တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ၂၀၂၅-၂၀၂၆ခု ဘဏ္ဍရေးနှစ် တင်ဒါအောင်မြင်သူများနှင့် တွေဆုံခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ထမ်းများအားတွေ့ဆုံခြင်း
ရန်ကုန် 2025-04-26
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်ထောင်စု  တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၂၀၂၅-၂၀၂၆ခု ဘဏ္ဍရေးနှစ်      အထွေထွေအရပ်ရပ်လုပ်ငန်းလိုင်စင် (၁၈) မျိူး တင်ဒါအောင်မြင်သူများနှင့်တွေ့ဆုံကာ လုပ်ငန်းအောင်မြင်ရေးအတွက် ကြိုစား၍ ပူးပေါင်း‌ဆောင်ရွက် ကြရန် မှာကြားခဲ့ပြီး တင်ဒါလုပ်ငန်းလိုင်စင်အောင်မြင်သူများမှ မိမိတို့၏အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ခံအရာရှိ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား Power Point   ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။   ဆက်လက်၍   ဒုတိယဝန်ကြီးက     ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အတွင်းရှိ ရိုးရာအိမ်များ၊   သောင်တူးခြင်းလုပ်ငန်း‌ဆောင်ရွက်မှုအခြေအနေများ၊ ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဝင်ငွေပိုမိုတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image