ရှမ်း ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ဓနုအမျိုးသားနေ့ဖြစ်ပေါ်လာပုံ
Image

     လူသားတိုင်းတွင် အမှတ်တရကိုယ်စီကိုယ်စီ ရှိကြသည်။ အမှတ်တရဖြစ်ခဲ့သောနေ့ရက်ကို အမှတ်တရ အဖြစ်မမေ့နိုင်ဘဲ ဖြစ်ကြရသကဲ့သို့ အမှတ်တရ ဖြစ်အောင်ကြိုးစား ခဲ့သောနေ့ရက်နှင့် ကြိုးစားခဲ့ချိန်တွင် အားပေးခဲ့သော   မိတ်ဆွေများကို   အမှတ်ရနေတတ်ကြသည်။   လူမျိုးတိုင်းလူမျိုးတိုင်းတွင်လည်း ထိုသို့အမှတ်တရများရှိ နိုင်သလိုတိုင်းရင်းသားတိုင်းလိုအမျိုးသားနေ့ရှိကြသည်။ထိုသို့သောတိုင်းရင်းသားများထဲတွင်ဓနုတိုင်းရင်းသားလည်း အပါအဝင်ဖြစ်သည်။

ဒီဇင်ဘာလနံနက်ခင်း ဆောင်းနှင်းစက်များ ကြွေဆင်းသည့် အချိန်အခါသမယ မင်္ဂလာအပေါင်း နှင့်ခညောင်းပြည့်စုံနေမည့် ၁၃၈၁ခုနှစ် နတ်တော်လဆန်း ၈ရက် (၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်)တွင် ဓနုတိုင်းရင်းသားများနေထိုင်ရာ နောင်ချိုဒေသတွင် ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ကို ကျင်းပခဲ့ ကြသည်။

         ကျွန်ုပ်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သည်တိုင်းရင်းသားမျိုးနွယ်စုကြီးများဖြစ်သောကချင်၊ ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်းတို့၏ ပေါင်း စည်းသောအားဖြင့် တည်ထောင်ထားသော ပြည် ထောင်စုတစ်ခုဖြစ်သည်ကို မြန်မာလူမျိုးသာမက ကမ္ဘာကပါသိကြသည်။ ထိုသို့တိုင်းရင်းသားမျိုးနွယ်စု ကြီးများကိုလေ့လာကြည့်မည်ဆိုလျှင် တိုင်းရင်းသားပေါင်း ၁၃၅ မျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင် လူဉီးရေ အများဆုံးနံပါတ်(၁၀) စာရင်းဝင်ပြီး ရှမ်းပြည်နယ်တွင် လူဉီးရေအများဆုံးစာရင်းတွင် နံပါတ်(၄)နေရာ ၌ရှိသည့်“ဓနု”တိုင်းရင်းသားများကိုသိကြပါလိမ့်မည်။

“ဓနုတိုင်းရင်းသား”ဟူသည်“လေးအတတ်ကို တစ်ဖက်ကမ်းခပ်တတ်မြောက်သောလူမျိုး”ဟုသမိုင်းတွင်လေသည်။ဓနုတိုင်းရင်းသားတို့သည်တိဗက်မြန်မာအုပ်စု မှဝင်ရောက်လာသည့်လူမျိုးများဖြစ်သည်။  ဓနုလူမျိုးများသည်မြန်မာပြည်အရှေ့ခြမ်းနှင့်   ရှမ်းပြည်နယ်အနောက်ခြမ်းအကြားတွင်ရှိသော တောင်မြောက်သွယ် တန်းနေသည့် ရှမ်းမြေလတ်တစ်ကြောတွင် ရှေးယခင်ကတည်းကနေထိုင်ခဲ့ခြင်းဖြစ်သည်။ ဓနုလူမျိုးသည်စိုက်ပျိုးရေးဖြင့် အသက်မွေးသောလူမျိုးများဖြစ်သည်။

