ကယား ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကယားလူမျိုးတို့၏ ကင်ပွန်းတပ်အမည်ပေးခြင်းနှင့် အမွေဆက်ခံခြင်းဓလေ့ထုံးစံများ
Image

ကင်ပွန်းတပ်အမည်ပေးခြင်း

ကယားကလေးငယ်များကို ပြုစုစောင့်ရှောက်သည့်အခါတွင် ရိုးရာဓလေ့ထုံးစံအရ ထိန်းသိမ်းစောင့်ရှောက်ကြသည်။ မွေးကင်းစကလေးငယ်ကို အမည်ပေး သောအခါ နှီးကိုချိုး၍လည်းကောင်း၊ကြက်ရိုးထိုးကြည့်၍လည်းကောင်း အမည်ပေးလေ့ ရှိကြသည်။ ကလေးကို အမည်ပေးပြီးနောက် မကြာခဏဖျားနာလျှင် သို့တည်းမဟုတ် စိတ်ကောက်၍ ငိုတတ်လျှင် အမည်သစ်တစ်ခုကို ထပ်မံပြောင်းလဲပေးလေ့ရှိ ကြသည်။ထို့ကြောင့် အချို့သောကယားကလေးငယ်များတွင် အမည်နာမ လေး၊ငါးမျိုးခန့်  ရှိနေတတ်ကြသည်။

ကယားအမျိုးသမီးများ မီးထွက်ချိန်၌ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ကလေးကို အမည်ပေးရန် ရည်ရွယ်၍ ကြက် ကလေး သို့မဟုတ် ကြက်ငယ် တစ်ကောင်ကို ရိုးရာ ဓလေ့ထုံးစံအရကြက်ရိုးထိုးလေ့ရှိကြသည်။ ကယားဘာသာ စကားဖြင့်ရှေးလော့ခေါ်ကြက်သွေးချိုးရန်အတွက်ကြက်တစ် ကောင်၏ လည်ပင်းသွေးကိုယူ၍ ကလေးမိခင်၏နောက် ကြောနှင့်နဖူးတို့ကိုသုတ်လိမ်းပေးရပြီးယင်းကြက်၏ အသားကို မီးနေသည် စားရန်အတွက်ထားရှိရသည်။ ရှေးရိုးအခေါ် ကင်ပွန်းရည်သဘောမျိုး အနေဖြင့်အသုံးပြုသော ကြက်သွေး ကို ခွက်တစ်လုံးဖြင့် ခံယူထားရသည်။ များသောအားဖြင့် ၎င်းသွေး ကို ဝါးခြမ်းခွက်ဖြင့် ထားလေ့ရှိကြသည်။

ဝါးချည်ကြိုးများတွင်ပုတီးလုံးတစ်လုံးစီထိပ်၌ချည်၍ထိုကြိုးတစ်ချောင်းစီကိုကြက်သွေးခွက်ထဲတွင်နှစ်ထားပြီး မီးနေ သည်လာမေးသူတို့၏ လက်ကိုချည်ပေးလေ့ရှိကြ သည်။ မီးနေသည်လာမေးသူ ဧည့်သည်တို့ကလည်း အပြန်တွင် အိမ်ရှင်၏ ဝင်းထရံတစ်နေရာ၌ ထိုကြိုးကို ပြန်ချိတ်ခဲ့ပြီးနှုတ်မှလည်းအိမ်ရှင်တို့ဘေးအန္တရာယ်ကင်းရှင်းပါစေ ဟု ဆုတောင်းကြရသည်။  ကြက်သွေးသုံးခြင်းမှာ ကင်းပွန်းရည် သဘောမျိုးပင် ဖြစ်ခြင်း အသားကိုသားသမီးများမမွေးဖွားနိုင်တော့ သည့် အဖွားကြီးများသာ စားသုံးခွင့်ရှိပြီး လူငယ်နှင့် အခြားသူများ စားသုံးခွင့်မရှိကြပေ။သို့သော်ငြား ယနေ့ ကာလတွင် ထိုသို့ ကြက်သွေးသုံးစွဲသူများ အလွန်နည်းပါး သွားပြီဖြစ်ကြောင်း သိရသည်။ 

