ရခိုင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

သက္ကမ(ဒိုင်းနက်)လူမျိုးတို့၏အမျိုးသားနေ့ဇန်နဝါရီလ (၇) ရက်
Image

ရခိုင်ဒေသမှ သက္ကမ(ဒိုင်းနက်) လူမျိုးတို့သည် လည်း လူသားတို့၏ လူ့အခွင့်အရေးကို တန်းတူညီမျှ ခံစားနေသည့် လူမျိုးတစ်မျိုးဖြစ်လေရာ မိမိလူမျိုးတို့၏ အမျိုးသားရေး စရိုက်လက္ခဏာနှင့် အမျိုးဂုဏ်၊ဇာတိ ဂုဏ်တို့အား အနာဂတ်တွင် ဖွံ့ဖြိုးပီပြင်စွာ အကောင် အထည်ဖေါ်စေနိုင်မည့်   အမျိုးသားနေ့ကို  ယခုအခါ သတ်မှတ်ကျင်းပလာခဲ့ ကြောင်းတွေ့ရပေမည်။ နှစ်စဉ် ဇန်နဝါရီလ (၇) ရက်တွင် ကျင်းပလျက်ရှိကြောင်း တွေ့ရပေ၏။

သက္ကမ(ဒိုင်းနက်)အမျိုးသားနေ့သည် အေဒီ-၁၃၃၃ ခုနှစ်တွင် အရှေ့သက်တို့ ရခိုင်ဘုရင်မင်းထီး ပိုင်နက် ဖြစ် သော တောင်စဉ်ကျေးရွာများကို ထိပါးလာသဖြင့် အရှေ့ သက်တို့ကို အုပ်ချုပ်သော သက်မင်းရှင်စောအုပ်စိုးရာ သရက်မြို့ကို ဘုရင်မင်းထီးက တိုက်ခိုက်သိမ်း ပိုက်ခဲ့ သည်။ ထိုစဉ် အရှေ့သက် အိမ်ထောင်စုတစ်သောင်း ခေါ် ယူခဲ့၍ အမ်းချောင်း၊ရူးချောင်းများတွင် ရပ်ရွာတည်ထောင် ချထားလေ၏။ ယင်းအရှေ့သက်များကို ဘုရင်မင်းထီး က ဒိုင်းနက်ငွေခွန်ဖွဲ့စည်း၍ ဒိုင်းခွန်ငွေများ စည်းကြပ် ကောက် ခံ စေခဲ့သည်။ 

ဤသို့ ဒိုင်းခွန်စည်းကြပ် ကောက်ခံရာမှ ဒိုင်း အတတ်ပညာများ ကျွမ်းကျင်စွာ တတ်မြောက်လာ  ခဲ့ရ မှုကို အကြောင်းပြု၍ ဒိုင်းတတ်မှ ဒိုင်းနက်ဟု ခေါ်တွင် ခံ ခဲ့ရမှုမှသည်နောင်တွင်ဒိုင်းနက်သူရဲတပ်ဖွဲ့ တစ်စု အသွင် ထိ  ဖွဲ့စည်းခံခဲ့ရသည်။ ဤအချက်ကို မင်းဘာဘုရင်ကြီး ၏တပ်မတော်မှာ လက်ဝဲသင်းကိုယ်ရံတော် သုံးသောင်း၊ လက် ယာရံ ကိုယ်ရံတော်သုံးသောင်း၊ ဒိုင်းနက် သူရဲ တစ် သောင်းဟု ဖေါ်ပြ ပါရှိသည်။

