ရှမ်း ရိုးရာအစားအစာများ

ရှမ်းရိုးရာထမင်းဝါ ( အဓိကအစားအစာ )

ပါဝင်ပစ္စည်းများ

၁။ ရှမ်းဆန် (၃) ဘူး
၂။ ခရမ်းချဉ်သီးအစေ့ထုတ် (၃) လုံး

၃။ နနွင်း အနည်းငယ်

၄။ ဆား အနည်းငယ်

၅။ ဆီ (၁၀) သား

၆။ ကြက်သွန်ဖြူ (၅) မွှာ

၇။ ဂျူးမြစ် အနည်းငယ်

၈။ ငရုတ်သီးခြောက်ကြော် အနည်းငယ်


ချက်ပြုတ်နည်း

ပထမဦးစွာ ဆန်ကိုရေဆေးရပါမည်။ ထို့နောက် ရေဆေးပြီးသားဆန်၊ ခရမ်းချဉ်သီး၊ နနွင်းတို့ကို သမအောင်မွှေပြီး (၁၀)မိနစ်ခန့် နပ်ထားရပါမည်။  ပြီးလျှင် ရေထည့်၍ ထမင်း ချက်သကဲ့သို့ ချက်ရပါမည်။ ထမင်းချက်ထားစဉ် ကြက်သွန်ဖြူဆီချက်တို့ကို ပြင်ဆင်ချက် ထားပါ။ထမင်းကျက်ပါကခေတ္တအအေးခံထားကာ ယောက်မ ဖြင့်ထိုးမပေးရပါမည်။လက်ဖြင့် ကိုင်၍ ရသောအနေအထားထိ အေးလာပါက လက်အိတ်စွတ်ပြီး ကြက်သွန်ဖြူဆီချက်မှ ဆီကို စစ်ယူပြီး ဂျုံနယ်သကဲ့သို့ ထိုးချေ ပေးရပါမည်။ ရှမ်းပြည်တွင် မောင်းထဲထည့်ထောင်းပါသည်။ စီးထွေးလာပါက မိမိနှစ်သက်ရာ အရွယ်လုံးပေးပါ။ ကြက်သွန်ဖြူဆီချက်ကို လုံးထားသည့် ထမင်းပေါ်တွင် ဖြူးပေးပါ။ ထိုအခါ ဂျူးမြစ်၊ ငရုပ်သီးခြောက်ကြော်တို့ဖြင့် တွဲဖက်စားသုံးနိုင် သည့် ရှမ်းရိုးရာ ထမင်းဝါကို ရရှိမည်ဖြစ်ပါသည်။