ၍ အမည်ရင်းကို ရာထူးနှင့် တွဲ၍ ခေါ်လေ့ရှိကြသည်။ အလှူအတန်း ရက်ရက်ရောရော လှူဒါန်းသော လူပုဂ္ဂိုလ်များ၊ ဘုရား၊ သိမ် ကျောင်းလှူဒါန်းမှုပြုသူများကို ဘုန်းကြီးကျောင်းက “ဖားကာ” ဟုခေါ်သောဘွဲ့အမည်ပေးပါသည်။ ထိုဘွဲ့အပ်နှင်းခံရသည့်နေ့မှစ၍ ထိုလူပုဂ္ဂိုလ်အမည် ၏ရှေ့တွင် “ဖားကာ” ထည့်၍ ခေါ်ကြပါသည်။ ဤကဲ့သို့ ခေါ်ဆိုခြင်းသည် တိုင်းလေလူမျိုးတို့၏ ထူးခြားမှုတစ်ခုဖြစ်ပါသည်။
တိုင်းလေအမျိုးသားတို့သည် လယ်ထွန်ခြင်း၊ ပျိုးကျဲခြင်း၊ ကောက်စိုက်ခြင်းများကို နေ့ကောင်း ရက်မြတ်များ ရွေးချယ်၍ ဆောင်ရွက်ကြသည်။ စပါးများကို အိမ်သို့ သယ်ရာတွင...
ဆက်လက်ဖတ်ရှု့ရန် တိုင်းလေအမျိုးသားတို့သည် လယ်ထွန်ခြင်း၊ ပျိုးကျဲခြင်း၊ ကောက်စိုက်ခြင်းများကို နေ့ကောင်း ရက်မြတ်များ ရွေးချယ်၍ ဆောင်ရွက်ကြသည်။ စပါးများကို အိမ်သို့ သယ်ရာတွင် လယ်ကွင်းမှ အိမ်အထိ စပါးပုံငယ်များ ပုံထားခဲ့ကြသည်။ ကျေးငှက်များနှင့် ဝေမျှစားသောက်ကြရန် ဖြစ်ပါသည်။ အင်း၊ လက်ဖွဲ့များကိုလည်း အန္တရာယ်ကင်းအဖြစ် ဆောင်ထားလေ့ရှိပါသည်။
တိုင်းလေလူမျိုးတို့၏ ဒုတိယလဖြစ်သော လိန်ကမ်တွင် မင်္ဂလာဆောင်ခြင်း၊ အိမ်သစ် ဆောက်ခြင်း၊ အိမ်သစ်တက်ခြင်းနှင့် ပွဲလမ်းသဘင်များ ကျင်းပခြင်း အထူးရှောင်ကြဉ်ကြသည်။...
ဆက်လက်ဖတ်ရှု့ရန် တိုင်းလေလူမျိုးတို့၏ ဒုတိယလဖြစ်သော လိန်ကမ်တွင် မင်္ဂလာဆောင်ခြင်း၊ အိမ်သစ် ဆောက်ခြင်း၊ အိမ်သစ်တက်ခြင်းနှင့် ပွဲလမ်းသဘင်များ ကျင်းပခြင်း အထူးရှောင်ကြဉ်ကြသည်။ မိသားစုအိမ်မျိုးနွယ်တူ အချင်းချင်းလက်ထပ်ထိမ်းမြားခြင်း ရှောင်ကြဉ်ပါသည်။ ရှမ်းရိုးရာပြက္ခဒိန်အရ (ဝက်နေ့)ကျရောက်သည့် နေ့တွင် သတို့သမီးအား အိမ်ခေါ်လာခြင်း ရှောင်ကြဉ်ပါသည်။ ကျေးရွာပြင်ပ၌ သေဆုံးသော သူကို အိမ်အတွင်း သို့မဟုတ် ကျေးရွာအတွင်း ထားရှိခြင်း ရှောင်ကြဉ်ပြီး ရွာအပြင်ဘက်တစ်နေရာ သို့မဟုတ် သင်္ချိုင်းသုဿာန်တွင်သာ ထားရှိပါသည်။ ရှမ်းရိုးရာပြက္ခဒိန်အရ (နဂါးနေ့)ကျရောက်သည့်နေ့တွင် လူသေအလောင်းကို မီးသင်္ဂြိုလ်ခြင်း၊ မြေမြုပ်ခြင်းမှ ရှောင်ကြဉ်ပါသည်။ သာသနာပိုင်မြေ၊ သုသာန်သင်္ချိုင်းမြေတို့တွင် နေအိမ်ဆောက်လုပ် ခြင်း၊ လယ်ယာခြံမြေစိုက်ပျိုးခြင်းမှ ရှောင်ကြဉ်ပါသည်။
ရှမ်းပြည်နယ်ရှိ အင်းသားလူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းများ
ဆင်းသက်လာပုံ
အင်းသားလူမျိုးများသည်အင်းလေးဒေသတွင်နာဂိုဌာနလူမျိုးတစ်မျိုးဖြစ်ပြီးရှေ့ခေတ်နှစ် ၂၀၀၀ ကျော်လောက်ကတည်းက ဖြစ်သည်။ ယင်းဌာနတိုင်းရင်းသားတို့သည် ခေတ်အဆက်ဆက် တွင် လွှမ်းမိုးလာခဲ့သော ရှမ်း/ဗမာတို့နှင့်ရင်းနှီးစွာ နေထိုင်လာခဲ့ရာမှ ယနေ့အင်းသားလူမျိုးများဟု ဖြစ်တည်လာကြပါသည်။
နေထိုင်ရာဒေသများ
အင်းသားလူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အင်းလေးကန်ဒေသ တွင် အဓိကနေထိုင်ပြီး ညောင်ရွှေမြို့နယ်၊တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ကယားပြည်နယ် အထိ ပျံ့နှံ့နေထိုင်ကြပါသည်။အင်းလေးဟုဆိုသည်မှာ ကုန်းဘောင်ခေတ်မြန်မာဘုရင်ခေတ်တွင် ငွေခွန်မှူး(၄)နေရာဖြင့် အခွန်တော်ကောက်ခံခဲ့သော အကြောင်းကိုအရင်းခံ၍ အင်းလေး(၄)ရွာမှ မှတဆင့် အင်းလေးဟူ၍ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
သွင်ပြင်လက္ခဏာများ
အင်းသားတိုင်းရင်းသားတို့သည် သင့်တင့်သော အရပ်အမောင်းနှင့်(တိဗက်-မြန်မာ)ဆင်တူ သော ရုပ်ရည်ရှိပါသည်။
ရိုးရာဓလေ့ထုံးစံများ
ဖောင်တော်ဦးဘုရား၊အင်းတိန်ဘုရား၊တောင်တိုရွှေဟင်္သာကျမွှေတော်ဘုရား၊ စံကားမွှေတော် တာခေါင်ဘုရား၊ သန်းထောင်ဘုရား၊ ခေါင်တိုင်ရေပူစမ်း၊ ဟဲယာရွာမရေပေါ်ဈေး၊ ရှေ့ဟောင်း ဘုန်းတော်ကြီးကျောင်းများ၊ အင်းလယ်ဗိုလ်တဲ၊ ညောင်ရွှေစော်ဘွားဟော်နန်းတို့သည် အထင်ကရ များဖြစ်ပါသည်။ အင်းလေးကန်နှင့် ခေါင်တိုင်ရေပူစမ်းတို့သည် အင်းလေးဒေသ၏ သီတင်းကျွတ်လဆန်း (၁)ရက်နေ့မှစတင်၍ လပြည့်ကျော်(၃)ရက်နေ့အထိ ဖောင်တော်ဦးဘုရားဒေသစာရီပွဲတော်၊ ညောင် ရွှေမြို့နယ်တွင်ကျင်းပသော ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယနုဂ္ဂဟစာပြန်ပွဲတော်၊ တန်ဆောင်းမုန်း လဆန်း (၁)ရက် အင်းလေးအမျိုးသားနေ့ပွဲတော်များ ကျင်းပကြပါသည်။
အင်းသားတိုင်းရင်းသားတို့သည် သီးခြားစာပေ၊သီးခြားဘာသာစကားရှိပါသည်။နိုင်ငံတော် ၏ ရုံးသုံးဘာသာစကားဖြစ်သော မြန်မာစကားကိုလည်း ကျွမ်းကျင်စွာရေးသားပြောဆိုကြပါသည်။
အင်းသားတိုင်းရင်းသားတို့၏အမျိုးသားများမှ ဝါနီရောင်တိုက်ပုံနှင့် ဝါနီရောင်အင်းဘောင်း ဘီကိုဝတ်ဆင်ကြပြီး အမျိုးသမီးများမှာ ဝါနီရောင်ရင်ဖုံးအင်္ကျီနှင့် ဝါနီရောင်ကဲသော ရိုးရာဒီဇိုင်း ဖြစ်သော ဟတ်ယာလုံချည်ကို ဝတ်ဆင်ကြပါသည်။
အင်းသားတိုင်းရင်းသားတို့သည့် ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ကြပါသည်။
ဆက်လက်ဖတ်ရှု့ရန်အင်းသားတိုင်းရင်းသားတို့သည့် ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ကြပါသည်။
မြန်မာရာဇဝင်ကုန်းဘောင်ခေတ်တွင် စော်ဘွားများနှင့်မြေခွန်မှူးများက သီးခြားစီ အုပ်ချုပ် သော အစဉ်အလာရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နိုင်ငံတော်အစီအစဉ်အတိုင်း အုပ်ချုပ်ပါသည်။
ဆက်လက်ဖတ်ရှု့ရန်မြန်မာရာဇဝင်ကုန်းဘောင်ခေတ်တွင် စော်ဘွားများနှင့်မြေခွန်မှူးများက သီးခြားစီ အုပ်ချုပ် သော အစဉ်အလာရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နိုင်ငံတော်အစီအစဉ်အတိုင်း အုပ်ချုပ်ပါသည်။
အင်းသားတိုင်းရင်းသားတို့၏ အထူးခြားဆုံးရိုးရာယဉ်ကျေးမှုမှာ ခြေထောက်ဖြင့် လှေလှော် ခြင်းဖြစ်ပါသည်။ အင်းလေးကို ကမ္ဘာ့လှည်ခရီးသည်များက မြန်မာပြည်၏ ဗီးနပ်စ်သူ၍ တင်စား ခေါ်ဝေါ်ကြသည့်အပြင် အီတလီဗီးနပ်စ်သည် မြန်မာပြည်ရှိ အင်းလေး၏ တောင်ပေါ်မြေပြန့် သဘာဝအလှအပမျာ...
ဆက်လက်ဖတ်ရှု့ရန်အင်းသားတိုင်းရင်းသားတို့၏ အထူးခြားဆုံးရိုးရာယဉ်ကျေးမှုမှာ ခြေထောက်ဖြင့် လှေလှော် ခြင်းဖြစ်ပါသည်။ အင်းလေးကို ကမ္ဘာ့လှည်ခရီးသည်များက မြန်မာပြည်၏ ဗီးနပ်စ်သူ၍ တင်စား ခေါ်ဝေါ်ကြသည့်အပြင် အီတလီဗီးနပ်စ်သည် မြန်မာပြည်ရှိ အင်းလေး၏ တောင်ပေါ်မြေပြန့် သဘာဝအလှအပများကို မမှီဟူ၍ မှတ်ချက်ပြုကြပါသည်။ အင်းသားတို့၏ ထူးခြားသော ယဉ်ကျေး မှုမှာ အမျိုးသား၊ အမျိုးသမီးများ သီဆိုသော တိုက်တေး၊ ချိုတေးများဖြစ်သည်။ ထူးခြားသော ကိရိယာများမှ နှဲနှင့် တွဲဖက်တီးမှုတ်သော လံစည်အတီးနှင့်အက၊ အိုးစည်ကူးအတီးနှင့်အက၊ ဘုန်းတော်ကြီးများ ပျံလွန်တော်မှုရာတွင် တီးခတ်သော လွန်စည်အတီးနှင့်အက၊ ဖောင်တော်ဦး ဘုရားဒေသစာရီကြွရာတွင် တီးခတ်ရာ၌ ဘုရားကြိုစည်၊ ပျော်ပွဲရွှင်ပွဲများတွင် တီးခတ်ရာသော ထုံးလုံးပတ်အိုးစည်များ ဖြစ်ကြသည်။ အင်းသားတိုင်းရင်းသားတို့၏အဓိက စီးပွားရေးလုပ်ငန်း များမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ ရေခြံလုပ်ငန်းမှာ တစ်နိုင်ငံလုံးဖြန့်ဖြူးရောင်းချသော ခရမ်းချဉ်သီးလုပ်ငန်း၊ ခရမ်း၊ ငရုတ်၊ ဂေါ်ရခါး ၊ပဲအမျိုးမျိုး မီးဖိုချောင်သုံးပစ္စည်းများကို စိုက်ပျိုးထုတ်လုပ်သည့် လယ်နှင့်ယာများအနေဖြင့် စပါး၊ ကြံ၊ မြေပဲများ စိုက်ပျိုးကြပါသည်။
အင်းသားတိုင်းရင်းသားတို့သည် လက်မှုလုပ်ငန်းများ ကျွမ်းကျင်ကြသည့်ဖြစ်ရာ ရက်ကန်း၊ ပန်းဆယ်မျိုးလုပ်ငန်းများ၊ ဝါးနှင့်ပတ်သက်သောနှီးအထည်များ(ဝါးကပ်လားခွံ)၊ခမောက်၊ နှီးဘုရား၊ ခွဲစော၊ ဝါးခြင်းအမျိုးမျိုး၊ ဆေးပေါ့လိပ်လုပ်ငန်းများ၊ အင်းသားရိုးရာ သရေစာမုန့််မျိုးစုံထုတ် လုပ်ငန်းများ တစ်ရွာတစ်မျိုးအားဖြင့် အများပြား ထုတ်လုပ်ရောင်းချကြပါသည်။ အင်းသား တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အသုံးပြုသော ခြေထောက်/လက်ဖြင့်လှော်ရသော လှေငယ် (ကစ်လှေ)၊ ကုန်တင်လှေ စသည်တို့ကိုလည်းကောင်း စက်ဖြင့်တပ်ဆင်အသုံးပြုသော လှေငယ် (ကစ်လှေ)၊ စက်လှေတို့ကိုလည်းကောင်း လုပ်ကိုင်ကြပါသည်။ အင်းလေးရက်ကန်းလုပ်ငန်းတွင် ကြာချည်နှင့်ပြုလုပ်ထားသော ကြာသင်္ကန်း၊ အထည်လုပ်ငန်းများကို ကနဦးထီးထွင်ခဲ့သူများ ဖြစ်ကြပြီး ပိုးထည်၊ ချည်ထည်၊ နိုင်လွန်းထည်များကို ထုတ်လုပ်ရောင်းချကြပါသည်။
ရှမ်းပြည်နယ်ရှိ ပအိုဝ်းလူမျိုးစု၏ ရိုးရာဓလေ့ထုံးတမ်းများ
ဆင်းသက်လာပုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင် ထားသောနိုင်ငံတစ်နိုင်ငံဖြစ်၏။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသား များ၏မူလဒေသရင်းကား တရုတ်အနောက်ပိုင်း မွန်ဂိုကုန်းမြင့်ဒေသဖြစ်လေသည်။ မွန်ဂိုကုန်းမြင့် ဒေသတွင် အနေကြာလာသောအခါ လူဦးရေတဖြည်းဖြည်းတိုးလာပြီး ရေကြည်ရာ၊ မြက်နုရာဒေသ များကိုရှာဖွေ၍ ပြောင်းရွှေ့ကြပြန်သည်။ ထိုသို့ပြောင်းရွှေ့နေထိုင်ကြရာ သံလွင်မြစ်ကြောင်း၊ မဲခေါင်မြစ်ကြောင်း၊ ဗြဟ္မပုတ္တရမြစ် ကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့ပါ သည်။ မြန်မာနိုင်ငံအတွင်းသို့ အုပ်စုသုံးစုကွဲ၍ ဝင်ရောက်လာကြ၏။ ယင်းအုပ်စုသုံးစုမှာ-
(၁) မွန်ခမာအုပ်စု
(၂) တိဗက်မြန်မာအုပ်စု
(၃) ထိုင်းတရုတ်အုပ်စု တို့ဖြစ်သည်။
ယင်းအုပ်စုကြီး သုံးအုပ်စုအနက် တိဗက်မြန်မာအုပ်စုတွင် ကချင်အုပ်စု၊ မြန်မာအုပ်စုနှင့် ရှေးအနွယ်အုပ်စု၊ လိုလိုမုဆိုးအုပ်စုဟူ၍ အုပ်စုသုံးအုပ်စုခွဲကာ ဝင်ရောက်လာကြသည်။ သို့ရာတွင် တစ်စုနှင့်တစ်စု ဝင်ရောက်လာကြသည့်အချိန်ကား မတူကြပေ။
မြန်မာ ၇- မျိုးထဲတွင် မြန်မာ၊ ယော(ပရဲ)၊ ရခိုင်၊ ထားဝယ်၊ ပျူ၊ ကမ်းယံ၊ တောင်သူဟူ၍ ရေးထားသည်ကို ထောက်လျှင် တောင်သူအမည်ခံထားသော ပအိုဝ်းတို့သည် တိဗက်မြန်မာအုပ်စု တွင် ပါဝင်သည်။ တိဗက်မြန်မာအုပ်စုတွင် မြန်မာ၊ သက်လိုလို၊ ကချင်၊ ချင်း၊ နာဂနှင့် ကရင်ဟု သတ်မှတ်ထားသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် တိဗက်မြန်မာအစုပင်ဖြစ်သည်။
ထိုင်းတရုတ်အနွယ်ဝင်များအနက် မြန်မာနိုင်ငံအတွင်းသို့ ရှေးအကျဆုံးဝင်ရောက်နေထိုင် ကြသူများကား ကရင်လူမျိုးများနှင့် အနွယ်တူဖြစ်သော ပအိုဝ်းတောင်သူလူမျိုးများပင်ဖြစ်ကြ သည်။ ယင်းပအိုဝ်းတောင်သူလူမျိုးများသည် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတစ်ဝိုက်နှင့် သထုံ ခရိုင်တွင် အခြေချနေထိုင်ခြင်းပြုကြလေသည်။ ပအိုဝ်းတောင်သူများနောက်မှ ကရင်လူမျိုးများနှင့် အနွယ်တူလူမျိုးစုများသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကြပြီးလျှင် ကရင်နီတောင်တန်း ဒေသတစ်ဝိုက်၊ သံလွင်ခရိုင်၊ ပဲခူးရိုးမနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ တစ်ဝိုက်တွင် အစုစု ကွဲကာ အခြေချနေထိုင်ကြလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံ နယ်နမိတ်အတွင်းဘက်မှသာလျှင်မကဘဲ ယိုးဒယား၊ ကမ္ဘောဒီးယား မဲခေါင်မြစ်ဝှမ်းတောင်ပိုင်းဒေသတွင်လည်း ပြန့်ကျဲနေထိုင်လျက်ရှိသည်။
ထို့ကြောင့် မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးသည် တိဗက်ကုန်းမြေမြင့်မှပေါက်ဖွား ဆင်းသက်လာသော မွန်ဂိုအနွယ်ဝင်များဖြစ်သည်။
နေထိုင်ရာဒေသများ
ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် နေထိုင်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ကလော၊ ပင်းတယ၊ ရွာငဲ၊ ရပ်စောက် စသည့်မြို့နယ်များတွင်လည်းကောင်း၊ လွိုင်လင်ခရိုင်တွင် လွိုင်လင်၊ နမ့်စန်၊ မိုးနဲ၊ မောက်မယ်၊ မိုင်းပန်၊ လင်းခေး၊ မိုင်းကိုင်၊ လဲချား စသည့်မြို့နယ်များတွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသတွင် တောင်ငူခရိုင် ဇရပ်ကြီးဒေသ၊ မွန်ပြည်နယ်တွင် သထုံဒေသနှင့် ကရင်ပြည်နယ်တွင် ဖားအံဒေသတို့ တွင် ပျံ့နှံ့နေထိုင်ကြပါသည်။
သွင်ပြင်လက္ခဏာများ
ပအိုဝ်းအမျိုးသားနှင့် အမျိုးသမီးတို့မှာ ကိုယ်ခန္ဓာအနေအထား၊ အရပ်အမောင်း၊ အသား အရောင်၊ ဦးခေါင်း၊ ဆံပင်အရောင်၊ မျက်နှာပုံပန်း၊ မေးရိုးပါးရိုး၊ မျက်စေ့သဏ္ဍာန်၊ နှာခေါင်း၊ နှုတ်ခမ်းတို့တွင်ထင်ရှားသော အမှတ်အသားများရှိကြသည်။
ပအိုဝ်းတိုင်းရင်းသားများသည် ကြံ့ခိုင်သည့်ကိုယ်ထည်ရှိပြီး ပခုံးကျယ်သည်။ ကိုယ်အချိုး အဆစ်ကျနသည်။ ကိုယ်ခန္ဓာတောင့်တင်းသန်မာသည်။ ပအိုဝ်းတိုင်းရင်းသားများ၏ အရပ်အ မောင်းမှာ မနှိမ့်မမြင့်ဖြစ်သည်။ အမျိုးသားများ၏ ပျမ်းမျှအရပ်အမောင်းမှာ ၅ ပေ ၅ လက်မဖြစ်၍ အမျိုးသမီးများမှာ အမျိုးသားများထက် နှစ်လက်မခွဲမှ သုံးလက်မခန့်ပို၍ နှိမ့်သည်။ လူမျိုးစု အတွင်း အရပ်အမောင်းကွာခြားချက်ကွဲပြားမှုရှိသည်။ ခြောက်ပေအထိ အရပ်မြင့်မားသည့် အမျိုးသားများ လည်းရှိသည်။ သို့သော် အချို့အရပ်ဒေသတွင် အမျိုးသား၏အရပ်အမောင်းမှာ ၅ ပေမျှပင်မကျော်ချေ။ အချို့အမျိုးသမီးမှာ ၅ ပေ ၁၀ လက်မခန့်အထိ မြင့်မားကြသည်။ ပအိုဝ်းများ ၏ အသားအရောင်မှာ အခြားလူမျိုးများကဲ့သို့ ဖြူဖွေးခြင်းမရှိချေ။ အသားအရေမှာ သံလွင်ရောင်မှ ကော်ဖီညိုရောင်အကြားတွင် ရှိတတ်ကြသည်။ အချို့မှာ ကြေးနီရောင်ရှိသည်။
ရိုးရာဓလေ့ထုံးစံများ
ဘာသာရေးထုံးတမ်းမှာ မိမိတို့၏ကလေးဘဝကပင် မိဘများ၏ လုပ်ရိုးလုပ်စဉ်ဓလေ့ထုံးစံ များကို အနီးကပ်ကြည့်ရင်း ကျင့်သားရခဲ့ပြီးဖြစ်ပေသည်။ ဘုရားဝတ်ပြုရာတွင် ဘုရားရှိခိုးနည်းကို လည်းတတ်ကျွမ်းလျက်ရှိပြီး ဘုရားနှင့် ဘုန်းတော်ကြီး(ဗွေးဗွန်)ကိုလည်း ကိုးကွယ်ဆည်းကပ် တတ်နေပြီဖြစ်သည်။ ဘုရားရှိခိုးရာတွင် ရွတ်ဆိုရသည့် ပါဠိဘာသာတရားစာများကိုလည်း မိဘများနှင့်အတူ ရွတ်ဆိုနိုင်ကြသည်။ ကလေးမှာ ယောကျ်ားဖြစ်ပါက ပါဠိဘာသာတရားစာများ မြန်မာစာ နှင့်ဂဏန်းသင်္ချာများ သင်ကြားရန် ဘုန်းကြီးကျောင်းတွင် တက်ရောက်နေကြရသည်။ ဘုန်းကြီးများ နှင့်မည်သို့ ပြောဆိုဆက်ဆံရသည်ကိုလည်း တတ်မြောက်ထားပြီးဖြစ်သည်။
၎င်းပြင် အဘိုးအဖွားတို့ထံ၌ ဘာသာတရား ရိုသေကိုင်းရှိုင်းပုံများကို လေ့လာခွင့်ရခဲ့ကြ သည်။ ချမ်းသာကြွယ်ဝသည့်အဘိုးဖြစ်ပါက အဘိုးသည် ဘုရားဒကာ ကျောင်းဒကာဖြစ်လာပြီး ဘုန်းကြီးများနှင့် တရားဆွေးနွေးကြပုံများကို သိမြင်ခွင့်ရကြသည်။ အဘိုးဖြစ်သူ၏ ကုသိုလ်ကံ အပေါ် ယုံကြည်ချက်တို့မှာလည်း သားသမီးမြေးမြစ်တို့အပေါ် ကူးစက်လာခဲ့သည်။ ကုသိုလ် ကောင်းမှုကို ပြုနေသည့် အဘိုးသည် တမလွန်တွင် သုဂတိဘုံဘဝသို့ ရောက်ရှိမည်ဟု ယုံကြည်မှု ဖြင့် သေခြင်းမှမကြောက်သည့်အသွင်များကိုလည်း သိမြင်လာရသည်။ ကျေးရွာသားများအဖို့ ဘာသာရေးအတွေ့အကြုံသည် ခဏတာမျှအချိန်အတွင်း သိမြင်လာခဲ့သည့်မဟုတ်ဘဲ ငယ်စဉ် ကလေးဘဝမှ ကွယ်လွန်သည်အထိ ရိုးတွင်းခြင်ဆီတိုင်အောင် စွဲလမ်းနေပြီးသည့်ကိစ္စဖြစ်ပေသည်။ ကျေးရွာတွင် ဘာသာရေးလုပ်ငန်းများကို သာမာန်လုပ်ဆောင်နေခြင်းဖြင့် ရပ်ရွာတွင် လူ့အဆင့် အတန်းတိုးမြှင့်ခံရမည်။ ကျေးရွာများတွင် ဘာသာရေးဆိုင်ရာအလှူအတန်းပြုလုပ်ရခြင်းမှာလည်း စိတ်ကြည်နူးစရာအတိဖြစ်သည်။
နေအိမ်တိုင်းတွင် ဘုရားကျောင်းဆောင်ရှိကြ၍ ဘုရားကျောင်းဆောင်တွင် ဗုဒ္ဓရုပ်ပွားတော် နှင့်ဘုရားပုံတော်များရှိကြသည်။ ရုပ်ပွားတော်၏ ဘေးတစ်ဘက်တစ်ချက်တွင် ပန်းအိုးများ၊ စက္ကူပန်း၊ တံခွန်ကုက္ကားများ ထိုးထားလေ့ရှိကြသည်။ ဖယောင်းတိုင်ဖြင့် ညစဉ်ဘုရားမီးပူဇော်ကြ သည်။ နေ့စဉ်မနက်မိုးသောက်တွင် ချက်ထားသည့်ထမင်းအိုးမှခူးပြီး ဆွမ်းကပ်လေ့ရှိကြသည်။ အသက်အရွယ်ကြီးရင့်သူများသည် ဘုရားကျောင်းဆောင်ရှေ့တွင်ထိုင်ပြီး ပုတီးစိပ်လေ့ရှိကြသည်။ နေအိမ်တွင် ဘုရားရှိခိုးသည့်အခါ တစ်ဦးပြီးမှတစ်ဦး ပြုလုပ်ကြသည်။ တစ်အိမ်သားလုံးသည် ဘုရားရှိခိုးကြသည်။ မနက်ပိုင်းတွင် တင်ထားသည့်ဆွမ်းတော်ကို နေ့လည်ပိုင်းတွင် စွန့်လေ့ရှိကြ သည်။
ကျေးရွာများတွင် ဥပုသ်နေ့များဥ နံနက်မိုးမသောက်မီကပင် ဘုန်းကြီးကျောင်းသို့ အရုဏ် ဆွမ်းပို့လေ့ရှိကြသည်။ ဘုရားတွင်လည်း ဆွမ်းကပ်ကြသည်။
လပြည့်နှင့်လကွယ် ဥပုသ်နေ့များနှင့်တိုက်ဆိုင်သည့် နေ့ထူးနေ့မြတ်ရက်များတွင် ကျောင်း အတွင်း၌ သံဃာတော်များအတွက် ဆွမ်းချက်လေ့ရှိကြသည်။
ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာဒေသများ၌ ငါးရက်တစ်ဈေးဖြင့် ဖွင့်လှစ်ရောင်းချကြ သည်။ ဝါတွင်းကာလ လပြည့်လကွယ်နေ့များနှင့် တိုက်ဆိုင်သည့်ငါးရက်တစ်ဈေးသည် ဈေးနေ့ကို ရှေ့သို့ တစ်ရက်ရွှေ့ပေးရသည်။ ယင်းကဲ့သို့ ရွှေ့ပေးရခြင်းကို ဈေးပျက်သည်ဟု ခေါ်ကြသည်။
ဘာသာရေးကိုင်းရှိုင်းသူများသည် ဥပုသ်နေ့များ၌ ဥပုသ်စောင့်လေ့ရှိကြသည်။ ဥပုသ်စောင့် သည့်အခါ ထမင်းတစ်နပ်သာ စားကြရသည်။ ၂၄- နာရီလုံးလုံး တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားနာခြင်းအမှုများကို ပြုကြသည်။ နောက်နေ့မနက်ရောက်သည့်အခါတွင် ဥပုသ်ထွက်ပြီး နံနက်စာစားကြသည်။ ကျန်နေ့များတွင် ငါးပါးသီလကိုသာ စောင့်ထိန်းတတ်ကြသည်။ အချို့ ဘာသာရေးကိုင်းရှိုင်းသူများသည် ဝါတွင်းသုံးလပတ်လုံး ဘုန်းကြီးကျောင်းတွင် နေထိုင်ပြီး ဥပုသ် ရက်ရှည်စောင့်လေ့ရှိသည်။
ကျေးရွာများတွင် မြန်မာများနည်းတူပင် အတိတ်နိမိတ်ကို ယုံကြည်တတ်ကြသည်။ အိမ် ဆောက်သည့်အခါ လိုက်နာရသည့် အတိတ်နိမိတ်ဆိုး၊ အတိတ်နိမိတ်ကောင်း ကိစ္စများပင်ဖြစ် သည်။ တစ်စုံတစ်ဦးအလုပ်လုပ်ကိုင်နေစဉ် မြွေဖြတ်သွားပါက အလုပ်ဖင့်နွဲ့ကြန့်ကြာခြင်း၊ ပျက်စီး ခြင်း ကြုံရတတ်သည်ဟု ယူဆကြသည်။ ငှက်ဆိုးအော်သံ အချိန်မတော်ခွေးအူသံကြားရသည့်အခါ ကျေးရွာအတွင်းဥ တစ်စုံတစ်ရာအဖျားအနာ၊ အသေအပျောက်ရှိမည်ဟု နိမိတ်ဖတ်ကြသည်။ ခွေး ကနေအိမ်အတွင်းသို့ မသန့်ရှင်းသည့်တစ်စုံတစ်ရာ ကိုက်ချီလာပါက အိမ်ရှင်နာမကျန်း ဖြစ်တတ် သည်ဟုယူဆကြသည်။ ယင်းအတိတ်ဆိုး၊ နိမိတ်ဆိုးများနှင့် ကြုံသည့်အခါဗေဒင်ဆရာထံသို့ သွား၍ယတြာချေလေ့ရှိကြသည်။
ပအိုဝ်းတိုင်းရင်းသားများသည် အလှူဒါနပြုလုပ်ပြီးနောက် ဘုရားကျောင်းကန်များတွင် ခေါင်းလောင်းကြီးများကို ထိုးလေ့ရှိကြသည်။ ယင်းခေါင်းလောင်းထိုးခြင်၏ ရည်ရွယ်ချက်မှာ မိမိပြု သမျှကုသိုလ်ကို နတ် လူ ဗြဟ္မာ သတ္တဝါအပေါင်းတို့အား သာဓုခေါ်စေရန် အသံပေးခြင်းဖြစ်သည်။ ခေါင်းလောင်းထိုးသည့်အခါ သုံးကြိမ်ထိုးကြရသည်။ အဆိုပါခေါင်းလောင်းသံကို ကြားရသည့် သူတိုင်းသည် မိမိကိုယ်တိုင် မလှူမတန်းနိုင်သော်လည်း သာဓုခေါ်ကြခြင်းဖြင့် ကုသိုလ်ကိုညီတူညီ မျှရရှိကြရန်ဖြစ်လေသည်။
မွန်ဂိုလီယန်ဘာသာမိသားစုကြီးတွင် ပါဝင်သည့် တိဗက်တရုတ်အုပ်စုဝင် ဘာသာစကား ဖြစ်သည်။ ဧကဝဏ္ဍတသီးပုဂ္ဂလဘာသာစကား၊ နေရာရွေးဘာသာစကား၊ သံစဉ်အနိမ့်အမြင့်နှစ်ခု ရှိသော ဘာသာစကားအမျိုးအစားဖြစ်သည်။
ပအိုဝ်းဘာသာစကားတွင် ငေါဝ်းတဲက်၊ ငေါဝ်းစော့,၊ ငေါဝ်းကပ်၊ ငေါဝ်းပစိုး၊ ငေါဝ်းငွိုး၊ ငေါဝ်းတလွိုး၊ ငေါဝ်းအိန်ထော၊ ငေါဝ်းတွိုင်,၊ ငေါဝ်းသချင်, ဟူ၍ နေရာအချိန်ခါကိုလိုက်ကာ ပြောဆိုလေ့ရှိကြသည်။
ပအိုဝ်းစာပေအက္ခရာသည် ရှေးဟောင်းအိန္ဒိယပြည် ဗြဟ္မီအက္ခရာမှ ဆင်းသက်လာသည်။ ပလ္လဝ၊ ကဒမ္ဗအဆင့်ဆင့်ပြောင်းလဲပြီးမှ ပုဂံခေတ်မြစေတီကျောက်စာတွင် ပျူအက္ခရာသို့ ဖြစ်လာ သည်။ ပျူစာမှ ပအိုဝ်းစာသို့ပြောင်းလဲသွားသည်။
အေဒီ-၁၈၁၇ ခုနှစ်သို့ရောက်သောအခါ ပအိုဝ်းစာပေအရေးအသားသမိုင်းတွင် ကျော်စော ထင်ရှားသည့် မိုင်းပျိုးခေတ်ဖြစ်သည်။ မိုင်းပျိုးဆရာတော် ဦးကဝိသာရ ပအိုဝ်းစာပေဖြင့်ရေးသား သည့် ဝေဿန္တရာဇာတ်တော်လင်္ကာမှာ မြန်မာသက္ကရာဇ် ၁၁၇၈ ခုနှစ်၊ နတ်တော်လဆန်း(၁၄) ရက်၊ ကြာသပတေးနေ့ ညနေ(၃)နာရီအချိန်တွင် ရေးသားပြီးစီးခဲ့သည်။
၁၃၀၀ ပြည့်နှစ်၊ သာသနာ ၂၄၈၂ တွင် ထီသိမ်ကျောင်းဆရာတော် ဦးသုနန္ဒ(၁၂၆၀-၁၃၁၃) သည် ပအိုဝ်းစာပေမိုင်းပျိုးမှုကို အခြေခံ၍ စကားလုံးတစ်လုံး အသံထွက်တစ်ခုဖြစ်စေရန်အတွက် ရေးသား ဟောပြောရာတွင် လွယ်ကူမှုရှိစေရန်အတွက် ပအိုဝ်းစာမူသစ်ကိုရေးသားပြုစုခဲ့ကြသည်။ ၎င်းရေးသားပြုစုခဲ့သော ပအိုဝ်းစာမူသစ်ကို ၁၃၀၅ ခုနှစ်၊ ဝါတွင်းသုံးလတွင် ညောင်ရွှေစော်ဘွား ၏ ပင့်ဖိတ်ချက်အရ ပိဋကတ်စာပေပြန်ဆို ပို့ချသည့်ပွဲတွင် တက်ရောက်လာကြသော ပအိုဝ်း သံဃာတော်များအား တင်ပြခဲ့ပါသည်။
ထိုအချိန်တွင် ဆရာတော်ဦးသုနန္ဒသည်လည်း သူကိုယ်တိုင်ပြုစုထားသော ပအိုဝ်းစာမူသစ် ကိုတင်ပြရာ ဆရာတော်များအားလုံးကြိုက်နှစ်သက်၍ ၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် ၎င်းပအိုဝ်းသင်ပုန်းကြီးစာမူသစ်အား အတည်ပြုထောက်ခံခဲ့ကြသည်။
အနက်ရောင်သည် ပအိုဝ်းလူမျိုးဝတ်စားဆင်ယင်မှု အဓိကအရောင်ဖြစ်ပြီး ပအိုဝ်း တိုင်းရင်းသားများ၏ ကြိုက်နှစ်သက်သောအရောင်လည်းဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားများသည် အနက်ရောင်ဘောင်းဘီပွနှင့် အနက်ရောင်တိုက်ပုံအင်္ကျီကို ဝတ်ဆင်ကြသည်။ အတွင်းတွင် ရှပ်အင်္ကျီအဖြူရောင်ဝတ်ဆင်လေ့ရှိကြသည်။ ခေါင်းပေါင်းကို ပေါင်းထားပြီး အရောင်မျိုးစုံပေါင်းလေ့ရှိကြသည်။
ဘောင်းဘီမှာ အပွဖြစ်၍ ခါး၌ အဝကျယ်သည်။ ဘောင်းဘီဝတ်သည့်အခါ ခါးစည်းကြိုးကို အသုံးပြုရသည်။ ခါးရှိအစနှစ်စကို တစ်ခုအပေါ်တစ်ခုထပ်လျက်မှ ခါးကြိုးစည်းလိုက်သည့်အခါ ခါးပုံစံပေါ်လာသည်။ ယင်းခါးပုံစံကိုလိုက်၍ ခါးစည်းကြိုးအပေါ်မှအုပ်ပြီး အတွင်းသို့ ပြန်ခေါက် သွင်းလိုက်သည်။ ထိုအခါ ဗိုက်သားနှင့်ဖိကပ်သွားပြီး ဘောင်းဘီမြဲသွားသည်။ ပိုက်ဆံအိတ် (သို့မဟုတ်) အခြားပစ္စည်းအသေးအဖွဲ့များ ထည့်ရန်အတွက် ဘောင်းဘီခါးပုံစုံနေရာတွင် လေးလက်မခန့်အိတ်ကပ်ထားရှိတတ်ကြသည်။ အများအားဖြင့် ခါးပတ်ပတ်လေ့ မရှိကြချေ။ အမျိုးသားတိုင်း ခေါင်းစည်းဆောင်းလေ့ရှိသည်။ ယင်းခေါင်းစည်းကို ၎င်းတို့၏ ခေါင်းထိပ်ပေါ်ရှိ ဆံထိုးကိုရံလျက် ခေါင်းတွင် ပတ်ထိုးလေ့ရှိသည်။ ခေါင်းစည်းအဝတ်မှာ ဂျပန်၊ အန္ဒိယဖြစ် တဘက် သော်လည်းကောင်း၊ တရုတ်ပြည်ဖြစ် လေးကိုက်မှ ကိုးကိုက်အထိ ရှည်သည့်ပိုးထည်ဝါကို လည်းကောင်း အသုံးပြုကြသည်။
ယခုခေတ်တွင်မူ ဆံထုံးမရှိကြတော့ဘဲ ဘိုကေဆံပင်သာရှိကြပြီး မျက်နှာသုတ်ပဝါရောင်စုံ သဘက်များတို့ဖြင့် ခေါင်းပေါင်းထားကြသည်။ ရှေးယခင်က ဘောင်းဘီခါးပုံစုံရာတွင် လေးလက်မ ခန့်အိတ်ကပ်ထားတတ်သော်လည်း ယခုအခါမရှိတော့ပေ။ ပိုက်ဆံအိတ်ပစ္စည်းအသေးအဖွဲ့များ ထည့်ရန် လွယ်အိတ်ကို သုံးစွဲကြသည်။ လူကြီးပိုင်းနှင့် လူလတ်ပိုင်းအမျိုးသားများတွင် တိုက်ပုံ သည် မဝတ်မဖြစ်ပစ္စည်းမဟုတ်ယဲ ဘောင်းဘီနှင့်ခေါင်းပေါင်းသည်သာ အဓိကဖြစ်သည်။ မည်မျှ ခေတ်မီသည့်သူဖြစ်စေကာမူ ဘောင်းဘီကိုမလွဲမသွေဝတ်ဆင်ကြသည်။
ယခုခေတ်ပအိုဝ်းအမျိုးသားဝတ်စုံမှာ ဘောင်းဘီ၊ စွပ်ကျယ်၊ ရှပ်အင်္ကျီ၊ တိုက်ပုံနှင့် ခေါင်းပေါင်းတို့ဖြစ်ပြီး လွယ်အိတ်တစ်လုံး လွယ်ထားလေ့ရှိသည်။
ပအိုဝ်းအမျိုးသမီးများ၏ဝတ်စုံမှာ ခပ်ကျယ်ကျယ်ပွပွ သင်တိုင်းဖြစ်သည်။ ၎င်းတွင် လည်ပင်းပတ်လည်ရှေ့နောက် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်ယက်ထားသည့် အနက်ရောင်သင် တိုင်းဖြစ်သည်။ လက်မောင်းပေါက်အဝကျယ်နှစ်ဘက်ပါရှိသည်။ ကိုယ်အောက်ပိုင်းတွင် ဂါဝန်ပုံစံ လုံးပတ်ကျယ်ကျယ်လှုပ်ရှားရလွယ်ကူသည့် “နီ,”ခေါ် ခါးဝတ်လုံချည်ကို အသုံးပြုဝတ်ကြသည်။ အရှည်မှာ ဒူးဆစ်ကျော်ရုံအထိသာရှိပြီး ယခုအခါ ခြေသလုံးအထိ ဝတ်ဆင်လာကြသည်။ ယင်းခါး အဝတ်ကို ဝတ်ဆင်ရာတွင် ခါးတွင် ခေါက်ချိုးစဉ် လမ်းလျှောက်ရာ၌ ဒူးများတုတ်ဆိုင်း မနေစေရန် ဂရုပြုဝတ်ဆင်ရသည်။
ခြေထောက်စည်း(ခေါ်)ခြေပတ်ကို ခြေသလုံးပတ်လည်တွင် ပတ်ထားပြီး ဒူးဆစ်အောက်ရှိ ခြေသလုံးအရင်းတွင် အဝတ်ကြိုးဖြင့်စည်းထားကြသည်။ ရှေးယခင်က ခါးဝတ်လုံချည်ကို ဒူးဆစ် အထိဝတ်ဆင်ပြီး ခြေပတ်ကိုစည်းသောနေရာတွင် ဘော်ကွင်းများဖြင့် စည်းထားလေ့ရှိသည်။
အပြင်ဘက်အိတ်ကပ်တွင် အရေးပေါ်သုံးစွဲသော ပစ္စည်းအသေးအဖွဲ့များထည့်တတ်ပြီး အတွင်းအိတ်ကပ်တွင် အရေးကြီးသော ပစ္စည်းများ၊ ပိုက်ဆံများထည့်လေ့ရှိသည်။ ပအိုဝ်းအမျိုး သမီးများ၏ ဝတ်စုံသည် တစ်ကိုယ်လုံးအနက်ရောင်တစ်မျိုးတည်းသာဖြစ်ပြီး သင်တိုင်းခေါ် အပေါ် ဝတ်စုံတစ်ခုတည်းသာ ဘေးနှစ်ဘက်ကို ချည်ဖြင့် လက်ချုပ်ချုပ်၍ အလှဆင်ထားလေ့ရှိသည်။ ၎င်း လက်ချုပ်ချည်သည် တစ်လက်မတွင် အနီရောင်ချည်ဖြစ်ပြီး တစ်လက်မတွင် ချည်အပြာရောင်ဖြင့် ချုပ်ထားသည်။ ၎င်းသည်အမိနဂါးမ၏ အကြေးခွံသဏ္ဍာန်အမှတ်အသားသဖွယ် ဖြစ်နေသည်ကို တွေ့ရပါသည်။ ပအိုဝ်းအမျိုးသမီးများသည် ဆံပင်ကို ခေါင်းအထက်စုစည်းပြီး ဆံထုံးထားလေ့ရှိ သည်။ ရှေးယခင်က ၎င်းဆံထုံးကို ခေါင်းဘီးဖြင့်ပတ်၍ ထိုးလေ့ရှိသည်။ ၎င်းဆံထိုးကို ခေါင်းဆောင်းခေါ် တဘက်ဖြင့် ပတ်ထားလေ့ရှိသည်။ ရှေးယခင်က သိုးမွေးချည်ပိုးချည်ဖြင့် ယက် လုပ်ထားသော တဘက်များဖြင့် ပေါင်းထားလေ့ရှိသည်။ နောက်ပိုင်းတွင် တရုတ်၊ ထိုင်းမှလာသော ပုဝါများဖြင့်ပေါင်းထားလေ့ရှိသည်။ ပွဲလမ်းသဘင်သွားသောအခါ ဆံထုံးပေါ်တွင် ရွှေဆံထိုးဖြင့် ထိုး၍ အလှဆင်လေ့ရှိသည်။ ရွှေဆံထိုးပေါ်တွင် စေတီပုံစံရွှေဆံထိုးအချွန်(ကတူးဆဲ့,ဈူ)နှင့် ထပ်တစ်ရာပန်းပုံစံ ရွှေဆံထိုးအဝိုင်း(ကတူးဆဲ့,ပဒတ်)ကို ထိုးလေ့ရှိသည်။ စေတီပုံသဏ္ဍာန်ဆံထိုး အချွန်သည် နဂါးမ၏ အမောက်ကို ကိုယ်စားပြု၍ ရွှေဆံထိုးအဝိုင်းက မိခင်နဂါးမ၏ မျက်လုံးကို ကိုယ်စားပြုပါသည်။ ရွှေဆံထိုးပြုလုပ်ထားသော ပအိုဝ်းလူမျိုး ပန်းထိမ်လက်ရာသည် အနုစိပ်လှ သည်။ အမိနဂါးမကို ကိုယ်စားပြုဝတ်ဆင်သော ပအိုဝ်းအမျိုးသမီးတစ်ဦး၏ ဝတ်စားဆင်ယင်မှု တွင်
- သင်တိုင်းခေါ် အတွင်းအင်္ကျီ(ဆဲင်,လို,မူး)
- အပေါ်အင်္ကျီ (ဆဲင်,လို,ခို)
- လုံချည်(နီး)
- ခြေပတ်(ခင်းပြွမ်)
- ပေါင်းပုဝါ(ဖောက်ဝါး)
- ရွှေဆံထိုးအချွန်(ကတူးဆဲ့,ဈူ)
- ရွှေဆံထိုးအဝိုင်း(ကတူးဆဲ့,ပဒတ်)တို့ဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာစတင်ထွန်းကားရာ သုဝဏ္ဏဘူမိသထုံပြည်မှ ရှမ်းကုန်းပြင်မြင့်သို့ရောက်ရှိလာပြီး ဗုဒ္ဓဘာသာမျိုးစေ့ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ ကြသည်။ ပအိုဝ်းအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ အနည်းငယ်မျှသာ ခရစ်ယာန်ဘာသာ...