တစ်အိမ်သားလုံး မင်္ဂလာရှိစေရန်အတွက် ရှေးပယ်ခေါ် ကြက်ကိုချက်၍ တစ်အိမ်သားလုံးစားသုံးနိုင်ကြပြီးအခြား သူများကိုလည်း ကျွေးမွေးနိုင်သည်။သို့သော်ရှေးမိခေါ် ကြက် ကိုမူ မွေးကင်းစကလေးများ အမည်ပေးရန် အတွက်သာ အသုံးပြုကြသည်။ယင်းကြက်သားကို ကြက်ခိုး စင်ပေါ်တွင် တင်ထားရပြီး အဆိုပါကြပ်ခိုးစင် မပျက်စီးသ၍ ကြက်သား ကိုတင်ထားရပြီး ကြက်သားကို မပစ်ရချေ။ ခွေးများကြောင် များကိုလည်း ကျွေးမွေးခြင်းမပြုရသလို ယင်းအသားကို အိမ် သားများစားမိပါကလည်း လာဘ်တိတ်တတ်သည်ဟုအယူရှိ ကြသည်။ထို့ပြင်ကလေး၏ နာမည်နှင့် ထပ်တူထပ်မျှ ဖြစ်သူ များသာစားသုံးနိုင်ပြီးအခြားသူများစားသုံးခွင့်မရှိပေ။ကလေး ကို နာမည်ပေးရာတွင် လူကြီးတစ်ဦးဦး၏ အမည်ကို ယူ၍ အမည်ပေးလေ့ ရှိကြသည်။ထိုသို့အမည်ပေးခံရသော လူကြီး သည်ရှေးမိကြက်သားကိုစားသုံးနိုင်သည်။ကြက်လေးကောင် ကို သတ်၍ထိုသို့ပြုလုပ်ခြင်းမှာ ပူဇော်ပသတင်မြှောက်သည့် သဘောမျိုးမဟုတ်သော်လည်း အန္တရာယ်ကင်းစေရန် ကြက် ရိုးထိုးပြီးကျွေးမွေးပွဲတစ်မျိုးပင်ဖြစ်၍ ယင်းဓလေ့မှာ ကယား တိုင်းရင်းသားတို့၏ယုံကြည်မှုတစ်ရပ်ပင် ဖြစ်သည်ဟုဆို၏။အမွေဆက်ခံခြင်း 

ကယားတိုင်းရင်းသားတို့သည် အမွေဆက်ခံခြင်း နှင့် ပတ်သက်၍ သေတမ်းစာရေးသားလေ့မရှိချေ။ သို့ရာတွင် ၎င်းတို့၏ ဓလေ့ထုံးစံအရ အမွေခွဲဝေရာတွင် သားသမီး အထွေးဆုံးက အမွေကိုပိုမိုရရှိပြီး ကျန်သားသမီးများက လက် ထပ်ထိမ်းမြားပြီးသော်လည်း မိဘနှင့်ပင်တသက်လုံး နေထိုင်၍မိဘများကိုဂရုစိုက်ပြုစုကြပြီး အိမ်ခွဲနေလေ့မရှိကြ ချေ။ထို့ကြောင့် အထွေးဆုံးသားသမီးများသည် အမွေပစ္စည်း ဝေစုအပြင် မိမိတို့နေထိုင်သည့်အိမ်ကိုပါ အမွေရရှိ ကြသည်။

အမွေခွဲဝေသည့်အခါတွင် ရပ်ရွာလူကြီးများကဦးစီး၍ ခွဲဝေပေးကြသည်။ထို့အတူပယဲတိုင်းရင်းသားနှင့် ယင်းခေတ် တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံအရသားအထွေးဆုံးက အမွေ ကိုပိုမိုရရှိကြသည်။ မနုမနောတိုင်းရင်းသားတို့၏ အမွေခွဲဝေ မှုတွင် မိဘနှင့်အတူနေသူက မိဘကွယ်လွန်သည့်အခါ မိဘ များနေထိုင်သောအိမ်ကို ပိုင်ဆိုင်ခွင့်ရရှိကြသည်။ထို့ကြောင့် အမွေခွဲဝေရာ၌ အခြားသားများထက် သားအငယ်ဆုံးက ပိုမို ရရှိသည်ဟု ဆိုနိုင်သည်။

အိမ်ထောင်ခွဲ သားသမီးများသည် အိမ်ခွဲနေသော် လည်း မိဘများကိုအကူအညီပေးလေ့ရှိကြသည်။ သားသမီး မြေး၊မြစ်တို့က ၎င်းတို့၏အိမ်မှာပင် အဖိုးအို၊အဖွားအိုများကို လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သော ကိစ္စရပ်များကို တိုင်ပင်နှီးနှောအကြံဉာဏ် တောင်းခံလေ့ရှိကြသည်။

အိမ်ထောင်မရှိသော ဦးကြီး၊ အရီးကြီး အစရှိသည် တို့ ကိုလည်း ၎င်းတို့ ၏အိမ်ပေါ်တွင်ခေါ်ထားလေ့ရှိကြသည်။

အိမ်ထောင်ဖက်ရွေးချယ်ရာတွင် မိဘ သဘောတူ သူ ကိုသာများသောအားဖြင့်ရွေးချယ်လေ့ရှိကြသည်။ သွေးသား အလွန်နီးစပ်သူအချင်းချင်း ယူရိုးထုံးစံမရှိကြချေ။ မောင်နှမ ဝမ်းကွဲ၊ ဦးလေးနှင့်တူမ၊ အဒေါ်နှင့်တူ တို့သည် ကယားတိုင်း ရင်းသားတို့၏ဓလေ့ထုံးစံအရ လက်ထပ်ပိုင် ခွင့်မရှိကြချေ။