ရခိုင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ခမီအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ (ဧပြီလ ၂၇ ရက်နေ့)
Image

ခမီတိုင်းရင်းသားများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်း ပြည်နယ်တောင်ပိုင်းမြို့နယ်များ၌သမိုင်းမတင်မီကာလရှေးနှစ် ပေါင်းများစွာကပင် နေထိုင်လာကြသော လူမျိုးတစ်မျိုးဖြစ်ပါ သည်။ချင်းပြည်နယ်၌နေထိုင်ကြသူများမှာ ခမီ၊ ခူမီ၊ အဝခမီ ၊ ဝါကင်မ် (ခ) မြို ဟူသော အမည်ဖြင့်လည်းကောင်း၊ရခိုင် ပြည် နယ်၌နေထိုင်သူများမှာ ခွေးမွေး ၊ခမွီး၊ တောင်သားချောင်းဝ ခမံ၊မြိုဟူသော အမည်ဖြင့်လည်းကောင်းအတူနေ ရခိုင်လူမျိုး များက အမည်အမျိုးမျိုး ခေါ်ဝေါ်လျက်ရှိပါ သည်။ ဖော်ပြပါ နာမည်အမျိုးမျိုး အခေါ်ခံထားရသဖြင့် ကျောက်တော်မြို့နယ် သားများကမြို့ဟူသောအမည်ကိုခံယူကြပြီးမြောက်ဦး၊ ပုဏ္ဏား ကျွန်းစသောမြို့နယ်သားများက ‘ခမီ’နှင့်‘မြို’ဟူ သော အမည်ကို ခံယူကြသဖြင့် မိမိတို့လူမျိုး အတွင်း ‘ခမီ’ နှင့် ‘မြို’ ဟူသော လူမျိုးနာမည်နှစ်မျိုး ငြင်းခုံခြင်းများ ဖြစ်လာကြပါသည်။ ဤအခြေအနေကြောင့် ဆရာတော် ဦးခန္တီစာရ (ကြိမ်ချောင်း ဆရာတော်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယခု ရန်ကုန်တိုင်း၊ ရန်ကင်း မြို့နယ်(၉)ရပ်ကွက်၊ ဝါဆိုမှီကျောင်းဆရာတော်)၊ ဆရာတော် ဦးတိလောက (သာသနာ့ဓမ္မစရိယ၊ သာသနာ့အောင်မြေ ကျောင်း၊ ဘောက်တော်၊ ရန်ကုန်မြို့)၊ ဆရာတော်ဦးပဒုမ္မသာရပညာမဉ္ဇူ (တပ်ဦးကျောင်း၊ ရန်ကင်းမြို့နယ် (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့)၊ ဆရာတော်ဦးကလျာဏ (အိမ်စိုးမေမိ ကျောင်းတိုက်၊ ရွာကြီးတောင်ရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်) တို့က တပည့်ဒကာများနှင့် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီး လူမျိုး အမည်နာမ တစ်ခုတည်း ခံယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ဆရာ တော်ဦးခန္တီစာရ(ယခုရန်ကုန်တိုင်းဒေသကြီး၊ရန်ကင်း(၉) ရပ်ကွက်၊ ဝါဆိုမှီဆရာတော်)ကိုအများသဘောတူတာဝန်ပေးအပ်ကြပါ သည်။

သားရဟန်းသံဃာတော်များနှင့်လူဒကာများ၏ လျှောက်ထား ချက်အရ ဆရာတော်က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မြို့နယ် အသီးသီးရှိ ခမီလူမျိုးများရှိရာ ကျေးရွာအသီးသီးသို့ ကိုယ်တိုင် ကြွ ရောက်ပြီး လူထုအစည်းအဝေးများ အကြိမ်ကြိမ် ကျင်းပကာ မြို့နယ်ကိုယ်စားလှယ်၊ ကျေးရွာအသီးသီး၏ ကိုယ်စားလှယ် မျိုးနွယ်စုအလိုက် ကိုယ်စားလှယ်များအဆင့်ဆင့် ရွေးချယ်ကာ အမျိုး သားလူထုတစ်ရပ်လုံးလူထုအစည်းအဝေး(ညီလာခံ)တစ်ရပ်ကျင်းပနိုင်ရန်နေရာနှင့်နေရပ်တို့ကိုပါအများသဘောတူသတ်မှတ်နိုင်ခဲ့ပါ သည်။

