“ကရင်လူမျိုးစုတို့၏ နေထိုင်ရာဒေသနှင့် ရိုးရာဓလေ့ထုံးစံများ”
ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများအနက် ကရင်လူမျိုးစုတို့သည် ထင်ရှားသော လူမျိုးစုကြီးတစ်စု ဖြစ်နေပေသည်။ ယနေ့ကမ္ဘာပေါ်ရှိ လူမျိုးကြီးတစ်မျိုးဖြစ်သော ကရင်လူမျိုးတို့သည်နေရာဒေသများနှင့်နိုင်ငံအသီးသီးတို့တွင်ရောက်ရှိနေထိုင်ကြသည်ကိုတွေ့မြင်ရလေသည်။ မြန်မာ နိုင်ငံရှိ အခြားသော တိုင်းရင်းသား လူမျိုးကဲ့သို့ပင် ကရင်လူမျိုးတို့သည် မြန်မာ့သမိုင်းပညာရှင်များ အခြားသောသုတေသီများ၊ရဟန်းရှင်ပုဂ္ဂိုလ်ကြီးများက တိုင်း/နိုင်ငံအများအပြားတွင် ပျံ့နှံ့စွာ နေထိုင်လျှက်ရှိကြသော် လည်း ၎င်းတို့၏ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှုဓလေ့၊ ဝတ်စားဆင်ယင်ပုံ ယဉ်ကျေးမှုဆိုင်ရာ “ထား” ခေါ် သီချင်း(ထာခေါဟ်)ပုံပြင်၊ ကဗျာအလင်္ကာတို့ကို ဆက်လက်ထိန်းသိမ်းပုံတို့တွင် တူနေကြသည်ကို ထောင့်ရှုခြင်းအားဖြင့်ရဟန်းရှင်လူ၊သမိုင်းပညာရှင်များ၏ကောက်နှုတ်ချက်ဖော်ပြချက်များအားမြစ်ရေအလျင်သည် တားဆီး ၍ရကောင်းသော်လည်း လူမျိုးတစ်မျိုး၏ စီးဆင်းမှုအလျင်သည် မည်သည့်အခါမျှအား တားဆီး၍ မရနိုင်ပေ။ ထို့ကြောင့် ကရင်လူမျိုးတို့သည် အမှန်ပင် လူမျိုးကြီးတစ်ခုမှ ဆင်းသက်လာသည်ဟုပင် ။
ကရင်လူမျိုးစုတို့၏ မူလနေထိုင်ရာဒေသနှင့် ဆင်းသက်လာရာ
ကရင်လူမျိုးစုများ၏ မူလဆင်းသက်လာရာအကြောင်းကို မဖော်ပြမီ၊ ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်အကြောင်းကို ဦးစွာဖော်ပြစေလိုပါသည်။ လူသားများစွာကို မျိုးနွယ်တစ်ခုတည်းမှ စတင်ဆင်းသက်ပေါက်ဖွားလာခြင်းဖြစ် သည်။ ထိုလူသားမျိုးနွယ်များ အနွယ်သုံးနွယ်အဖြစ် ခွဲထွက်လာခဲ့လေသည်။
ထိုမျိုးနွယ်စုများအနက်
(၁) ကောကေရှပ်အနွယ် (ဝါ)လူဖြူအနွယ်
(၂)မွန်ဂိုလီးယားအနွယ်(ဝါ)အသားဝါအနွယ်
(၃)နီဂရိုးအနွယ်(ဝါ)လူမဲအနွယ် စသည်တို့များဖြစ်သည်။
မွန်ဂိုလီးယား (ဝါ) လူဝါများမှာ တရုတ်ပြည်နှင့် ဆက်စပ်လျက်ရှိသည့် မွန်ဂိုလီးယားနိုင်ငံတွင် နေထိုင်ကြသူများ ဖြစ်သည်။ မွန်ဂိုလီးယားလူမျိုးဟုခေါ်ဝေါ်ပြီး များသောအားဖြင့် အာရှတိုက်နှင့် တောင်အမေရိကတိုက်တို့တွင် နေထိုင်ခဲ့ကြလေသည်။ မြန်မာနိုင်ငံသို့ မူလဆင်းသက်လာရာ လူမျိုးအနွယ်စုကြီး(၃)ခုအနက်မှ ထိုင်းတရုတ်လူမျိုးစုအနွယ်စုထဲတွင်ပြည်ထောင်စုမြန်မာနိုင်ငံတွင်တိုင်းရင်းသားလူမျိုးစုတို့တွင် ကရင်လူမျိုးများပါဝင်သည် ဟု သုတေသီများ လက်ခံထားကြသည်။
၂။ ကရင်လူမျိုးများမြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာရာတွင်
(က) ဧရာဝတီမြစ်ကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသတစ်လျှောက်နှင့် ပဲခူးရိုးမဒေသ တစ်ဝိုက်တွင် ပျံ့နှံ့နေထိုင်ခြင်း
(ခ) အချို့တွင် သံလွင်မြစ်ကြောင်းအတိုင်းလိုက်၍ကုန်းမြင့်ဒေသကိုဖြတ်ကျော်ကာတောင်ငူခရိုင်နှင့် တနင်္သာရီ တောင်တန်းတစ်လျှောက်တွင် ပျံ့နှံ့နေထိုင်ခြင်း၊
(ဂ) မဲခေါင်မြစ်ဝှမ်း၊ ရွှေလီမြစ်ဝှမ်းနှင့် မြစ်ကြောင်းများကို စုန်ဆင်းလျက် ရှမ်းပြည် ကုန်းမြင့်တွင် တစ်ချို့နေထိုင်ကျန်ရစ်ခဲ့ပြီး ကယားပြည်နယ်နှင့် တနင်္သာရီတောင် တန်းမှတဆင့် ယိုးဒယား(ထိုင်း)၊ လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံဘက်သို့ ပျံ့နှံ့နေထိုင်သွားခဲ့သည်ဟု သုတေသီများက ယူဆကြပေသည်။ ကရင်လူမျိုးများ ဘေဘီလုံမှ စတင်၍ (တနည်းဗာဗူလုန်) မြန်မာနိုင်ငံအတွင်းသို့ အောက်ပါအတိုင်း ပြောင်းရွှေ့ ဆင်းသက်လာခဲ့ကြလေသည်။
(၁) ဘေဘီလုံမှစတင်ထွက်ခွါ B.C-2234
မွန်ဂိုးလီးယားရောက် B.C-2197
(၂) မွန်ဂိုးလီးယားမှစတင်ထွက်ခွါ B.C-2017
အရှေ့ပါကစ္စတန်ရောက် B.C-2013
(၃) အရှေ့ပါကစ္စတန်မှထွက်ခွါ B.C-1866
တိဗက်ရောက် B.C-1864
(၄) တိဗက်မှထွက်ခွါလာချိန် B.C-1388
ယူနန်သို့ရောက်ရှိလာချိန် B.C-1385
(၅) ပထမကြိမ်(သို့)ပထမအသုတ်ယူနန်မှထွက်ခွါလာချိန် B.C-1285
မြန်မာပြည်သို့(ပ)ကြိမ်(သို့) ပထမအသုတ်ရောက် B.C-1125
(၆) ယူနန်မှဒုတိယအကြိမ်ထွက်ခွါလာချိန် B.C-741
မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအသုတ်ရောက်ရှိလာချိန် B.C-739
ဤသို့ဖြင့် ကရင်လူမျိုးစုများသည် ပထမအသုတ်ဘေဘီလုံ(ဗာဗူလုန်)မှ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိချိန် နှစ်ပေါင်း(၁၁၀၉)နှစ်ကြာ ဆင်းသက်လာခဲ့ ရလေသည်။ (ပထမအသုတ်ကြာချိန်)
ဒုတိယအသုတ်တွင် နှစ်ပေါင်း(၁၄၉၅)နှစ်ကြာအောင် ဆင်းသက်လာခဲ့ရလေသည်။ ယခု လက်ရှိကရင်လူမျိုးစုတို့ အတည်ပြုသုံးစွဲနေသော ကရင်ခုနှစ်သက္ကရာဇ်သည် ယူနန်မှ မြန်မာနိုင်ငံ အတွင်းသို့ ကရင်လူမျိုးစုတို့ ဒုတိယအသုတ်ရောက်ရှိလာသော ခုနှစ်ကို မှတ်ယူခြင်းဖြစ်သည်။
