ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ဌာနေတိုင်းရင်း သားများဖြစ်သည့် ရခိုင်၊ ခမီ ၊ မရမာကြီး ၊ မြို ၊ သက် ၊ သက္ကမ၊ ဒိုင်းနက်တို့သည်သမိုင်းကြောင်းကိုယှက်နွှယ်ရောယှက်လျက်ရှိပြီးဖြစ် ကြသည်။ယခုအခါ ရခိုင်ဌာနေတိုင်းရင်းသားမျိုးနွယ်စုများသည် မိမိ တို့မျိုးနွယ်စုစုအသီးသီးတို့၏ အမျိုးသားစရိုက်လက္ခဏာများနှင့် အမျိုး ဂုဏ်ဇာတိဂုဏ်တို့အား အနာဂတ်တွင် ဖွံ့ဖြိုးမှုပီပြင်စွာ အကောင် အထည်ဖေါ် စေနိုင်မည့် အမျိုးသားနေ့ကို သတ်မှတ် ကျင်းပလာခြင်း ကို တွေ့ရပါသည်။
မရမာကြီးလူမျိုးတို့မှာလည်းမိမိတိုင်းပြည်နေမိမိတိုင်းရင်သား လူမျိုးတို့ပင် ဖြစ်လေရာ မိမိတို့၏အမျိုးသားနေ့ကို သကျသာကီယ၊ ခတ္တိယရာဇာမျိုးနွယ်(ရာဇဝံသ)မှဆင်းသက်လာသူများဟု ယုံကြည် ထားရှိမှု၊ မျိုးရိုးဂုဏ်နှင့် ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးတို့ကို ကြည်ညိုမြဲမြံစွာစောင့်ထိန်းမှ သာသနာတည်တံ့မည်ဟုယုံကြည် လေး စားရှိမှုကို ရခိုင်သမိုင်းစာစောင်မှ သေရွာပြန်၊ ရှင်ပြန်ထ၊ မရမာ၊ မရမာ ကြီးတို့သည်မရမာကြီးလူမျိုးသမိုင်းဖြစ်စဉ်၏အခြေခံဟုကောက်ချက် စွဲ နိုင်ပါသည်။ ၄င်းစာပိုဒ်သည်သမိုင်းဆက်နွယ်ခံယူမှုကို ဖော်ညွှန်းပြီး အမျိုးစောင့်ထိန်းခဲ့ကြမှုကြောင့် ရခိုင်မျိုးနွယ်စုမရမာကြီးဟု ခေါ်တွင် ခဲ့မှုကို မရမာကြီး ဦးသျှောင် ရဟန်းတော်အဂ္ဂမဟာပဏ္ဍိတ အရှင် ဦးပညာလောကတပည့် အရှင်ဝိမလစာရ ဆရာတော်၏ မိန့်မှာထား ခဲ့မှုတို့ကို အမှတ်ရစေပြီး အမျိုးသား စည်းလုံးညီညွတ်မှုကို ထာဝစဉ် တည် ဆောက်နိုင်ရန် ကဆုန်လပြည့်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရခြင်းဖြစ်ပါသည်။
မရမာကြီးလူမျိုးတို့သည် ရခိုင်ပြည်၌ ဗုဒ္ဓဘာသာအစပျိုးချိန် ကပင်စ၍ ဗုဒ္ဓဘာသာကို စဉ်ဆက်မပြတ် ကိုးကွယ်လာကြသူများပင် ဖြစ်ပါသည်။ ထေရဝါဒဗုဒ္ဓဘာသာကို ဘိုးဘောင်မြေးဆက် ကိုးကွယ် ကြသော မရမာကြီးတို့၏ဘာသာရေးကိုင်းရှိုင်းမှုမှာ စက္ကန့် မလတ် ရဲရဲနီဆဲ ဖြစ်ပါသည်။ ရတနာသုံးပါးကို လွန်စွာ အားထားသူ များပင် ဖြစ်ပါသည်။ လူမျိုးတို့၏ဘာသာရေး ရဲရဲထောက်ခံမှုစွမ်းဆောင်ချက်များစွာရှိခဲ့သည်။ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဟူးနေ့လည်းဖြစ်ပါ သည်။
ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့သည် ဗုဒ္ဓဘာသာရေးဆိုင်ရာ ထူးမြတ်သောနေ့တစ်နေ့ ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ကဆုန်လပြည့်နေ့သည်-
