တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊
ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည်
ဧပြီလ (၆) ရက်နေ့ နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦ
ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့တို့သည် ဝန်ကြီးဌာန
ရုံးရှေ့ မျက်နှာစာ ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင်မွမ်းမံနေမှုကို ကြည့်ရှုစစ်ဆေးပြီး
ထိခိုက်ပျက်စီးခဲ့သည့် အစိတ်အပိုင်းများ ပြန်လည်ပြုပြင်ရာ၌ ကြံ့ခိုင်မှုရှိစေရန်နှင့်
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အထူးဂရုစိုက်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
၎င်းနောက် ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမနှင့် လျှောက်လမ်းကော်ရစ်တာ
မျက်နှာကျက်ပြိုကျပျက်စီးမှုများအား အမြန်ဆုံးပြုပြင်နိုင်ရန်နှင့်
အဆောက်အဦ အင်ဂျင်နီယာ များ၏ လာရောက်စစ်ဆေးမှုရလဒ်များအပေါ် လိုက်နာပြုပြင်ဆောင်ရွက်သွားရန်
အသေးစိတ် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည်
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ပြည်တွင်းအလှူရှင်များက
ပေးအပ်လှူဒါန်းသည့် ဆန်အိတ် (၄၀)၊ ရေသန့်ကဒ်များနှင့် အလှူငွေကျပ် သိန်း (၁၀၀) တို့အား
လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ယင်းနောက် နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်းများမှ ငလျင်
ဘေးသင့်ဝန်ထမ်းများအတွက် ကူညီပေးအပ်သော ပစ္စည်းများအား ဝန်ထမ်းများသို့ စနစ်တကျ ခွဲဝေပေးအပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။