ရခိုင်တိုင်းရင်းသားများသည်ကျင်ကိုင်ပွဲခေါ်သည့် ရခိုင်ရိုးရာ အားကစားနည်းတစ်မျိုးကိုအထူးတလည် အားပေးကာရှေးမင်းများ လက်ထက်ကပင် စဉ်လာမပျက် ကျင်းပခဲ့ကြပေသည်။ ကျင် ဟူ သော ဝေါ်ဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရေးဖွဲ့ကြသည်။ တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများ(ရခိုင်)စာအုပ်တွင်“ကျင် ဟူသည် မှာကျားလျင်မှ ပြောင်းလဲလာခြင်း ဖြစ် ကြောင်း ကျားသည်သားကောင်ကို ဖမ်းသည့်အခါလျင်မြန်သည့် အဟုန်ဖြင့်ဖမ်သကဲ့သို့ ဖျပ်လတ်လျင် မြန်ရသည့်အတွက် “ကျားလျင်” ဟုခေါ်ရာမှ “ကျင်” ဖြစ်လာသည် ဟုဆိုထားသည်။
ဒွါရဝတီ အသျှင်ကုသလ၏ရခိုင်ဌာနီလရာသီကျမ်းတွင် “ကျင်” ဟူသောဝေါဟာရသည် “ကျားအင်” ဟူသော ဝေါဟာရ မှ ပြောင်းလဲလာသော စကားဖြစ်သည်။ “ကျားအင်” ဟူသည် “ ကျားနှင့်အင်”ဖြစ်ပြီး“ကျား” မှာ“ယောက်ျား” ၊“အင်” မှာ “ကိုယ်အင်္ဂါ အချိုးအစား”ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောင့် ကျား အင် (ကျင်) ဆိုသည် မှာ“ယောက်ျားကောင်း၏ ကိုယ်အင်္ဂါအချိုး အစားကို ထုတ် ဖော်ပြသသောပွဲ” ဟုဆိုလိုခြင်းဖြစ်သည်။
ရခိုင်ရိုးရာကျင်ကိုင်ပွဲသည် မည်သည့်အချိန်ကစတင် ခဲ့သည် ကို သိရှိရန်ခက်ခဲသော်လည်း ဝေသာလီခေတ်စူဠစန္ဒြာမင်း (အေဒီ-၇၇၃-၇၆၉)လက်ထက်တွင် တကောင်းသင်းတွဲပြည်သို့ စစ်ချီ ထွက် ရာ၌စီးသောစစ်လှေပေါ်တွင်ကျင်သန်များပါဝင်လှော်ခတ်ခဲ့ကြောင်း ကို အမတ်ကြီးဓမ္မဇေယျ၏ စန္ဒြားမင်းဘွဲ့၌“ကိုးစိပ်ကိုးလံ၊ ကိုးပင့် ကန်၊ကျင်သန်တက်ပြီး၊စည်ကိုတီး၊တီးသည့်စည်တော်၊ဟိုးဟိုးကျော်” ဟူ၍ စပ်ဆိုခဲ့ရာ ကိုးစိပ်ကိုးလံရှည်သော လောင်းလှေကြီး များပေါ် တွင် ကျင်သန်များ လှော်ခတ်ခဲ့ရကြောင်း သိရှိရသဖြင့် ကျင်ကိုင်ပွဲ သည်ဝေသာလီခေတ်(အေဒီ ၈ ရာစု)တွင်ပေါ်ပေါက်ပြီး ဖြစ်ကြောင်း သိရှိရာထိုထက်စော၍ပေါ်ပေါက်မည်ဟုယူဆမိပေသည်။ မြောက်ဦး ခေတ် သို့ရောက်သောအခါတွင်လည်း ကျင် ပညာကို ကိုယ်ခံပညာ တစ်ရပ်အဖြစ် သင်ကြားပေးခဲ့ကြသည်။
ရခိုင်ရိုးရာ ကျင်ကိုင်ပွဲသည် နေ့ထူးနေ့မြတ်များ၊ ဘုရားပွဲတော်များ၊ ဘုန်းကြီးပျံ ပွဲတော်များတွင် မပါမဖြစ် ပြုလုပ်သော အားကစားပွဲ ဖြစ်သည်။ ရခိုင်မြောက်ဦး ခေတ်တွင်ကျင်ပညာကို ကိုယ်ခံပညာ တစ်ရပ် အဖြစ် သင်ကြားပေး ခဲ့ကြသည်။