ဒိုင်းနက်သူရဲတို့သည် မင်းဘာကြီးလက်ထက် တွင် ရခိုင်တပ်မတော်၌ တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာ ရှိရှိ၊တာဝန်သိသိ၊ဒိုင်းပညာတတ်ကျွမ်းသူများ အချင်းချင်း စုစည်း၍ တပ်ဖွဲ့တစ်ခုအသွင်ဖြင့် တိုင်းပြည်ကို ကာ ကွယ်ခဲ့ကြသူ များလည်း ဖြစ်ခဲ့ကြသည်။ ထို့ ကြောင့် ရခိုင်သမိုင်းတစ်ကွေ့တွင် ဒိုင်းနက်လူမျိုးအဖြစ် အမည် ခေါ်တွင်မှုဖြင့် ရပ်တည် လာခဲ့ခြင်းပင်ဖြစ်သည်။ ဒိုင်းနက် အမည်ရရှိ လာမှုသည် ဒိုင်း နက်ငွေခွန်ဖွဲ့စည်းမှု သန္ဓေ တည်ခဲ့သည်။ ထိုခေတ်ထိုအချိန်က ဇန်နဝါရီ (၆) ရက် ဟုလက်ဆင့် ကမ်းနှုတ်ထွက် မှတ်သားလာခဲ့မှုသည် ခေတ် ပြိုင်မှတ်တမ်းအရရော တူညီနေကြပြီး ရခိုင်ဒေသခံ သမိုင်းမှတ်တမ်းတို့နှင့်လည်းကိုက်ညီမှုရှိကြောင်း တွေ့ ရသည်။ သက္ကမ(ဒိုင်းနက်)တို့သည် ရခိုင်ဒေသ တွင်ဒိုင်းနက် အမည်ဖြင့်နှစ်ပေါင်းခြောက်ရာကျော်တိုင်အောင် နေထိုင် လာခဲ့ကြသည့် ဒိုင်းနက်တိုင်းရင်းသားတို့၏ စည်းလုံး ညီညွတ်ရေးသည် ကိုလိုနီနယ်ချဲ့တို့၏ ပြည်နယ်၊ပြည်မ သွေး ခွဲအုပ်ချုပ်ခဲ့မှု ဒေသတွင်း လက်နက်ကိုင် သောင်း ကျန်းခဲ့မှုလူဦးရေနည်းပါးမှုစသည့်အကြောင်းတို့ကြောင့် သက္ကမ (ဒိုင်းနက်)လူနည်းစု တိုင်းရင်သားတို့၏ သမိုင်း ကြောင်းနှင့် ယဉ်ကျေးမှုအခန်းကဏ္ဍ မှေးမှိန်ခဲ့ရသလို လူမျိုးအနေဖြင့်လည်းဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရပြီး  လူနေမှုအဆင့် အတန်း နိမ့်ကျလာခဲ့ရသည်။ 

   မည်သို့ပင်ဆိုစေ မျက်မှောက်ခေတ် မြန်မာနိုင်ငံသမိုင်း ခေတ်တွင် နိုင်ငံတော်အစိုးရ၏ ရိုးဖြောင့်သန့်စင်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး သဘောထားနှင့် ရပ် တည်ချက်ပေါ်တွင် ကြည်လင်စူးရှသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးစိတ်ဓာတ်နှင့် ရဲရင့်ရှင်သန်သော ပြည်ထောင်စုစိတ်ဓာတ်တို့ကိုလူနည်းစုသက္ကမ(ဒိုင်းနက်) တိုင်းရင်းသား တို့အနေဖြင့်လည်း နိုးကြားစွာ ခံယူလာကြပြီး ဖြစ်သဖြင့် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု အခန်း ကဏ္ဍပြည့်စုံဖို့ လိုအပ် လာပါသည်။ 

