ChinTraditional customs

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကိုကာ့မျိုးနွယ်စုတို့၏ ရိုးရာဓလေ့ထုံးတမ်းများ

ကိုကာ့မျိုးနွယ်စုတွင် အမားပဲ(ခေါ်) ရိုးရာသူကြီးသည် အဓိကစီမံအုပ်ချုပ်သူဖြစ်သည်။ ရိုးရာ   သူကြီးအိမ်ဖိုခနောင့်တွင် သူကြီးကိုယ်တိုင်သော်လည်းကောင်း၊ အခြားပုဂ္ဂိုလ်များ သော်လည်းကောင်း ၊ ရွံရှာဖွယ်ဟုယူဆရသောခရုနှင့် တောဖရုံဟင်းများ ချက်၍မရပါ ၊ ရိုးရာ သူကြီးသည် ဇာတ်နိမ့်၍ ယုတ်ညံ့ သောခွေး၊ ဖွတ်၊ မျောက်၊ ဝက်ဝံ၊ ဝက်မ မြွေစသည့် အသားများနှင့် သွေးအမျိုးမျိုးရှောင်ကျဉ်ပေးရသည်။ ပြည်သူလူထုသည်လည်း ရိုးရာသူကြီးအိမ်တွင်းရှိ ပစ္စည်းများယူခြင်း ကြက်သားဟင်းများကို စားခြင်း ရှောင်ကျဉ်ရသည်။ တိုက်ပွဲများ၌ အနိုင်ရရှိသည့် ရန်သူဦးခေါင်းတင်ရန် ရိုးရာသူကြီးအိမ်ရှေ့တွင် ရှစ်ကဲလိ(ခေါ်) ရန်သူဦးခေါင်းတွင် ကျောက်တုံး ထားရှိပြီး တိုက်ပွဲတွင် ရရှိလာသော ရန်သူဦးခေါင် တင်ကာ အောင်ပွဲလေ့ရှိသည်။ မုဆိုးများမှ ကျားကြီးရရှိပါကလည်း ၎င်းကျောက်တုံးပေါ်တွင်တင်ပြီး အောင်ပွဲခံလေ့ရှိသည်။ ရာသီဥတု ဖောက်ပြန်သည့်အခါတွင်လည်း ရာသီဥတုကောင်းမွန်စေရန် ရိုးရာသူကြီးမှ ဆုတောင်းပြီး ၎င်းကျောက်တုံးပေါ်တွင် ကြက်ဥဖောက်ခွဲခြင်း၊ ကြက်လည်လှီးဖြတ်ပြီး ကြက်သွေး လောင်းခြင်းများ ပြုလုပ်ရသည်။ 

( က ) ပွဲလမ်းသဘင်

ကိုကာ့မျိုးနွယ်စုတွင် တစ်နှစ်အတွင်းရာသီအလိုက် ပွဲကြီးခြောက်ပွဲရှိသည်။

( ၁ ) ရှီးယာပွဲ

( ၂ ) ဆူးရီးပွဲ

( ၃ ) ဆူးဂျီးပွဲ

( ၄ ) လှေကျယ်ပွဲ

( ၅ ) စီးထယ်ပွဲ 

( ၆ ) သကျပွဲ

ရှီးယာပွဲ

ရှီးယာဝါးသည် တပေါင်း၊ တန်ခူး (ကရှော- မသန်း)လတွင် ကျင်းပရပြီး သေလွန်ပြီးသော သူများအား ရည်စူး၍ ကျန်ရစ်သူမိသားစုများမှ သီးနှံမျိုးစေ့များ၊ အစားအသောက်များနှင့် အသုံး အဆောင်ပစ္စည်းများ ခွဲဝေပေးရသည့်ပွဲဖြစ်ပါသည်။ အစားအသောက်ရောနှောခြင်း မပြုရချေ၊ ရောနှောစားသောက်မိပါက မိမိတို့စိုက်ပျိုးသီးများကို တောရိုင်းတိရစ္ဆာန်ဖျက်စီးတက်သည်ဟု အယူရှိသည်။

ဆူးဂျီပွဲ

ရှီးယာပွဲကျင်းပပြီး တတိယမြောက်နေ့တွင် စိုက်ပျိုးပြီးထားသော တောင်ယာသီးနှံများ စိုစွက် အောင်မြင်ဖြစ်ထွန်းစရန် ရေနတ်မင်းအား ဆုတောင်းပြီး ကောက်ညှင်းပေါင်း၊ ဝက်သားများချက်ပြုတ် စားသောက်ရသောပွဲဖြစ်သည်။ ထိုနေ့တွင် ကြက်လည် ညှစ်သတ်နမိတ်ဖက်ပြီး အကောင်လိုက် ပြုတ်ကာ ဖခင်၊မိခင် သားသမီးကြီးစဉ် ငယ်လိုက် ကြက်အသဲနှင့် ဂျင်းထမင်းကို နတ်စာပစ်၍ စားသောက်ရသော ပွဲလည်းဖြစ်သည်။

ဆူးရီးပွဲ

ကိုကာ့မျိုးနွယ်စုသည် လှေကားထစ်လယ်စိုက်ပျိုးပြီးနောက် လယ်ကွက်၊ လယ်ရေမြောင်းမပျက် စီးစေရန်နှင့်လယ်စပါးအထက်တိုးစေရန်အတွက် နေရတ်မင်းအား ပူဇော်ကျင်းပရသောပွဲဖြစ်သည်။ ထိုပွဲနေ့ တွင် သားကောင်သတ်ဖြတ်စားသောက်ခြင်းမပြုရပါ။ အသား၊ အခေါက်၊ အခြောက်များသာချက်ပြုတ် စားသောက်ရသောပွဲဖြစ်ပါသည်။ အိမ်နီးချင်းများ ထမင်းဟင်းဖလှယ် စားသောက်ရသောပွဲဖြစ်သည်။

လှေကျယ်ပွဲ

လယ်၊ တောင်ယာများပေါင်းရှင်းပြီးချိန်တွင် ဖသားစုအကြီးအိမ်တွင်စု၍ ဖသားစုအလိုက်သာစု၍ ကျင်းပရသောပွဲဖြစ်ပြီး အိမ်နီးနားချင်းနှင့်ဖလှယ်စားသောက်ခြင်းမပြုရချေ။ ရောနှောစားသောက်မိပါက မိမိတို့၏စိုက်ပျိုးသီးနှံများကို တောရိုင်းတိရစ္ဆာန်ဖျက်စီးတက်သည်ဟု အယူရှိသောကြောင့်ဖြစ်သည်။ ပွဲကျင်းပပြီးနောက်ရက်တွင် လယ်လမ်း၊ တောင်ယာလမ်းများရှင်းလင်းရပါသည်။

စီးထယ်ပွဲ

ရှေ့ယခင်ကစပါးအထွက်နှုန်းနည်းပါးသဖြင့် စပါးမရင့်မှည့်မှီစီးထယ်(ခေါ်)လူးဆယ်ပေါ် ချိန်တွင် လူးဆတ်ဆန်ကို ချက်ပြုတ်ပြီးစားသောက်ရသောပွဲဖြစ်ပါသည်။ 

        သကျပွဲ

ကိုကာ့မျိုးနွယ်စုပွဲတွင် ရာသီပွဲခြောက်ပွဲအနက် သကျပွဲသည် တစ်နှစ်တာအတွက် နောက်ဆုံးပွဲ ဖြစ်သည်။ ရှေ့ယခင်ကသကျပွဲကို (၇ ) ရက်တိုင်တိုင်ကျင်းပခဲ့ကြပါသည်။ ထိုပွဲတွင် ဖသားစုများတစ်နှစ်တာ အတွင်း တွေ့ကြုံခဲ့ရသော လုပ်ငန်းအတွေ့အကြုံများနှီးနှောဖလှယ်ခြင်း ရရန် / ပေးရန်ကြွေးမှီးများ ရှင်းလင်းခြင်း၊ လာမည့်နှစ်သစ်အတွက် လုပ်ငန်းကိစ္စအဝဝများညှိနှိုင်းတိုင်ကြသောပွဲဖြစ်သည်။ အရွယ် အလိုက်အုပ်စုဖွဲ့ပြီး ပျော်ပွဲရွှင်ပွဲများလည်း ကျင်းပကြပြီး ယောကျာ်းလေးများအရွယ်လိုက် ဂျင်ပေါက်တန်း ကစားကြသည်။ ( ၈ )ရက်မြောက်နေ့တွင် ပျိုဖော်ဝင်အမျိုးသမီးများ ( ပရဲ )ထိုးရန် ပရဲဆေးသွားခုတ် ကြရပါသည်။ 

( ခ ) ရိုးရာအလှူပွဲများ

ကိုကာ့မျိုးနွယ်စုတွင် ရာသီအလိုက်ပွဲအပြင် ရိုးရာအလှူဒါနပွဲများလည်း ကျင်းပလေ့ရှိပါသည်။ ထိုအလှူပွဲများမှာ

( ၁ ) အမျိုးသမီးအကအလှူပွဲ

( ၂ ) အမျိုးသားအကအလှူပွဲ 

( ၃ ) ယောက္ခမမျိုးအကလှူပွဲ

( ၄ ) ရိုးရာကျေက်တိုင်စိုက်အလှူပွဲ 

        ( ၅ ) အပြေးပြိုင်ကျောက်တိုင်စိုက်အလှူပွဲတို့ဖြစ်ကြသည်။

အထက်ပါအလှူ( ၅ )မျိုးအနက် ကျောက်တိုင်စိုက်အလှူပွဲသည် အကြီးအကျယ်အခမ်းအနားဆုံး အလှူပွဲဖြစ်သည်။ စိုက်ထူရမည့်ကျောက်ကိုဦးစွာ ဖသားစုများမှ ရှာဖွေရွေးချယ်ထားရသည်။ ရွေးချယ်ထား သော ကျောက်ကိုအလှူရှင်မှ ဝက်နှစ်ကောင်သတ်ပြီး ကျောက်တိုင်ဆွဲဖို့ရန် အဆင့်ဆင့်ကြိုတင် ချည်ထားရသည်။ ချည်ထားပြီးနောက် တစ်ရက်တွင် အလှူရှင်မှ အနည်းဆုံးကျွဲ(သို့မဟုတ်)နွားနောက်  ( ၅ ) ကောင်သတ်ပြး တစ်ရွာလုံးကို ဧည့်ခံမွေးရသည်။( ကျွဲ (သို့မဟုတ်) နွားနောက်သတ်ရန်တွင် ရိုးရာအပြင်အဆင်များဖြင့် အဆင့်င့်ပြင်ဆင်ပြုလုပ်ရသည်) နောက်တစ်ရက်တွင် ကျေးရွာရှိယောကျာ်း များက ကျောက်တုံးကို သွားဆွဲလာပြီး အလှူရှင်၏ အိမ်ရှေ့တွင် စိုက်ထူပေးရပါသည်။ ကျောက်တိုင် စိုက်ရန်တွင် ပါဝင်သူအားလုံးကို အလှူရှင်မှ ဆန်တစ်တောင်း ( ၈ - ပြည်ခန့်ဝင်ရိုးရာတောင်း)နှင့် အသားတုံးရွယ်စုံဖြင့်ပြင်ဆင်ပေးရသည်။

အမျိုးသမီးအကအလှူပွဲ၊ အမျိုးသားအကအလှူပွဲနှင့် ယောက္ခမမျိုးအက အလှူပွဲများတွင် အလှူရှင်၏အိမ်ရှေ့၌သို့ရော(ခေါ်)ဆုတောင်းတိုင်စိုက်ထူပေးပြီး သက်ဆိုင်ရာအကများဖြင့် ကပြဖျော်ဖြေ လေ့ရှိသည်။ 

အပြေးပြိုင်ကျောက်တိုင်စိုက်ပွဲအလှူတွင် တာတိုအပြေးပြိုင်ပွဲကျင်းပပေးပြီးအပြေးပြိုင်ပွဲ အလှူ ကျောက်တိုင်ကို အလှူရှင်အိမ်ရှေ့တွင် မစိုက်ထူဘဲ အများပြည်သူသွားလာသည့် သင့်လျော်သောလမ်းမ ဘေးတွင် စိုက်ထူရသည်။ အလှူပွဲတိုင်းတွင် သတ်သော ကျွဲ၊ နွားနောက်တို့၏မိုးခိုသားအားလုံးနှင့် ချက်ပြီးသောအသားမှ အသားတုံးရွယ်စုံပြင်ဆင်ပြီး ရိုးရာသူကြီးအား ဆက်သရသည်။ အချို့အလှူရှင် များမှာ အားပေါင်တစ်ဖက်ပါဆက်သလေ့ရှိသည်။

ကိုကာ့မျိုးနွယ်စုသည် အလှူဒါနပွဲကို တက်နိုင်သည့်မိသားစုများက အထက်ပါအလှူတစ်မျိုး တည်းကိုသာလည်းကောင်း တစ်မျိုးထက်ပို၍သော်လည်းကောင်းအလှူ ( ၅ ) မျိုးစလုံးကိုလည်းကောင်း ကျင်းပလှူဒါန်းလေ့ရှိသည်။ အထက်ပါအလှူ( ၅ )မျိုးသည် အစဉ်အလိုက်သာ ကျင်းပလေ့ရှိပြီး အလှူ   ( ၅ ) မျိုးစလုံး ကျင်းပနိုင်သူသည် ချမ်းသားသောသူ ၊ အလှူအဒါန်း အရက်ရောဆုံးပုဂ္ဂိုလ်အဖြင့် သတ်မှတ်ဂုဏ်ယူကြသည်။

( ဂ ) လယ်ယာလုပ်ငန်း

ကိုကာ့မျိုးနွယ်စုသည် တောင်ယာနှင့် လှေကားထစ်လယ်ကို အဓိကလုပ်ကိုက်ကြသည်။ နှစ်သစ် အတွက် တောင်ယာခုတ်မဝင်မှီအမားပဲ( ခေါ်) ရိုးရာသူကြီးသည် ဆောင်ရန်၊ ရှောင်ရန် ကျင့်ဝတ်များဖြင့် မျိုးနွယ်စုတစ်စုလုံးအတွက် ဂဂျီ ( ခေါ်) နှီးကြောဖြတ်ကာလတွက် ပေးရပါသည်။(ထိုနေ့တွင် ပြည်သူများ အားလုံး လုပ်ငန်းခွင်မသွားရပါ) ကာလတွက်၏ အဖြေများကို အများပြည်သူသိရှိနိုင်ရန် နိုးဆော်ကြေငြာ ပေးရသည့်အပြင် ကာလဖြတ်ထားသော ဂဂျီ (ခေါ်)နှီးကြောကိုလည်း အများပြည်သူကြည့်ရှုနိုင်ရန် လမ်းမဘေးတွင် တုတ်ချောင်းထောင်ပြီး တုတ်ချောင်းပေါ်တွင် ပြသပေးထားရသည်။ ရိုးသူကြီး၏ကာလ အတွက် အဖြေပေါ်မူတည်ပြီး ပြည်သူများသည် ဆောင်ရန် / ရှောင်ရန်များပြင်ဆင်ကြကာ တောင်ယာခုတ် လုပ်ငန်းစတင်ကြရသည်။ တောင်ယာစပါးစိုက်ပျိုးရာတွင်လည်းကောင်း၊ လယ်ယာစပါးစိုက်ပျိုးရာတွင် လည်းကောင်း အမားပဲ(ခေါ်) ရိုးရာသူကြီးသူသည် အများပြည်သူထက်တစ်ရက်စော၍ စတင်စိုက်ပျိုးပေး ရပါသည်။ 

( ဃ ) သား/ငါးရှာဖွေခြင်း

( ၁ ) သားကောင်ရှာဖွေခြင်း

ကိုကာ့မျိုးနွယ်စုသည် သားကောင်များကို ဒူးလေး၊ ကျော့ကွင်း၊ မြေတုတ်ကျင်းစသည်တို့ဖြင့် ဖမ်းယူကြရပါသည်။အမဲလိုက်ရာတွင် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်အားဖြင့်သော်လည်း ကောင်း၊ သားကောင်များကို ရှာဖွေကြရပါသည်။ အဖွဲ့လိုက်အမဲလိုက်သည့် သားကောင်ရရှိပါက လက်ဦးသူကို ဦးခေါင်၊ ပေါင်တစ်ဖက်၊ နံတစ်ခြမ်း၊ နှလုံး၊အဆုတ်နှင့်အသဲတစ်ခြမ်းပေးရပါသည်။ လက်ဦးသူသည်ရရှိသောဦးခေါင်းကို ရွာရှိကာလသားများကိုခေါ်ပြီးချက်စားစေသည်။ နံတစ်ခြမ်း၊ နှလုံး၊ အဆုတ်နှင့်အသဲများကိုမူ ကျက်အောင်ချက်ပြုတ်၍ ဖသားစုအိမ်ခြေစာရင်းအတိုင်းတစ်မျိုးတစ်တုံး စီတုံးကာဝါခြမ်းသေး တွင် တစ်မျိုးတစ်တုံးစီသီပြီဖသားစုတစ်အိမ်ကို တစ်ချောင်းလိုက်ဝေပေးရ ပါသည်။ တစ်ဦးတည်း တောလည်သွားသည့်အခါသားကောင်းရရှိပါကသားကောင်၏ တင်ပဆုံကို ယောက္ခမအား ကန်တော့ရပါသည်။ ကျန်ဦးခေါင်း၊ အသဲ၊ အဆုတ်၊ နှလုံး နံတစ်ခြမ်းတို့ကိုမူ အဖွဲ့လိုက် တောလည်စဉ်တွင်ရရှိသည့်အစဉ်အလာအတိုင်းခွဲဝေရပါသည်။ အဖွဲလိုက်ဖြစ်စေ၊ တစ်ဦးတစ်ယောက် တည်းဖြစ်စေ၊ ဆင်၊ပြောင်စသော အကောင်ကြီးများရရှိပါက အမားပဲ (ခေါ်) ရိုးရာသူကြီးကိုမိုးခိုသား ဆက်သပေးရသည်။ကျားကြီးရရှိပါက အကောင်လိုက်(သို့) ဦးခေါင်းသယ်လာပြီး သူကြီးအိမ်ရှေ့ရှိ ရန်သူဦးခေါင်းတင်ကျောက်တုံးပေါ်တင်ကာ အများပြည်သူကို ပြသအောင်ပွဲခံလေ့ရှိသည်။