(၁) မြတ်ဗုဒ္ဓဗျာဒိတ်တော်ခံယူတော်မူသောနေ့။ (၂) မြတ်ဗုဒ္ဓဖွားမြင်တော်မူသောနေ့(ဗုဒ္ဓမွေးနေ့)။ (၃) မြတ်ဗုဒ္ဓဖြစ်တော်မူသောနေ့။
(၄) မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူသောနေ့
စသည့် မြတ်ဗုဒ္ဓ ဖြစ်စဉ်လေးရပ်ဖြင့် ကြုံကြိုက်ပြီး ထူးမြတ်သော နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။ ကုလသမဂ္ဂအပါအဝင် တစ်ကမ္ဘာ လုံးရှိ ဗုဒ္ဓဘာသာဝင်များက ဗုဒ္ဓနေ့အဖြစ် လက်ခံအတည်ပြုကြခြင်းကို ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ယူစရာ နေ့တစ်နေ့ပင် ဖြစ်ပါသည်။ ဗျာဒိတ်တော်ခံ၊ ဖွား၊ လေးတန်စုံစေ့ ကဆုန်လပြည့်ဟုလည်း စာဆို ထားကြလေသည်။
ကဆုန်လပြည့်နေ့သည် သာသနာရေးသမိုင်း၊ ဘာသာရေး သမိုင်း၊မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းစာမျက်နှာများတွင် ကြုံတောင့်ကြုံ ခဲ မကြုံစဘူး ထူးကဲသည့်သမိုင်းမှတ်တိုင်ကြီး(၂)ခု မြန်မာနိုင်ငံ၌ ဖြစ် ပေါ်ခဲ့ဖူးပါသည်။ ထိုသမိုင်းဖြစ်စဉ်နှစ်ခုက မင်းတုန်းမင်းလက်ထက် ပဉ္စမသင်္ခါယနာတင်ပွဲကြီးနှင့် ပါလီမန်ဒီမိုကရေစီခေတ် ဆဌမသင်္ခါ ယနာတင်ပွဲကြီးတို့ဖြစ်သည့် ဤဘာသာသာသနာသမိုင်း မှတ်တိုင် ကြီး (၂)ခုကိုလည်းကဆုန်လပြည့်နေ့တွင် ပြုလုပ်ခဲ့ကြကာ တစ်ကမ္ဘာ လုံးကလည်း ချီးကျူးအံ့သြလက်ခံခဲ့ကြသည်။ ဆဌမသင်္ခါယနာတင် ပွဲကြီးတွင် ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်း၊ ဓမ္မဒူတ ကျောင်း တိုက်ပဓာနနာယကပြည်တွင်းပြည်ပသာသနာပြု မရမာကြီး ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ အသျှင်ပညာလောက ကိုယ်တိုင်သဘာပတိ အဖွဲ့ဝင်အဖြစ်ဆောင်ရွက်တော်မူခဲ့ပြီး ၊အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် တော်ကို ဆက်ကပ်မှု အပူဇော်ခံခဲ့ရပါသည်။ ဤသို့ဖြင့် ဘာသာသာ သနာသမိုင်းတန်ဖိုးကြီးမားလှသော ကဆုန်လပြည့်နေ့ကို မရမာကြီး အမျိုးသားနေ့အဖြစ် မရမာကြီး အမျိုးသားတစ်ရပ်လုံးက သဘောတူ လက်ခံထားကြသည်။နေ့ထူးနေ့မြတ်တွင် ယနေ့မရမာကြီး တိုင်းရင်း သားအားလုံး အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို အမျိုးသားရေး စရိုက် လက္ခဏာ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ရန် အမျိုး သား စည်းလုံးမှုကိုထာဝစဉ်တည်ဆောက်နိုင်ကြပါစေရန်စသည့် ရည်ရွယ်ချက်များဖြင့်ကဆုန်လပြည့်နေ့ကိုမရမာကြီး အမျိုး သားနေ့အဖြစ် သတ်မှတ်ကြပါသည်။