၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ ကရင်လူဦးရေ(၁,၂၇၇,၈၆၅) ရှိသည်။ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများစုနေထိုင်ကြသည်။ တောင်ပေါ်ကရင်နှင့် မြေပြန့်ကရင်ဟူ၍ ရှိကြသည်။ မြေပြန့်ကရင်များသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွ...
၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ ကရင်လူဦးရေ(၁,၂၇၇,၈၆၅) ရှိသည်။ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများစုနေထိုင်ကြသည်။ တောင်ပေါ်ကရင်နှင့် မြေပြန့်ကရင်ဟူ၍ ရှိကြသည်။ မြေပြန့်ကရင်များသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် များပြားစွာနေထိုင်ကြသည်။ တောင်ပေါ်ကရင်များသည် ကရင်ပြည်နယ်ရှိ လိပ်သိုတောင်ကုန်းများတွင် နေကြသည်။ ထိုင်းနယ်စပ်ဖြစ်သော မွန်ပြည်နယ်ရှိ သထုံမြို့၊ မော်လမြိုင်မြို့ ပတ်ဝန်း ကျင်ရှိ ဒေါန တောင်တန်းနှင့် သောင်ရင်းမြစ်တို့တွင် နေထိုင်ကြသော တောင်ပေါ်ကရင်များသည် သီးခြားကင်းလွတ်စွာ နေထိုင်ကြသည်။
Races of Burma (Page-77)
ကရင်ဖြူလူမျိုးများသည် ဧရာဝတီမြစ်ဝကျွန်းပေါ် မြေပြန့်ဒေသနှင့် ရှမ်းပြည်နယ်၊ တောင်ကြီး ခရိုင်အတွင်းရှိ ကျေးရွာများတွင်လည်းကောင်း၊ ပဲခူးတိုင်းဒေကြီးရှိ တောင်ငူခရိုင်၊ မန္တလေးတိုင်းဒေသကြီးရှိ ရမည်းသင်းခရိုင်ရှိ တောင်များတွင် လည်းကောင်း၊ အရှေ့ဘက် ကယားပြည်နယ်အထိ လည်းကောင်း ပျံ့နှံ့နေထိုင်ကြသည်။
ကရင်ဖြူလူမျိုးများသည် ဧရာဝတီမြစ်ဝကျွန်းပေါ် မြေပြန့်ဒေသနှင့် ရှမ်းပြည်နယ်၊ တောင်ကြီး ခရိုင်အတွင်းရှိ ကျေးရွာများတွင်လည်းကောင်း၊ ပဲခူးတိုင်းဒေကြီးရှိ တောင်ငူခရိုင်၊ မန္တလေးတိုင်းဒေသကြီးရှိ ရမည်းသင်းခရိုင်ရှိ တောင်များတွင် လည်းကောင်း၊ အရှေ့ဘက် ကယားပြည်နယ်အထိ လည်းကောင်း ပျံ့နှံ့နေထိုင်ကြသည်။
(ဦးမင်းနိုင်၊ ဒို့သွေး ဒို့သား တိုင်းရင်းဘွား (စာ-၇)။ မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန် (စာ-၇၅)
ပလေကြီး ကရင်လူမျိုးများသည် ဘွဲ့ကရင်မျိုးစုတွင် ပါဝင်သော လူမျိုးတစ်မျိုးဖြစ်သည်။ ပလေကြီးကရင်လူမျိုးများသည် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး နယ်စပ်ရှိ ခဲဖြူတိုက်၊ ပသီချောင်းဖျားခံရာအရပ် ပလချီး၊ ကျွဲဖြူတောင်၊ တောပြာကလေး၊ ငွေ တောင်ကြီး၊ ငွေတောင်ကလေးရွာများတွင် နေထိုင်ကြသည်။ ...