   ဓနုလူမျိုးတို့၏သမိုင်းစာမျက်နှာများကို ပြန်လှန်ကြည့်မည်ဆိုလျှင် များစွာသောအကြောင်းကိစ္စများကို ခိုင်မာသောအထောက်အထားများဖြင့် တွေ့မြင်နိုင်သော်လည်း ၂၀၁၀ ပြည့်နှစ် ဩဂုတ်လ ၂၀ ရက်နေ့ (မြန်မာသက္ကရာဇ်၁၃၇၂ခုနှစ် ဝါခေါင်လဆန်း ၁၀ရက်နေ့)တွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့်    ဖွံ့ဖြိုးရေးကောင်စီ၏ စာအ မှတ်(၃၃/၂၀၁၀)ဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်အသိအမှတ်ပြုပြီးသည့် နောက်ပိုင်းသို့ရောက် သော်ဓနုလူမျိုးတို့သည် မိမိတို့၏ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသားအရေး၌ များစွာသောလိုအပ်ချက်များရှိ နေသည်ကိုတွေ့ရသဖြင့် စည်းလုံးညီညွတ်သော လူမျိုးစု ဖြစ်လာနိုင်ရေးအတွက်၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၆နှင့်၂၇ရက် (မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် နတ်တော် လဆန်း ၈၊၉ ရက်)တို့တွင် ပင်းတယမြို့ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ဓနုအမျိုး သား ညီလာခံကို ကျင်းပနိုင်ခဲ့သည်။ဓနုတိုင်းရင်းသားတို့သည် ညီလာခံကို ကျင်းပရာတွင် (၁) ဓနုတစ်မျိုးသားလုံးလွှမ်းခြုံနိုင်သော ဉီးဆောင်အဖွဲ့၊  (၂)ဓနုအမျိုးသားနေ့၊  (၃) ဓနုအမျိုးသား အလံ၊(၄) ဓနုအမျိုးသားသီချင်းနှင့် (၅)ဓနုအမျိုးသားအမျိုးသမီးတို့၏ပွဲတက်ဝတ်စုံများ ပေါ်ပေါက်လာနိုင်စေရန်ဟူသော မူငါးချက်ဖြင့် ကျင်းပနိုင်ရန်အများသဘောတူဆုံးဖြတ်ခဲ့ကြသည်။  ထိုညီလာခံကို ကျင်းပရာတွင်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရှမ်းပြည်နယ် မြေလတ်ဒေသ တစ်ဆက်တည်းဖြစ်သောပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ ရပ်စောက်မြို့နယ်များနှင့် ရန်ကုန်၊ မန္တလေးအစရှိသောမြို့ကြီးများအပါအဝင်တောင်ကြီးမြို့နယ်၊ကျောက်မဲမြို့နယ်၊ ပြင်ဉီးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်၊သာစည်မြို့နယ်၊ပင်လောင်းမြို့နယ်အတွင်းပျံနှံ့နေထိုင်လျက်ရှိသောဓနုတိုင်းရင်းသားများအတွက်သမိုင်း စာမျက်နှာသစ်ဖွင့်လှစ်ခြင်း   ဖြစ်သည့်ပထမအကြိမ်ဓနုအမျိုးသားညီလာခံကျင်းပသည့်အခမ်းအနားသို့ဖိတ် ကြားခဲ့သည်။

ထိုသို့ ညီလာခံကျင်းပရာတွင် ပင်းတယ၊ ရွာငံ၊ ကလော၊ရပ်စောက်၊နောင်ချို စသည့်မြို့နယ်များမှတစ် မြို့နယ်တွင် ၁၂၅ဦးစီ၊ရန်ကုန်၊ကျောက်မဲ၊ နောင်ချိုမြို့ စသည့် သုံးမြို့နယ်ပေါင်း ကိုယ်စားလှယ် ၁၂၅   ဦးနှင့် ရင်းသားရေးရာအဖွဲ့ချုပ်” အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး ဆက်စပ်ဒေသများမှ ကိုယ်စားလှယ် ၅၀ စသည်ဖြင့် မဲပေးပိုင်ခွင့် ၈၀၀ ပါဝင်မဲပေးဆုံးဖြတ်ခဲ့ကြသည်။မူငါးချက်အနက် ပထမဆုံးသောဓနုတစ်မျိုး သားလုံးလွှမ်းခြုံနိုင်သော ဦးဆောင်အဖွဲ့ကို “ဓနုတိုင်း ရင်းသားရေးရာအဖွဲ့ချုပ်” အဖြစ်  သတ်မှတ်နိုင်ခဲ့ပြီးဆက်စပ်ဒေသများမှ ကိုယ်စားလှယ် ၅၀ စသည်ဖြင့် မဲပေးပိုင်ခွင့် ၈၀၀ ပါဝင်မဲပေးဆုံးဖြတ်ခဲ့ကြသည်။