(၂) ငါးရှာဖွေခြင်း

ငါးများကိုဆည်ခံခြင်း၊ ချောင်းလွဲခြင်း၊ သစ်ခေါက်ဖြင့်ဆေးခတ်ခြင်း၊ ချောင်းပိတ်ဆေးခတ်ခြင်း စသည့် နည်းလမ်းများဖြင့် ရှာဖွေကြပါသည်။ ဆည်ခံမည့်နေရာကို အဦးဆုံးတွေ့ရှိ သူကသားစဉ် မျိုးဆက်ပိုင်ဆိုင်ပြီး အမွေပေးပိုင်ခွင့်ရှိသည်။ ဆည်ခံသွားသည့်အခါ ဆည်ပိုင်ရှင်မှ ကောက်ညှင်းပေါင်းနှင့်  ဂျင်းသုပ်ပြင်ဆင်သွားရပြီးဆည်နေရာသို့  ရောက်ရှိသည့်အခါပါဝင်သည့်အဖွဲ့အားလုံးကိုဝေငှကျွေးရသည်။ ဆည်ခံရာတွင် လုပ်ငန်းမစတင်မှီ ကျွမ်းကျင်သော ရေလုပ်သားခေါင်ဆောင်တစ်ဦးကို ရွေးချယ်ကာ ခေါင်းဆောင်မှ ရေနတ်မင်းအားဆုတောင်းပြီး ဦးဆုံဆည်တိုင်ကိုစိုက်ထူပြီးနောက် ဆည်ပိုင်ရှင်မှ ပြင်ဆင်ထားသော ဂျင်းစီမ်းရည်ဖြင့် အဖွဲ့သားအားလုံးလက်ဆေးပြီးမှ လုပ်ငန်းစတင်ဆောင်ရွက်ရသည်။ ဆည်တည်ဆောက်နေစဉ်တွင်သော်လည်းကောင်း၊ ဆည်တည်ဆောက်ပြီးဆုံးချိန်တွင်သော်လည်းကောင်း၊ ဆည်ထဲသို့ ငါးတစ်ကောင်မျှမဝင်မချင်း အဖွဲ့သားများသည် အခြားနည်းလမ်းဖြင့် ငါးဖမ်းစားခြင်း( လုံးဝ) မပြုလုပ်ရပါ။ ဆည်ထဲသို့ အရင်ဦးဆုံးဝင်လာသော ငါးအသေးဖြစ်စေ၊ အကြီးဖြစ်စေဂျင်းနှင့်သုတ်ပြီး ပါဝင်သောအဖွဲ့အားလုံးစားစေရသည်။ ၎င်းနောက်မှသာအခြားနည်းဖြင့် ငါးဖမ်းစားနိုင်သည်။ ငါးခွဲဝေရာ တွင် ပိုင်ရှင်ကို အကြီးဆုံးငါးပေးရပြီး ဒုတိယအကြီးဆုံးငါးကို ရေးလုပ်သားခေါင်းဆောင်ကိုပေးကာ ကျန်းများကို အဖွဲ့သားအားလုံး ညီတူညီမျှခွဲဝေကြရသည်။ ဆည်ခံ၍ ငါးဖမ်းခြင်းကိုယနေ့တိုင်အောင် ပြုလုပ်လေ့ရှိသည်။

နွေရာသီရေနည်းချိန်တွင် ချောင်းခွများကိုတစ်ဖက်သို့ ရေလွဲပြီးထိုရု (ခေါ်) နွယ်ခေါက်တစ်မျိုး ထုထောင်းထည့်ပြီးဖမ်းစားကြလေ့ရှိသည်။ ငါးများခွဲဝေရာတွင် အသက်အကြီးဆုံးအား ငါးအကြီးဆုံးကို ပေးပြီး ကျန်ငါးများကိုအားလုံးညီတူညီခွဲဝေကြသည်။ 

နွေရာသီရေနည်းချိန်တွင် တစ်ချောင်းလုံး ငါးဆေးခတ်ရန်အတွက် ကျေးရွာရှိ အရွယ်ရောက် ယောကျာ်းလေးများစုစည်းပြီးတောထဲရှိသစ်ခေါက်တစ်မျိုး ထိုရု(ခေါ်) နွယ်ခေါက်တစ်မျိုးခုတ်ကြပြီး ဆေးခတ်မည့်ချောင်းသို့ သယ်သွားကြရသည်။ ဆေးခတ်ရာတွင် အဖွဲ့ထဲမှ အသက်အကြီးဆုံးပုဂ္ဂိုလ် ပူဇော်ဆုတောင်းပြီး ဆေးကို အရင်ဆုံးစိမ်ပြီးမှသာ အဖွဲ့သားများခတ်ကြရသည်။ ဆေးခတ် နေစဉ်အတွင်း ငါးတွေ့ရှိပါကလည်း မကောက်ရပါ။ ဆေးအားလုံးခတ်ပြီး အရင်ဆုံးဆေးစိမ်သူမှ တစ်ကောင်ကောက်ယူ ပြီးမှသာ ကျန်အဖွဲ့သားများ ငါးကောက်ယူကြရသည်။ ဆေးခတ်ရာတွင် ဆေးခတ်သည့်နေရာမှစ၍ သင့်လျော်သည့် နေရာအထိ ငါးဆေးခတ်အဖွဲ့ပိုင်ဖြစ်ပြီး ဆေးခတ်အဖွဲ့မှ ငါးကောက်မပြီးမချင်း အခြားဘယ်သူမှ ငါးကောက်ခွင့်မရှိပါ ဆေးခတ်အဖွဲ့မှ ငါးမကောက်ခင်သော် လည်းကောင်း၊ မကောက် ပြီးခင်သော်လည်းကောင်း ၊ အခြားလူဝင်ကောက်နေသည်ကို တွေ့ရှိပါက ( ၅ ) ဆုပ်နှင့် အထက် ဝက်တစ်ကောင်ပေးဆောင်စေရသည်။ ရရှိလာသော ငါးများကိုခွဲဝေရာတွင် အရင်ဆုံး ဆေးစစိမ်သူကို အကြီးငါးပေးရပြီး ကျန်ငါးများကို အဖွဲ့သားများလုံး တန်းတူညီမျှခွဲဝေကြရသည်။

ဘာသာစကားနှင့်စာပေ

ကိုကာ့ဘာသာစကားသည် ရှေးပဝေသဏီကတည်းက ရှိခဲ့သောဘာသာစကားဖြစ်သည်။ ကိုကာ့ ဘာသာစကားတွင် ပုံပြင်၊ စကားပုံ ၊ စကားထာ၊ ကဗျာနှင့် တေးသီချင်းများရှိပါသည်။ သို့ရာတွင် ရှေ့ယခင်က စပေမရှိခဲ့သည့်အတွက် ပုံပြင်၊ စကားပုံ ၊ စကားထာ၊ ကဗျာနှင့် တေးသီချင်းများပျောက်ကွယ်လုနီးပါး ဖြစ်လာသဖြင့် စာပေဖော်ထုတ်ပြီး မိမိဘာသာစကားမပျောက်ပျက်အောင် ထိန်းသိမ်းလျက်ရှိသည်။

ဝတ်စားဆင်ယင်မှု

 ကိုကာ့မျိုးနွယ်စုသည် ရှေးယခင်က အမျိုးသားများမှာ ကလာ(ခေါ်) လာဂွတ်တီကို ဝင်ဆင်ပြီး လရာပို့လွတ်(ခေါ်)ကြေးလက်ကောက်ကို ပန်ဆင်သည်။စစ်သူရဲကောင်းများနှင့် လူကြီး၊ လူကောင်းများ မှာ အောင်လံငှက်မွှေးများဖြင့် တန်ဆာဆင်ထားသော ဦးဆောင်းကို ဆောင်းလျက်ရှိသည်။ လူပျိုပေါက် ဝင်ပြီးအမျိုးသားများသည် လက်မောင်း၊ လက်ဖျံ၊ ခြေသလုံး၊ ရင်အုံတို့တွင် ပရဲထိုးလျက်ရှိသည်။

 အမျိုးသမီးများမှာ ပါ့ပီပဲ(ခေါ်)ချည်ဖြင့်ရက်လုပ်ထားသော နဖူးစည်းကြိုးကို သုံး၍ဆံထုံးကိုစီးကာ ဂါမပဲ(ခေါ်) ခြုံပဝါဖြင့် ရင်ကိုဖုံးကွယ်ဝတ်ဆင်ပြီး ရှပိုးကျိ(ခေါ်) ဂျပ်ခုတ်ထည်ရိုးရာလုံချည်ကို ဝင်ဆင်လျက်ရှိသည်။ ပပလှဲဇီ(ခေါ်) သစ်တစ်မျိုးမှရရှိသည့် ဖော့ကို နားဒေါင်းအဖြစ် ပန်ဆင်ကြသည်။ ပျိုဖော်ဝင်ပြီးသောအမျိုးသမီးများမှာ နဖူး၊မေးစေ့၊ လည်ပင်း၊ ရင်အုံ၊ လက်မောင်း ၊လက်ဖျံ ၊ ခြေသလုံးတို့တွင် ပရဲထိုးလေ့ရှိကြသည်။

ကိုးကွယ်ယုံကြည်မှု

ကိုကာ့မျိုးနွယ်စုသည် ရှေးယခင်က နတ်များကိုကိုးကွယ်ခဲ့ကြပြီး  လူနေမှုအဆင့်အတန်းမြင့်မား သည့်နှင့်အညီ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဒဘာသာကို ကိုးကွယ်ကြပါသည်။ 

ကိုကာ့မျိုးနွယ်စုသည် ရှေးယခင်က နတ်များကိုကိုးကွယ်ခဲ့ကြပြီး  လူနေမှုအဆင့်အတန်းမြင့်မား သည့်နှင့်အညီ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဒဘာသာကို ကိုးကွယ်ကြပါသည်။ 

အုပ်ချုပ်မှုအစဉ်အလာ

ကိုကာ့မျိုးနွယ်စုသည် ရှေးပဝေဏီကတည်းက အမားပဲ(ခေါ်)ရိုးရာသူကြီး၏ အုပ်ချုပ်မှုအောက် တွင်နေထိုင်လာခဲ့ပြီး ရိုးရာထုံးတမ်းဓလေ့များကိုမှု ယနေ့တိုင် အမားပဲ (ခေါ်) ရိုးရာသူကြီးကဦးဆောင် စီမံလျက်ရှိသည်။

ကိုကာ့မျိုးနွယ်စုသည် ရှေးပဝေဏီကတည်းက အမားပဲ(ခေါ်)ရိုးရာသူကြီး၏ အုပ်ချုပ်မှုအောက် တွင်နေထိုင်လာခဲ့ပြီး ရိုးရာထုံးတမ်းဓလေ့များကိုမှု ယနေ့တိုင် အမားပဲ (ခေါ်) ရိုးရာသူကြီးကဦးဆောင် စီမံလျက်ရှိသည်။

ရိုးရာယဉ်ကျေးမှု

ကိုကာ့မျိုးနွယ်စုသည် မိမိတို့မျိုးနွယ်စု၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ကျင့်သုံးပြီး မိမိတို့အမျိုးသားရေးရာ လုပ်ငန်းခွင့်စီမံဆောင်ရွက်ပေးခြင်း၊ ကောင်းမွန်သောရိုးရာဓလေ့များ ထိန်းသိမ်းစောင့်...

ကိုကာ့မျိုးနွယ်စုသည် မိမိတို့မျိုးနွယ်စု၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ကျင့်သုံးပြီး မိမိတို့အမျိုးသားရေးရာ လုပ်ငန်းခွင့်စီမံဆောင်ရွက်ပေးခြင်း၊ ကောင်းမွန်သောရိုးရာဓလေ့များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဘာသာစကားစာပေ မပပျောက်အောင်ထိန်းသိမ်းခြင်း၊ ခေတ်နှင့်အညီ အမျိုးသား လူနေမှု အဆင့်တန်းမြင့်တင်နိုင်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် ယဉ်ကျေးမှုကော်မတီဖွဲ့စည်း ဆောင်ရွက် လျက်ရှိသည်။

ဆောင်ရန်

အမားပဲ(ခေါ်)ရိုးရာသူကြီးသည် မိန်းမ( ၂ )ယောက်မယူရချေ။ အမားပဲ(ခေါ်) ရိုးရာသူကြီး ယူရမည့်မိန်းမသည်လည်း ခြောက်ပြစ်ကင်းစင်ပြီး ပြည်သူလူထုအပေါ် မေတ္တာ၊ ဩဇာညောင်းမည့်သူကို ပြည်သူလူထုမှရွေးချယ်ပေးရသည်။ 

အမားပဲ(ခေါ်)ရိုးရာသူကြီးသည် မိန်းမ( ၂ )ယောက်မယူရချေ။ အမားပဲ(ခေါ်) ရိုးရာသူကြီး ယူရမည့်မိန်းမသည်လည်း ခြောက်ပြစ်ကင်းစင်ပြီး ပြည်သူလူထုအပေါ် မေတ္တာ၊ ဩဇာညောင်းမည့်သူကို ပြည်သူလူထုမှရွေးချယ်ပေးရသည်။ 

ရှောင်ရန်

အမားပဲ( ခေါ် )ရိုးရာသူကြီးသည် အများပြည်သူအကျိုးငှာ ရုပ်ညံ့သည့်အကောင်များဖြစ်သော ခွေး၊ မျောက်၊ ဝက်ဝံ ၊ ဝက်မ ၊ မြွေ စသည့် အသားများ ရှောင်ကျဉ် ပေးရသည်။ ရိုးရာသူကြီးပျိုးမချမှီမည်သူမျှ ပျိုးမချရ ကောက်...

အမားပဲ( ခေါ် )ရိုးရာသူကြီးသည် အများပြည်သူအကျိုးငှာ ရုပ်ညံ့သည့်အကောင်များဖြစ်သော ခွေး၊ မျောက်၊ ဝက်ဝံ ၊ ဝက်မ ၊ မြွေ စသည့် အသားများ ရှောင်ကျဉ် ပေးရသည်။ ရိုးရာသူကြီးပျိုးမချမှီမည်သူမျှ ပျိုးမချရ ကောက်သိမ်းချိန်တွင် စပါးသိမ်းမပြီးမချင်း ကြိမ်းခုတ်ခြင်း၊ သက်ကယ်ရိတ်ခြင်း၊ ကောက်ရိုးမီးရှိုခြင်းမပြုရ။ ကိုကာ့မျိုးနွယ်စုသည် သားနှင့်အမေ အဖေနှင့်သမီးအပြင် ဖသားစုတူချင်း အိမ်ထောင်ပြုခြင်းလုံးဝမပြုရပါ။ ဖောက်ဖျက်ပါက ကျွဲ(သို့) နွားနောက် တစ်ကောင်စီအပြင် ရွာနှင်ဒင်ပါပေးရသည်။

ကိုးကားချက်များ 

- UPPER CHINDWIN DISTRICY

- စွယ်စုံကျမ်းအတွဲ(၅-၁၀)

- ဘိုးဘွားများ၏နှုတ်သမိုင်းများ

စစ်ကိုင်းတိုင်းဒေသကြီးရှိ လောင်ဖူးရီနာဂမျိုးနွယ်စုတို့၏ ရိုးရာဓလေ့ထုံးစံများ 

 လောင်ဖူးရီနာဂလူမျိုးများနေထိုင်သည့် ကျေးရွာများအတွင်း သစ်တောများကို ဘုံပိုင်စနစ် အဖြစ်ထားရှိပြီး ကျေးရွာအတွင်းနေထိုင်သည့် မိသားစုများ မိမိတို့နေ့အိမ်ဆောက်လုပ်ရန်၊ စပါးတဲများ ဆောက်လုပ်ရန်သစ်၊ ဝါးများကို အခမဲ့ထုတ်ယူခွင့်ပြုထားသော်လည်း အကြောင်းမကြားဘဲ စီးပွားဖြစ် ထုတ် ယူလျှင်ထုတ်ယူသည့် တန်ဘိုး၏နှစ်ဆဒဏ်ရိုက်အရေးယူဆောင်ရွက်လေ့ရှိသည်။ လောင်ဖူးရီနာဂ လူမျိုးနွယ်စုသည် မှုခင်းကြီး၊ မှုခင်းငယ်နှင့်ပြသနာများပေါ်ပေါက်ပါက ပြသနာအမျိုးအစားကို ပိုင်းခြား လျက်တရားစီရင်ကြသည်။ ဥပမာ လူသတ်မှုခြောက်ပါကသေးစားသေးစားခြင်း (သို့မဟုတ်) နွားနောက် တစ်ကောင်၊ ကျွဲတစ်ကောင်စသည်ဖြင့် လျော်ကြေးပေးရသည်။ လူနေမှုစနစ်တွင် ဘိုးဘေးစဉ်ကာလ ကတည်းက တစ်လင်တစ်မယားစနစ်သာ ကျင့်သုံးနေထိုင်လာခဲ့ကြသည်။ သူတပါး၏သားမယားအား ပြစ်မှုမြောက်ပါက ရိုးရာအရမင်္ဂလာကြေး၏ နှစ်ဆကိုပေးလျော်ရသည်။ တိရစ္ဆာန်ခိုးမှုမြောက်ပါက ခိုးယူသော တိရစ္ဆာန်၏ တန်ဘိုးနှစ်ဆကိုပေးလျော်ရသည်။ ဖျားနာရောဂါဖြစ်ခဲ့ပါကရောဂါ၏ လက္ခဏာ များကို သိရှိရန်ကာလဗေဒင်တွက်ပြီးနောက်နတ်ဆရာများကို ခေါ်ပင့်၍ ရောဂါပယောဂများကိုကုသ ထုတ်ပစ်ခြင်း၊ နတ်ယူဇော်ခြင်းစသည့် နည်းလမ်းများဖြင့် ကုသခဲ့ကြသည်။

 အမွေဆက်ခံခြင်းလက်ထက်ပွားပစ္စည်းကို သမီးများဆက်ခံခွင့်ရှိသော်လည်း ဘိုးဘွားပိုင်အမွေ ပစ္စည်းများကို သားယောကျာ်းလေးများသာ ဆက်ခံပိုင်ခွင့်ရှိသည်။ အကယ်၍ မိသားစုတွင် သားယောကျာ်း လေး များပါကသားကြီးမှ ညီများကိုအဆင့်ဆင့်အမွေခွဲဝေပေးရသည်။ အမွေဆက်ခံမည့်သားသမီးများ မရှိ ပါက အနီးစပ်ဆုံးဆွေမျိုးမှ အမွေဆက်ခံရသည်။ လက်ထပ်ထိမ်းမြှားခြင်းတွင် ထိမ်းမြှားမင်္ဂလာ မဆောင်မှီ စေ့စပ်ကြောင်းလမ်းခြင်းကို ဦးစွာပြုရသည်။ တရားဝင်စေ့စပ်ကြောင်းလမ်းခြင်းပြုပြီးပါက ပြန်လည်ရုတ်သိမ်း၍မရတော့ပါ။ စေ့ကြောင်းလမ်းသောနေ့၌ပင် လက်ထပ်မင်္ဂလာနေ့ရက်ကို သတ်မှတ်ပြီး မင်္ဂလာရက်နေ့တွင် အမျိုးသားဘက်မှ မင်္ဂလာပွဲအတွက် ကုန်ကျစရိတ်အားလုံးကျခံသော ဆွေးမျိုးစု ရပ်ဝေးရပ်နီးရှိ အသိုင်းအဝိုင်းများကို ခေါ်ဖိတ်၍ကြွေးမွေးဧည့်ခံရသည်။ လောင်ဖူးရီနာဂမျိုးနွယ်စုတွင် သားမက်တက်သော ဓလေ့မရှိပါ။

ဘာသာစကားနှင့်စာပေ

လောင်ဖူးရီနာဂမျိုးနွယ်စုသည် လောင်ဖူးရီဘာသာစကားနှင့် လောင်ဖူးရီစာပေကို အဓိကအသုံး ပြုသည်။

