၁။ ကကတစ်ငါး (၃၀) သား
၂။ ငရုတ်သီးစိမ်း (၅) တောင့်
၃။ မကျည်းသီးစိမ်း (၅) ကျပ်သား
၄။ နံနံပင် (၅) ပင်
၅။ ဂျင်း အနည်းငယ်
၆။ နနွင်း အနည်းငယ်
၇။ ဆား အနည်းငယ်
၈။ ပုဇွန်ခြောက်မှုန့် အနည်းငယ်
၉။ ငပိ အနည်းငယ်
၁၀။ ဆီ အနည်းငယ်
၁၁။ ကြက်သွန်နီ အနည်းငယ်
ပထမဦးစွာ မကျည်းသီးစိမ်းကိုပြုတ်ရပါမည်။ ပြုတ်ထားစဉ် ငရုတ်သီးစိမ်း၊ဂျင်းနှင့် ကြက်သွန်နီထောင်းထားပါ။ ထောင်းထားသည့် ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ဂျင်း၊ ငါးပိတို့ကို ရော၍ ဆီသတ်ရပါမည်။ ထို့နောက် ကကတစ်ငါးကို နနွင်းအနည်းငယ်၊ ဆား၊ အနည်းငယ် ဖြင့် နယ်ပြီးနှပ် ထားရပါမည်။ နှပ်ပြီးသားငါးကို ဆီချက်ထဲသို့ ထည့်၍ မကျည်းသီးစိမ်းပြုတ် ထားသည့် အရည်ကို အနည်းငယ်ထည့်ရပါမည်။ ရေကိုလို သလောက်ထည့်ပြီး အပေါ့အငံကို လည်း လိုသလောက်ထည့်ရပါမည်။ ပွက်ပွက်ဆူပြီး ဟင်းအိုးကျက်ပြီဆိုပါက အပေါ်က နံနံပင်လေးအုပ်ပေးပါ။ ထိုအခါ အနံ့အရသာနှင့်ပြည့်စုံပြီး ထမင်းမြိန်စေမည့် ကကတစ် ငါးသောက်ဆမ်းကိုရရှိမည် ဖြစ်ပါသည်။