ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားမျိုးနွယ်စု(၁၃၅)မျိုးရှိသည့်အနက် ယုံကြည် ကိုးကွယ်မူ၊ ရိုးရာ ဓလေ့၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာ အစား အစာများ ကွဲပြားလျက်ရှိကြပါသည်။ ကယားပြည် နယ်တွင် ကယား၊ ကယန်း(ပဒေါင်)၊ ကယော၊ ဂေခို (ကယန်း ကဒေါ့)၊ ဂေဘား၊ မနုမနော(ကော်ယော်)၊ ယင်းဘော်၊ ယင်းတလဲ၊ ဇယိမ်း (ကယန်းလထာ) စသည့် ဌာနေတိုင်းရင်းသား(၉)မျိုးအပြင်ရှမ်း၊ပအိုဝ်း၊ဗမာ၊ ကရင်၊ လီဆူ၊ အင်းသားစသည့်တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြ သည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ ကယားမျိုးနွယ်စု ထဲမှ ကယန်း(ပဒေါင်)တိုင်းရင်းသားတို့၏ အိမ်တွင်း လက်မှု လုပ်ငန်းများဖြစ်သည့် ဖျာအမျိုးမျိုး၊ စကော၊ပလိုင်း၊ ပုတ် တောင်း၊ ဒေါင်းလန်း၊ နောက်လွယ်၊ ထမင်းဘူး ၊ ခေါင် ခွက်၊မြေအိုး၊ပြည်တောင်း၊ခွဲတောင်း၊ ငါးဖမ်းကိရိယာများ၊ ဂျပ်ခုတ်ရက်လုပ်ငန်း၊ ဆေးတံနှင့် အခြားပစ္စည်းများ ပြုလုပ်လျက်ရှိပါသည်။ ၎င်းတို့အနက်မှ ကယန်းတိုင်းရင်းသားတို့၏ အိမ်တွင်းလက်မှုပညာဖြစ်သော ဂျပ်ခုတ် လုပ် ငန်းကိုရေးသားပြုစုတင်ပြအပ်ပါသည်။
ဂျပ်ခုတ်လုပ်ငန်းဖြစ်ပေါ်လာပုံအဆင့်ဆင့်
ဂျပ်ခုတ်လုပ်ငန်းသည် ကယန်းတိုင်းရင်းသား တို့ ၏ အိမ်တွင်းမှုလုပ်ငန်းတစ်ရပ်အဖြစ် ထင်ရှားလှသည်။ ဂျပ်ခုတ် လုပ်ငန်းသည် ကယန်းတိုင်းရင်းသားတို့၏ မိရိုး ဖလာ မရိုးနိုင်သော ရိုးရာလုပ်ငန်းဖြစ်ပါသည်။ ကယန်း တိုင်းရင်းသား တို့၏ ဂျပ်ခုတ်လုပ်ငန်းဆိုသည်မှာ မြေပေါ် တွင် တိုင်နှစ်တိုင် စိုက်ထူကာ ထိပ်ဦးတန်းထားပြီး လိုအပ် သည့် အတိုင်ယပင် များကို ထိပ်ဦးတန်း၌ ရစ်ပတ်ကာ အထည်သားကို ဂျပ်ခုတ်ရက်လုပ်ခြင်းဖြစ်သည်။ ကယန်း တိုင်းရင်းသားတို့သည် လယ်ယာကို လုပ်ကိုင်ကြပြီး ဂျပ် ခုတ်ထည်များကို ဝတ်ဆင်ကြသည်။ ဂျပ်ခုတ်လုပ်ငန်း သည် ဝါးဂွမ်းကိုချည်ဖြစ်လာအောင် ပြုလုပ်ပြီး ရက်လုပ် ရသည့် ရက်ကန်းဖြစ်ပါသည်။ ဂျပ်ခုတ်စင်သည် ရိုးရာ အထည် ရက်လုပ်ငန်း ကိရိယာဖြစ်သည်။
ဂျပ်ခုတ်စင်တွင်ပါရှိသော ကိရိယာအခေါ်များမှာ ထိပ်ဦးတန်း၊ အတိုင်ယပင်၊ စည်းတန်း၊ အလယ်ဝင်ရိုး၊ နှုတ်သီးတံ၊ဂျပ်ပြား၊နယ်ကန်၊အသားလိပ်တုံး၊ခါးပတ်နှင့် ရက်ခေါက်တို့ဖြစ်သည်။ ဂျပ်ခုတ်စင်တွင် ပါရှိသော ဂျပ်ရက်ကန်းရှည်စင်၌ ချည်တစ်ပင်ပတ်တိုင်း နှုတ်ကော်သွားသည်။ ချည်ပင်များကို ခွဲထားရ၏။ အတိုင်ယပင်ပေါ် ချည်ပင်ကျော်၍ အောက်အတိုင် ယပင် ကို ကျော်ကာ နှုတ်သီးတံဖြင့်ဆက်ပေး၏။ အထည် ရက် လုပ်ရာ၌ ဘေးသို့မတွန့်သွားအောင် နယ်ကန်နှင့် ထိန်း ပေးရသည်။ ရက်ပြီးသားအထည်ကို အသားလိပ်တုံးဖြင့် လိပ်သွားရသည်။ ဂျပ်ခုတ်ရက်လုပ်နေစဉ် ခြေဆင်း ထိုင်ကာခါးကိုသားရေခါးပတ်ဖြင့်စည်းပေးထားသည်။ဂျပ်ခုတ်စင်တစ်ခုလျှင်လေးရက်မှငါးရက်ခန့်ကြာမှပြီးသည်။ လွယ်အိတ်တစ်လုံးဆိုလျှင် နှစ်ရက်ခန့်အချိန်ယူရပါသည်။ ကယန်းတိုင်းရင်းသား တို့၏ ဂျပ်ခုတ်ထည်များတွင် စောင်၊ လွယ်အိတ်၊ ဘောင်းဘီ၊ သင်တိုင်းနှင့် ခေါင်းပေါင်း စသည်တို့ ရက်လုပ်ကြသည်။ ဂျပ်ခုတ်အထည်များသည် ထူပြီး ခိုင်ခံ့သည်။ ကယန်းတိုင်းရင်းသားတို့သည် ချည် ရရှိ အောင် ဝါကိုခြံလုပ်ပြီး စိုက်ပျိုးကြသည်။ ဝါရသော အခါ ချည်ရအောင်ဗိုင်းငင်ပြီး ဂျပ်ခုတ်ထည်များကို ရက်လုပ်ကြသည်။
ကယန်းတိုင်းရင်းသားတို့သည် ဂျပ်ခုတ်လုပ်ငန်းကို လုပ်ရိုးလုပ်စဉ် လုပ်ငန်းမျှသာ သဘောထားကြ၍ ဝါဂွမ်း ဘယ်နှစ်ပိဿာကြိတ်လျှင်ဂွမ်းမည်မျှရသည်၊ ဂွမ်းဘယ် နှစ်ပိဿာငင်လျှင်ချည်ဘယ်နှစ်ပိဿာရသည်၊ချည်ဘယ် နှစ်ပိဿာရက်လျှင် ဖျဉ်ပိတ် ဘယ်နှစ်တောင် ရသည် စသည်ဖြင့်စံနှုန်းမရှိပါ။ ဗိုင်းငင်ချည်ချ၊ အထည်ရက်သည့် စံနှုန်း ဂျပန်ကုမ္ပဏီတစ်ခုက အောက်ပါအတိုင်းသတ်မှတ်ပေးခဲ့သည်။စက်ကြိတ်ဝါဂွမ်းတစ်ပိဿာဆယ့်ငါးကျပ်လျှင်ဖန့်ပြီးဝါတစ်ပိဿာ၊၎င်းဖန့်ပြီးဝါကိုဗိုင်းတောင့် (၈)တောင့်၊ ချည်ဝင်(၁)ဝင်၊ ချည်ဝင်(၂)ဝင်လျှင် ချဉ်ခင် (၁) ခင်၊ ချည်ခင် (၂၀) ချည်ထုတ် (၁) ထုတ် (၁) ပိဿာ၊ ချည် (၁) ပိဿာကိုဖျဉ်ရက်လျှင်အနံ(၂၈)လက်မ၊ အလျား (၁၈)တောင်ရမည်ဟုသတ်မှတ်ပြီး ဂျပန်ခေတ်တွင် ဝါဂွမ်းပေး၍ အထည် ရက်လုပ်ခိုင်းသည်။
ဂျပ်ခုတ်ထည်များကိုဆေးဆိုးလုပ်ကိုင်ကြ၏။ ဆေးမှာသဘာဝဆိုးဆေးများ ဖြစ်ပါသည်။ သဘာဝ ဆိုး ဆေး များမှာအနီ၊ အမည်းများဖြစ်ပါသည်။ ပေါင်ပင် အခေါက် ဆိုးလျှင် မြေကြီးရောင်ရသည်။ ညောင်ပင်ခေါက်၊ ပေါင် ပွင့်၊သံပုရာသီး၊မန်းကျည်းသီးတို့ကိုရော၍ပြုတ်ပြီး ဆေး ဆိုး လျှင်သော်လည်းကောင်း ရှားခေါက်ကိုဆိုးလျှင်သော် လည်းကောင်းရှားနှစ်ရောင်ရသည်။ချိတ်ဆေးကိုဆေး ဆိုး လျှင်အနီရောင်ရသည်။နနွင်းဥကို ထောင်းပြီး ပြုတ်လျှင် အဝါရောင်ရသည်။ ဆီးဖြူသီးကို ထောင်းပြီး ပြုတ်ကာ အညိုရောင်ရွှံ့နှင့်ရော၍ သုံးရက်ကြာထားလျှင် အမည်း ရောင်ရသည်။ ပဲပင်အရွက်စိုကို ထောင်းပြီးပြုတ်လျှင် အစိမ်းရောင်ရသည်။ ကယန်းတိုင်းရင်းသားများသည် အထည်များကိုရိုးရာဂျပ်ခုတ်ဖြင့်ရက်လုပ်ကာ ရှေးနှစ်ပေါင်း များစွာမှစ၍ ဝတ်ဆင်လာခဲ့ကြသည်။ ဤသည်ပင် ကယန်း တိုင်းရင်းသားတို့သည် မိမိတို့၏ ရိုးရာဓလေ့၊ ရိုးရာအလှ ကို ယခုကာလအထိ ထိန်းသိမ်းလာကြသည်။