ပလေကြီး ကရင်လူမျိုးများသည် ဘွဲ့ကရင်မျိုးစုတွင် ပါဝင်သော လူမျိုးတစ်မျိုးဖြစ်သည်။ ပလေကြီးကရင်လူမျိုးများသည် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး နယ်စပ်ရှိ ခဲဖြူတိုက်၊ ပသီချောင်းဖျားခံရာအရပ် ပလချီး၊ ကျွဲဖြူတောင်၊ တောပြာကလေး၊ ငွေ တောင်ကြီး၊ ငွေတောင်ကလေးရွာများတွင် နေထိုင်ကြသည်။ ၎င်းတို့နေထိုင်ရာ ဒေသကို အစွဲပြု၍ ပလေကြီးလူမျိုးဟု ခေါ်တွင်လေသည်။
မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသား လူမျိုးများ အဘိဓာန်( စာ-၇၄) ၊ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံများ(ကရင်) (စာ-၃၈)
မွန်ကရင်လူမျိုးများသည် ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသတွင် အများဆုံးနေထိုင်ကြပြီး တနင်္သာရီတိုင်းဒေသကြီးတွင်လည်းနေထိုင်ကြသည်။
ဦးမင်းနိုင်၊ ဒို့သွေး ဒို့သား တိုင်းရင်းဘွား (စာ-၇၂)
မွန်ကရင်လူမျိုးများသည် ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသတွင် အများဆုံးနေထိုင်ကြပြီး တနင်္သာရီတိုင်းဒေသကြီးတွင်လည်းနေထိုင်ကြသည်။
ဦးမင်းနိုင်၊ ဒို့သွေး ဒို့သား တိုင်းရင်းဘွား (စာ-၇၂)
စကော (ကရင်) လူမျိုးများသည် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ သာယာဝတီခရိုင်၊ ပြည်ခရိုင်တို့နှင့် ကရင်ပြည်နယ်ကော့ကရိတ်နယ်၊ ဒေါနတောင်တန်း၊ လှိုင်းဘွဲ့မြို့နယ်၊ ဖာပွန်မြို့နယ်များတွင် နေထိုင်ကြသည်။
...စကော (ကရင်) လူမျိုးများသည် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ သာယာဝတီခရိုင်၊ ပြည်ခရိုင်တို့နှင့် ကရင်ပြည်နယ်ကော့ကရိတ်နယ်၊ ဒေါနတောင်တန်း၊ လှိုင်းဘွဲ့မြို့နယ်၊ ဖာပွန်မြို့နယ်များတွင် နေထိုင်ကြသည်။
၁၉၃၁ ခုနှစ်တွင် စကောကရင် (၅၁၈,၀၄၀) ဦးရှိသည်။ စကောကရင်များကို ဗမာကရင်ဟုခေါ်ကြသည်။ စကောကရင်များက မိမိကိုယ်ကိုယ် ပတ်ကညော ဟု ခေါ်ကြသည်။
ဦးမင်းနိုင်၊ ဒို့သွေး ဒို့သားတိုင်းရင်းဘွား (စာ-၃၁) တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ (ကရင်) (စာ-၃၀)
Race of Burma (Page-78)
တလှေပွားလူမျိုးများသည် စကောကရင်၊ ပိုးကရင်တို့နှင့် နီးစပ်ပြီး အနွယ်လည်းတူသည့်အပြင် ဘာသာစကားလည်း တူညီကြသည်။ ပကူးကရင်တို့နှင့် ရိုးရာဓလေ့၊ ယုံကြည်မှုများ မကွာခြားဘဲ ပကူးကရင်တို့ကဲ့သို့ပင် ကျေးရွာအတည်တကျမရှိ တောင်ယာခုတ်ရင်း တစ်နှစ်တစ်ကြိမ် ရွှေ့ပြောင်းနေထိုင်ကြသည့် လူမျိုးဖြစ်သည်...