ကျင်ကိုင်ပွဲ ကျင်းပသည့်ရာသီမှာ စပါးရိတ်သိမ်းပြီးချိန် နတ်တော်လမှ ကဆုန်လမိုးမကျမီ ကာလအတွင်းဖြစ်သည်။ ရခိုင် ရိုးရာ ကျင်ကိုင်ပွဲမှာ ကြေးစားအားကစားနည်းမျိုးမဟုတ်ဘဲ ရိုးရာ အားကစားနည်းအဖြစ် ထိန်းသိမ်းကျင်းပသည့် ပြိုင်ပွဲဖြစ်သဖြင့် ရွှေတံဆိပ်၊ ငွေတံဆိပ်တို့ကို ချီးမြှင့်ကာ ငွေကြေးချီးမြှင့်ခြင်းကို အငယ်တန်းအဆင့်တွင်သာ ပြုလုပ်ပေသည်။
ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ရွှေမောင်းတန်းအဆင့် နှင့် ငွေမောင်းတန်း အဆင့်ဟူ၍ နှစ်မျိုးခွဲခြားယှဉ်နိုင်သည်။ ရွှေမောင်းတန်းအဆင့် ဆု တံဆိပ်ကို ရွှေအလေးချိန်တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စသည်ဖြင့် ပြုလုပ်ပြီး ငွေမောင်းတန်းအဆင့် ဆုတံဆိပ်ကို လည်း ငွေအလေးချိန်တစ်ကျပ်သား၊ ငါးမူးသား ၊ တစ်မတ်သားဖြင့် ပြုလုပ် ကာချီးမြှင့်ကြသည်။
ရခိုင်ပြည်နယ်တွင် ထင်ရှားသော ကျင်ကိုင်ပွဲများမှာ စစ်တွေ မြို့၌ကျင်းပသောရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ကျင်ပွဲ၊ မြောက်ဦး မြို့ သျှစ်သောင်းဘုရားပွဲတော်၊ ကျောက်ဖြူမြို့ ကံကော်တော ဘုရားပွဲ၊ ပေါက်တောမြို့ ဘဝမ်းဘုရားပွဲ၊ မင်းပြား ကျိန်တောင် ဘုရားပွဲ၊ ပုဏ္ဏားကျွန်း ဂူဝဘုရားပွဲတို့မှာ ရခိုင်ပြည်နယ် အရပ်ရပ်မှ ကျင်သန်များလှည့်လည်ပါဝင်ယှဉ်ပြိုင်ကြသော ပွဲများဖြစ် ပါသည်။
ကျင်ကိုင်မှုသည် ကိုယ်ခန္ဓာကြီးမှု၊ သေးငယ်မှုနှင့်မဆိုင်ဘဲ ခွန်အားနှင့် ကျွမ်းကျင်မှုကို အခြေခံပြီး စနစ်တကျတီထွင်ထားသော အားကစားနည်းတစ်ရပ်ဖြစ်ပါသည်။ ကျင်ကိုင်နည်းများတွင် အဖမ်း သားမှ ပစ်ချနည်းနှင့် အခံသားမှ ပြန်လည်ပစ်ချနိုင်သော နည်းစနစ် ပေါင်းသုံးဆယ်ကျော်ရှိကြောင်းကို စားရေးသူကိုယ်တိုင် ကျင်သန် ဖြစ်သူဆရာလှရွှေမောင်(တောင်ညို)ထံတွင်ငယ်စဉ်က သင်ကြား ဆည်းပူး ခဲ့ရပေသည်။ ဝင်ရောက်ယှဉ်ပြိုင်မှုကားမရှိပေ။ ကျင်ကိုင် နည်းစနစ်များကိုလည်း “ဂုတ်ချိုးပစ်နည်း၊ မောင်းလိမ်၊ ပေါင်ထမ်း၊ မောင်းပြန်၊ကြောင်လိမ်ပစ်နည်း” စသည်ဖြင့် အမည်များ သတ်မှတ် ခေါ်ဝေါ်ကြပေသည်။