မြန်မာပြည်အတွင်းသို့ ဒုတိယအသုတ်ကရင်လူမျိုးစုတို့ ရောက်ရှိလာသော (B.C 739) ခုနှစ်နှင့် လက်ရှိရောက်ရှိနေဆဲ ခရစ်ခုနှစ်သက္ကရာဇ်နှင့် ပေါင်းချုပ်
(ဥပမာ- ကရင်လူမျိုးစုများ နောက်ဆုံးရောက်ရှိသော (B.C -739+ခရစ်နှစ် 2023-2762) သည် ယနေ့ထိတိုင် ကရင်လူမျိုးစုများတို့၏ ခုနှစ်သက္ကရာဇ်ပင် အသုံးပြုနေလေတော့သည်။ ကရင်လူမျိုးစုတို့၏ ရှေးကဗျာ၊ အလင်္ကာများနှင့် ရှေးဟောင်းပုံပြင်များအရ တစ်ချိန်က “ထီ့ဆယ်မယ်ယွာ” ရေထိုးသဲစီးဟု ခေါ်သော အရပ်ဒေသမှာ ကရင်လူမျိုးခေါင်းဆောင်ကြီး “ထော်မဲပါ” ဟူသော ပုဂ္ဂိုလ်ကြီးနှင့်အတူ ယင်းဒေသတွင် နေထိုင်ခဲ့ကြသည်ဟုလည်းကောင်းယံစီမြစ်၊ မဲခေါင်မြစ်၊ သံလွင်မြစ်နှင့် သုံးသွယ်သော မြစ်ဖျားခံရာဒေသသည် ကရင် လူမျိုးများ၏ မူရင်းဒေသဖြစ်သော “ထီ့ဆယ်မယ်ယွာ” ဒေသပင် ဖြစ်ပါတော့သည်။ သုတေသီ များက “ထီ့ဆယ်မယ်ယွာ” သည် တရုတ်ပြည်မြောက်ဘက်ရှိ “ကိုဘီ” (သို့) သဲကန္တာရ ရှိရာ ဒေသများ၌ ဖြစ်တန်ရာသည်ဟု လည်းကောင်း၊ကရင်လူမျိုးစုတို့သည် အာရှအလယ်ပိုင်း မွန်ဂို အမျိုးအနွယ်ကြီးမှ မွန်ဂိုးလီးယား၊ တိဗက်၊ ယူနန်စသည်တို့ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံ အတွင်းသို့ အချိန်များစွာ ပို၍ စောစေကာမူ ကရင်လူမျိုးစုတို့သည် မြန်မာတို့ထက် ဦးစွာရောက် ရှိသူများဖြစ်ကြောင်း သုတေသီများ ဖော်ပြကြသည်ကို တွေ့ရှိရလေသည်။ ကရင်လူမျိုးစုတို့သည် သံလွင်မြစ်၊ မဲခေါင်မြစ်အတိုင်း မြောက်မှတောင်သို့ ဆင်းသက်လာကြပြီး အေဒီ၇ရာစုနှင့် ၈ရာစု ခန့်တွင် ရမည်းသင်းနှင့် တောင်ငူခရိုင်၊ ရွှေကျင်၊ မြစ်ဝကျွန်းပေါ်ဒေသဘက် ဆီသို့လည်းကောင်း၊ တဖန်တောင်ဘက်သံလွင်မြစ်ကြောင်းအတိုင်း တနင်္သာရီကမ်းမြောင်ဒေသ ဘက်ဆီသို့လည်း ကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းအတွင်းသို့သရေ ခေတ္တရာ မပျက်မီအချိန်ကပင် ဝင်ရောက် နေထိုင်ခဲ့ကြသူများဖြစ်ပြီး ၄င်းတို့က မွန်ဂိုလူမျိုးအနွယ်များဖြစ်သည် ဟုဆိုခြင်းက ပို၍ ခိုင်လုံလျက်ရှိကြောင်း တွေ့ရှိရပေသည်။
မည်သို့ပင်ဆိုစေ ကရင်လူမျိုးစုအပါအဝင် လူမျိုးနွယ်စုတို့တွင် တိဗက်ကုန်းမြင့်မှ တောင်ဘက်သို့ စစ်တောင်းမြစ်၊ သံလွင်မြစ် ၊ ဧရာဝတီမြစ်၊ မဲခေါင်မြစ်စသည်အတိုင်း ဆင်းသက်လာ ကြပြီး မြန်မာနိုင်ငံအတွင်းသို့ အခြားသောတိုင်းရင်းသားလူမျိုးများတို့နှင့် စည်းလုံးညီညွှတ်စွာ နေထိုင်လာခဲ့ကြသည်ကို ကြည့်ရှုခြင်းအားဖြင့် မူလအစကပင် လူမျိုးစုတစ်နွယ်တည်း ဖြစ်ကြသည်ဟူသော သုတေသီတို့၏ အဆိုပြုချက်သည် ခိုင်လုံလျက်ရှိ နေပေသည်။
ကရင်လူမျိုးစုတို့သည် မူလနေထိုင်ရာ “ထီ့ဆယ်မယ်ယွာ” ဟုခေါ်ဆိုသော (သို့) နေထိုင်ခဲ့ ဘူးသော အရပ်ဒေသသည် တရုတ်ပြည်မြောက်ဘက်ရှိ “ကိုဘီ” သဲကန္တာရရှိရာ လွင်ပြင် ၏ မြောက်ဘက်တည့်တည့်တွင် မွန်ဂိုလီးယားအရပ်ဒေသတည်ရှိသည်ဟု ဆိုကြလေသည်။ ၎င်းမွန်ဂိုးလီးယားအရပ်ဒေသ၌ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ရောက်ရှိလာကြသည်ကို ရှေးလူကြီးအဆက်ဆက်မှ ယနေ့ထိတိုင် အောက်ပါ ရှေးကဗျာ အလင်္ကာတစ်ပုဒ်တွင် တွေ့ရှိရလေသည်။
“ဖုံဆိုဒ်ဖေါဟ်အ်ုထါ်မူ.လာ” (အသံထွက်) ဖလုံဆိုဖိုး အထိုင်မူ့လာ
“ဟှယ်စာင်းလင်ထီ့ဆေဝ်မေဝ်ယွာ” (အသံထွက်) ဟယ်စိုင်းလောင်ထီ့ဆစ်မီယွာ
“ယိက်ယုဂ်လာ.ထာကဝ်ပီလာ” (အသံထွက်) ယိုက်ယောက်လားထာကော်ပီလာ။
အဓိပ္ပါယ်ကား ကရင်လူမျိုးစုတို့သည် မူရင်းဌာနီ “ထီ့ဆယ်မယ်ယွာ”မှ ဆင်းသက် လာကြပြီး ကမ္ဘာဦးအစ ကြာ ညောင်းခဲ့လေပြီဟု ဆိုလေသည်။
သုတေသီများအဆိုအရ ကရင်လူမျိုးစုတို့သည် မူလမွန်ဂို၊ တိဗက်၊ ထီ့ဆယ်မက်ယွာ အရပ်ဒေသမှ ဆင်းသက်လာခဲ့ကြပုံနှင့် အထက်ပါတင်ပြခဲ့သည့်အတိုင်း အခြားတိုင်းရင်းသား လူမျိုးစုများနှင့်အတူ မိမိတို့၏ ဘာသာ စကား ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း(သို့) စာပေများ ရှိခဲ့ကြ သည်ဆိုရာဝယ် “ထား” ခေါ် သီချင်း၊ တေး၊ ကဗျာ၊ အလင်္ကာ၊ ပုံပြင်များကို ပြောဆိုရွတ်ဆိုသော အတတ်ပညာရပ်နှင့်အတူ ဆင်းသက်လာခဲ့ရာမှ သုဝဏ္ဏဘူမိ(သထုံပြည်) မနူဟာမင်းလက်ထက် ဘုရားသာသနာထွန်းကားချိန်၌ -
(၁) (ခရစ်နှစ်၁၀၄၄၊အနော်ရထာနန်းတက်)ခရစ်နှစ်၁၀၅၇ခုနှစ်သထုံကိုသိမ်းပိုက်ကြောင်း (နန်းသက်၃၃ နှစ်)
ခရစ်နှစ် ၁၀၇၇ ခုနှစ် အနောရထာ နတ်ရွာစံ (ပုဂံမင်းဆက်ရာဇဝင်၊ တင်နိုင်တိုး စာနာ ၅၇)
(၂) သာသနာတော်နှစ်၁၆၀၁ခုနှစ်၊သက္ကရာဇ်၄၁၉ခုနှစ်၊အနော်ရထာမင်းကြီးသထုံပြည်ကိုအောင်နိုင်၍ပိဋကတ် တော်နှင့်တကွ ရဟန်းသံဃာတော်များ ပုဂံပြည်သို့ ပင့်ဆောင်သာသနာပြုသည်ဟု(သာသနာအလင်္ကာရ ကျမ်းစာအုပ်၊စာနာ၇၀-၇၃)