ဆက်လက်ဖတ်ရှု့ရန်ပအိုဝ်းတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာစတင်ထွန်းကားရာ သုဝဏ္ဏဘူမိသထုံပြည်မှ ရှမ်းကုန်းပြင်မြင့်သို့ရောက်ရှိလာပြီး ဗုဒ္ဓဘာသာမျိုးစေ့ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ ကြသည်။ ပအိုဝ်းအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ အနည်းငယ်မျှသာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ ကြီးကျယ်ခန်းနားသော ဘုန်းတော်ကြီးကျောင်းများကို ကျေးရွာတိုင်းတွင် တွေ့ရသည်။ ဘုရား၊ ကျောင်းကန်၊ ဇရပ်စသော သာသနာရေးဆိုင်ရာ အဆောက်အအုံများကို မိမိချွေးနည်းစာလုပ်အားခမှ စုဆောင်းထားသော ငွေကြေးများဖြင့် ဆောက်လုပ်လှူဒါန်းကြသည်။
ပအိုဝ်းရွာတိုင်းတွင် ရွှေရောင်တဝင်းဝင်းရှိသော ဘုန်းတော်ကြီးကျောင်းများကို ခမ်းနားစွာ တွေ့မြင်ရသည်။ စေတီဘုရားပုထိုးများလည်း တင့်တယ်စွာဖူးတွေ့ရသည်။ အခါကြီးရက်ကြီး၊ လပြည့်လကွယ်၊ ဝါတွင်းသုံးလ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်အခါသမယများတွင် ဘုန်းတော်ကြီးကျောင်းနှင့်ဇရပ်များ၌ သီတင်းသီလဆောက်တည်သူများ ပြည့်ကျပ်၍နေပါသည်။ ရဟန်းသံဃာဘုန်းတော်ကြီးများကို အထူးကြည်ညိုလေးစားကြသော တရားတော်များကို လေးစားစွာနာယူသည့်အပြင် ဗုဒ္ဓဝေယျာစ္စ၊ သံဃာ့ဝေယျာဝစ္စများကို အထူးကျေပွန်တတ်ကြသည်။
ပအိုဝ်းအိမ်တိုင်းတွင် ဘုရားကျောင်းကို တရိုတသေပြင်ဆင်ထားကြသည်။ နေ့စဉ်နံနက် တိုင်း ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူဒါန်းကြသည်။ လယ်ယာလုပ်ငန်းခွင်မဝင်မီ ဘုရားဝတ်ပြုကြ သည်။ အိမ်လယ်လာသော ဧည့်သည်များသည် အိမ်ပေါ်ရောက်သည်နှင့် ဘုရားကိုဦးစွာ ဝတ်ပြုပြီး မှသာလျှင် လာရင်းကိစ္စကို ဆွေးနွေးတိုင်ပင်လေ့ရှိသည်။ ပအိုဝ်းတိုင်းရင်းသားများသည် အခြား ဘုန်းရှင်၊ တန်ခိုးရှင်များကို ယုံကြည်ကိုးကွယ်သည့်အလေ့မရှိ။ ဗုဒ္ဓဘုရားရှင်ကိုသာလျှင် အလေး ထားကိုးကွယ်ကိုင်းရှိုင်းတတ်ကြသည်။ ဘုရားဟောဒေသနာတော်များကို လိုက်နာကျင့်သုံးကြ သည်။
မိမိ၏စီးပွားရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် လယ်ယာလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း ဘာသာရေးကို ပစ်ပယ်ထားခြင်းဖြင့် အကျိုးကျေးဇူးများ ဆုတ် ယုတ်သွားနိုင်သည်ဟု ယုံကြည်ကြသည်။ ကျေးရွာရှိရွာသားတိုင်း ဘာသာရေးကို ရိုသေကိုင်း ရှိုင်းသူများဖြစ်ကြပြီး၊ ဘာသာအယူဝါဒအပေါ် တိမ်းစောင်းသွေဖီစေသည့် အတွေးအခေါ် အယူ အဆမျိုးကို လုံးဝလက်မခံကြပေ။ ဗုဒ္ဓသားအဖြစ်ခံယူသည့် ရှင်ပြုရဟန်းခံပွဲ၊ ဝါကျွတ်ပွဲ၊ သင်္ကြန်ပွဲများနှင့် အခြားဗုဒ္ဓကို ရည်စူးသည့်ပွဲများလည်း ကျင်းပလေ့ရှိကြသည်။
ဒါနကိုသိုလ်ပြုခြင်းဖြင့် နိဗ္ဗာန်သို့ရောက်ရန် အထောက်အကူပြုသည်ဟူသော တရားတော် နှင့် ပင်ကိုယ်စေတနာ သဒ္ဓါတရားရှိသူများဖြစ်ကြသည်နှင့်အညီ အလှူအတန်း၊ အပေးအကမ်း၊ အကျွေးအမွေး ရက်ရောကြသည်။ ထို့ကြောင့် “တစ်မူးရလို့တပဲလှူ၊တို့ရှမ်းတောင်သူတူနိုင်ရိုးလား” ဟူသော စာများပင်ဖွဲ့ဆိုခဲ့ကြလေသည်။
ပအိုဝ်းတိုင်းရင်းသားများသည် နိုင်ငံရေး၊ အုပ်ချုပ်ရေးများထက် မိမိ၏ဝမ်းစာရေးကိုပို၍ ဦးစားပေးကြသည်။ ဥပဒေဘောင်အတွင်းတွင်သာ အေးချမ်းစွာနေထိုင်လုပ်ကိုင်လိုကြသည်။ မကောင်းမှုဒုစရိုက်များကို လူမကြိုက်၊ နတ်မကြိုက်၊ ဘုရားမကြိုက်၍ အလွန်ရွံမုန်းကြသည်။ ရှေးပဒေသရာဇ်ခ...
ဆက်လက်ဖတ်ရှု့ရန်ပအိုဝ်းတိုင်းရင်းသားများသည် နိုင်ငံရေး၊ အုပ်ချုပ်ရေးများထက် မိမိ၏ဝမ်းစာရေးကိုပို၍ ဦးစားပေးကြသည်။ ဥပဒေဘောင်အတွင်းတွင်သာ အေးချမ်းစွာနေထိုင်လုပ်ကိုင်လိုကြသည်။ မကောင်းမှုဒုစရိုက်များကို လူမကြိုက်၊ နတ်မကြိုက်၊ ဘုရားမကြိုက်၍ အလွန်ရွံမုန်းကြသည်။ ရှေးပဒေသရာဇ်ခေတ်တွင် ဟိုပုံးနယ်နှင့် ဆီဆိုင်နယ်စော်ဘွားများသည် ပအိုဝ်းလူမျိုးစော်ဘွားများ ဖြစ်ကြသည်။ စော်ဘွားရုံးများတွင် ကျမိုင်း၊ အမတ်ချုပ်၊ တရားရေးအမတ်၊ ရာဇဝတ်အမတ်၊ အခွန် တော်အမတ်၊ တိုက်သူကြီး၊ ဟိန်ထမုံနှင့် ကျော့ဟူ၍ အဆင့်ဆင့်အုပ်ချုပ်ခဲ့ကြသည်။
အစိုးရမှ လက်လှမ်းမမီသော ကျေးရွာများတွင် ရွာသမာဓိလူကြီး၊ ရွာသူကြီးများ၏ ဩဝါဒ ကိုနာခံကြသည်။ သာမန်ပြစ်မှုများကို ရွာအကြီးအကဲ၏ အဆုံးအဖြတ်ဖြင့်သာ ဆုံးဖြတ်ကြသည်။ ပအိုဝ်းဒေသတွင် ဖြစ်ပွားလေ့ရှိသော လူမှုထုံးတမ်းစော်ကားမှု၊ ဖောက်ဖျက်မှုများတွင် ရွာသူကြီး များသည် အပြစ်ပေးရန်ထက် ပြုပြင်ရန်သာ အားသန်ကြသည်။ ပြစ်မှုကျူးလွန်သူကို ဆိုဆုံးမခြင်း၊ လျော်ကြေးပေးခြင်းနှင့်အပြင်းထန်ဆုံးပြစ်ဒဏ်မှာ ကျေးရွာမှ နှင်ထုတ်ခြင်းများသာလျှင် ကျင့်သုံး ကြသည်။ အစိုးရနှင့် သက်ဆိုင်သည့် ပြစ်မှုများဖြစ်လျှင် သက်ဆိုင်ရာ အစိုးရဌာနများသို့သာ ပို့ဆောင်ကာ နိုင်ငံတော်တရားဥပဒေအတိုင်း ဆုံးဖြတ်စေကြသည်။ ၁၉၅၀-ခုနှစ် စော်ဘွားများ အာဏာစွန့်ပြီး နောက် အုပ်ချုပ်ရေးစနစ်များကို မြန်မာပြည်မကဲ့သို့ မြို့ပိုင်၊ တိုက်သူကြီး၊ ရွာခေါင်း၊ ဆယ်အိမ်မှူးတို့ ဖြင့် အုပ်ချုပ်ခဲ့ကြသည်။
ယခုအခါ၌မူ ပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်သည့်ဒေသများတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်၏ အလံအောက်တွင် ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသ၊ မိမိတို့ ကျေးရွာများကို မိမိတို့ကိုယ်တိုင်အုပ်ချုပ်နေကြသည်။ ထိုသို့ အုပ်ချုပ်နိုင်စေသော အဖွဲ့အစည်းများ ကိုဖွဲ့စည်းရာတွင် ရှေးဦးစွာ ရပ်ရွာတစ်ခုလုံးအတွက် အတွေ့အကြုံကြွယ်ဝသော ရှေ့မီနောက်မီ ပုဂ္ဂိုလ်များကို သမာဓိလူကြီးများအဖြစ် ရွေးချယ်ထားရှိကြသည်။ ထိုသမာဓိလူကြီးအဖွဲ့ထဲမှ “ဖြားဒုံ” ခေါ် ရွာသူကြီးကို ရွေးချယ်ကြသည်။ အချို့ဒေသများတွင် သမာဓိ လူကြီးအဖွဲ့ဝင်များက “ဖြားဒုံ”ခေါ် ရွာသူကြီးတာဝန်ကို အလှည့်ကျစနစ်ဖြင့် ထမ်းဆောင်ကြသည်။ ရွာသူကြီးသည် သမာဓိလူကြီးအဖွဲ့ ဝင်များကို တိုင်ပင်ဆွေးနွေးပြီးမှသာ ရပ်ရွာ၏ လူမှုရေးဘာသာရေး၊ သာသနာ ရေး၊ သာရေးနာရေး၊ တရားစီရင်ရေးကိစ္စတို့ကို ဆောင်ရွက်လေ့ရှိသည်။ ထိုရွာလူကြီး လက်အောက်တွင် ရွာလူငယ် ခေါင်းဆောင်၊ ကျောင်းကော်မတီ၊ စာရေးဘဏ္ဍာထိန်း၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ကာလသား- ခေါင်းဆောင်တို့ကို ထားရှိကြသည်။
ထို့တွင် ရွာဆော်သည် ရပ်ရွာအတွက် အစည်းအဝေးကျင်းပရန်နှင့် သာရေး၊နာရေးကိစ္စ ဆောင်ရွက်ရန်ရှိသောအခါ ရွာသူရွာသားများသည် အသိပေးနှိုးဆော်ရသည်။ ကျောင်းကော်မတီက စာသင်ကျောင်းကိုကြည့်ရှုစစ်ဆေးရသည်။ ရာအိမ်မှူးက ဆယ်အိမ်မှူးကို ကွပ်ကြရသည်။ ဆယ်အိမ် မှူးက မိမိတာဝန်ကျရာ အိမ်များကို ကြည့်ရှုစစ်ဆေးရသည်။ လူငယ်ခေါင်းဆောင်က အသက် ၄၅ နှစ်အောက်လူငယ်များကို တာဝန်ခံရသည်။ သမာဓိလူကြီးအဖွဲ့ဝင်မဟုတ်သော အသက် ၄၅ နှစ်အထက် ပုဂ္ဂိုလ်များကို ရွာသူကြီးကတိုက်ရိုက်တာဝန်ခံရသည်။ ရွာသူကြီး နှင့်သမာဓိလူကြီးများက လိုအပ်လျှင်လိုအပ်သလို သက်ဆိုင်ရာတာဝန်က အာဏာပိုင်အရာရှိများ နှင့်ဆွေးနွေးပြီး အကူအညီယူရသည်။ ကာလသားခေါင်းဆောင်က အပျိုလူပျိုများကို ဦးဆောင်ရ သည်။ စာရေးက သာရေး၊ နာရေး ကိစ္စများအတွက် ဆောင်ရွက်ရမည့် အစီအစဉ်ကို ရေးမှတ်ပေးရ သည်။
ပအိုဝ်းလူမျိုးယဉ်ကျေးမှုသည် အခြားလူမျိုးများ၏ယဉ်ကျေးမှုများနှင့် ရောပြွမ်းသင့်သ လောက် ရောပြွမ်း၍နေပါသည်။ သုဝဏ္ဏဘူမိသထုံပြည်မှ ဗုဒ္ဓအယူဝါဒကို လက်ခံခဲ့ကြသဖြင့် ဗုဒ္ဓ ဘာသာယဉ်ကျေးမှုအပေါ်တွင် အခြေခံပြုထားပါသည်။ ပအိုဝ်းဒေသကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင...
ဆက်လက်ဖတ်ရှု့ရန်ပအိုဝ်းလူမျိုးယဉ်ကျေးမှုသည် အခြားလူမျိုးများ၏ယဉ်ကျေးမှုများနှင့် ရောပြွမ်းသင့်သ လောက် ရောပြွမ်း၍နေပါသည်။ သုဝဏ္ဏဘူမိသထုံပြည်မှ ဗုဒ္ဓအယူဝါဒကို လက်ခံခဲ့ကြသဖြင့် ဗုဒ္ဓ ဘာသာယဉ်ကျေးမှုအပေါ်တွင် အခြေခံပြုထားပါသည်။ ပအိုဝ်းဒေသကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများ၊ လပြည့်လကွယ်နေ့ကြီးရက်ကြီးများ၊ ဗုဒ္ဓနှင့်ပတ်သက်သော အလှူဒါနပွဲများသည် ပအိုဝ်းအမျိုးသားများ၏ ယဉ်ကျေးမှုလက္ခဏာများပင်ဖြစ်သည်။
ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှုအကြောင်းများဖြစ်ကြသည့် သွင်ပြင် လက္ခဏာများ၊ စိတ်နေသဘောထားများ၊ ဝတ်စားဆင်ယင်မှုများ၊ ဘာသာရေးကိုးကွယ်ယုံကြည် မှုများ၊ ကျေးရွာတည်ဆောက်မှုများ၊ ပညာသင်ကြားခြင်း၊ ရှင်ပြုပွဲ၊ အပျိုလူပျိုဘဝ၊ မင်္ဂလာ လက်ထပ်ပွဲ၊ အစားအစာနှင့်အခြားပအိုဝ်းအမျိုးသားယဉ်ကျေးမှုရိုးရာများတို့သည် ပအိုဝ်း တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုလက္ခဏာပင်ဖြစ်လေသည်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးများတွင် မိမိတို့ပတ်ဝန်းကျင်အတွေ့အကြုံ၊ အဖြစ်အပျက် အတိတ် နိမိတ်များကို အခြေခံ၍ရှောင်ရန် ဆောင်ရန်များကို ဓလေ့ထုံးစံအဖြစ်ဆက်လက်ခံယူ ကျင့်သုံးလျက် ရှိကြသည်။ ထိုသို့ဓလေ့ထုံးစံအရ ခံယူကျင့်သုံးရာတွင် မိမိတို့ ကျင့်သုံးသကဲ့သို့ တစ်ထ...
ဆက်လက်ဖတ်ရှု့ရန်ပအိုဝ်းတိုင်းရင်းသားလူမျိုးများတွင် မိမိတို့ပတ်ဝန်းကျင်အတွေ့အကြုံ၊ အဖြစ်အပျက် အတိတ် နိမိတ်များကို အခြေခံ၍ရှောင်ရန် ဆောင်ရန်များကို ဓလေ့ထုံးစံအဖြစ်ဆက်လက်ခံယူ ကျင့်သုံးလျက် ရှိကြသည်။ ထိုသို့ဓလေ့ထုံးစံအရ ခံယူကျင့်သုံးရာတွင် မိမိတို့ ကျင့်သုံးသကဲ့သို့ တစ်ထစ်ချဖြစ်ရမည် ဟုမဆိုလိုပေ။ ရှေးမိဘဘိုးဘွားလက်ထက်က ဖြစ်ပျက်တွေ့ကြုံခဲ့ဖူး၍ သားစဉ်မြေးဆက်တွင် ဆောင်ရန်ရှောင်ရန်အဖြစ် ဆက်လက်ကျင့်သုံးလေ့ရှိကြသည်။ ပအိုဝ်းလူမျိုး တို့တွင် မိမိတို့ပတ်ဝန်းကျင် အတွေ့အကြုံအဖြစ်အပျက် အတိတ်နိမိတ်များကို အခြေခံ၍ ရှေး ဘိုးဘွားလက်ထက်က ရှောင်သင့် ဆောင်သင့်သည်များကို နောင်လာနောက်သားတို့က ဓလေ့ထုံးစံ အဖြစ် ဆက်လက်ခံယူကာ ဆောင် သင့်သည်ကိုဆောင်၍ ရှောင်သင့်သည်ကိုရှောင်ခဲ့ကြသည်။
ရွာအတွင်းသို့ခေ(ဂျီ)ဝင်လျှင် ရွာသားများစုပေါင်း၍ စေတနာသဒ္ဓါတတ်အားသမျှ ထည့်ဝင် ကာ ဆွမ်းကျွေးကြသည်။ အများအားဖြင့် ရွာအလယ်တွင်ရှိသော အိမ်တွင် ဆွမ်းကျွေးလေ့ရှိကြ သည်။ ဆွမ်းကျွေးပြီးလျှင် သံဃာတော်များက ပရိတ်ရွတ်ဖတ်သရဇ္ဈယ်ပေးသည်။ ရွာ၏အရပ်လေး မျက်နှာတွင်လည်း ပရိတ်ရွတ်ဖတ် သရဇ္ဈယ်ပေးသည်။ ဤသို့ပရိတ်ရွတ်ဖတ်သရဇ္ဈယ်ပြီးလျှင် တူမီးသေနတ် ဖြင့် ပစ်ဖောက်ကြသည်။ သေနတ်ပစ်ဖောက်ရခြင်းမှာ မကောင်းသောအန္တရာယ်များ ပပျောက်သွား စေရန်ဖြစ်သည်။ ရွာတွင်းသို့ ချေဝင်လျှင် တစ်အိမ်နှင့်တစ်အိမ်အချင်းများ၍ ရွာကွဲခဲ့ ဖူးသည်ဟုဆိုသည်။ ခရီးသွားရင်းချေသတ္တဝါသည် မိမိတို့ရှေ့တွင် ဖြတ်သွားလျှင်ဖြစ်စေ သစ်ပင် လဲကျလာလျှင် ဖြစ်စေ လာဘ်မကောင်းသည့်အပြင် အတားအဆီးအနှောင့်အယှက်ဖြစ်စေသည်။ ခရီးသွားလာနေရင်း မြွေကိုတွေ့လျှင်ကောင်း၏။ ခရီးသွားလာရင်း မင်္ဂလာဆောင်သတို့သား သတို့သမီးတွေ့လျှင် မကောင်း။ ခရီးသွားရင်း မိန်းမမီးဖွားသည်ကို တွေ့လျှင်ကောင်း၏။ ရွာဝန်းကျင် ကျီးကန်းအော်လျှင် မကောာင်း။ ဧည့်သည်ကို မှိုဟင်းဖြစ်စေ၊ အမဲလိုက်၍ရသော ချေ၊ ယုန် စသည့် တောကောင်သတ္တဝါ များ၏ အသားဟင်းကိုဖြစ်စေ မကျွေးကောင်း၊ ကျွေးလျှင် ထိုဧည့်သည်နောက်တစ်ကြိမ် မလာတတ်၊ အကယ်၍ ဧည့်သည်ကိုကျွေးလိုလျှင် ထိုဧည့်သည်ထံမှ ငွေတစ်မတ်ဖြစ်စေ ငါးမူးဖြစ်စေ တောင်းရ သည်။ ဧည့်သည်က ဝယ်စားသည့်သဘောဖြစ်သည်။ ထိုသို့ပြုလုပ်ပါက ဧည့်သည်နောက်တစ်ကြိမ် ပြန်လာသည်ဟုယူဆကြသည်။ ရွာပတ်ဝန်းကျင်တွင် ကျားဟိန်းသံကြားပါက ဆူပူမှုဖြစ်တတ်သည်။ သို့သော် အချိန်ကြာမြင့်စွာ ဟိန်းပါ ရောဂါကင်း သည်ဟုယူဆကြသည်။
တောဝက်များ ရွာတွင်းသို့ဝင်လာလျှင် မကောင်း။ ကျီး၊ ငှက်စသည်တို့ ကိုယ်ခန္ဓာပေါ်သို့ လာနားခြင်း၊ ထိပ်ပေါ်သို့ အညစ်အကြေးစွန့်ခြင်းနှင့် တွေ့ကြုံလျှင်မကောင်း။ အန္တရာယ်နှင့် တွေ့ကြုံရ တတ်သည်။ အသက်ပါဆုံးရှုံးတတ်သည်။ အနောက်မြောက်အရပ်တွင် ကျီးသာလျှင် မကြားဖူးသော...
ဆက်လက်ဖတ်ရှု့ရန်တောဝက်များ ရွာတွင်းသို့ဝင်လာလျှင် မကောင်း။ ကျီး၊ ငှက်စသည်တို့ ကိုယ်ခန္ဓာပေါ်သို့ လာနားခြင်း၊ ထိပ်ပေါ်သို့ အညစ်အကြေးစွန့်ခြင်းနှင့် တွေ့ကြုံလျှင်မကောင်း။ အန္တရာယ်နှင့် တွေ့ကြုံရ တတ်သည်။ အသက်ပါဆုံးရှုံးတတ်သည်။ အနောက်မြောက်အရပ်တွင် ကျီးသာလျှင် မကြားဖူးသော ထူးဆန်းသော စကားကိုကြားရတတ်သည်။ တောင်အရပ်တွင် ကျီးသာလျှင် ကောင်းသောအကြံအဉာဏ်ရတတ်၏။ သို့သော် လူကြီးအကြီးအကဲဆုံးရှုံးတတ်၏။ ခရီးသွားစဉ် ခလုတ်တိုက်မိလျှင် ဘေးရန်မကင်း ဖြစ်တတ်သည်။ လက်ျာဘက်မျက်ခုံးလှုပ်လျှင် နိမိတ်ကောင်း သည်။ အောက်ဘက် မျက်ခမ်းလှုပ်လျှင် မကောင်း၊ အထက်ဘက်မျက်ခုံးလှုပ်လျှင် ကောင်းသည်။ နားပူခြင်း၊ အစား အသောက်စားစဉ် လျှာကိုက်မိခြင်းဖြစ်ပါက တစ်ပါးသူမိမိအကြောင်းကိုပြော သည်။ မိမိထက်ကြီးသောသူအပေါ်သို့ ကျော်၍ပစ္စည်းပေးပါက ရိုင်းပျသည်ဟုယူဆ၍ ရှောင်ကြ သည်။ အိမ်ရှင်မများသည် ခင်ပွန်းသည် ခရီးသွားပါက ခင်ပွန်းကောင်း၏ အိပ်ရာကိုမည်သူမျှ မသုံးစေဘဲ သန့်ရှင်းသပ်ရပ် စွာထားကြသည်။ ခင်ပွန်းသည်ကို လေးစားအားထားသည့်သဘောပင် ဖြစ်သည်။ အိမ်ရှင်မများသည် ခင်ပွန်းသည်ခရီးသွားလျှင် ပန်း၊ ရေချမ်း၊ ဆီမီး၊ အထူးတလည် ကပ်လှူပူဇော်ကြသည်၊ ဘေးကင်း ရန်ရှင်းစေရန်ပင်ဖြစ်၏။ မီးခြစ်ဆံတစ်ဆံကို လူသုံးယောက် မီးမညှိကောင်း၊ ညှိပါက နောက်မှရန်သူ လိုက်လာလျှင် အချိန်ဖင့်နွဲ့ပြီး ရန်သူလိုက်မီမှာစိုးသော ကြောင့်ဖြစ်သည်။ ရွာဘေးတွင်မြေကွဲ၊ မြေအက်ပါက ရွာကွဲတတ်သည်။ ပဒူ(ပျားတစ်မျိုး)လူပေါ် နားပါက လူသေတတ်သည်။ မသေလျှင် ဆင်းရဲတတ်သည်။ တောင်ပြိုပါက မကောင်း။ ရွာထိပ် တွင် တောင်ပြိုပါက ရွာသူကြီးကို ထိခိုက်တတ်သည်။
ရှမ်းပြည်နယ်ရှိ အာခါလူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းများ
အာခါတိုင်းရင်းသားလူမျိုးစုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် မြန်မာနိုင်ငံ အတွင်း ဝင်ရောက်အခြေချနေထိုင်လာခဲ့ကြသော တိုင်းရင်းသားလူမျိုးစုဖြစ်သည်။
နေထိုင်ရာဒေသများ
အာခါတိုင်းရင်းသားလူမျိုးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနှံ့အပြား၌ နေထိုင်ကြ ပြီး အဓိကနှင့် အများဆုံးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၌ နေထိုင်ကြပါသည်။
သွင်ပြင်လက္ခဏာများ
အာခါတိုင်းရင်းသားလူမျိုးစုတို့သည် စုပေါင်းနေထိုင်လုပ်ကိုင်ကြပြီး လယ်ယာလုပ်ငန်း၊ နှစ်တို၊ နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူခြင်းစသည်တို့ လုပ်ကိုင်စားသောက်ကြသော ရိုးသားအေးချမ်းစွာ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကာ နေထိုင်ကြသည့် လူမျိုးစုဖြစ်သည်။
ရိုးရာဓလေ့ထုံးစံများ
အာခါတိုင်းရင်းသားလူမျိုးစုတို့၌ ရာသီအလိုက်သော်လည်းကောင်း၊ အချိန်ကာလအလိုက် သော်လည်းကောင်း၊ နေရာဒေသအလိုက်သော်လည်းကောင်း ပြုမူကျင့်သုံးကြသည့် ရိုးရာဓလေ့ ထုံးစံများစွာ ရှိပါသည်။
ထိုသို့ ရိုးရာဓလေ့ထုံးစံများစွာရှိသည့်အနက်မှ အောက်ပါပွဲတော်(၃)ခုသည် အာခါတိုင်းရင်း သားလူမျိုးစုအတွက် အလွန်အရေးကြီးသော ရိုးရာပွဲတော်(၃)ခုဖြစ်ပါသည်။
(၁) “ခွမ်ဆျှုဝ်ခွမ်မီး”ဟု အာခါဘာသာဖြင့်ခေါ်သည့် ပွဲတော်သည် ဧပြီလ၌ ကျင်းပလေ့ရှိပြီး ကမ္ဘာမြေကြီးပြန်လည်သစ်လွင်လာခြင်း သစ်ပင်ပန်းမာန်များ ပွင့်လန်းလာခြင်းတို့ကို ရည်ရွယ်၍ ကျင်းပလေ့ပြုလုပ်ခြင်းဖြစ်သည်။
(၂) “လှာချိုဝ်ဘီအိုဝ်”ဒါန်းစီးပွဲတော်ဖြစ်ပြီး ရပ်တိုင်းရွာတိုင်း၌ ပြုလုပ်ကြကာ သစ်သီးဝံလာ များ ဆန်ရေစပါးများစသည့် ပေါ်ဦးပေါ်ဖျားများကို သက်ကြီးရွယ်အိုများ၊ ဧည့်သည်များကို ကျွေးမွေးကြသည့်ပွဲဖြစ်ပါသည်။
(၃) “ဂါးထန်းဖား”ခေါ် နှစ်သစ်ကူးပွဲတော်သည့်လည်း နှစ်သစ်ကူးခြင်းနှင့်အတူ လူသစ် စိတ်သစ်ကူးပြောင်းခြင်း အထိမ်းအမှတ်ပြုလုပ်ကြပါသည်။
အာခါတိုင်းရင်းသားလူမျိုးစုသည် ကိုယ်ပိုင်ဘာသာစကား ကိုယ်ပိုင်စာပေရှိသော လူမျိုးစု ဖြစ်ပါသည်။
အာခါတိုင်းရင်းသားလူမျိုးစုတို့သည် မိမိတို့ ကိုယ်တိုင်စိုက်ပျိုးရရှိသော “ဝါဂွမ်း”ကို ကိုယ်တိုင်ချဉ်ငင်ယက်လုပ်ပြီး ချုပ်လုပ်ဝတ်ဆင်ကြသည်။ အနက်ရောင်ကို အခြေခံ၍ ဝါ၊ စိမ်း၊ နီ၊ ပြာစသည့် ချည်ရောင်စုံကို အသုံးပြုကာ လက်ဖြင့် ချုပ်လုပ်အလှဆင်ကာဝတ်ဆင်ကြသည်။ ရိုးရာအဝတ်အစားကို ဝတ်ဆင်ရာ၌လည်း(လူငယ်အပျိုဖော်ဝင်စအရွယ်၊ အပျိုအရွယ်၊ အိမ် ထောင်သည်)စသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့်အတိုင်း ဝတ်ဆင်ကြသည်။
အာခါတိုင်းရင်းသားလူမျိုးများ၏ ရှေးယခင်က “အာဖွေပေါ်လော်”ခေါ် “ဘိုးဘွားများကို ကိုးကွယ်သည့်” မိရိုးဖလာကိုးကွယ်မှုကိုသာ ပြုခဲ့ကြသော်လည်း ယခုအခါတွင် ဗုဒ္ဓဘာသာ၊ ခရစ် ယာန်ဘာသာ စသည့် မိမိတို့နှစ်သက်ယုံကြည်ရာကို အများအားဖြင့် ကိုးကွယ်ယုံကြည်ကြသည်။
ဆက်လက်ဖတ်ရှု့ရန်အာခါတိုင်းရင်းသားလူမျိုးများ၏ ရှေးယခင်က “အာဖွေပေါ်လော်”ခေါ် “ဘိုးဘွားများကို ကိုးကွယ်သည့်” မိရိုးဖလာကိုးကွယ်မှုကိုသာ ပြုခဲ့ကြသော်လည်း ယခုအခါတွင် ဗုဒ္ဓဘာသာ၊ ခရစ် ယာန်ဘာသာ စသည့် မိမိတို့နှစ်သက်ယုံကြည်ရာကို အများအားဖြင့် ကိုးကွယ်ယုံကြည်ကြသည်။
အာခါတိုင်းရင်းသားလူမျိုးစုတို့သည် စုဖွဲ့နေထိုင်လေ့ရှိပြီး ဆင့်ကဲအုပ်ချုပ်မှုဖြင့် ညီညွတ်စွာနေထိုင်လေ့ရှိပြီး ကျေးရွာတစ်ရွာဆိုလျှင်-
- ဖူကြို့အာဒါ”ခေါ်”ရွာတည်ရပ်မိရပ...
ဆက်လက်ဖတ်ရှု့ရန်အာခါတိုင်းရင်းသားလူမျိုးစုတို့သည် စုဖွဲ့နေထိုင်လေ့ရှိပြီး ဆင့်ကဲအုပ်ချုပ်မှုဖြင့် ညီညွတ်စွာနေထိုင်လေ့ရှိပြီး ကျေးရွာတစ်ရွာဆိုလျှင်-
- ဖူကြို့အာဒါ”ခေါ်”ရွာတည်ရပ်မိရပ်ဖသည် အကြီးဆုံးဖြစ်ကာ ၎င်းအောက်၌
- ရွာသူကြီး
- “ဂျွေမာ”ခေါ် ယဉ်ကျေးမှုတာဝန်ခံ
- ဗွေးမော်/ ဖီးမာ ခေါ် ကိုးကွယ်မှုဆိုင်ရာ တာဝန်ခံ
- ဘာဂျီခေါ် ပန်းပဲဆရာ
- ညီးဖာခေါ် နတ်ကတော်နှင့်
- ရွာသူ/သားများစသဖြင့် အဆင့်ဆင့် တာဝန်ခွဲဝေ အုပ်ချုပ်လေ့ရှိပါသည်။
လူမျိုးစုတစ်ခုလုံးအားဖြင့်လည်း လူမျိုးစုက လေးစားယုံကြည်ရသူ ဩဇာတိက္ကမရှိသူတို့ ပါဝင်သောသူ/ အဖွဲ့ကို ဦးထိပ်ထား၍ နေထိုင်ကြလေသည်။
အာခါတိုင်းရင်းသားလူမျိုးစုသည် မိမိတို့ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု အစဉ်အလာများရှိပြီး လေးစားလိုက်နာကြပါသည်။ မိဘဘိုးဘွား၊ သက်ကြီးရွယ်အိုများကို ရိုသေလေးစားကြပြီး ဆုံးမ စကားများ နာယူခြင်းပြုကြပါသည်။
ရာသီအလ...