ကျင်ကိုင်ပွဲကျင်းပသည့်ပုံစံမှာ ပေ ၅၀ အချင်းရှိ သဲမြေ ကွက် လပ်ပေါ်တွင် ကျင်သန်နှစ်ဦးယှဉ်ပြိုင်ပြီးမြေကြီး ပေါ်ပစ်လှဲ ချရပါ သည်။ကျင်အနိုင်အရှုံး၊အငြင်းအခုန်တို့ကိုဆုံးဖြတ်ရန် ခုံသမာဓိ အဖွဲ့ နှင့်အနီးကပ်စောင့်ကြည့်အဆုံးအဖြတ် ပေးနိုင်ရန် ကျင်ဒိုင်များ ထား ရှိရပါသည်။ ကျင်သန်နှစ်ဦးကို ခါးပတ်အဖြူနှင့် အနီတို့ဖြင့် ခွဲခြား သတ် မှတ်ပေးထားပါသည်။ကျင်ကိုင်မည့် ကျင်သန်များသည် မည်သည့်အင်္ကျီကိုမှ ဝတ်ဆင်ထားခြင်းမရှိဘဲ အောက်ပိုင်းတွင် ဝတ်ဆင်ထားသောလုံချည်ကိုခါး တောင်းကျိုက်ထားရသည်။ကျင်သန်တို့၏ ခန္ဓာကိုယ်အချိုးအားသန်မာထွားကျိုင်းမှုကိုထင်ရှားပေါ်လွင်စေခြင်း ဖြစ်ပါသည်။
ကျင်ကိုင်ပွဲမစတင်မီ ရွှေမောင်း၊ ငွေမောင်းရ ကျင်သန်များ က ကျင်ကွင်းထဲတွင် ဟန်ရေးပြခြင်းကို ကျင်ကွင်းခြင်းဟုခေါ်ဆိုပါ သည်။ ကျင်ကွင်းနည်း အမျိုးမျိုးကို လိုက်၍ ဥဒေါင်းဝဲကွင်းနည်း ၊ ဝံလက်သည်းကွင်းနည်း စသည်ဖြင့် အမည်အမျိုးမျိုးရှိကာ လှပစွာ ဟန်ရေးပြကြပါသည်။ ကျင်ကွင်းပြနေစဉ် ပရိသတ်က ကျင်သန် များအားဆုငွေများချီးမြှင့်ကြပါ သည်။ ကျင်ကွင်းနေစဉ်နှင့် ကျင်ကိုင် နေစဉ်တို့တွင် ရခိုင်ရိုးရာစည်တော်များ သံပြိုင်တီးခတ်ခြင်းအားဖြင့် အားမာန်တတ်စေပြီးပရိသတ်များကလည်းသံပြိုင်အော်ဟစ် အားပေး ကြကာအလွန်တရာမှ စိတ်ဓာတ်တတ်ကြွစေသည့် ပြိုင်ပွဲကြီး တစ်ရပ်ပင်ဖြစ်သည်။
ကျင်ကိုင်ရာတွင်အဖမ်းလှည့်နှင့် အခံလှည့်ဟူ၍ သတ်မှတ် ပေးထားပြီးခေါင်းပန်းလှန်စနစ်ဖြင့် အဖမ်းအခံ ရွေးချယ်ကြသည်။ အဖမ်းသားမှအခံသားအား ဖမ်းချုပ်ပစ်ချခွင့်ရှိပြီး အခံသားအနေ ဖြင့် အဖမ်းသားမှ ခြေချိတ်လှဲချသည့် အချိန်တွင်မှ ပြန်လည်ရုံးထွက်ခြင်းနည်းစနစ်ဖြင့်လှဲချခွင့်တို့ရရှိပါသည်။ပထမအခွင့်အရေးရရှိသူအဖမ်းသားမှတစ်လှည့်ဖမ်းခွင့်ရပါသည်။ မြေကြီးပေါ်လှဲချခံရလျှင် သို့မဟုတ် သုံးကြိမ် ဖမ်းမရလျှင်အရှုံး အဖြစ်သတ်မှတ်ပါ သည်။ နှစ်ကြိမ်အနိုင်ရသူကို အနိုင်ပေးပြီး လှဲချခွင့်တို့ ရရှိပါသည်။ ပထမအခွင့်အရေးရရှိသူအဖမ်းသားမှ တစ်လှည့်ဖမ်းခွင့်ရပါသည်။ မြေကြီးပေါ်လှဲချခံရ လျှင် သို့မဟုတ် သုံးကြိမ် ဖမ်းမရလျှင် အရှုံး အဖြစ် သတ်မှတ်ပါသည်။ နှစ်ကြိမ် အနိုင်ရသူကို အနိုင်ပေးပြီးလှဲချ ခွင့်တို့ရရှိပါ သည်။ ပထမအခွင့်အရေးရရှိသူအဖမ်းသားမှ တစ်လှည့် ဖမ်းခွင့်ရပါသည်။ မြေကြီးပေါ် လှဲချခံရလျှင် သို့မဟုတ် သုံးကြိမ် ဖမ်းမရလျှင်အရှုံးအဖြစ် သတ်မှတ် ပါသည်။ နှစ်ကြိမ်အနိုင်ရသူကို အနိုင်ပေးပြီး နောက်တစ်ဆင့် တက်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါ သည်။ ထိုသို့အဆင့်ဆင့်ယှဉ်ပြိုင်ပြီး နောက်ဆုံးအဆင့် အနိုင်ရရှိသူကို ရွှေမောင်းပထမဆု၊ ဒုတိယဆု ရရှိသူကို ရွှေမောင်းဒုတိယဆု ၊ တတိယဆုရရှိသူကို ရွှေမောင်း တတိယဆုတို့ကို ချီးမြှင်သည်။ ငွေမောင်းတန်းအဆင့်တွင်လည်း ထိုသို့အဆင့်ဆင့် ယှဉ်ပြိုင်ကာ ငွေမောင်းဆုများ ချီးမြှင့်ပါသည်။
ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ကျင်ကိုင်နည်းသည်အနောက် တိုင်း အားကစားနည်းဖြစ်သော နပန်းကစားနည်းနှင့် ကွဲပြားမှုရှိပေ သည်။ နပန်းအားကစားနည်းတွင် မြေပြင်တွင်ကျသွား သော်လည်း ထပ်မံမထနိုင်အောင် ဖိထားပြီးအနိုင်ချုပ်ရသော နည်းသာဖြစ် သည်။ ဂျပန်နိုင်ငံရှိ ဆူမိုကစားသမားများ ကစားသည့် နပန်းပွဲတွင် ကြည့်ပါကလည်း စည်းဝိုင်းမှာလက်နှစ်ဖောင်စာလောက်သာ ကျယ်ပြီး ကိုယ်ခန္ဓာအင်အားကို အသုံးပြုပြီး စည်းဝိုင်အပြင်သို့ထွက် အောင်လုံးထွေးရသော နည်းသာလျှင် ဖြစ်ပါသည်။ ထိုအခြင်းအရာ များစွာထဲမှ ရခိုင်တိုင်းရင်းသားတို့၏ ကျင်ကိုင်နည်းစနစ်သည်ရှေး ခေတ်ရခိုင်ဘုရင်များ လက်ထက်ကတည်းကပင် ရိုးရာကစားနည်း တစ်ခုလည်းဖြစ်ပါသည်။ရခိုင်ရိုးရာကျင်ကိုင်ကစားနည်းသည် ကမ္ဘာ ကျော်သောကစားနည်း တစ်ခုဖြစ်ရန်အတွက် လိုအပ်နေသေးသည်။ ယခုအခါတွင်ရခိုင်ပြည်နယ်သို့ နိုင်ငံခြားခရီးသွား လာရောက်လည် ပတ်မှုများလာသဖြင့် ကျင်ကိုင်ကစားနည်းကို စိတ်ဝင်စားမှုများ လာခဲ့ပြီဖြစ်သည့်အတွက် ရခိုင်တိုင်းရင်းသား လူမျိုးများ၏တန်ဖိုး ထားထိန်းသိမ်းလာခဲ့ကြသည့်ရခိုင်ရိုးရာကျင်ကိုင်ပွဲအား ဆက်လက် ထိန်းသိမ်းကျင်းပနိုင် ကြစေရန်နှင့် ပိုမိုတန်ဖိုးထားမြတ်နိုးကြစေရန် ဖော်ပြလိုက်ရပါသည်။
သူရဲခေါင်းရွေးချယ်ရန် ချောက်ကမ်းပါးနှုတ်ခမ်းပေါ်တွင် ပေ (၃၀) (၄)တိုင် ကို စိုက်ထူပြီး ထိုတိုင်(၄)တိုင်၏ ထိပ်ကိုစုစည်း၍ နွယ်ကြိုး တစ်ချောင်းကို ဆွဲချထားပြီးမြေပြင်မှ(၄)ပေခန့် အကွာ တွင်ချထားပါသည်။သူရခေါင်းရွေးချယ်ခံမည့်သူများ ထိုကြိုးကွင်း သို့ ခြေကို ထိုး ၍နွယ်ကြိုးကိုလက်ဖြင့်မြဲအောင်ကိုင်ထားပါသည်။