(၃) မြန်မာသက္ကရာဇ် ၄၁၉ခုနှစ်၊ ခရစ်နှစ် ၁၅၀၇ခုနှစ် အချိန်လောက်က သထုံပြည့်ရှင် မနူဟာမင်းက ပုဂံပြည့် ရှင် အနော်ရထာမင်းကို စစ်ရှုံးရာတွင်အမှုတော်ထမ်း ကရင်အမတ်ကြီး“ဖူ့ဒိုက်ကော်”(မာန်ဒိုင်)နှင့်တပည့် (၄၀)တို့က သထုံပြည်မှ သံလွင်မြစ်ကို ဖြတ်ကျော်ကာ ယိုးဒယားနယ်စပ် ဌာန့်ဝအရပ် (ကျောက်ခေါင်း) သို့ ပြောင်းရွှေ့နေထိုင်ပြီး ၎င်းတို့က ကရင်ဘာသာပြန် ပိဋကတ်စာပေများကို အသက်ထက်ဆုံး သင်ကြားပေးခဲ့ သည်။
(၄) ၇ ရာစုနှစ်မတိုင်မီကတည်းက သထုံနှင့်မုတ္တမတို့တွင် အိန္ဒိယကုန်သည်များက ကူးသန်းရောင်းဝယ်ရှိခဲ့ကြ ပြီး၎င်းအချိန်လောက်ကတည်းက မွန်နှင့် ကရင်တို့က မိမိတို့၏ ဘာသာစကား အသံထွက်အတိုင်းပေါ်လွင် အောင် ပလ္လဝအက္ခရာ အရေး အသားကို ရေးသားသည့် စာရေးနည်းပညာရရှိ ခဲ့သည်ဟုဆို။ (ဖူ့နဲစဗို အတ္ထု ပ္ပတိ၊ မန်းနဲစံဘားအံ စာနာ-၂)
(၅) ဗုဒ္ဓဘာသာပိုးကရင်စာပေသည် လွန်ခဲ့သော နှစ်ပေါင်း (၉၀၀)ကျော်ခန့် ကတည်းကရှိခဲ့ပြီး ရှေးအကျဆုံး ဖြစ်သည်။ သထုံပြည်ကြီးတွင် မနူဟာမင်း အုပ်စိုးစဉ် ကရင်အမတ်ပညာရှိ မာန်ဒိုင်း ခေါ် “ဖူ့ဒိုက်ကော်” သည် မွန်စာ၊ ပါဠိစာ တို့ကို ကောင်းစွာ တတ်မြောက်ပြီး ပိဋကတ်(၃)ပုံကို ကရင်လူမျိုး များ ဖတ်ကြားနာယူ နိုင်ရန် အလုံးစုံကိုကရင်ဘာသာဖြင့်ပြန်ဆိုပေးခဲ့၏(ဖူ့ကျိုက်ဇာဂရ၊ ထေရုပ္ပတ္တိ ဖြစ်တော်စဉ်၊ မန်းသင့်နောင် စာနာ-၇၈)
(၆) ရှေးနှစ်ပေါင်း ၁၀၀၀ အထက်က သထုံပြည် မနူဟာမင်းထံပါး ခစားနေသော ကရင်အမတ်ကြီး မာန်ဒိုင်း ခေါ်“ဖူ့ဒိုက်ကော်”သည် ပါဠိပိဋကတ်များကို ကရင်ဘာသာ ပြန်ဆိုရေးသား၍ သာသနာပြုခဲ့ကြောင်း သီလ က္ခန္တ ဝဂ္ဂ ပါဠိကျမ်းပြု ဆရာ အဆိုတစ်ရပ်နှင့် အေဒီ၁၇၉၄ခုနှစ် ကရင်အမျိုးသား ရဟန်းတော်အရှင်နန္ဒမာလာ “ ဖူ့ကျိုက်တာမိုက်” သည် ဂျိုင်းအရပ်တွင် ကျောင်းတည်၍ မိမိ အမျိုးသားတို့အား မြတ်ဗုဒ္ဓဟောကြားတော်မူ သောဓမ္မဒေသနာတော်များကို လမ်းမှန်ကျ အောင်ဟောကြားညွှန်ပြဆုံးမတော်မူသည်ဟူသော (သုပတ်သုတ လင်္ကာ)ကျမ်းပြု အဆိုတို့ကို လေ့လာသုံးသပ်ကြည့်ပါက ကရင်တိုင်းရင်းသားများ၊ အမျိုးသား စာပေ၊ ခေတ် ရေစီးကြောင်းသည် မည်မျှရှေးကျခဲ့ကြောင်း သိရှိပေသည်။ (ကရင်ပြည်နယ်မဂ္ဂဇင်း၊ ၅၃ခု နှစ် မြောက် အထိမ်းအမှတ်၊ ၂၀၀၈၊ စာနာ-၇၁မှ ၇၅ထိ)
(၇) သထုံမြို့တော် ပျက်စီးပြီးနောက် မာန်ဒိုင်း ခေါ် “မွန်ဒုန်း”ကရင်အမတ်ကြီးတစ်ဦးက ကရင်ဘာသာဖြင့် ပြန်ဆိုရေးသားထားသော ပိဋကတ်တော်များကို နှမြော ပျောက်ပျက်မှာစိုးသဖြင့် ဌာန့်ဝ( ယိုးဒယား) နယ် စပ်သို့ တိမ်းရှောင်ပြီး တပည့်သား အယောက်(၄၀)က ကရင်စာပေထုပ်များကို ချွေးတလုံးလုံးဖြင့် ထမ်းပိုး သွားကြသည်။ ထိုစာပေများဖြင့် ကရင်လူမျိုးတို့အား သင်အံဖတ်ရှုလာခဲ့ သည်မှာ ခေတ်အဆက်ဆက်ကပင် ဖြစ်သည်။(ကရင်ရိုးရာသုတပဒေသာ၊ မန်းလင်းမြတ်ကျော်၊ စာနာ-၃၇ မှ ၃၉ထိ၊ ဒဂုံစာတိုက်၊ ရန်ကုန်မြို့)
အထက်ပါပြဆိုခဲ့သော ကရင်စာပေ၊ ဘာသာစကားအား ခေတ်အဆက်ဆက်က ဆင်းသက်လာရာအကြောင်းကို လေ့လာမှတ်သား သုတေသနပြုခြင်းအားဖြင့် ကရင်အမျိုးသား စာပေအကြောင်းကို သိရှိနိုင်ပါသည်။
ယခုမျက်မှောက်ခေတ် ကရင်စာပေများတွင်
(၁) ဖုံလိက်ထူ့လီ ခေါ် ရှေးဟောင်းကရင်စာပေ
(၂) မြိုင်ကြီးငူဆရာတော် ပြန်လည်ဖော်ထုတ်သော လေကွယ်ကော်စာပေ
(၃) နှစ်ခြင်းဘာသာ စကောကရင်စာပေ
(၄) နှစ်ခြင်းဘာသာ ပိုးကရင်စာပေ
(၅) ရောမအက္ခရာ စကောကရင်စာပေ
(၆) ဗုဒ္ဓဘာသာ စကောကရင်စာပေ
(၇) ဗရင်ဂျီဘာသာ စကောကရင်စာပေ
(၈) လဲကယ်ဘာသာ ကရင်လိုက်ဆန်ဝှေ့စာပေ
(၉) မြန်မာအက္ခရာအခြေခံ ပိုးကရင်စာပေ
(၁၀) ဗုဒ္ဓဘာသာ ကရင်စာပေဟူ၍ လေ့လာသိရှိရပါသည်။ ရှေးကျသော ကရင်စာပေ အရေးအသားများကို လေ့လာရာတွင် မည်သည့်အချိန်ကတည်းကရှိနေကြောင်း၊ မည်သူက တီထွင်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထား မတွေ့ရှိသေးပေ။ သို့သော် ယင်းစာရေးခြင်း နည်းပညာကို မနူဟာမင်းထံပါးခစားသော အမတ်ကြီးပိုးကရင်လူမျိုး (ဖူ့ဒိုက်ကော်) အမည်ရှိသူက တီထွင်ခဲ့သည်ဟု အဆိုရှိပါသည်။
ကရင်လူမျိုးတို့သည် ရှေးဟောင်းပင်ရင်းမျိုးနွယ်စု(၃)စုမှ ပျံ့နှံ့လာခဲ့ကြောင်း ဆိုကြသည်။ ၄◌င်းတို့တွင် ကော့ကေးရှပ်အနွယ်၊ မွန်ဂိုးလီးယားအနွယ်၊ နီဂရိုးအနွယ်တို့ဖြစ်သည်။
(၁) ကော့ကေးရှပ်လူဖြူမျိုးနွယ်တို့၏ ပုံပန်းသဏ္ဍာန်မှာ
(က)ဘဲဥပုံ မျက်နှာသွယ်ပြီး မေးချွန်သည်
(ခ) နှာခေါင်းကြီးသည် ရှည်ပြီး ချွန်သည်
(ဂ) ဆံပင်ပျော့သည် ကောက်ပြီး ပါးသည်
(ဃ)မျက်လုံးပြာသည်
(င)ခြေသလုံးမရှိ
(စ)အများအားဖြင့် အသားဖြူသည်။
(၂) မွန်ဂိုလီးယား အသားဝါအနွယ်ပုံပန်းသဏ္ဍာန်
(က)မျက်နှာကျယ်ပြီး ဝိုင်းသည်
(ခ) မေးရိုးဖောင်းပြီး ကားသည်
(ဂ) မျက်လုံး မည်းသည်
(ဃ)နှာခေါင်းပွပြီး ကျယ်သည်
(င) ဆံပင်မဲသည် ဖြောင့်သည်
(စ) ခြေသလုံးရှိသည် ကြီးသည်
(ဆ)အများအားဖြင့် အသားဝါသည်
(၃) နီဂရိုးအသားမဲအနွယ် ပုံပန်းသဏ္ဍာန်
(က)နှခေါင်းအနည်းငယ် ပြားသည်