မူငါးချက်အနက် (၁) ဓနုတစ်မျိုးသားလုံးလွှမ်း ခြုံနိုင်သောဦးဆောင်အဖွဲ့ကို “ဓနုတိုင်းရင်းသားရေး ရာအဖွဲ့ချုပ်”အဖြစ်သတ်မှတ်နိုင်ခဲ့ပြီး (၂) ဓနုအမျိုး သားနေ့ကိုဆန္ဒမဲ ၃၁၆ မဲဖြင့်မဲအများဆုံးရရှိခဲ့သည်။ ဓနုအများသားနေ့ကို ပင်းတယနှင့်ရွာငံမြို့နယ်မှ တင် သွင်းသည့်ပထမအကြိမ် ဓနုအမျိုးသားညီလာခံကျင်း ပသောနေ့ဖြစ်သည့် နတ်တော်လဆန်း ၈ ရက်နေ့ကို အတည်ပြုသတ်မှတ်ခဲ့ကြသည်။ (၃) ဓနုအမျိုးသားအလံကို “တည်ကြည်ခြင်း၊ ငြိမ်းချမ်းခြင်းအဓိပ္ပာယ် ကိုရည်ညွှန်းပြီး ကောင်းကင်ကိုယ်စားပြုကာ မြင့်မားစွာ ရပ်တည်နေသောသဘောကို ရည်ညွှန်းသည့်အပြာရောင်၊ သာသနာရောင်ဝါလွှမ်း ခြုံ၍ထွန်း လင်းပြန့်ပွားခြင်းကို ရည်ညွှန်းသည့် အဝါရောင်၊ တိုင်းပြည်၏ အသက်သွေးကြောဖြစ်သည့်လယ် ယာစိုက်ပျိုးရေးလုပ်ငန်းများကို     ရိုးသားကြိုးစားစွာ လုပ်ကိုင်စားသောက်ပြီး အစဉ် စိမ်းလန်းစိုပြည်လျက် ရှိသောဒေသအဖြစ် ရည်ညွှန်းသော အစိမ်းရောင်၊ အထက်ကောင်းကင်ယံတွင် မြင့်မားစွာဖြင့်ရပ်တည် ပြီး ရဲရင့်ပြတ်သားသောသဘောကို ရည်ညွှန်းသည့် ကြယ်နီ၊ ဖြူစင်သန့်ရှင်းသော ပင်ကိုစိတ်ထားများကို ရည်ညွှန်းသည့်အဖြူရောင်၊ အရပ်ရှစ်မျက်နှာသို့မိမိတို့ လူမျိုးများ၏ကောင်းသော၊ ကြီးမြတ်သော ဂုဏ်သတင်း များကိုညွှန်ပြနေသည်ဟူသော ရှစ်မြောင့်ကြယ်တို့ဖြင့် ဖော်ကျူးထားသည့် ရပ်စောက်မြို့မှ တင်သွင်းသော အလံကိုဆန္ဒမဲ ၃၀၇ မဲ”ဖြင့် အရွေးချယ်ခံရပြီး(၄)ဓနု အမျိုးသားအလံတင်သီချင်းကို“တေးရေးကမ္ဘောဇခွန်နောင်(နောင်ချို)ရေးသားပြီးတေးဆိုကဋေဇော်(ခ) ချစ်သွေးသီဆိုထားသည့်သီချင်းကဆန္ဒမဲ၂၄၆မဲရရှိကာ နောင်ချိုမြို့နယ်”မှရွေးချယ်ခံရသည်။(၅)ဓနုအမျိုးသား ပွဲတက်ဝတ်စုံကို ပင်းတယမှ တင်သွင်းသော အမျိုးသားဝတ်စုံသည် ၁၇၅ မဲ နှင့် အမျိုးသမီးဝတ်စုံကို ရပ်စောက်နှင့်ကလောမြို့များမှ တင်သွင်းသောအမျိုးသမီးဝတ်စုံအား၂၄၇မဲ”ဖြင့်ရွေးချယ်ခဲ့ကြသည်။ထိုသို့ဖြင့်ဒီမိုကရေစီနည်းလမ်းကျသည့်ဆန္ဒမဲပေးစနစ်ဖြင့် ကိုယ်စားလှယ်၈၀၀တို့မှ မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ထိုညီလာခံသည်  နေရာဒေသအသီးသီးမှ  ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် လေ့လာသူများ လူဦးရေ စုစုပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့ သည့်ဓနုအမျိုး သားတို့၏ သမိုင်းသစ်ရေးထိုးသောနေ့ ဖြစ်ခဲ့သည်။ထိုနေ့ကိုဓနုတိုင်းရင်းသားတို့၏အမျိုးသား နေ့အဖြစ် သတ်မှတ်အတည်ပြုခဲ့သည်မှာ မြန်မာတစ် နိုင်ငံလုံးကအသိဖြစ်သည်။