ဆက်လက်ဖတ်ရှု့ရန်အာခါတိုင်းရင်းသားလူမျိုးစုသည် မိမိတို့ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု အစဉ်အလာများရှိပြီး လေးစားလိုက်နာကြပါသည်။ မိဘဘိုးဘွား၊ သက်ကြီးရွယ်အိုများကို ရိုသေလေးစားကြပြီး ဆုံးမ စကားများ နာယူခြင်းပြုကြပါသည်။
ရာသီအလိုက် သီကျူးရသော အလင်္ကာများ စကားပုံ၊ စကားထာများ ပုံပြင်များလည်း များစွာရှိပါသည်။
ယဉ်ကျေးမှုအစဉ်အလာအရ နှစ်စဉ်ကောက်သစ်စားပွဲ၊ နှစ်သစ်ကူးပွဲစသည့် လူမျိုးစုဆိုင်ရာ ပွဲတော်များလည်းရှိပါသည်။
အာခါလူမျိုးစု၌ နေရာဒေသလုပ်ငန်းများအလိုက် ဆောင်ရမည့် ကိစ္စပစ္စည်းများစွာရှိပါ သည်။ ဥပမာအားဖြင့်ဆိုရသော် ကျေးရွာတစ်ရွာတည်မည်ဆိုပါက ရွာသို့ မရောက်မှီ ခပ်လှမ်းလှမ်း နေရာ၌ “တော်မာထယ့်ဒူ”ခေါ် လူ့နေရပ်နှင့် တောစောင့်နတ်တို့ကို နေရာခွဲခြားသည့် စည်းခြားမုဒ် ဦးရ...
ဆက်လက်ဖတ်ရှု့ရန်အာခါလူမျိုးစု၌ နေရာဒေသလုပ်ငန်းများအလိုက် ဆောင်ရမည့် ကိစ္စပစ္စည်းများစွာရှိပါ သည်။ ဥပမာအားဖြင့်ဆိုရသော် ကျေးရွာတစ်ရွာတည်မည်ဆိုပါက ရွာသို့ မရောက်မှီ ခပ်လှမ်းလှမ်း နေရာ၌ “တော်မာထယ့်ဒူ”ခေါ် လူ့နေရပ်နှင့် တောစောင့်နတ်တို့ကို နေရာခွဲခြားသည့် စည်းခြားမုဒ် ဦးရှိရပြီး ရွာအဝင်အနီး၌လည်း “လောခန်”ခေါ်ရွာအဝင်မုဒ်ဦးဆောက်ရပါသည်။
အိမ်တိုင်း၌လည်း လုပ်ကိုင်စားသောက်ရန်သာမက တောတိရစ္ဆာန်များ၏ရန်ကို ကာကွယ် ရန် “ဒူးလေး၊ ဓါးရှည်၊ တိုမီးသေနတ်”တို့ရှိရပါသည်။ ထို့အတူ အမျိုးသမီးများအနေဖြင့် လယ်ယာ လုပ်ငန်းခွင်တို့ သွားရာ၌ ပလိုင်း၊ ခြင်းတို့နှင့်အတူ လမ်းလျှောက်ရင်း ချဉ်ငင်သည့် “ယာအန်း”ခေါ် ပစ္စည်းကို ယူဆောင်ရပါသည်။
အာခါတိုင်းရင်းသားကျေးရွာများ၌ “လောခန်”ခေါ်ရွာအဝင်မုဒ်ဦးနှင့် ပတ်ဝန်းကျင်၌ အပေါ့ အလေးမစင်စွန့်ခြင်း လုံးဝမပြုလုပ်ရပါ။ ထို့အတူ ရွာသို့ဝင်ရာ၌လည်း “လောခန်”ခေါ် ရွာဝင်မုဒ်ဦး မှစ၍ (အုပ်ချုပ်သူမင်းမှတစ်ပါး) မည်သူမျှ မြင်းစီး၍သော်လည်းကောင်း၊ ထီးစောင်း၍သော်လည်း...
ဆက်လက်ဖတ်ရှု့ရန်အာခါတိုင်းရင်းသားကျေးရွာများ၌ “လောခန်”ခေါ်ရွာအဝင်မုဒ်ဦးနှင့် ပတ်ဝန်းကျင်၌ အပေါ့ အလေးမစင်စွန့်ခြင်း လုံးဝမပြုလုပ်ရပါ။ ထို့အတူ ရွာသို့ဝင်ရာ၌လည်း “လောခန်”ခေါ် ရွာဝင်မုဒ်ဦး မှစ၍ (အုပ်ချုပ်သူမင်းမှတစ်ပါး) မည်သူမျှ မြင်းစီး၍သော်လည်းကောင်း၊ ထီးစောင်း၍သော်လည်း ကောင်း၊ မဝင်ရပါ။
“နတ်စင်တော”ဟု သတ်မှတ်ထားသည့်နေရာနှင့် “ရေသန့်/ရေစင်တွင် ထည့်တော”ဟု သတ်မှတ်ထားရာ၌လည်း သစ်ပင်မခုတ်ရပါ။ ထို့အပြင် ရွာတွင်း၌လည်းကောင်း အိမ်များ၌လည်း ကောင်း လိုက်နာရသည့် ရှောင်ရန်အချက်များစွာရှိပါသည်။
ရှမ်းပြည်နယ်ရှိ ကိုးကန့်လူမျိုးစုတို့၏ရိုးရာဓလေ့ထုံးတမ်းများ
ကိုးကန့်ဟူသော ဝေါဟာရ၏အဓိပ္ပာယ်မှာ ရဲရင့်သူများနေထိုင်ကြသော စိမ်းလန်းသာယာ သည့်ဒေသဟု အဓိပ္ပာယ်ရသည်။ ကိုးကန့်လူမျိုးတို့သည် တရုတ်လူမျိုးတို့မှ ဆင်းသက်လာပြီး အေဒီ(၁၈)ရာစုတွင် ရှမ်းပြည်နယ်၌အခြေချနေထိုင်ခဲ့ကြသည်။ နေထိုင်ရာဒေသများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ကုန်းကြမ်းနှင့် လောက်ကိုင်မြို့နယ်တို့တွင် အများဆုံးနေထိုင်ကြပြီး အခြားမြို့နယ်များတွင်လည်း ပျံ့နှံနေထိုင်ကြပါသည်။ သွင်ပြင်လက္ခဏာများ ကိုးကန့်တိုင်းရင်းသားတို့သည် ကိုယ်ဟန်အနေအထားမှာ အရပ်အမောင်းမှာ မနိမ့်မမြင့်၊ အသားအရောင်မှာ မဖြူမညိုဖြစ်ပြီး ကိုယ်ခန္ဓာမှာ ကြံ့ခိုင်မှုရှိပါသည်။ ရိုးရာဓလေ့ထုံးစံများ ကိုးကန့်တိုင်းရင်းသားများအနေဖြင့် ရိုးရာနှစ်သစ်ကူးပွဲတော်၊ သင်္ချိုင်းကန်တော့ပွဲတော်၊ မုန့်စားပွဲတော်များအား နှစ်စဉ်ကျင်းပလေ့ရှိကြပါသည်။ ကိုးကန့်ဟူသော ဝေါဟာရ၏အဓိပ္ပာယ်မှာ ရဲရင့်သူများနေထိုင်ကြသော စိမ်းလန်းသာယာသည့်ဒေသဟု အဓိပ္ပာယ်ရသည်။ ကိုးကန့်လူမျိုးတို့သည် တရုတ်လူမျိုးတို့မှ ဆင်းသက်လာပြီး အေဒီ(၁၈)ရာစုတွင် ရှမ်းပြည်နယ်၌အခြေချနေထိုင်ခဲ့ကြသည်။
နေထိုင်ရာဒေသများ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ကုန်းကြမ်းနှင့် လောက်ကိုင်မြို့နယ်တို့တွင် အများဆုံးနေထိုင်ကြပြီး အခြားမြို့နယ်များတွင်လည်း ပျံ့နှံနေထိုင်ကြပါသည်။
သွင်ပြင်လက္ခဏာများ
ကိုးကန့်တိုင်းရင်းသားတို့သည် ကိုယ်ဟန်အနေအထားမှာ အရပ်အမောင်းမှာ မနိမ့်မမြင့်၊ အသားအရောင်မှာ မဖြူမညိုဖြစ်ပြီး ကိုယ်ခန္ဓာမှာ ကြံ့ခိုင်မှုရှိပါသည်။
ရိုးရာဓလေ့ထုံးစံများ
ကိုးကန့်တိုင်းရင်းသားများအနေဖြင့် ရိုးရာနှစ်သစ်ကူးပွဲတော်၊ သင်္ချိုင်းကန်တော့ပွဲတော်၊ မုန့်စားပွဲတော်များအား နှစ်စဉ်ကျင်းပလေ့ရှိကြပါသည်။
ကိုးကန့်ဘာသာစကားမှာ တရုတ်ဘာသာနှင့် ၈၀ % နီးပါးတူညီမှုရှိပြီး လေယူလေသိမ်း အား ကိုယ်ပိုင်ဟန်ပန်ဖြင့် ပြောဆိုကြပါသည်။
ကိုးကန့်အမျိုးသားမှာ အပြာရောင်ရှိသော ဘောင်းဘီရှည်နှင့် တိုက်ပုံနှင့်အလားသဏ္ဍာန် တူ အပေါ်ဝတ်အင်္ကျီကို ဝတ်ဆင်ကြပါသည်။ ကိုးကန့်အမျိုးသမီးများသည် ပန်းဆီရောင်ရှိသော အင်္ကျီကို စတစ်တပ်ခြင်းများဖြင့် ချုပ်လုပ်၍ဝတ်ဆင်ကြပြီး ပန်းဆီရောင် ဘောင်းဘီရှည် သို့မဟုတ် လုံခြည် သို့မဟုတ် စကပ်ရှည်တို့ကို နှစ်သစ်သလို ဝတ်ဆင်ကြပါသည်။
ကိုးကန့်တိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ယုံကြည်ကြပြီး နတ် ကိုးကွယ်ယုံကြည်သူများလည်း အနည်းငယ်ရှိပါသည်။
ဆက်လက်ဖတ်ရှု့ရန်ကိုးကန့်တိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ယုံကြည်ကြပြီး နတ် ကိုးကွယ်ယုံကြည်သူများလည်း အနည်းငယ်ရှိပါသည်။
ကိုးကန့်တိုင်းရင်းသားတို့သည် မိမိနေထိုင်သော ဒေသရှိ ဩဇာတိက္ကရှိသူအကြီးအကဲ၏ လမ်းညွှန်မှုကို လိုက်နာကြသည့် အစဉ်အလာကို ကျင့်သုံးကြပါသည်။
ဆက်လက်ဖတ်ရှု့ရန်ကိုးကန့်တိုင်းရင်းသားတို့သည် မိမိနေထိုင်သော ဒေသရှိ ဩဇာတိက္ကရှိသူအကြီးအကဲ၏ လမ်းညွှန်မှုကို လိုက်နာကြသည့် အစဉ်အလာကို ကျင့်သုံးကြပါသည်။
ကိုးကန့်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုတစ်ရပ်ဖြစ်သော တာကော်(စုပေါင်း)အက၊ တာတလော့(ဂျင်ပေါက်ပွဲ)၊ တာပေါက်(အခါကြီးရက်ကြီးများ)တွင် စပါးခွံများထည့်ထားသော အဝတ်စဖြင့် ချုပ်လုပ်ထားသောအိတ်နှင့် မိမိချစ်ကြိုက်သော မိန်းမပျိုအား ပစ်ပေါက်လေ့ရှိသည့် ပွဲတော်များ...
ဆက်လက်ဖတ်ရှု့ရန်ကိုးကန့်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုတစ်ရပ်ဖြစ်သော တာကော်(စုပေါင်း)အက၊ တာတလော့(ဂျင်ပေါက်ပွဲ)၊ တာပေါက်(အခါကြီးရက်ကြီးများ)တွင် စပါးခွံများထည့်ထားသော အဝတ်စဖြင့် ချုပ်လုပ်ထားသောအိတ်နှင့် မိမိချစ်ကြိုက်သော မိန်းမပျိုအား ပစ်ပေါက်လေ့ရှိသည့် ပွဲတော်များကို နှစ်စဉ်ကျင်းပလေ့ရှိကြပါသည်။
ကိုးကန့်တိုင်းရင်းသားများသည် အထူးဆောင်လေ့ရှိသည့် ထုံးတမ်းတစ်ခုမှာ ခရီးသွားလာ ရာတွင် လည်းကောင်း၊ စားဝတ်နေရေးအဆင်ပြေစေရန်အတွက်လည်းကောင်းရည်ရွယ်၍ ငွေဒင်္ဂါး ပြားသို့မဟုတ်ဗုဒ္ဓဘုရာပုံတော်အားအဆောင်အဖြစ် အိပ်ကပ်ထဲတွင်ထည့်ဆောင်လေ့ရှိကြပါသည်။
ဆက်လက်ဖတ်ရှု့ရန်ကိုးကန့်တိုင်းရင်းသားများသည် အထူးဆောင်လေ့ရှိသည့် ထုံးတမ်းတစ်ခုမှာ ခရီးသွားလာ ရာတွင် လည်းကောင်း၊ စားဝတ်နေရေးအဆင်ပြေစေရန်အတွက်လည်းကောင်းရည်ရွယ်၍ ငွေဒင်္ဂါး ပြားသို့မဟုတ်ဗုဒ္ဓဘုရာပုံတော်အားအဆောင်အဖြစ် အိပ်ကပ်ထဲတွင်ထည့်ဆောင်လေ့ရှိကြပါသည်။
လဆန်း(၁)၊(၅)ရက်နေ့နှင့်(၇)ရက်နေ့များတွင်ခရီးသွားလာခြင်း၊မင်္ဂလာကိစ္စရပ်များပြုလုပ်ခြင်းနှင့် စီးပွားရေးစတင်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခြင်းမပြုဘဲ အထူးရှောင်ရှားလေ့ရှိကြပါသည်။
ဆက်လက်ဖတ်ရှု့ရန်လဆန်း(၁)၊(၅)ရက်နေ့နှင့်(၇)ရက်နေ့များတွင်ခရီးသွားလာခြင်း၊မင်္ဂလာကိစ္စရပ်များပြုလုပ်ခြင်းနှင့် စီးပွားရေးစတင်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခြင်းမပြုဘဲ အထူးရှောင်ရှားလေ့ရှိကြပါသည်။
ရှမ်းပြည်နယ်ရှိ ကွီလူမျိုးစုတို့၏ရိုးရာဓလေ့ထုံးတမ်းများ
ကွီခေါ်ကွေ့တိုင်းရင်းသားများသည် လားဟူခေါ်သော ရှမ်းလူမျိုးစုတွင်ပါဝင်သည်။ လားဟူ မျိုးနွယ်စုတွင် လားဟူ န နှင့် လားဟူ စီ ဟု အုပ်စုနှစ်ခုရှိရာ လားဟူစီအုပ်စုကို ကွီ(ကွေ့) တိုင်းရင်းသားများဟု ခေါ်ဆိုကြသည်။ အုပ်စုတစ်ခုနှင့်တစ်ခု စကားအသုံးအနှုန်း၊ ဓလေ့ထုံးစံများ အနည်းငယ်စီကွဲပြားသော်လည်း အခြေခံမူဝါဒအလေ့အကျင့်တို့မှာ တူညီကြသည်။ ကွေ့တို့သည် တောင်ကုန်းမြင့်များပေါ်တွင် ရွာတည်လေ့ရှိကြသည်။ အိမ်များမှာ သစ်ဝါးများဖြင့် ဆောက်လုပ်သော မြေစိုက်အိမ်ကလေးများ ဖြစ်ပေသည်။ ရွာအဝင်ဝများတွင် တိုင်နှစ်ခုစိုက်ထူ၍ သစ်သားကန့်လန့် များဖြင့် ပြုလုပ်ထားသော တံခါးများ တပ်ဆင်ထားလေ့ရှိကြသည်။ တောင်ယာများတွင် ပဲ၊ ပြောင်း၊ ဆန်နှင့်စပါးများကို စိုက်ပျိုးကြသည်။
ကွီ(ကွေ့)ရွာတိုင်းတွင် ကျောင်းဆောင်ငယ်တစ်ဆောင်စီနှင့် ဆင်းတုတော်တစ်ဆူစီကို ကိုးကွယ်ထားလေ့ရှိသည်။ လပြည့်နေ့နှင့်လကွယ်နေ့များမှာ ကွေ့တိုင်းရင်းသားတို့ ဘုရားရှိခိုးသော နေ့ထူးနေ့မြတ်များဖြစ်သည်။ ကွေ့တိုင်းရင်းသားတို့သည် နတ်များကိုလည်း ကိုးကွယ်ယုံကြည် ကြသည်။ တစ်နှစ်လျှင်(၃)ကြိမ် နတ်ပူဇော်လေ့ရှိသည်။ ကွေ့တို့အသုံးပြုလေ့ရှိသော တူရိယာ တစ်မျိုးမှာ ကန်းဆိုသော ပုလွေတစ်မျိုးဖြစ်သည်။ ကန်းတူရိယာမှာ ဗူးသီးအခြောက်ကို တူရိယာ အိမ်အဖြစ်ထားလျက် (၁)ပေမှ (၂)ပေခွဲအထိ ရှည်သော ဝါးပုလွေ(၄)ခုမှ (၁၄)ခုအထိ တပ်ဆင်ထား သည်။ သူတို့သည် ကန်းပုလွေကြီးကို ဈေးနေ့များ၌ တီးမှုတ်လေ့ရှိကြသည်။ တစ်ခါတစ်ရံ ရှေး အစဉ်အလာ ကပွဲများကျင်းပ၍ တီးမှုတ်သီဆိုကြသည်။ ခြေတစ်ဖက်ကို မြေတွင်ထောက်၍ ကရသော နည်းမျိုးကို ကျွမ်းကျင်ကြသည်။ ပုလွေသမားများမှာ များသောအားဖြင့် အကကောင်းသူများဖြစ် ကြသည်။ ကွီအမျိုးသားတို့သည် နက်ပြာရောင်ဘောင်းဘီနှင့် အဖြူရောင်အင်္ကျီရှည်များကို ဝတ်ဆင်လေ့ရှိကြသည်။
ဆင်းသက်လာပုံ
ကွီခေါ် ကွေ့တိုင်းရင်းသားများသည် လားဟူခေါ် ရှမ်းလူမျိုးစုတွင် ပါဝင်ပါသည်။ လားဟူ မျိုးနွယ်စုတွင် လားဟူနနှင့်လားဟူစီဟု အုပ်စုနှစ်ခုရှိရာ လားဟူစီအုပ်စုကို ကွီ(ကွေ့)တိုင်းရင်းသားများဟု ခေါ်ဆိုကြပါသည်။
နေထိုင်ရာဒေသများ
ကွီခေါ်ကွေ့တိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အများဆုံးနေထိုင်ကြသည်ဟု သိရှိရပြီး လက်ရှိတွင် ကွီတိုင်းရင်းသားများ လူနည်းစုတိုင်းရင်းသားများဖြစ်ကြပါသည်။
သွင်ပြင်လက္ခဏာများ
ကွီခေါ်ကွေ့တိုင်းရင်းသားတို့သည် အခြားသော တိုင်းရင်းသားများကဲ့သို့ အရပ်အမောင်းမှာ အနေတော်ဖြစ်ပြီး အသားအရေမှာ မဖြူမညိုဖြစ်သည်ဟု သိရှိရပါသည်။
ရိုးရာဓလေ့ထုံးစံများ
ကွီခေါ်ကွေ့တိုင်းရင်းသားတို့သည် တောင်ကုန်းမြင့်များပေါ်တွင် ရွာတည်လေ့ရှိကြပြီးအိမ်များကိုသစ်ဝါးများဖြင့်ဆောက်လုပ်သော မြေစိုက်အိမ်ကလေးများဖြစ်ကြပါသည်။ ရွာအဝင်ဝများ တွင် တိုင်နှစ်ခုစိုက်ထူ၍ သစ်သားကန့်လန့်များဖြင့် ပြုလုပ်ထားသော တံခါးများ တပ်ဆင်ထားလေ့ ရှိကြပါသည်။
ကွီခေါ်ကွေ့တိုင်းရင်းသားတို့သည် အုပ်စုတစ်ခုနှင့်တစ်ခု စကားအသုံးအနှုန်း၊ ဓလေ့ထုံးစံ များအနည်းငယ်စီ ကွဲပြားသော်လည်း အခြေခံမူဝါဒအလေ့အကျင့်တို့မှာ တူညီကြပါသည်။
ကွီခေါ်ကွေ့တိုင်းရင်းသားတို့သည် နက်ပြာရောင်ဘောင်းဘီနှင့် အဖြူရောင်အင်္ကျီရှည် များ ခေါင်းပေါင်းအဖြူရောင်ကို ပေါင်းလေ့ရှိကြပါသည်။ အမျိုးသမီးများမှာ ငွေဘော်ကြယ်များ ထိုးထားသော အပြာရောင် ရင်စေ့အင်္ကျီလက်ရှည်၊ လှပစွာ အကွက်ဖော်ထားသော လုံချည်နှင့် ဝတ်ဆင်ကြပြီး ဘော်ကြယ်များထိုးထားသော အနက်ရောင်ခေါင်းပေါင်း ပေါင်းလေ့ရှိကြပါသည်။
ကွီခေါ်ကွေ့တိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး နတ်ကိုးကွယ်ကြသူများ လည်းရှိကြပါသည်။
ဆက်လက်ဖတ်ရှု့ရန်ကွီခေါ်ကွေ့တိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး နတ်ကိုးကွယ်ကြသူများ လည်းရှိကြပါသည်။
မှတ်တမ်းများရှာဖွေ၍ မရပါသဖြင့် စုစည်းတင်ပြနိုင်ခြင်းမရှိပါ။
ဆက်လက်ဖတ်ရှု့ရန်မှတ်တမ်းများရှာဖွေ၍ မရပါသဖြင့် စုစည်းတင်ပြနိုင်ခြင်းမရှိပါ။
ကွီခေါ်ကွေ့တိုင်းရင်းသားတို့ အသုံးပြုလေ့ရှိသော တူရိယာတစ်မျိုးမှာ ကန်းဆိုးသော ပုလွေ တစ်မျိုးဖြစ်ပါသည်။ ကန်းတူရိယာမှာ ဘူးသီးအခြောက်ကို တူရိယာအိမ်အဖြစ်ထားလျက် (၁)ပေမှ (၂)ပေခွဲအထိရှည်သော ဝါးပုလွေ(၄)ခုမှ (၁၄)ခုအထိ တပ်ဆင်ထားကြပါသည်။ ကန်းပုလွေကြီးကို ဈေးနေ့မျ...
ဆက်လက်ဖတ်ရှု့ရန်ကွီခေါ်ကွေ့တိုင်းရင်းသားတို့ အသုံးပြုလေ့ရှိသော တူရိယာတစ်မျိုးမှာ ကန်းဆိုးသော ပုလွေ တစ်မျိုးဖြစ်ပါသည်။ ကန်းတူရိယာမှာ ဘူးသီးအခြောက်ကို တူရိယာအိမ်အဖြစ်ထားလျက် (၁)ပေမှ (၂)ပေခွဲအထိရှည်သော ဝါးပုလွေ(၄)ခုမှ (၁၄)ခုအထိ တပ်ဆင်ထားကြပါသည်။ ကန်းပုလွေကြီးကို ဈေးနေ့များ၌ တီးမှုတ်လေ့ရှိကြပါသည်။ တစ်ခါတစ်ရံ ရှေးအစဉ်အလာက ပွဲများကျင်းပရာ၌ တီးမှုတ်သီဆိုကြပါသည်။ ခြေတစ်ဖက်ကို မြေတွင်ထောက်၍ ကရသော နည်းမျိုးကို ကျွမ်းကျင်ကြ ပါသည်။
ကွီခေါ်ကွေ့တိုင်းရင်းသားတို့သည် ရွာတိုင်းတွ်င ကျောင်းဆောင်ငယ်တစ်ဆောင်စီနှင့် ဆင်းတုတော်တစ်ဆူစီကို ကိုးကွယ်ထားလေ့ရှိပါသည်။ လပြည့်နေ့နှင့် လကွယ်နေ့များမှာ ကွေ့ တိုင်းရင်းသားတို့ ဘုရားရှိခိုးသော နေ့ထူးနေ့မြတ်များဖြစ်ကြပါသည်။
ဆက်လက်ဖတ်ရှု့ရန်ကွီခေါ်ကွေ့တိုင်းရင်းသားတို့သည် ရွာတိုင်းတွ်င ကျောင်းဆောင်ငယ်တစ်ဆောင်စီနှင့် ဆင်းတုတော်တစ်ဆူစီကို ကိုးကွယ်ထားလေ့ရှိပါသည်။ လပြည့်နေ့နှင့် လကွယ်နေ့များမှာ ကွေ့ တိုင်းရင်းသားတို့ ဘုရားရှိခိုးသော နေ့ထူးနေ့မြတ်များဖြစ်ကြပါသည်။
မှတ်တမ်းများရှာဖွေ၍ မရပါသဖြင့် စုစည်းတင်ပြနိုင်ခြင်းမရှိပါ။
ဆက်လက်ဖတ်ရှု့ရန်မှတ်တမ်းများရှာဖွေ၍ မရပါသဖြင့် စုစည်းတင်ပြနိုင်ခြင်းမရှိပါ။
ရှမ်းပြည်နယ်ရှိ အဲန်တိုင်းရင်းသားလူမျိုးစုတို့၏ရိုးရာဓလေ့ထုံးတမ်းများ
ဆင်းသက်လာပုံ
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် နေထိုင်သော အဲန်တိုင်းရင်းသားတို့သည် လူဦးရေနည်းပါးပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေသော လူနည်းစုတစ်စုဖြစ်ပါသည်။ ၎င်းတို့ကိုသွားမဲသည့်လူမျိုးဟု လူသိ များသည်။ ဒေသန္တရအခြေအနေအရ ကူးလူးဆက်ဆံမှုနည်းပါးသောကြောင့် အဲန်တိုင်းရင်းသားတို့၏
မူရင်းနေထိုင်ရာဒေသ၊ မူရင်းလူမျိုးစုသမိုင်းကြောင်းစသည်တို့ကို တိတိကျကျ သိရှိခြင်းမရှိပေ။
နေထိုင်ရာဒေသများ
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် နေထိုင်ကြသူများဖြစ်ကြပြီး ကျိုင်းတုံမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်တို့တွင် အများဆုံးနေထိုင်ကြသည်။ အခြားလူမျိုးစုများနှင့် ရောနှောနေထိုင်လေ့ မရှိဘဲ တောင်ကုန်းတောင်စောင်းများတွင် ရွာတည်ကာ သီးသန့်နေထိုင်သော လူမျိုးစုဖြစ်သည်။
သွင်ပြင်လက္ခဏာများ
အဲန်လူမျိုးများ၏ သွင်ပြင်လက္ခဏာများမှာ အသားရောင်နီညိုပြီးမဖြူတစ်ဖြူ၊ မမည်း တစ်မည်း၊ ကိုယ်လုံးကိုယ်တည်း သန်သန်မာရှိပါသည်။ အရပ်အမောင်းမှာ ၅ ပေမှ ၆ ပေကျော်ရှိပါ သည်။
ရိုးရာဓလေ့ထုံးစံများ
အမျိုးသားရောအမျိုးသမီးများပါ ကွမ်းစားကြပြီး ကွမ်းမှာရိုးရိုးကွမ်းသီး၊ ကွမ်းရွက်မျိုး မဟုတ်ဘဲ သစ်ပင်တစ်မျိုး၏အခေါက်ကိုထုံးထည့်စားခြင်းဖြစ်သည်။ ကွမ်းစားသည့်အပြင်သွားများ မဲမှောင်နေစေရန်မှိုင်းအဆီကိုသုတ်လိမ်းကြသည်။ သွားများမဲမှောင်နမှ လှပသည်ဟူသော အယူရှိ ကြသဖြင့် သွားမဲသည်ကို အဲန်လူမျိုးတို့ကဂုဏ်ယူကြသည်။
ဗုဒ္ဓဘာသာဝင်များက ဂုံရှမ်းစာပေကိုအသုံးပြုကြပြီး ခရစ်ယာန်ဘာသာဝင်များက 'ဝ' စာပေ ကို အသုံးပြုကြသည်။ ယခုလက်ရှိတွင် 'ဝ'ဗျည်းအက္ခရာကို အသုံးပြုပြီး အဲန်ဘာသာစာပေအဖြစ် အသုံးပြုလျက်ရှိပါသည်။
အမျိုးသားများမှာ အဖြူရောင်ပိတ်ချောဖြင့် ခေါင်းပေါင်းပြီး ငွေကြယ်သီးအတန်းလိုက်စီ ထားသော အနက်ရောင်အင်္ကျီနှင့် ဘောင်းဘီလည်းအနက်ရောင်ဖြစ်ပြီး အနီရောင်ပိတ်ပြားလေး ပတ်စီးလျက် ခါးပတ်ဖြင့်ဝတ်ဆင်ထားပါသည်။
ကျောဘက်တွင် လွယ်အိတ်တစ်လုံးနှင့် ဓါးတစ်လက်လည်းလွယ်ထားပါသည်။ နား ပေါက်ကြီးကြီးဖောက်ထားပြီး ချောမွတ်အောင်တိုက်ထားသော သစ်ချောင်းဖြင့် နားပန်လျက်ရှိပါ သည်။ လက်ကောက်လည်းတစ်ကွင်းနှစ်ကွင်းလည်း ဝတ်ဆင်ထားပါသည်။
အမျိုးသမီးများမှာ - အနက်ရောင်ခေါင်းပေါင်းနှင့် ငွေရောင်အတန်းလိုက်စီထားပြီး ရောင်စုံကြိုးလေးများအလှဆင်ထားသော အင်္ကျီကိုဝတ်ဆင်ပါသည်။ ထဘီ၏အထက်ခေါင်းပိုင်းမှာ ရောင်စုံကွက်ကြားရက်ထားသော ချည်မျှင်ကြိုးလေးများအကြောင်းလိုက် လက်ရာပြောင်မြောက် စွာရှိလျက် အနီရောင်ပိတ်ပြားလေးနှင့် အောက်ဘက်မှာ အမည်းရောင်နှစ်ထားသော ထဘီကို ဝတ်ဆင်လေ့ရှိပါသည်။ နားမှာလည်း ငွေပြားလိမ်ထားပြီး ရောင်စုံပုလဲလုံးသေးသေးလေးတွေ တွယ်လွဲဆင်ထားပြီး နားပန်ကြပါသည်။
သွားကိုလည်း တမင်မည်းအောင်အရောင်ဆိုးထားပြီး လက်ကောက်လည်းနှစ်ကွင်း သုံးကွင်း ဘော်ဖြင့်ပြုလုပ်ထားသော လက်ကောက်ဝတ်ဆင်လေ့ရှိသည်။ အဲန်လူမျိုးများမှာ ဖိနပ်မစီးကြပါ။
နတ်ကိုးကွယ်သူများလည်းရှိကြသည်။ တစ်နေရာနှင့်တစ်နေရာ ဝေးလံလှသဖြင့် နတ် ကိုးကွယ်သည့်ရွာသည် တစ်ရွာလုံးနတ်ကိုးကွယ်ပြီး ဗုဒ္ဓဘာသာကိုးကွယ်သည့်ရွာသည် တစ်ရွာလုံး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ အလားတူ ခရစ်ယာန်ဘာသာကိုးကွယ်သည့်ရွာသည်လည်း ခရစ်ယာန်ဘာသာဝင်များသာဖြစ်သောကြ...
ဆက်လက်ဖတ်ရှု့ရန်နတ်ကိုးကွယ်သူများလည်းရှိကြသည်။ တစ်နေရာနှင့်တစ်နေရာ ဝေးလံလှသဖြင့် နတ် ကိုးကွယ်သည့်ရွာသည် တစ်ရွာလုံးနတ်ကိုးကွယ်ပြီး ဗုဒ္ဓဘာသာကိုးကွယ်သည့်ရွာသည် တစ်ရွာလုံး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ အလားတူ ခရစ်ယာန်ဘာသာကိုးကွယ်သည့်ရွာသည်လည်း ခရစ်ယာန်ဘာသာဝင်များသာဖြစ်သောကြောင့် မည်သည့်ဘာသာကို အများဆုံးကိုးကွယ်သည်ဆို သည်ကို မှန်းဆရခက်ပါသည်။
အဲန်လူမျိုးများသည် အုပ်ချုပ်မှုအစဉ်အလာ ရွာတိုင်းကိုယ်စီရှိသည်။ ရပ်ရွာကိုအုပ်ချုပ်နိုင် ရန် ရွာသူကြီးနှစ်ဦးသုံးဦးနှင့် နတ်ဆရာအပါအဝင် ရွာသူရွာသားများ၏ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကတာဝန်ယူဆောင်ရွက်လေ့ရှိသည်။ ရွာသူကြီးက တရားစီရင်ရေး ရာမှာ အဓ...
ဆက်လက်ဖတ်ရှု့ရန်အဲန်လူမျိုးများသည် အုပ်ချုပ်မှုအစဉ်အလာ ရွာတိုင်းကိုယ်စီရှိသည်။ ရပ်ရွာကိုအုပ်ချုပ်နိုင် ရန် ရွာသူကြီးနှစ်ဦးသုံးဦးနှင့် နတ်ဆရာအပါအဝင် ရွာသူရွာသားများ၏ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကတာဝန်ယူဆောင်ရွက်လေ့ရှိသည်။ ရွာသူကြီးက တရားစီရင်ရေး ရာမှာ အဓိကတာဝန်ယူဖြေရှင်းလေ့ရှိသည်။
ရွာသားတစ်ဦးဦးသော်လည်းကောင်း ပြင်ပမှဝင်ရောက်လာသော အခြားအမည်မသိ သူစိမ်း များ၊ ရပ်ရွာ၏ စည်းမျဉ်းတစ်ခုခုဖော်ဖျက်ကျူးလွန်ပါက ထိုက်တန်သည့် အပြစ်ပေးမှုနှင့် အရေးယူမှုကို ဆုံးဖြတ်ပေးရသည်။
ရွာလုံးကျွတ်အစည်းအဝေးပြုလုပ်ခြင်း၊ ပွဲလမ်းသဘင်နှင့် နိုင်ငံတော်အစိုးရ၏ ချမှတ်ပေးထားသော လုပ်ငန်းအကြောင်း သတင်းအချက်အလက်ကို အပြင်မှ ယူဆောင်လာပြီး ရွာသူ ရွာသားများကို ပြန်လည်ချမှတ်တင်ပြပေးလေ့ရှိသည်။
ထိုနှင့်လည်းကောင်း နတ်ဆရာလည်းဘဲ ရပ်ရွာ၏ သာရေးနာရေးကိစ္စများကို အဓိက ဦးဆောင်ရပါသည်။ ရပ်ရွာကို ကျန်းမာချမ်းသာစေဖို့ နတ်ဝိဇ္ဇာ၊ မှော်ပညာကျွမ်းကျင်ပြီး နတ်ကောင်းနတ်မြတ်၊ နတ်ဆိုးများ၊ ရွာသူရွာသားများကို အန္တရာယ်မပြုရလေအောင် စည်းမျဉ်း စည်းကမ်းချက်များကို ချမှတ်ပေးထားသည်။
ရွာထဲတွင် ကိုးကွယ်သည့်ဘာသာ တူညီပြီးသော လူမျိုးလည်းတစ်မျိုးထဲရှိရသည်။ ရွာ၏ ဘေးပတ်ဝန်းကျင်တွေကို ခြံစည်းရိုးကာပြီး ရွာအဝင်လမ်းဝမှာ တံခါးတုတ်ပြုလုပ်ထားလေ့ရှိသည်။ ဝါဝင်ကာလအတွင်း ရွာသူရွာသားများ ညဘက်အိမ်အပြင်ရွာပြင်မထွက်ရဆိုပြီး အိမ်တံခါးကို လုံအောင် ပိတ်ထားရသည်။ အကြောင်းရင်းက နတ်ဆိုးများရွာလှည့်သည့်အချိန်ဖြစ်သောကြောင့် တစ်ဦးမှအပြင်မထွက်ရပါ။ တစ်ရွာထဲနေ တစ်မြေထဲနေပြီး၊ တစ်မြေထဲ တစ်ရေတည်းသောက်ဆို သည့် ဆိုရိုးစကားအတိုင်း ရွာသူရွာသားများ အိမ်ဆောက်သည့်အချိန်အတူတကွ ပူးပေါင်းဝိုင်းဝန်း ကူညီလုပ်အားပေးကြသည်။ သောက်ရေကိုလည်း နတ်ဆရာအိမ်ရှေ့တွင် တိုင်ကီတစ်လုံးကြီး ဖောက်ထွင်းကာ ရေယူဆောင်၍ အတူတကွ တစ်နေရာတည်းခပ်သောက်ကြသည်။ ဤအုပ်ချုပ်မှုအစဉ်အလာ တစ်ရွာနှင့်တစ်ရွာမတူညီသော်လည်းဘဲ နတ်ကိုးကွယ်သောရွာ များ ဤအုပ်ချုပ်မှုကို ကျင့်သုံးကြသည်။
အဲန်လူမျိုးများယဉ်ကျေးမှုသည် အခြားသောလူမျိုး၏ယဉ်ကျေးမှုနှင့် မတူညီကွဲပြားခြားနား မှုရှိသည်။ ယဉ်ကျေးသော အပြုအမှုအပြောအဆိုကို လူကြီးလူငယ်မရွေး ကျင့်ကြပြောဆိုလေ့ရှိ သည်။ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံသောအခါ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်မည့်အစား နေကောင်းလား ဘ...
ဆက်လက်ဖတ်ရှု့ရန်အဲန်လူမျိုးများယဉ်ကျေးမှုသည် အခြားသောလူမျိုး၏ယဉ်ကျေးမှုနှင့် မတူညီကွဲပြားခြားနား မှုရှိသည်။ ယဉ်ကျေးသော အပြုအမှုအပြောအဆိုကို လူကြီးလူငယ်မရွေး ကျင့်ကြပြောဆိုလေ့ရှိ သည်။ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံသောအခါ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်မည့်အစား နေကောင်းလား ဘယ်ကိုသွားမလဲ၊ ဘာလုပ်နေလဲ၊ ဘယ်ကလာလဲလို့ အချင်းချင်းနှုတ်ဆက်တတ်ကြသည်။ ပြန်လည်ထွက်ခွာသောအခါမှာလည်း လက်ဆွဲနှုတ်ဆက်လေ့မရှိဘဲ “သွားမယ်၊ သွားပီနော်၊ ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ နှုတ်ဆက်စကားပြောကြရာ ထွက်ခွာကြပါသည်။ လက်ဆောင် ပစ္စည်းပေးကမ်းသောအခါမှာလည်းဘဲ ကျေးဇူးတင်တယ်လို့ပြောတတ်ကြသည်။
အိမ်ကိုလာလည်သောဧည့်သည်တွေကို လက်ဖက်ရည်၊ ရေနွေးကြမ်းတစ်ခွက်နှင့် ကွမ်းယာ ဗူး၊ ကွမ်းစားသည့်အသုံးအဆောင်များ၊ သစ်သားထိုင်ခုံ(သို့)ဖင်ခုထိုင်နိုင်သည့် ခေါင်းအုပ်သေးပုံစံ ပြုလုပ်ထားသော ပိတ်စတုံးတစ်ခုပေါ်တွင်ထိုင်ခိုင်းပါသည်။
ဧည့်သည်ကို ဧည့်ခံသောနေရာတွင် အိမ်၏ဝရံတာ(သို့မဟုတ်) အိမ်အလည်တွင် ဧည့်ခံလေ့ ရှိသည်။ ညဘက်ဆိုလျှင် အိမ်အလယ်တွင်ရှိသော မီးဖိုဘေးမှာ ဝိုင်းပြီးထိုင်စေပါသည်။ ရှိသော အစားအသောက်၊ ခေါင်ရည်၊ အရက်၊ လက်ဖက်ရည်၊ ရေနွေးကြမ်းများ အတူတကွ ပြောစရာရှိတာ တွေကို ပြောဆိုရင်းနှီးစွာ ဆက်ဆံကြသည်။
ပြင်ပမှရောက်လာသော ဧည့်သည်တွေကိုလည်း ဖော်ရွေစွာ ဆက်ဆံတတ်ကြပါသည်။ စားစရာတစ်ခုခု ပေးစရာရှိသောအခါ အသက်ကြီးဝါရင့်သူတွေကို ဦးစားပေးပြီး ပေးကမ်းတတ်ကြ ပါသည်။ တစ်ခါတစ်ရံ ထမင်းဝိုင်းမှာ အတူတူဝိုင်းထိုင်ကြပြီး စားသောက်ပွဲကျင်းပတတ်ကြသည်။
ပွဲလမ်းသဘင်ကျင်းပသောအခါ ပြင်ပမှဧည့်သည်တွေကိုလည်း ဖိတ်ကြားရင်း ကြက်သတ်၊ ဝက်သတ်၊ အမဲသားများကို ချက်ပြုတ်ကာ အတူတကွပျော်ပျော်ပါးပါးစားသောက်တတ်ကြသည်။ အရက်မူးလာသောအခါ အချစ်သီချင်းများ၊ သီဆိုကာ မိတ်ဖွဲ့တတ်ကြသည်။
နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဝင်၊ ဝါထွက်၊ ကောက်သစ်စားပွဲနှင့် ငါးကန်ဖောက်ပွဲ၊ နတ်ပူဇော် ပွဲများလည်း ကျင်းပလေ့ရှိသည်။ ပွဲနေ့ရောက်လျှင် အဲန်ဝတ်စုံတစ်ပုံစံတည်းဝတ်ဆင်ကာ ဗုံတီးရင်း ကပွဲ၊ ဆိုပွဲများလည်း ကျင်းပလေ့ရှိသည်။ နတ်ဆရာအိမ်မှာ စည်ကြီးတီးကာ နတ်မင်းကြီးကိုလည်း ဖိတ်ခေါ်ရင်း ရွာသားများအား ဆုံးမဩဝါဒပေးခြင်းလည်းပြုလုပ်ကြသည်။
အဲန်လူမျိုးများသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် နေထိုင်ပြီး မိမိလူမျိုးစု၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ မပျောက်မပျက်အစဉ်ထိန်းသိမ်းလျက်ရှိသည်။
အလုပ်အကိုင်မှာ လယ်ယာလုပ်ငန်းများန...
