တိုင်းလိုင်တိုင်းရင်းသားလူမျိုးများကို အချို့က ရှမ်းဗမာ၊ တိုင်းနိုင်း၊တိုင်းလျှမ်ဟူ၍ ခေါ်ဆိုကြသည်။အချို့က“တိုင်း(ရှမ်း)၊လိုင်(အနီ)”ဟူ၍အနက်အဓိပ္ပါယ်ကောက်ကာရှမ်းနီဟုခေါ်ဆိုကြသည်။ မည်သို့ပင်ခေါ်ဝေါ် ကွဲပြားစေကာမူ အားလုံးကတိုင်းလိုင်လူမျိုးသာဖြစ် ပါသည်။တိုင်းလိုင်တို င်းရင်း သား များသည် ရိုးသားပွင့် လင်းကြပြီးကိုယ်ပိုင်စာပေ၊ကိုယ်ပိုင်ယဉ်ကျေးမှု၊ကိုယ်ပိုင် ရိုးရာဓလေ့များဖြင့်ရပ်တည်နေထိုင်လျက်ရှိသည့် လူမျိုး ဖြစ်ပါသည်။ယခုအခါတိုင်းလိုင်တိုင်းရင်းသားလူမျိုးတို့၏ လိုက်နာစောင့်ထိန်း ကျင့်သုံးလျှက်ရှိသော လူမူရေးရာ ဓလေ့များအကြောင်း တင်ပြလိုပါသည်။
ရိုးရာဓလေ့ဆိုသည်မှာ ရှေးနှစ်ကာလကြာမြင့်စွာ မှယနေ့ထိတိုင် လိုက်နာကျင့်သုံးနေဆဲဖြစ်သော သူတို့၏ အစဉ်အလာပြုမူချက်များကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
လူတိုင်းတွင်အစဉ်အလာများကိုခိုင်မြဲစွာ ယုံကြည် မှု၊လိုက်နာကျင့်သုံးမှုဓလေ့ထုံးတမ်းအစဉ်အလာများ ရှိစ မြဲဖြစ်ပါသည်။ထို့ကြောင့် တိုင်းလိုင်တိုင်းရင်းသားသည် လည်း မိမိတို့၏ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်ခံယူမှု၊ကိုယ်ပိုင် သဘောထားမှုတို့ဖြင့် ရိုးရာယဉ်ကျေးမှုဓလေ့များ လိုက်နာ စောင့်ထိန်းနေဆဲ ဖြစ်ပါသည်။
တိုင်းလိုင်ရှမ်းလူမျိုးတို့သည် ဘာသာရေးကို အလွန်ရိုသေ ကိုင်းရှိုင်းသောလူမျိုးဖြစ်ပါသည်။ထို့ကြောင့် တိုင်းလိုင်တိုင်းရင်းသားတို့၏ရိုးရာဓလေ့များသည် ဘာသာ ရေးနှင့်ဆက်နွယ်သော ဓလေ့များပို၍များပါသည်။ထို့ပြင် ဘာသာရေးမဖက်သောလူမှုရေးဓလေ့များလည်းထွန်းကား ကျန်ရှိနေသည်ကို တွေ့မြင်နိုင်ပါသေးသည်။
တိုင်းလိုင်လူမျိုးများနေထိုင်သည့် ကျေးရွာတိုင်းတွင် အပျိုလူပျိုအဖွဲ့ရှိပါသည်။တိုင်းလိုင်လူမျိုးတို့ ၏အပျို လူပျို အဖွဲ့သည် စုပေါင်းညီညာခြင်း၊ရိုင်းပင်းကူညီခြင်းစသည့် ပြည့်ဝသောလူမှုရေးဓလေ့ဖြစ်ပါသည်။အဖွဲ့၏ လူပျိုခေါင်း နှင့်အပျိုခေါင်းတို့ကိုရပ်ရွာ၏ အများကြည်ညိုလေးစား ခြင်းခံရသူ၊လုပ်နိုင်ကိုင်နိုင်သူ အမျိုးသားတစ်ဦးနှင့်အမျိုး သမီးတို့ကို တင်မြှောက်ထားကြသည်။
တိုင်းလိုင်လူမျိုးတို့ နေထိုင်သည့်ရပ်ရွာများတွင် သာရေးနာရေးကိစ္စကြီးများပေါ်ပေါက်လာလျှင်ဝေယျာဝစ္စ လုပ်ကိုင်စရာများအားလုံးကိုပထမဦးစွာလူပျိုခေါင်းထံသွား ရောက်ကာအပျိုလူပျိုအဖွဲ့ကိုအလှူပွဲလုပ်ဆောင်စရာများ လိုအပ်ပါကြောင်း၊လာရောက်ကူညီကြရန် ဖိတ်ကြားပါ ကြောင်းဖြင့်ပြောရသည်။ထိုအခါ လူပျိုခေါင်းကစုဝေး ဆော်ဩကာရပ်ရွာအတွင်းရှိ အပျို လူပျိုအားလုံးကိုစုရုံး စေ၍အလုပ်များခွဲဝေပေးပါသည်။အလှူပွဲရက်ရောက်လျှင် လည်း ဧည့်ပရိတ်သတ်များကို ချက်ပြုတ်ကျွေးမွေး ဧည့်ခံကြသည်။ထို့အတူပင် မင်္ဂလာဧည့်ခံပွဲ၊အလှူပွဲ၊နှစ် သစ်ကူးပွဲ စသည်တို့လည်း ဝိုင်းဝန်းဆောင်ရွက်ကြသည်။ ထို့သို့ဝိုင်းဝန်းလုပ်ကိုင်ကြရာ၌ အလှူရှင်၊ပွဲရှင်များက လည်းကောင်း၊ အခြားရွာသူရွာသားများကလည်းကောင်း ပြန်ကြည့်စရာမလိုလောက်အောင်ထောင့်စေ့ကြသည်။လူ ပျိုခေါင်းအပျိုခေါင်းတို့၏ ဦးဆောင်မှုအောက်တွင် စည်းကမ်းသေဝပ်စွာလိုက်နာဆောင်ရွက်ကြသည်မှာ အတုယူ ဖွယ်ကောင်းလှသည့် တိုင်းလိုင်တို့၏ လူမှုရေးရာရိုးရာ ဓလေ့ပင်ဖြစ်ပါသည်။
အခြားလေးစားဖွယ်ရာကောင်းသော လူမှုရေးရာ ရိုးရာဓလေ့များလည်းရှိသေးသည်။ တိုင်းလိုင်တိုင်းရင်းသားများသည် “တစ်မူးရလို့တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဟူသော သီချင်းစာသားများကဲ့သို့ပင် လှူဒါန်းဖို့ရန်အတွက်သာအာရုံပြုနေသူများဖြစ်ကြသည်။