      တိုင်းရင်းသားလူမျိုးအသီးသီး ဟူ၍ တည်တံ့နိုင်မှု အတွက်ယင်းတို့၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ စောင့်ထိန်းအပ်သည့် ထုံးတမ်း ဓလေ့များကို တိုးတက်ထွန်းကားခိုင်မာ လာအောင်ဖေါ် ထုတ်ခြင်း၊ကြိုးပမ်း ဆောင်ရွက်ခြင်းကသာ အဓိကကျ သည်။ သက္ကမ (ဒိုင်းနက်) တိုင်းရင်းသားတို့သည်လည်း လူနည်းစုတိုင်းရင်းသားများ ဖြစ်လေရာ ယင်းတို့၏ သမိုင်း ကြောင်းနှင့် ယဉ်ကျေးမှုအခန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက် လာစေရန်လိုအပ်ချက်ကို အရှင်ဇောတိပါလ အနေဖြင့် လက် လှမ်းမီရာ ရှာဖွေစုဆောင်း ဖတ်ရှုလေ့လာ ကြိုးပမ်း အားထုတ်ရေးသား ဖြည့်ဆည်းပေးနေပြီလည်း ဖြစ်ပေ သည်။ ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုအခန်းကဏ္ဍမှေးမှိန်နေခြင်းမှထင် ရှား လာစေခြင်းသည်ပင် အရှင်ဇောတိပါလ၏စွမ်း ဆောင် ချက် တစ်စွန်းတစ်စကို ဖေါ်ညွှန်းနေပါလိမ့်မည်။

  ရခိုင်သမိုင်းတစ်ကွေ့တွင်အမွေခံယူလိုက်ရသော ဒိုင်းနက် လူမျိုးတို့ကို ရှေးအခါက သက္ကမ(ချက္ကမ)လူမျိုးဟု ခေါ်တွင်ခဲ့ကြောင်း စစ်တကောင်းတောင်တန်း ဒေသရှိ အနောက်သက်တို့ ယနေ့တိုင် သက္ကမ(ချက္ကမ) လူမျိုး ဟု ခံယူကျင့်သုံး နေခြင်းက အထောက်အထားတရပ်ပင်ဖြစ် သည်။ သက္ကမသည် ‘သကျ’ဟူသောဝေါဟာရမှရွေ့လျား လာသည်ဟု သုတေသီအချို့ကယူဆကြသည်။ အချို့က ဘာသာစကားကို အခြေခံ ကာလေ့လာခြင်းဖြင့် ‘သက္ကမ’ မှာသာကီဝင်ဟု ယူဆစရာ အကြောင်းရှိသည် ဟုလည်း ဆိုသည်။ 

ယခုအခါရခိုင်ပြည်ရှိ ဒိုင်းနက်လူမျိုးစု တစ်ရပ်လုံး အနေဖြင့် ဒိုင်းနက်အမည်ကို မခံယူလိုတော့ဘဲ ရှေ့အခေါ် သက္ကမလူမျိုးအဖြစ် ခံယူရန်သက္ကမအမည် ပြန်လည် သက်ဝင်လာစေရန် ဒိုင်းနက်ငွေခွန်ဖွဲ့စည်းခြင်းခံရသော နေ့၏ နောက်တစ်နေ့ ဇန်နဝါရီ(၇)ရက် ကိုသက္ကမအမျိုးသားနေ့အဖြစ်သတ်မှတ်ကြရန်တညီတညွတ်တည်း ဆွေး နွေးဆုံးဖြတ်ကာ သက္ကမလူမျိုးအမည်ဖြင့်ပင် မိမိတို့ ၏ သမိုင်းကြောင်း နှင့် ယဉ်ကျေးမှု၊ စာပေ ၊ ဘာသာ စကား၊ ရိုးရာဓလေ့ထုံးစံများကို တိုးတက်ထွန်းကား ခိုင်မာ လာအောင် ဖေါ်ထုတ်ကြိုးပမ်း ဆောင်ရွက်ကြပြီး အမျိုး သား ရေး စရိုက်လက္ခဏာနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ အား အနာဂတ်တွင်ပီပြင်စွာ အကောင်အထည် ဖေါ်သွားရန်နှင့် အမျိုးသားနေ့၏ ဦးတည်ချက်ဖြင့် မိမိလူမျိုးတို့ ၏ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်သွားရန်သက္ကမအမျိုးသား နေ့ကို နှစ်စဉ် ဇန်နဝါရီလ(၇)ရက်နေ့တွင် အမျိုးသားနေ့သတ် မှတ်၍ ကျင်းပရခြင်းဖြစ်ပေသည်။