ဝတ်စားဆင်ယင်မှု

အမျိုးသားများဝတ်စားဆင်ယင်မှု

လောင်ဖူးရီနာဂအမျိုးသားများသည် သစ္စာရှိခြင်းကို ကိုယ်စားပြုသောအောင်လံငှက်၏အမြီး နူးညံ့သိမ်မွေးခြင်းကို ပုံဆောင်သည့်ဆိတ်၏ အမွေး၊ ရဲရင့်ပြီးခွန်အားသတ္တိနှင့်ပြည့်စုံခြင်းကို  ပုံဆောင် သည့် ကျား သို့မဟုတ် တောဝက်၏ အစွယ်စသည့်အရာတို့ဖြင့် ဆင်ယင်ထားသောဦးထုပ်ကို အသုံး ပြုကြသည်။ လက်မောင်းတွင် ဆင်စွယ်ကိုစွပ်ပြီး ကျားစွယ် သို့မဟုတ် တောဝက်စွယ်ကိုလည်စွဲအဖြစ် အသုံးပြုကြသည်။ လက်မှလှံကိုကိုင်စွဲပြီး အဖြူ၊အနက် စင်းကျားပါသော ဂျပ်ခုတ်ထည်ပေါ်တွင် အနီကွက်ဖော်ထားသောစောင်ကို စလွယ်သိုင်း၍ ဝတ်ဆင်ခဲ့ရာမှ ယခုအခါ  သင်တိုင်းကဲ့သို့ချုပ်လုပ် ဝတ်ဆင်ကြသည်။ ရဲရင့်ခြင်းအဓိပ္ပ္ပယ်ဆောင်သောအနီရောင် ဂျပ်ခုတ်ထည်ငယ်ကို ကြက်ခြေခတ်ယှက် ပြီးနောက်ကြွေစေ့ငယ်လေးများကို သို့မဟုတ် ( Zimvud ) ဟုခေါ်သော အစေ့ငယ်များကို အနီရောင် ဂျပ်ခုတ်ထည်ပေါ်တွင် စည်းလုံးခြင်းကို ပုံဆောင်သည့် အဝိုင်းပုံသဏ္ဍာန်ကိုဖော်၍ ဆင်ယင်အသုံး ပြုသည်။ ဖြူစင်ရိုးသားခြင်းကို ဖော်ဆောင်သော အဖြူဂျပ်ခုတ်ထည်ကိုခါးတွင်စည်းပြီးအသုံးပြု ကြသည်။  ( Rhadmi ) ဟုခေါ်သော ဘောင်းဘီကိုဝတ်ဆင်ခဲ့ကြသည်။ ခါး၌ဓားအိမ်ကိုစည်ကားအသုံး ပြုကြပါသည်။

အမျိုးသမီးဝတ်စားဆင်ယင်မှု

လောင်ဖူးရီနာဂအမျိုးသမီးများသည် အနီရောင်တပက်ကိုခေါင်းပေါင်းပေါင်းကြပြီး အမျိုးမျိုး သောနားထောင်းများ၊ လက်ကောက်များ၊ လည်စွဲပုတီးများအပြင်နဖူး၊ မေးစေ့၊ လက်မောင်းနှင့် ခြေသလုံးများတွင် ပယက်ထိုး၍ အလှဆင်ယင်ခဲ့ကြသည်။ ယခင်က ( Rong Phontun ) ကို ဝတ်ဆင် ခဲ့ကြရာမှအခါအဖြူရောင်အကျကို ပြောင်းလဲဝတ်ဆင်လာကြသည်။ အဖြူရောင်ဂျပ်ခုတ်ထည်ထဘီနှင့် စိုက်ပျိုးသီးနှံများ၏ မျိုးစေ့ပုံများ၊ လှံပုံများ၊ ပယက်သင်္ကေတများနှင့် ( Mudtsudlong )များကို အနီရောင်ဂျပ်ခုတ်ထည်ထဘီပေါ်တွင် ပုံဖော်ကာဝတ်ဆင်ကြသည်။

ကိုးကွယ်ယုံကြည်မှု

ရှေးယခင်က ကာလတွက်ခြင်း၊ နမိတ်ဖတ်ခြင်းနှင့် နတ်ပူဇော်ပသမှုများရှိခဲ့ကြပြီး ယခုမှာမူ အများစုအားဖြင့် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြသည်။ ထို့ပြင် ကာလတွက်ခြင်း၊ နမိတ် ဖက်ခြင်း၊ နက်ပူဇော်ပသသူအချို့နှင...

ရှေးယခင်က ကာလတွက်ခြင်း၊ နမိတ်ဖတ်ခြင်းနှင့် နတ်ပူဇော်ပသမှုများရှိခဲ့ကြပြီး ယခုမှာမူ အများစုအားဖြင့် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြသည်။ ထို့ပြင် ကာလတွက်ခြင်း၊ နမိတ် ဖက်ခြင်း၊ နက်ပူဇော်ပသသူအချို့နှင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူများလည်းရှိသည်။

အုပ်ချုပ်မှုအစဉ်အလာ

လောင်ဖူးရီနာဂမျိုးနွယ်စုသည် ကျေးရွာမှန်သမျှတွင် သူကြီးမျိုးဟူ၍ရှိသည်။ ဤသူကြီးမျိုးမှ သူကြီးက အုပ်ချုပ်မှုတာဝန်ကို ဆောင်ရွက်ရသည်။ ကျန်ဆွေမျိုးများမှာ မိမိတို့၏ ဆွေမျိုးအတွင်းမှ လူတစ်ဦးတစ်ယောက်အား ရ...

လောင်ဖူးရီနာဂမျိုးနွယ်စုသည် ကျေးရွာမှန်သမျှတွင် သူကြီးမျိုးဟူ၍ရှိသည်။ ဤသူကြီးမျိုးမှ သူကြီးက အုပ်ချုပ်မှုတာဝန်ကို ဆောင်ရွက်ရသည်။ ကျန်ဆွေမျိုးများမှာ မိမိတို့၏ ဆွေမျိုးအတွင်းမှ လူတစ်ဦးတစ်ယောက်အား ရွေးချယ်ပြီး ရွာဆော်အဖြစ်လည်းကောင်း၊ ဆယ်အိမ်မှူးအဖြစ်လည်းကောင်း၊ ရွေးချယ်တင်မြောက်သော ရွာကိုအုပ်ချုပ်စေသည်။ စစ်သူရဲကောင်းများမှာမူ တိုက်ခိုက်ရေးအပိုင်း တွင်သာ ဦးစီးဦးဆောင်လျက် တိုက်ခိုက်မှုတာဝန်ယူရသည်။ ဤနည်းဖြင့်ကျေးရွာနှင့် လူမျိုးကိုအုပ်ချုပ် လာခဲ့ကြသည်။

ရိုးရာယဉ်ကျေးမှု

လောင်ဖူးရီမျိုးနွယ်စုသည် ရှေးအစဉ်အဆက်ကတည်းက လောင်ဖူးရီဟုခေါ်ဝေါ်သမုတ်ခဲ့ကြ သည်။ ထို့အပြင် သမိုင်းအရသီးခြားနေထိုင်ခဲ့သော လူမျိုးတစ်မျိုးဖြစ်ပါသည်။ လောင်ဖူးရီနာဂလူမျိုးများသည်ဒေသ၏ သဘာဝပထဝီအနေအထားအရ အတားအဆီးအခက်အခဲများကြောင့်လမ်းပမ်းဆက်သွယ် ရေး၊စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ နောက်နှေးကြံ့ကြာ ခဲ့သည်။ လောင်ဖူးရီနာဂလူမျိုးနွယ်စုသည်အခြားသော နာဂလူမျိုးနွယ်စုအပေါင်းတို့နှင့် စည်းလုံး ညီညွတ်စွာတစ်သားတည်းနေထိုင်ခဲ့ကြပြီး ကျွန်ုပ်တို့ရိုးရာဓလေ့ယဉ်ကျေးမှုတို့ဖြင့် ထည်ဝါစွာ ရပ်တည် ခဲ့ကြပေသည်။ လောင်ဖူးရီနာဂလူမျိုးနွယ်စုသည် မိမိတို့နှင့်သက်ဆိုင်သော သမိုင်းအစဉ်အလာ ရိုးရာယဉ်ကျေးမှုတို့ကို မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်တာဝန်ရှိသည်။ ထို့အပြင် တိုးတက်ပြောင်းလဲလာသောခေတ်အခြေအနေနှင့် လျော်ညီအောင်ပြုစုပျိုးထောင်ရန်လည်း လိုအပ်ပေသည်။

ဆောင်ရန်

( ၁ ) မိမိတို့၏ရိုးရာယဉ်ကျေးမှုမပျောက်စေရန် အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်ခြင်း။

(...

( ၁ ) မိမိတို့၏ရိုးရာယဉ်ကျေးမှုမပျောက်စေရန် အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်ခြင်း။

( ၂ ) အခြားသောမျိုးနွယ်စုများ၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလေးစလိုက်နာရန်။

( ၃ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသောတိုင်းရင်းသားများအပေါ်သစ္စာစောင့် ထိန်းခြင်း။

ရှောင်ရန်

( ၁ ) တိုင်းရင်းသားမျိုးနွယ်စုအသီးသီးတို့၏ စာပေယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးတမ်းများကို မထီမဲ့မြင် မပြုလုပ်ရန်။

( ၁ ) တိုင်းရင်းသားမျိုးနွယ်စုအသီးသီးတို့၏ စာပေယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးတမ်းများကို မထီမဲ့မြင် မပြုလုပ်ရန်။

( ၂ ) မကောင်းသောအပြုအမူဒုစရိုက်ကိုရှောင်ခြင်း။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ဂျက်ဂျရ်(ခေါ်)ပါရာနာဂမျိုးနွယ်စုများ၏ ရိုးရာဓလေ့ထုံးတမ်းများ

ရိုးရာဓလေ့ထုံးတမ်းများ

ဓလေ့ဆိုသည်မှာ လုပ်ငန်းအားလုံးကို ရိုးရာဓလေ့ထုံးတမ်းအရ လုပ်ဆောင်ရသည့် လုပ်ငန်းများကို “ဓလေ့”ဟုခေါ်ပါသည်။

ရွာတည်ဆောက်ခြင်း

ကျေးရွာတစ်ရွာကို အသစ်စတင်တည်ထောင်တော့မည်ဆိုပါက ရွာတည်မည့်နေရာတွင် သွားရောက်ကာ တောတောင်စောင့်နတ်များနှင့် တိုင်တည်ပြီး အိပ်မတ်ကောင်းမကောင်းမက်ရ သည်။ အိပ်မက်ကောင်းခဲ့ပါက ရိုးရာဓလေ့အရ ကာလ ဖြတ်ပြီး ကြက်လား၊ ဝက်လား၊ ကာလ မှထွက်သည့်အကောင်အား ယူပြီးတောစောင့်နတ် တောင်စောင့်နတ်တို့ကို ယဇ်ပူဇော်ပသပြီး  ခုတ်ထွင်ရှင်းလင်းခြင်း စတင်ဆောင်ရွက်ရပါသည်။ 

အိမ်ဝင်းရွေးချယ်ခြင်း

အိမ်ဝန်းရွေးချယ်သည့်အခါတွင်လည်း ရိုးရာကာလဆရာကိုပင့်ပြီး မည်သည့်နေရာ တွင် ဝန်းတူးပါက ကျန်းမားရေး၊ စီးပွါးရေး၊ လူမှုရေးကောင်းမည်ကို ဝန်းတူးမည့်နေ့ရာတွင် ထိုင်၍ ကာလဖြတ်ပြီးမှ ကောင်းသည့်နေရာတွင် အိမ်ဝန်းတူးရပါသည်။

အိမ်ဆောက်ခြင်း

အိမ်ဆောက်ရာတွင် တိုင်ကို အရင်းဘက်မှစိုက်ရပါသည်။အဖျားမှစိုက်ပါက ၎င်းအိမ် တွင်နေထိုင်သူ မိသားစုအားလုံး သေဆုံးသည်ဟု ဓလေ့ထုံးစံရှိသောကြောင့် အဖျားဘက်မစိုက် ကောင်းဟုဆိုထားပါသည်။ အိမ်အမိုးမိုးရာတွင် ခေါင်ချုပ်သည့်အဖွဲ့ကို အရက်(၂)လုံးသီးသန့် ပေးရပြီး ၎င်းအရက်ကို ခေါင်မိုးပေါ်ထိုင်၍ တိုင်တည်သောက်ရပါသည်။ ထိုသို့ ခေါင်မိုး ပေါ်တွင်သောက်လျှင် လေဒဏ်၊ မိုးဒဏ် ခံနိုင်သည်ဟု ဓလေ့ထုံးစံရှိပါသည်။ အိမ်၏အရှေ့ဘက် နှင့်အနောက်ဘက် အဖီထုတ်သည့် အခါတွင်လည်း ခေါင်မိုးကဲ့သို့ပြုလုပ်ရပါသည်။ မီးဖို ကျက်စင်ပြုလုပ်သည့် အခါတွင်လည်း အရက်(၂)လုံးတိုက်ရပါသည်။ အရက်(၂)လုံးမတိုက် ပါက ကြွက်ဖောက်သည် ဟုဓလေ့ရှိသောကြောင့် ဖြစ်ပါသည်။

ဖိုခနောက်စိုက်ခြင်း

အိမ်ဆောက်လုပ်ပြီးစီး၍ ဖိုခနှောက်စိုက်သည့်အခါတွင် ဖသားစုတူ၊ လင်စုံမယားစုံ၊ အိမ်ထောင်ရေးမဖောက်ပြန်ဖူသူလင်မယားမှ အိမ်အသစ်ဖိုခနှောက်ကို စိုက်ရသည့် ဓလေ့ရှိပါ သည်။ ၎င်းဖိုခနောက်ကို နေ့ခင်းမပြုလုပ်ရပါ ညအိပ်ပြီးဖိုခနှောက်စိုက်ရပါသည်။ ဖိုခနှောက် စိုက်ရာတွင် ကြက်ဖကြီးတစ်ကောင်၊ အရက်(၂)လုံးသည် မပါမဖြစ်သည့် အရာဖြစ်ပါသည်။ ဖနောက်စိုက်မည့်နေရာကို ယောက်ျားကတူးပြီး ပါက ကြက်ကို လည်လှီးပြီး ဖိုခနောက်များကို ကြက်သွေးဖြင့် သုတ်လိမ်းကာ ဖိုခနောက်စိုက်မည့်ကျင်းတွင် သွေးများထည့်ရပါသည်။ ဖိုခနောက်စိုက်ပြီးပါက  မိန်းမက မီးအရင်ဖိုရပြီး ထမင်းကိုလည်း မိန်းမကပဲအရင်တည်ရသည့် ဓလေ့ရှိပါသည်။ ထမင်းဟင်းချက်စားပြီး ညအိပ်သည့်အခါတွင်  ၎င်းအိမ်တွင် နေထိုင်မည့် သူများ၏ရှေ့ရေးကို အိမ်စောင့်နတ်အား တိုင်တည်လျှက် ညအိပ်မတ်တွင်ပေးရန် ဆုတောင်းပြီး အိပ်ရသည့် ဓလေ့ရှိပါသည်။

အပျိုတောင်းခြင်း/နားဖောက်ခြင်း

သမီးရည်စားဘဝမှ ဘဝလက်တွဲဖော်အဖြစ် ရည်ရွယ်ချစ်ကြိုက်ပါက ယောကျ်ာလေး ဘက်မှ မိဘအသိုင်းအဝန်းထဲမှ လူကြီးများကိုခေါ်ပြီး ရိုးရာလွယ်အိတ်တွင် အရက်(၂)လုံး ထည့်ကာ မိန်ကလေးမိဘအိမ်သို့ သွားရောက်ပြီးဆွေးနွေးရပါသည်။ထိုသို့သွားရောက်ဆွေးနွေး စဉ် ယောက်ျားလေးဘက်မှ ယူသွားသည့် အရက်ကိုသာ သောက်ရပါသည်။ မိန်းကလေးဘက်မှ သဘောမတူပါကအရက်(၂)လုံးထုတ်ပြီးပြန်တိုက်ရပါသည်။မိန်းကလေးဘက်က အရက်(၂)လုံး ပြန်တိုက်ပါက သဘောမတူကြောင်း တုံ့ပြန်သည့်ဓလေ့ဖြစ်ပါသည်။

မင်္ဂလာဆောင်ခြင်း(လစီစီ)

သမီးရည်စားဘဝမှ မင်္ဂလာဆောင်သည့်အခါတွင် ယောက်ျားလေးဘက်မှ ကုန်ကျစ ရိတ်ခံရပါသည်။ထိုသို့မင်္ဂလာဆောင်သောအခါ ယောက်ျားလေးဘက်မှ(မသူး)ခေါ် မိခင်ဝမ်း နာကြေးအဖြစ် ဒင်္ဂါး(၄၀)ပေါင်ကို ပေးဆောင်ရပါသည်။ ထိုနောက် မင်္ဂလာပွဲတွင်သတ်သည့် နွားနောက်အကြီးဆုံး၏ ညာဘက်ပေါင်ကို အမှီးအပါ ယောက္ခမအားပေးရသည့်ဓလေ့ ရှိပါသည်။ ထိုသို့အကျင်လင်မယားဖြစ်သွားပြီးလျှင် သားကြီးဖြစ်ပါက မိဘနှင့်အတူနေရပြီး သားအငယ်ဖြစ်ပါက အိမ်အသစ်ဆောက်ပြီးနေရပါသည်။ 

မိသားစုမောင်နှမကိစ္စ

မိသားစုတွင် သားကြီးက အဖေ့တာဝန်အားလုံးကို တာဝန်ယူရပြီး ညီဖြစ်သူက အမေ့ တာဝန်အားလုံးကို ယူရပါသည်။ မောင်နှမကိစ္စတွင်လည်း အစ်ကိုကြီးက အစ်မကြီးကို တာဝန်ယူရပြီး ညီဖြစ်သူက ညီမငယ်ကိုတာဝန်ယူရပါသည်။ ထိုသို့ခွဲဝေ တာဝန်ယူရခြင်းမှာ အစ်ကိုကြီးကဘဲ အားလုံးတာဝန်ယူရပြီး လုပ်ချင်ရာလုပ်၍ ငြိမ်ခံနေခြင်းမျိုး မဖြစ်စေရေးအ တွက်ကြောင့်ဖြစ်ပါသည်။ထိုသို့ခွဲဝေ တာဝန်ယူစဉ် ကောင်းမွေ၊ ဆိုးမွေ အားလုံးကို မျှတစွာတာ ဝန်ယူဆောင်ရွက်ရန်ဖြစ်ပါသည်။ယောက်ဖဘက်ကတော့ အကောင်ရပါကလည်း ထိုတာဝန်ယူ ထားသူ၏ ယောက်ျားကရသည့်အကောင်၏တင်ကို ရပိုင်ခွင့်ရရှိပြီး ပြသနာဖြစ်လာပါကလည်း အစ်ကိုကသာ တာဝန်ယူဖြေရှင်းရပါသည်။