ဆက်လက်ဖတ်ရှု့ရန်အဲန်လူမျိုးများသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် နေထိုင်ပြီး မိမိလူမျိုးစု၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ မပျောက်မပျက်အစဉ်ထိန်းသိမ်းလျက်ရှိသည်။
အလုပ်အကိုင်မှာ လယ်ယာလုပ်ငန်းများနှင့် အိမ်မွေးတိရစ္ဆာန်များကို တစ်ပိုင်တစ်နိုင် မိသားစုအလိုက် ဝမ်းရေးအတွက် လုပ်ကိုင်ကြပါသည်။ အဝတ်အစားကို ဝါဂွမ်းဖြင့် ချည်ငင်ကာ အဝတ်အစားအဖြစ် ချုပ်ဆက်ပြီး ဝတ်ဆင်တတ်ကြသည်။ အသက်မွေးဝမ်းကျောင်းအဖြစ်လည်း လုပ်ကိုင်ပါသည်။ အမျိုးသားများသည် ဝါး၊ နှီး၊ ခြင်းတောင်း၊ ပလိုင်း၊ ဖြာ စသည့် ဤလက်မှုပညာ ဖြင့်အသက်မွေးကြသည်။
အဝတ်အစားတွေကိုလည်း ရှိအတူမရှိအတူ အားလုံးအချင်းချင်း ခွဲဝေ၍ပေးကမ်းတတ်ကြ သည်။ အထူးသဖြင့် ဟင်းသီးရွက်များ သူ့ခြံကိုယ့်ခြံကိုယ်စီနှင့် တစ်ဦးနှင့်တစ်ဦး ခွဲဝေပေးကမ်း စားသုံးတတ်ကြသည်။ အချင်းချင်းဝယ်စရာရောင်းစရာမလိုပါ။ အချင်းချင်းအလဲအလှယ်လုပ်ပြီး အိမ်သုံးပစ္စည်းဆိုလျှင်လည်း အချင်းချင်းအပြန်အလှန်ငှားရမ်းစေလျက် အဖိုးအခပေးစရာမလိုပါ။
မိသားစုတစ်စုသည် အိမ်တစ်လုံးဆောက်လုပ်ပါက တစ်ရွာလုံးဝိုင်းဝန်းကူညီလုပ်အားပေး ကြသည်။ ရပ်ရွာလုပ်အားရှိသည့် အချိန်လည်း ရွာသူကြီးကဦးဆောင်ပြီး အတူတကွ တက်ညီ လက်ညီစွာဖြင့် လုပ်အားပေးတတ်ကြပါသည်။
သာရေးနာရေးဆိုလျှင်လည်း အတူတကွ ကူညီပြုစုကာ တောမှရရှိသောဆေးမြစ်ဆေးဝါး များဖြင့် ဆေးကုသစေပါသည်။ ရောဂါဆိုးဝါးလွန်းပါက နတ်ဆရာထံ အပ်နှံလျက်ဗေဒင်လက္ခဏာ ဂါထာဖြင့် ကုသစေပါသည်။ မတတ်နိုင်သောသည့်အဆုံးမှာ ကျေးလက်ကျန်းမာရေးဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ကြပါသည်။
ထိမ်းမြားခြင်းအခြေအနေမှာ မိဘဖြစ်သူက သားသမီးများအရွယ်ရောက်သောအခါ အိမ် ထောင်ပြုဖို့တိုက်တွန်းတတ်ကြပါသည်။ သို့သော်သားသမီးများက ကိုယ်တိုင်သွားမရှာဘဲ ရွာသား ထဲကတစ်ဦးဦးကို အောင်သွယ်လုပ်စေခိုင်းပါသည်။ သားသမီးများက ကိုယ်တိုင်သွားရှာရင်ရှက် တတ်ကြသည်။ တစ်ဦးဦး(သို့)ဦးလေး၊ အဒေါ်များက သတို့သား/သမီးထဲသွားပြီး ချစ်ရေးစကား ပြောဆိုပေးရပါသည်။ လက်ဆောင်တစ်ချို့ကိုလည်းယူပြီး သတို့သမီးအတွက် အဲန်ထဘီတစ်ကွင်း နှင့် ငွေပြားဟောင်း၊ ငါးပြား၊ ငါးမူး၊ ငါးမှိတ်ရှိသလောက် အချစ်မြဲစေဖို့ စေ့စပ်ရပါသည်။ သတို့သား ဖြစ်ဖြစ် သတို့သမီးဖြစ်ဖြစ် အချင်းချင်း ကိုယ်တိုင်တွေ့ခွင့်မရှိပါ။ အကျင့်သိက္ခာကို ထိန်းသိမ်းပြီး အိမ်ထောင်ပြုဖို့ မိဘများသဘောတူမှ လက်ထပ်ခွင့်ရှိသည်။ မင်္ဂလာပွဲများဆိုလျှင်လည်း လာသော ဧည့်သည်များကို ရှေးဦးစွာဆက်သသည့်အနေနဲ့ ထမင်းလုံးကို ကိုင်ပေါက်တတ်ကြသည်။ သတို့သားသတို့သမီးတွေကို ထမင်းလုံးနဲ့ ပစ်ပေါက်ရသည့်အကြောင်းအရင်းက လက်ရှိအိမ်ထောင် သစ် နတ်ဦးပေါ်မှာ ကောင်းချီးမင်္ဂလာ တက်ရောက်သူအားလုံး သားသမီးရတနာများ ထွန်းကား ရေးအတွက် ဆုတောင်းမေတ္တာပို့သသည့်အနေနဲ့ ဖြစ်သည်။ ဤဓလေ့ထုံးစံကို မသိသောသူတွေက တစ်ခုခုကို ထမင်းလုံးကို အလကားဆော့ကစားနေသည်ဟု ထင်မြင်တတ်ကြသည်။ မင်္ဂလာဆောင် သည့်နေအိမ်သည် ဝက်တစ်ကောင်ကိုသတ်ပြီး အရက်နှင့် ဧည့်သည်တွေကို ဧည့်ခံလေ့ရှိသည်။
အဲန်လူမျိုးတို့၏ရှောင်ရန်သည် နတ်ဘာသာကိုးကွယ်သောရွာတွေမှာ အများဆုံးရှိသည်။ ၎င်းနတ်မင်းကြီး၏ အမိန့်အာဏာများကို ဖီဆန်လို့မရပါ။ နတ်ပြောသမျှနားထောင်ရသည်။ ဖောက် ဖျက်ပါက နတ်ကအန္တရာယ်များပေးနိုင်သည်။အထူးသဖြင့် နတ်ဆရာက အိမ်ထဲမှာရှ...
ဆက်လက်ဖတ်ရှု့ရန်အဲန်လူမျိုးတို့၏ရှောင်ရန်သည် နတ်ဘာသာကိုးကွယ်သောရွာတွေမှာ အများဆုံးရှိသည်။ ၎င်းနတ်မင်းကြီး၏ အမိန့်အာဏာများကို ဖီဆန်လို့မရပါ။ နတ်ပြောသမျှနားထောင်ရသည်။ ဖောက် ဖျက်ပါက နတ်ကအန္တရာယ်များပေးနိုင်သည်။အထူးသဖြင့် နတ်ဆရာက အိမ်ထဲမှာရှိသည့် စည်ကြီးကို အပြင်လူက ထိလို့မရ၊ ကိုင်လို့ လည်းမရ၊ ထိမိပါက နတ်ကမကောင်းဆိုးဝါးများစေလွှတ်ပြီး နတ်ဆရာကို ပြန်ပြီးဒုက္ခပေးနိုင် သည်။ သို့မဟုတ် နတ်ပူဇော်ရပါသည်။ ဝါတွင်းကာလမှာညပိုင်း အပြင်မထွက်ရပါ။
အိမ်သို့လာလည်သောဧည့်သည်များ အိမ်ထောင်ဦးစီး မြဲတိုင်နေသော အိမ်အလည်မှာ မီးဖို ကြီးဘေးတွင် အမိုးထောင့်တိုင်ခြေအခြားနေရာကို ဝင်ထိုင်လို့မရပါ အိမ်ထောင်သည်ခွင့်ပြုမှသာ ထိုင်လို့ရပါသည်။ ပြီးတော့ အိမ်ထောင့်ဘေးတွင် ချိတ်ထားသော လွယ်အိတ်သေးသေးလေးတစ်ခု ရှိသည်။ အိမ်ထဲမှာစပါးအမျိုးနည်းနည်းနှင့် စပါးရိတ်သည့်တံစဉ်းတစ်ခုနှင့် ကြက်ဥတစ်လုံး နတ် နှင့်ပတ်သက်သော ပစ္စည်းများပါရှိသည်။ ထိုလွယ်အိတ်ကို မည်သူမျှကိုင်တွယ်လို့မရ၊ ထိလို့လည်း မရပါ။ ကျွန်တော်တို့သည် စကားအခေါ်အဝေါ်အရ (ပါဠိ)လို့ခေါ်ပါသည်။
နတ်ကိုးကွယ်သောအဲန်လူမျိုးများ၏အယူဝါဒကို ဖော်ပြမည်။ ထိုလျှင် (၁) စာမဖတ်ရ၊ (၂) အခြားသောလူမျိုးနှင့်လက်မထပ်ရ၊ (၃)အခြားသောလူမျိုး၏ဘာသာကို မကိုးကွယ်ရ၊ (၄)တစ်ရွာ ထဲတွင်အဲန်လူမျိုးတစ်မျိုးတည်းဖြစ်ရမည်၊ (၅)စစ်မတိုက်ရ၊ (၆)သူ့ဥစ္စာကိုမခိုးရ၊ (၇)သူ့သားမယား ကိုမပြစ်မှားရဆိုပြီး အချက်(၇)ချက်ကို လိုက်နာကျင့်သုံးကြသည်။ သင်္ဂြိုင်းကုန်းထဲကို သစ်များ မခုတ်ရပါ။ မိမိအလိုအလျောက် သင်္ဂြိုင်းကုန်းထဲကို သွားလည်ခွင့်မပြုပါ။ လူသေသင်္ဂြိုင်းထည့်ချိန် ကို တစ်ရက်ကျော်ထားလို့မရပါ။ အခုသေအခုချက်ချင်း သွားမြုပ်ရပါသည်။ လူသေအလောင်းကို ဖွင့်ကြည့်လို့မရပါ။ အိမ်ထဲတွင် တစ်ရက်ကျော်ထားလို့လည်းမရသလို၊ သင်္ဂြိုင်းမှပြန်လာသော လူများသည် ချက်ချင်းကိုယ့်အိမ်ကို ပြန်လို့မရပါ။ အသုဘအိမ်ထဲမှဘဲ တစ်စုတစ်စုတည်း သွားနေ ပေးရပါသည်။
ကချင်ပြည်နယ်ရှိ တိုင်းဆာ(ခ)မိုင်းသာရှမ်းလူမျိုးစုတို့၏ သမိုင်းကြောင်းနှင့် ရိုးရာဓလေ့ထုံးတမ်းများ
(က) တိုင်းရင်းသားလူမျိုးနှင့် လူမျိုးစုများ၏ ဆင်းသက်လာပုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးစုအသီးသီးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပါသည်။ ယင်းပြည်ထောင်စုဖွားတိုင်းရင်းသား လူမျိုးအသီးသီးတို့၏ လူမျိုးဆင်းသက်လာပုံ မူလဇစ်မြစ်ကို ရှာဖွေသုတေသနကြည့်ပါက အားလုံးတို့သည် မျိုးတူ၊ သွေးတူတစ်နွယ်တည်းဖြစ်သော မွန်ဂို(သို)မွန်ဂိုလွိုက်မျိုးနွယ်မှ ပေါက်ဖွားဆင်းသက်လာကြောင်း သမိုင်းအထောက်အထားများအရ တွေ့ရှိရါသည်။ ဤရှေးအတိတ်မှ လူမျိုးပေါင်းစုံ မွန်ဂိုမျိုးနွယ်မှ ပေါက်ဖွားဆင်းသက်လာသော ပြည်ထောင်စုတိုင်းရင်းသားအားလုံးသည် ပင်ရင်းဒေသ "မွန်ဂို" ကုန်းပြင်မြင့်မှ ရှေးနှစ်ပေါင်း ပဝေဿဏီကပင် ဆင်းသက်ဆက်နွယ်လာကြပါသည်။
ထိုသို့ဆင်းသက်ဆက်နွယ်လာပုံသမိုင်းကို လူမျိုးများ၏ မိရိုးဖလာပုံပြင်များ၊ ဆင်းသက်လာသော ဒေသများ၏ ပထဝီအနေအထား၊ လူမျိုးတို့၏ လက်ရှိဘာသာစကားတို့၏ အရင်းအမြစ်များကို လေ့လာမူတည်၍ ဆုံးဖြတ်ချက်ချထားရခြင်းဖြစ်ပါသည်။
မွန်ဂို(ခ)မွန်ဂိုလွိုက်မျိုးနွယ်မှ ပေါက်ဖွားဆင်းသက်လာသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးအုပ်စုကြီးများမှာ-
(၁) မွန်ခမာအုပ်စု (၂) တိဗက်မြန်မာအုပ်စုနှင့် (၃) ထိုင်းတရုတ်အုပ်စုမှ တိုးပွားလူမျိုးဟူ၍ လူမျိုးအုပ်စုကြီး (၃)စုခွဲကာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြပြီး ရေကြည်ရာမြက်နုရာ ဒေသအသီးသီးသို့ ပျံ့နှံ့အခြေချနေထိုင်လာခဲ့ကြောင်း သမိုင်းသုတေသီများနှင့် မနုဿဗေဒပါရဂူကြီးများက မှတ်ချက်ချထားသည်ကို သမိုင်းတွင် အထင်အရှား လေ့လာတွေ့ရှိနိုင်ပါသည်။ ယင်းသမိုင်းဖြစ်စဉ်များသည် မြန်မာပြည်တွင်းသို့ ခရစ်မပေါ်မီကပင် ဖြစ်ခဲ့ကြောင်း ယုံကြည်လက်ခံခဲ့ကြပါသည်။
တိုင်းဆာ(ခ) မိုင်းသာရှမ်းလူမျိုးစုသည် တိဗက်မြန်မာ အနွယ်ဝင်မှ ဆင်းသက်လာခြင်း
တိုင်းဆာ(ခ)မိုင်းသာရှမ်းလူမျိုးသည် လူနည်းစု လူမျိုးစုဖြစ်ပြီး မွန်ဂိုလွိုက်မျိုးနွယ်စု (၂) တိဗက် မြန်မာအုပ်စုဝင်မရူ-အဇီးအုပ်စုခွဲတွင် ပါဝင်သော ရှမ်းတိုင်းရင်းသားလူမျိုးစုဖြစ်ပါသည်။ တိုင်းဆာ (ခ) မိုင်းသာရှမ်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က အသိအမှတ်ပြုထားသော တိုင်း ရင်းသားလူမျိုးစု(၁၃၅)မျိုးတွင် ပါဝင်သောရှမ်းစု(၃၃)မျိုးမှအမှတ်စဉ်(၃၂)ပါ လူမျိုးစုဖြစ်ပါသည်။
(ခ) နေထိုင်ရာဒေသများ
အခြေစိုက်ခြင်းနှင့် အခြေစိုက်နေထိုင်ရာဒေသ
တိုင်းဆာ(ခ) မိုင်းသာရှမ်းလူမျိုးနွယ်စုသည် မြန်မာနိုင်ငံအတွင်းသို့ အခြားတိုင်းလေ ရှမ်း ညီနောင်များနှင့်အတူမရှေးမနှောင်းလွန်ခဲ့သောထောင်စုနှစ်နှစ်ခုကျော်ကတည်းက ရေကြည်ရာ မြက်နုရာဒေသရှာဖွေရင်း နေရာအနှံ့အပြားတွင် အခြားတိုင်းရင်းသားများနှင့် ရောနှောနေထိုင် လာခဲ့ကြပါသည်။ ရှေးပဝေသဏီကဘိုးဘွား၊ဘီဘင်များအစဉ်အဆက်နေထိုင်လာခဲ့ကြသော ပင်ရင်း အရပ်ဒေသများမှာ (၁) ကချင်ပြည်နယ် ဗန်းမော်ခရိုင် တာပိန်မြစ် အနောက်ခြမ်း၊ (၂) စစ်ကိုင်း တိုင်း ဒေသကြီး ကသာမြို့နှင့် ကသာခရိုင်ရှိ ဒေသများ၊ (၃) ရှမ်းပြည်နယ်၊ နမ့်ခမ်း၊ ကျိုင်းတုံ၊ ရှမ်း ပြည် နယ်အရှေ့မြောက်ပိုင်း တရုတ်မြန်မာ နယ်ခြားကျောက်တိုင် အမှတ်(၄၂) အနီး ရွှေလီမြစ် ဝဲယာ မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများ စသည့် အရပ်ဒေသများသည် တိုင်းဆာ (ခ) မိုင်းသာ ရှမ်းတို့ အများဆုံး အခြေစိုက်နေထိုင်ခဲ့ကြသော ပင်ရင်းဒေသများ ဖြစ်ကြ ပါသည်။ ယခုအခါ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး သာမက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနှံ့ တွ င် မှီတင်းနေထိုင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
(ဂ) သွင်ပြင်လက္ခဏာများ
တိုင်းဆာ(ခ)မိုင်းသာရှမ်းလူမျိုးစုကို အမျိုးမျိုးခေါ်ဝေါ်ကြခြင်း
ခေါ်ဆိုကြပုံမှာ ဒေသအလိုက် သော်လည်းကောင်း၊ လူမျိုးအလိုက်သော်လည်း ကောင်း ခေါ်ဆိုပုံချင်းမတူကြပါ။ အခြားရှမ်းညီနောင်များက မိုင်းသာကို “တိုင်းဆာ”ဟူ၍ ခေါ်ဆို သမုတ်ကြသည်။အမှန်သည်မှာမိုင်းသာသည် တိုင်းဆာဖြစ်သကဲ့သို့ တိုင်းဆာသည်လည်း မိုင်းသာ လျှင် ဖြစ်ပါသည်။ အခေါ်အဝေါ်ကွဲပြားသော်လည်း အမျိုးကတော့ အတူတူပင် ဖြစ်ပါသည်။ အသားအရောင်မှာ အသားဝါအမျိုးအစားဖြစ်ပြီး၊ မျက်လုံးအနက်၊ ဆံပင်အနက်၊ မျက်ခုံးအနက်၊ မွန်ဂိုလွိုက်မျိုးနွယ်စု၊ မျက်နှာမကြီးမသေး၊ နှုတ်ခမ်းမထူမပါး၊ အရပ်အမောင်း ခန့်မှန်း အမျိုးသား(၅)ပေနှင့်အထက် (၅)ပေနှင့် (၅ပေ ၆လက်မ)ကြားများဖြစ်ကြသည်။
ပြောဆိုသောဘာသာစကားမှာ ရှမ်းစကား၊ ဗမာစကား၊ အဇီးနှင့် မရူစကားလေးမျိုး ပေါင်းစပ်ထား သော စကားစု(သို့)စကားပဒေသာတစ်မျိုးဖြစ်သည်ဟု ဆိုက ဆိုနိုင်ဖွယ်ရှိရာ၏။ ယင်းစကား တွင် အခြားတိုင်းရင်းသားညီအစ်ကိုများ၏ စကားများပါ ပါဝင်ပေါင်းစပ်ထားခြင်းကြောင့် တိုင်းဆာ (ခ)မိုင်းသာရှမ်း အများစုတို့သည် ဘာသာစကားအစုံကို တတ်ကျွမ်းပြောဆို နိုင်ကြကြောင်း တွေ့ ရှိရပါသည်။ရှေးယခင်က ပေရွက်စာ၊ မိုင်းကိုင်စက္ကူဖြင့် ရေးထားသော ပဲပင်ပေါက် ရှမ်းစာကို သုံး ခဲ့ကြပါသည်။ ယခုလက်ရှိသုံးစွဲသည် တိုင်းစာစာပေသည် လွန်ခဲ့သော (၂၅)နှစ်ခန့်မှစ၍ ရှေး ဟောင်း ဗျည်းအက္ခရာနှင့်ယခုပြန်လည်ပေါင်းစပ်ထားသည့် စာဖြစ်ပါသည်။
တိုင်းဆာ(ခ)မိုင်းသာရှမ်းလူမျိုးများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုမှာ အမျိုးသားများသည် အပြာနု ရောင် (သို့မဟုတ်) အဖြူရောင်ခေါင်းပေါင်းကို ပေါင်းကြ၏။ ခေါင်းပေါင်းစကို ညာဖက်သို့ ချ၍ ဖြစ်စေ၊ တစ်ချို့က အနောက်သို့ဖြစ်စေ ပေါင်းကြပါသည်။ ခေါင်းပေါင်းပေါ်တွင် ဒေါင်းမွှေးဖြင့် တန်ဆာဆင်ထားသည်လည်းရှိ၏။ ဒေါင်းမြီးရှားပါးလာသောအခါ သိုးမွှေးဖြင့် ပြုလုပ်ထားသော အနီ၊ အစိမ်း၊ အဝါရောင် စသည့် ရောင်စုံပန်းပွားများ ချိတ်ဆွဲတန်ဆာဆင်၍ ပေါင်းကြသည်။ ထို့အပြင် အချို့တို့မှာ ခေါင်းပေါင်းအစား သက္ကလပ်ဦးထုပ်ကို ဆောင်းကြသည်။ အမျိုးသားဝတ်အတွင်းခံ အင်္ကျီလည်ကတုံးအဖြူရောင် (သို့မဟုတ်) ကော်လံပါ ရှပ် အင်္ကျီ အဖြူရောင် ရိုးရိုးခံဝတ်ကြ၍ ယင်းအပေါ်မှာ ကြယ်သီး(၉)လုံး (သို့မဟုတ်) (၇)လုံး နှင့် အိတ် ထောင် (၃၊ ၄)လုံးပါ ငွေကြယ်သီး၊ ရွှေကြယ်သီးကိုလည်းသုံးကြပါသည်။အမျိုးသားဘောင်းဘီမှာ ခပ်ပွပွဖြစ်ပြီး ရှမ်းဘောင်းဘီနှင့်တူသည်။ သို့သော် အရောင်မှာအနက်ရောင်ဝတ်ဆင်ကြသည်။ ဖိနပ်မှာ ပွဲလမ်းသဘင် ရှိက ရိုးရာလက်ချုပ်ဖိနပ်၊ ရူးဖိနပ် နှင့် ရိုးရိုးညှပ်ဖိနပ်များစီးကြပါသည်။
မိုင်းသာရှမ်းလူဦးရေ၏ (၉၆%) ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြသူများ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာ၏အဆုံးအမကို လိုက်နာကျင့်ကြံ နေထိုင်ကြသည်။
မိုင်းသာရှမ်းလူဦးရေ၏ (၉၆%) ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြသူများ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာ၏အဆုံးအမကို လိုက်နာကျင့်ကြံ နေထိုင်ကြသည်။
ရှေးခေတ် ရှမ်းစော်ဘွားများ၏ အုပ်ချုပ်မှုအောက်နှင့် ရွာလူကြီးများ၏ အုပ်ချုပ်မှု အောက်တွင်နေထိုင်ခဲ့ကြပါသည်။လူငယ်များမှာလူပျိုခေါင်း၊အပျိုခေါင်းများ၏ အုပ်ချုပ်မှုအောက် တွင်နေရပါသည်။ မိုင်းသာရှမ်း လူဦးရေ၏ (၉၆%)ရာခိ...
ဆက်လက်ဖတ်ရှု့ရန်ရှေးခေတ် ရှမ်းစော်ဘွားများ၏ အုပ်ချုပ်မှုအောက်နှင့် ရွာလူကြီးများ၏ အုပ်ချုပ်မှု အောက်တွင်နေထိုင်ခဲ့ကြပါသည်။လူငယ်များမှာလူပျိုခေါင်း၊အပျိုခေါင်းများ၏ အုပ်ချုပ်မှုအောက် တွင်နေရပါသည်။ မိုင်းသာရှမ်း လူဦးရေ၏ (၉၆%)ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသူများ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာ၏ အဆုံးအမကို လိုက်နာကျင့်သုံး နေထိုင်ကြ သည်။ အချို့ဒေသများတွင် တစ်နှစ်တစ်ကြိမ် ရွာစောင့်နတ်(အရှင်ကြီး)လယ်စောင့်နတ်၊ သမ္မာ ဒေဝနတ်များအား ပူဇော်ပသမှုလည်း ပြုလုပ်ကြသည်။ သို့သော် ထုံးစံသဘောမျှသာ ဖြစ်ပြီး ကြီးကြယ်စွာမကိုးကွယ်ကြ။ နှစ်စဉ် သက်ကြီးပူဇော်ပွဲနှင့် ဘုန်းကြီးဆွမ်းလောင်းပွဲ ၊ သင်္ချိုင်း ကန်တော့ပွဲအား ကျင်းပကြသည်။
လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ပြီး တစ်ဦးက အကျင့်ဖောက်ဖျက် ကျူးလွန်လျှင် လူကြီးများက စေ့စပ်ပေး၍ မရသည်အခါ ကွာရှင်းပေးကြသည်။ ကွာရှင်းလိုသူက ပစ္စည်း အားလုံးကိုထားရစ်ပြီး လူလွတ်ဆင်းပေးရသည်။ တစ...
ဆက်လက်ဖတ်ရှု့ရန် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ပြီး တစ်ဦးက အကျင့်ဖောက်ဖျက် ကျူးလွန်လျှင် လူကြီးများက စေ့စပ်ပေး၍ မရသည်အခါ ကွာရှင်းပေးကြသည်။ ကွာရှင်းလိုသူက ပစ္စည်း အားလုံးကိုထားရစ်ပြီး လူလွတ်ဆင်းပေးရသည်။ တစ်ဦးကကွာလိုပြီး တစ်ဦးကမကွာလိုပါက ကွာလိုသူက လျော်ကြေးပေးပြီး ကွာရသည်။ ကလေးများကမူ မိမိတို့ လိုက်လိုသော ဘက်ဆီသို့ လိုက်နေခွင့်ရှိသည်။ မိုင်းသာရှမ်းအမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှု၊ မီးနေမှုတို့တွင် ဗမာလူမျိုးနှင့် ဆင်တူသော ဓလေ့ထုံးစံအချို့ရှိကြောင်း တွေ့ရသည်။ ကိုယ်ဝန်ဆောင်မိန်းမသည် ကောက်ညှင်း ဆန်ဖြင့် ပြုလုပ်ထားသော စားစရာများဖြစ်သည့် ခေါပုတ်၊ ကောက်ညှင်း၊ ထမင်းချိုးများ ကို မစားရ၊ မီးကို ကျောခိုင်း၍ မလှုံရ၊ နေဝင်မိုးချုပ် ရေမချိုးရ၊ အိမ်အပြင် မထွက်ရ၊ အပြင်ထွက်လျှင် မကောင်းဆိုးဝါး မကပ်ရန် ဦးခေါင်းတွင် အပ်နှင့် ကြေးသတ္တု ပစ္စည်း တစ်ခုခုစိုက်ထားရသည်။မီးဖွား၊ မီးနေသောအခါ ဦးခေါင်းမကိုက်ခဲစေရန် ခေါင်းကို တစ်လနှင့်နှစ်လအထိ အဝတ်ဖြင့် ပေါင်းထုတ်ထားရသည်။ မီးဖွားသည့်အခါ မီးနေခန်းသို့ ယောင်္ကျားများ မဝင်ရပါ။ အိမ်ရှိ နားလည်သူမိန်းမသူကြီးများရှိလျှင် ယင်းတို့က ကလေးမွေးပေးရသည်။ မရှိလျှင် အရပ် လက်သည်ခေါ်မွေးရသည်။အမျိုးသမီး အဝတ်တန်းအောက် အမျိုးသားများမဝင်ရ၊ လူကြီးသူမများရှေ့ သွားလာလျှင် ခါးကုန်း၍ သွားရန်၊ သားဦးသမီးဦး ကလေးမွေးပြီး (၁)လမပြည့်ခင် အိမ် ထောင်ဦးစီး ခရီး မထွက်ရ။ အမျိုးသမီး အဝတ်တန်းအောက် အမျိုးသားများ မဝင်ရ၊ သားဦး သမီးဦး ကလေးမွေးပြီး (၁)လမပြည့်ခင် အိမ်ထောင်ဦးစီး ခရီး မထွက်ရ။
လူကြီးသူမများရှေ့ သွားလာ လျှင် ခါးကုန်း၍ သွားရန်၊ နှစ်စဉ် သက်ကြီးပူဇော်ပွဲနှင့် ဘုန်းကြီး ဆွမ်းလောင်းပွဲ ၊ သင်္ချိုင်း ကန်တော့ပွဲအား ကျင်းပကြသည်။
ဆက်လက်ဖတ်ရှု့ရန်
လူကြီးသူမများရှေ့ သွားလာ လျှင် ခါးကုန်း၍ သွားရန်၊ နှစ်စဉ် သက်ကြီးပူဇော်ပွဲနှင့် ဘုန်းကြီး ဆွမ်းလောင်းပွဲ ၊ သင်္ချိုင်း ကန်တော့ပွဲအား ကျင်းပကြသည်။
မိုင်းသာရှမ်းအမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်မှုနှင့် မီ...