(ခ) မေးရိုးအနည်းငယ် ကွေးသည်
(ဂ) နှုတ်ခမ်းထူသည်
(ဃ)ဆံပင်ကောက်ကွေးပြီး ထူသည်
(င)အသားမဲနက်သည်။
အဆိုပါဖောပြခဲ့သော လူသားမျိုးနွယ်စု (၃)စုအနက်မှ ကရင်လူမျိုးစုတို့သည် မွန်ဂိုလီးယား အသားဝါ ပုံသဏ္ဍာန်အနွယ်ဝင် လူမျိုးစုတို့မှ ခွဲထွက်လာသော လူမျိုးစုဟု ဆိုနိုင်ပါသည်။ မွန်ဂိုလီးယားအနွယ် မွန်ဂိုလူမျိုးမှ ခွဲထွက်သော တူရကီယန်း၊ အက်စတိုးနီးယန်း၊ ဖင်လန်၊ အက်စကီးမိုး၊ အမေရိကန်၊ အင်ဒီးယန်း၊ မက္ကဆီကို ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ မြန်မာ၊ ယိုးဒယား၊ မလေးရှားစသော လူမျိုးများ ဖြစ်လာသည်။ ထိုသို့သော လူမျိုးနွယ်စုများတို့တွင် မြန်မာနိုင်ငံ အတွင်းရှိ ကရင်လူမျိုးစုများလည်း ဤသို့နယ်ပင်။
မြို့ပြနှင့် အလှမ်းဝေးကွာသော ကျေးလက်ဒေသများတို့တွင် ရိုးရာဓလေ့ ရှေးမူမပျက် အမြဲဝတ်ဆင်ကြသော်လည်း မြို့ပြနှင့်ကူးလူးသွားလာကြသော ကရင်လူမျိုးစုတို့သည် ခေတ်နှင့် အညီ လျော်ညီအောင် အမျိုးမျိုးဝတ်ဆင်လေ့ရှိကြသည်။ အမျိုးသားများတွင် သင်တိုင်းခါးရှည်၊ အနီရောင်ပေါ်တွင် အဖြူနှင့်အပြာ အစင်းဖော်၍ ရက်လုပ်ကြသည်။ ၄◌င်းသင်တိုင်းကို ခေါင်းမြီး ချုံစွပ်၍သော်လည်းကောင်း၊ ရင်ခွဲပြီးခါးသိမ်ချုပ်ခြင်း၊ အဖြူရောင်အင်္ကျီအပေါ်ထပ်၍ ဝတ်ဆင် ခြင်းများ ရှိလေသည်။
အသက်အရွယ်များအလိုက် ကလေး၊ လူကြီး၊ လူပျို၊ အအို၊ အရောင်အဆင်း၊ အနုအရင့်များ ရက်လုပ်၍ ဝတ်ဆင်လေ့ရှိကြသည်။ အမျိုးသာဝတ်လုံချည် ရက်လုပ်ရာတွင်လည်း ဤနည်း အတိုင်းပင်။
အမျိုးသမီးများတို့တွင် အသက်အရွယ်အလိုက် အောက်ပိုင်းထဘီကို ဝတ်ဆင်ကြသော် လည်း ကလေးသူငယ်အရွယ်နှင့် အပျိုဖော်အရွယ် (အပျို)တို့တွင် မိမိကြိုက်နှစ်သက်ရာ သင်တိုင်း ရှည်ကို အရောင်အဆင်းအမျိုးမျိုးနှင့် ခေတ်နှင့်အညီ သူ့ထက်ငါ အသစ်အဆန်းဝတ်ဆင်လေ့ရှိ ကြသည်။
အဆိုပါ အမျိုးသမီးများအင်္ကျီကိုမူ ခေါင်းစွပ်သင်တိုင်းများသာ ဝတ်ဆင်ရသည်။ ရင်ကွဲ၊ ရင်စေ့၊ ရင်ဖုံးများ မဝတ်ဆင်ရ၊ ကရင်လူမျိုးတို့၏ ရိုးရာအဝတ်အစားတို့တွင် ထူးခြားမှုမရှိသော် လည်း နေ့ထူးနေ့မြတ် ရိုးရာပွဲတော်ရက်များတွင် စုံစုံလင်လင် ဝတ်ဆင်လေ့ရှိကြသည်။ အဝတ်အထည်များတွင် မြန်မာလက်ရက်ကန်း၊ စက်ယက္ကန်းနှင့် ရိုးရာဂျပ်ခုပ်အဝတ်အထည် များကို ရက်လုပ်ဝတ်ဆင်ကြသည်။ အမျိုသမီးဝတ် ရိုးရာထဘီများကို “ထူရူ့ဏီး”ခေါ် ရိုးရာထဘီကို ဂျပ်ခုပ်ဖြင့် ရက်လုပ်ပြီး ဝတ်ဆင်ရသည်။ အမျိုးသမီးရိုးရာထဘီများကို အောက်ပါ အတိုင်း ခေါ်ဝေါ်လေ့ရှိကြသည်။
(၁) “ထူရူ့ဏီး” ရိုးရာထဘီ မြန်မာအသံထွက် ထူလူ့ဏီး
(၂) “ဏီးသိုင့်ဆယ်၊သိုင့်ဆင့်”မြန်မာအဓိပ္ပာယ် အဆင့်သုံးဆင့်အမျိုးသမီးဝတ်ထဘီ
(၃) “ထိုးခိုင့်စား” မြန်မာအဓိပ္ပာယ် အောက်ချင်းငှက်မေး၊ယင်းထဘီသည် နှစ်ဆင့်ထဘီဖြစ်သည်။
(၄) “လိုက်ကျူးမင်း” မြန်မာအဓိပ္ပါယ် စွန်လက်သည်း(သို့) မြားဦးသဏ္ဍာန်များ ပါရှိသည်။
(၅) “ဏီးလောင့်ဝေါ်” မြန်မာအဓိပ္ပာယ် အမျိုးဝတ်ထဘီများကိုဆိုလိုသည်။
အမျိုးသမီးဝတ်သင်တိုင်း အင်္ကျီသုံးမျိုးသုံးစားရှိသည် ၎င်းတို့တွင်
(၁) “ချိုင့်ခလုံးလား” ညောင်ရွက်လည်ပင်းပေါက်ပါသော သင်တိုင်းကို (အသက်ကြီးဝါရင့်သူများသာ ဝတ်ဆင်)
(၂) “ချိုင့်ကီး” ခေါ် ချိတ်အဆင်များဖော်၍ ယက်လုပ်ထားသော အပျိုများ ဝတ်ဆင်လေ့ရှိသည်။
(၃) “ချိုင့်ရှောင်(သို့) ကလူးသာအောင်သာ” ကော်ဝိုင်ထော့ခေါ် ဖားစည်ပုံ၊ အင်းကွက်ပုံ၊ လေးညင်းပွင့်ပုံ၊ လွှသွားပုံစသည် အဆင်အမျိုးမျိုး အရောင်အမျိုးမျိုး တို့ဖြင့် ယက်လုပ်ကြပြီး အထက်ပါ “ဏီးသိုင်ဆောင့်” ခေါ်သော သုံးဆင့်ဆက် ထားသည့် ထဘီကိုသာ ကရင်အမျိုးသမီးများ ဝတ်ဆင်လေ့ရှိကြသည်။
နိုင်ငံသားတိုင်းသည် မိမိ၏ယုံကြည်ရာ ကိုးကွယ်မှုဆိုင်ရာကို လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ရှိသည်ဟူသော ဥပဒေပြဌာန်းချက်မျ...
ဆက်လက်ဖတ်ရှု့ရန် နိုင်ငံသားတိုင်းသည် မိမိ၏ယုံကြည်ရာ ကိုးကွယ်မှုဆိုင်ရာကို လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ရှိသည်ဟူသော ဥပဒေပြဌာန်းချက်များနှင့်အညီ ကရင်လူမျိုးစုတို့သည် နတ်များ ယုံကြည်ကိုးကွယ်သော အစဉ်အလာမှ ဆင်းသက်လာသည်ဟု ဆိုကြလေသည်။
ယနေ့ ခေတ်ကာတွင် ကရင်လူမျိုးစုတို့သည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ လဲကယ်ဘာသာနှင့် တလာဂုဏ်ဘာသာအပါအဝင် နတ်ကိုးကွယ်ယုံကြည်မှုများ အနည်းငယ်ရှိလေသည်။ အများစုက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြလေသည်။
ရှေးအုပ်ချုပ်မှုအစဉ်အလာတွင် လူမျိုးစုတို့၏ လူနေမှုစနစ်သည် စုပေါင်းလုပ်ကိုင်စား သောက်ခြင်း၊ စုပေါင်းအမဲလိုက်ခြင်း၊ စီးပွါးရေးအတွက်မဟုတ်ဘဲ အိမ်ထောင်စုအသိုင်းအဝိုင်း အတူတကွ စားသုံးရန်အတွက်သာ ဖြစ်သည်။...