အိမ်ထောင်ဘက်/ယူဘက်

သမီးရည်းစားထားရာတွင် ဂျက်ဂျရ်လူမျိုးနွယ်စုချင်းယူပါက ကိုယ့်ယောက်ဖဘက်ကို ရွေးပြီး ထားရပါသည်။ ဂျက်ဂျရ်မျိုးနွယ်စုတွင် အဓိက သီးထာရ်ဖသားစုနှင့် သောဆော်ရ်ဖသာ စုဟူ၍ နှစ်မျိုးရှိပါသည်။သီးထာရ်အချင်းချင်း ရည်းစားထားမရ၊ အိမ်ထောင်ပြုလို့မရပါ။ ဖသား စုအချင်းချင်း ချစ်ကြိုက်အိမ်ထောင်ပြုမိပါက (အရူယူ)ခေါ် ကျေးရွာ၊ ဒေသအား သန့်ရှင်းရေး ပြုလုပ်ရပါသည်။ ထိုသို့ ပြုလုပ်ရာတွင် ဝက်ကို ယောက်ျားလေးဘက်ကယူပြီး ကြက်ကို မိန်းကလေးဘက်က ယူရပါသည်။ ထိုသို့ပြုလုပ်ရာတွင် ဝက်၊ ကြက်သွေးများဖြင့် ၎င်းတို့၏ အိမ်တံခါးကို သုတ်လိမ်းကာ ယတြာချေရပါသည်။ ဝက်သတ်ရာတွင် ယောက်ျားလေးဘက်မှ ဖသားစုဝင်များ လုံးဝမသတ်ရပါ။ ထိုသို့ ယတြာချေပြီးပါက ထိုဖသားစုအချင်းချင်းယူသည့် (၂)ယောက်ကို ရွာနှင်ဒဏ် ပေးရပါသည်။ ထိုသို့ယတြာချေခြင်း၊ ရွာနှင်ဒဏ်ပေးခြင်း မပြုလုပ်ပါက ဆန်စပါး စိုက်ခင်း သီးနှံခင်းများအား ကြွက်များဖျက်စီးရခြင်းခံရသည်ဟု အဆိုရှိပါသည်။

နတ်ပြင်ခြင်း

ယခင် ဂျက်ဂျရ်မျိုးနွယ်စုသည် နတ်ကိုကိုးကွယ်သည့် မျိုးနွယ်စုဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမားရေးမကောင်းခြင်းဖြစ်ပါက ကာလဆရာကိုပင့်ဖိတ်ပြီး ကာလ ဖြတ်ရပါသည်။ ကာလ ဆရာကမည်သည့်နတ်ပြင်နည်းဖြင့် ပြုလုပ်ရမည်ဟု ပြောသည့်အခါ နတ်ပြင်သည့်လုပ်ငန်းကို အမျိုးအစားအလိုက် သူ့ဓလေ့အလိုက်ပြုလုပ်ရပါသည်။

ဉပမာ-မခါဆဲဆယ်(လိပ်ပြာခေါ်ယူခြင်း)

မခါဆဲဆယ်ပြုလုပ်ရာတွင် ကြက်တစ်ကောင်၊ ခေါင်ရည်တစ်အိုး၊ ငွေ၊ ထင်းရှူး၊ ခြူ၊ မျိုးစေ့မျိုးစုံ၊ ကြက်ဉ၊ သံစတို့သည် မပါမဖြစ်သည့် ပစ္စည်းများဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် ယောက်ျားလေး(၂)ယောက်က ပြုလုပ်ရပါသည်။ ပြုလုပ်ရာတွင်လည်း ညပြုလုပ်ရပြီး အိမ်တွင် နတ်ဆရာမှ နတ်တို့ကို တောင်းပန်စကားပြောကြားကာထင်ရှူးမီးဖြင့်ဦးခေါင်းနှင့်ခန္တာကိုယ်ကို (၆)ခါ ပတ်ပြီး တောလမ်းတွင်သွားရောက်၍  ကြက်ကို သတ်ကာ ခြေတောက်လှုပ်ရှားမှုကို ကြည့်ရပါသည်။ အပြန်တွင် ပါသွားသည့်ခေါင်ရည်(၂)ပုလင်းကို ကုန်အောင်သောက်ပြီး  သစ်ကိုင်းသစ်ခတ်များဖြင့်လမ်းခွတိုင်းကိုပိတ်ကာလိပ်ပြာကိုခေါ်ဆောင်လာရပါသည်။ နတ်ပြင်သူ(၂)ဦး အိမ်မရောက်မချင်းအိမ်တွင်ကျန်ခဲ့သည့်မိသားစုဝင်များ အစာရေစာ လုံးဝ(လုံးဝ) မစား သောက်ရပါ။တစ်ယောက်ယောက်က စားသောက်မိခြင်း၊ အပြင်လူတစ် ယောက်ယောက်ကို စကားပြောမိခြင်း ပြုလုပ်မိပါက လူနာက ပိုဖျားခြင်း၊ ပိုဆိုးခြင်းများ ဖြစ်ပေါ်စေပါသည်။ နတ်ပြင်သူ(၂)ဦး အိမ်ရောက်လာပါက ကြက်ကိုချက်ရပါသည်။ ကြက်ချက်သည့် ဟင်းလျာကိုလည်း အပေါ့အငံမမြည်းစမ်းရ၊ ထမင်းချက်သည့်အခါလည်း အပျော့အမာမစမ်းသပ်ရပါ။ ထမင်းဟင်းချက် ပြီးလျှင် နတ်ဆရာကို ကြက်အသဲ၊ ထမင်းဦးကို ခူးပေးရပါသည်။ ၎င်းမှ နတ်တို့ကို တိုင်တည်ပြောဆို လုပ်ကိုင်ပြီး လူနာကို အသဲနှင့်ထမင်း၊ (၃)လုတ် ကျွေးရပါသည်။ ထိုသို့ကျွေးပြီးမှ ကျန်သည့်မိသားစု ဝင်များစားရပါသည်။ ထမင်း/ ခေါင်ရည် အစားအသောက် စားသောက်ပြီးနောက် နတ်ပြင်သူ(၂)ဦး က အိမ်ရှေ့တွင် ယတြာချေပြီး ထင်းရှူးမီးဖြင့်(၆)ခါ ပတ်ရမ်းကာ လူနာရှင်မှ ပေးသည့်ငွေကို ခွဲဝေရပါသည်။ ခွဲဝေပြီးငွေကို အိမ်ထဲထိယူဆောင်ပြီးမအိပ်ရ၊ အိမ်ရှေ့တစ်နေရာတွင် ထားပြီး နောက်မနတ်မှ ယူရပါသည်။နောက်ရက်တစ်နေကုန်တွင်လည်းအိမ်တွင်းမှမီးစကို အခြားတစ်နေရာ ယူဆောင် ခြင်းမျိုး မပြုလုပ်ရပါ။

စာမတယ်လ်

စာမတယ်လ်သည် အစားပျက်နေသူကို ထမင်းဟင်းချက်ပြီး ကြွေးရသည့်ဓလေ့ မျိုးဖြစ်ပါ သည်။ စာမတယ်လ်ကို အဖေ၏ ညီမ အမေများ၏ သားသမီးများကို ကျွေးရပါသည်။ ထိုသို့ စာမတယ်လ်ပြုလုပ်ရန်အတွက် ကြံရွက်ဖြင့် ကာလတွက်ရပါသည်။ ၎င်းကာလကို မိန်းခလေးမှ တွက်ရပါသည်။ ကျန်းမာရေးမကောင်းသူ၏  ဦးကြီး၊ ဦးလေးများမှ မည်သူက လာကျွေးလှျင် အကောင်းဆုံးဖြစ်မည်ဟုတွက်ချက်ခြင်းဖြစ်ပါသည်။ ထိုသို့တွက်ချက်ပြီး ဦးလေးဘက်မှ သွားရောက် ကျွေးရပါက လူနာ/အစားပျက်နေသူကို လွာရီစာ (လမ်းပေါ်ထင်း စားခြင်း)ပြု လုပ်ခဲ့လျှင် ၎င်းကို စာမတယ်လ် မကျွေးသည့် ဦးကြီး/ဦးလေးသည် ကျန်းမာရေး ဖောက်ပြန်ပြီး အသက်ပါဆုံးရှုံး နိုင်သည်အထိဖျားနာတတ်ပါသည်။ ထို့ကြောင့် ထမင်းဟင်း ပို့ရန်ခက်ခဲပါက  ဆား၊ ပဲငပိ၊ ငရုပ်သီး တို့ကို ဖက်ဖြင့်ထုတ်ပြီးအရောက်ပို့ပေးရပါသည်။

စပါးပုတ်စောင့်နတ်ပူဇော်ခြင်း

စပါးပုတ်ပူဇော်ခြင်းသည် စပါးအစားခံစေရန် ပြုလုပ်ခြင်းဖြစ်ပါသည် စပါးပုတ်စောင့် နတ်ပူဇော်ရာတွင် ကြက်တစ်ကောင်ဖြင့်ပြုလုပ်ရပါသည်။ စပါးကျီတွင် သွားရောက်ပြီး စပါး ပုတ်ကိုတိုင်တည်ဆုတောင်းပြီး ကြက်ကိုလည်လှီးပြီး ပုတ်နှင့်ဆန်ပုံးတို့ကို သွေးဖြင့်သုတ်လိမ်း ရပါသည်။

စပါးသိမ်းသည့်အခါတွင် ပြုလုပ်ရသည့်ဓလေ့များ

စပါးသိမ်းသည့်နေ့တွင် တောင်ယာ/လယ်ပိုင်ရှင်အိမ်ထောင်ဦးစီးက မနက်စောစော အချိန်သလင်းဘေးတွင် မီးဖိုပေးရပါသည်။ မနက်အိမ်မှချက်လာသည့် ထမင်းဟင်းကိုလည်း ဦးဦးဖျားဖျားခူး၍ သလင်းစောင့်နတ်အတွက် ခူးခတ်ပေးထားရပါသည်။ ခေါင်ရည်ကိုလည်း ဦးဦးဖျားဖျား ဗူးအပြည့်ထည့်ပြီး သလင်းပြင်ထားသည့် နောက်တွင်ထားပေးရပါသည်။ စပါးသိမ်း လိုက်စားလာသူများအားလုံးသည် ဝါးခွက်ထဲ စပါးလုံးအပြည့်ထည့်ပြီး တစ်ယောက် တလက်ချင့်ရ ပါသည်။ ဝါးခွက်မှစပါးစေ့ အများဆုံးကျသူက  စပါးကိုအရင်စရိုက်ခြွေ ရပါသည်။ စပါး ချိန်တွယ်သည့် အခါလည်း ၎င်းကသာ စတင်ချိန်တွယ်ရပါသည်။ သလင်းပြင် ပြီးနောက် ကြက်ဖကြီး ကို ကာရံထားသည့် သလင်အတွင်း ဆင့်တုံးပေါ်တွင် ကြက်ဖက်ကြီးလည်ပင်းကို တိကနဲ့ ဖြတ်ပြီး ၎င်းကြက်ဖက ရုန်းခုန်ပေါက်စဉ် ကြက်သွေး စင်သည့်အထိသာ စပါးရောက်သည်ဟု ယူဆကြပါ သည်။

စပါးသယ်သည့်အခါတွင် စပါးများလွန်းလို့ အိမ်ရှင်တစ်မိသားစုတည်း မသယ်နိုင်ပါက (လချယ်)ခေါ် စပါးသယ်ပြိုင်ပွဲကို ပြုလုပ်ကြရပါသည်။ စပါးသယ်ပြိုင်ပွဲတွင် ယောက်ဖဖြစ်သူ က ချိန်ထည့်ပေးရပါသည်။ ထိုသို့ယောက်ဖက စပါးအများဆုံးသယ်နိုင်သူကို မှတ်ထားပြီး ထိုပုဂ္ဂိုလ်အား ငွေအများဆုံးနှင့် ထမင်းကျွေးသည့်အခါတွင်လည်း သီးသန့်ပြုလုပ်ထားသည့် အသားအတုံး အကြီးဆုံးကို ထည့်ပေးရပါသည်။

တောစီ(စပါးဦး)စားခြင်း

တောစီဆိုသည်မှာ စပါးပုတ်ထဲမှ အပေါ်ဆုံးစပါးကိုခေါ်ပါသည်။ ထိုပုတ်ထဲမှ စပါး အပေါ်ယံ ကို စုယူပြီး သီးသန့်လှန်းကာ မိသားစုဝင်များသာ လျှင်စားရသောစပါး၊ဆန်ဖြစ်ပါသည်။တောစီထမင်းကို အခြားသူကိုမကြွေးရပါ။ကြွေးပါက၎င်းပုတ်ထဲမှ စပါးသည် အစားမခံဟု မှတ်ယူ၍ ဖြစ်ပါ သည်။

ကော်ခ်လ်(သလင်းအောက်)စပါး

ကော်ခ်လ်ဆိုသည်မှာ သလင်းသိမ်းသည့်အခါ သလင်းအောက်ကစပါးကို ဆိုပါသည်။ ထိုစပါးကို သီးသန့်နေလှန်းပြီး အခြားဆန်၊ ပြောင်းဖူး တို့ဖြင့် ရော၍ ခေါင်ရည်ချက်ကာ ရွာရှိ သက်ကြီးများ၊ မိတ်ဆွေများကို ခေါ်လျက်သောက်ရသည်။ ထိုခေါင်ရည်ကို ကော်ရှီးဟုခေါ်ပါ သည်။ထိုခေါင်ရည်ကို ဧည့်သည်သူစိမ်းများ လုံးဝမတိုက်ရပါ။

ကနဦးဆံပင်ညှပ်ခြင်း

ကလေးမွေးပြီးပထမဆုံးဆံပင်ကို ၎င်းကလေး၏ ဦးကြီး၊ ဦးလေးတို့မှ ကလေး၏ ပထမဆုံးဆံပင်ကို အရင်ဆုံးညပ်ပေးရသည့် ဓလေ့ရှိပါသည်။ ထိုသို့ ဦးကြီး၊ ဦးလေးတို့မှ အရင်ဆုံးညှပ်ပေးရခြင်းမှာ ကလေး၏ပထမဆုံးဆံပင်မြေခမည်ဖြစ်သောကြောင့် ဦးကြီး၊ဦးလေးဘက်မှ၎င်းကလေး၏ ကျန်း မာရေး ကောင်းမွန်စေကြောင်း၊ ပညာတတ်ဖြစ်စေကြောင်း ဆုတောင်းပေးပြီးမှမွေးကင်းစကလေး၏ ဆံပင်ကို ညှပ်ရခြင်းဖြစ်ပါသည်။ ထိုသို့ဆံပင်ညှပ် ပေးသည့် ဦးကြီး၊ ဦးလေးကို ထမင်းနှင့် အရက်၊ ခေါင်ရည်ဖြင့် ဧည့်ခံရပါသည်။

ဘာသာစကားနှင့်စာပေ

ဂျက်ဂျရ်(ခ)ပါရာမျိုးနွယ်စုသည် ဂျက်ဂျရ်ဘာသာစကား၊ နာဂဘုံစကား၊ ဗမာစကားများ ကိုပြောဆိုသုံးနှုန်းကြပါသည်။ ရွာချင်းမတူတစ်နယ်စီ နေထိုင်လျက်ရှိကြသော်လည်း တစ်ဦးနှင့် တစ်ဦး စကားနားမလည်နိုင်လောက်သည်အထိ စကားကွဲပြားပြောင်းလဲမှုမရှိပါ။ သို့သော် ဂျက်ဂျရ် (ခ) ပါရာ လူမျိုးနွယ်စုများထဲတွင် ရှေးဘိုးဘေးများ ပြောဆိုသုံးနှုန်းသော စကားအသုံးအနှုန်း အချို့တို့သည် ယနေ့ခေတ်လူများ မသိနားမလည်သောကြောင့် မသုံးတော့ဘဲ တိမ်ကောလုနီး ပါးမြုပ်နေသော အရာတစ်ခုဖြစ်ပါသည်။ ထို့ကြောင့်ဘာသာစကားကို တိမ်ကောပျောက် ကွယ်မသွား အောင် ပြန်လည်ဖော်ထုတ်သွားနိုင်ရန် စာပေကဏ္ဍသည် အရေးကြီးသော ကဏ္ဍဖြစ်ပါသည်။ 

စာပေကဏ္ဍ

စာပေသည် လူမျိုးစုတစ်စု ပျောက်ကွယ်မသွားနိုင်ရေးအတွက် အဓိကဖြစ်သည်။ နာဂ လူမျိုးများသည် သရေပြားပေါ်တွင် စာပေရေးသားခဲ့ပြီး သရေပြားသည် အမဲခေါက်ဖြစ်၍ အမှတ်တမဲ့ ဟင်းချက်စားခြင်းကြောင့် စာပေပျောက်ခဲ့ရခြင်းဖြစ်သည်။ ၎င်းတွင် ဂျက်ဂျရ် နာဂ မျိုးနွယ်စုသည်လည်း နာဂဖြစ်၍ စာပေပျောက်ခဲ့ရပါးသည်။ ထိုခဲ့သို့ နှစ်ပေါင်းများစွာ နေထိုင် လာခဲ့ကြရာမှ ၁၉၅၀ခန့်တွင် ကျောင်းနေပြီး စာပေအနည်းငယ်တက်မြောက် လာသည်နှင့်အမျှ မိမိတို့မှာလည်း စာပေရှိသင့်ကြောင်း သိရှိလာခဲ့ကြသည်။ ၁၉၇၀ခုနှစ် မတ်လတွင် အစိုးရဝန်ထမ်း လူကြီးများနှင့် ကျောင်းသားကြီးများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့မှ မိမိတို့ဂျက်ဂျရ်မျိုးနွယ်စု တို့မှာလည်း ကိုယ်ပိုင်စာပေ ဖော်ထုတ်ရေးအတွက် ဆွေးနွေးကြရာ တစ်ချို့က မြန်မာအက္ခရာဖြင့် ထွင်သင့် ကြောင်း၊ တစ်ချို့က ရောမအက္ခရာ၊ တစ်ချို့က အင်္ဂလိပ်စာ စသည်ဖြင့် အကြံပြုဆွေးနွေး လာကြသည်။ ထို့ကြောင့် စာပေဖော်ထုတ်နိုင်ရေးအတွက် စာပေကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်။