ချင်းပြည်နယ်ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီး တောင်၊ မောင်တောမြို့နယ်အသီးသီးမှ မျိုးနွယ်စုအလိုက် ကိုယ်စား လှယ်များ၊ ကျေးရွာကိုယ်စားလှယ်၊ မြို့နယ်ကိုယ်စားလှယ် လူဦးရေ (၅၀၀)ခန့်တို့ မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို ရခိုင်ပြည်နယ် (ယခင်မြို့ဟောင်းအပိုင်)အကြီးတော်မတိုက်နယ်၊လောင်းလျှေချောင်း ကျေးရွာ၊ အစိုးရမူလတန်းကျောင်းကွင်းပြင် လူထုအစည်းအဝေး မဏ္ဍပ်တွင် ၁၉၇၂ ခုနှစ်၊ ဧပြီ(၂၇)ရက်နှင့် (၂၈)ရက် နှစ်ရက် တိုင်တိုင် လူထုအစည်းအဝေး ကျင်းပပြုလုပ်ပြီးအောက်ပါဆုံးဖြတ်ချက် (၃)ရပ် ကို အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ကြပါသည်။ 

ထိုလူထုအစည်းအဝေးညီလာခံကြီးမှ 

၁။ မိမိတို့လူမျိုးအမည်ကို ခမီလူမျိုးဟု တညီတညွတ်တည်း  ခံယူကြရန်။
၂။ မိမိတို့လူမျိုးများ၏ ဓလေ့ထုံးစံ၊ ရိုးရာယဉ်ကျေးမှုများကို    ထိန်းသိမ်းပြီး စာပေတီထွင်ဖော်ထုတ်ရန်။
၃။ အနာဂတ်အမျိုးသားလူငယ်များ၏ ပညာရေးကို မြှင့်တင်ရန် 
ဟူသောအချက်(၃)ချက်ကို အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ ကြပါ သည်။  

မိမိတို့လူမျိုးအတွင်း လူမျိုးအမည်ကွဲပြား အငြင်းပွားမှုကို       အကြောင်းပြု၍  အမည်နာမတစ်ခုတည်း အတည်ပြုနိုင်ရန် အပါအဝင် အမျိုးသားအရေး ဆောင်ရွက်ကြရန် ဆုံးဖြတ်ချက်(၃)ချက်ကိုပါ အတည်ပြု ချမှတ်ပေးနိုင်ခဲ့သော ပထမအကြိမ် မြို့နယ်ပေါင်းစုံ၊ ကျေးရွာပေါင်းစုံ၊ မျိုးနွယ်စုပေါင်းစုံ လူထုအစည်းအဝေး(ညီလာခံ)ကြီး ကျင်းပခဲ့သော ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ကိုပင် ‘ခမီ’ အမျိုး သားနေ့အဖြစ်သတ်မှတ်ကြရန် ၂၀၁၁ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟို/ မြို့နယ်ကိုယ်စားလှယ်မျက်နှာစုံညီ(ဗဟို)အစည်းအဝေး၏ ဆုံးဖြတ် ချက် (၁/၂၀၁၁)အရ အတည်ပြုဆုံးဖြတ်ခဲ့ကြပါသည်။ ဖော်ပြပါ ခမီအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဆုံးဖြတ် ချက်အရ ၂၀၁၁ ခုနှစ် မှစ၍ ခမီအမျိုးသားနေ့ပွဲတော်အဖြစ် ကျင်းပ လာသည်မှာ ယနေ့ထိတိုင် ဖြစ်ပါသည်။