ဆက်လက်ဖတ်ရှု့ရန်ရှေးအုပ်ချုပ်မှုအစဉ်အလာတွင် လူမျိုးစုတို့၏ လူနေမှုစနစ်သည် စုပေါင်းလုပ်ကိုင်စား သောက်ခြင်း၊ စုပေါင်းအမဲလိုက်ခြင်း၊ စီးပွါးရေးအတွက်မဟုတ်ဘဲ အိမ်ထောင်စုအသိုင်းအဝိုင်း အတူတကွ စားသုံးရန်အတွက်သာ ဖြစ်သည်။ ရရှိလာသော သားရဲတိရစ္ဆာန်၏ ဦးခေါင်းကို မိမိခေါင်းဆောင်အတွက် ပေးကမ်းလျှက်ရှိသည်။ ရှေးအခါက ကရင်လူမျိုးတို့သည် အေးချမ်းစွာ နေထိုင်လျက်ရှိပြီး စီးပွါးရေး၊ လူမှုရေး လိုအပ်ချက်များ ရှုပ်ထွေးခြင်းမရှိချေ။ ထို့ကြောင့်လည်း တရားစီရင်ရေး၊ အုပ်ချုပ်ရေးတွင် အလွန်ကျဉ်းမြောင်းလှပေသည်။ ကျေးရွာတစ်ရွာတွင် အရှေ့ပိုးကရင်ဘာသာဖြင့် “တဝေါင့်ခိုး”၊ “ပေါ်ခိုး”၊ “ဘုံးခိုး” ဟူ၍ သတ်မှတ်ကြလေသည်။ “တဝေါင့်ခိုး” ကျေးရွာလူကြီးသည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ဦးဆောင်ရသည်။ “ပေါ်ခိုး” က အမျိုးသားရေးရာ၊ ကျေးရွာရိုးရာတို့ကို တာဝန်ယူရပြီး “ဘုံးခိုး” ကတော့ ကုသိုလ်ရေး၊ အလှူအတန်းအရေးကိစ္စများကို စီမံရသည်။ ၄◌င်းတို့ကျေးရွာအကြီးအကဲ များ ရွေးချယ်ရာတွင် မျိုးရိုးကောင်းခြင်း၊ အမျှော်အမြင်ရှိ၍ ရဲရင့်တည်ကြည်ခြင်းနှင့် သမာဓိရှိသူ တို့ကို အခြေခံ၍ ရွေးချည်တင်မြောက်ကြသည်။
ဆက်လက်ဖတ်ရှု့ရန်
ကရင်လူမျိုးစုတို့သည် အခြားတိုင်းရင်းသားများနှင့်အတူ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင် ယဉ်ကျေမှုအမွေအနှစ်များ ရှိကြသည်ဟုဆိုရာတွင် ကရင်ဒုံးအကသည် အထင်ရှားဆုံး ဖြစ်သည်။ ကရင်လူမျိုးတို့၏ ဒုံးကပြရာတွင်လည်း တီးခတ်မှုတူရိယာပစ္စည်းများတွင် ကျွဲချို၊ ဖားစည်သည် ကရင်လူမျိုးတို့၏ သင်္ကေတအမှတ်အသားတစ်ခုအဖြစ် ထားရှိခဲ့လေသည်။ ဖားစည်တွင် ကရင် လူမျိုးတို့ အမြတ်တနိုးတန်ဖိုးထားသော ပစ္စည်းဟု ဆိုနိုင်ပေသည်။ ကျွဲချိုနှင့် ဖားစည်အပြင် အခြားသော တူရိယာပစ္စည်းများဖြင့် ကရင်ဒုံးကရာတွင် တွဲဖက်တီးခတ် အသုံးပြု လေ့ရှိပေသည်။ သို့သော် ဒေသအလိုက် အမျိုးအစားကွဲပြားသော တူရိယာပစ္စည်းအနည်းငယ် ရှိသည်။ ပိုးကရင်လူမျိုးများဖြစ်ကြသော အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ လဲကယ်ဘာသာဝင် ပိုးကရင်နှင့် တလာဂုဏ်ဘာသာဝင် ပိုးကရင်တို့အားလုံး အသုံးပြုသော တူရိယာပစ္စည်းများသည် အတူတူဖြစ်သည်။ အရှေ့ပိုးကရင်တို့၏ ကိုယ်ပိုင်တူရိယာပစ္စည်းများမှာ ဒုံးကရာတွင် အသုံးပြု သော ကျွဲချို၊ ဖားစည်၊ မောင်း၊ နှဲ၊ အိုးစည်၊ ဘင်၊ လင်းကွင်းစသော တူရိယာ(၇)မျိုးဖြစ်သည်။ အခြားသော တူရိယာများတွင် စောင်းခေါ် “ဏာဒိန်”၊ ပီဘာ၊ သောင့်ထွန်၊ ဂိန်၊ ပေါ်ကူး၊ ခနာ၊ ပတ္တလား၊ ထားခေါ် ဗုံရှည် စသည်တို့ဖြစ်သည်။ ဤသို့ ကရင်လူမျိုးတို့ ဒုံးကရာတွင် အသုံးပြု သောတူရိယာများသည် သာယာနာပျော်ဖွယ်ကောင်းသော အသံရှိနေလေသည်။ ရှေးဒုံးအကကို မူလတီထွင်ခဲ့သော မျိုးနွယ်စုမှာ အရှေ့ပိုးကရင်များပင် ဖြစ်သည်။ ကရင်လူမျိုးတို့၏ ဖားစည်သည် အမျိုးသားယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် သိမ်းဆည်းထားလေ့ရှိသော တူရိယာတစ်မျိုးဖြစ်သည်။ ဖားစည်ဟုခေါ်ဆိုရခြင်းမှာ စည်၏ မျက်နှာပြင်ပေါ်တွင် ဖားရုပ်များပါရှိခြင်းကို အစွဲပြု၍ ခေါ်ဆိုကြခြင်း ဖြစ်သည်။ ၎င်း တို့ဖားစည်ကို မျက်နှာပြင်ပေါ်တွင် တစ်ကောင်မှ သုံးကောင်ထပ်အထိ ဖားရုပ်များ တပ်ဆင်လေ့ရှိသည်။ ဖားစည်ကို ကျေးရွာအတွင်း လူစုရာတွင်လည်းကောင်း၊ မင်္ဂလာအခမ်း အနားတွင်လည်းကောင်း အသုဘအခမ်းအနားတွင်လည်းကောင်း ဖားစည်ကို တီးခတ်ပြီး အသုံးပြုလေ့ရှိသည်။
ဆက်လက်ဖတ်ရှု့ရန်
ကရင်လူမျိုးစုတို့ ရိုးရာဓလေ့များသည် ဒေသတစ်ခုနှင့်တစ်ခု မျိုးနွယ်စုတစ်စုနှင့်တစ်စု ဘာသာအယူဝါဒ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း တစ်ရွာနှင့်တစ်ရွာ တစ်အိမ်ထောင်နှင့်တစ်အိမ်ထောင် မတူဘဲ ကွဲပြားခြားနားလျက်ရှိသည်။ ကရင်လူမျိုးတို့၏ အိမ်ထောင်ရေးစနစ်မှာ တစ်လင်တစ်မယားစနစ်ပင်ဖြစ်သည်။ ထို့အပြင် ကရင်လူမျိုးများတွင် ဓလေ့ထုံးစံများစွာရှိသည့်အနက် အရှောင်တောင်းသော ဓလေ့ သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အရှောင်တောင်းခြင်း၊ ပေးလျှော်ခြင်းကို အရှေ့ပိုးကရင်စကားဖြင့် (ဆဒူး၊ဆဟွီး) ဟုခေါ်သည်။ အရှောင်တောင်းသော ကရင်များနှင့် နတ်ကိုးကွယ်သေ ာကရင်များ၏အရှောင်တောင်းကြပုံမှာ မျိုးစုံလှပေသည်။ အကျဉ်းအား ဖြင့်အောက်ဖော်ပြပါအမှုကိစ္စများ ကျူးလွန်မိပြုမိပါက အရှောင်ပေးဆောင် ရ လေသည်- (၁) သူတစ်ပါးအဝတ်အစားကို ငှါးယူဝတ်ဆင်မိသောလည်းကောင်း (၂) ဆွေမတော် မျိုးမစပ်သူ၏ အသုဘရုပ်အလောင်းကို ကိုင်တွယ်မိလျှင် လည်းကောင်း (၃) သူတစ်ပါးအိမ်တွင် လင်ရှိမယားနှင့် အိပ်စက်မိလျှင်သော်လည်းကောင်း (၄) သူတစ်ပါးအိမ်သို့ သွားရောက်ခိုက် မသန့်မရှင်းပြုမိသော်လည်းကောင်း (၅) သူတစ်ပါးအိမ်ခြံမြေပေါ်တွင်လည်းကောင်း အိုးအိမ်ဆောက်ကာ နေထိုင်ပြီးနောက် မီးဖွါးမိလျှင်သော် လည်းကောင်း (၆) သူတစ်ပါးခြံမြေနှင့် အိမ်အဆောက်အအုံပေါ်တွင် သေဆုံးကွယ်လွန်လျှင်သော် လည်းကောင်း ထိုအမှုကိစ္စများကို ကျူးလွန်မိ ပြုမိပါက ပိုင်ရှင်နှင့် အပြုခံရသူအား ပေးဆောင် ရလေသည်။ ထိုသို့ ပေးဆောင်ခြင်းမပြုလုပ်ပါက အပြုခံရသူ အိမ်သူအိမ်သားများ မကောင်းဆိုး ခိုက်တတ်သည်ဟု ယူဆကြသည်။ ထိုအမှုကိစ္စမျိုး အရှောင်များ ပေးဆောင်ရသော်လည်း တရော်၊ ကင်ပွန်း၊ နံနွင်းနှင့် ငွေသားတစ်မတ်(၂၅ ပြား) ပေးဆောင်ရလေသည်။ သို့သော် အမှုကြီးငယ် အလိုက် တစ်ကျပ်(၂၅ ပြား)ထက်ပို၍ မတောင်းရပါ။ ထိုကရင်လူမျိုးစုတို့၏ အရှောင်တောင်းသော ဓလေ့အား တစ်ဦးအပေါ်တစ်ဦး ရိုသေလေး စားခြင်း၊ လူမှုရေးနှင့်ဆိုင်သည့်ကိစ္စရပ်များကို စည်းကမ်းတစ်ရပ်အဖြစ် သတ်မှတ်ထားရှိခြင်းတို့ ဖြစ်သည်
ကရင်လူမျိုးတို့၏ ရှောင်ကျဉ်ကြသော ဓလေ့များအနက် ယနေ့ထိတိုင် အောင် လိုက်နာကျင့်သုံးသောဓလေ့များကို အကျဉ်းအားဖြင့် ဖော်ပြလိုပါသည်။ ယင်းတို့တွင်-
