ကယား ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကယန်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ (ဧပြီလ ၁၀ ရက်)
Image

၂၀၀၀ ခုနှစ်၊ ဧပြီလ(၈ မှ ၁၀)ရက်နေ့အထိ၊ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ပန်ပက်ကျေးရွာတွင် ပထမအကြိမ်မြောက် ကယန်း အမျိုးသားညီလာခံကြီးကို ကျင်းပခဲ့ပြီး ထိုညီလာခံကြီးတွင် ကယန်း တစ်မျိုးသားလုံးကဧပြီလ(၁၀)ရက်နေ့ကိုကယန်းအမျိုးသားနေ့အဖြစ် ကျင်းပရန် တညီတညွတ်တည်း ထောက်ခံခဲ့ကြသည်။ ထို့ကြောင့် ကယန်းတစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့ သော ဧပြီလ(၁၀)ရက်နေ့ကို အစွဲပြုကာ ၂၀၀၁ ခုနှစ်၊ ဧပြီလ(၁၀)ရက် နေ့တွင် ပထမအကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ သိကြိတ်ကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့သည်။ ထိုသို့ ကယန်းအမျိုးသားနေ့ကို၂၀၀၁ခုနှစ်မှစတင်ကာနှစ်စဉ် ကယန်းလူမျိုး များနေထိုင်ရာဒေသများတွင် အလှည့်ကျ ကျင်းပလာခဲ့သည်။ 

ကယန်းအမျိုးသားနေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသ (၄)ခုဖြစ်သောကယားပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည် နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေရှိ အလွှာအသီးသီးမှ ကယန်း တိုင်းရင်းသားများ တွေ့ဆုံကာရင်းနှီးချစ်ကြည်မှုကို တည်ဆောက်နိုင် ရန်နှင့် မိမိတို့၏အမျိုးသားရေးအသိများ၊ အမျိုးသား"စံ"တန်ဖိုးများ၊ အမျိုးသားဝိသေသလက္ခဏာများကိုလက်တွေ့ထိန်းသိမ်းမြှင့်တင်သွားနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြစ်သည်။ 

ကယန်းအမျိုးသားနေ့တွင် ကယန်းရိုးရာအကများ၊ ရိုးရာဗုံ၊ ပုလွေများ တီးမှုတ်ဖျော်ဖြေခြင်း၊ ရိုးရာအားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ရိုးရာ ယဉ်ကျေးမှုအထည်များ၊ အသုံးအဆောင်ပစ္စည်းများပြသရောင်းချခြင်း များပြုလုပ်လေ့ရှိသည်။ထိုနေ့တွင် ပညာရေး၊ အားကစား၊ အနုပညာ နှင့်ဘာသာရေးစာပေများတွင် ထူးချွန်ထက်မြက်သော ကယန်းလူမျိုး များအားဂုဏ်ပြုသည့်အစီအစဉ်များလည်းထည့်သွင်းထားသည်။