ဆက်လက်ဖတ်ရှု့ရန် မိုင်းသာရှမ်းအမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှု၊ မီးနေမှုတို့တွင် ဗမာလူမျိုးနှင့် ဆင်တူသော ဓလေ့ထုံးစံအချို့ရှိကြောင်း တွေ့ရသည်။ ကိုယ်ဝန်ဆောင်မိန်းမသည် ကောက်ညှင်း ဆန်ဖြင့် ပြုလုပ်ထားသော စားစရာများဖြစ်သည့် ခေါပုတ်၊ ကောက်ညှင်း၊ ထမင်းချိုးများ ကို မစားရ၊ မီးကို ကျောခိုင်း၍ မလှုံရ၊ နေဝင်မိုးချုပ် ရေမချိုးရ၊ အိမ်အပြင် မထွက်ရ၊ အပြင်ထွက်လျှင် မကောင်းဆိုးဝါး မကပ်ရန် ဦးခေါင်းတွင် အပ်နှင့် ကြေးသတ္တု ပစ္စည်း တစ်ခုခုစိုက်ထားရသည်။မီးဖွား၊ မီးနေသောအခါ ဦးခေါင်းမကိုက်ခဲစေရန် ခေါင်းကို တစ်လနှင့်နှစ်လအထိ အဝတ်ဖြင့် ပေါင်းထုတ်ထားရသည်။ မီးဖွားသည့်အခါ မီးနေခန်းသို့ ယောင်္ကျားများ မဝင်ရပါ။ အိမ်ရှိ နားလည်သူမိန်းမသူကြီးများရှိလျှင် ယင်းတို့က ကလေးမွေးပေးရသည်။ မရှိလျှင် အရပ် လက်သည်ခေါ်မွေးရသည်။ အမျိုးသမီး အဝတ်တန်းအောက် အမျိုးသားများ မဝင်ရ၊ လူကြီးသူမများရှေ့ သွားလာလျှင် ခါးကုန်း၍ သွားရန်၊ သားဦး သမီးဦး ကလေးမွေးပြီး (၁)လမပြည့်ခင် အိမ် ထောင်ဦးစီး ခရီး မထွက်ရ။ အမျိုးသမီး အဝတ်တန်းအောက် အမျိုးသားများ မဝင်ရ၊ သားဦး သမီးဦး ကလေးမွေးပြီး (၁)လမပြည့်ခင် အိမ်ထောင်ဦးစီး ခရီး မထွက်ရ။
ကချင်ပြည်နယ်ရှိ တိုင်းလိုင်းတို့၏ နောက်ခံသမိုင်း
Tai Leng ရှမ်းအခေါ် တိုင်းလိုင် = တိုင်းနိုင်း မြန်မာအခေါ် ရှမ်းကလေး၊ ရှမ်းဗမာ၊ ရှမ်းနီ၊ မြန်ဆန် သောရှမ်းဟု ခေါ်ဆိုခဲ့သည်။ တိုင်းလိုင်တို့သည် တိုင်းတရုတ်အနွယ်ဝင်(၇)မျိုးတွင် ပါဝင်သည်။ (မြန်မာ့ စွယ်စုံကျမ်း အတွဲ ၁၁ စာ ၃၇၈) အခြားမျိုးနွယ်စုများကဲ့သို့ မွန်ဂိုကုန်းမြင့်မှ တဖြေးဖြေး ပြောင်းရွှေ့လာ ခဲ့ရာ မြစ်ဝါမြစ်၊ ယန်စီမြစ်ဝှမ်းမှ ယူနန်ကုန်းမြင့်သို့ ရောက်ရှိလာကြသည်။ ယူနန်ကုန်းမြင့် အရှေ့တောင်ဘက်ရှိ ရှမ်းတို့ကို တာတာတို့က တိုက်ခိုက်သည်။ အနောက် တောင်ဖက်ရှိ ရှမ်းတို့ကို ဝမ်ချီစစ်သူကြီးက တိုက်ခိုက်သောကြောင့် တောင်ဘက်နှင့် အနောက်တောင် ဘက်သို့ ပြောင်းရွှေ့လာကြသည်။ ကချင်ပြည်နယ် မြောက်ဘက်ဆုံး တောတောင်ထူထပ်သော ဒေသ ဧရာဝတီမြစ်ဝှမ်း တပိန်မြစ်ဝှမ်း ချင်းတွင်းမြစ်ဝှမ်းသို့ ရောက်ရှိလာခဲ့သည်။
(ခ) နေထိုင်ရာဒေသများ/တိုင်းလိုင်တို့ ပျံ့နှံ့လာပုံ
Tai Leng - တိုင်းလိုင်မျိုးနွယ်တို့သည် မြန်မာနိုင်ငံ မြောက်ပိုင်း မေခမေလိခတို့ဆုံရာ မြစ်ဆုံခေါ် (နမ့်ဆောင်းဆွုပ်) မှစ၍ ဧရာဝတီမြစ်ဝှမ်း၊ တပိန်မြစ်ဝှမ်း၊ချင်းတွင်းမြစ်ဝှမ်း၊ မြေပြန့်မြစ်ရိုး ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူ၊ မြေပြန့် တလျှောက်၊ သံလမ်းဝဲယာ မိုးကောင်း၊ မိုးညှင်း၊ အင်းတော်ကြီး ဒေသ၊ ဖားကန့်ဒေသ၊ ကောလင်း၊ ဝန်းသို၊ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းရိုးဝဲယာ ဗန်းမောက်၊ ပင်လယ်ဘူး စသောမြို့များ၏ အမည်သည် တိုင်းလိုင်ရှမ်းတို့၏ အမည်များသာဖြစ်သည်။
တိုင်းလိုင်တို့သည် စိုက်ပျိုးရေးကို ကျွမ်းကျင်သော မျိုးနွယ်ဖြစ်၍ နမ့်၊ နား၊ ဖာ၊ တာ့ စသည့် အချက်(၄)ချက်နှင့် ညီသောဒေသတွင် မြို့တည် ရွာတည်၍ နေကြသည်-
နမ့် = စိုက်ပျိုးရန်၊ သွားလာရန်ရေအလုံအလောက်ရှိသောနေရာ
နား = စိုက်ပျိုးရန်မြေအလုံအလောက်ရှိသောနေရာ
ဖာ = ရတနာထွက်သောနေရာ
တာ့ = သွားလာရန်ဆိပ်ကမ်းကောင်းများစသည့်အချက်နှင့်ညီသော ဒေသတွင် နေထိုင်ကြသည်။
Tai Leng တို့ကို (တိုင်း၊ အူ၊ ပန်၊ တီ၊ လိုင်း)မြေပြန့်တွင်နေသော ရှမ်းဟု အဓိပ္ပာယ်ရပါသည်။
(က) BC- ၂ ရာစုတွင် အိန္ဒိယနှင့် တရုတ်တို့ ပိုးထည်ပို့သော ပိုးလမ်းကြောင်းတွင် တိုင်းလိုင် တို့ရှိနှင့်ပြီး ဖြစ်ပါသည်။
(ခ) ဆာဂျော့စကော့၏ (The Burma) စာအုပ်တွင် ရှမ်းတို့သည် ခရစ်မပေါ်မီ နှစ်(၁၀၀) စောသည်ဟု ဆိုသည်။
(ဂ) ကာနယ်ရီဂျီနီက တိုင်းမော့ရှမ်းတို့သည် BC-၄၀၀ လောက်ကပင် ရွှေလီမြစ်ကမ်း ညာဘက် မူအန်မောင်း(မူဟာန်မဝ်း) တိုင်းပြည်ကို ထူထောင်ခဲ့ကြသည်။ မိုင်းမော ပြည်ထောင်စုဟု ခေါ်တွင်သည်။
(ဃ) မေဂျာဒေးဗစ်ရေးသားသော စာအုပ်တွင် ယူနန်သည် တရုတ်စကား မဟုတ် (ယူနွမ်) ရှမ်းအများအပြားနေသည်ဟု အဓိပ္ပာယ်ရသည်။
(င) AD-၈ရာစုတွင်ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်းတွင် ရှမ်းအများဆုံး နေခဲ့သည်။
(WW coch The Shan စာ- ၁၅၃-၁၅၄ )
(စ) တရုတ်ပြည်မင်မင်းဆက်ခေတ်တွင် ဧရာဝတီမြစ်ဝှမ်းတွင် ကြီးမားသော ရှမ်းနယ်ကြီး တစ်နယ်ဖြစ်ခဲ့သည်။ (မြန်မာ့စွယ်စုံကျမ်းအတွဲ၁၁ စာ- ၄၀၆ )
(ဆ) ၁၃ရာစုတွင် မွန်ဂိုအနွယ်ဝင် တာတာတို့ ကြီးစိုးလာ၍ ၁၂၅၃ ခုနှစ်တွင် ယူနန်နယ်ကို တာတာတို့ သိမ်းယူခဲ့သည်။
ထိုအခါရှမ်းတို့က တောင်ဘက်သို့ပြောင်းရွှေ့လာသော ရှမ်းတို့အနက် သိင်္ခဗိုလ်ဟူသော ရှမ်းစော်ဘွားတစ်ဦးပါလာသည်။ ရှမ်းစော်ဘွားသိင်္ခဗိုလ်တွင် အသင်္ခရာ၊ ရာဇသင်္ကြန်၊ သီဟသူ သားတော်သုံးပါးပါလာသည်။ မြန်မာဘုရင် နရသီဟပတေ့မှ သားတော်ကြီး အသင်္ခရာအား မြင်စိုင်းကို စားစေသည်။ ဒုတိယသား ရာဇသင်္ကြန်အား မက္ခရာမြို့ကိုစားစေသည်။ တတိယသား သီဟသူအား ပင်လယ်မြို့ကို စားစေသည်။
သီဟသူသည် ၁၃၁၂ တွင် အင်းဝမြို့တောင်ဘက်နားရှိ (ပန်ယာ့) ခေါ် ပင်းယမြို့ကို တည်ခဲ့သည်။ သီဟသူ၏သားတော်အသင်္ခရာစောယွန်းသည် ခမည်းတော်၏ အကူအညီဖြင့် ၁၃၁၅ တွင် စစ်ကိုင်း (စေ့ကျိုင်း)မြို့ကိုတည်ခဲ့သည်။ မင်း ၇ ဆက်အုပ်စိုးခဲ့သည်။ (စေ့ကျိုင်း= မန်ကျီးတော) မိုးကောင်း၊ မိုးညှင်း ရှမ်းများသည် ပါမောက္ခ GH လုစ်၏ ခိုင်မာသော ဖူရန်ဂျီ သမိုင်းအရ အခြားသောမျိုးနွယ်များ ထက် အနှစ်(၂၀၀) စောသည်ဟု ဖော်ပြထားသည်ကိုလည်း လေ့လာမှတ်သားရပါသည်။
(ဂ) သွင်ပြင်လက္ခဏာ
Tai Leng တိုင်းလိုင်မျိုးနွယ်များကို ရှမ်းအခေါ် တိုင်းလိုင် = တိုင်းနိုင်း မြန်မာ အခေါ် ရှမ်းကလေး၊ ရှမ်းဗမာဟု ခေါ်ဆိုကြသည်။ တိုင်း= အဓိပ္ပာယ်= ယဉ်ကျေးမှုရှိပြီးသားလူမျိုး၊မိမိလူမျိုးကို ထိုက်တန်စွာ အုပ်ချုပ်တတ်သော လူတန်းစား၊ တိုင်းပြည်ရှိပြီးသားလူမျိုးဟု အဓိပ္ပာယ်ရသည်။ Tai Leng တို့သည် လော-ဗီယက်နန် လူမျိုးတို့နှင့်ဆင်တူသည်။ (ရှင်သုခမိန်- တန့်ယန်း) အများအားဖြင့် ရောနှော၍မနေကြ၊ အေးအေးလူလူနေတတ်ကြသည်။ စိုက်ပျိုးရေးကို ကျွမ်းကျင် သည်။ ဗမာများကဲ့သို့ပုဆိုးတောင်ရှည်၊ပုဆိုးကွင်းကိုဝတ်ကြသည်။ အသားအရေ ညိုသော အသား၊ ဝါသောအသားဖြစ်ပြီး အရပ်အမောင်းကောင်းသည်။ ဗမာများကဲ့သို့ ငပိစားကြသည်။ ထမင်းကို လက်ဖြင့်စားကြသည်။ ဗမာနှင့် နေပုံထိုင်ပုံတူ၍လည်း ရှမ်းဗမာဟုလည်း ဗမာများက ခေါ်ဆိုကြသည်။စစ်တိုက်သောအခါ ဘောင်းဘီအနက် အင်္ကျီအနက် ခေါင်းပေါင်းအနီပေါင်း၍ ဘောင်းဘီအနား အင်္ကျီအနားတို့တွင် အနီဝတ်ကွပ်၍ စစ်တိုက်ကြသောကြောင့် ရှမ်းနီဟုလည်း မြန်မာများက ခေါ်ဆိုကြ သည်။
(ဃ) Tai Leng တို့၏ရိုးရာဓလေ့ထုံးစံများ
၇။ တိုင်းလိုင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တိုင်းလိုင်တို့၏ဝါကျွတ်ပွဲတော်
သီတင်းကျွတ်လပြည့်အဖိတ်နေ့တွင် သက်ကြီးရွယ်အိုများ ဆွေမျိုးများအား မိမိတို့ တတ်စွမ်းသမျှ ဆန်၊ ပန်း၊ ပေါက်ပေါက်၊ မုန့်အမျိုးမျိုးဖြင့် သွားရောက်ကန်တော့ရပါသည်။ အဖိုး၊ အဖွား၊ ဦးကြီးများကလည်း ကျန်းမာချမ်းသာ အသက်ရှည်စွာ အနာမဲ့ရေး ဆုပေးကြ သည်။ အချို့မှာ မုန့်ဘိုးများလည်း ပေးကြပါသည်။
အဖိတ်နေ့ညတွင် ဥပုဒ်နေ့(လပြည့်နေ့) အတွက် ဆွမ်းခွက်များကို အိမ်နီးချင်းတို့ကိုဝေရန် ဖက်ဖြင့် ခွက်ကဲ့သို့ ပြုလုပ်၍ဆွမ်းတော်များ ဝေငှရပါသည်။ လပြည့်နေ့တွင် ကျောင်းရှိ ဆရာတော်ထံ သီလယူကြရပါသည်။ အိမ်သို့ မပြန်ဘဲအမျိုးသားများက ဘုန်းတော်ကြီး ကျောင်းတွင်နေ၍ အမျိုးသမီးများက ဇရပ်တွင်သီလဆောက်တည်၍ စာဟောခြင်း၊ ဝိပဿနာတရားများ ဆွေးနွေးကြသည်။ ညနေတွင် သီလဆေးပြီးသောအခါ သားသမီးမြေး များက အိပ်ရာလိပ်များ ပို့ဆောင်ကြရသည်။
နောက်တစ်နေ့ သီတင်းကျွတ်လ္ဆုပ်(၁) ရက် နံက်(၄)နာရီတွင် ဥပုဒ်သည်များအား ငှက်ပျောဖက်များဖြင့် ခွက်ပြုလုပ်၍ ကျောင်းရှိ ဥပုဒ်သည်များနှင့် ဇရပ်ရှိဥပုဒ်သည်တို့အား ဆွမ်းတော်များပို့ကြရပါသည်။ လ္ဆုပ်(၁)ရက်နေ့တွင် နံက်ဥပုဒ်ထွက်ပါကရွာရှိအပျို၊ လူပျိုများ က ဥပုဒ်ဆွမ်း ဆက်ကပ်ခြင်း၊ ဥပုဒ်သည်များအား ကျွေးမွေး၍ ကုသိုလ်ယူကြပါသည်။
(ခ) တိုင်းလိုင်တို့၏ ရိုးရာကထိန်ပွဲ
ကထိန်ပွဲကို သီတင်းကျွတ်လဆုပ်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကျေးရွာတိုင်းရှိ ဘုန်းတော်ကြီးကျောင်းတိုင်း ကျေးရွာတစ်ရွာပြီးတစ်ရွာ ကထိန်ခင်းလေ့ရှိကြ သည်။ တန်ဆောင်မုန်းလ မရောက်မီ သီတင်းကျွတ်ပြီးသည်နှင့် ကထိန်အတွက် လုံးပမ်းကြ သည်။ ကျေးရွာတွင် ရပ်ကွက်အပိုင်း အလိုက်တတ်စွမ်းသမျှ ပဒေသာပင်များ သီကြရသည်။ ကထိန်ခင်းသောနေ့တွင် ပဒေသာပင်များကို ထမ်း၍ ကျောင်းကို (၃)ပတ်ပတ်ပြီးမှ ကျောင်း ပေါ်တက်၍ ကထိန်ရေစက်ချရသည်။
(ဂ) ရိုးရာရှင်ပြုပွဲအခမ်းအနား
တိုင်းလိုင်သျှမ်းများသည် မိမိရင်၌ဖြစ်သောသား သူတစ်ပါး၏သားများကို ရှင်ပြုမည် ဆိုပါက ရှင်လောင်းများကို ရွာရှိဘုန်းတော်ကြီးကျောင်း သို့(၁)လကြို၍ ပို့ထားရပါသည်။ သင်္ကန်းတောင်းကျက်ရန်၊ ဘုရားရှိခိုးခြင်း၊ ဆုပေးခြင်းတို့ကို ပီပီသသရွတ်ဆိုတတ်ရန်ဖြစ်ပါ သည်။ ရှင်ပြုမည့်အလှူတကာများသည် (၁၅)ရက်လောက်ကစ၍ မိမိတို့အလှူအတွက် လက်ဆောင်ပြန်ပေးရန် ပေါက်ပေါက်လှော်ခြင်း၊ ပေါက်ပေါက်ရွေးခြင်းတို့ကို ပြုလုပ်၍ ထန်းလျက်ရည်ကြိုနှင့် ရောနယ်ကာ ပေါက်ပေါက်ဆုပ်ပြုလုပ်ပြီး ပုတ်သန့်သန့်တွင် စက္ကူများပတ်ကာ ထည့်ထားရပါသည်။ ပွဲနေ့တွင် အလှူလာသူများအား လက်ဆောင်ပြန် အဖြစ် ပြန်ပေးကြရသည်။ ပွဲမတိုင်မီ ဆန်ဖွပ်ခြင်းကို ညအခါအပျိုများက မောင်းထောင်း တေးတိုင်၍ သီဆိုကာဆန်ဖွပ်ကြသည်။ ရှင်ပြုသောနေ့တွင် ရှင်လောင်များကို ထမ်းစင်များ အလှဆင်ကာ ရှင်လောင်းလှည့်ခြင်း၊ ရှင်မိ/ရှင်ဖများက သပိတ်သင်္ကန်းလွယ်ခြင်း၊ အပျိုများက အိပ်ရာ လိပ်ရွက်ခြင်း၊ ကွမ်းတောင်ပန်းတောင် ကိုင်၍အလှူလှည့်ပါသည်။
အလှူလှည့်ရာတွင် ရှင်လောင်းထမ်းသမားများက မြင်းခြေကျိုးသည်ဆိုကာ ရှေ့ဆက် မသွားဘဲ ရပ်နေကြသည်။ ရှင်မိ/ရှင်ဖများက ငွေပေးမှသာ ရှေ့ဆက်သွား၍ အပျော်တမ်း လုပ်လေ့ရှိသည်။ရှင်လောင်းများကို (၁)နေ့လုံး (၇)ကြိမ် ထမင်းခွံ့ကျွေးကြရသည်။ (၆)ကြိမ် သည် ရွယ်၍ ခွံ့ကျွေးပြီး(၇)ကြိမ်မြောက်တွင် အဝကျွေးကြရသည်။ ညနေပိုင်းတွင် ခေါင်းရိတ်ပြီး သင်္ကန်းတောင်းပြီးလျှင် သင်္ကန်းဝတ်၍ တရားနာ ကြားကြသည်။
(ဃ) နမ့်ပန်ကုန်း( ရိုးရာရေသွန်းပွဲတော်)
တိုင်းလိုင်သျှမ်းများ ရိုးရာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကို ဧပြီ(၁၃၊ ၁၄၊ ၁၅)ရက်တို့တွင် ကျင်းပကြပါသည်။ သင်္ကြန်အကြိုနေ့တွင် မိမိအိမ်ညောင် ရေအိုး(ဘုရားအိုး)အသစ်ကိုယူ၍ ပန်းအမွှေးနံ့သာတို့ဖြင့်ယူကာ ဘုန်းကြီး ကျောင်းသို့သွားကြရသည်။ပြက္ခဒိန်တွင်ပါသည့် အချိန်နာရီအတိုင်းသင်္ကြန် ကျသည့် အချိန်ရောက်လျှင်ကျောင်းပေါ်မှ စည်၊ ကြေးစည်တို့ကို တီးရသည်။ ထိုအခါမှ သင်္ကြန်ကြိုကြသည် ဗျောတီးသူများကတီး၍လည်း ဗျောက ဖြင့် သင်္ကြန်ကြိုကြသည်။ ထို့နေ့တွင် ကျောင်းပေါ်မှ ဘုရားများအဆူပေါင်း (၂၅)ဆူခန့်ကို ရေသွန်း ကျောင်းပေါ်သို့ ချပြီးလျှင် အရွယ်မရွေး အန္တရာယ် ကင်းရန် ဘုရားရေသွန်းကြသည်။ သင်္ကြန်အတက်နေ့တွင် ဘုရားများကို ကျောင်းပေါ်သို့ ပြန်တင်ကြ သည်။ ဘုရားကို ရေမသွန်းပြီးပါက မည်သူမျှ ရေပက်ကစားခြင်းမလုပ်ရပါ။ နှစ်ဆန်း(၁)ရက်နေ့တွင် ရွာထိပ်၊ ရွာလယ်၊ လမ်းဆုံသောနေရာများတွင် သဲပုံစေတီ၊ စေတီကြီးရှိရာတို့တွင် သံဃာတော်များ အန္တရာယ်ကင်းပရိတ်ရွတ်ကြရပါသည်။
(င) ရိုးရာမင်္ဂလာအခမ်းအနား
တိုင်းလိုင်သျှမ်းများ သတို့သမီးတောင်းရမ်းရန် သွားသောအခါ အိမ်ထောင်စုလူကြီး (၂)ယောက်အား စေလွှတ်ရပါသည်။ သတို့သားဘက်မှ လူကြီးများက အထက်မှာ မထိုင်ရပါ။ စကားစပြောသောအခါ ကျွန်တော်မျိုး တို့ရဲ့အဘိုးတန်သား အတွက်အရှင်တို့၏ အဘိုးတန် သမီးကို တောင်းရန် ခြေဘွားနှစ်ဘက်ဖြင့် လာခဲ့ရပါသည်ဟု စပြောကြရပါသည်။ အနည်းဆုံး (၃)ကြိမ် နားဖောက်ရပါသည်။ ၎င်းနောက်မှ ကွမ်းဘိုး၊ မိရာ၊ ဖရာနှင့် ကျွေးမွေးရန်အတွက် မိန့်ရပါသည်။
မင်္ဂလာဆောင်သောနေ့တွင် နှီးနှင့် ရက်ထားသော တောင်းထမ်း(၂)ထမ်း ဗျက်ပန်း ကဲ့သို့ယက်ထားသော တောင်းထဲတွင် ကြက်ဥ(၄)လုံးထည့်၍ အဝတ်ဖြူ နှင့်အုပ်ထား ရ သည်။ တောင်းထမ်း (၂)ထမ်းထဲတွင် အုန်းငှက်ပျောနှင့် ငါးချဉ်ထည့်၍ တောင်းတွင် ငါးခြောက်နှင့် ငွေစက္ကူကို ချိတ်ဆွဲထားရပါသည်။ ဖျာ(၂)လိပ်နှင့် ဝါးလုံးသေးသေးထိပ်တွင် လက်ဖက်ထုပ် ချိတ်ဆွဲထားပါသည်။ လက်ဖက်ခေါင်ထိဟုလည်း ခေါ်ပါသည်။ ဖျာလိပ်(၂) လိပ် နှီးချည်နည်းလည်းရှိသည်။ နှီးစကို အောက်သို့မချိုးဘဲ အထက်သို့ အစဉ်အတိုင်း ချည်တက်ရပါသည်။ မင်္ဂလာဆောင်နေ့တွင် အိမ်နတ်များကိုလည်း တိုင်တည်ရပါသည်။
အချို့အိမ်နတ်များသည် နံနက်က်(၄)နာရီတွင် သတို့သားဘက်မှလာ၍ သတို့သမီး၏ အဖေအား (ပေါ်စောင့်စောင့်စောင့်)( )ဟု ယောက်ခထီးအား လာနိုးရသည်လည်း ရှိပါသည်။
(စ) ယဉ်ကျေးမှုအက
ယဉ်ကျေးမှုအကတွင် အနည်းဆုံး (၁၀)ယောက်မှ (၁၆)ယောက်နှင့် မိန်းကလေး၊ ယောက်ျားလေးတွဲ၍ ကကြရသည်။ ကောက်စိုက်တေး၊ စပါးရိတ် တေးအမျိုးသားတေးတို့ ဖြင့် ကကြရသည်။ အတီးမှာ ဗုံတိုဖြစ်ပြီး ဗုံ(၃)လုံး၊ မောင်းအကြီး၊ အသေး(၆)လုံးဖြင့် ကကြသည်။
(ဆ) ကော်ပတန့်( )လမ်းပြဗုံ
ကော်ပတန့်( )လမ်းပြဗုံပွဲတော်သည် မည်သည့်သျှမ်းမျိုးနွယ်တွင်မှ မရှိသော ပွဲတော်နေ့ဖြစ်ပြီး တိုင်းလိုင်(၁)မျိုးတည်းသာ ကျင်းပသော ပွဲတော်ဖြစ်သည်။ ကော်ပတန့်ပွဲတော်ကို နှစ်စဉ်ပြာသိုလပြည့်နေ့တွင် ဗန်းမော်မြို့၊ ရွှေကျီးနားဘုရား (အိုက်ခေါတော်) ( ) ဘုရင်ဘုရားရှိရာ တံခွန်တိုင်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ပါ သည်။ ယခုနှစ်သည် (၄၁)ကြိမ်မြောက် ရှိပြီဖြစ်ပါသည်။ ကောက်ဦးဆွမ်း ကပ်လှူခြင်း၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြပါသည်။ ထိုကော်ပတန့် ပွဲတော်သည် တိုင်းလိုင်မျိုးနွယ်တို့ တစ်မျိုးတည်းသာ ပြုလုပ်ကြသော ပွဲတော်ဖြစ်ပါသည်။ ထိုပွဲတော်တွင် သျှမ်းမျိုးနွယ်စုများ အားလုံးနှင့် ဗုဒ္ဓဘာသာဝင်ဟူသမျှ ပါဝင်ဆင်နွှဲကြသည့် ထူးခြားသော တိုင်းလိုင်တို့၏ ပွဲတော်ဖြစ်ပါသည်။
(ဇ) တိုင်းလိုင်တို့ ရိုးရာနတ်ကြီးတက်ပွဲ
တိုင်းလိုင်တို့ ရိုးရာနတ်ကြီးတက်ပွဲသည် နှစ်စဉ် ဝါထွက်ဝါဝင်တွင် ပြုလုပ်ကြသည်။ နတ်ကြီးတက်ပွဲတွင် ရွာဆော်မှဆော်ဩ၍ အိမ်မှဆန်နို့ဆီဘူး (၁)ဘူး၊ ကြက်(၁)ကောင်၊ ဆား၊ ဟင်းချက်စားစရာ အမျိုးမျိုးယူ၍ နတ်ကြီးစင်ရှိရာ ရွာထိပ်တွင် နတ်ထိန်းမှ ဟောပြော ရပါသည်။ ပါလာသော ဟင်းနှင့်ဆန်တို့ကို ချက်ပြုတ်၍ စားသောက်ကြပါသည်။အိမ်ရှိ ကျွဲ၊ နွား တိရစ္ဆာန်အရေအတွက်ကို နှီးဖြင့်ချိုး၍ ယူသွားရပါသည်။ စားသောက် ပြီးပါက အိမ်ပြန်ကြသည်။ စားသောက်၍ ကျန်သော ထမင်းဟင်းများကို အိမ်သို့ပြန်ယူခွင့် မပြုပါ။ ဤနည်းဖြင့် ဝါဝင်ဝါထွက် နတ်ကြီးတက်ပွဲ ကျင်းပသည်။
(စျ) သဂြိုလ်ခြင်းအခမ်းအနား
ရပ်ရွာတွင်တစ်ဦးတစ်ယောက်ဆုံးပါးသွားပါကအသက်အရွယ်အပိုင်း အခြားအလိုက် ယာယီအိမ်ကို ပြုလုပ်ကြသည်။ အသက်ကြီးသူများ သေဆုံးပါက ယာယီအိမ်ကို အကြီး ပြုလုပ်ပြီး အသက်(၂)နှစ်အောက်ဆုံးပါက ဘုန်းကြီးကျောင်းတွင် ဆွမ်းစိမ်းကပ်ခြင်းပြုလုပ် ရသည်။ လူကြီးများသေဆုံးပါက ရက်လည်ဆွမ်းအတွက် ဆန်(၁)ပြည် ငွေ(၁)ကျပ် ကူကြရ သည်။ တစ်ခုခုထိခိုက်၍ သေဆုံးပါက ရွာအပြင်တွင် ထား၍ ရွာပြင်တွင် ချက်ပြုတ်ကာ တရားနာရပါသည်။ ကူငွေများ လက်မခံရပါ။ ဧည့်သည်များ လာရောက်သေဆုံးပါက ဧည့်သည်နှင့်ရွာခံသင်္ချိုင်းကို ခွဲ၍ မြုပ်နှံရပါသည်။ ဧည့်သည်နှင့် ရွာခံရော၍ သင်္ဂြိုလ်ခြင်း ထုံးစံမရှိကြောင်းလည်း ရှိခဲ့ဘူးပါသည်။
(ည) တိုင်းလိုင်တို့၏ ရိုးရာနေအိမ်
တိုင်းလိုင်သျှမ်းတို့၏အိမ်သည် အများအားဖြင့် ခြေတံရှည်အိမ် ဖြစ်ပါသည်။ အိမ် အောက်တွင် နွားချည်ခြင်း၊ စပါးထောင်းရန် မောင်းဆင်ခြင်း၊ မျိုးစေ့များ လှောင်ရန် စပါးပုတ်၊ ပဲမျိုးစေ့ပုတ်၊ ကောက်ညှင်းပုတ်တို့ကို ထားကြသည်။ ပုတ်ကို ဝါးနှင့်ရက်၍ အတွင်းအပြင် နောက်ချေးနှင့် ဖွဲနုတို့ကိုရော၍ ထူထူသုတ်ထားပြီး နေခြောက်အောင် လှန်းပြီး မျိုးစပါးလှောင်ခြင်းတို့ ပြုလုပ်ကြသည်။သျှမ်းအိမ်ကို (၃)ခန်း (၅)ခန်း (၂)ဆောင်ပြိုင် ဆောက်ကြသည်။ အိမ်ဦးခန်းတွင် ဘုရားစင်ရှိသည်။ ဧည့်သောက်ရန် ရေအိုးထားရသည်။ အချို့က ရေတကောင်းဖြင့် ထားကြသည်။ အချို့အိမ်တွင် ဧည့်ခန်း၌ မီးဖိုထားရှိသည်။ အချို့မှာ(၂)ဆောင်ပြိုင်အိမ်ကဲ့သို့ မီးဖိုခန်းဘက်တွင်လည်း အိမ်ကပြင်ထားရှိသည်။ အိမ်ကပြင်တွင် ရေအိုး၊ ထမင်းချက်ရန်ရေ၊ ဆွမ်းချက်ရန် ရေအိုး၊ ရေမုတ် တို့ကို သတ်သတ်ထားရသည်။ အိမ်အစွန်တစ်ဘက် တစ်ချက် တွင် အစွန်းထုတ်ထားလေ့ရှိသည်။ အိမ်အစွန်းတွင် လယ်ယာလုပ်ငန်းပစ္စည်းနှင့် ပီလောရှော် တို့ကို တင်ထားလေ့ရှိသည်။ မီးဖိုဘက်တွင် ရေသွန်ချောင်ဟုခေါ်သော အိမ်ကပြင် ထုတ်ထား လေ့ရှိပါသည်။အချို့သော အိမ်ကို သံမပါဘဲ ယက်မရှိုဟုခေါ်သော အပေါက်ဖောက်၍ ယက်မကို သုံးကြသည်။ အိမ်အမိုးကို ဆိန်( )ဟုခေါ်သောရုံးနှင့်လည်း မိုးကြသည်။ အချို့မှာခါး ဟုခေါ်သော သက်ကယ်၊ သွပ်စသည်တို့ဖြင့် မိုးကြသည်။
တိုင်းလိုင်သျှမ်းတို့သည် ကိုယ့်ပိုင်စာပေရှိသော မျိုးနွယ်ဖြစ်ပါသည်။ မိမိတို့ဘိုးဘွားများ၏ ကြိုးစားမှုကြောင့် ပေါ်လာသော စကားစာပေ ယဉ်ကျေးမှု ဓလေ့ထုံးစံများသည် ယခုထိတိုင် ခိုင်မြဲစွာ ရှိနေဆဲဖြစ်ပါသည်။ တိုင်းလိုင်စာပေသည် လွန်ခဲ့သော(၁၉၂)နှစ်မှ မိုင်းကိုင်စက္ကူဖြင့် ရေး မှတ်ထားသော ဇာတကဇာတ်တော်များ မဟော်သဓာဇာတ်တော်များ ယခုတိုင်အထင်အရှား အခိုင် အမာရှိနေသေးသည်။ တိုင်းလိုင်စာသည် မည်သည့်စာကိုမျှ ကူးယူခြင်းမဟုတ်ပါ။ မိမိတို့ ဘိုးဘွား များ၏ စာပေသာဖြစ်သည်။ ၁၉၈၈ ခုမှစ၍ တိုင်းလိုင်စာပေကိုစတင်၍ ပြန်လည် သင်ကြား ခဲ့ကြသည်။ ယခုအခါ တိုင်းလိုင်စာပေကို အခြေခံကျောင်းများတွင် စတင်သင်ကြားနေပြီဖြစ်ပါ သည်။
တိုင်းလိုင်မျိုးနွယ်များသည် အမျိုးသားများက ပုဆိုးဝတ်ကြသည်။ အမျိုးသမီးကြီးများသည် ရှေးကကန့်လန့်စင်းနှင့် ဘဲ့ဖုံးလုံချည်ကို ဝတ်ကြသည်။ အင်္ကျီကို ရင်ဖုံးနှစ်ထပ်နှင့် ဘေးကထောက် ဖြင့် အနည်းငယ်ခွဲထားသည်။ ရှေးက အမျိုးသားများက ပုဆိုးတောင်ရှည်အကွက်ကျဲကို ဝတ်ဆင်ကြ ပြီး ရင်ဖုံးတိုက်ပုံ သျှောင်ထုံး ထုံး၍ခေါင်းပေါင်းမိတ်ရှည်ကို ပေါင်းကြသည်။ ခေါင်းပေါင်းကို ပိတ်စအရှည်ဖြင့် ပေါင်းကြသည်။ ခေါင်းပေါင်းရှည်ပေါင်းခြင်းသည် ရန်သူနှင့် တွေ့သောအခါ ခေါင်းပေါင်းရှည်ကို ဆွဲဖြုတ်၍ တစ်ဘက်မှ လက်နက်အား ကာကွယ်ခြင်းဖြစ်သည်။ ယခုအခါ အမျိုးသားများသည် ရင်ဖုံးတိုက်ပုံ ခေါင်းပေါင်းမိတ်ရှည်နှင့် ကွင်းချုပ်ပုဆိုးကို ဝတ်ဆင်ကြ သည်။ အမျိုးသမီးများအတွက် အင်္ကျီရင်စေ့၊ ရင်ဖုံး အသင့်လုပ်ထားသော ခေါင်းပေါင်းကို ပေါင်းကြ သည်။
တိုင်းလိုင်တို့သည် မြတ်ဗုဒ္ဓ၏ အဆုံးအမကို ယုံကြည်ကိုးကွယ်သူများဖြစ်သည့်အလျောက် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်ကြသည်။ ဥပုသ်သီတင...
ဆက်လက်ဖတ်ရှု့ရန် တိုင်းလိုင်တို့သည် မြတ်ဗုဒ္ဓ၏ အဆုံးအမကို ယုံကြည်ကိုးကွယ်သူများဖြစ်သည့်အလျောက် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်ကြသည်။ ဥပုသ်သီတင်း အခါကြီးရက်ကြီးများတွင် ဘုန်းတော်ကြီးကျောင်းသို့ သွား ရောက်သီလယူကြသည်။
တိုင်းလိုင်ရှမ်းတို့သည် ဝါသီးမှ ချည်ငင်၍ မိမိတို့အိမ်တွင် ရိုးရာယက္ကန်းစင်ဖြင့် (၂)နံစပ်ံယက်လုပ်၍ အဝတ်အထည်ချုပ်၍ ဝတ်ဆင်ကြသည်။
ဆက်လက်ဖတ်ရှု့ရန်
တိုင်းလိုင်ရှမ်းတို့သည် ဝါသီးမှ ချည်ငင်၍ မိမိတို့အိမ်တွင် ရိုးရာယက္ကန်းစင်ဖြင့် (၂)နံစပ်ံယက်လုပ်၍ အဝတ်အထည်ချုပ်၍ ဝတ်ဆင်ကြသည်။ ချည်အဖြူကို ရွှံ့တွင်နစ်၍ မီးခိုးရောင်၊ အနက်ရောင် ဆိုးကြသည်။ သစ်ခေါက်ဖြင့် အနီရောင်၊ အစိမ်းရောင်တို့ဆိုး၍ ယက်လုပ်သည်။ အမျိုးသားများအတွက် ပုဆိုးအကွက်ကျဲယက်၍ (၁၀)ဆောင်(၂)နံစပ် အတောင်(၂)ဖြင့် ပုဆိုးတောင်ရှည်ချုပ်ကြသည်။ (၂)နံစပ် ထိပ်နှစ်ဘက်ကို အိပ်သဏ္ဌာန်တဘက်တချက်ချုပ်ထားသည်။ ပုဆိုးခါးပုံအိပ်ကဲ့သို့ ချုပ်ထားခြင်း၊ တောထဲသို့ သွားစဉ် ဟင်းသီးဟင်းရွက်၊ မှို စသည်တို့ကိုရသောအခါ ထိုခါးပုံအိပ်တွင်ထည့်၍ ပခုံးတွင် တင်၍ယူလာရန်ဖြစ်သည်။ အမျိုးသားများ အင်္ကျီကို တိုက်ပုံရင်စေ့ ရင်ဖုံးချုပ်ဝတ်ကြသည်။ အထဲမှ ရှပ်အင်္ကျီလည်တုံး၊ ကော်လံပါသည်။ အမျိုးသားများခေါင်းပေါင်းကို ဘယ်ချမိတ်ရှည်ဖြစ်သည်။ ရန်သူနှင့်တွေ့သောအခါ ခေါင်းပေါင်းမိတ်ရှည်ကို ဘယ်လက်နှင့်ဆွဲချ၍ ညာလက်မှ ဓါတ်ကိုင်ထားသည့်လက်ဖြင့် တစ်ဘက်မှ ရန်သူ၏လက်နက်ကို ခေါင်းပေါင်းရှည်ရှည်ကာကွယ်၍ ညာလက်မှ ဓါးဖြင့်ခုခံရသည်။ မင်းမျိုးမင်းနွယ်ဖြစ်ခဲ့သောကြောင့်လည်း ခေါင်းပေါင်းမိတ်ရှည်ဘယ်ချခြင်းနှင့် ပုဆိုးတောင်ရှည် ဝတ်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးများဝတ်စားပုံမှာ လုံချည်ကန့်လန့်စင်းတစ်ဝက်ဖြစ်သည်။ အင်္ကျီရင်စေ့ ရင်ဖုံး၊ လုံချည်၊ ဘဲ့လုံချည်ဖြစ်သည်။ ဆွမ်းချက်ပြုတ်ရာတွင် ဆံပင်များမကျစေရန်အတွက် အမျိုးသမီးများခေါင်းပေါင်းထားလေ့ရှိသည်။ ခေါင်းပေါင်းမိတ်ရှည် = ခေါင်းပေါင်း၏အမိတ်မှာ ဘယ်ချဖြစ်သည်။ ခေါင်းပေါင်းမိတ်ရှည်ဘယ်ချသုံးရခြင်းမှာ တိုင်းလိုင်မျိုးနွယ်တို့သည် ရဲစွမ်းသတ္တိရှိ၍ စစ်တိုက်ရာတွင် ကျွမ်းကျင်ကြသည်။ ရန်သူ၏ လက်နက်၊ ဓါးတို့ကို ကာကွယ်ရန်အတွက် ခေါင်းပေါင်းမိတ်ရှည်ကို ဘယ်လက်ဖြင့် ဆွဲဖြုတ်ပြီး ရန်သူ၏လက်နက်ကို ကာကွယ်သည်။ ညာဘက်မှာ လက်နက်ဖြင့် ခုခံကာကွယ်ရန်အတွက် ခေါင်းပေါင်းမိတ်ရှည်ဘယ်ချကို ဝတ်ဆင်ထားခြင်းဖြစ်သည်။ အမျိုးသမီးဝတ်စုံ = အမျိုးသမီးဝတ်စုံကို လွန်ခဲ့သော နှစ်(၁၀၀)ကျော်က ဝတ်စုံကိုရှာဖွေစုဆောင်းကြရာ မိုးညှင်းမြို့နယ်၊ ဟိုပင်အရှေ့နန့်ရင်းရွာမှ အဖွားဒေါ်မိုး၏ ဘဲဖုံးလုံချည်ကို ရရှိခဲ့သည်။ ဘဲ့ဖုံးလုံချည်မှာ အဖြူအမဲ ကန့်လန့်စင်း ဒူးနားနှစ်နံစပ်ဖြစ်သည်။ ထိုကန့်လန့်စင်းအဆင်ကိုယူ၍အမျိုးသမီးဝတ်စုံ ကန့်လန့်စင်း ဒူးနားကို သတ်မှတ်ခဲ့ကြသည်။ အဖွားဒေါ်မိုးသည် ၁၉၅၅ခုနှစ် အသက်(၈၀)အရွယ်တွင် ကွယ်လွန်သည်။ ၎င်း၏သားဦးရစ်တို့မှ ထိမ်းသိမ်းခဲ့ကြသည်။ အမျိုးသမီးအင်္ကျီမှာ = ရင်ဖုံးရင်စေ့ပွပွဖြစ်သည်။ အမျိုးသမီးများ ခေါင်းပေါင်း ပေါင်းရခြင်းမှာ တိုင်းလိုင်ရှမ်းတို့သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် ဆွမ်းထမင်းဟင်းများချက်ပြုတ်ရာတွင်၎င်း၊ အစားအသောက်များပြုပြင်ချက်ပြုတ်ရာတွင်၎င်း ခေါင်းပေါင်းပေါ်မှ ဆံပင်ရှည်များမကျစေရန်အတွက် ပေါင်းထားခြင်းဖြစ်သည်။ အမျိုးသမီးကြီးများကို အဝါရောင်နှင့် အမျိုးသမီးငယ်များကို ပန်းရောင် ခေါင်းပေါင်းသတ်မှတ်ခဲ့ကြသည်။
တိုင်းလိုင်တို့သည် အများအားဖြင့် တောသူတောင်သားများဖြစ်ကြသည်။ မိမိတို့ ဘိုးဘွားများ စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ကြသော ဓလေ့ထုံးတမ်းများကို မြတ်နိုးအလေးပေးထားကြသည်ဖြစ်၍ အိမ်ဆောက်ခြင်း၊ အိမ်သစ်တက်ခြင်း တို့ကို ကျွမ်းကျင်...