ဆက်လက်ဖတ်ရှု့ရန်
ကရင်လူမျိုးတို့၏ ရှောင်ကျဉ်ကြသော ဓလေ့များအနက် ယနေ့ထိတိုင် အောင် လိုက်နာကျင့်သုံးသောဓလေ့များကို အကျဉ်းအားဖြင့် ဖော်ပြလိုပါသည်။ ယင်းတို့တွင်-
(၁) တစ်ဦးချင်းဆိုင်သောကိစ္စ
(၂) အိမ်ထောင်စုနှင့်ဆိုင်သောကိစ္စ
(၃) ရွာနှင့်ဆိုင်သောကိစ္စ
(၄) မျိုးရိုး လူမျိုးနှင့်ဆိုင်သောကိစ္စဟူ၍ ဖြစ်သည်။ အများအားဖြင့် လူမှုရေးကိစ္စရပ် များတွင် ကျေးရွာရှိ လူတစ်ဦးတစ်ယောက် ကွယ်လွန်သေဆုံးလျှင် ရပ်ဝေးခရီး မသွားရ ရှောင်ကြဉ်ကြသည်။
- မိမိအိမ်မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် ဘုရားစင်၊ ရိုးရာအိမ်(ဓူဝေအိမ်) မထားရ။
- အပျိုလူပျိုအချင်းချင်း ပြစ်မှားမိသော မင်္ဂလာမဆောင်မချင်း မိမိအိမ်မှအပ အခြားသူအိမ်ပေါ်မတက်ရ။
- ကရင်လူမျိုးတို့သည် မိမိနေထိုင်ရာ (သို့) အိမ်ဆောက်မည်ဆိုပါက ကြီးစဉ်ငယ်လိုက် နေထိုင်ကြရမည်။
- တစ်ဦးတစ်ယောက်သေဆုံးလျှင် တမလွန်ခရီးအတွက် (ကူးတို့ခ) ငွေပြား/ပိုက်ဆံ စေ့ကို မျက်စိ၊ ပါးစပ်တို့တွင် ထားပေးရသည်။ ကျန်ရစ်သူမိသားစုတို့က ထိုသို့ ဆောင်ရွက်ပေးရသည်။
ကျမ်းကိုးစာရင်း
၁။ ဗုဒ္ဓဘာသာပိုးကရင်၊ စာပေသမိုင်း (ဦးဘုန်းမြင့် M.A.B.L)
၂။ တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံ၊ ကရင်(မ.ဆ.လ ထုတ် ၁၉၆၇)
၃။ သာသနာလင်္ကာရစာတမ်း(၂၀၁၁ခုနှစ်၊ မတ်လ၊ စတုတ္ထကြိမ်ထုတ်)
၄။ အရှေ့ပိုးကရင် (မန်းသင့်နောင်၊ ကော့ကရိတ် ၊ ဒုတိယအကြိမ်)
၅။ ဖူ့တာမိုက်နှင့် ဂျိုင်းသာသနာဝင် (မန်းသင့်နောင်၊ ကော့ကရိတ်၊ ၂၀၀၂ခုနှစ် မတ်လ(ပ)ကြိမ်)
၆။ ပုဂံမင်းဆက်ရာဇဝင်သစ် (တင်နိုင်တိုး၊ ၂၀၀၄စက်တင်ဘာလ (ပ)ကြိမ်)
၇။ ဖူ့နဲစဗိုအတ္ထုပ္ပတ္တိ (မန်းနဲစံ၊ ဘားအံ၊ ၁၃၃၁ခုနှစ်)
၈။ ကရင်ရိုးရာသုတပဒေသာ (မန်းလင်းမြတ်ကျော်)
၉။ ကရင်ရာဇဝင် (ဦးပညာ၊ ၂၀၁၅၊ဧပြီလ (တ)ကြိမ်)
၁၀။ ကရင်ရာဇဝင်သမိုင်း (စောအောင်လှ၊ သမိုင်းသုတေသီပညာရှင်)
၁၁။ ကရင်ဘဝဓလေ့ (မောင်စင်ကြယ်၊ စပါယ်ဦးစာပေ ၁၉၆၇)
၁၂။ ဖူ့ကျိုက်ဇာဂရ ထေရုပ္ပတ္တိဖြစ်တော်စဉ် (မန်းသင့်နောင်၊ ကော့ကရိတ်)
၁၃။ ကျောင်းသုံးမြန်မာသမိုင်း
၁၄။ ကရင်ပြည်နယ်မဂ္ဂဇင်း (၅၃ခုနှစ်မြောက် အထိမ်းအမှတ်၊၂၀၁၈ နိုဝင်ဘာလ)
၁၅။ စုံနံ့သာမြိုင်မဂ္ဂဇင်း (၁၄နှစ်မြောက်၊ DKBA နေ့ အထိမ်းအမှတ်မဂ္ဂဇင်း)
၁၆။ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စာပေ(အရှင်ပညာသာမိ၊ ၂၀၂၂ခုနှစ်)
၁၇။ ကရင်လူမှုဘဝဓလေ့မှတ်စုများ (မန်းနဲကံ၊ ဖာသိမ်၊ ၂၀၁၈ ဩဂုတ်လ(ပ)ကြိမ်
၁၈။ ကရင့်ကြေးမုံမဂ္ဂဇင်း (၂၇၆၂ခုနှစ်၊ ကရင်အမျိုးသားနေ့သစ်ကူးနေ့၊ စာနာ ၄၁)
၁၉။ သစ္စာတိုင်ဓူဝေစေတီတော်သမိုင်း (မန်းနဲစံ၊ ဘားအံ၊ ၁၉၈၄ ဧပြီလ (ပ)ကြိမ်)
မွန်ပြည်နယ်ရှိ ကရင်တိုင်းရင်းသားလူမျိုးစုများ၏ ဆင်းသက်လာပုံ
ကရင်တိုင်းရင်းသားလူမျိုးစုများသည် မွန်ဂိုးလီးယား ကုန်းပြင်မြင့်များမှတဆင့် မြန်မာနိုင်ငံ အတွင်းသို့ BC ၁၁၂၅၊ BC ၇၄၁၊ BC ၇၃၉ ခုနှစ်များတွင် ဆင်းသက်နေထိုင်လာခဲ့ကြသည်။ ခရစ် သက္ကရာဇ်ကို ကရင်လူမျိုးများ နောက်ဆုံးအသုတ်ဝင်ရောက်ခဲ့သော BC ၇၃၉ ပေါင်းခြင်းသည် ကရင် သက္ကရာဇ်ဖြစ်သည်။ သုတေသီအချို့က ပျူ၊ ကမ်းယံ၊ သက် ဟူသော လူမျိုးများတွင် ကမ်းယံကို ကရင်လူမျိုးဟု သတ်မှတ်သည်ကိုလည်း တွေ့ရှိရသည်၊
နေထိုင်ရာဒေသများ
စကောကရင်လူမျိုးများသည် မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် ရေးမြို့နယ်တို့တွင် ကျေးရွာ၊ ကျေးရွာအုပ်စုအလိုက် နေထိုင်ကြပြီး မော်လမြိုင်နှင့် မုဒုံမြို့နယ်တို့တွင် အခြားတိုင်းရင်းသားလူမျိုးများနှင့် ရောနှောနေထိုင်ကြသည်။
အရှေ့ပိုးကရင်လူမျိုးများသည် ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရော၊ သံဖြူဇရပ်မြို့နယ်များ တွင် ကျေးရွာ၊ ကျေးရွာအုပ်စုအလိုက် နေထိုင်ကြပြီး အခြားမြို့နယ်များတွင် အခြားတိုင်းရင်းသား လူမျိုးများနှင့် ရောနှောနေထိုင်ကြသည်။
ထူးကလိဘောင်တို့သည် သထုံနှင့်ဘီးလင်းမြို့နယ် ဆက်စပ်ဒေသတွင် နေထိုင်ကြပြီး စကော ကရင်နှင့် အရှေ့ပိုးကရင်စကားကို ရောနှောပြီး ပြောဆိုကြသည်။
သွင်ပြင်လက္ခဏာများ
ရိုးသားပွင့်လင်းပြီး ကတိသစ္စတည်ကြည်ခြင်း၊ ဧည့်ဝတ်ကျေပြွန်ခြင်း၊ အေးချမ်းစွာနေထိုင်လို ခြင်း၊ တောတောင်ထူထပ်ရာဒေသများတွင် အေးချမ်းဆိတ်ငြိမ်စွာနေထိုင်လိုခြင်း၊ ရဲစွမ်းသတ္တိရှိပြီး အတိုက်အခိုက်အသတ်အပုတ်များတွင် ဝါသနာထုံခြင်းများရှိကြသည်။ မေးရိုးကား၍ အတန်ငယ် ပြားသယောင်ရှိကာ တည်ကြည်ခန့်ငြားခြင်းနှင့် သစ္စာရှိပုံသဏ္ဍာန်မျက်နှာပေါ်တွင် ပေါ်လွင်နေ သည်။
စကောကရင်ဘာသာစကားနှင့် အရှေ့ပိုးကရင်ဘာသာစကားကို ပြောဆိုကြသည်။ စကော ကရင်ရုံးသုံးစာ၊ ဗုဒ္ဓစကောကရင်စာ၊ အရှေ့ပိုးကရင်စာ၊ လဲကယ်စာတို့ကို ရေးသားအသုံးပြုနေကြ သည်။
ရိုးရာလုံချည်နှင့်သင်တိုင်းအင်္ကျီ၊ ခေါင်းပေါင်းတို့ကို ရိုးရာပွဲတော်များ၊ နေ့ထူးနေ့မြတ်နှင့် အခမ်းအနားများတွင် ဝတ်ဆင်ကြသည်။
ဗုဒ္ဓဘာသာ၊ ခရာဇ်ယာန်ဘာသာ၊ တလခုံး(ရသေ့)ဘာသာ၊ လဲကယ်ဘာသာနှင့်နတ်များကို ယုံကြည်ကိုးကွယ်ခြင်းများရှိကြသည်။
ဆက်လက်ဖတ်ရှု့ရန်ဗုဒ္ဓဘာသာ၊ ခရာဇ်ယာန်ဘာသာ၊ တလခုံး(ရသေ့)ဘာသာ၊ လဲကယ်ဘာသာနှင့်နတ်များကို ယုံကြည်ကိုးကွယ်ခြင်းများရှိကြသည်။
ယခင်က သူကြီး၊ တိုက်ကြီးများကို ပြည်သူလူထု ရွေးချယ်ပြီး ကျေးရွာဓလေ့ထုံးစံများနှင့် အညီ အုပ်ချုပ်ကြသည်။ ဘာသာရေးခေါင်းဆောင်များ၊ သက်ကြီးသူတို့၏ ဩဝါဒအကြံဉာဏ်များ ကိုလည်း နာယူကြသည်။
ဆက်လက်ဖတ်ရှု့ရန်ယခင်က သူကြီး၊ တိုက်ကြီးများကို ပြည်သူလူထု ရွေးချယ်ပြီး ကျေးရွာဓလေ့ထုံးစံများနှင့် အညီ အုပ်ချုပ်ကြသည်။ ဘာသာရေးခေါင်းဆောင်များ၊ သက်ကြီးသူတို့၏ ဩဝါဒအကြံဉာဏ်များ ကိုလည်း နာယူကြသည်။
ဒုံးယိမ်းအကများ၊ ဝါးညှပ်အက၊ ဖဲကြိုးကျစ်အက၊ စကောအကများကို ယဉ်ကျေးမှုပွဲတော် များ နေ့ထူးနေ့မြတ်အခမ်းအနားတွင် ကပြကြသည်။ အောပွဲ(ဆအိုင...