၁။ ဆရာသီပယ်ကဲ ဥက္ကဋ္ဌ 

၂။ ဦးအနူးဆီး အဖွဲ့ဝင်

၃။ ဦးတွယ်ရီကဲ အဖွဲ့ဝင်

၄။ ဦးကဲစာရီး အဖွဲ့ဝင်

၅။ ဆရာဦးလာရီမူ အတွင်းရေးမှူး

ဂျက်ဂျရ်မျိုးနွယ်စုအနေဖြင့် စာပေကဏ္ဍကို ၁၉၇၅-၁၉၇၆ ခုနှစ်တွင် အထက်ပါ စာပေကော်မတီမှ ဆရာဦးလာရီမူက စတင်ဖော်ထုတ်ခဲ့ပါသည်။ စာပေတတ်မြောက်စေရေး အတွက် သင်ကြားခံယူမှု အဆင့်ဆင့်ဖြင့် ပို့ချ သင်ကြားလာခဲ့ပါသည်။ သို့သော်ဆရာမရှိသည့် နောက်ပိုင်းတွင် စာပေဦးဆောင်သူမရှိသောကြောင့် ဆင့်ပွါးနိုင်မှုမရှိဘဲ စာပေကို မပပျောက်အောင်ထိန်းသိမ်းရင်း နှစ်ပေါင်း ကြာရှည်စွာနေလာခဲ့ရပါသည်။ ၁၉၉၇-၁၉၉၈ ခုနှစ် ရောက်လာသောအခါ ဆရာ ဦးအောင်ခင်သည် စာပေကို ပြန်လည်မွမ်းမံရန်အတွက် ရန်ကုန်သို့ခရီးပြုခဲ့ရာ စာပေဆရာသမား များနှင့် ချိတ်ဆက်ပြီး ကမ္ဘာ့အဆင့်မှီ စာပေအဖြစ် ပြုပြင်မွမ်းမံ၍ ပြန်လည်အသက်သွင်း လာခဲ့ပါသည်။ ဆရာဦးအောင်ခင် ကွယ်လွန်ပြီးနောက် ၂၀၀၂ ခုနှစ်မှစ၍ ဆရာဝီးလှီးဂျာ ဦးဆောင် ကာ စာပေလုပ်ငန်းကို ဆက်လက်တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ စာပေလုပ်ငန်းသည် ယခင်က ဗလာစာအုပ် မှတ်စုဖြင့်သာ ကိုယ်ထူကိုယ်ထ သင်ကြားလာခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ယူနီဆက်ဖ် အကူအညီဖြင့် ပုံနှိပ်စာအုပ်များထုတ်ဝေကာ သင်ကြားပို့ချမှု ပြုလုပ်နိုင်ခဲ့ပါသည်။ ယခုချိန်တွင် ဂျက်ဂျရ်စာပေသည် KG နှင့် ပထမတန်းအထိ ပုံနှိပ်ထုတ်ဝေလျက် သင်ကြားနေပြီ ဖြစ်ပါသည်။ အခြားအတန်းများအတွက်လည်း ဆက်လက် ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

ဝတ်စားဆင်ယင်မှု

“ လူမာအဝတ်၊တောင်းမှာအကွက်” ဟု ဆိုသည့်စကားနှင့်အညီ ရိုးရားအဝတ်အထည် များ ဝတ်စားဆင်ယင်လျှက်ရှိပါသည်။ လူမျိုးတိုင်းရိုးရာဝတ်စား၊ ဆင်ယင်မှုရှိကြပါသည်။ မိမိတို့ ဂျက်ဂျရ်နာဂမျိုးနွယ်စုသည် ဘိုးဘွားများလက်ထက်မှအဝတ်ထည်များကို ဝါဂွမ်း၊ လျှော်နီပင်များကို အသုံးပြု၍ လက်ရက်ကန်းများဖြင့် ရက်လုပ်ပြီး ဝတ်စားဆင်ယင်လာခဲ့ကြပါသည်။ 

အမျိုးသားများ၏ ဝတ်စားဆင်ယင်မှု

  ဂျက်ဂျရ်နာဂမျိုးနွယ်စု၏ အမျိုးသားရိုးရာဝတ်စားဆင်ယင်မှုတွင် ဦးထုပ်၊ ကြွေစောင်၊ ခါးစည်း (ရာစဲ) ၊ လံကွက်တီ(လောပါးယွှယ်)၊ လွယ်အိတ် စသည်ဖြင့် ဝတ်စားဆင်ယင် ကြပါသည်။

(က) ဦးထုပ်တွင်ပါဝင်သောပစ္စည်းများနှင့် ၎င်းတို့၏အဓိပ္ပယ်များ
 
ကြိမ် - ဦးထုပ်၏အောက်ခံသည် တောထဲ၌ပေါက်သည့် ကြိုးနွယ်တကာတို့တွင် အခိုင်မာ ဆုံးဖြစ်၍ ၎င်းကဲ့သို့ ခိုင်မာခြင်း၊ ခိုင်ခံ့ခြင်းကို ဖော်ညွှန်းသည်။
သစ်ခွဝါ - သစ်ခွဝါသည် ပန်းတကာထဲတွင်ထိန်ဝါ၍လှပဆုံးဖြစ်ပြီးသစ်ပင်အကြီး ဆုံး၊အမြင့်ဆုံးနေရာ၌သာ ပေါက်ရောက်၍ပွင့်လျက်ရှိသောကြောင့် ထိုကဲ့ သို့လှပခြင်းမြင့်မြတ် ခြင်းကို ဖော်ညွှန်းသည်။
သိုးမွေးနီ - နူးညံ့သိမ်မွေ့ခြင်းကို ဖော်ညွှန်းပြီးအနီရောင်သည် ရဲရင့်ခြင်းကိုဖော်ညွှန်း သည်။
အောင်လံငှက်မြီး - ငှက်တကာတို့တွင် သစ္စာအရှိဆုံးဖြစ်၍ ၎င်းငှက်ကဲ့သို့ သစ္စာရှိခြင်းကို ဖော်ညွှန်းသည်။
နွားနောက်ချို - အိမ်မွေးတိရိစ္ဆာများတွင် ခွန်အားအကြီးဆုံးဖြစ်ပြီး ခွန်အားကြီးခြင်းကို ဖော်ညွှန်းသည်။
တောဝက်စွယ် - လျင်မြန်ဖြတ်လပ်ခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း ကိုဖော်ညွှန်းသည်။

( ခ )ကြွေစောင်
ကြွေစောင်၌ ကြွေစေ့ဝိုင်းထားသော အဝိုင်းများသည် စည်းလုံးခြင်း သင်္ကေတကို ဖော်ဆောင်သည်။အဖြူကြောင်း လေးကြောင်းသည် စစ်ရေးစစ်ရာ၌ ပျံလွှားငှက်ကဲ့သို့ လျင်မြန်ဖြတ်လပ်မှုရှိခြင်း အဓိပ္ပါယ်ကိုဖော်ဆောင်သည်။
အနက်ရောင်သည် ရန်သူနှင့် မိတ်ဆွေကို လွယ်ကူစွာခွဲခြားနိုင်ရေးအတွက် ရည်ရွယ် အသုံးပြုသည်။အနီကွက်သည် ရဲရင့်သော စိတ်ဓါတ်ကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်အသုံးပြုသည်။

( ဂ ) ခါးစည်း(ရာစဲ)
ငှက်တစ်ကာငှက်တို့တွင် ပျံလွှားငှက်သည် လျင်မြန်ဖြတ်လပ်သည့်အပြင် ပျံသန်းနိုင်ဆုံး ငှက် ဖြစ်သည့်အတွက် လျင်မြန်ဖြတ်လပ်မှု၊ ဇွဲစိတ်ဓိတ်ကိုဖော်ဆောင်သည်။

(ဃ)လံကွက်တီ(လောပါးယွှယ်)
အရှက်ကို လုံစေရန်အသုံးပြုသည်။

( င )လွယ်အိတ်
လွယ်အိတ်ကို အသုံးအဆောင်ပစ္စည်းအဖြစ်လည်းကောင်း၊ လုပ်ငန်းခွင်တွင်မျိုးစေ့နှင့် ယောက်ျားသားတို့ခရီးဆောင်အိတ်အဖြစ်လည်းကောင်း မရှိမဖြစ်လိုအပ်သည့်ပစ္စည်းဖြစ်သည်။

အမျိုးသားများ၏ အသုံးအဆောင်နှင့်အဆောင်အယောင်များ
(က) အသုံးအဆောင်ပစ္စည်းများ
(၁) လှံ-တိုက်ခိုက်ရေးလက်နက်ကိရိယာ
(၂) ဓါး- လုပ်ငန်းသုံးပစ္စည်း
(၃) ဒိုင်း- တိုက်ခိုက်ရေး လက်နက်ကိရိယာ
(၄) ခြေကျင်း လက်ကျင်း- တိုက်ခိုက်ရေးလက်နက်ကိရိယာ
(၅) စွယ်ပါကြေးလက်ကောက်- တိုက်ခိုက်ရေးလက်နက်ကိရိယာ
( ခ )    အဆောင်အယောင်ပစ္စည်း
        (၁) စားလွယ်- သူရဲကောင်းများ၏ အဆောင်အယောင်ဖြစ်သည်။(မျိုးနွယ်စု အကြီးအကဲများသာသုံးခွင့်ရှိသည်။)
(၂) လူခေါင်းရုပ်ပါကြေးကွင်း - သူရဲကောင်းများ၏ အဆောင်အယောင်ဖြစ်သည်။(လူသတ်ဖူးသူများသာ သုံးခွင့်ရှိသည်။)
       (၃) ဆင်စွယ်- တောရိုင်တိရစ္ဆာန်များတွင် ခွန်အားအကြီးဆုံး တိရစ္ဆာန်ဖြစ်သည့် အတွက် ခွန်အားကြီးခြင်းကို ဖော်ဆောင်၍ သုံးသည်။
       (၄)  ကျားစွယ်- တိရစ္ဆာန်များတွင် ရဲရင့်သော တိရစ္ဆာန်ဖြစ်၍ ရဲရင်းခြင်းကို ဖော်ဆောင်၍ သုံးသည်။(ကျားကိုသတ်နိုင်သူများသာ သုံးစွဲသည်။)
       (၅) ကြေးလံကွက်တီ- အမျိုးသားများ၏ အကအဆင်တန်ဆာဖြစ်သည်။
      (၆) စိန်ပုတီး(အလပူ)- သူဌေးသူကြွယ်များသာ ဆင်ယင်နိုင်သော ပုတီးဖြစ်သည်။

အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှု

အမျိုးသမီးဝတ်စားဆင်ယင်မှုတွင် အရောင်များ၏ အဓိပ္ပယ်များမှာ အမျိုးသားများ၏ ဝတ်စားဆင်ယင်မှုတွင် ဖော်ပြထားသည့် အဓိပ္ပယ်များအတိုင်းဖြစ်ပါသည်။ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုတွင် အင်္ကျီဖြူ၊ ခြုံစောင်၊ ထဘီအတို၊ ထဘီအရှည်များစသည်ဖြင့် ဝတ်စားဆင်ယင်ကြပါသည်။

ကိုးကွယ်ယုံကြည်မှု

ဂျက်ဂျရ်နာဂမျိုးနွယ်စုသည် အခြားတိုင်းရင်းသားများကဲ့သို့ ရှေးပဝေသဏီကာလက   နေ၊ လ၊ သစ်ပင်၊ တော၊ တောင်၊ မီး စသည်တို့ကို ကိုးကွယ်ရာမှ တစ်ဆင့် နတ်များကို ကိုးကွယ် ခဲ့ကြပါသည်။ မိမိတို့စိတ်ထဲတွင် မသင်္ကာဖွယ်တစ်ခုခုနှင့် ကြုံရသည့်အခါများတွင် လည်းကောင်း၊ ရောဂါဝေဒနာတစ်ခုခု နှင့် ကြုံရသည်လည်းကောင်း၊ မျက်စိဖြင့် မမြင်ရသော နတ်များကို ပူဇော်ပသကျွေးမွေးရာမှ နတ်ကိုးကွယ်မှုဖြစ်ပေါ်လာခဲ့သည် ဂျက်ဂျရ်များ၏ ကိုးကွယ်မှုဘာသာ အစသည် နတ်ကိုးကွယ်မှုဖြစ်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်နောက်ပိုင်း အင်္ဂလိပ်များ ဂျက်ဂျရ်ဒေသသို့ စတင်ရောက်ရှိရာမှ ခရစ်ယာန်ဘာသာ ကိုးကွယ်မှု စတင်ခဲ့ပါသည်။ ၁၉၅၂ခုနှစ်မှစတင်၍ ဂျက်ဂျရ် နေထိုင်ရာဒေသ၊ လေရှီးမြို့နယ်တွင် ဗုဒ္ဓသာသနာ စတင်ဝင်ရောက်ခဲ့ရာမှ ဗုဒ္ဓ ဘာသာကိုလည်း ကိုးကွယ်လာခဲ့ကြပါသည်။

အုပ်ချုပ်မှုအစဉ်အလာ

လူအဖွဲ့အစည်းတိုင်းတွင် အစဉ်အလာအရ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူများဟူ၍ လူတန်းစား နှစ်မျိုးရှိခဲ့သည်။ ရှိနေဆဲ၊ ရှိဦးမည်ဖြစ်သည်။ ဂျက်ဂျရ်မျိုးနွယ်စုများတွင်လည်း ခေတ် ကာလအလိုက်အုပ်ချုပ်မှု အစဉ်အလ...

လူအဖွဲ့အစည်းတိုင်းတွင် အစဉ်အလာအရ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူများဟူ၍ လူတန်းစား နှစ်မျိုးရှိခဲ့သည်။ ရှိနေဆဲ၊ ရှိဦးမည်ဖြစ်သည်။ ဂျက်ဂျရ်မျိုးနွယ်စုများတွင်လည်း ခေတ် ကာလအလိုက်အုပ်ချုပ်မှု အစဉ်အလာ အမျိုးမျိုးပြောင်းလဲခဲ့သည်။

ဂျက်ဂျရ်နာဂမျိုးနွယ်စုတွင် အုပ်ချုပ်မှုပုံစံ(၃)မျိုးဖြင့်ပြောင်းလဲအုပ်ချုပ်ခဲ့ပါသည်။

(၁) ရှေးရိုးရာ ဓလေ့ထုံးတမ်းအုပ်ချုပ်ရေး

(၂) အင်္ဂလိပ်ခေတ်အုပ်ချုပ်ရေး

(၃) လွတ်လပ်ရေးရရှိပြီးအုပ်ချုပ်ရေး

(၁) ရှေးရိုးဓလေ့ထုံးတမ်းအုပ်ချုပ်ရေး

ဂျက်ဂျရ်နာဂရိုးရာအကြီးအကဲများကို အဆင့်(၃)ဆင့်ခွဲခြားထားသည်။

(က)စော်ပွားမျိုး (လလူပူးရ်)

(ခ) သူကြီးမျိုး (သဂါရ်)

(ဂ) စစ်သူကြီးမျိုး (သရ်စားရ်)

စော်ပွားမျိုးကို အကြီးအကဲ(သဘာမတိအဖွဲ့)ပုံစံမျိုး၊ တနည်းအားဖြင့် ရုပ်ပြအကြီးအကဲ အဖြစ်ထားရှိပြီး သူကြီးမျိုးကသာ စဉ်မျိုးစက်ဆက်အမွေဆက်ခံပြီး ကျေးရွာနှင့် မျိုးနွယ်စုများ ၏ အုပ်ချုပ်ရေး၊စီမံခန့်ခွဲရေး၊ စစ်ရေး၊နိုင်ငံရေး၊ စီးပွါးရေး၊ တရားစီရင်ရေး၊ လူမှုရေး၊ အားလုံး တို့ကို ချုပ်ကိုင်ရသော “သူကြီး” ဖြစ်ရသည်။ စစ်သူကြီးမျိုးသည် စစ်တိုက်ရန် သူကြီး၏ အမိန့် ခွင့်ပြုချက်ရမှ စစ်မြေပြင်ထွက်ခွင့်ရှိသည်။

သူကြီး၏လက်အောက်တွင် ရွားခေါင်း၊(ရွာစော်)(ယူးဖူးပါ) တစ်ဦးကို ရွာသားများမှ အရည် အချင်း ပြည့်မီသူများထဲမှ မိမိတို့ဆန္ဒဖြင့် ရွေးချယ်ခန့်ထားရသည်။ ယင်းရွာခေါင်းသည် သူကြီး၏ အမိန့်ကို နာခံလျက်ရွာသူရွာသားများသို့ တစ်ဆင့်ညွှန်ကြားပေးရသည်။ ရွာခေါင်း၏သက်တမ်းကို ပုံသေကားချပ် သတ်မှတ်ထားခြင်းမရှိဘဲ မိမိလုပ်နိုင်သည့် ကာလအထိလည်းကောင်း၊ ကွယ်လွန် သည် အထိလည်းကောင်း ထမ်းဆောင်ရသည်။ ယင်းရွာခေါင်းနှုတ် ထွက်ကွယ်လွန်ပါက လူထု ဆန္ဒဖြင့်နောက်တစ်ဦးအစားထိုး ရွေးကောက်တင်မြောက်ရသည်။

လူထုအစည်းအဝေးပွဲများ ပြုလုပ်ရန်ရှိပါက သူကြီး၏ အိမ်ရှေ့ကွင်းပြင်တွင် စုဝေးပြီး လိုအပ်သည်များမှာကြားခြင်း၊ လူထု၏ဆန္ဒကိုတစ်ဦးချင်း၊ တစ်ဖွဲ့ချင်း ပွင့်လင်းစွာဆွေးနွေး တင်ပြခွင့်ရှိသည်။ ဆုံးဖြတ်ချက်ကိုလည်း သူကြီးတစ်ဦးတည်းသဘောမဟုတ်ပဲ လူထုဆန္ဒနှင့် လိုက်လျောညီထွေစွာ အမှန်အတိုင်းဆုံးဖြတ်ကြရသည်။

သူကြီး၊ ရွာခေါင်းများအား ထောက်ပံ့ကြေး(လခ)အဖြင့် လူထုမှ ကောက်ခံပေးခြင်းမရှိပဲ သင့်တော်သည့် ရာသီလုပ်ငန်းခွင်တွင် တစ်အိမ်တစ်ဦးကျ တစ်နှစ်လျှင်တစ်ကြိမ်သာ လုပ် အားဖြင့် အကူအညီပေးရပါသည်။

(၂) အင်္ဂလိပ်ခေတ် အုပ်ချုပ်ရေး

ဂျက်ဂျရ်နာဂဒေသသို့ အင်္ဂလိပ်အစိုးရသည် (၁၉၂၀)ပြည့်နှစ်တွင်ရောက်ရှိပြီး ယင်းတို့၏ အုပ်ချုပ်ရေးစနစ်ကိုစတင်ကျင့်သုံးခဲ့သည်။ အင်္ဂလိပ်အစိုးရခေတ် အုပ်ချုပ်ရေးကာလတွင် လည်း မူလရှိနေပြီးသော သူကြီးကိုပင် ပြန်လည်တာဝန်ပေးအုပ်ချုပ်စေပြီး စီမံခန့်ခွဲရေး၊ အခွန် ကောက်ခံ ရေးကို မိမိတို့လိုအပ်သလို ရွာသူကြီးအား ညွှန်ကြားထားပြီး သူကြီးမှအကောင် အထည်ဖော်ပေးရ သည်။ သူကြီးနှင့်ရွာခေါင်းသည် အင်္ဂလိပ်အရေးပိုင်၊ မြို့ပိုင်များ ညွှန်ကြားသည့်အတိုင်း ရွာသူ ရွာသားများအား တစ်ဆင့်စေခိုင်းပြီး တစ်နှစ်လျှင် လူခွန်တော်ငွေ တစ်အိမ်အတွက် ငွေမှန် ဒင်္ဂါး သုံးကျပ်စီကောက်ခံပေးရသည်။