ဆက်လက်ဖတ်ရှု့ရန်တိုင်းလိုင်တို့သည် အများအားဖြင့် တောသူတောင်သားများဖြစ်ကြသည်။ မိမိတို့ ဘိုးဘွားများ စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ကြသော ဓလေ့ထုံးတမ်းများကို မြတ်နိုးအလေးပေးထားကြသည်ဖြစ်၍ အိမ်ဆောက်ခြင်း၊ အိမ်သစ်တက်ခြင်း တို့ကို ကျွမ်းကျင်နားလည်ကြသော လူကြီးသူမများက ရက်ရွေး၍ ပြုလုပ်လေ့ ရှိသည်။ မင်္ဂလာဆောင်ခြင်း၊ အိမ်သစ်တက်ခြင်းတို့ကိုလည်း နေ့ကောင်း ရက်သာ ရွေး၍ ပြုလုပ်ကြသည်။
ဥပမာ-ခေါင်းလျှော်ခြင်းအမှုကိုလည်း ရက်ရွေး၍ လျှော်ကြသည်။ အိုးစည်တီး ပြီးအောင် လျှော်- တနင်္ဂနွေ၊ အင်္ဂါ၊ စနေနေ့များကို ရွေး၍ ခေါင်းလျှော်လေ့ရှိသည်။ အောင်စံဖြိုး ရေချိုးရက်၊ နာမကျန်း ပျောက်စ လူမမာ များအား တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေးနေ့များကို ရွေး၍ လူမမာများကို ရေချိုး ပေးကြသည်။ အိမ်ထောင်ဘက်များကိုလည်း ဦးသာစိန်ပန်းဒါန်းလှကိုရှာ စသည် ဖြင့် ယုံကြည်စွာ ဆောင်ရွက်လေ့ရှိကြသည်။ ခရီးသွားရာတွင် လူ(၉)ယောက် ဖြစ်ပါက ကျောက်ခဲ(၁)လုံးကောက်၍ လူတစ်ယောက် အစားထည့်၍ သွားကြသည်။ (ကျားဖြူရှင်)ကိုးမြို့ရှင်ကို ယုံကြည်ကြဆဲ ဖြစ်ပါသည်။
ခရီးသွားရာတွင် လဆန်း(၉)ရက်၊ လူ(၉)ယောက် စသည်ဖြင့် မသွားကောင်း၊ လယ်မထွန်ကောင်း၊ မောင်းမထောင်းကောင်း၊ ငုတ်မရိုက်ကောင်း စသည်ဖြင့် အထူးဂရုစိုက်ကြသည်။
ခရီးသွားရာတွင် လဆန်း(၉)ရက်၊ လူ(၉)ယောက် စသည်ဖြင့် မသွားကောင်း၊ လယ်မထွန်ကောင်း၊ မောင်းမထောင်းကောင်း၊ ငုတ်မရိုက်ကောင်း စသည်ဖြင့် အထူးဂရုစိုက်ကြသည်။
မွန်ပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ဆင်းသက်လာပုံ
မွန်ဂိုးမျိုးနွယ်မှ ပေါက်ဖွားလာသော ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးတို့သည် ပင်ရင်း ဒေသဖြစ်သည့် မွန်ဂိုကုန်ပြင်မြင့်မှ-
၁။ မွန်ခမာအုပ်စု
၂။ တိဘက်မြန်မာအုပ်စု
၃။ ထိုင်းတရုတ်အုပ်စု
ဟူ၍ လူမျိုးအုပ်စုကြီး သုံးစုခွဲပြီးလျှင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြကာ လွန်ခဲ့သော နှစ်ပေါင်းများစွာမှ အစပြု၍ ဤပြည်ထောင်စုမြေပေါ်၌ အတူတကွ နေထိုင်လာခဲ့ကြသော သွေးရင်း သားရင်း ညီရင်းအစ်ကိုများပင် ဖြစ်ကြပေသည်။
တိဘက်မြန်မာအုပ်စုခွဲအောက်တွင် (၁) သက်အစုငယ်၊ (၂) လိုလိုမုဆိုးအစုငယ်၊ (၁) ကချင် (ဂျင်းဖော)အစုငယ်၊ (၄)ချင်းအစုငယ်၊ (၅) နာဂအုပ်စုငယ်နှင့် (၆)ကရင်အုပ်စုငယ်တို့ ပါဝင်ပေသည်။
ပအိုဝ်းတောင်သူလူမျိုးများသည် ရှမ်းပြည်တောင်ပိုင်းဒေသတစ်ဝိုက်နှင့် သထုံခရိုင်တွင် အခြေချနေထိုင်ခြင်း ပြုကြလေသည်။ ပအိုဝ်းတောင်သူများနောက်မှ ကရင်လူမျိုးများနှင့် အနွယ်တူ လူမျိုးစုများသည် မြန်မာနိုင်ငံအတွင်းတို့ ဝင်ရောက်လာကြပြီးလျှင် ကရင်နီတောင်တန်းဒေသ တစ်ဝိုက်၊ သန်လျင်ခရိုင်၊ ပဲခူးရိုးမနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတစ်ဝိုက်တွင် အစုစုကွဲကာ အခြေခြနေထိုင်ကြသည်။
နေထိုင်ရာဒေသများ
ပအိုဝ်းတိုင်းရင်းသားများသည် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့တွင် ပျံ့နှံ့စွာနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံအရှေ့ဘက်နယ်စပ်ဒေသ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်နယ်စပ်ဒေသတို့တွင် အနှံ့အပြားတွေ့ရှိရသည်။ ပအိုဝ်းတို့ အချက်အချာဒေသနှစ်ခုမှာ သံလွင်မြစ်အောက်ပိုင်းဝန်းကျင်ဒေသနှင့် တောင်ပိုင်းရှမ်းပြည် သထုံနယ် (ဆီဆိုင်နယ်)တို့ ဖြစ်သည်။ မြန်မာနိုင်ငံအောက်ပိုင်းရှိ ကျိုက်ခမီခရိုင်နှင့် သထုံခရိုင်တို့တွင်လည်း နေထိုင်သည်။ တောင်ငူခရိုင်၊ ပဲခူးခရိုင်၊ ဘားအံခရိုင်၊ ကယားပြည်နယ်၊ ကော့ကရိတ်မြို့တွင်လည်း ပအိုဝ်းလူမျိုးများ အနှံ့အပြားနေထိုင်ကြသည်။ မြန်မာနိုင်ငံပြင်ပတွင် ယိုးဒယား၊ ကမ္ဘောဒီးယားနိုင်ငံ များနှင့် မဲခေါင်မြစ်အောက်ပိုင်းဒေသတွင်လည်း ပအိုဝ်းလူမျိုးများ အထင်အရှားရှိသည်။ မြန်မာနိုင်ငံ တောင်ပိုင်း သထုံခရိုင်သည် ပအိုဝ်းလူမျိုးတို့၏ မူလဇာတိဒေသ ဖြစ်သည်။
သွင်ပြင်လက္ခဏာများ
ပအိုဝ်းတိုင်းရင်းသားများသည် များသောအားဖြင့် တစ်ဦးနှင့်တစ်ဦး အသွင်အပြင်တူညီကြ သည်။ ပခုံးကျယ်ပြီးခန္ဓာကိုယ် အချိုးအဆက်ကျနသည်။ မျက်နှာကျပုံမှာ လေးထောင့် ခပ်ကျကျ ရှိပြီး နှာခေါင်းမှာ အတန်ငယ်ကြီးကာ အတန်ကွာသည်။ နှာခေါင်းသည် အထက်သို့ အနည်းငယ် လန်သည်။ မျက်ရိုးကြီး၍ မျက်လုံးတစ်ခုနှင့်တစ်ခု အတန်ကွာသည်။ မျက်လုံးများမှာ မကျဉ်းမကျယ် အနေတော်ရှိသည်။ မျက်ရစ်ပေါ်လွင်ပြီး မျက်စေ့အရောင်မှာ အနက်ဖြစ်သည်။ မျက်စေ့ပြူးသူ အလွန်နည်းသည်။ ပအိုဝ်းအမျိုးသား၊ အမျိုးသမီးများသည် လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ကျောကုန်ထက်၌လည်းကောင်း၊ ပခုံးအထက်၌လည်းကောင်း အစဉ်သယ် ဆောင်ကြရ၍ သန်မာ ထွားကြိုင်းသော ကိုယ်ခန္ဓာများရှိကြသည်။ သန်မာသော ခြေထောက်များ၊ ဖွံ့ဖြိုးတုတ်ခိုင်သော ခြေသလုံးကြွက်သားများ၊ လက်မောင်းသားများ ပေါ်လွင်ထင်းရှားလျက် ရှိနေကြသည်။ ပအိုဝ်း များ၏ အရပ်အမောင်းမှာ မနိမ့်မမြင့်ဖြစ်သည်။ အမျိုးသားများ၏ ပျမ်းမျှမရပ်အမောင်းသည် ၅ပေ၊ ၆လက်မခန့်ဖြစ်၍ အမျိုးသမီးများမှာ အမျိုးသားများအောက် ၂လက်မမှ ၃လက်မခန့် ပိုနိမ့်သည်။ ပအိုဝ်းလူမျိုးစုအတွင်း အရပ်အမောင်း ကွာခြားချက်၊ ကွဲပြားခြားနားမှုရှိသည်။
ပအိုဝ်းတို့၏ အသားအရောင်မှာ အသားလတ်နှင့် အသားညိုဖြစ်၍ အလွန်မည်းနက်ခြင်း ကိုကား မတွေ့ရပေ။ ဆံပင်အရောင်မှာ အနက်ဖြစ်သည်။ ဖြောင့်တန်းပြီး အနည်းငယ်ကြမ်းသည်။ ပအိုဝ်းများ၏ မျက်နှာမှာ ချောမွေ့ပြီး ပါးလွှာသည့် မုတ်ဆိတ်မွေးများ ထားရှိတက်သည်။ အမျိုးသားများ၏ ကိုယ်ပေါ်နှင့် ရင်ဘတ်ပေါ်တွင် အမွေးအမျှင်ပေါက်ရောက်မှု အလွန်နည်းပါးသည်။ မျက်ခုံးမွေးကြဲသည်။ အပေါ်နှုတ်ခမ်းအနည်းငယ်ထူသည်။ ကလေးငယ်များ၏ တင်ပါး၊ သို့မဟုတ် ကျောပေါ်တွင် မွန်ဂိုလွိုက်စပေါ့ဟုဆိုသည့် အပြာကွက်များပါရှိသည်ကို တွေ့ရပါသည်။ ရှေးဘိုးဘွား ဘီဘင်ကတည်းကပင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ရာ အမျိုးသားရော အမျိုး သမီးများပါ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့မှုနှင့် ပြည့်စုံသည့် တိုင်းရင်းသား လူမျိုးတစ်မျိုး ဖြစ်ပါသည်။
လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါလက္ခဏာရပ်တို့တွင် သီးခြားဘာသာစကားရှိခြင်းသည် တစ်ခု အပါအဝင်ဖြစ်၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် အခြားသောတိုင်းရင်းသား လူမျိုးများကဲ့သို့ သီးခြား ဘာသာစကားရှိသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ဘာသာစကားတွင် ကရင်၊ မြန်မာ၊ ပါဠိ၊ မြန်မာ ပေါရာဏစကားများ ပါဝင်နေသည်ကို လေ့လာသိရှိရပါသည်။ စကားပြောရာတွင်ဖြစ်စေ၊ စာဖတ်ရာ တွင်ဖြစ်စေ “ရ”ကို (RA)သံအဖြစ် ပြောကြ၊ ဖတ်ကြသည်။ မြန်မာစကားနှင့် ဆင်တူအသံကွဲသော စကားများပါဝင်သကဲ့သို့ မြန်မာစကားကို တိုက်ရိုက်ပြောဆိုမှုလည်း ရှိသည်။
မြန်မာစကားနှင့်မတူသော ပအိုဝ်းဘာသာစကား၏ ဝိသေသအင်္ဂါလက္ခဏာရပ်များမှာ-
(၁) မြန်မာဘာသာစကားသည် မွန်ဂိုလီးယန်ဘာသာမိသားစု တိဗက်တရုတ်မျိုးရိုးနှင့် တိဗက် မြန်မာအနွယ်၊ အာသံမြန်မာမျိုးခွဲ မြန်မာအုပ်စုတွင်ပါဝင်ပြီး၊ ပအိုဝ်းဘာသာစကားမှာ ဦးဖေမောင်တင်၏ ဘာသာလောကကျမ်းအရ မွန်ဂိုလီးယန်းဘာသာ မိသားစု၊ တိဗက်တရုတ်မျိုးရိုးနှင့် ကရင်မျိုးခွဲအစု တွင်ပါဝင်သည်။ ဗိုလ်မှူးဘရှင်၏ မြန်မာအစုဝင် ဘာသာစကားများ ဇယားတွင် တိဗက်တရုတ် အနွယ်ကြီးတွင် တိဗက်မြန်မာမျိုးခွဲနှင့် ပျုအစုတွင် ထည့်သွင်းနိုင်ပါသည်။
(၂) အသံနေအသံထားရှိသည်၊ ဧကဝဏ္ဏတစ်သီး ပုဂ္ဂလနေရာရွေး ဘာသာစကား၏ သဘာဝအရ မြန်မာဘာသာစကားတွင် အသံအနေအသံထား သုံးခုသာရှိသော်လည်း ပအိုဝ်းဘာသာစကားတွင် ပျူကဲ့သို့ အသံနေအသံထား ရှစ်ခုရှိသည်။
(၃) စာပေအရေးအသားတွင် အသုံးပြုသည့် မြန်မာဘာသာစကားတွင် နေရာရွေးသည့်သဘော မထင်ရှားသော်လည်း ပအိုဝ်းဘာသာစကားတွင် ဝိသေသနပုဒ်စုဖွဲ့ရာနှင့် ဝါကျတည်ဆောက်ရာတို့ တွင် နေရာရွေးသဘော ထင်ရှားစွာရှိပြီး၊ စကားလုံးတည်ရှိသည့် နေရာအထားအသို့ လွဲမှားသည် နှင့်ပင် အဓိပ္ပာယ်နားလည်မှု ခက်ခဲသွားပေမည်။
(၄) အခြေခံဗျည်းနှင့် သရတွင်လည်း မြန်မာနှင့် ပအိုဝ်းတို့သည် သီးခြားအသွင်ဆောင်လျှက် ရှိပါသည်။
(၅) တစ်ခုသော သရကို အခြေခံ၍ အသတ်ဗျည်း (က်င်၊ တ်န်၊ ပ်မ်)တို့နှင့် စာလုံးပေါင်းသည့်အခါ မြန်မာအဆုံးဗျည်း၏ မတြာဝက်အသံသည် ဌာန်အတိုင်း အမြဲအမှန်မရှိသော်လည်း ပအိုဝ်း၌မူ ဌာန် အတိုင်း အမြဲအသံရှိသည်။ အသတ်ဗျည်း၏ အတြာဝက် အသံထွက်လွဲမှားရုံနှင့်ပင် အဓိပ္ပာယ် နားလည်မှု (meaning) မှားနိုင်ပါသည်။
ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အရှေ့ပိုင်းတစ်ခြမ်းလုံး ပျံ့နှံ့နေထိုင်လျက်ရှိ ကြသော ပအိုဝ်းတိုင်းရင်းသားများ ပြောဆိုနေကြသည့် ဘာသာစကားများသည် တခြားသော တိုင်းရင်းသားများနှင့်မတူသော ဘာသာစကားဖြစ်ကြောင်း လေ့လာတင်ပြရပါသည်။
ပအိုဝ်းတိုင်းရင်းသားတို့တွင် ကိုယ်ပိုင်စာပေ သီးခြားရှိသည်။ ပအိုဝ်းစာပေသည် ဗြဟ္မိအက္ခရာ ပွားဖြစ်သည်။ မြန်မာအက္ခရာအသတ်၊ အစပ်များနှင့် နီးစပ်သည်။ စာမူမှာ(၂)မျိုးကွဲလျက်ရှိသည်။ ၎င်းတို့မှာ ရှမ်းပြည်မူ(တောင်ကြီး)နှင့် မြေပြန့်ဒေသပအိုဝ်းစာမူတို့ဖြစ်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့၌ အက္ခရာအထူးအခြား မရှိပေ။ မြန်မာအက္ခရာကိုသာပြီး သုံးစွဲခဲ့ သည်။ အက္ခရာတီထွင်မှု မပြုမူ၍ နှစ်ပေါင်းရှည်ကြာစွာ သုံးစွဲခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ မြန်မာဗျည်း၊ သရများကိုပင် သုံးစွဲခဲ့ကြသည်။ ထို့ကြောင့်ပအိုဝ်းစာပေသည် ပင်မ မြန်မာစာပေမှ ခွဲထွက်သော စာပေအခက်အလက်တစ်ခုဟုလည်း ဆိုနိုင်ပါသည်။ သို့သော် “သ၊ စ၊ ရ” အက္ခရာ တို့သည် မြန်မာအသံထွက်နှင့် မတူပေ။ “သ”ကို “စ”ဟုလည်းကောင်း၊ “စ”ကို “ကျ”ဟု လည်းကောင်း၊ “ရ”ကို (RA) ဟုလည်းကောင်း ပြောကြရေးကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် စာကို စကားပြေအားဖြင့် ရေးသားခြင်းထက် လင်္ကာသွားဖြင့် ရေးသားခြင်းကို ပို၍နှစ်သက်ကြ သည်။
ပအိုဝ်းစာပေတွင် လောကုတ္တရာစာပေက ပို၍များသည်။ လောကီစာပေနည်းလေ၏။ သို့သော် လောကီဆိုင်ရာကျမ်းများဖြစ်သော ဗေဒင်၊ နက္ခတ်၊ စီးပွားရေး၊ ပညာရေးစာပေများ ကိုလည်း ပအိုဝ်းစာပေတွင်တွေ့နိုင်ပါသည်။ လောကုတ္တရာစာပေနှင့် ပတ်သက်သော ကောင်းနိုး ရာရာပါဠိစာပေများကို ဘုန်းတော်ကြီးများ၊ ဦးပဥ္ဇင်းများ၊ ရဟန်းလူထွက်များကသာ အများဆုံး ရေးသားပြုစုကြသည်။ ဘုန်းကြီးကျောင်းထွက် သာမန်အရပ်သားများ၊ စာပေလိုက်စားသော အရပ် သားများနှင့် စာဟောဆရာများကလည်း ရေးသားကြသည်။ ယခုအခါ ပိဋကတ်သုံးပုံကို ကျေးဇူးရှင် အလံတရာဆရာတော်ဘုရားကြီးဦးစီး၍ အလံတရာမူ ပအိုဝ်းဘာသာဖြင့် ပြန်ဆိုနေကြာင်း သိရ သကဲ့သို့ တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီး ဆရာတော်ကြီးဦးစီးပြီး ပိဋကတ်သုံးပုံကို ရှမ်းပြည်မူ ပအိုဝ်းဘာသာဖြင့် ပြန်ဆိုနေကြောင်း လေ့လာသိရှိရပါသည်။
ပအိုဝ်းစာပေကို ခေတ်သုံးခေတ်ဖြင့် ပိုင်းခြားသိနိုင်သည်။ ပထမခေတ်မှာ သထုံပြည် မင်းဆက်များ ထွန်းကားချိန်ဖြစ်သည်။ ဒုတိယခေတ်မှာ သထုံကလေးခေါ် ရှမ်းပြည်နယ် ဆီဆိုင်မြို့ ကို ပြန်လည်တည်ထောင်ချိန်ဖြစ်သည်။ တတိယခေတ်မှာ မျက်မှောက်ခေတ်ကာလကပင် ဖြစ်ပါ သည်ဟု ပအိုဝ်းစာပေပညာရှင်များက မိန့်ဆိုကြပါသည်။
ပအိုဝ်းစာပေသည် အနော်ရထာမင်းနှင့်အပြိုင် သထုံဘုရင် မနူဟာမင်းဆက်များ လက်ထက် ကပင် ပေါ်ပေါက်ခဲ့ကြောင်း သိရပါသည်။ သို့သော် ထိုခေတ်က စာပေအထာက်အထားများကပကို အလွယ်တကူ မတွေ့နိုင်တော့ပေ။ ပအိုဝ်းသက်ကြီးဝါကြီး စာပေပညာရှင်များ၏ အဆိုအရ ပအိုဝ်း စာပေ ပထမခေတ်သည် မနူဟာမင်းဆက် ပြတ်သွားသည်မှစ၍ ဖရိုဖရဲဖြစ်ကာ တိမ်ကော ပျောက်ကွယ်သွားသည်ဟု ဆိုပါသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ပျက်စီးလေပြီးသော သထုံပြည်ကို စွန့်ခွာ၍ မြန်မာပြည် အရပ်ရပ်သို့ သွားရောက်နေထိုင်ကြသည်။ ယင်းတို့အနက် ရှမ်းပြည်ရောက် ပအိုဝ်းတိုင်းရင်းသား တို့မှာ ပအိုဝ်းစာပေ ဒုတိယခေတ်ကို တည်ထောင်သူများပင်ဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်တောင်ပိုင်းတွင် သထုံကလေး(ယခုဆီဆိုင်)မြို့ကို တည်ထောင်ပြီး ပအိုဝ်းဘာသာဖြင့် ကမ္ဗည်းမှတ်တမ်းများကို ရေးထိုးခဲ့သည့်ဟု ဆိုပါသည်။ သို့သော် ထိုစာတမ်းများ၊ မှတ်တမ်းများကို မတွေ့ရတော့ချေ။ ၎င်းတို့ကို တွေ့ပါမူ ပအိုဝ်းစာပေသမိုင်းကို ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း အခြားတိုင်းရင်းသားတို့နှင့် မတူသော ရိုးရာယဉ်ကျေးမှု ဝတ်ဆုံရှိသည်။ ၎င်းဝတ်စုံမှာ အနက်ရောင်ဖြစ်သည်။ အမျိုးသားရော အမျိုးသမီးပါ ဝတ်ဆင်ကြ သည်။ အနက်ရောင်သည် အပူကို စုပ်ယူနိုင်ခြင်း၊ အေးမြသော ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ခြင်း၊ ပေရေစွန်းထင်းမှု သက်သာခြင်း စသည်တို့ကြောင့် ဝတ်ဆင်ကြသည်ဟု ဆိုပါသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် အနက်ရောင်ကို သူတို့၏ မူပိုင်အရောင်သဖွယ် ဖြစ်သကဲ့သို့ နှစ်နှစ်သက်သက် မြတ်မြတ်နိုးနိုးပင် ဝတ်ဆင်ကြသည်။ အနက်ရောင်ကိုသာ ဝတ်ဆင်ကြသဖြင့် ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး ဂုဏ်တုဂုဏ်ပြိုင် ကင်းသည်ဟု သိရပါသည်။
ရှေးအခါက ပအိုဝ်းတိုင်းရင်းသားတို့သည် ကိုယ်တိုင်အဝတ်အထည်များဖြစ်အောင် သစ်ရွက် သစ်ခေါက်တို့ကို ဆိုးရည်အဖြစ် အသုံးပြုကြသည်၊ ယခုအခါ ကိုယ်တိုင်ရက်လုပ်ခြင်း မပြုကြတော့ ဘဲ အနက်ရောင်အဝတ်အထည်များကို ဝယ်ယူကာ ဝတ်စုံအဖြစ် ချုပ်လုပ်၍ ဝတ်ဆင်ကြသည်။ တောင်ပေါ်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် အနက်ရောင်ဝတ်စုံကို အစဉ်အမြဲ ဝတ်ဆင်ကြ သည်။ မြေပြန့်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများမှာမူ မြန်မာများကဲ့သို့ ဝတ်ဆင်ကြသည်။ ပွဲနေ ပွဲထိုင်နှင့် အခါကြီး ရက်ကြီးများတွင် အနည်းများသာ ဝတ်ဆင်ကြသည်ကို တွေ့ရသည်။
ပအိုဝ်အမျိုးသားများ၏ ဝတ်စုံမှာ အနက်ရောင်ဘောင်းဘီပွ(ရှမ်းဘောင်းဘီ)နှင့် အနက်ရောင် တိုက်ပုံအင်္ကျီကို အများဆုံးဝတ်ဆင်ကြသည်။ အတွင်းခံအဖြစ် အဖြူရောင် ရှပ်အင်္ကျီကို အများဆုံး ဝတ်ဆင်ကြသည်။ ခါးပတ်ပတ်ပြီး ကွမ်းအစ်ထည့်ထားသည့် လွယ်အိတ်ကိုလည်းကောင်း၊ ပလိုင်း ပြားကိုလည်းကောင်း လွယ်ထားလေ့ရှိသည်။ တစ်ချို့အမျိုးသားများသည် တစ်ပေခန့်ရှိသော ငွေ ဓားလွယ်ကို ခါးပတ်တွင် ထိုးထားကြသည်။ ခေါင်းပေါင်းကိုလည်းပေါင်းကြသည်။ ရှေးအခါက ဖဲခေါင်းပေါင်းကို ပေါင်းကြသည်။ ယခုအခါ ထိုခဲပေါင်းကို ရှေးလူကြီးတစ်ချို့နှင့် မော်(စာဟော ဆရာ)များသာ ပေါင်းကြသည်ကိုတွေ့ရသည်။ ယခုအခါ ခေါင်းပေါင်းအဖြစ် ဖူးစောင် (မျက်နှာသုတ် ပုဝါ)ကို အသုံးပြုကြသည်။ ခေါင်းပေါင်းစကို အောက်စိုက်ထားပြီး ပေါင်းလေ့ရှိသည်။ ဝိဇ္ဇာလုလင်နှင့် တူအောင်ဖြစ်သည်။ အဖ ဝိဇ္ဇာလုလင်မှ ပေါက်ဖွားဆင်းသက်လာသည်ဟု ယုံကြည်ထားခြင်း ကြောင့်ဖြစ်သည်။
ပအိုဝ်းအမျိုးသမီးဝတ်စုံမှာ အဆင့်ငါးဆင့်ရှိသည်။ ခေါင်းပေါင်း၊ လက်ရှည်အင်္ကျီ၊ သင်တိုင်း လုံချည်၊ ခြေပတ်တို့ဖြစ်သည်။ ခြေမျက်စေ့မှ ဒူးအောက်အထိ အနက်ရောက်အဝတ်ကို ပတ်ထား သည်။ အနက်ရောင်ဘောင်းဘီ ဝတ်ထားသယောင် ထင်ရသည်။ ယင်းအထက်မှ အနက်ရောင် ထဘီကို ဒူးအောက်အထိလည်းကောင်း၊ ထိုအထက်မှ ကရင်အမျိုးသမီးတို့၏ သင်တိုင်းနှင့်တူသော အနက်ရောင်သင်တိုင်း ခပ်ပွပွကို ဒူအထက်(ပေါင်လည်)တွင်လည်းကောင်း၊ အပေါ်ဆုံးတွင် ခါးတို လက်ရှည်အင်္ကျီကိုလည်းကောင်း ဝတ်ဆင်ထားကြသည်။ ဆံပင်ကို ဦးခေါင်း၏ ထိပ်တည့်တည့်တွင် ထုံးထားပြီး ဖူးစောင်ကို ပေါင်းထားသည်။ ခေါင်းပေါင်း၏ အပြင်ဘက်တွင် ထက်နေသော “ကတူး ဆဲ့”ခေါ် ဆံထိုးနှစ်ခုကို ထိုးထားသည်။ ဆံထိုးနှစ်ခုတွင် တစ်ခုမှာ ဌက်ပျောဖူးသဏ္ဍာန်ဖြစ်ပြီး တစ်ခု မှာ ကွမ်းသီးလုံးထက် အနည်းငယ်ကြီးပြီး လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည်။ ဌက်ပျောဖူး ပုံသဏ္ဍာန် မှာ နဂါးအမောက်ဖြစ်ပြီး၊ အလုံးမှာ နဂါးမျက်စေ့ဖြစ်သည်ဟု ဆိုပါသည်။ ဆံထိုးကို ပန်းနွယ် ပန်းခက်များ ဖော်ထားသည်။
ပအိုဝ်းအမျိုးသမီးများ၏ နားတွင် ရွှေနားတောင်း၊ ရွှေပြားလိပ်နားတောင်းကို ပန်ဆင်ထား ကြသည်။ နားတောင်းကို “ပေလာထူ”ဟုခေါ်သည်။ ရွှေပြားမှာ အလျားတစ်ပေခန့်ရှိပြီး၊ အနံ တစ်လက်မခန့်ရှိသည်။ အလေးချိန် ခြောက်ကျပ်သားခန့်ရှိသည်။ တစ်ချို့အမျိုးသမီးများမှာ နားသံ သီးကိုပါ ဆက်ဆွဲထားကြသည်။ ထိုရွှေပြားလိပ်နားတောင်းမှာ အလွန်လေးလှသဖြင့် ပအိုဝ်းအမျိုး သမီးကြီးများ၏ နားရွက်အပေါက်မှာ ကျယ်နေသည်ကို တွေ့ရသည်။ ယခုခေတ် အမျိုးသမီးများ သည် ထိုရွေပြားလိပ်ကို မဝတ်ဆင်ကြတော့ပဲ ရွှေနားတောင်းနှင့် ယခုခေတ်ပေါ်နားကပ်ကိုသာ ဝတ်ဆင်ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် အဖဝိဇ္ဇာ အမိနဂါးတို့မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြသည်ဖြစ်ရာ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်ပုံသည် နဂါးနှင့်တူနေကြောင်း အထက် ဖော်ပြသော အမျိုးသမီးများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုဖြင့် သိနိုင်ပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ကိုယ်ကို ထေရဝါဒ ဗုဒ္ဓဘာသာသာသနာ ထွန်းကားရာ သုဝဏ္ဏဘူမိ သထုံပြည်မှ ပြောင်းရွှေ့လာခဲ့ကြသည်ဟု ယုံက...
ဆက်လက်ဖတ်ရှု့ရန် ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ကိုယ်ကို ထေရဝါဒ ဗုဒ္ဓဘာသာသာသနာ ထွန်းကားရာ သုဝဏ္ဏဘူမိ သထုံပြည်မှ ပြောင်းရွှေ့လာခဲ့ကြသည်ဟု ယုံကြည်ကြသူများပီပီ ဗုဒ္ဓဘာသာကို အလွန် မင်း ယုံကြည်ကိုးကွယ်ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ကျေးရွာတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းကို ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်ပါသည်။ ဘုရားစေတီပုထိုးများကိုလည်း တင့်တယ် သပ္ပါယ်စွာ ဖူးတွေ့နိုင်ပါသည်။ ရတနာသုံးပါးကို ကြည်ညိုကြသူများဖြစ်ကြ၍ ဘုရား၊ ကျောင်းကန်၊ ဇရပ်စသော သာသနာရေး၊ ဘာသာရေး အဆောက်အအုံများကို မိမိတို့ချေးနည်းစာထဲမှ စုဆောင်း ထားသောငွေကြေးများဖြင့် ရက်ရက်ရောရော ဆောက်လုပ်လှူဒါန်းကြသည်။ ဘုရား၊ ကျောင်း၊ ဇရပ် လှူဒါန်းထားသူ၏ အမည်ရှေ့တွင်လည်း ဂုဏ်ပြုသည့်အနေဖြင့် ဘုရားဒကာ၊ ကျောင်းဒကာ၊ ဇရပ်ဒ ကာထည့်၍ ခေါ်လေ့ရှိသည်။
ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်သည့် သင်္ကြန်၊ ဝါတွင်း၊ ဝါပဥပုသ်နေ့များတွင် ဥပုသ် သီတင်းသီလ ဆောက်တည်ကြသည်။ သင်္ကြန်ရက်၊ ဝါတွင်းဥပုသ်ရက်များတွင်မူ ဥပုသ်ကျောင်းတွင် ပင် အိပ်ကြသည်။ ကျောင်းထိုင်ဘုန်းတော်ကြီးကိုလည်း အလွန်ရိုသေကြသည်။ ဘုန်းတော်ကြီး၏ ညွှန်ကြားဆုံးမသည်ကိုလည်း လိုက်နာကြသည်။ ဘုန်းတော်ကြီးသည် ရွာသူ၊ ရွာသားများ၏ သာရေး နာရေးတို့ကို အမြဲဦးစီးကွပ်ကဲ ခေါင်းဆောင်၍ ဆောင်ရွက်ပေးသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ဘုန်းတော်ကြီးကျောင်းသည် ဘာသာရေးအတွက်သာမက လူမှုရေးဆိုင်ရာ ကိစ္စများရှိပါကလည်း စုဝေးကြရာ ဌာနတစ်ခုဖြစ်သည်။ ထို့ကြောင့် ရွာသူရွာသားများက ဘုန်းတော်ကြီးကို အထူးအားကိုး ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ ကျေးရွာတို့တွင် ခမ်းနားထည်ဝါလှသော ဘုန်းတော်ကြီးကျောင်း များနှင့် ကြည်ညိုဖွယ်ဘုရားစေတီပုထိုးများ တည်ရှိသကဲ့သို့ ပအိုဝ်းတို့၏ အိမ်ဦးခန်းတွင်လည်း ဘုရားကျောင်းကို ကြည်ညိုဖွယ်ရာ တင့်တယ်စွာပြင်ဆင်ထားသည်။ ဘုရားကျောင်း သန့်ရှင်းရေးနှင့် ပြင်ဆင်ရေးကို အမျိုးသမီးများက ပြုလုပ်လေ့ရှိသည်။ ဘုရားကျောင်းသန့်ရှင်းပြီး ဘုရားပန်းမညှိုး ပါမှ အိမ်ရှိမိသားစုအားလုံးကျန်းမာမည်၊ ကံကောင်းမည်ဟု အယူအဆရှိသည်။ အိမ်လည်လာသည့် ဧည့်သည်များသည်လည်း အိမ်ပေါ်ရောက်သည်နှင့် ဦးစွာဘုရားဝတ်ပြုပြီးမှသာလျှင် လာရင်းကိစ္စကို ဆွေးနွေးတိုင်ပင်ကြသည်။ လယ်ယာစသည့် လုပ်ငန်းခွင်များနှင့်ခရီးဝေးသွားမည့် သူတို့သည်လည်း လုပ်ငန်းခွင်မဝင်မီ၊ ခရီးဝေးမသွားမီ ဘုရားကိုဝတ်ပြုလေ့ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားများသည် အခြားသော ဘုန်းရှင်၊ တန်ခိုးရှင်များကို ယုံကြည်ကိုးကွယ်လေ့မရှိ။ ဗုဒ္ဓဘုရားကိုသာလျှင် အလေး ထားကိုးကွယ်ကိုင်းရှိုင်းတတ်ကြသည်။ ဘုရားဟောဒေသနာတော်များကိုသာ လိုက်နာကျင့်သုံးအား ထုတ်ကြသည်။
မိမိ၏ စီးပွားအသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သည့် လယ်ယာလုပ်ငန်းများ လုပ်ဆောင် ရာတွင်လည်း ဘာသာရေးကို ပစ်ပယ်ထားခြင်းဖြင့် အကျိုးကျေးဇူးများ ဆုတ်ယုတ်သွားနိုင်သည်ဟု ယုံကြည်ကြသည်။ ကျေးရွာရှိ ရွာသားတိုင်း ဘာသာရေးကို ရိုသေကိုင်းရှိုင်း သူများဖြစ်ကြပြီး ဘာသာယူဝါဒအပေါ် တိမ်းစောင်းသွေဖီစေသည့် အတွေးအခေါ် အယူအဆမျိုးကို လုံးဝလက်မခံကြ ပေ။ လုပ်ငန်းခွင်ပြီး၍ ကျင်းပသည့် ပွဲလမ်းသဘင်များသည်လည်း ဘာသာရေးဆိုင်ရာ ပွဲလမ်း အခမ်းအနားသာ ဖြစ်ကြသည်။ ဘုရားပူဇော်ပွဲ၊ ရှင်ပြုရဟန်းခံပွဲ၊ ဝါကျွတ်ပွဲ၊ ကထိန်ပွဲ၊ သင်္ကြန်ပွဲများ နှင့် အခြားသော ဘုရားကို ရည်စူး၍ ကျင်းပသည့်ပွဲများသာ ပြုလုပ်လေ့ရှိသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာဝင်များသာဖြစ်ကြရာ ဗုဒ္ဓတရားတော်ကို အခြေခံ သော ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများရှိသည်။ ထိ...
ဆက်လက်ဖတ်ရှု့ရန် ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာဝင်များသာဖြစ်ကြရာ ဗုဒ္ဓတရားတော်ကို အခြေခံ သော ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများရှိသည်။ ထိုဓလေ့ထုံးစံများဖြင့် အုပ်ချုပ်ကြသည်။ တရား စီရင်ကြသည်။ မိမိတို့နေထိုင်သည့် ရပ်ရွာကို အားလုံးသဘောတူ “ဖြားဒုံ”ကိုလည်း ကျေးရွာတွင်းရှိ အများက ယုံကြည်လေးစားသူ၊ ဖြောင့်မတ်တည်ကြည်သူ၊ စာပေဗဟုသုတရှိသူနှင့် ရှေးမီနောက်မီ သက်ကြီးရွယ်အိုတို့ကိုသာ တင်မြှောက်ကြသည်။ တရားစီရင်ရာတွင်လည်း ဖြားဒုံကိုသာသမာဓိ လူကြီးဖြစ်တင်မြှောက်၍ တရားစီရင်စေသည်။ များသောအားဖြင့် မိမိတို့ကိုးကွယ်သည့် ရွာကျောင်း ဆရာတော်ကိုလည်း ကျေးရွာအုပ်ချုပ်ရေး၊ တရားစီရင်ရေးတွင် သမာဓိလူကြီးအဖြစ် ပါဝင်စေသည်။
အမှုခင်း ပေါ်ပေါက်လျှင် သက်ဆိုင်ရာ လူကြီးများရှေ့တွင် သစ္စာဆို၍ အစစ်ခံလေ့ရှိကြသည်။ အပြစ်ပေးရာတွင် လူညွန့်တုံးစေသည့် ပြင်းထန်သည့် အပြစ်မျိုး ပေးလေ့မရှိပေ။ ပြစ်မှုကျူးလွန်သူ သည် ပထမအကြိမ်ဖြစ်လျှင် ပညာပေးပြုပြင်သည့်အနေဖြင့် ဆုံးမစကား ပြောလေ့ရှိသည်။ နှစ်ကြိမ် သုံးကြိမ်ဆက်၍ ကျူးလွန်ပါက “လုပ်အားပေးရသောအပြစ်ဒဏ်” ကို ပေးလေ့ရှိသည်။ ပြစ်မှု ကျူးလွန်သူသည် ဘုရားစေတီ၊ ကျောင်း၊ လူသွားလမ်းတို့ကို သဲခင်းခြင်း၊ ကျောက်ခင်းခြင်း၊ မြက်ရှင်းခြင်းစသော အများကျိုးရှိစေမည့် အလုပ်များကို လုပ်ရသည်။ ဤနည်းသည် ပြစ်မှုကျူးလွန် သူကို ပညာပေးရာရောက်သည့်အပြင် အများအတွက် အကျိုးရှိစေသော နည်းလမ်းဖြစ်သည်။
ပအိုဝ်းလူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုအက၊ ကကွက်များနှင့် ရိုးရာဓားသိုင်းအက၊ ပအိုဝ်း မော်(မော်ဆိုသည်မှာ စာဟောဆရာတို့သည် မိမိတ...
ဆက်လက်ဖတ်ရှု့ရန် ပအိုဝ်းလူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုအက၊ ကကွက်များနှင့် ရိုးရာဓားသိုင်းအက၊ ပအိုဝ်း မော်(မော်ဆိုသည်မှာ စာဟောဆရာတို့သည် မိမိတို့ဟောရမည့် ပုံပြင်၊ ရာဇဝင်များ၊ ဇာတ်တော်၊ နိပါတ်တော်များကို လင်္ကာများဖြင့် ဟောပြောကြရသည်)များလည်း ရှိပေသည်။ အပျို လူပျိုများ ဥပုသ်ဆွမ်း ကုသိုလ်ပြုကြရာတွင်ဖြစ်စေ၊ အလှူအတန်းပြုလုပ်ရာတွင်ဖြစ်စေ တစ်ဖက် နှင့်တစ်ဖက် တေးတိုက် ဆိုလေ့ရှိကြသော ယဉ်ကျေးမှုများလည်းရှိပါသည်။
လူပျိုလှည့်ရာတွင် အပေါင်းအသင်းများဖွဲ့၍ သွားကြရသည်။ မိမိသွားရောက် လူပျိုလှည့်မည့် အမျိုးသမီးသည် တစ်ရွာသားချင်းဖြစ်ပါက မိမိတစ်ယောက...
ဆက်လက်ဖတ်ရှု့ရန်လူပျိုလှည့်ရာတွင် အပေါင်းအသင်းများဖွဲ့၍ သွားကြရသည်။ မိမိသွားရောက် လူပျိုလှည့်မည့် အမျိုးသမီးသည် တစ်ရွာသားချင်းဖြစ်ပါက မိမိတစ်ယောက်တည်းဖြစ်စေ အပေါင်းအသင်းနှင့်ဖြစ်စေ လူပျိုလှည့်နိုင်သည်။ တခြားရွာမှဖြစ်ပါက ထိုရွာမှ အသိကာလသားတစ်ယောက်နှင့်ဖြစ်စေ ကာလသား ခေါင်းဆောင်ကိုဖြစ်စေ ကြိုတင်အသိပေး၍လည်းကောင်း၊ အဖော်အဖြစ်လည်းကောင်း ခေါ်ဆောင် ၍ လူပျိုလှည့်ခွင့်ရှိသည်။ သို့မဟုတ်လျှင် အမျိုးသမီး အိမ်ပေါ်သို့တက်ခွင့်မရှိပေ။ အိမ်ပေါ်သို့တက် လျှင်လည်း အမျိုးသမီးမှ လက်ခံစကားမပြောပေ။ ဓလေ့ထုံးစံကို မလိုက်နာသူ။ အလွန်ရိုင်းစိုင်းသူ ဟု ကဲ့ရဲ့ပြစ်တင်ပြီး နောင်တွင် လူပျိုလှည့်မလာရန် တားမြစ်ပြစ်ဒဏ်ပေးခြင်းခံရမည်။ (မှတ်ချက်- လူပျို အပျိုအသင်း မဝင်ရသေးသောသူများ လူပျိုလှည့်ခြင်းအား ခွင့်မပြုပေ။)
လူပျိုလှည့်ရာတွင် အပေါင်းအသင်းများဖွဲ့၍ သွားကြရသည်။ မိမိသွားရောက် လူပျိုလှည့်မည့် အမျိုးသမီးသည် တစ်ရွာသားချင်းဖြစ်ပါက မိမိတစ်ယောက...