ဆက်လက်ဖတ်ရှု့ရန်ဒုံးယိမ်းအကများ၊ ဝါးညှပ်အက၊ ဖဲကြိုးကျစ်အက၊ စကောအကများကို ယဉ်ကျေးမှုပွဲတော် များ နေ့ထူးနေ့မြတ်အခမ်းအနားတွင် ကပြကြသည်။ အောပွဲ(ဆအိုင်လောင်)ကိုလည်း အချို့ဒေသ များတွင် ကျင်းပနေကြသည်။ ဖားစည်၊ ကျွဲချို၊ နှဲ၊ မောင်း၊ လင်ကွင်း၊ ပုလွေ၊ စောင်းကောက်များကို အသုံးပြုကြဆဲဖြစ်သည်။
ချည်ဖြူဖွဲ့ခြင်းများ၊ နတ်စား(ပွဲ)ခြင်းများနှင့်ကြုံပါက ပူးပေါင်းပါဝင်ပေးခြင်းဖြင့် အသိမှတ်ပြု ပေးရန် လိုအပ်ပါသည်။
ဆက်လက်ဖတ်ရှု့ရန်ချည်ဖြူဖွဲ့ခြင်းများ၊ နတ်စား(ပွဲ)ခြင်းများနှင့်ကြုံပါက ပူးပေါင်းပါဝင်ပေးခြင်းဖြင့် အသိမှတ်ပြု ပေးရန် လိုအပ်ပါသည်။
ချည်ဖြူဖွဲ့ခြင်းများ၊ နတ်စား(ပွဲ)ခြင်းများနှင့်ကြုံပါက ပူးပေါင်းပါဝင်ပေးခြင်းဖြင့် အသိမှတ်ပြု ပေးရန် လိုအပ်ပါသည်။
ဆက်လက်ဖတ်ရှု့ရန်ချည်ဖြူဖွဲ့ခြင်းများ၊ နတ်စား(ပွဲ)ခြင်းများနှင့်ကြုံပါက ပူးပေါင်းပါဝင်ပေးခြင်းဖြင့် အသိမှတ်ပြု ပေးရန် လိုအပ်ပါသည်။
ပဲခူးတိုင်းဒေသကြီးရှိ “ကရင်တိုင်းရင်းသားလူမျိုးဆင်းသက်လာပုံ”
ရှေးကရင်လူကြီးသူမတို့၏ “ထီးခဲ့မယ်” ဟူသောဝေါဟာရစကားအရ ကရင်လူမျိုး တို့သည် လီးယားဒေသက ဆင်းသက်လာကြောင်း အထောက်အထားပင်ဖြစ်ပါသည်။
ကရင်လူမျိုးတို့သည် မွန်ဂိုလီးယားမှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြပြီး မြန်မာ၊ ထိုင်း၊ တရုတ်ပြည်တို့တွင် ပျံ့နှံ့နေထိုင်ကြကာ အချို့သောကရင်လူမျိုးနွယ်စုများသည် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားတို့တွင်လည်း နေထိုင်နိုင်ကြောင်း သုံးသပ်နိုင်သည်။
ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းတို့တွင်လည်း ပျံ့နှံ့စွာ နေထိုင်လျက်ရှိသည်။
ကရင်လူမျိုနွယ်စုများ
၁။ စကောကရင်
၂။ ပိုးကရင်
၃။ ဘွဲ
၄။ ကရင်ဖြူ
၅။ ကယ်ခို
၆။ ကယ်ဘား
၇။ ပလီချီး
၈။ မော်နေဘွာ
၉။ သလာဘွာ
၁၀။ မိုဘွာ ဟူ၍ (၁၀)မျိုးရှိပါသည်။
ကရင်မျိုးနွယ်စုများနေထိုင်ရာဒေသများ
၁။ စကောကရင်တို့သည် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ထိုင်းနိုင်ငံအနောက်ဘက်ဒေသ။
၂။ ပိုးကရင်(အရှေ့)တို့သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ထိုင်းနိုင်ငံအနောက်ဘက်ဒေသ။
၃။ ပိုးကရင်(အနောက်)တို့သည် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း။
၄။ ကရင်ဖြူတို့သည် ပျဉ်းမနားမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပင်လောင်းမြို့နယ်။
၅။ ပကူးကရင်တို့သည် သံတောင်ကြီးမြို့နယ်၊ တောင်ငူမြို့နယ်နှင့် ကယားပြည်နယ်။
၆။ ဘွဲကရင်တို့သည် သံတောင်ကြီးမြို့နယ်။
၇။ ကယ်ဘားကရင်တို့သည် သံတောင်ကြီးမြို့နယ်၊ ပျဉ်းမနားမြို့နယ်။
၈။ ကယ်ခိုကရင်တို့သည် သံတောင်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ်။
၉။ မော်နေဘွာကရင်တို့သည် သံတောင်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ်။
၁၀။ ပရက်ကရင်တို့သည် သံတောင်ကြီးမြို့နယ်နှင့်ကယားပြည်နယ်။
၁၁။ ပလေချီးနှင့် မိုဘွာတို့သည် သံတောင်ကြီးမြို့နယ်။
၁၂။ သလာဘွာတို့သည် ကျောက်ကြီးမြို့နယ်။
၁၃။ ယင်းတော်၊ ယင်းနက်၊ ယင်းကြား၊ ယင်းတလဲတို့သည် ကယားပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်း။
၁၄။ ပဒေါင်တို့သည် သံတောင်ကြီးမြို့နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း။
၁၅။ တောင်သူ(ပအိုဝ်း)တို့သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ပဲခူးတိုင်း။
၁၆။ ကရင်နီ(ကယား)တို့သည် ကယားပြည်နယ်တို့တွင်အသီးသီးနေထိုင်ကြသည်။
သထုံဘုရင် မနူဟာမင်း လက်ထက်ကပင် ကရင်စာပေအရေးအသားရှိသည်ဟု အဆိုရှိသည်။ ၁၁၄၉ ခုနှစ် (၁၇၈၇)ဝန်းကျင်တွင် ဘားအံမြို့နယ်၊ ဂျိုင်းကျောင်းကြီးဆရာတော် အရှင်နန္ဒာမာလာ (ခေါ်) ဖူးကျိုက်တာမိုက် က လိုက်ထုလီ ကရင်စာပေ (ပေရေးကရင်စာပေ၊ ရှေးဟောင်းကရင်စာပေဟုလည်းခေါ်)အား ပြုစုသော်လည်း တွင်တွင်ကျယ်ကျယ် သင်ကြားခြင်းမရှိခဲ့ပေ။ ရှေးအကျဆုံးတွေ့ရှိရသော လိုက်ထူလီပေရေးကရင်ပေစာထုပ် (၁၈၅၁)ခုနှစ်တွင် ရေးသားပြီးစီးသည်ကို ထောက်ရှုပါက လိုက်ထုလီကရင်စာပေအား (၁၈၅၁)ခုနှစ် မတိုင်မီကာလများကပင် သင်ကြားလျှက်ရှိကြောင်း မှတ်ယူနိုင်သည်။
ပိုးကရင်စာပေကို သာသနာပြုဆရာ အရေတန် (Briton) က ၁၈၄၁ ခုနှစ်တွင် တီထွင်ပေးခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် ပိုးကရင်တို့သည် ၎င်းတို့၏စာပေဖြင့် (၇)တန်းအထိ ဘာသာတိုင်းအား သင်ကြားခွင့်ရရှိခဲ့သည်။
စကောကရင်စာပေကို သာသနာပြုဆရာ ဆရာဝိဒ် (Mr.Wade)က ၁၈၃၁ ခုနှစ်တွင် ရောမအက္ခရာ (A.B.C)ဖြင့် စတင်တီထွင်ပြီး ၁၈၃၁ ခုနှစ်အကုန်တွင် ဗြဟ္မီအက္ခရာ (က.ခ.ဂ)ဖြင့် ပြန်လည်တီထွင်သည်။ ကိုလိုနီခေတ်တွင် ကရင်အမျိုးသားကျောင်းများ၌ (၁၀)တန်းအထိ ဘာသာရပ်တိုင်းအား ကရင်ဘာသာစာပေဖြင့် သင်ကြားခွင့်ရရှိသည်။