ဓနုလူမျိုးများ၏ ဓလေ့ထုံးတမ်းအစဉ်အလာ အရ ပွဲများကျင်းပသည့်အခါတွင်ဖြစ်စေ၊ လုပ်ငန်းများ လုပ်ကိုင်စားသောက်ရာတွင်ဖြစ်စေ  “လက်စားလျှို လက်စားဆပ်”ဟူ‌သောဓလေ့ရှိရာ ဓနုအမျိုးသားနေ့ကိုကျင်းပရာတွင်လည်း တစ်မြို့နယ်တည်း တစိုက်မတ်မတ်ဖြင့် ကျင်းပခြင်းမဟုတ်ဘဲ မြို့နယ်အလိုက် အလှည့်ကျစနစ်ဖြင့်ကျင်းပကြသည်။ ပထမဦးဆုံးအကြိမ်ကျရောက်သောဓနုအမျိုးသားနေ့ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ရွှေပွင့်လင်းဘု ရားဝင်းအတွင်းတွင်တက်ရောက် သူပေါင်းနှစ်သောင်းကျော်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး    ၁၃၈၁ခုနှစ် နတ်တော်လဆန်း(၈)ရက်တွင် ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို မြို့တွင်ကျင်းပသွားမည်ဖြစ်သည်။   ပွဲတော်ကျင်းပရာတွင် ယခင်နှစ်များတွင် ထည့်သွင်းကျင်းပခဲ့သော  ဓနုရိုးရာအကအလှပြိုင်ပွဲများ၊    ဓနုရိုးရာသံချပ်ထိုးပြိုင်ပွဲ များ၊ ဓနုရိုးရာဟင်းချက်ပြိုင်ပွဲများက ကိုအဓိကထား ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ထိုသို့ကျင်းပရာ တွင်  မိမိတို့အမျိုးသားရေးကို  ဓနုတိုင်းရင်းသားများ အားလုံးလေးလေးနက်နက် တန်ဖိုးထားတတ်လာ စေရန်၊ ဝတ်စားဆင်ယင်မှုများပိုမိုတွင်ကျယ်လာစေ ရန်၊ မိမိတို့၏ရိုးရာအကအလှနှင့်ယဉ်ကျေးမှုများကို လက်ဆင့်ကမ်းထိန်းသိမ်းတတ်လာစေရန်၊ မိမိတို့တိုင်းရင်းသားများ၏ သမိုင်းကြောင်းနှင့်မိမိတို့လူမျိုး များအတွက် ကြိုးစားခဲ့ကြသောခေါင်းဆောင်များကို အောက်မေ့သတိရစေရန်နှင့် ခေါင်းဆောင်များ၏ စိတ်ဓာတ်ကဲ့သို့ မိမိအမျိုးကို ချစ်တတ်သော ဓနုတိုင်းရင်းသားလူငယ်များပေါ်ပေါက်လာစေရန်အတွက် ဓနုအမျိုးသားနေ့အခမ်း အနားကို ကျင်းပခြင်းဖြစ်သည်။

ရိုးသားဖော်ရွေပြီး ချစ်စရာဓလေ့များနှင့် နှစ်တစ်နှစ်၏ဆောင်းငွေ့ကို စတင်ရှူရှိုက်၊ ဆောင်းရိပ်ကို ခိုလုံတော့မည့် အချိန်ရာသီအခါသမယ မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော ဓနုတိုင်းရင်းသားတို့၏နေ့ ထူးနေ့မြတ်ဖြစ်သည့် ဓနုအမျိုးသားနေ့ကို ဖူးတံငုံစ ချယ်ရီရနံ့များနှင့် အရပ်ရှစ်မျက်နှာတခွင်သို့ လွင့်ပျံ နေမည့်ဓနုတို့၏ အိုးစည်၊ဗုံ၊ မောင်း၊ လင်ကွင်း၊ ဝါး လက်ခုပ်သံများကို သာယာနာပျော်ဖွယ် တီးကာ ဖြင့်ကမ္ဘာတည်သရွေ့ မြန်မာပြည်ရှိရမည်။ မြန်မာ ပြည်ရှိသရွေ့ ဓနုတိုင်းရင်းသားများစည်းလုံးညီညွတ် သောအင်အားဖြင့် ခိုင်မာသောတိုင်းရင်းသားအုတ် မြစ်ကိုထူထောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း ရင်းမြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော ရပ်ဝေးရပ်နီးမှ မိတ်ဆွေအပေါင်းကို ချစ်စဖွယ်အလှများနှင့် သာယာလွန်းသည့် ရှမ်းမြေလတ်သို့ အလည်လှမ်းခဲ့ ဖို့ဖိတ်ခေါ်ပါသည်။ ဓနုတိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်သော    အင်အားဖြင့်   ပြည်ထောင်စုစိတ်ဓာတ်များဆက်လက်ရှင်သန်နိုင်ရေးအတွက်“ဓနုအမျိုးသားနေ့” ကိုကျင်းပကြရပါသည်။