ချင်း ရိုးရာအစားအစာများ

ချင်းရိုးရာ ဆာဗူးသီး ( အဓိကအစားအစာ )

ပါဝင်ပစ္စည်းများ

၁။ အခွံချွတ်ပြောင်းဖူး (၂) ဖူး

၂။ ဝက်သား (၂၅) သား

၃။ ချင်းခရမ်းချဉ်သီး (၅) လုံး

၄။ ကြက်သွန်ဖြူ (၅) မွှာ

၅။ ငရုတ်သီးစိမ်း အနည်းငယ် 

၆။ ဆား အနည်းငယ်


ချက်ပြုတ်နည်း

          ရှေးဦးစွာ အိုးထဲသို့ အခွံချွတ်ပြောင်းဖူးနှင့် ဝက်သားကို ဆားအနည်းငယ်ထည့်နယ်ပြီး အိုး တစ်ဝက်ခန့်ရေထည့် တည်ထားရပါမည်။ အိုးမကပ်အောင်မကြာခဏမွှေပေး ရပါမည်။ တည်ထားစဉ် ချင်းခရမ်းချဉ်သီးကို မီးဖုတ်ပြီးထားပါ။ ထို့နောက် ကြက်သွန်ဖြူ၊ ငရုတ်သီး စိမ်းကို ရောပြီးထောင်းရပါမည်။ ပြီးလျှင် မီးဖုတ်ထားသည့် ချင်းခရမ်းချဉ်သီးကို  အခွံနွှာ ပြီးရောထောင်းလိုက်ရပါမည်။ ပြောင်းဆန်နူးသည်အထိ ရေထည့်ပြီး မကြာခဏမွှေပေးရ ပါမည်။ ပြောင်းဆန်နူးပါက ငရုတ်သီးထောင်းနှင့် တွဲဖက်စားသုံးနိုင်ပြီး အာဟာရပြည့်ဝသည့် ချင်းရိုးရာဆာဗူးသီးကို ရရှိမည်ဖြစ်ပါသည်။ 

မှတ်ချက်။ အစပ်မကြိုက်သူများ ငရုတ်သီးထောင်းနှင့် တွဲဖက်စားရန်မလိုပါ။