ထို့အပြင် ကြက်ယက်စာ (လိဆောဝတ်)၊ လယ်ကယ်စာ၊ ခလီဘိုးပါစာ၊ ဘရင်ဂျီ ခရစ်ယာန်စာ (ရောမအက္ခရာ)ဖြင့် ဘားအံမြို့နယ်၊ မြိုင်သာယာဆရာတော် တီထွင်သော စကောကရင်စာ (လေတလာညာ)၊ မြိုင်ကြီးငူဆရာတော်၏ စကောကရင်စာ (လေစကကော်၊ ကယ်ဘားစာ၊ ဘွဲစာ၊ ကယန်းစာ) စသည်တို့လည်း ရှိကြသည်။ ကရင်ဖြူတို့သည်လည်း မိမိတို့အတွက် သီးခြားစာပေအား တီထွင်လျှက်ရှိကြောင်း သိရှိရသည်။
ကရင်နှင့်ဆင်ယင်ထုံးဖွဲ့မှု
လူမျိုးတိုင်းတွင် ထူးခြားသောဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် သီးသန့်ဖြစ်သော အမျိုးသားဝတ်စုံများရှိသည့်နည်းတူ တိုင်းရင်းသားကရင်လူမျိုးများတွင်လည်း သီးသန့်ဖြစ်သော အမျိုးသားဝတ်စုံနှင့် သီးသန့်ဖြစ်သော ဆင်ယင်ထုံးဖွဲ့မှုများရှိကြသည်။
အမျိုးသားဝတ်စုံများ
ကရင်အမျိုးသားများဝတ်ဆင်ကြသော ဝတ်စုံများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ယောကျ်ားဝတ်ဆင်ထိုင်းရှည်
၂။ ဘောင်းဘီနက်ခြေရှည်(ရှမ်းဘောင်းဘီကဲ့သို့)
၃။ ခေါင်းပတ် (ခေါ်) ခေါင်းစည်း
၄။ လုံချည် (ဝါ) ကွင်းလုံချည် စသည်တို့ဖြစ်ပါသည်။
ယောကျ်ားဝတ်၊ သင်တိုင်းရှည်ကြီးများမှာ လက်ယက္ကန်းနှင့် ယက်လုပ်သော အဖြူရောင် အထူပိတ်ဖြစ်သည်။ ၎င်းကို အင်္ကျီအဖြစ်၊ လုံချည်အဖြစ် ဝတ်ဆင်ကြသည်။
ခေတ်မီတိုးတက်လာသောအချိန်တွင် စက်ယက်ကန်းများဖြင့် အဖြူ၊ အနီရောင် အစင်းများစင်းလျှက် ပန်းပွားကလေးများ သီဖေါက်ထားသော နိုင်လွန်ချည်သားများဖြင့် သင်တိုင်းတို။ သင်တိုင်းရှည်များ ယက်လုပ်ဝတ်ဆင်လာကြသည်။
ခေါင်းပတ် (ခေါ်) ခေါင်းစည်းမှာလည်း တစ တစ တိုးတက်လာသောကြောင့် အနီနှင့်အဖြူရောင်ဆက်ထားသော ခေါင်းစည်းများဖြစ်ကြသည်။
ရှေးအခါက လက်ယက္ကန်းဖြင့် လုံချည်များကိုယက်လုပ်ပြီး နှစ်နံစပ်မှ ပုဆိုးတစ်ကွင်း ရသောကြောင့် ယခုအခါ စက်ယက္ကန်းများဖြင့် တစ်နံလျှင်တစ်ကွင်း ဖြစ်သော်လည်း နှစ်နံစပ်ရသည့် လုံကွင်းအလယ်တည့်တည့်တွင် ကရင်လုံချည်အဖြစ် အရစ်တစ်ရစ် ထည့်ထား ဝတ်ဆင်ကြသည်။
အမျိုးသမီးဝတ်စုံ
(၁) သင်တိုင်းရှည်
(၂) လုံချည်
(၃) လက်တိုခါးပြတ်အင်္ကျီ
(၅) ခေါင်းစည်းပုဝါ စသည်တို့ဖြစ်သည်။
အမျိုးသမီးဝတ် သင်တိုင်းယက်လုပ်ပုံနှင့် အရောင်အသွေးတို့သည် ယောင်္ကျားဝတ် ကရင်သင်တိုင်း အတိုင်းဖြစ်သည်။
ယခုအခါ စက်ယက္ကန်းများနှင့် နိုင်လွန်ချည်၊ ပိုးချည်များဖြင့် ရောင်စုံအဆင်ဆန်းများနှင့် ယက်လုပ်ဝတ်ဆင်နေကြသည်။
အိမ်ထောင်ကျပြီး ကရင်အမျိုးသမီးများသည် သင်တိုင်းရှည်အနက်ရောင်နှင့် ခါးပြတ် အမျိုးသမီးအင်္ကျီအနက်ရောင်များကို ဝတ်ဆင်ကြသည်။ ထို့ကြောင့် အိမ်ထောင်ရှင်အမျိုးသမီး အဖြစ် အနက်ရောင်ဝတ်ခြင်းကို ခွဲခြားသိသာနိုင်ပါသည်။
ကရင်လူမျိုးများသည် ဗုဒ္ဓဘာသာနှင့် ခရစ်ယျာန်ဘာသာအား အများစု ကိုးကွယ်ကြပြီး လယ်ကယ်၊ တလာခုံး၊ မေတ္တာဗြဟ္မစိုရ် အစရှိသောဂိုဏ်များလည်းရှိပြီး ရိုးရာနတ် (ဘိုးလေ...
ဆက်လက်ဖတ်ရှု့ရန်ကရင်လူမျိုးများသည် ဗုဒ္ဓဘာသာနှင့် ခရစ်ယျာန်ဘာသာအား အများစု ကိုးကွယ်ကြပြီး လယ်ကယ်၊ တလာခုံး၊ မေတ္တာဗြဟ္မစိုရ် အစရှိသောဂိုဏ်များလည်းရှိပြီး ရိုးရာနတ် (ဘိုးလောင်းတော်၊ ဘေးလောင်းတော်များအား ရည်စူးခြင်း) များအား ပူဇော်ပသခြင်းလည်း ပြုလုပ်ကြသည်။
ကရင်လူမျိုးများတွင် ဓလေ့ထုံးစံများစွာရှိသည့်အနက် အရှောင်တောင်းသော ဓလေ့ထုံးစံ တစ်ခုလည်း ရှိပါသည်။ အထူးသဖြင့် အရှောင်တောင်းသော ဓလေ့ထုံးစံကို ခရစ်ယာန်ဘာသာ ကိုးကွယ်သော ကရင်များ မပြုလုပ်ကြပေ၊ ဗုဒ္ဓဘာသာကိုးကွယ်သော ကရင...
ဆက်လက်ဖတ်ရှု့ရန်ကရင်လူမျိုးများတွင် ဓလေ့ထုံးစံများစွာရှိသည့်အနက် အရှောင်တောင်းသော ဓလေ့ထုံးစံ တစ်ခုလည်း ရှိပါသည်။ အထူးသဖြင့် အရှောင်တောင်းသော ဓလေ့ထုံးစံကို ခရစ်ယာန်ဘာသာ ကိုးကွယ်သော ကရင်များ မပြုလုပ်ကြပေ၊ ဗုဒ္ဓဘာသာကိုးကွယ်သော ကရင်များနှင့် နတ်ကိုးကွယ်သော ကရင်များ၌ အရှောင်တောင်းကြပုံအကျဉ်းမှာ -
၁။ သူတစ်ပါးအဝတ်အစားကို ဌားယူဝတ်ဆင်မိလျှင်သော်လည်းကောင်း
၂။ ဆွေမတော်၊ မျိုးမစပ်သူ၏ အသုဘရုပ်အလောင်းကို ကိုင်တွယ်မိလျှင် သော်လည်းကောင်း
၃။ သူတထူးအိမ်တွင် လင်ကိုယ်မယား အိပ်စက်မိလျှင်သော်လည်းကောင်း
၄။ သူတစ်ပါးအိမ်သို့ သွားရောက်ခိုက် မသန့်မရှင်းပြုမိလျှင်သော်လည်းကောင်း
၅။ သူတစ်ပါးခြံမြေပေါ်တွင် အိုးအိမ်ဆောက်ကာ နေထိုင်ပြီး မီးဖွားမိလျှင် သော်လည်းကောင်း
၆။ သူတစ်ပါးခြံမြေနှင့် အိမ်အဆောက်အဦးပေါ်တွင် သေဆုံးကွယ်လွန်သော် လည်းကောင်း၊ ထိုအမှုများကို ပြုမိပါက ပိုင်ရှင်နှင့်အပြုခံသူအား ပေးဆောင်ရ လေသည်။
ဤသို့အရှောင်ပေးဆောင်ခြင်းမပြုပါက ပိုင်ရှင်နှင့် အပြုခံရသောသူနှင့် ၎င်း၏ အိမ်ထောင်စုများသည် “ အရှောင်ထိခံ” ရသည်ဟု အယူရှိလေသည်။ အရှောင်ထိသောအခါ အောက်ပါအတိုင်း ဖြစ်ပျက်တတ်သည်ဟု ယုံကြည်ကြလေသည်။
(၁) ရောဂါဘယများဆိုက်ရောက်ခြင်း
(၂) ယားယံခြင်း၊ အနာပေါက်ခြင်း
(၃) နားပြည်ယိုခြင်း
စသော မကောင်းမှုများကျရောက်စေသည်ဟု ယုံကြည်ကြသည်။ ယခုတိုးတက် လာသောခေတ်တွင် အထက်ဖော်ပြပါအရှောင်တောင်းခြင်း ဓလေ့တို့ ပျောက်ကွယ်လုနီးပါး ရှိလာပါသည်။