ဆက်လက်ဖတ်ရှု့ရန်လူပျိုလှည့်ရာတွင် အပေါင်းအသင်းများဖွဲ့၍ သွားကြရသည်။ မိမိသွားရောက် လူပျိုလှည့်မည့် အမျိုးသမီးသည် တစ်ရွာသားချင်းဖြစ်ပါက မိမိတစ်ယောက်တည်းဖြစ်စေ အပေါင်းအသင်းနှင့်ဖြစ်စေ လူပျိုလှည့်နိုင်သည်။ တခြားရွာမှဖြစ်ပါက ထိုရွာမှ အသိကာလသားတစ်ယောက်နှင့်ဖြစ်စေ ကာလသား ခေါင်းဆောင်ကိုဖြစ်စေ ကြိုတင်အသိပေး၍လည်းကောင်း၊ အဖော်အဖြစ်လည်းကောင်း ခေါ်ဆောင် ၍ လူပျိုလှည့်ခွင့်ရှိသည်။ သို့မဟုတ်လျှင် အမျိုးသမီး အိမ်ပေါ်သို့တက်ခွင့်မရှိပေ။ အိမ်ပေါ်သို့တက် လျှင်လည်း အမျိုးသမီးမှ လက်ခံစကားမပြောပေ။ ဓလေ့ထုံးစံကို မလိုက်နာသူ။ အလွန်ရိုင်းစိုင်းသူ ဟု ကဲ့ရဲ့ပြစ်တင်ပြီး နောင်တွင် လူပျိုလှည့်မလာရန် တားမြစ်ပြစ်ဒဏ်ပေးခြင်းခံရမည်။ (မှတ်ချက်- လူပျို အပျိုအသင်း မဝင်ရသေးသောသူများ လူပျိုလှည့်ခြင်းအား ခွင့်မပြုပေ။)
ရှမ်းပြည်နယ်ရှိ ထနော့(ဓနော့)တိုင်းရင်းသားလူမျိုးများ
ဆင်းသက်လာပုံ
“ထနော့” လူမျိုးတို့သည် ၎င်းတို့အချင်းချင်း “ကနော်” ဟုခေါ်သည်။ “ထနော့”တို့၏ စကား အရ “ကနော်” ဟူသောဝေါဟာရမှာ “အေးအေးဆေးဆေးနေတတ်သောလူမျိုး” ဟုအဓိပ္ပါယ်ရသည်။ ၎င်းတို့၏ ပါးစပ်ရာဇဝင်အရ ရှေးယခင် ဘုရားရှင်လက်ထက်က လူသားတို့အားစာပေနှင့် ဘာသာစကားတို့ကို ပေးသနားရန်အတွက် လူသားမျိုးနွယ်များကို ခေါ်ယူစည်းဝေးစေခဲ့သည်။ ထိုစည်းဝေးပွဲကြီးသို့ အခြားလူမျိုးအားလုံး ရောက်ရှိသွားချိန်တွင် ဘုရားရှင်မှ လူမျိုးတစ်မျိုး ကျန်ရှိနေကြောင်း သိရှိသွားပြီး သွားရောက်ရှာဖွေစေခဲ့သည်။ ဤသို့ဖြင့် လိုက်လံရှာဖွေကြသော် ထိုကျန်ရှိနေသော လူမျိုးငယ်သည် အိပ်ပျော်နေသည်ကို လူမျိုးကြီးထဲမှ အမျိုးသမီးတစ်ဦးက တွေ့ရှိသွားပြီး အိပ်ပျော်နေသော လူမျိုးငယ်အားအစည်းအဝေးသို့သွားရန် “ထ…နော်”ဟုနိုးခဲ့သည်။ သို့သော် ထိုလူသားသည် ဘုရားရှင်ထံရောက်သော် အစည်းအဝေးကြီးလည်း ပြီးစီးသွားပြီးဖြစ်ရာ ၎င်းလူမျိုးနွယ်အား ပေးသနားရန် စာပေနှင့်ဘာသာစကားများ မကျန်တော့သည့်အတွက် လူမျိုး တစ်မျိုးစီမှ ဘာသာစကားတစ်မျိုးစီ ပေးလိုက်ကြရန်နှင့် ၎င်းလူသားအား “ထ…နော်”ဟု နိုးခဲ့ရ၍ “ထ…နော်” မှ “ထနော်”၊ “ထနော်”မှ“ထနော့” ဟူသော တိုင်းရင်းသားမျိုးနွယ်အမည်တွင် လာသည်ဟု ယူဆကြပါသည်။
ထနော့ဟူသည် အေးအေးဆေးဆေးနေတတ်သူဟု အဓိပ္ပာယ်ရပါသည်။ ထနော့တို့သည် မူလက ဟဲဟိုးမြို့တောင်ဘက်ရှိ တောင်ပို့လှကျေးရွာနှင့် သစ်အယ်တစ်ရွာတို့တွင် အခြေချနေထိုင်ခဲ့ကြသူမျာ းဖြစ်ပါသည်။ ထို့နောက် စားဝတ်နေရေးအရ ရေကြည်ရာမြက်နုရာသို့ ရှာဖွေပြောင်းရွှေ့နေထိုင်ရင်း တောင်ကြီးမြို့နယ်အနီး အေးသာယာမြို့ရှိ နောင်အင်ကျေးရွာသို့ ရောက်ရှိနေထိုင်ခဲ့ကြပါသည်။ နောင်အင်ကျေးရွာသည် တောင်ပို့လှကျေးရွာ၏အရှေ့အရပ်တွင်တည်ရှိသောကြောင့် ထနော့တို့က နောင်အင်ကျေးရွာကို အရှေ့ပြည်ဟု ခေါ်ဆိုကြသည်။ တောင်ပို့လှကျေးရွာသည် အနောက်ပြည်ဖြစ်သည်။ ယခုအချိန်တွင် ထနော့တိုင်းရင်းသားတို့သည် တောင်ပို့လှကျေးရွာ၊ သစ်အယ်တစ်ကျေးရွာ၊ ချေင်းခြားကျေးရွာ၊ ဘုရားဦးကျေးရွာ၊ နောင်အင်(တောင်)ရွာ၊ နောင်အင်(မြောက်)ရွာနှင့် သစ်ပင်ထောင် ကျေးရွာတို့တွင် အခြေချနေထိုင်လျက်ရှိပါသည်။
အမျိုးသားပညာဝန် ဦးဖိုးကျား၏ ခေတ်မီမြန်မာရာဇဝင်အကျဉ်းစာအုပ်တွင် မြန်မာနိုင်ငံသို့ ဆင်းသက်လာသည့် လူမျိုးကြီး(၃)ရပ် ဖော်ပြထားသည်မှာ- (က) မွန်ခမာလူမျိုးကြီး၊ (ခ) တိဗက်-မြန်မာလူမျိုးကြီး၊ (ဂ) ထိုင်း(သို့)ရှမ်းတရုတ်လူမျိုးကြီးတို့ဖြစ်ပါသည်။ ဆရာကြီးဦးဖေမောင်တင် ဘာသာလောကကျမ်းတွင် မျိုးရိုးဆင်းသက်မှုဇယားကို အောက်ပါအတိုင်း ခွဲပြထားပါသည်-
(၁) ဩစထရီုနီယန် { မော်ကင်(ဝါ)ဆလုံ ၊ တောင်ဖက်စွန်းရှိ ကျွန်းများ}
(၂) ဩစထရိုအေရှမွန်ခမာ { မွန်(မြန်မာနိုင်ငံတောင်ပိုင်း၊ ပလောင်၊ ရီအန်၊ လဝ၊ တဲလွိုင်၊ အဲန်၊ ခမုတ်၊ ဒနော(ထနော့)စသည့် (ရှမ်းပြည်နယ်အနောက်၊ မြောက်၊ တောင်၊ အရှေ့မြောက်ပိုင်း)}
အထက်ဖော်ပြပါဇယားအရ ထနော့(ဒနော)တိုင်းရင်းသားမျိုးနွယ်စုသည် မွန်ခမာမျိုးရိုးမှ ဆင်းသက်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။
နေထိုင်ရာဒေသများ
“ထနော့”လူမျိုးတို့သည် ရှမ်းပြည်နယ် တောင်ပိုင်းကလောမြို့နယ်ရှိ တောင်ပို့လှ၊ ချောင်းခြား နှင့် သအယ်သစ်ကျေးရွာတို့တွင် အများဆုံးနေထိုင်ကြပြီး တောင်ကြီးမြို့နယ်၊ အေးသာယာမြို့အနီး နောင်အင်ရွာတွင်လည်း အများဆုံးပြောင်းရွှေ့နေထိုင်ကြသည်။ ဘုရားဦးရွာ၊ ထုံးဖိုရွာ၊ သစ်ပင် ထောင်ရွာ၊ ဘန့်ဘုန်းရွာ၊ သိမ်ကုန်းရွာ၊ ရွာသစ်ကုန်းရွာတို့တွင် အနည်းငယ် ပျံ့နှံ့နေထိုင်ကြပြီး တောင်ပို့လှနှင့် သအယ်သစ်ရွာ(၂)ရွာသာလျှင် “ထနော့”လူမျိုးများသီးသန့်နေထိုင် သော ရွာအဖြစ် ကျန်ရှိပါသည်။ ကျန်ရွာများမှာ ပအိုဝ်း၊ တောင်ရိုး၊ ဓနုတိုင်းရင်းသားလူမျိုးများနှင့် ရောနှောနေထိုင်ကြပါသည်။
သွင်ပြင်လက္ခဏာများ
ထနော့ လူမျိုးအများစုသည် အသားညိုပြီး မျက်နှာဝိုင်းသည်။ အနက်ရောင်ဆံပင်များရှိကြပြီး ပုံမှန်အရပ်အမောင်းများ ရှိကြသည်။
ရိုးရာဓလေ့ထုံးစံများ
ထနော့လူမျိုးများ နေထိုင်ရာရပ်ရွာများတွင် နတ်စင်များရှိကြပြီး မိမိတို့ရွာရှိ သတ်မှတ်ထား သော ရက်များတွင် နတ်တက်ပွဲများကို ကျင်းပကြသည်။ နတ်တက်ပွဲတွင် တစ်ရွာလုံးနီးပါးတက် ရောက်ကြသည်။ ရှင်ပြုပွဲများကျင်းပချိန်တွင်လည်း ရှင်လောင်းများကို နတ်ပြသည့်ဓလေ့ရှိပါသည်။ မင်္ဂလာဆောင်ရာတွင် သတို့သားနှင့်သတို့သမီးရှေ့တွင် ငှက်ပျောပွဲများ ပြင်ဆင်ထားပြီး ငှက်ပျော သီးပေါ်တွင် ချည်များကို အကွင်းလိုက်စွပ်ထား၍ ပွဲတက်ရောက်လာသူများမှ ထိုချည်များကိုယူ၍ သတို့သားနှင့်သတို့သမီးတို့၏လက်များတွင် စွပ်ပေးပြီး ဆုတောင်းကြပါသည်။ မီးရှူးပွဲများလည်း ရှိပြီး မိုးဦးကျခါစ ကဆုန်နှင့်နယုန်လတွင် ကျင်းပကြပါသည်။ ထိုမီးရှူးပွဲသို့အခြားသောရွာများ လည်း တက်ရောက်ကြသည်။
ထနော့လူမျိုးများသည် မိမိတို့၏ကိုယ်ပိုင်ဘာသာစကားဖြစ်သော ထနော့စကားကို ပြောဆိုကြသည်။ စာပေပေါ်ထွက်လာရေးကိုလည်း ကြိုးစားဆောင်ရွက်နေပါသည်။
ထနော့အမျိုးသားများသည် အပြာရောင်ခေါင်းပေါင်းကို ပေါင်းကြပြီး အဖြူရောင်စတစ်ကော်လံအင်္ကျီ လက်ရှည်ခဲရောင် တိုက်ပုံ အင်္ကျီ လက်ရှည်နှင့် ခဲရောင် ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် ခဲရောင် ခေါင်းပေါင်းကို ပေါင်း ကြပြီး ပန်းရောင်ရင်ဖုံးအင်္ကျီ လက်ရှည်၊ အောက်ခံခဲရောင်လုံချည်၏အလယ်၌ ပန်းရောင်၊ အဝါရောင်နှင့် အပြာရောင် စဉ်းကြား များပါဝင်သည့် လုံချည်ကို ဝတ်ဆင်ကြသည်။
ဆက်လက်ဖတ်ရှု့ရန်
ထနော့လူမျိုးများသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ အခါကြီးရက်ကြီးများနှင့် ဝါတွင်း ကာလတွင် မိဘဆရာသမားများ သက်ကြီးရွယ်အိုများကို ကန့်တော့ကြသည်။ လပြည့်၊ လကွယ်ည များတွင် ရွာသူရွာသားများ စုပေါင်း၍ ဘုရားရှင်အား ရည်မှန်း၍ ရွာဦးစေတီကို မီးထွန်းပူဇော်ကြ သည်။ တပို့တွဲလပြည့်ညသည် အအေးဆုံးညဟု ယူဆကြပြီး ဘုရားရှင်အား ရည်မှန်း၍ မီးဖုန်းများ၊ ရှားမီးများ ထွန်းညှိပူဇော်ပွဲကို အိုးစည်၊ ဗုံမောင်းများဖြင့် ကျင်းပကြပါသည်။
ဆက်လက်ဖတ်ရှု့ရန်
ရွာသူရွာသားများက ရွေးချယ်တင်မြောက်ကြပြီး ရွာကို အုပ်ချုပ်သောအကြီးအကဲ (သို့မဟုတ်)ရွာသူကြီးက အုပ်ချုပ်ပေးသည်။
ဆက်လက်ဖတ်ရှု့ရန်
ထနော့လူမျိုးများသည် ရိုးရာပွဲလမ်းများ၊ မင်္ဂလာဆောင်များ၊ ရှင်ပြုပွဲများ ကျင်းပရာတွင် ရက်ကောင်းရက်မြတ်များ ရွေးချယ်ပြီးမှသာ ကျင်းပလေ့ရှိပါသည်။ ထို့အတူ စိုက်ပျိုးရေးလုပ်ငန်း များတွင် စိုက်ပျိုးချိန်၊ မျိုးစေ့ချချိန်များ၌လည်း ရက်ရာဇာများရွေးချယ်သတ်မှတ်ပြီးမှသာ စိုက်ပျိုး၊ မျိုးစေ့ချလေ့ရှိပါသည်။ ခရီးများသွားလာရာတွင် အရှေ့(၆)၊ အနောက်(၄)၊ တောင်(၃)၊ မြောက်(၂) လူဦးရေဖြစ်ခဲ့ပါက ခရီးမသွားကောင်း၊ တစ်ခုခုထိခိုက်တတ်သည်ဟု ယုံကြည်ကြသဖြင့် ခဲလုံး တစ်လုံးကို လူတစ်ဦးအစား ကောက်သွားကြသည်။ မိုးသက်လေပြင်းကျရောက်ချိန်များတွင် မိမိတို့ ၏နေအိမ်များ လေတိုက်သည့်နောက် ပါမသွားစေရန် ဤအိမ်တွင် လူရှိကြောင်းကို မိုးနတ်မင်း၊ လေနတ်မင်းတို့အား အသိပေးသည့်အနေဖြင့် မိမိတို့အိမ်ရှိ တူရိယာများ၊ အိုးခွက်ပန်းကန်များကို တစ်ရွာလုံးဆူညံသံများထွက်ပေါ်လာအောင် တီးခတ်ကြသည်။ နောက်တစ်ခုမှာ လေပြင်း တိုက်ခိုက်လာပါက လေတိုက်ရာအရပ်သို့ ဓားဦးကို ထရံများကြားတွင် ထိုးထားကြသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် လေသည်မိမိတို့နေထိုင်ရာအရပ်မှ ရှောင်လွဲတိုက်ခိုက်သွားကြောင်း ယူဆကြသည်။ ကလေးများကို တစ်ဦးတည်းသိပ်ထားချိန် ကလေး၏ခေါင်းရင်းတွင် ဓားကို ထားပေးကြသည်။ မကောင်းဆိုးဝါးများ ကလေးများ မကပ်နိုင်အောင် ကာကွယ်ပေးကြောင်း အယူအဆများရှိကြ သည်။ ငွေ၊ ဘောနှင့်ကြွေစေ့များကို ချည်ကြိုးများဖြင့် သီကုံးပေးထားပြီး ကလေးငယ်များ၏ လည်ပင်းတွင် ဆွဲပေးကြသည်။ ကလေးများကို အကာအကွယ်ပေးထားကြသည်ဟု ယူဆကြသည်။
ဆက်လက်ဖတ်ရှု့ရန်
ထနော့လူမျိုးများသည် ရိုးရာပွဲလမ်းများ၊ မင်္ဂလာဆောင်များ ၊ ရှင်ပြုပွဲများ ကျင်းပရာတွင် ပြ’ဒါးရက်များကို ရှောင်၍ ကျင်းပသည်။ ထို့အတူ စိုက်ပျိုးရေးလုပ်ငန်းများတွင် စိုက်ပျိုးချိန်၊ မျိုးစေ့ ချချိန်များ၌လည်း ပြ’ဒါးရက်များ၊ လဆန်း(၁)ရက်နေ့များတွင် စိုက်ပျိုး၊ မျိုးစေ့ချခြင်းနှင့် ခရီးသွား လာခြင်းများ ပြုလုပ်လေ့မရှိပါ။ ခရီးသွားရာတွင် အရှေ့အရပ်သို့(၆)ဦး၊ အနောက်အရပ်သို့(၄)ဦးနှင့် တောင်အရပ်သို့(၃)ဦး၊ မြောက်အရပ်သို့(၂)ဦးနှင့် မည်သည့်အရပ်ကိုမဆို(၉)ဦး ခရီးသွားလာခြင်း မရှိကြပါ။
ရှမ်းပြည်နယ်ရှိ ဓနုတိုင်းရင်းသားလူမျိုးတို့၏သမိုင်းအကျဉ်း
ဆင်းသက်လာပုံ
ဓနုတိုင်းရင်းသားများသည် တိဗက်-မြန်မာ စကားပြောအုပ်စုတွင်ပါဝင်ပြီး အသံကွဲ မြန်မာ စကားပြောဆိုသော တိုင်းရင်းသားများအဖြစ် ပညာရှင်များက သတ်မှတ်ထားပါသည်။ ဓနုလူမျိုး တို့သည် မြေပြန့်ဒေသမှ လက်ရှိနေထိုင်ရာ တောင်ပေါ်ဒေသသို့ ပုဂံခေတ်မတိုင်မီကတည်းက ရောက်ရှိနေထိုင်ခဲ့ကြသော မြန်မာမျိုးနွယ်များဖြစ်သည်ဟု ယုံကြည်ကြပါသည်။
နေထိုင်ရာဒေသများ
ဓနုတိုင်းရင်းသားများသည် ရှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နောင်ချိုမြို့နယ်တို့အတွင်းတစ် ဆက်တစ်စပ်ထဲ စုစည်းနေထိုင်နေကြပါသည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ် ထားသည့် ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့သည် ဓနုအများဆုံးနေထိုင်ကြသည့် မြို့နယ်နှစ်မြို့ ဖြစ်ပါသည်။ ထို့ပြင် ဓနုလူမျိုးတို့သည် အဆိုပါ ၅ မြို့နယ်နှင့် ဆက်စပ်လျက်ရှိသော တောင်ကြီး မြို့နယ်တွင်လည်းကောင်း၊ ရှမ်းပြည်မြောက်ပိုင်းမှသီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်များတွင် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ သာစည်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်များတွင် လည်းကောင်း အနည်းငယ်နေထိုင်ကြပါသည်။ လက်ရှိဓနုလူဦးရေမှာ ၂၀၁၈ခုနှစ်၊ ခန့်မှန်းစာရင်း အရ ၄ သိန်းခန့်ရှိပြီး ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအနက် စတုတ္ထမြောက် လူဦးရေ အများဆုံးဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးရှိတိုင်းရင်းသားများအနေဖြင့် လူဦးရေအများဆုံးအဆင့် ၁၀ မှာရှိပါသည်။
သွင်ပြင်လက္ခဏာများ
ဓနုလူမျိုးတို့သည် အရပ်အမောင်းအသင့်အတင့်ရှိ၍ အသားလတ်ကြပါသည်။ ရှေးမြန်မာ မျိုးနွယ်များဖြစ်သောကြောင့် မြန်မာလူမျိုးတို့နှင့် ဝတ်စားဆင်ယင်ပုံမတူသော်လည်း ပုံမှန်သွင်ပြင် အားဖြင့် ဆင်တူကြပါသည်။
ရိုးရာဓလေ့ထုံးစံများ
ဓနုဒေသအတွင်း ပွဲတော်များတွင် ဓနုအိုးစည်သည် မပါမဖြစ် ထင်ရှားသော ဓနုရိုးရာ တူရိယာ ဖြစ်ပါသည်။ ဓနုဒေသအချို့တွင် ဓနုဗြောများဖြင့် အလှူပွဲများတွင် ဧည့်ခံလေ့ရှိပါသည်။ ဓနုဒေသ အချို့တွင်ဒေသတွင်း နတ်ကိုးကွယ်မှုများရှိပါသည်။
ဓနုလူမျိုးတို့သည် အသံကွဲမြန်မာစကားပြောဆိုသော တိုင်းရင်းသားများဖြစ်သောကြောင့် ဓနုတို့ပြောဆိုသော ဘာသာစကားတွင် ရှေးခေတ်မြန်မာစကား အသုံးအနှုန်းအချို့လည်း ပါဝင်နေ ပါသည်။ ထို့ကြောင့် လေသံကွဲသည်မှအပ မြန်မာဘာသာစကားနှင့် ဆင်တူသောစကားကို ဓနု လူမျိုးတို့ သုံးစွဲပြောဆိုကြပါသည်။ လက်ရှိ ၂၀၂၃ ခုနှစ်အထိ ဓနုစာပေရေးသားနည်းစနစ်ကို တရားဝင်သတ်မှတ်ထားခြင်းမရှိသေးပါ။
ဓနုတိုင်းရင်းသားမျာ၏ ဝတ်စားဆင်ယင်ပုံမှာ ရှေးယခင်က နေရာဒေသအလိုက်၍ ပုံစံ အမျိုးမျိုး အရောင်အမျိုးမျိုးဖြင့် ကွဲပြားစွာ ဝတ်စားဆင်ယင်ခဲ့ကြပါသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၆-၂၇ ရက်နေ့တွင် ကျင်းပသောဓနုအမျိုးသားညီလာခံက ဓနုအမျိုးသားဝတ်စုံကို သတ်မှတ်နိုင်ခဲ့ ပြီး ယခုအခါအောက်ပါအတိုင်း တပြေးညီစွာ ဝတ်ဆင်လျက်ရှိကြပါသည်။ ဓနုအမျိုးသား(ကျား) ဝတ်စုံ၏အရောင်မှာ ကာကီရောင်အဖျော့ ဖြစ်ပါသည်။ ဘောင်းဘီမှာ ဓနုဘောင်းဘီဖြစ်ကာ၊ ခါးစည်းကြိုးမှာ ပန်းရောင်ဖြစ်ပြီး ညာဖက်သို့ ပန်းဖွာချထားသည်။ ရှပ်အင်္ကျီမှာ အဖြူရောင်ဖြစ်ပါ သည်။ တိုက်ပုံမှာ အပြင်ဖက်တွင် အိတ်ကပ်ကြီး(၂)ခု၊ အိတ်ကပ်ငယ်(၂)ခုပ်ရှိပြီး၊ ချည်ကြယ်သီး (၂)လုံးတွဲ(၅)ခုဖြစ်ပါသည်။ ပန်းရောင်ချည်တဘက်ကို ညာဖက်စွန်းအောက်ဖက်စိုက်ချ၍ ခေါင်း ပေါင်းပေါင်းကြပါသည်။
ဓနုအမျိုးသမီး(မ) ဝတ်စုံအနေဖြင့် ထဘီမှာ အနက်ရောင်ဖြစ်ပြီး၊ အလယ်တွင် အနီရောင် ကန့်လန့်ဖြတ် ဗြက်ကြီး(၂)စင်းပါရှိကာ အပေါ်ပိုင်းတွင် အနီရောင်ဗြက်သေး(၃)စင်း၊ အလယ်ပိုင်း တွင် (၇)စင်း၊ အောက်ဆုံးတွင် (၃)စင်း(၃-၇-၃) ဖြစ်ပါသည်။ အင်္ကျီအရောင်မှာ အနီရောင် ရင်စေ့ လက်ရှည်ဖြစ်ကာ၊ ပန်းပါချည်ကြယ်သီး တပ်ဆင်ထားပြီး ၊ ရင်စေ့၏ တစ်ဖက်တစ်ချက်တွင် ပန်းပုံ ဖော်ထားသည့် အနက်ရောင်ထက် အောက် အစင်းတစ်စင်းပါရှိပါသည်။ ခေါင်းပေါင်းမှာ အနက် ရောင်အောက်ခံ ရွှေချည်ထိုးဖြစ်ပြီး၊ ဝတ်ဆင်ပုံမှာ လည်ကုပ်နောက်က ပတ်ကာ ရှေ့နဖူးပေါ်တွင် တဖက်တချက်ပတ်ခွေ၍ အမောက်ထောင်နေပါသည်။ ဆံမြိတ်မှာ ကျောဖက်တွင် ကျနေပါသည်။
ဓနုလူမျိုးတို့သည် ရှေးယခင်ကတည်းက ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများ ဖြစ်ပြီး ပုဂံခေတ်ဦးကာလကတည်းက ဗုဒ္ဓဘာသာ စေတီဘုရားတည်ထားမှုများ ရှိနေပြီဖြစ် ကြောင်း ဓနုဒေသမှ ဘုရားသမိုင်းများတွင် ဖော်ပြထားပ...
ဆက်လက်ဖတ်ရှု့ရန်ဓနုလူမျိုးတို့သည် ရှေးယခင်ကတည်းက ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများ ဖြစ်ပြီး ပုဂံခေတ်ဦးကာလကတည်းက ဗုဒ္ဓဘာသာ စေတီဘုရားတည်ထားမှုများ ရှိနေပြီဖြစ် ကြောင်း ဓနုဒေသမှ ဘုရားသမိုင်းများတွင် ဖော်ပြထားပါသည်။ ဓနုလူမျိုးတို့သည် အလှူအတန်း ရက်ရောသောလူမျိုးများဖြစ်ကြပြီး သားယောက်ျားလေးများကို ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနှင့်အညီ အရွယ်ရောက်ပါက ရှင်ပြုပေးသော ဓလေ့ထုံးစံရှိပါသည်။
ဓနုလူမျိုးများသည် လက်ရှိဒေသတွင် ပုဂံခေတ်ကာလ သို့မဟုတ် ထိုထက်စောသော ကာလကတည်းက ရောက်ရှိနေထိုင်နေကြပြီဖြစ်ပြီး မြန်မာဘုရင်လက်အောက်တွင် အုပ်ပိုင် အုပ်ချုပ်ခွင့်ဖြင့် နေထိုင်ခဲ့ကြပါသည်။ ဓနုလူမျိုးမျ...
ဆက်လက်ဖတ်ရှု့ရန်ဓနုလူမျိုးများသည် လက်ရှိဒေသတွင် ပုဂံခေတ်ကာလ သို့မဟုတ် ထိုထက်စောသော ကာလကတည်းက ရောက်ရှိနေထိုင်နေကြပြီဖြစ်ပြီး မြန်မာဘုရင်လက်အောက်တွင် အုပ်ပိုင် အုပ်ချုပ်ခွင့်ဖြင့် နေထိုင်ခဲ့ကြပါသည်။ ဓနုလူမျိုးများသည် မြန်မာဘုရင်လက်အောက်တွင် အုပ်ပိုင် အုပ်ချုပ်ခွင့်ဖြင့် နေထိုင်ခဲ့သည့် သမိုင်းကြောင်းနှင့်ပတ်သက်၍ ပထမအင်းဝခေတ်တွင် ရေးထိုးခဲ့ သောမင်းကြီးစွာစော်ကဲ၏ မိဖုရားစောဥမ္မာကျောက်စာ အထောက်အထားအရ အခိုင်အမာ သိရှိခဲ့ ရပါသည်။ အင်းဝခေတ်တွင် ရွာငံနှင့်ပွေးလှမြို့တို့သည် ဓနုလူမျိုး အုပ်ချုပ်သူနယ်ရှင်များ နေထိုင် အခြေစိုက်ခဲ့သည့် မြို့ကြီးများဖြစ်ကြပါသည်။
ကုန်းဘောင်ခေတ်တွင် ဓနုလူမျိုးတို့နေထိုင်ရာ မြေလပ်ဒေသကို မြန်မာဘုရင်က မြေလပ် ဝန်ခန့်အပ်ကာ အုပ်ချုပ်ခဲ့ပါသည်။ မြေလပ်ဝန်၏ လက်အောက်တွင် ဓနုလူမျိုးတို့ နေထိုင်ရာ နယ်ပယ်များကို နယ်မြေအလိုက် ငွေခွန်မှူး၊ ကြော့သူကြီး စသည်တို့က အုပ်ချုပ်ခဲ့ကြပါသည်။ သီပေါမင်းပါတော်မူသည့် ၁၈၈၅ ခုနှစ်အထိ ဓနုဒေသတွင် ငွေခွန်မှူးများ အုပ်ချုပ်ခဲ့သည့် နယ်များ မှာ ဘော်နယ်(ရေဦးနယ်)၊ ရွာငံနယ်(မြင်းဂျဒိုးနယ်၊ ကျုံးနယ်၊ ပင်းတယနယ်၊ ပွေးလှနယ်၊ဘော် ဆိုင်းနယ်၊ သာမိုင်းခမ်းနယ်စသည်တို့ဖြစ်ပါသည်။ လက်ရှိ ဓနုလူမျိုးများစွာ နေထိုင်နေကြသော ရပ်စောက်သည်လည်း ပုဂံခေတ်ကာလကတည်းက တည်ရှိခဲ့သော သမိုင်းကြောင်းရှိခဲ့ပြီး စော်ဘွား အုပ်ချုပ်ခဲ့သော ဒေသဖြစ်ပါသည်။ နောင်ချိုနယ်ကတော့ သုံးဆယ်စော်ဘွား၏ အုပ်ချုပ်မှုအောက် တွင် ရှိခဲ့ပါသည်။ လွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ်မှ စတင်ကာ ဓနုတို့အုပ်ချုပ်သော အဆိုပါ နယ်များရှိ ငွေခွန်မှူးနှင့် မြို့စားများကို ရှမ်းပြည်နယ်ရှိ အခြားသော နယ်ရှင်များနှင့် အဆင့်တူ စော်ဘွားအဖြစ်သတ်မှတ်ခဲ့ပြီး ၁၉၅၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါသည်။
ယခုအခါ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်ပါဝင်သော ဓနုအများဆုံးနေထိုင်ကြသည့် နှစ်မြို့နယ်ကို ပေါင်းစည်းကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပါသည်။
ဓနုလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှုသည် ဗုဒ္ဓဘာသာတစ်မျိုးတည်းကိုသာ ကိုးကွယ်ကြ သူများဖြစ်၍ ယဉ်ကျေးမှုအခြေခံအရပ်ရပ်များသည် ဗုဒ္ဓဘာသာအယူဝါဒဆိုင်ရာများကို လိုက်နာ ကျင့်သုံးတတ်ကြသော ယဉ်ကျေးမှုများရှိကြပါသည်။ ထို့ကြောင့် နေ့စဉ်လူမှုရေးကိစ္စအဝဝတို့တွင် သာမက ရိုးရာဓလေ့ထု...
ဆက်လက်ဖတ်ရှု့ရန်ဓနုလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှုသည် ဗုဒ္ဓဘာသာတစ်မျိုးတည်းကိုသာ ကိုးကွယ်ကြ သူများဖြစ်၍ ယဉ်ကျေးမှုအခြေခံအရပ်ရပ်များသည် ဗုဒ္ဓဘာသာအယူဝါဒဆိုင်ရာများကို လိုက်နာ ကျင့်သုံးတတ်ကြသော ယဉ်ကျေးမှုများရှိကြပါသည်။ ထို့ကြောင့် နေ့စဉ်လူမှုရေးကိစ္စအဝဝတို့တွင် သာမက ရိုးရာဓလေ့ထုံးတမ်းစဉ်လာတို့အပြင် သာရေး၊ နာရေးဆိုင်ရာလုပ်ငန်းများတို့တွင်လည်း ဗုဒ္ဓသာသနာ၏အယူဝါဒများနှင့် မဆန့်ကျင်သော ယဉ်ကျေးမှုများကို လက်ကိုင်ကျင့်သုံးကြသော လူမျိုးဖြစ်သည်။
ဓနုလူမျိုးတို့၏ ယဉ်ကျေးမှုတွင် ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းများကို ကျိုးနွံရိုသေစွာ လိုက်နာကြလေ့ရှိသည်။ ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းများတွင် ရှင်ပြုရဟန်းခံခြင်း၊ နားသ ခြင်း၊ အခါကြီးရက်မြတ်တိုင်းတွင် ဘုန်းတော်ကြီးကျောင်းများသို့ ကုသိုလ်ပြုရန် ကျောင်းတက် ခြင်း၊ ဘာသာရေးဆိုင်ရာအလှူပွဲများတွင် စုပေါင်းကုသိုလ်ဖြစ်စေရန် ငွေကြေးကုသိုလ်၊ ပစ္စည်း ကုသိုလ်၊ ဝေယျာဝိစ္စကုသိုလ်တို့ဖြင့် ဝိုင်းဝန်းတတ်ကြခြင်း၊ အလှူရှင်တစ်ဦး၏ အလှူပွဲတစ်ခု ထမြောက်အောင်မြင်သွားပြီးတိုင်း မီးဆူခံဓလေ့ဖြင့် အလှူအောင်ပွဲကျင်းပပေးတတ်ခြင်းဓလေ့များ သည် ထင်ရှားသည်။
ဓနုလူမျိုးတို့၏ လူမှုရေးဆိုင်ရာ ဓလေ့ထုံးတမ်းများတွင် ဓနုရိုးရာအလိုက် လူပျိုလှည့် ကြင်ဖော်ရှာခြင်း၊ လက်ဖက်ဖောက်သည်ဟုခေါ်ဆိုသော စေ့စပ်ကြောင်းလမ်းခြင်း၊ လက်ဖက်ကမ်း သည်ဟု ခေါ်ဆိုသော နှစ်ဖက်ဆွေမျိုးတို့အား ဖိတ်ကြား၍ မင်္ဂလာပွဲကျင်းပခြင်း၊ ရိုးရာအယူအဆ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတို့နှင့်အညီ ကိုယ်ဝန်ဆောင်သားဖွားမှုပြုခြင်း၊ ကင်ပွန်းရည်တွင် ရွှေရည်၊ ငွေရည်၊ နံ့သာရည်များရောနှော၍ စတိသဘောကလေးငယ်အား ဖြန်းပက်ပေးကြရသော အမည်ပေး ကင်ပွန်းတပ်ခြင်းဓလေ့များသည် ထင်ရှားပါသည်။
ဓနုလူမျိုးတို့၏ (၁၂)လရာသီပွဲတော်များသည် မြန်မာနှစ်တစ်နှစ်၏ လတိုင်းလိုလိုတွင် ကျင်းပမှုများရှိကြပါသည်။ တန်ခူးလတွင် သင်္ကြန်ပွဲ၊ ကဆုန်လတွင် တာတက်ပွဲ၊ နယုန်လတွင် စာပြန်ပွဲ၊ ဝါဆိုလတွင် ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းကပ်လှူပွဲ၊ ဝါခေါင်လတွင် စာရေးတံမဲပွဲ၊ သီတင်း ကျွတ်လတွင် မီးထွန်းပွဲ၊ တန်ဆောင်မုန်းလတွင် ကထိန်ပွဲ၊ နတ်တော်လတွင် တောင်ယာသိမ်းယာ ပုတ်ပွဲ၊ တပို့တွဲလတွင် ယာကုနှင့်မီးဖောင်းတိုင်ပွဲ၊ တပေါင်းလတွင် တပေါင်းဘုရားပွဲများ ကျင်းပကြ လေ့ရှိသည်။
ဓနုလူမျိုးတို့သည် နာရေးအခမ်းအနားများတွင်လည်း ဗုဒ္ဓဘာသာအခြေခံအယူအဆများ ဖြင့်သာ ကျင်းပပြုလုပ်လေ့ရှိကြသည်။ ရဟန်းသံဃာတော်များ ပျံလွန်သည့်အခါ ဘုန်းကြီးပျံပွဲ အဖြစ် ခမ်းနားစွာကျင်းပလေ့ရှိကြသည်။ လူသာမန်တို့ကွယ်လွန်သည့်အခါ ရက်လည်ဆွမ်းသွပ် ခြင်းဖြင့် ကုသိုလ်အမျှအတန်းပေးဝေကြလေ့ရှိသည်။
ဓနုလူမျိုးတို့၏ ရိုးရာဆေးပညာသည် အဆင့်မြင့်သော တိုင်းရင်းဆေးပညာများဖြစ်ကာ ဒေသထွက်ဆေးပင်၊ ဆေးရွက်များကြောင့် အစွမ်းအာနိသင်ထက်မြက်ကြသည်။ ငန်းနီကျော်ဆေး၊ အဖျားဖြတ်ဆေး၊ ကုက္ကုဆေးတောင့်၊ လေဆေး၊ ချွဲဆေး၊ လျက်ဆား၊ သွေးဆေးအမျိုးမျိုး၊ နှလုံး သည်းချေဆေးတို့ ထင်ရှားပြီး မုန်ညှင်းဆီ၊ ဆေးမြစ်စုံတို့လည်း အသုံးပြုနေဆဲဖြစ်ပါသည်။
ဓနုလူမျိုးတို့၏ အစဉ်အဆက်ယဉ်ကျေးမှုများ၌ ထိုးကွင်းမှင်ကြောင်ထိုးသော ဓလေ့ထုံးစံ ကိုလည်း တွေ့မြင်နိုင်ပါသည်။ ထိုးကွင်းမှင်ကြောင်ထိုးရာတွင် အလှအပထက် ကာယသိဒ္ဓိ၊ ပီယ သိဒ္ဓိတို့အတွက် ထိုးနှံကြခြင်းဖြစ်ပြီး အညံ့များကို နှိမ်နှင်းသောဘုရားမှော်၊ သာသနာငါးထောင် မှော်၊ တြိသီဟော်မှော်၊ ဗောဓိကက္ခိယမှော် အစရှိသည့် မှော်ဆေးများကို ထိုးနှံကြသည်လည်း ရှေးကရှိခဲ့ကြပါသည်။
ဓနုလူမျိုးတို့၏ မျိုးဆက်ကလေးလူငယ်များတွင် ကိုယ်ပိုင်ကစားခုန်စားနည်းများ ရှိကြ သည်။ မိန်းကလေးများသည် ဝေ့ဆီး(ခေါ်)ထုပ်ဆီးထိုးကစားနည်း၊ ကြက်ခွပ်ကစားနည်း၊ မယ်ထွေး ဖမ်းကစားနည်း၊ ကဆေ (ခေါ်) တစ္ဆေလိုက်ကစားနည်း၊ ခဲလုံးဩဇာစေ့ မန်ကျည်းစေ့များနှင့် ဇယ်တောက်ကစားနည်း၊ ကြက်ပျံငှက်ပျံကစားနည်း၊ တူတူပုန်းကစားနည်း၊ အမလိုက်ကစားနည်း၊ စကားထာဝှက် ပစ္စည်းဝှက်ကစားနည်း၊ အိုးခြမ်းကွဲပစ်ကစားနည်း၊ ခြေတပေါင်ကျိုးကစားနည်း၊ ရေအိုးရွက်ပြိုင် အပြေးပြိုင်ကစားနည်းများရှိကြပါသည်။ ယောက်ျားလေးများတွင် ဂျင်လုံးပေါက် ကစားနည်း၊ လွန်ဆွဲကစားနည်း၊ ကျွဲနွားလှည်းမောင်းပြိုင်ကစားနည်း၊ အပြေးပြိုင် မြင်းစီးပြိုင် ကစားနည်း၊ လက်လှဲပြိုင်ကစားနည်း၊ လေးပစ်၊ ဒူးလေးပစ်၊ လောက်လေးပစ်ပြိုင်ကစားနည်း၊ သိုင်းပညာရပ်တွင် လက်သိုင်း၊ တုတ်သိုင်း၊ ဓားသိုင်း၊ လှံသိုင်း၊ ကြိုးသိုင်းကစားနည်း၊ လက်သီး တံတောင်ကွေး ဒူးခြေတို့ဖြင့် လှုပ်ရှားရသော ဗန်တိုဗန်ရှည်ကစားနည်းတို့ ရှိကြပါသည်။
ဓနုလူမျိုးတို့သည် စိတ်ရင်းဖြူစင်၍ စေတနာထားတတ်ကြသော လူမျိုးများဖြစ်သဖြင့် အတူနေတိုင်းရင်းသားများနှင့်လည်း ချစ်ကြည်လက်တွဲစွာ ရပ်တည်နိုင်ကြပါသည်။ အဓိကအသက် မွေးဝမ်းကျောင်းမှုတွင် စိုက်ပျိုးရေးဖြင့်သာ လုပ်ကိုင်တတ်ကြပြီး ထွက်ကုန်များသည် မြန်မာနိုင်ငံ တွင်း၌သာမက ပြည်ပကမ္ဘာ့နိုင်ငံများထိ တင်ပို့နိုင်ကြသည်။ ရိုးသား၍ ဖော်ရွေပျူငှာတတ်သော အလေ့အထများရှိကြပြီး မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံအရပ်ရပ်တို့ကို မျိုးရိုးစဉ်ဆက် လက်ဆင့် ကမ်းထိန်းသိမ်းထားနိုင်ကြသူများ ဖြစ်ကြပါသည်။
(၁) ဓနုဒေသတွင် လယ်ယာလုပ်ငန်းမှအစ အချင်းချင်းအပြန်အလှန် ကူညီဝိုင်းဝန်းတတ် သော အစဉ်အလာများကို ခိုင်ခိုင်မာမာထားရှိကြသည်။ “လက်စားလျှို၊ လက်စားဆပ်”ဟူသော ဆိုရိုးစကားဖြင့် မိရိုးဖလာလိုက်နာခဲ့ကြသူများ...