တလှေပွားလူမျိုးများသည် စကောကရင်၊ ပိုးကရင်တို့နှင့် နီးစပ်ပြီး အနွယ်လည်းတူသည့်အပြင် ဘာသာစကားလည်း တူညီကြသည်။ ပကူးကရင်တို့နှင့် ရိုးရာဓလေ့၊ ယုံကြည်မှုများ မကွာခြားဘဲ ပကူးကရင်တို့ကဲ့သို့ပင် ကျေးရွာအတည်တကျမရှိ တောင်ယာခုတ်ရင်း တစ်နှစ်တစ်ကြိမ် ရွှေ့ပြောင်းနေထိုင်ကြသည့် လူမျိုးဖြစ်သည်။
တလှေပွားကရင်တို့သည် ကရင်ပြည်နယ်ရှိ ဘောဂလိကြီးမှ ကယားပြည်နယ် မော်ချီးမြို့သို့ ဖောက်လုပ်ထားသော ကားလမ်းနှင့် ၂၅ မိုင်အကွာ တောင်ပေါ်အထက်ရွာများဖြစ်သည့် ဝါဆို၊ ရှိုဆို၊ ဦးဘို၊ သေဂီလာ၊ ဘောခါး၊ လေးခို၊ မောတူးဒါ၊ လေးချီ၊ ဟိုးချီ၊ တီရှောဒေး၊ ထီးအေခေါ်၊ ထီးဒေါ်ခေါ်နှင့် ထီးဝါးလေးရွာများတွင် နေထိုင်ကြသည်။
မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန် (စာ-၇၃၊ ၇၅)
ပကူးကရင်လူမျိုးများသည် ကယားပြည်နယ် မော်ချီးမိုင်းဒေသ၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ကရင်ပြည်နယ် သံတောင်ခရိုင်၊ ဘောဂလိ၊ စစ်စီးတောင်နှင့် ပြောင်သိုအရပ်ဒေသများတွင် နေထိုင်ကြသည်။
မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန် (စာ - ၇၁)၊ တိုင်းရင်းသားယဉ်ကျေးမှု...
ပကူးကရင်လူမျိုးများသည် ကယားပြည်နယ် မော်ချီးမိုင်းဒေသ၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ကရင်ပြည်နယ် သံတောင်ခရိုင်၊ ဘောဂလိ၊ စစ်စီးတောင်နှင့် ပြောင်သိုအရပ်ဒေသများတွင် နေထိုင်ကြသည်။
မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန် (စာ - ၇၁)၊ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ (ကရင်) (စာ-၃၀)
ဘွဲလူမျိုးများသည် ကရင်ပြည်နယ် သံတောင်မြို့နယ် တောင်ပေါ်ဒေသ တစ်လျှောက်တွင် အများအပြား နေထိုင်ကြပါသည်။
မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန် (စာ-၇၃၊ ၇၅)
ဘွဲလူမျိုးများသည် ကရင်ပြည်နယ် သံတောင်မြို့နယ် တောင်ပေါ်ဒေသ တစ်လျှောက်တွင် အများအပြား နေထိုင်ကြပါသည်။
မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများအဘိဓာန် (စာ-၇၃၊ ၇၅)
မောနေပွား ကရင်များသည်လည်း ပဲခူးတိုင်းဒေသကြီး တောင်ငူတွင်လည်းကောင်း၊ မြစ်ငန်ချောင်း အနောက်ဘက်ရွာများတွင်လည်းကောင်း နေထိုင်ကြသည်။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)၊ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ (ကရင်) (စာ-၃၀၊၃၆)
မောနေပွား ကရင်များသည်လည်း ပဲခူးတိုင်းဒေသကြီး တောင်ငူတွင်လည်းကောင်း၊ မြစ်ငန်ချောင်း အနောက်ဘက်ရွာများတွင်လည်းကောင်း နေထိုင်ကြသည်။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)၊ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ (ကရင်) (စာ-၃၀၊၃၆)
မိုးပွားလူမျိုးများသည် တစ်ချိန်က မွန်ပြည်နယ် ဒုံရင်းနှင့် သထုံခရိုင်များတွင် နေထိုင်ခဲ့ကြပြီး လူနေကျပ်တည်းသဖြင့် မူလ လာရာလမ်းအတိုင်း ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူဘက်သို့ ဆုတ်ခွာခဲ့ရကြောင်း၊ မိုးပွားလူမျိုးများသည် ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူခရိုင် မော်ချီးကားလမ်း မိုင်တိုင် ၂၀ အနီး ကရင်ပြည်...