ဂျပန်ခေတ်တွင် ဂျပန်များသည် စစ်ပြေးဒုက္ခနှင့် အိန္ဒိယသို့ ဆုတ်ခွါလာစဉ်သာရောက်ရှိ ဖြတ်သန်းခွင့်ရခဲ့သည်။ အုပ်ချုပ်ရေးကိစ္စတွင် စီမံထားခြင်းမရှိသဖြင့် မည်သို့မျှ ထူးခြားခဲ့ခြင်း မရှိပါ။

(၃) လွတ်လပ်ရေးရရှိပြီးခေတ်

လွတ်လပ်ရေးရရှိပြီး ဦးနုအစိုးရတတ်လာသောအခါ ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ် ခဲ့ရာ ဂျက်ဂျရ်နာဂမျိုးနွယ်စုမှ ဦးဂဖင်ဖူ(ခေါ်) ဦးသန်းတင် (၁၉၁၂-၁၉၁၆)ခုနှစ်အတွင်း လေရှီးမြို့ နယ်၊ နယ်နမိတ်ပါလီမန်အမတ် အဖြစ်ရွေးချယ်ခံရသော တစ်ဦးတည်းသောပါလီမန် အမတ်ဖြစ် ခဲ့သည်။

အုပ်ချုပ်မှုစနစ်မှာ အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ပုံစနစ်အတိုင်းနီးပါးဖြစ်ခဲ့ပြီး လူထု၏ ဆန္ဒကို ပါလီမန်အမတ်မှတစ်ဆင့် နိုင်ငံတော်အကြီးအကဲများထံသို့ တင်ပြခွင့်ရရှိခဲ့ပါသည်။ သင့်တော်သော ကျေးရွာများတွင်  မူလတန်းကျောင်းများ ဖွင့်လှစ်ခွင့်ပေးပြီး (၄)တန်းအောင်များ ကို ဆရာအဖြစ် သင်တန်းစေလွှတ်၍ (၁၁)ဦး ခန့်အပ်ပေးခဲ့သည်။

တော်လှန်ရေးကောင်စီခေတ်(၁၉၆၂-၁၉၇၄ ခုနှစ်) အတွင်း မြို့နယ်အတွင်း မြို့နယ်လုံခြုံ ရေးနှင့် အုပ်ချုပ်မှု၊ ကော်မတီ(နလက) ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှုကော်မတီ(ရ.လ.က) များဖွဲ့ စည်းပြီးအုပ်ချုပ်ခဲ့ရာ မျိုးနွယ်စုများ၏ ရိုးရာအုပ်ချုပ်ရေးအစဉ်အလာ ပျက်ပြယ်စပြုပြီးမြန်မာ တပြည်လုံး၏ အုပ်ချုပ်မှုစနစ်အတိုင်း အုပ်ချုပ်မှုပုံစံပြောင်းလဲခဲ့ပါသည်။ သို့ဖြစ်ပါ၍ ဂျက်ဂျရ် နာဂမျိုးနွယ်စုများသည် ရှေးရိုးရာအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ တရားစီရင်မှုနှင့် လူမှုရေးရာ ကိစ္စ ရပ်များကို အစိုးရ၏ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့(ရ.လ.က)များနှင့် ညှိနှိုင်းပြီး ရှေးရိုးရာအုပ် ချုပ်ရေးများကို ကျင့်သုံးခဲ့ကြသည်။

၁၉၇၄ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဉပဒေသစ်အရ အုပ်ချုပ်ခဲ့သော ဆိုရှယ်လစ် ခေတ်မှယနေ့ထိတွင်မူ နိုင်ငံတော်၏ စစ်အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး တရားစီရင်ရေးများအားလုံး တပြည်လုံးတပြေးညီ ဖြစ်စေခဲ့သည့်အတွက် ဂျက်ဂျရ်(ခ)ပါရာနာဂ ရိုးရာအုပ်ချုပ်ရေးသည်လည်း ပျောက် ကွယ်လုနီးပါးဖြစ်နေပါသည်။ 

ထို့ကြောင့် ဂျက်ဂျရ်နာဂမျိုးနွယ်စုများသည် မိမိတို့၏ လူနေမှုအဆင့်အတန်း မြင့်မား တိုးတတ်ရေး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မိမိတို့၏ ရှေ့ရိုးရာဓလေ့ တရားစီရင်ထုံးများ ဆက်လက်ခိုင်မြဲတည်ရှိနေရေး တို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် နိုင်ရန် “ဂျက်ဂျရ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ” ကိုဖွဲ့စည်းတည်ထောင်ပြီး ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေး၊ ရိုးရာတရားစီရင်ထုံး တမ်းများ မပပျောက်ရေးတို့အတွက် ဆောင်ရွက်လျှက်ရှိပါသည်။

ရိုးရာယဉ်ကျေးမှု

ဂျက်ဂျရ်(ခေါ်)ပါရာနာဂမျိုးနွယ်တို့၏ ယဉ်ကေျးမှုကဏ္ဍတွင် ဝတ်စားဆင်ယဉ်မှု၊ တောင်ယာ သုံး လက်နတ်ကိရိယာ၊ အဆို၊ အက စသည်ဖြင့် သီးခြားဆီ ဖော်ပြရမည် ဖြစ်ပါသည်။ ဝတ်စား ဆင်ယင်မှုကဏ္ဍနှင့်စပ်လျင်း၍ ခေါင်းစဉ်(စ...

ဂျက်ဂျရ်(ခေါ်)ပါရာနာဂမျိုးနွယ်တို့၏ ယဉ်ကေျးမှုကဏ္ဍတွင် ဝတ်စားဆင်ယဉ်မှု၊ တောင်ယာ သုံး လက်နတ်ကိရိယာ၊ အဆို၊ အက စသည်ဖြင့် သီးခြားဆီ ဖော်ပြရမည် ဖြစ်ပါသည်။ ဝတ်စား ဆင်ယင်မှုကဏ္ဍနှင့်စပ်လျင်း၍ ခေါင်းစဉ်(စ)တွင် ဖော်ပြထားပြီးဖြစ်ပါ သည်။ ရှေးနှစ်ပေါင်း များစွာက လယ်ယာသုံးလက်နတ် ကိရိယာများမှာ နှစ်ပရိစ္တေကြာ လာသည်နှင့်အမျှ ပပျောက် လာပြီး သယ်ဆောင်သုံးစွဲရာတွင် လွယ်ကူသည့် ခေတ်ကာလ အလိုက် တီထွင်ထားသည့် လက်နက် ကိရိယာများကိုသာ သုံးစွဲနေကြပါသည်။ အဆိုအကအပိုင်းတွင် ရှေးမူမပျက်တစ်ဦးတည်း သီဆိုရ သည့် အဆို၊ စုပေါင်းသီဆိုရသည့် အဆိုဟူ၍ရှိပါသည်။ အများသီဆိုရသည့် သီချင်းမှာ အများ အားဖြင့် အကသီချင်းသာများပါသည်။ အကမှာ အမျိုးသားစုပေါင်းအက၊ အမျိုးသမီးစုပေါင်း အကဟူ၍ (၂)မျိုးသာရှိပြီး ယနေ့အချိန်အထိ တစ်ဦးတည်းကရသည့် အကမျိုးဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း တင်ပြအပ်ပါသည်။

ဆောင်ရန်

လူမမြင်နိုင်သည့်နတ်များက အန္တရာယ်မပြုနိုင်ရန် ကျန်းမာရေး၊ ခရီးသွား၊ တောင်ယာ ခုတ်မဝင်မီ အမဲလိုက်၊ မိုးခေါ်၊ မိုးတားခြင်း၊  အိမ်သစ်၊ ယာသစ်ဆောက်ခြင်းများအတွက် ကာလဖြတ်ခြင်း၊(ယူဖက်) သမီးပျိုတို့အား တောင်းရမ်းခြင်း၊ “မသူး” (ခေါ်) မိဘဝမ်းလွယ်ကြေး ပေးဆောင်ခြင်း၊ “မီသော” နောက်ဆုံးယောက္ခမအား ကန်တော့ခြင်း“ရှားလရယ်” ယောက္ခမ တို့အား သားကောင်တင်သားပေးခြင်း၊“လစီစီ”(ခေါ်)စေ့စပ်ကြောင်းလမ်းခြင်း။ ဘိုး ဘွားပိုင် တော၊ တောင်၊ လယ်ယာမြေအား သားစဉ်၊မြေးဆက်ထိန်းသိမ်းခြင်း၊ အမည်နာမများသားစဉ်မြေးဆက် ခေါ်တွင်ခြင်း၊ အဖွဲ့လိုက်တောလိုက်စဉ် အကောင်ရပါက  လက်ပြင်အား အဖွဲ့သားများသို့ပေးခြင်း၊ ခေါင်းအား ဖသားစုကြီးစဉ်ငယ်လိုက် အလှည့်ကျစီပေးခြင်းများရှိ ပါသည်။

ရှောင်ရန်

တောင်ယာမီးရှို့ပြီးနောက်တစ်ရက် တောင်ယာမသွားရန်တားမြစ်ခြင်း၊ စပါးသိမ်း၍မပြီး မှီကာလ ကောက်ရိုးမီးရှို့ခြင်း၊ စပါးသိမ...

တောင်ယာမီးရှို့ပြီးနောက်တစ်ရက် တောင်ယာမသွားရန်တားမြစ်ခြင်း၊ စပါးသိမ်း၍မပြီး မှီကာလ ကောက်ရိုးမီးရှို့ခြင်း၊ စပါးသိမ်းနေစဉ်သလင်းသို့ အခြားဧည့်သူစိမ်းများ ဖြတ်မသွားစေခြင်း၊ သလင်းအောက်စပါးမှ ချက်သည့် “ကော်ခ်လ်”ခေါင်ရည်၊ အရက်တို့အား အခြားသူများအား တိုက်ကျွေးခြင်း၊ နတ်ပြင်နေစဉ် အိမ်ရှင်နှင့် နတ်ဆရာများမှ အပ အခြားသူများ စကားဝင်ရောက် ပြောဆိုခြင်း၊ လူကိုတံမြတ်စည်းရိုးဖြင့်ရိုက်ခြင်း၊ ဖသားစု အချင်းချင်း အိမ်ထောင်ပြုခြင်း၊ ငယ်ပေါင်း လင်မယားတစ်ဦးဦး (သို့) အရွယ်ရောက်သူ တစ်ဦး ဦးအစိမ်းသေ သဂြိုလ်ရက်တွင် “ရက်ကန်း” အလုပ်မဆင်းဘဲ ရှောင်ကျဉ်ခြင်းများ ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ဟွာလ်ငိုလူမျိုးစုတို့၏ ရိုးရာဓလေ့ထုံးတမ်းများ

ဟွာလ်ငိုလူမျိုးများဆင်းသက်လာပုံ

ဟွာလ်ငိုလူမျိုးများသည် မွန်ဂိုလီးယားမှ ဆင်းသက်လာသော တိဘက်-မြန်မာလူမျိုးထုကြီးမှ ဆင်းသက်လာသည်ဟု ယူဆရသည်။ ဘိုးဘေးတို့သည် မြန်မာနိုင်ငံသို့ ချင်းတွင်းမြစ်ဝှမ်းအတိုင်း ဝင်ရောက်လာကြပြီး ချင်းတွင်းမြစ်အနောက်ဘက်၊ ကလေးကဘော်ချိုင့်ဝှမ်းတွင် အေဒီ(၈)ရာစုခန့်က ဝင်ရောက်နေထိုင်ခဲ့ကြသည်။ ထိုမှတဆင့် အေဒီ(၁၄၀၀)ခန့်တွင် ကလေးမြို့နယ် ထင်သားကျေးရွာ အနီးတဝှိုက်မှ ချင်းပြည်နယ် ဖလမ်းမြို့အနီး ဆူမ်းပွီး(Sumpui)ရွာသို့ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ကြ သည်။ ရွာသူကြီး၏ အမည်ကို အစွဲပြုကာ ကျေးရွာအမည်ပေးထားခြင်းဖြစ်သည်။ ယင်းမှတဆင့် ဆဲလ်ပွီး(Seipui)ကျေးရွာတဝိုက်သို့ အေဒီ(၁၅၀၀)ခန့်တွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ထို့နောက် အေဒီ(၁၅၀၀)မှ အေဒီ(၁၆၀၀)ခန့်အထိ မဏိပူရမြစ်အနောက်ဘက် တောင်ကျောတစ်လျှောက်တွင် ပျံ့နှံ့နေထိုင်ခဲ့ကြပြီး ကျေးရွာအများအပြားတည်ထောင်ခဲ့သည်။ ယခုအခါ ချင်းပြည်နယ်ရှိ လင်တန်း တောင်ကျောတလျှောက်တွင် ဟွာလ်ငိုလူမျိုးတို့ တည်ထောင်နေထိုင်လျက်ရှိသော ရွာပေါင်း(၅၇)ရွာရှိ သည်။

နေထိုင်ရာဒေသများ

ဟွာလ်ငိုလူမျိုးစုအကြီးအကဲများ တည်ထောင်နေထိုင်ခဲ့သောဒေသများမှာ အိန္ဒိယမြန်မာနယ်စပ် ရှိ တီယိုချောင်း(Tiau Lui)၏ အရှေ့ဘက်တလွှားတွင် တည်ရှိကြသည်။ ထိုဒေသကို ယခင်က ဟွာလ်ငို နယ်မြေဟု ခေါ်ဝေါ်ကြသည်။ ဟွာလ်ငိုလူမျိုးစု အကြီးအကဲများ တည်ထောင်ခဲ့သော ကျေးရွာ(၅၇)ရွာ မှာ ဖလမ်းမြို့နယ်တွင် (၃၈)ရွာ၊ တီးတိန်မြို့နယ်တွင် (၁၃)ရွာ၊ တွန်းဇံမြို့နယ်တွင် (၆)ရွာရှိသည်။ မဏိပူရမြစ် အရှေ့ဘက်ခြမ်းရှိ လုံးတောကျေးရွာတစ်ဝိုက်တွင်လည်း လူနည်းစုနေထိုင်ကြသည်။ ပလက်ဝမြို့နယ်တွင်လည်း လူနည်းစုနေထိုင်ကြသည်။

ဟွာလ်ငိုမျိုးနွယ်စုများသည် (၁၉၂၀)ခုနှစ်နောက်ပိုင်းမှစ၍ ကလေးကဘော်ချိုင့်ဝှမ်းဒေသများသို့ တဖြည်းဖြည်းပြောင်းရွှေ့နေထိုင်လာကြရာ ယခုအခါတွင် ကလေးမြို့နယ်၊ ခမ်းပတ်မြို့နယ်၊ တမူးမြို့ နယ်တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။

သွင်ပြင်လက္ခဏာများ

ဟွာလ်ငိုလူမျိုးများသည် တိဗက်-မြန်မာအနွယ်ဝင်များ ဖြစ်သည်နှင့်အညီ ကချင်လူမျိုး၊ ဗမာ လူမျိုးနှင့် အခြားမျိုးနွယ်စုများနှင့် သွင်ပြင်လက္ခဏာတူညီကြသည်။ အများစုမှာ နက်မှောင်သော ဆံပင်၊ မဖြူလွန်းသောအသားရည်၊ မျက်ဆံအညိုရောင်(သို့)အနက်ရောင် ရှိကြသည်။ အရပ်အမောင်း (၅)ပေမှ (၆)ပေကြားရှိ၍ တောင်ပေါ်တောင်တန်းများတွင် နေထိုင်သူများမှာ ကိုယ်လုံးကိုယ်ထည် ခိုင်မာ တောင့်တင်းကြသည်။

ရိုးရာဓလေ့ထုံးစံများ

၁။ လက်ထပ်ထိမ်းမြားခြင်း

     တစ်လင်တစ်မယားစနစ်ကို ရှေးကပင်ကျင့်သုံးကြသည်။ သတို့သမီးကို တင်တောင်းရာတွင် ရှေးက ပယင်းဆွဲကြိုးကိုလည်းကောင်း၊ နွားနောက်ကိုလည်းကောင်း အသုံးပြုကြသည်။ ပယင်းဆွဲကြိုးရှားပါးလာသောအခါ ငွေစက္ကူကို အသုံးပြုလာပြီး နွားနောက်မွေးမြူ သူများက နွားနောက်နှင့်လည်းကောင်း၊ နွားနောက်မပိုင်ဆိုင်သည့်သူများက ငွေစက္ကူကိုလည်းကောင်း မင်္ဂလာကြေးအဖြစ် အသုံးပြုလာကြသည်။ သတို့သားဘက်မှ ဆွေမျိုးအကြီးအကဲများက သတို့သမီး၏ မိဘဆွေမျိုးများထံ မင်္ဂလာဆောင်ခွင့်ပြုရန် တောင်းခံကြသည်။ သတို့သမီး၏ မိဘများက ခွင့်ပြုမှသာ မင်္ဂလာဆောင်ခွင့်ရှိသည်။ သတို့သမီး၏မိဘများက မင်္ဂလာကြေးထဲမှအချို့ကို သတို့သမီးဆွေမျိုးများကို ခွဲဝေပေးလေ့ရှိသည်။ သတို့သားက သတို့သမီးနေအိမ်တွင် နေခွင့်မရှိ၊ သတို့သမီးကသာ သတို့သားအိမ် တွင် နေထိုင်သည်။ သတို့သား၏ မိဘကအိမ်ခွဲပေးလျှင် အိမ်ခွဲနေရသည်။

၂။ လင်မယားကွာရှင်းခြင်း

အကြောင်းတစ်စုံတစ်ရာကြောင့် လင်မယားကွာရှင်းရန်အကြောင်းဖန်လာလျှင် ကွာရှင်းပုံစနစ် နှစ်ခုရှိသည်။ ယောကျ်ားမှကွာရှင်းလျှင် မိန်းမဖြစ်သူအား ပိုင်ဆိုင်မှု၏ သုံးပုံတစ်ပုံ ပေးရသည်။ မိန်းမဖြစ်သူ၏ အဝတ်အထည်အသုံးအဆောင်၊ အိပ်ယာခင်းမှအစ မိန်းမဖြစ်သူထံပြန်လည်ပေးအပ်ရ သည်။ မိန်းမက ကွာရှင်းလျှင် မိန်းမဖြစ်သူက ယောကျ်ားဘက်မှရရှိခဲ့သော မင်္ဂလာကြေးအားလုံးကို ပြန်လည်ပေးဆောင်ရပြီး လင်မယားပိုင်ဆိုင်ခွင့်မှုများ တစ်ခုမှခံစားခွင့်မရှိပါ။ 

၃။ အမွေဆက်ခံခွင့်

အိမ်ထောင်ဦးစီးမှာ ဖခင်(အမျိုးသား) များသာဖြစ်သကဲ့သို့ မိဘ၏ပိုင်ဆိုင်မှုအားလုံးကို သားယော ကျ်ားများကသာ အမွေဆက်ခံခွင့်ရှိသည်။ သမီးမိန်းကလေးများက မိန်းဘအမွေခံစားခွင့်မရှိ၊ သားကြီးများကို အိမ်ခွဲများစီစဉ်ပေးလေ့ရှိပြီး သားထွေးဆုံးက မိဘကို လုပ်ကျွေးသည့် အလေ့အထရှိ သည်။ မိဘ၏နေအိမ်ကိုသားအထွေးဆုံးကဆက်ခံရသည်။

