တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ခွန့်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ဧပြီလ (၅) ရက်နေ့ နံနက်ပိုင်းတွင်
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်း၌ ငလျင်ဒဏ်ကြောင့် ပြည်ထောင်စု
ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်းထမ်းမိသားစုများအား နေထိုင်ရန်အတွက်
ယာယီတဲများ တက်ဆင် ပေး နိုင်ရေး မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပ်သည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊
ရုံးမြေဧရိယာအတွင်းရှိ ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ရာဝန်းကျင်၌ ယာယီတဲများ တည်ဆောက်ပေးနိုင်ရေး၊
သုံးရေများ လုံလောက်စွာရရှိရန်အတွက် ရေသွယ်တန်းမည့်စနစ်များ၊ ယာယီ သန့်စင်ခန်းတည်ဆောက်ပေးမည့်နေရာများသို့
ကြည်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက
အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။