ဆက်လက်ဖတ်ရှု့ရန်(၁) ဓနုဒေသတွင် လယ်ယာလုပ်ငန်းမှအစ အချင်းချင်းအပြန်အလှန် ကူညီဝိုင်းဝန်းတတ် သော အစဉ်အလာများကို ခိုင်ခိုင်မာမာထားရှိကြသည်။ “လက်စားလျှို၊ လက်စားဆပ်”ဟူသော ဆိုရိုးစကားဖြင့် မိရိုးဖလာလိုက်နာခဲ့ကြသူများဖြစ်ကြသည်။ ထို့ကြောင့် ရိုးရာဓလေ့အတိုင်း မိမိကို တပါးသူတို့က လိုအပ်ချိန်၌ ကူညီဝိုင်းဝန်းကြည့်ရှုထားရှိပါက ထိုသူတို့လိုအပ်ချိန်၌ မိမိကတစ်ဖန် ကြည့်ရှုကူညီရမည့်အလေ့အထများ ပြုမူနိုင်ရမည်ဖြစ်ပါသည်။
(၂) ဓနုဒေသတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတို့၌ စီးပွားဖက်စပ်တူ လုပ်ကိုင်ကြရသည် များ ရှိတတ်ပါသည်။ ထိုသို့ လုပ်ကိုင်ကြရာတွင် တစ်ဦးကနွား(ထွန်ယက်ရန်)နှင့် မျိုးစေ့ကို စိုက် ထုတ်ရပြီး ကျန်တစ်ဦးက လုပ်အားကို စိုက်ထုတ်ရသည့် ထုံးစံရှိပါသည်။ ရရှိလာသော သီးနှံများကို မူ မျှတတူညီစွာ ခွဲဝေယူကြသော ထုံးတမ်းစဉ်လာများကို နားလည်လက်ခံထားရမည်ဖြစ်ပါသည်။
(၃) ဓနုဒေသတွင် သားဖြစ်သူ ကိုရင်ဝတ်သွားလျှင်ဖြစ်စေ၊ ပဥ္စင်းဝတ်သွားလျှင်ဖြစ်စေ ထို သားဖြစ်သူ၏မိခင်ဖခင်တို့ကို ဂုဏ်ထူးဝိသေသများဖြင့် လေးစားစွာခေါ်ဝေါ်ကြမှုများရှိပါသည်။ ပမာအားဖြင့် ကိုရင်ဝတ်သားယောကျ်ားလေး၏ မိခင်ကို “ရှင်မွေ့”ဟူ၍လည်းကောင်း၊ ဖခင်ကို “ရှင်ဖ”ဟူ၍လည်းကောင်း၊ ပဥ္စင်းဝတ်သားယောကျ်ားလေး၏မိခင်ကို “ပဥ္စင်းမွေ့”ဟူ၍ လည်း ကောင်း၊ ဖခင်ကို “ပဥ္စင်းဖ”ဟူ၍လည်းကောင်း မိဘတို့၏ အမည်များနှင့်တွဲဖက်၍ ခေါ်ဝေါ်ပေးကြ ခြင်းကို ဂုဏ်ယူလေ့ရှိတတ်ကြသည်။
(၄) ဓနုလူမျိုးတို့၏တိုင်းရင်းဆေးဝါးများသည် “မီးပေါင်းတစ်ထောင်၊ မြေပေါင်းတစ်ထောင်၊ ပန်းပေါင်းတစ်ထောင်၊ အသီးပေါင်းတစ်ထောင်ဟူ၍ တင်စားကာ ဖော်စပ်ထားသော ဆေးဝါးများ ဖြစ်ကြသည်။ လက်တွေ့အားဖြင့် ဓနုဒေသတလွှားတွင် ကြီးမားသောအနာရောဂါ၊ ကပ်ဘေး စသည် တို့ဖြစ်ပွားမှုနည်းပါးကြခြင်းသည် ဒေသရိုးရာဆေးဝါးများ၏ အစွမ်းထက်မှုများကြောင့် ဖြစ်သည်။ ထို့ကြောင့်ဓနုရေမြေဒေသသို့ရောက်ရှိ၍ နေမကောင်းဖျားနာကြသည့်အခါ ဓနုတိုင်းရင်း ဆေးများကို ယုံကြည်စွာမှီဝဲသုံးဆောင်ကြရန် အထူးလိုအပ်လှပါသည်။
(၅) ဓနုဒေသတွင် ဥပစ္ဆေဒကံဖြင့်သေဆုံးသူ၊ ပစ္စည်းဥစ္စာသံယောဇဉ်တို့ဖြင့်စွဲလမ်း၍ သေဆုံးကြသူတို့မှာ မကျွတ်မလွတ်ဘဝများသို့ ရောက်နိုင်ကြသည်ဟုယူဆကြသည်။ ထိုသို့ဖြစ်သူ တို့အတွက် ရပ်တည်ရာဘုံတို့မရှိ၊ မှီတွယ်နားခိုရာနေရာတို့မရှိဖြစ်တတ်သည်ဟုယုံကြည်ကြသည်။ ထို့ကြောင့်အရာရာ၌ နှမျောတွန့်တိုမှု၊ တပ်မက်တွယ်တာခြင်းလွန်ကဲမှုတို့ထက် ရတနာသုံးပါးကို သာအမြဲတရားနှလုံးသွင်းရပ်တည်ဆင်ခြင်ရန် နှိုးဆော်သတိပေးလေ့ရှိကြသည်။
(၆) ဓနုဒေသတွင် ရာဇဝတ်မှုကြီးတို့မှတပါး အခြားအမှုအခင်းတို့ပေါ်ပေါက်လာပါက ရွာသူ ကြီးနှင့်ရပ်မိရပ်ဖလူကြီးသူမတို့ဖြင့် ဖြေရှင်းကြေအေးသွားကြလေ့ရှိသည်။ ဒေသရပ်ရွာတို့အလိုက် ထိုပုဂ္ဂိုလ်များ၏ ဆုံးဖြတ်မှုများကိုလည်း လေးစားစွာလိုက်နာလေ့ရှိကြမြဲဖြစ်သည်။ ဓနုလူမျိုးတို့၌ အငြင်းအခုံအရှုတ်အထွေးများနှင့် လူမှုရေးးပြစ်ချက်များကြောင့် တရားရုံးတို့အထိ ရောက်ရသည် များဖြစ်ခဲလှပါသည်။ အာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့အစည်းတို့ဖြင့် အဓိကအုပ်ချုပ်သည်မှန်သော် လည်းရပ်မိရပ်ဖများ၏ သဘောထားဆန္ဒများဖြင့် ကြီးသည့်အမှုငယ်စေ၊ ငယ်သည့်အမှုပပျောက်စေ သောအလေ့အထများ ကျင့်သုံးကြဆဲဖြစ်သည်ကို လက်ခံရပါမည်။
(၇) ဓနုဒေသတွင် ရံဖန်ရံခါရှေးဟောင်းယဉ်ကျေးမှုပစ္စည်းဆိုင်ရာများ တွေ့ရှိနိုင်ကြပါသည်။ ဓနုလူမျိုးတို့၏ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်လက်အောက်၌ “ဓနုဒေသရှေးဟောင်ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့”ကို ဖွဲ့စည်းထားသည်ဖြစ်၍ ထိုရှေးဟောင်းပစ္စည်းဆိုင်ရာများကို တွေ့ရှိခဲ့ပါက သက်ဆိုင်ရာဒေသခံအဖွဲ့အစည်းများသို့ အကြောင်းကြားခြင်းခြင့် ကူညီပေးရန်ဖြစ်ပြီး လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာရန် အထူးအရေးကြီးလှပါသည်။
(၈) ဓနုတိုင်းရင်းသားများသည် ဘာသာသာသနာကို အလွန်အလေးကရုပြုသောလူမျိုးများ ဖြစ်ပါသည်။ ကိုးကွယ်မှုတွင် ထေရဝါဗုဒ္ဓဘာသာတစ်မျိုးတည်းကိုသာ စူးနစ်ယုံကြည်ကြပြီး အခြား ဘာသာဝင်များမရှိကြသော လူမျိုးလည်းဖြစ်သည်။ ထို့အတူ ဓနုရပ်ရွာဒေသအသီးသီးတို့၌ ဗုဒ္ဓ ဘာသာဝင်ဆရာတော်ကြီးများ၊ ရှင်ရဟန်းများ၊ ကျမ်းဂန်တတ်ရဟန်းသာမဏေများ များစွာ ထွန်းကားသောဒေသမျိုးဖြစ်ပါသည်။ ဗုဒ္ဓဘာသာတရားအထူးစည်ပင်ပျံ့နှံ့သော မြို့ပြရပ်ရွာများ ဖြစ်၍ ဓနုဒေသများသို့ရောက်ရှိကြသည့်အခါ သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းများသို့ ဦးစား ပေးသွားရောက်ကြစေလိုသော စိတ်ရင်းများလည်းရှိနေတတ်ကြောင်း သိစေလိုပါသည်။
(၁) ဓနုဒေသတွင် ဘာသာရေးပွဲလမ်းသဘင်တို့ ကျင်းပကြသည့်အခါ ဘုန်းတော်ကြီး ကျောင်းကိုသော်လည်းကောင်း၊ ဘုရားစေတိအစရှိသည်တို့ကိုသော်လည်းကောင်း၊ ဝိုင်းပတ်လှည့် လည်၍ ဂါရဝပြုကြလျှင်လက်ယာရစ်သာလှည့်ပတ်ကြသော ထ...
ဆက်လက်ဖတ်ရှု့ရန်(၁) ဓနုဒေသတွင် ဘာသာရေးပွဲလမ်းသဘင်တို့ ကျင်းပကြသည့်အခါ ဘုန်းတော်ကြီး ကျောင်းကိုသော်လည်းကောင်း၊ ဘုရားစေတိအစရှိသည်တို့ကိုသော်လည်းကောင်း၊ ဝိုင်းပတ်လှည့် လည်၍ ဂါရဝပြုကြလျှင်လက်ယာရစ်သာလှည့်ပတ်ကြသော ထုံးစံရှိကြပါသည်။ လက်ယာရစ် သည် မြင့်မြတ်သောဘုရားလှည့်လည်ခြင်းဖြစ်ကာ လက်ဝဲလှည့်ခြင်းသည် မင်္ဂလာမရှိသော လှည့်ခြင်းမျိုး ဖြစ်သည်ဟုယူဆကြသည်။ ထို့ကြောင့် ဓနုဒေသတို့တွင် လှည့်လည်ခြင်းအမျိုးမျိုးတို့ ပြုလုပ်ကြ လျှင် လက်ဝဲရစ်လှည့်ခြင်းကို ရှောင်ကြဉ်ရပါမည်။
(၂) ဓနုဒေသတွင် နတ်အမျိုးမျိုးတို့ကို ကိုးကွယ်ဆည်းကပ်မှုမပြုကြပဲ အခါအားလျော်စွာ တင်မြှောက်ခြင်း၊ ပသခြင်း၊ ဆီမီးထွန်းပေးခြင်း၊ ပန်းတင်ပေးခြင်းတို့သာ ပြုလုပ်ကြ၍ ယစ်ပူဇော်မှု ပြုခြင်းကိစ္စရပ်များကိုမူ အလေ့အထလုံးဝမရှိကြပါပေ၊ ထို့ကြောင့် ဓနုဒေသတွင် ယစ်ပူဇော်မှု ဆိုင်ရာ ပွဲလမ်းသဘင်အနေအထားများကို ရှောင်ကြဉ်ရပါမည်။
(၃) ဓနုဒေသတွင် ရှေးအစဉ်အလာအရ ကိုးဂဏန်းကို အများအားဖြင့် ရှောင်ကြဉ်လုပ်ကိုင် ကြလေ့ရှိသည်။ ကိန်းဂဏန်းအားဖြင့်ကိုးရတ်၊ ကိုးနာရီတို့တွင် အရေးကြီးကိစ္စများ မဆောင်ရွက် ခြင်း၊ အလှူမင်္ဂလာပွဲမကျင်းပခြင်းတို့ဖြင့် ရှောင်ကွင်းကြလေ့ရှိသည်။ ခရီးလမ်းသွားရောက်ခြင်းတို့ တွင် အရေအတွက်လူဦးရေကိုးယောက်ဖြစ်နေပါက လမ်းရှိကျောက်စရစ်ခဲတစ်လုံးကို ကောက်ယူ ၍ မောင်ကျောက်ခဲအပါအဝင်ဆယ်ယောက်ဖြစ်သည်ဟု သတ်မှတ်ပြောဆိုကာ ဆောင်ရွက်သွား လာကြလေ့ရှိသည်။ ထို့ကြောင့် ဓနုဒေသ၌ ကိုးဂဏန်းအား ဂုဏ်တော်ကိုးပါးကဲ့သို့ ဦးထိပ်တင် အထွဋ်အမြတ်ထားသည့်သဘောမျိုးဖြင့် လူမှုရေးလုပ်ငန်းများတွင် ရှောင်ကြဉ်ကြလေ့ရှိ ပါသည်။
(၄) ဓနုဒေသတွင် ဥပစ္ဆေဒကံဖြင့် သေဆုံးသူများကို နေအိမ်ရပ်ရွာရှိရာသို့ သယ်ယူခြင်းမပြု ရပဲ သေဆုံးသည့်နေရာမှလုပ်တိုင်း သင်္ချိုင်းသို့ ပို့ဆောင်ကြရသည်။ သရဏဂုံမတင်ရပဲ ချက်ခြင်း မြုပ်နှံသဂြိုလ်ပေးရသည်။ ဆွမ်းမကပ်ရပဲ ဆွမ်းဆန်းစိမ်းဖြင့်သာ လှူဒါန်းမှုပြုပေးကြရသည်။ ထို့ ကြောင့် ဓနုဒေသတွင် ဥပစ္ဆေဒကံဖြင့် သေဆုံးခြင်းဖြစ်ပါက သရဏဂုံတင်ခြင်း၊ ဘုန်းတော်ကြီးအား ဆွမ်းကပ်အလှူပြုပေးခြင်းများကို ရှောင်ကြဉ်ရလေ့ရှိပါသည်။
(၅) ဓနုဒေသတွင် ကျေးလက်ရိုးရာတေးသံများ၊ ရိုးရာကဗျာများသည် ဓနုအသံထွက်များ ဖြင့် သီဆိုမှသာ ရိုးရာယဉ်ကျေးမှုပေါ်လွင်၍ခံစားမှုရသမြောက်ခြင်းများလည်း ရှိသည်ဟုယူဆကြ သည်။ ထို့ကြောင့် ဓနုကျေးလက်တေးသံများ၊ ရိုးရာကဗျာများကို စာသားပြုပြင်သီဆိုခြင်းမျိုး၊ အသံ ထွက်ပြင်ဆင်ကူးယူခြင်းမျိုး၊ ပျက်ရယ်ပြု ရွတ်ဖတ်ခြင်းမျိုးများကို မပြုမူပဲ ရှောင်ကြဉ်ရပါမည်။
(၆) ဓနုဒေသတွင် ရံဖန်ရံခါရှေးဟောင်းယဉ်ကျေးမှုပစ္စည်းဆိုင်ရာများကို အမှတ်မထင်တွေ့ ရှိခဲ့ပါက ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်လက်အောက်ရှိ “ဓနုဒေသရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့”သို့ ဆောလျင်စွာ အကြောင်းကြားပေးရမည်ဖြစ်သည်။ ထိုပစ္စည်းများသည် ဓနု လူမျိုးတို့၏ သမိုင်းဝင်အမွေအနှစ်များဖြစ်၍ တူးဖော်ခြင်း၊ ရှာဖွေရယူခြင်း၊ ရောင်းဝယ်ဖောက်ကား ခြင်း၊ လက်ဝယ်စုဆောင်းထိန်းသိမ်းခြင်း၊ အခြားတစ်ပါးအရပ်ဒေသသို့ သယ်ဆောင်ခြင်းများကို မပြုလုပ်ရန် သတိပြုဆင်ခြင်ရပါမည်။ လိုအပ်ပါက အုပ်ချုပ်ရေးပိုင်းရာတို့နှင့်အရေးယူနိုင်ခြင်းများ ရှိလာနိုင်သဖြင့် ထိုကိစ္စရပ်များကို ရှောင်ကြဉ်ကြရမည် ဖြစ်ပါသည်။
ပဲခူးတိုင်းဒေသကြီးရှိ ပအိုဝ်းတိုင်းရင်းသားဆင်းသက်လာပုံ
ပအိုဝ်း(တောင်သူ)တို့၏ မူလဇာတိသည် မြန်မာနိုင်ငံတောင်ပိုင်း သထုံခရိုင်ဖြစ်သည်။ ပအိုဝ်းတို့၏ ဒဏ္ဍာရီပုံပြင်အရဆိုသော် ပအိုဝ်းလူမျိုးများသည် နဂါးနှင့်ဝိဇ္ဇာမျိုးမှ ဆင်းသက်ခဲ့သည် ဟုဆိုသည်။
မြတ်စွာဘုရားမပွင့်မီက ယခုသထုံ မြသပိတ်တောင်ခြေတွင် ရဟန္တာတို့ သီတင်းသုံးလျက် ရှိကြသည်။ ထိုဒေသအနီးတွင် ရေအိုင်ရှိရာ နဂါးတို့ စံပျော်ကြသည်။ တစ်နေ့တွင် နဂါးမင်း၏ သမီးတော်က တောင်ခြေရှိ ရဟန္တာတို့ကို ဖူးမြော်လိုပါသည်။ လူ့ပြည်သို့ သွားခွင့်ပြုပါရန် ခမည်းတော်နဂါးမင်းထံ ပန်ကြားလေသည်။ အစတွင် ခွင့်မပြုသော်လည်း အတန်တန်ပူဆာသဖြင့် ခွင့်ပြုလိုက်လေသည်။
နဂါးမင်းသမီးသည် လူယောင်ဆောင်၍ ရဟန္တာတို့အား ဖူးမျှော်ပြီး နဂါးပြည်ကို ပြန်မည့်ဆဲဆဲ ဝိဇ္ဇာပျိုတစ်ဦးနှင့် တွေ့မိ၍ ဝိဇ္ဇာပျိုနှင့် ချစ်ကြိုးသွယ်ရာ ဥကြီး(၂)လုံးကိုရခဲ့သည်။ ထိုဥကြီး(၂)လုံးကို ရသေ့တစ်ပါးထံ အပ်နှံပြီး နဂါးမင်းသမီးသည် နဂါးပြည်သို့ ပြန်လေသည်။
ရသေ့ကြီး ကြည့်ရှူစောင့်ရှောက်ထားသော ဥကြီး(၂)လုံးမှ လူသားယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ဖွားမြင်လာကြသည်။ ရသေ့ကြီးက ကျွေးမွေးပြုစုခဲ့ရာ ကြီးပြင်းလာသောအခါ သုဝဏ္ဏဘူမ္မိတွင် အုပ်စိုးသော မင်းဆက်ဖြစ်လာလေသည်။ ယင်းမင်းဆက် တို့မှ ပအိုဝ်းလူးမျိုးများ ဖြစ်ပေါ်လာခဲ့သည်။
ထိုမှတစ်ဖန် အထက်ဖော်ပြပါ ရာဇဝင်ကြောင့် ပအိုဝ်းတို့ ရှမ်းပြည်ရောက်သွားကြသည် ဟုဆိုသည်။ ပအိုဝ်းတို့သည် သထုံခရိုင်ကို “သထိုကြီး” ဟု ခေါ်ပြီး ရှမ်းပြည်တောင်ပိုင်းရှိ “ဆီဆိုင်” ကို “သထုံလေး” ဟုခေါ်ကြသည်။ ယင်းနေရာ(၂)ခုတို့တွင် ပအိုဝ်းများစွာ နေထိုင်လျက်ရှိကြသည်။
(ခ) နေထိုင်ရာဒေသ
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် မူရင်းဇာတိဖြစ်သည့် မွန်ပြည်နယ်၊ သထုံခရိုင်ရှိ ဒေသများတွင် အများဆုံးနေထိုင်ကြသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီးရှိ ထန်းတပင်မြို့နယ်၊ ရေတာရှည်မြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ပဲခူးမြို့နယ်၊ ကဝမြို့နယ်များတွင်လည်း ပအိုဝ်းတိုင်ရင်းသားများ ပျံ့နှံ့စွာနေထိုင်ကြသည်။ ထို့ပြင် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လုံဒေသ၊ ကလောမြို့နယ်များတွင် အများဆုံးနေထိုင်ကြသည်။ ကယားပြည်နယ်တွင်လည်း ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ကြ သည်ကို တွေ့ရပါသည်။ ကရင်ပြည်နယ်တွင်လည်း နေရာအနှံ့အပြားနေထိုင်ကြပါသည်။
(ဂ) သွင်ပြင်လက္ခဏာ
ပအိုဝ်းတိုင်းရင်းသားများသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများကို အဓိက အသက်မွေးဝမ်းကျောင်းပြုကြသည့် လူမျိုးများဖြစ်ကြသည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် အခြားတိုင်းရင်းသားများကဲ့သို့ပင် အသားအရေ၊ အရပ်၊ အနိမ့်အမြင့်တို့မှာ တူညီမှုရှိကြပါသည်။ ပအိုဝ်းတိုင်းရင်းသားများ၏ အသားအရည်သည် ဖြူပြီး နီစပ်စပ်မျက်နှာရှိသည်။ ယောက်ျားများမှာ အသားဖြူပြီး မှေးရိုးကားသည့် သွင်ပြင်လက္ခဏာများတွေ့ရသည်။
(ဃ) ရိုးရာဓလေ့ထုံးစံများ
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ ဘာသာရေး ကိုင်းရှိုင်းမှုမှာ အဓိကဓလေ့ထုံးစံတစ်ခုဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ ပအိုဝ်းတိုင်းရင်းသားများ၏ အဓိကပွဲတော် ဓလေ့ထုံးစံမှာ “မိုးခေါ်ပွဲ” ခေါ် မီးရှူးပွဲပင်ဖြစ်သည်။ မီးရှူးပွဲကို ဇရက်ကြီးဒေသနှင့် ရှမ်းပြည်တောင်ပိုင်း ဒေသများတွင် နှစ်စဉ်ကျင်းပလေ့ရှိကြသည်။ ပအိုဝ်းလူမျိုးများ၏ အဓိက ဓလေ့ထုံးစံ ပွဲတော်တစ်ခုမှာ “တန်ဆောင်တိုင်ပွဲတော်” ဖြစ်သည်။ “တန်ဆောင်တိုင်ပွဲတော်”ကို ဇရပ်ကြီးမြို့နှင့် နတ်ရွာကျေးရွာတွင် နှစ်စဉ် တန်ဆောင်မုန်းလရောက်တိုင်း ကျင်းပလေ့ရှိသည်။ တောင်ကြီးမြို့တွင်လည်း တန်ဆောင်တိုင်များ၊ ပဒေသာပင်များ မ ချီကာ တန်ဆောင်တိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ သထုံခရိုင်ရှိ သထုံမြို့တွင် တည်ရှိသော ရွှေစာရံ ဘုရား၌လည်း နှစ်စဉ် တန်ဆောင်တိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ထို့ပြင် ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာဒေသအသီးသီးတွင်လည်း မြန်မာတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ပွဲတော်များကို လအလိုက်သော်လည်းကောင်း၊ ဒေသအလိုက်သော် လည်းကောင်း ပအိုဝ်းတိုင်းရင်းသားဝတ်စုံများ တူညီဝတ်ဆင်၍ ပွဲတော်များကို ပါဝင်ဆင်နွှဲ ကျင်းပလေ့ရှိပါသည်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် အဓိကအားဖြင့် ပအိုဝ်းဘာသာစကားခေါ် ကွန်လုံဘာသာစကားဖြင့် ပြောဆိုကြသည်။ ပအိုဝ်းလူမျိုးများတွင် (ခြုဲင်း၊ တောက်၊ တယန်၊ တောင်ရိုး၊ ကွန်လုံ) ဟူ၍ လူမျိုးနှင့် ဘာသာစကားရှိကြသော်လည်း အများစုနားလည်ကြသော ကွန်လုံစကားကိုသာ သုံးနှုန်းပြောဆိုကြသည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် အခြား တိုင်းရင်းသားလူမျိုးများကဲ့သို့ပင် ပအိုဝ်းတိုင်းရင်းသားစာပေကိုသာ သင်ယူမှတ်သားလေ့ရှိသည်။ မိမိတို့၏ အမျိုးသားစာပေ မပျောက်စေရေးအတွက် ပအိုဝ်းတိုင်းရင်းသားစာပေများကို အခြေခံကျောင်းများတွင်လည်းကောင်း၊ နွေရာသီပအိုဝ်းစာပေသင်တန်းများ ပြုလုပ်၍ ပအိုဝ်းစာပေ မပပျောက်အောင် ကျောင်းသားလူငယ်များတို့မှ သင်ယူလျက်ရှိကြပါသည်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် တောင်ပေါ်၊ မြေပြန့် ပျံ့နှံ့စွာ နေထိုင်ကြ သော်လည်း ဝတ်စားဆင်ယင်မှုမှာ အမဲရောင်(နက်ပြာရောင်) ကိုသာ ဝတ်ဆင်ကြသည်။ ပအိုဝ်းအမျိုးသားများသည် ခေါင်းပေါင်း၊ တိုက်ပုံ(နက်ပြာရောင်)၊ ဘောင်းဘီ(နက်ပြာရောင်)၊ အင်္ကျီ(အဖြူရောင်) တို့သာလျှင် ရိုးရာဝတ်စုံအဖြစ် ဝတ်ဆင်ကြသည်။ ပအိုဝ်းတိုင်းရင်းသား အမျိုးသမီးများမှာမူ ဆံထိုး(၂) ခု၊ ခေါင်းပေါင်း၊ သင်တိုင်းအတွင်းဝတ်အင်္ကျီ(နက်ပြာရောင်)၊ အပြင်ဝတ်အင်္ကျီလက်ရှည်(နက်ပြာရောင်)၊ ထမိန်(နက်ပြာရောင်)နှင့် ခြေကျင်းဝတ်(နက်ပြာရောင်) များဖြင့် ဝတ်ဆင်ကြသည်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် သမိုင်းအစဉ်အဆက်အရ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာတွင် ထေရဝါဒဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ယုံကြည် ကြသည်။ နတ်များကိုးကွယ်ယုံကြည်ခြင်း မရှိကြပါ။
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် သမိုင်းအစဉ်အဆက်အရ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာတွင် ထေရဝါဒဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ယုံကြည် ကြသည်။ နတ်များကိုးကွယ်ယုံကြည်ခြင်း မရှိကြပါ။
သာသနာသက္ကရာဇ်(၂)ခုနှစ် တပေါင်းလပြည့်နေ့တွင် မွေးဖွားခဲ့သော သူရိယစန္တာ ဘုရင်လက်ထက်မှစ၍ မင်းဆက်ပေါင်း (၁၅၇) ဆက်အထိ သုဝဏ္ဏဘူမိ သထုံပြည်တွင် ပအိုဝ်းမင်းဆက်များဖြင့် အုပ်ချုပ်ခဲ့သည်။ နောက်ဆုံးမင်းဆက်သည် မွန်မင်းသမီးနှင့် လက်ထပ်ခဲ့ပြီးနောက် မွေးဖွားလာသည့် ဘုရင်မှာ မနူဟာ ဘု...
ဆက်လက်ဖတ်ရှု့ရန်သာသနာသက္ကရာဇ်(၂)ခုနှစ် တပေါင်းလပြည့်နေ့တွင် မွေးဖွားခဲ့သော သူရိယစန္တာ ဘုရင်လက်ထက်မှစ၍ မင်းဆက်ပေါင်း (၁၅၇) ဆက်အထိ သုဝဏ္ဏဘူမိ သထုံပြည်တွင် ပအိုဝ်းမင်းဆက်များဖြင့် အုပ်ချုပ်ခဲ့သည်။ နောက်ဆုံးမင်းဆက်သည် မွန်မင်းသမီးနှင့် လက်ထပ်ခဲ့ပြီးနောက် မွေးဖွားလာသည့် ဘုရင်မှာ မနူဟာ ဘုရင်ဖြစ်သည်။ ထို့ကြောင့် မနူဟာဘုရင်၏ ဖခင်မှာ ပအိုဝ်းလူမျိုးဖြစ်ပြီး မိခင်မှာ မွန်လူမျိုးဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းလူမျိုးများသည် ယခင်ကတည်းက ဘုရင်မင်းဆက် အမျိုးအနွယ်ဖြင့် အုပ်ချုပ်မှုကို ခံယူကာ နေထိုင်ခဲ့ကြပါသည်။
ယဉ်ကျေးမှုဟုဆိုရာတွင် ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးစံ ကိုးကွယ် ယုံကြည်မှု၊ စာပေ။ အယူအဆ၊ အတွေးအခေါ်နှင့် အယူဝါဒများပါဝင်သည်။ ပအိုဝ်းတိုင်းရင်းသား လူမျိုးများသည် ဗုဒ္ဓဘာသာကိုလွန်စွာ ရိုသေကိုင်းရှိုင်းကြသည်။ ရဟန်း၊ သံဃာများနှင့် ဆရာသမား များကိုလည်း အမြဲရိုသေကိုင်း...
ဆက်လက်ဖတ်ရှု့ရန်ယဉ်ကျေးမှုဟုဆိုရာတွင် ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးစံ ကိုးကွယ် ယုံကြည်မှု၊ စာပေ။ အယူအဆ၊ အတွေးအခေါ်နှင့် အယူဝါဒများပါဝင်သည်။ ပအိုဝ်းတိုင်းရင်းသား လူမျိုးများသည် ဗုဒ္ဓဘာသာကိုလွန်စွာ ရိုသေကိုင်းရှိုင်းကြသည်။ ရဟန်း၊ သံဃာများနှင့် ဆရာသမား များကိုလည်း အမြဲရိုသေကိုင်းရှိုင်းကြသည်။ အလှူအတန်းများလည်း အလွန်ဝါသနာပါကြသည်။ ပျော်ပွဲရွှင်ပွဲများကိုလည်း အလွန်နှစ်သက်ကြသည်။ မိမိတို့၏ ဘာသာစကားနှင့် စာပေများကိုလည်း လေးစားသင်ယူကြသည်။ မိမိ၏ ရိုးရာဝတ်စုံများကိုလည်း ခင်မင်နှစ်သက်ကြသည်။ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဘုန်းကြီးကျောင်းသွားခြင်း၊ ဥပုသ်ထွက်ဆွမ်းကျွေးခြင်း၊ ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်း ကပ်ခြင်းများကိုလည်း ခုံမင်နှစ်သက်ကြသည်။ ဤသည်မှာ ပအိုဝ်းလူမျိုးများ၏ ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ထည့်သွင်းဖော်ပြနိုင်ပါသည်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် ဗုဒ္ဓ၏အဆုံးအမ များကိုသာ လက်ခံကျင့်သုံး ကြသည်။ ဆရာတော်၊ သံဃာတော်များ၏ ဆုံးမဩဝါဒ တရားတော်များကို ခံယူလေ့ရှိကြသည်။ အမှန်တရားကို လက်ခံယူလေ့ရှိကြပြီး ဗုဒ္ဓဘုရား၏ လမ်းစဉ်အတိုင်းသာ ခံယူကြသည်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် ဗုဒ္ဓ၏အဆုံးအမ များကိုသာ လက်ခံကျင့်သုံး ကြသည်။ ဆရာတော်၊ သံဃာတော်များ၏ ဆုံးမဩဝါဒ တရားတော်များကို ခံယူလေ့ရှိကြသည်။ အမှန်တရားကို လက်ခံယူလေ့ရှိကြပြီး ဗုဒ္ဓဘုရား၏ လမ်းစဉ်အတိုင်းသာ ခံယူကြသည်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် ရိုးသားပွင့်လင်းကြသည်။ ကိုယ်ချင်းစာတရား ရှိကြသဖြင့် မကောင်းမှုအရာများ ဥပဒေနှင့် မလွတ်ကင်းသော အရာများကို ရှောင်ရှားကြသည်။ ထို့ပြင် သံသရာဝဋ်ကြွေးအဖြစ် ကျရောက်နိုင်သည့် မကောင်းမှုအရာများက ပအိုဝ်းတိုင်းရင်းသား လူမျိုးတိုင်း ရှောင်ကြဉ်ကြ...
ဆက်လက်ဖတ်ရှု့ရန်ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် ရိုးသားပွင့်လင်းကြသည်။ ကိုယ်ချင်းစာတရား ရှိကြသဖြင့် မကောင်းမှုအရာများ ဥပဒေနှင့် မလွတ်ကင်းသော အရာများကို ရှောင်ရှားကြသည်။ ထို့ပြင် သံသရာဝဋ်ကြွေးအဖြစ် ကျရောက်နိုင်သည့် မကောင်းမှုအရာများက ပအိုဝ်းတိုင်းရင်းသား လူမျိုးတိုင်း ရှောင်ကြဉ်ကြသည်။ ကြောက်ရွံ့ကြသည်။ အပါယ်ဘုံကို မရောက်ရှိရေးအတွက် မကောင်းမှုမှန်သမျှကို ပအိုဝ်းတိုင်းရင်းသားအားလုံး ရှောင်ရှားကြသည်မှာ ပအိုဝ်းတိုင်းရင်းသား များ၏ ဓလေ့တစ်ခုဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ သမိုင်းအစဉ်အလာကို ဆက်လက် ထိန်းသိမ်းကြပြီး မိမိတို့၏ နေထိုင်ရာဒေသ၊ ဓလေ့ထုံးစံ၊ ဘာသာစကားနှင့်စာပေ၊ ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှုများကို အစဉ်တစိုက် စိတ်ဝင်စားပြီး မပျောက်ပျက်အောင် အစဉ်ထိန်းသိမ်းလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ရှမ်းတိုင်းရင်းသားလူမျိုးတို့၏ နေထိုင်ရာဒေသအချက်အလက်များ
တိုင်းရင်းသားလူမျိုးနှင့် လူမျိုးစုများ၏ ဆင်းသက်လာပုံ
ရှေးနှစ်ပေါင်းထောင်ချီက ရှမ်းလူမျိုးများ၏ မူလနန်စော(မှိုင်းမောလုံ)အင်ပါယာ တန်ခိုး ကြီးလာစဉ်ကတည်းက တရုတ်ပြည် ယူနန်ပြည်နယ်မှတစ်ဆင့် တရုတ်ပြည်အရှေ့တောင်၊ တောင်ဘက်ပိုင်းနှင့် အနောက်ပိုင်းဒေသများသို့လည်းကောင်း ရေကြည်ရာမြက်နုရာ ရှာဖွေရင်း အရှေ့တောင်အာရှ ကမ္ဘောဒီးယား၊ ဗီယက်နမ်သို့ လည်းကောင်း၊ထိုင်းနှင့်လာအိုကဲ့သို့ရှမ်းမျိုးနွယ်များ၏တိုင်းနိုင်ငံအဖြစ်လည်းကောင်းတခမ်းတနားတည်ထောင်ခဲ့သည်။အချို့သောမျိုးနွယ်များကအနောက်ဖက် မြန်မာ ပြည်သာမက အိနိ္ဒယနိုင်ငံအရှေ့ဘက် အာသံပြည်နယ်၊ အာရူနာချာပြည်နယ် အထိ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။
နေထိုင်ရာဒေသများ
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင် အဓိကနေထိုင်ကြ ပါသည်။ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် ၊ရန်ကုန်တိုင်း၊ မွန်၊ တနင်္သာရီ ဒေသတို့တွင် အခြားတိုင်းရင်းသားများနှင့် အေးအတူပူအမျှ ယှဉ်တွဲနေထိုင်ခဲ့ကြပါသည်။
သွင်ပြင်လက္ခဏာများ
ရှေးဦးမွန်ဂိုလွိုက်များဖြစ်သည့်အလျေှာက် အသားဖြူဖြူ၊ မျက်လုံးမှေးမှေး မနိမ့်မမြင့်သော အရပ်ရှိကြပါသည်။
ရိုးရာဓလေ့ထုံးစံများ
ကမ္ဘာဦးကတည်းက ဗုဒ္ဓဘာသာကိုကိုးကွယ်သူများဖြစ်သည်နှင့်အညီ ဗုဒ္ဓ၏အဆုံးအမ လောင်းရိပ်အောက်မှ ယဉ်ကျေးသိမ်မွေ့သော ရိုးရာဓလေ့များနှင့် ထုံမွမ်းလျှက်ရှိပါသည်။
ဒေသအနှံ့ ပျံ့နှံ့နေထိုင်ကြသော်လည်း ဘာသာစကားများအနည်းငယ် လေယူလေသိမ်း ရှေ့/နောက် ကွဲပြားမှုရှိသော်လည်း အခေါ်အဝေါမှာ အတူတူပင်၊ စာပေချစ်မြတ်နိုးသူများဖြစ်သည့်အလျှောက် ဒေသအလိုက် စာပေရေးဟန် ကွဲပြားမှုရှိပါသည်။
ရှေးကတည်းက အမျိုးသားများက တိုက်ပုံအင်္ကျီ ဘောင်းဘီရှည်ကိုလည်းကောင်း၊ အမျိုးသမီးများက ရင်ဖုံးအင်္ကျီ၊ လုံခြည်များကို တရှိုက်မက်မက် ဝတ်စားဆင်ယင်ခဲ့သည်မှာ ယနေ့တိုင်အောင် အမြတ်တနိုး ဝတ်စားဆဲဖြစ်ပါသည်။ ယနေ့ခေတ်ပေါ် အမျိုးသား၊ အမျိုးသမီး ဝတ်စားဆင်ယင်ထုံးဖွဲ့မှုကို ပူးတွဲပါ ဓါတ်ပုံနှင့် တင်ပြအပ်ပါသည်။
ရှေးဦးကမ္ဘာကတည်းက အခြားသူများနှင့်အတူ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ လယ်နတ်၊ အိမ်စောင့်နတ် စသည်ဖြင့် ကိုးကွယ်မှုနှင့်အတူ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါသည်။
ရှေးဦးကမ္ဘာကတည်းက အခြားသူများနှင့်အတူ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ လယ်နတ်၊ အိမ်စောင့်နတ် စသည်ဖြင့် ကိုးကွယ်မှုနှင့်အတူ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါသည်။
ရှည်လျားသောသမိုင်းနှင့်အတူ အုပ်ချုပ်မှုပညာကျွမ်းကျင်သည့် လူမျိုးစုဖြစ်ပါသည်။စော်ဘွား၊ ထမုံ၊ ဟိန်များ စသည်ဖြင့် ဆင့်ကဲဆင့်ကဲ ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်ခဲ့ကြပါသည်။
ရှည်လျားသောသမိုင်းနှင့်အတူ အုပ်ချုပ်မှုပညာကျွမ်းကျင်သည့် လူမျိုးစုဖြစ်ပါသည်။စော်ဘွား၊ ထမုံ၊ ဟိန်များ စသည်ဖြင့် ဆင့်ကဲဆင့်ကဲ ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်ခဲ့ကြပါသည်။
ရှည်လျားသောသမိုင်း၊ ခိုင်မာသောယဉ်ကျေးမှုများနှင့်အတူ အခြားလူမျိုးကြီးများကြား တင့်တောင့်တင့်တယ် နေထိုင်ခဲ့ရသည်မှာ မြင့်မားသောယဉ်ကျေးမှုများရှိနေ၍ ဖြစ်ပါသည်။
ရှည်လျားသောသမိုင်း၊ ခိုင်မာသောယဉ်ကျေးမှုများနှင့်အတူ အခြားလူမျိုးကြီးများကြား တင့်တောင့်တင့်တယ် နေထိုင်ခဲ့ရသည်မှာ မြင့်မားသောယဉ်ကျေးမှုများရှိနေ၍ ဖြစ်ပါသည်။
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များဖြစ်သည်နှင့်အညီ ဗုဒ္ဓတရားရိပ် အဆုံးအမအောက်၌ ဖြတ်သန်း ခဲ့သူများဖြစ်ပါသည်။
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များဖြစ်သည်နှင့်အညီ ဗုဒ္ဓတရားရိပ် အဆုံးအမအောက်၌ ဖြတ်သန်း ခဲ့သူများဖြစ်ပါသည်။
ဗုဒ္ဓဘာသာကိုင်းရှိုင်းသူများဖြစ်ပါသဖြင့် ဗုဒ္ဓ၏ အဆုံးအမနှင့် သွေးဖယ်သည်များကို ရှောင်ရှားရပါမည်။
ဗုဒ္ဓဘာသာကိုင်းရှိုင်းသူများဖြစ်ပါသဖြင့် ဗုဒ္ဓ၏ အဆုံးအမနှင့် သွေးဖယ်သည်များကို ရှောင်ရှားရပါမည်။