၄။ လူမှုရေးဆိုင်ရာ ရိုးရာဓလေ့များ

ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုကြင်နာစွာဆက်ဆံရသည်။ ရွာသူကြီးနှင့်ကျေးရွာ ၏ လုံခြုံရေးတာဝန်များသည် အတန်အသင့်ဩဇာရှိသူများဖြစ်ကြ၍ အများ၏လေးစားယုံကြည်မှုကိုခံရ သည်။ ရှေးကကျေးရွာတိုင်း၌ ရွာ၏လုံခြုံရေးအတွက်လည်းကောင်း သားရဲတရိစ္ဆာန်များရန်မှကာကွယ် ရန်အတွက်လည်းကောင်း ဘေးဥပါဒ်တစ်စုံတစ်ရာပေါ်ပေါက်လာလျှင် စုပေါင်းကာကွယ်ရန်အတွက် လည်းကောင်း၊ ကျေးရွာအကျိုးဆောင်ရန်အတွက်လည်းကောင်း၊ လူငယ်ယောကျ်ားလေးများသည် တစ် စုတစ်ဝေး အိမ်တစ်အိမ်၌ အိပ်ကြလေ့ရှိသည်။ ထိုလူငယ်ယောကျ်ားလေးများစုဝေးရာ အိမ်ကိုဇော်လ်ဘု (Zawlbuk)ဟုခေါ်သည်။ ယခုအခါတွင် ဇော်လ်ဘုအိမ်များ မတည်ဆောက်တော့သော်လည်း ကျေးရွာ တိုင်း ရပ်ကွပ်တိုင်း၌ လူငယ်ပရဟိတအဖွဲ့အစည်းများ ဖွဲ့စည်းကြသည်။ယင်းအဖွဲ့များသည် သူတစ်ပါး အကျိုးအတွက် အခကြေေးငွေမယူဘဲ စေတနာအရင်းခံသက်သက်ဖြင့် ဆောင်ရွက်ပေးရလေ့ရှိသည်။

ဟွာလ်ငိုမျိုးနွယ်စုတို့သည် ရိုးရာပွဲတော်များ ကျင်းပလျှင်သော်လည်းကောင်း မင်္ဂလာဆောင် ပွဲနှင့် အခြားပွဲများကျင်းပလျှင်လည်းကောင်း သာရေးနာရေးကစ္စများတွင်လည်းကောင်း၊ စားသောက်ပွဲ ကြီးများ စီစဉ်လေ့ရှိသည်။စားသောက်သည့်အခါ ဝါးနှီးဗန်းကြီးထဲတွင် ထမင်းနှင့်ဟင်းကို စုပုံကာ လူ(၅)ဦးမှ (၇)ဦးထိ လက်ရေတပြင်တည်း စားသောက်လေ့ရှိသည်။ ယခုအခါ ထိုဓလေ့သည် တဖြေး ဖြေးတိမ်ကောလာသည် ဖြစ်သည်။ ထိုပွဲများတွင် မပါမပြီးသည့် ဓလေ့တစ်ခုမှာ ခေါင်ရည်သောက်ခြင်း ဖြစ်သည်။ အိုးကြီးများဖြင့် ခပ်ထားသည့်ခေါင်ရည်ကို ဝါးစုပ်တံဖြင့် စုပ်ယူရသည်။

သာရေး နာရေးကိစ္စများ ပေါ်ပေါက်လာလျှင် တစ်ရွာလုံးက ပါဝင်ကူညီပေးရသည့် ဓလေ့ရှိသည်။ သာရေးကိစ္စများတွင်သာမက နာရးကိစ္စများတွင်လည်း ရွာသူရွာသား၊ လူကြီး၊ လူငယ်များက ပါဝင်လုပ် ကိုင်ကြပြီး ဝိုင်းဖွဲ့၍ သီချင်းများသီဆိုကြရသည်။ နာမကျန်းသူများရှိလျှင် တစ်ရွာလုံးကဂရုစိုက်ကြရ သည်။ မုဆိုးမများနှင့် မရှိဆင်းရဲသူများကို တစ်ရွာလုံးက ပေးကမ်းစွန့်ကြဲ ကြည်ရှု့စောင့်ရှောက်ပေးရ သည့်ဓလေ့ရှိသည်။

၅။ ရိုးရာပွဲတော်များ

ရိုးရာပွဲတော်သုံးမျိုးရှိသည်။ ယင်းတို့မှာ တောင်ယာစပါးရိတ်သိမ်းပြီးစီးခြင်း၊ အထိမ်းအမှတ်အ ဖြစ်ကျင်းပသောပေါလ်ကွတ်(Pawl Kut) ပွဲတော်၊ သေဆုံးသူများကိုရည်စူး၍ လူး၊ ဆပ်၊ပြောင်းများရိတ် သိမ်းပြီးချိန်တွင်ကျင်းပသော မိန်းကွတ်ပွဲတော် (Min Kut) လူငယ်လူရွယ်များ၏ ပျော်ရွှင်မှုကို ပဓါန ထားကာ တောင်ယာစပါးမစိုက်ပျိုးမီ ကျင်းပသော ကွတ်ပွီး (Kut Pui) ပွဲတော်ဟူ၍ဖြစ်သည်။ မိန်းကွတ် ပွဲတော်ကို စက်တင်ဘာလကုန်ပိုင်း(သို့) အောက်တိုဘာလဆန်းပိုင်းတွင်လည်းကောင်း ပေါလ်ကွတ်ပွဲ တော်ကို ဒီဇင်ဘာလကုန်ပိုင်း(သို့) ဇန်နဝါရီလဆန်းပိုင်းတွင်လည်းကောင်း၊ ကွတ်ပွီးပွဲတောကို မတ်လ ကုန်ပိုင်း (သို့) ဧပြီလဆန်းပိုင်းတွင်လည်းကောင်း ကျင်းပကြသည်။ ဆင်းရဲချမ်းသာမရွေး ပါဝင်ဆင်နွှဲ လေ့ရှိကြသည်။ ကြက်ဥ၊ အသား၊ ကောက်ညှင်းများကို တစ်ဦးနှင့်တစ်ဦးခွံ့ကျွေးကာ ပျော်ရွှင်စွာဆင်နွှဲ လေ့ရှိကြသည်။


ဘာသာစကားနှင့်စာပေ

ရှေးကဟွာလ်ငိုဘာသာစကားကို “ဒုလျန်စကား” (Duhlian Tawng) ဟုခေါ်တွင်ခဲ့ကြသည်။ အ ချိန်ကြာမြင့်လာသောအခါ လူမျိုးအမည်ကိုစွဲ၍ ဟွာလ်ငိုဘာသာစကားဟု ခေါ်တွင်ခဲ့ကြသည်။ စာပေအ က္ခရာများကို ချင်းတောင်တန်းသို့ ရောက်ရှိလာသော ခရစ်ယာန်ဘာသာ သာသနာပြုဆရာတော်များက တီထွန်ပေးခဲ့ကြသည်။ခရစ်နှစ် ၁၉၁၄ ခန့်မှစ၍ စာပေအရေးအသားများ စတင်ပေါ်ပေါက်လာပြီး ဟွာလ် ငိုစာပေဟုခေါ်တွင်ခဲ့သည်။

ဝတ်စားဆင်ယင်မှု

ဝတ်စားဆင်ယင်ထုံးဖွဲ့မှုသည် အချိန်ကာလ  တိုးတက်ပြောင်းလဲလာသည့်အညီ၊ တဖြေးဖြေးတိုး တက်ပြောင်းလဲလာသည်။ အမျိုးသားဝတ်စုံနှင့် အမျိုးသမီးဝတ်စုံကို ဓါတ်ပုံနှင့်တကွ ဖော်ပြပါရှိသည်။ အမျိုးသမီးများသည် ဆွဲကြိုး၊ နားကွင်း၊ လက်ကောက်များနှင့်ဆံထိုးများကို အမြတ်တနိုးထား ဝတ်ဆင်ကြသည်။ အမျိုးသမီးတိုင်းသည် ခေါင်းဆောင်း(Chawi Lukhum)ကို အမြတ်တနိုး ဆောင်းလေ့ရှိသည်။ အမျိုးသားများသည် အနက်နှင့်အနီစပ်ထားသောခေါင်းပေါင်း(Diar)ကို ဝတ်ဆင် လေ့ရှိသည်။ 

ကိုးကွယ်ယုံကြည်မှု

ဟွာလ်ငိုလူမျိုးနွယ်စုများသည် ခရစ်ယာန်သာသနာမေရာက်မီအထိ တောစောင့်နတ်၊ တောင် စောင့်နတ်များကို ကိုးကွယ်ယုံကြည်ခဲ့ကြသည်။ အဆိုတစ်ခုတွင် ဆေးပွီးရွ...

ဟွာလ်ငိုလူမျိုးနွယ်စုများသည် ခရစ်ယာန်သာသနာမေရာက်မီအထိ တောစောင့်နတ်၊ တောင် စောင့်နတ်များကို ကိုးကွယ်ယုံကြည်ခဲ့ကြသည်။ အဆိုတစ်ခုတွင် ဆေးပွီးရွာသူကြီးထံ မိုးယ်ချစ် (Muchhip) တောင်စောင့်နတ်က အိမ်မက်ပေးသဖြင့် စကြာဝဌာတစ်ခုလုံးကို ပိုင်သအုပ်စိုးသောဘုရား (Khuavang Pathian)ကို စတင်ကိုးကွယ်ခဲ့ကြသည်။ ထိုဘုရားက အိပ်မက်ပေးရာတွင် “ငါ့ကိုကိုးကွယ် ပူဇော်လော့ သို့ဆိုလျှင် ရန်သူနှင့်ဘေးအန္တရာယ်မှ ငါကာကွယ်ပေးမည်၊ ကြီးပွားချမ်းသာအောင် ငါမစ မည်” ဟုမိန့်သည်ဟု ဆိုကြသည်။ နှစ်စဉ်မိုးယ်ချစ် တောင်ထိပ်သို့ဦးတည်၍ ယဇ်ပူဇော်လေ့ရှိကြသည်။ (Muchhip Sakhua) မိုးယ်ချစ်ဘာသာဟု ခေါ်သည်။

ခရစ်နှစ် ၁၉၀၇ ခုနှစ်တွင် ခရစ်ယာန်ဘာသာ သာသနာပြုဆရာတော်များရောက်ရှိလာပြီး၊ ခရစ်ယာန်ဘာသာသည် တဖြေးဖြေးပျံ့နှံ့သွားသည်။ ခရစ်ယာန်ဘာသာဝင်တိုးပွားလာပြီး မိုးယ်ချစ်ဘာ သာလည်း တိမ်ကောပပျောက်သွားခဲ့သည်။ ယခုအခါတွင် ဟွာလ်ငိုလူမျိုးတို့သည်၊ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်ကိုးကွယ်ကြသည်။

အုပ်ချုပ်မှုအစဉ်အလာ

   အုပ်ချုပ်မှုအစဉ်အလာ ဟွာလ်ငိုမျိုးနွယ်စုများသည် ရွာအများအပြားတည်ထောင်ပြီး ရွာ၏အုပ်...

   အုပ်ချုပ်မှုအစဉ်အလာ ဟွာလ်ငိုမျိုးနွယ်စုများသည် ရွာအများအပြားတည်ထောင်ပြီး ရွာ၏အုပ် ချုပ်သူမှာ ရွာသူကြီးဖြစ်သည်။ ရွာသူကြီးသည် ထိုရွာ၏ခေါင်းဆောင်ဖြစ်သကဲ့သို့ သြဇာအရှိဆုံးပုဂ္ဂိုလ် ဖြစ်သည်။ ရွာသူကြီးက ၎င်းကိုကူညီရန်နှင့် ရပ်ရွာကိစ္စများ၊ ဆွေးနွေးတိုင်ပင်ရန် ရွာလူကြီးများလည်း ထားရှိသည်။ ရွာသူကြီးတွင် ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးတို့တွင် အထွက်အထိပ် ဖြစ် သည်။ ရွာသူကြီးအထက်တွင် မြို့ပိုင်၊ နယ်ပိုင်စသည့်ပုဂ္ဂိုလ်များမရှိ။ နိုင်ငံတော်အစိုးရက ရွာသူကြီးစနစ် ကို ဖျက်သိမ်းပြီးနောက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပေါ်ပေါက်လာခဲ့သည်။

ရိုးရာယဉ်ကျေးမှု

      ...

      ဟွာလ်ငိုမျိုးနွယ်စုတို့သည် အချို့သောဓလေ့ထုံးတမ်းများ ပပျောက်သွားသည့် တိုင် မိမိတို့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ စာပေအရေးအသား တိုးတက်လာပြီး တေးသီချင်းများသီကုံးစပ်ဆိုခဲ့ကြသည်။ ကလေးသီချင်း၊ ကလေးများဆော့ကစားရာ တွင် သီဆိုသည့်သီချင်းများ၊ သားရဲတိရစ္ဆာန် ဖမ်းဆီးရမိသည့်အခါတွင် သီဆိုသည့်သီချင်းများနှင့် အက များ၊ ရန်သူများကို အောင်နိုင်သည့်အခါတွင် သီဆိုသည့် သီချင်းများနှင့်အကများ၊ နှစ်စဉ်ကျင်းပလေ့ရှိ သော ပွဲတော်များတွင် သီဆိုလေ့ရှိသောသီချင်းများနှင့်အကများ စသဖြင့် ယနေ့တိုင်အောင် ထိန်းသိမ်း ထားဆဲဖြစ်သည်။ ဟွာလ်ငိုလူမျိုးတို့၏ ယဉ်ကျေးမှုအကများတွင် Cheraw Kan (ကျဲရောကန်) ဝါးညှပ်အကမှာ ထင်ရှားသည်။ ဝါးညှပ်အကကို ဟွတ်ပွီးပွဲတော်တွင် လူငယ်လူရွယ်များက ကခုန်လေ့ ရှိကြသည်။ ဂီ တတူရိယာအနေနှင့်၊ ဗုံ၊ ဆိုင်းဝိုင်း ဦးချို (နွားနောက်ဂျို) များသာရှိခဲ့သည်။ အနုပညာ လက်မှုပညာဘက်တွင်လည်း ပန်းဘဲနှင့်ပန်းချီလုပ်ငန်း သာရှိခဲ့သည်။ တောတောင်များပေါ်တွင် နေထိုင် ကျက်စားကြသော လူမျိုးနွယ်များ ဖြစ်သကဲ့သို့ ဒါး၊လှံ နှင့် တောင်ယာစပါးစိုက်ပျိုးရန်ရန် လိုအပ်သည့် သံထည်ပစ္စည်းအမျိုး မျိုးကို ပြုလုပ်တက်ကြသည်။ တောင်နံရံပေါ်တွင် သစ်နှင့်ဝါးကို အဓိကအသုံးပြု၍ အိမ်ဆောက်ကြသော ကြောင့် လက်သမားအတက်ပညာ တက်မြောက်သူ အများအပြားရှိသည်။ အသုံးဆောင်ပစ္စည်းများလည်း သစ်၊ ဝါး၊ ကြိမ်တို့နှင့် ပြုလုပ်သည့် ပစ္စည်းများသာရှိခဲ့ကြသည်။ အမျိုး သမီးတိုင်း ဂျပ်ခုပ်ခြင်း လက်မှုပညာကို တက်မြောက်ကြသည်။ ဂျပ်ခုပ်ခြင်းဖြင့် မိမိတို့၏ အဝတ် အထည် ှင့်စောင်များ ရှောစောင်များကို ယက်လုပ်ကြသည်။ ထို့ပြင် ကျောက်တိုင်စိုက်ခြင်းသည် ဟွာလ်ငိုချင်းလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ တစ်ခုဖြစ်သည်။ အထိမ်းအမှတ်ကျောက်တိုင်များ နေရာဒေသများ လမ်းခရီးများကို မှတ်သားသည့် ကျောက်တိုင်များ သေဆုံးသူများ၏ အုတ်ဂူတွင် စိုက်ထူသည့် ကျောက်တိုင်များစသဖြင့် စိုက်ထူလေ့ရှိသည်။ ထိုကျောက်တိုင်များပေါ်တွင် စာလုံးထွင်၍ သော်လည်း ရုပ်ပုံများထွင်း၍လည်းကောင်း စိုက်ထူလေ့ရှိကြသည်။

ဟွာလ်ငိုချင်းလူမျိုတို့ ထွက်အမြတ်ထားရာ ယဉ်ကျေးမှုအမွေအနှစ်ဒေသများကို ဖော်ပြရမည်ဆို လျှင် ရိရေကန် မိုးယ်ချစ်တောင်နှင့်ဘွာန်နဲလ်တောင်တို့ဖြစ်သည်။ ရိရေကန်(Rih Dil) သည်ချင်းပြည် နယ်ဖလမ်းခရိုင်တွင် တည်ရှိသည်။ အသည်းနှစ်လုံးပုံ ရိရေကန်သည် အလျား ၂မိုင် ၇ ဖာလုံ အကျယ်၁ မိုင် ၇ ဖာလုံရှိပြီး အနက်ဆုံးနေရာတွင် ပေ၇၀ ကျော်နက်သည်။ ရှေးလူကြီးများက သေလွန်သူများ၏ ဝိ ညာဉ်နားခိုရာနေရာဟု ယူဆကြသည်။ ရေကန်စပ်ရှိ သစ်ပင်များသည် သဘာဝအတိုင်းညီညာနေတက် သဖြင့် သေလွန်သူများ၏ ခြံစည်းရိုးဟုခေါ်ဝေါ်ကြသည်။ ဒီဇင်ဘာလတွင် ရေအနည်းနောက်လေ့ရှိ သော်လည်း နွေ၊ မိုး၊ ဆောင်းရာသီမရွေး ကန်ရေပြင်မှာ ကြည်လင်စိမ်းလဲ့နေလေ့ရှိသည်။

မိုးယ်ချစ်တောင်သည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဆေးပွီး (Sei PuI) ရွာအနီးတွင်ရှိပြီး  အမြင့် ၈၂၇၈ပေမြင့်သည့် တောင်ထိပ်တစ်ခုဖြစ်သည်။ ထူးခြားသည်မှာ တောင်ထိပ်တွင် တစ်ဧကပတ် လည်သစ်ပင်မြင့်များ မပေါက်ဘဲ တောင်ကတုံးဖြစ်နေခြင်းဖြစ်သည်။ ရှေးလူကြီးများ ကိုးကွယ်ရာနေရာ ဖြစ်သည်။

ဘွာန်နလ်(Buannel) တောင်သည် ဖလမ်းခရိုင်၊ မွန်လွကျေးရွာအရှေ့ဘက်ခြမ်းရှိတောင်ဖြစ် သည်။ အမြင့်ပေ၈၅၅၂-ခန့်ရှိသည်။ တောင်ထိပ်သည် ကုန်းပြင်မြင့်ဖြစ်ပြီး စတုရန်းမိုင်ခန့်ကျယ်ဝန်း သည်။ထိုတောင်ထိပ်ပေါ်တွင် သစ်ပင်၊ ဝါးပင်များမရှိဘဲ မြက်ခင်းတောပန်းပင်များသာပေါက်ရောက် သည်။ ရှေးအခါကပင် ဤတောင်၌ တောင်ယာခုတ်ခြင်းမရှိသောကြောင့်စိမ်းလမ်းသောမြက်ခင်းနှင့် တာပန်းပင်များ ပတ်ပတ်လည်တွင် မှိုင်းအုံ့ဆိုင်းနေသော တောင်တန်းကြီးရှိသည်။ ရှေးလူကြီးများက ဘွာန်နဲလ်တောင်သည် တောစောင့်နတ်သမီး( Lasi Nula) ကျောင်းသင်လဲ(Chqwngtinleri)က ငှက်များ နှင့် သားရဲ တိရစ္ဆာန်နှင့် ငှက်မျိုးစုံအများဆုံးရှိနေသေးသည်။


ဆောင်ရန်

       ဟွာလ်ငိုချင်းမျိုးနွယ်စု၏ ရှေးလူကြီး(အကြီးအကဲ) များက သားသမီးမြေးမြစ်အထိ စောင့်ထိမ်း လာသည့်ဓလေ့မှာ နှုတ်ဂတိတည်ခြင်း သစ္စာရှိခြင်း၊ လ...