မိုးပွားလူမျိုးများသည် တစ်ချိန်က မွန်ပြည်နယ် ဒုံရင်းနှင့် သထုံခရိုင်များတွင် နေထိုင်ခဲ့ကြပြီး လူနေကျပ်တည်းသဖြင့် မူလ လာရာလမ်းအတိုင်း ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူဘက်သို့ ဆုတ်ခွာခဲ့ရကြောင်း၊ မိုးပွားလူမျိုးများသည် ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူခရိုင် မော်ချီးကားလမ်း မိုင်တိုင် ၂၀ အနီး ကရင်ပြည်နယ် သံတောင်မြို့ နယ် မဲဖြူတိုက်၊ ဥသျှစ်ကုန်းနှင့် စည်ပင်ကြီးကျေးရွာတွင်နေထိုင်ကြသည်။
မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၀)၊ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ (ကရင်) (စာ-၃၀၊ ၃၆)
ပိုးကရင်လူမျိုးများသည် မြေပြန့်ဒေသများဖြစ်သည့် ပဲခူးတိုင်းဒေသကြီးရှိ ပြည်မြို့၊ ဒိုက်ဦး၊ ညောင်လေးပင်၊ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်၊ မြိတ်၊ မန္တလေးတိုင်းဒေသကြီးရှိ ရမည်းသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကသာခရိုင်၊ ရွှေဘိုနှင့် အောက်ချင်းတွင်းနယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ ဧရာဝတီတိုင်းဒေသကြီ...
ပိုးကရင်လူမျိုးများသည် မြေပြန့်ဒေသများဖြစ်သည့် ပဲခူးတိုင်းဒေသကြီးရှိ ပြည်မြို့၊ ဒိုက်ဦး၊ ညောင်လေးပင်၊ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်၊ မြိတ်၊ မန္တလေးတိုင်းဒေသကြီးရှိ ရမည်းသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကသာခရိုင်၊ ရွှေဘိုနှင့် အောက်ချင်းတွင်းနယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ ဧရာဝတီတိုင်းဒေသကြီးရှိ ကျောင်းကုန်း စသော ဒေသများတွင် ပျံ့နှံ့နေထိုင်လျက်ရှိကြပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် မြေပြန့်ပိုင်းတွင် အစုလိုက်အနွယ်လိုက် နေထိုင်ကြသည်။
၁၉၃၁ ခုနှစ်တွင် ပိုးကရင် (၄၈၇,၈၂၄) ဦးရှိသည်။ ပိုးကရင်များက သူတို့ကိုယ်ကို Ha-Fa-Lon ဟု ခေါ်ကြသည်။
Races of Burma (Page -76, 78)
၁။ Migration History (ဆင်းသက်ရောက်ရှိလာပုံသမိုင်းအကျဉ်း)
ကရင်လူမျိုးများ၏ ဆင်းသက်လာပုံ သမိုင်းရေးသားသည့် သမိုင်းစာအုပ်ဖော်ပြချက်အရ ကရင်လူမျိုးတို့သည် အနီးစပ်ဆုံး တရုတ်ယူနန်ပြည်နယ် မှနေ၍ ယခုလက်ရှိ ပြည်ထော...
၁။ Migration History (ဆင်းသက်ရောက်ရှိလာပုံသမိုင်းအကျဉ်း)
ကရင်လူမျိုးများ၏ ဆင်းသက်လာပုံ သမိုင်းရေးသားသည့် သမိုင်းစာအုပ်ဖော်ပြချက်အရ ကရင်လူမျိုးတို့သည် အနီးစပ်ဆုံး တရုတ်ယူနန်ပြည်နယ် မှနေ၍ ယခုလက်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟု ခေါ်သည့်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ BC- ၁၁၂၅ တွင်ပထမအကြိမ်နှင့် အဓိကလမ်း(၃) ကြောင်းဖြင့် ဝင်ရောက် လာကြောင်း သမိုင်းမှတ်တမ်းအရ သိရပါသည်။ ၎င်းတို့မှာ-
(၁) ရွှေလီ၊ ဧရာဝတီ
(၂) စစ်တောင်း၊ သံလွင်
(၃) မဲခေါင်၊ မဲနန်
မျိုးနွယ်စုအနေဖြင့် ပိုးကရင်သည် ပထမဦးဆုံးအသုတ်အဖြစ် ဝင်ရောက်လာကြောင်း မှတ်တမ်းအရ သိရှိခဲ့ရပါသည်။ ဒုတိယကရင်လူမျိုးစုအသုတ်အနေဖြင့် BC-၇၃၉ တွင်နောက်ဆုံးအဖြစ်ဖော်ပြပါ ဒေသများသို့ ဝင်ရောက်လာခဲ့ကြောင်း မှတ်တမ်းသိရသည်။ ဤတွင် စကောကရင်မျိုးနွယ်စုသည် ဒုတိယအသုတ်အဖြစ် ဝင်ရောက်ကြောင်း မှတ်တမ်းအရ သိရပါသည်။
တနင်္သာရီတိုင်း ဒေသကြီးအတွင်းသို့ ကရင်လူမျိုးစုအနေဖြင့် အထက်ဖော်ပြပါ BC-၁၁၂၅ မှစ၍ သံလွင်မြစ်ကြောင်းနှင့် မဲခေါင်-မဲနန် မြစ်ကြောင်းမှ တဆင့် မိမိတို့၏ ရိုးရာအသက်မွေးဝမ်းကြောင်းဖြစ်သည့် ရွှေ့ပြောင်းတောင်ယာစနစ်အရ တရွေ့ရွေ့ဖြင့် ရွှေ့ပြောင်းဆင်းသက်ရောက်ရှိ လာခဲ့သည်ဟု မှတ်တမ်းအရ သိရှိရပါသည်။
၂။ တနင်္သာရီတိုင်းဒေသကြီးအတွင်းကရင်လူမျိုးစုများ နေထိုင်ရာဒေသများ။
တနင်္သာရီတိုင်းဒေသကြီးတွင် လက်ရှိအချိန်တွင် လောင်လုံးမြို့နယ်မှ အပ ရေဖြူ၊ ထားဝယ်၊ မေတ္တာ၊ သရက်ချောင်း၊ ပုလော (ပုလောက်မြို့နယ်) မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း(ပြည်ကြီးမဏ္ဍိုင်) စသည်မြို့နယ်များတွင် ကျေးရွာနေရပ်အဖြစ်အခြေချ၍ နေထိုင်လျက်ရှိကြပါသည်။ အဆိုပါကျေးရွာများ စာရင်းကို ပူးတွဲပါအဖြစ် ဖော်ပြထားပါသည်။ ထို့အပြင်ကော့သောင်းမြို့နယ်တွင်လည်း ကရင်လူမျိုးတို နေထိုင်သည့် ကျေးရွာအချို့ရှိကြောင်း သိရသည်။ ထိုနည်းတူ တနင်္သာရီမြစ်၏ မြစ်ရိုးတလျှောက်နှင့် မြစ်ဝှမ်း တဖက်တချက်တွင်လည်း ပြည်ထဲရေးတွင်အမည်မပေါက်သော ရွာများစွာရှိကြောင်းသိရပါသည်။ ဘန်းချောင်း၊ခမောင်းသွယ်၊ ချောင်းဖျားဒေသများတွင်လည်း ရွာသေးရွာငယ်များရှိကြောင်း တွေ့ရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသားလူမျိုးများသည် များသောအားဖြင့် ပြည်ထောင်စုမော်တော်ကားလမ်း၏ အရှေ့ဘက် ထိုင်းနယ်စပ်အထိဒေသများ တွင် ကျေးရွာများဖြန့်ကျက်၍ အခြေချနေထိုင်ကြသည်ကို တွေ့ရပြီး မော်တော်ကားလမ်း၏ အနောက်ပိုင်းတွင် ကျေးရွာအခြေချမှု နည်းသည်ကို တွေ့ရသည့်အပြင် ပုလော မြို့နယ်တွင်၊ မလိကျွန်း၊ မြိတ်နောက်ပင်လယ်နှင့် ကျွန်းစုမြို့နယ်ပင်လယ်ပိုင်း ဒေသကျွန်းများပေါ်တွင်လည်း ကျေးရွာများစွာဖြင့် အခြေချနေထိုင်လာခဲ့ကြသည်ကို တွေ့ရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသားလူဦးရေစုစုပေါင်းမှာ ခန့်မှန်းခြေ (၃) သိန်းဝန်းကျင်ခန့်ရှိနိုင်ကြောင်း တွေ့ရှိရပါသည်။