       ဟွာလ်ငိုချင်းမျိုးနွယ်စု၏ ရှေးလူကြီး(အကြီးအကဲ) များက သားသမီးမြေးမြစ်အထိ စောင့်ထိမ်း လာသည့်ဓလေ့မှာ နှုတ်ဂတိတည်ခြင်း သစ္စာရှိခြင်း၊ လိမ်ညာလှည့်ဖျား မုသားမဆိုခြင်းဖြစ်သည်။ ရဲစွမ်း သတ္တိရိုးသားခြင်းကိုဂုဏ်ယူသည်။သိက္ခာနှင့် သမာဓိရခြင်းကို ရှေ့တန်းတင်သည့်လူမျိုးများဖြစ်သည်။ သူ တစ်ပါးပစ္စည်းကိုခိုးယူခြင်း၊ ဓားပြတိုက်ခြင်းပြုရပါ။ ထို့ကြောင့် အိမ်တံခါးသော့ခက်ခြင့်၊ ခြံစည်းရိုးကာ ခြင်းမရှိကြ ကျွဲ၊ နွား၊ နွားနောက်တို့ကိုတောတောင်များတွင် ကျက်စားနေစေကြသော်လည်း၊ မည်သူက မျှယူခြင်းမရှိ၊ တောင်ယာစပါး ခုတ်ရာတွင်လည်း သီးနှံပင်များ ပျောက်လေ့မရှိ၊ သို့သော် အိမ်နီးနားခြင်း ကပ်လျှက်ဖြစ်လျှင် မိမိခြံတွင် စိုက်ပျိုးထားသော်သည် တစ်ဘက်ခြံတွင်သီးသည့်အသီးများ ဖရုံ၊ သခွား ကဲ့သို့ ဟင်းသီးဟင်းရွက်များကို တစ်ဘက်ခြံမှ ခူးခွင့်မရှိပါ။ ခြံစည်းရိုးတိုင်စိုက်ထားလျှင် အိမ်ရှင်သော် လည်ကောင်း အခြားသူများကသော်လည်းကောင်း နေရာရွှေ့စိုက်ခြင်းလုံးဝမပြုလုပ်၊ မိဘနှင့်လူကြီး များကို ဆဲဆိုခြင်း၊ ကျိန်စာတိုက်ခြင်းမပြုလုပ်ရ အကြောင်းတစ်ခုခုကြောင့် မိုက်ရန်ဖြစ်ခြင်း အငြင်းပွား ခြင်းကိစ္စရှိလျှင် ရွာသူကြီး၏ အဆုံးအဖြတ်ကို ရွာသားတိုင်း နာခံကြရသည်။ ရွာသူကြီးကလည်း ကျောသားရင်သားမခွဲခြားဘဲ အဆုံးဖြတ် ပြစ်ဒဏ်ပေးလေ့ရှိသည်။ 

  

ရှောင်ရန်

         ဟွာလ်ငိုချင်းမျိုးနွယ်စု၏ ရှေးလူကြီး(အကြီးအကဲ) များက သားသမီးမ...

         ဟွာလ်ငိုချင်းမျိုးနွယ်စု၏ ရှေးလူကြီး(အကြီးအကဲ) များက သားသမီးမြေးမြစ်အထိ စောင့်ထိမ်း လာသည့်ဓလေ့မှာ နှုတ်ဂတိတည်ခြင်း သစ္စာရှိခြင်း၊ လိမ်ညာလှည့်ဖျား မုသားမဆိုခြင်းဖြစ်သည်။ ရဲစွမ်း သတ္တိရိုးသားခြင်းကိုဂုဏ်ယူသည်။သိက္ခာနှင့် သမာဓိရခြင်းကို ရှေ့တန်းတင်သည့်လူမျိုးများဖြစ်သည်။ သူ တစ်ပါးပစ္စည်းကိုခိုးယူခြင်း၊ ဓားပြတိုက်ခြင်းပြုရပါ။ ထို့ကြောင့် အိမ်တံခါးသော့ခက်ခြင့်၊ ခြံစည်းရိုးကာ ခြင်းမရှိကြ ကျွဲ၊ နွား၊ နွားနောက်တို့ကိုတောတောင်များတွင် ကျက်စားနေစေကြသော်လည်း၊ မည်သူက မျှယူခြင်းမရှိ၊ တောင်ယာစပါး ခုတ်ရာတွင်လည်း သီးနှံပင်များ ပျောက်လေ့မရှိ၊ သို့သော် အိမ်နီးနားခြင်း ကပ်လျှက်ဖြစ်လျှင် မိမိခြံတွင် စိုက်ပျိုးထားသော်သည် တစ်ဘက်ခြံတွင်သီးသည့်အသီးများ ဖရုံ၊ သခွား ကဲ့သို့ ဟင်းသီးဟင်းရွက်များကို တစ်ဘက်ခြံမှ ခူးခွင့်မရှိပါ။ ခြံစည်းရိုးတိုင်စိုက်ထားလျှင် အိမ်ရှင်သော် လည်ကောင်း အခြားသူများကသော်လည်းကောင်း နေရာရွှေ့စိုက်ခြင်းလုံးဝမပြုလုပ်၊ မိဘနှင့်လူကြီး များကို ဆဲဆိုခြင်း၊ ကျိန်စာတိုက်ခြင်းမပြုလုပ်ရ အကြောင်းတစ်ခုခုကြောင့် မိုက်ရန်ဖြစ်ခြင်း အငြင်းပွား ခြင်းကိစ္စရှိလျှင် ရွာသူကြီး၏ အဆုံးအဖြတ်ကို ရွာသားတိုင်း နာခံကြရသည်။ ရွာသူကြီးကလည်း ကျောသားရင်သားမခွဲခြားဘဲ အဆုံးဖြတ် ပြစ်ဒဏ်ပေးလေ့ရှိသည်။   

တီးတိန်လူမျိုးစုတို့၏ရိုးရာဓလေ့ထုံးတမ်းများ

၁။   တီးတိန်(ချင်း) ဇိုမီးမျိုးနွယ်စုများသည် တိဘက်-မြန်မာလူမျိုးအုပ်စု၊မွန်ဂိုလွိုက်မျိုးနွယ်မှဆင်းသက်လာကြခြင်းဖြစ်သည်။တီးတိန်(ချင်း)ဇိုမီးမျိုးနွယ်စုများသည်မွေးကင်းစတွင်တင်ပါး၌လက်ဖဝါးအရွယ်မွန်ဂိုလွိုက်မျိုးနွယ်တွင်သာတွေ့ရှိရသော Mongoloid a blue spot နက်ပြာရောင် အမှတ်အသားပါရှိလာပြီး(၂) နှစ်အရွယ်ခန့်တွင် အလိုအလျောက်ပျောက်ကွယ်သွားကြောင်း သိရှိရပါသည်။ ရှေးဘိုးဘွားများသည် တရုတ်ပြည်နှင့် တိဘက်ပြည်ကြားရှိ ယန်စီကြန်မြစ်နှင့် ဟွာဟိုမြစ်ကြားလွင်ပြင်တွင် ဘီစီ ၂၀၀၀ခန့်မှစ၍ ပထမဦးဆုံး အခြေချနေထိုင်ခဲ့ကြကြောင်း ဘီစီ နှစ်ကုန်ဆုံးခါနီးတွင် တရုတ်နှင့်တိဗက်နယ်နိမိတ်ကြား အိန္ဒိယနိုင်ငံ အသံပြည်နယ် အရှေ့ဘက်ရှိ လူဟစ်( Lohit) မြစ်ဖျားအတိုင်းဆုန်ဆင်းကာ ဟူးကောင်းတောင်ကြားမှတဆင့် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ကြပြီး အေဒီပထမရာစုခန့်တွင် ချင်းတွင်းမြစ်ဝှမ်းဒေသနှင့်ပုဂံညောင်ဦး၊  ပုပ္ပါးတောင်အနီးတဝိုက်တွင် နေထိုင်ခဲ့ကြကြောင်း ထိုဒေသရှိ ရှေးခရီးသွားများ၏ နတ်ကိုးကွယ်မှုတွင် အသုံးပြုသည့်ကျောက်ပြားများကို ကြည့်ခြင်းဖြင့် သိရှိနိုင်ပါကြောင်း လူမျိုးနွယ်စု ဘိုးဘွားများက ဆိုသည်။

၂။ တီးတိန်(ချင်း) ဇိုမီးမျိုးနွယ်စုများသည် ပျူ၊ မွန်နှင့် သက်လူမျိုးများပြီးလျှင် မြန်မာနိုင်ငံသို့ အစောဆုံးရောက်ရှိနေထိုင်သူများဖြစ်ပြီး ရေကြည်ရာမြက်နုရာ ချင်းတွင်းမြစ်တလျှောက်နှင့် ဧရာဝတီမြစ်ဝှမ်းတလျှောက် နှစ်ပေါင်းများစွားအေးချမ်းတည်ငြိမ်စွာ အခြေချ နေထိုင်ခဲ့ကြသူများ ဖြစ်ကြပါသည်။ တရုတ်ပြည် တန်မင်းဆက်(Tang Dynasty)တွင် သံတမန်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဖန်ချို့၏ အဆိုအရ အေဒီ ၈၆၂ တွင် ချင်းတွင်းမြစ်ဝှမ်း၌ ဇိုမျိုးနွယ်စုဟုခေါ်ဆိုသော  နိုင်ငံတည်ထောင်အုပ်ချုပ်သူ သူကြီးများ နေထိုင်ခဲ့သည်ဟု ဆိုသည်။

နေထိုင်ရာဒေသများ

၃။ အေဒီ၁၄ ရာစုတွင် ပထမမြန်မာနိုင်ငံတော်( ၁၀၄၄-၁၂၈၇) ကုန်ဆုံးပြီး ပင်းယ၊ စစ်ကိုင်း၊ အင်းဝဘုရင်ခေတ်( ၁၃၁၈-၁၅၅၅) ကာလများတွင် တီးတိန်း(ချင်း) ဇိုမီး လူမျိုးများသည် Khaw lzang( Kawlzang)ခေါ် ကလေး၊ ခမ်းပတ်ဒေသများတွင် နေထိုင်ကြပြီး ထိုနိုင်ငံတွင် ရှမ်းလူမျိုး ကျေး တောင်ညို(၁၄၀၂-၁၄၂၃)သည် ကလေးဒေသကို အုပ်ချုပ်ပြီး ကျုံးကိုတည်ထောင်နေသည့်ကာလ ဖြစ်ပါသည်။ ထိုသို့ ကျုံးကိုတည်ထောင်ရာတွင် လူလုပ်အားဆင့်ခေါ်မှု များပြားခြင်း၊ ရောဂါဘယ ပေါများခြင်းတို့ကြောင့် အဖိုးဦးဆုန်ထူ ခေါင်းဆောင်က ၁၄၂၀ ခုနှစ်ခန့်တွင် တောင်ပေါ် ကျိမ်နွဲဒေ သကို ရောက်ရှိခဲ့ကြပါသည်။ ကျိမ်နွဲဒေသတွင် မျိုးဆက် (၈) ခုတိုင် နေထိုင်ကြသည်ဟု ဆိုပါသည်။ ထိုမှတဆင့် တီးတိန်နယ်၊ တွန်းဇန်နယ်နှင့် အိန္ဒိယနိုင်ငံအထိ ပျံ့နှံ့နေထိုင်ကြပါသည်။ ယခုအခါ တီးတိန်(ချင်း) ဇိုမီး မျိုးနွယ်စုများသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပျံ့နှံ့ နေထိုင်ကြပြီး ကလေးမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့နှင့် မလေးရှား၊ ထိုင်း၊ ဂျပန်၊ ဩစတေးလျ၊ အမေရိကန်နိုင်ငံ၊ နော်ဝေ၊ ဂျာမဏီနိုင်ငံများတွင်လည်း ပျံ့နှံ့နေထိုင်ကြကြောင်းတွေ့ရပါသည်။

သွင်ပြင်လက္ခဏာ     

၄။ Zoogam (ချင်းပြည်နယ်) သည် ဧရိယာစတုရန်းမိုင်(၁၃၉၀၇) ရှိပြီး မြန်မာနိုင်ငံ၏ အနောက် မြောက်ဘက်တွင် တည်ရှိပါသည်။ မြေပြန့်လွင်ပြင်နည်းပါးပြီး တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများပါသည်။ ထင်ရှားသော တောင်၆- ခုရှိရာ Thuamvum ခေါ်ထွမ်းတောင် (Kenedy Peak)၊ အင်ဘုတ်တောင်၊ လွန်တောင်၊ ဘွဲပါးတောင်နှင့် ဝိတိုရိယတောင်ခေါ် ခေါနူးစွမ်တောင် တို့ ဖြစ်ပါသည်။ ကန်ပက်လက်မြို့နယ်တွင် တည်ရှိသော ဝိတိုရိယ/ ခေါနူးစွမ်တောင်သည် အမြင့်ဆုံး တောင်ဖြစ်ပြီး ပေ၁၀၂၀၀ မြင့်ပါသည်။ ဒုတိယအမြင့်ဆုံးမှာ တီးတိန်မြို့နယ်တွင်ရှိသော ထွမ်း‌တောင်  ( Kenedy peak) သည် ပေ၈၈၇၁ မြင့်ပါသည်။ မြစ် (၆)  စင်း ရှိပြီး မဏီပူရမြစ်၊ ကုလားတန် မြစ်၊ ဘွဲနူးမြစ်၊ ကြာအိုမြစ်၊ မြစ်သာမြစ်နှင့် လဲမ်ရိုမြစ်တို့ဖြစ်ပါသည်။

ရိုးရာဓလေ့ထုံးစံများ      

၅။ (က) သတိုးသမီးတောင်းရမ်းခြင်း၊ လက်ထပ်ထိမ်းမြားခြင်း 

                တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးပါသည်။ သစ္စာရှိမှု၊တည်ကြည်မှုကို အရင်းခံ သည်။  “Pute”ခေါ် မိခင်ဘက်က ဆွေမျိုးများနှင့်ထိမ်းမြားရန် ပိုလိုလားကြသည်။ မျိုးခြား၊ ဘာသာခြားကို ဦးစားပေးခြင်းမပြုပါ။ “Zuthawl pia” ခေါ် စေ့စပ်မင်္ဂလာ ကို သတို့သမီး၏ အိမ်တွင် ခေါင်ရည်ကို ပို့သပြီး စေ့စပ်ကာ မင်္ဂလာရက်မြတ်ကို သတ်မှတ်ကြသည်။ ထိမ်းမြားခြင်းကိုမှု နှစ်ဖက်မိဘများသဘောတူသည့်နေ့ရက် သတ်မှတ်ပြီး တောင်းရမ်းလက်ထပ်ကြပါသည်။ သတို့သမီးတောင်းရမ်းရာတွင် သတ်မှတ်သည့် မင်္ဂလာ ကြေးများဖြင့် တင်တောင်းရပါသည်။ ရှေးဦးစွာ Saman/ thaman    အဖြစ် ၁ိ/-တန်(၄) ရွက်၊ Angkhem အဖြစ် စောင်တစ်ထည်နှင့် တင်တောင်းပါသည်။ သတို့သမီးဘက်က လက်ခံပါက “Manpi” (မတ်လာကြေး) ၂၅ဝိ/-မှ ၃၀ဝိ/-၊ Pu Man  ၂ိ/-၊ Min man ၂ိ/-၊ Kan man( သင့်သလို) Zangdawh ၁ိ/-၊ Mualkhup ၃ဝိ/-နှင့် သတို့သမီးအတွက် Moken ခေါ် ခန်းဝင်ပစ္စည်း စောင်၊ ပုတီး၊ အိုး၊ သေတ္တာစသည့် အပြင် Sasengsin ၊ ပေါက်စိန်၊ ပေါက်တူး၊ ခြင်း နှင့်အခြားအိမ်အသုံးအဆောင် စသည်တို့ကို တင်ပေးရပါ သည်။မင်္ဂလာ ဧည့်ခံပွဲ ကို သတို့သမီးဘက်တွင်တစ်ကြိမ်၊ သတိုးသားဘက်တွင်တစ်ကြိမ် ပြုလုပ်ကြပါသည်။

(ခ) ကင်ပွန်းတပ်မင်္ဂလာကျင်းပခြင်း

    တီးတိန် (ချင်း) ဇိုမီး မျိုးနွယ်စုသည် ကင်ပွန်းတပ်ရာတွင် အဖိုး အဖွားများ၏ နာမည် အဆုံးကိုယူပြီး  အဖိုးအဖွားများ၏ တသက်တာစွမ်းဆောင်နိုင်မှုကို ဖော်ညွှန်းသည့်စကားလုံးများကို ရွေးချယ်၍ ထည့်သွင်းမှည့်ဆိုကြပါသည်။ 

ဥပမာ  အဖိုးအမည်          -    Gin Khan Pau 

        ကင်ပွန်းတပ်သည့်ကလေး၏အမည် -    Pau Sian Van

(၁) ပထမသားယောက်ျားကို   ဖခင်ဖက်ကအဖိုးနာမည်အဆုံးကိုလည်းကောင်း

(၂) ပထမသမီးကို   ဖခင်ဖက်က အဖိုးနာမည်အဆုံးကိုလည်းကောင်း

(၃) ဒုတိယသားကို           မိခင်ဖက်ကအဖိုးနာမည်အဆုံးကို လည်းကောင်း

(၄) ဒုတိယသမီးကို   မိခင်ဖက်ကအဖွားနာမည်အဆုံးကိုယူ၍မှည့်ရပါသည်။

        (ဂ) သာရေးနာရေးလုပ်ဆောင်ရန် တာဝန်ခွဲဝေခြင်း

သာရေးနာရေး ရှိသောအခါ ကြိုတင်သတ်မှတ်ထားသော တာဝန်ခွဲဝေမှုအတိုင်း ပါဝင်လုပ်ဆောင်ရပြီး အဆုံးအထိအပြီးသတ် လုပ်ဆောင်ရပါသည်။ ထိုသို့ တာဝန်ခွဲဝေရာတွင် ဖခင်ဘက်က ဆွေမျိုးရင်းခြာများကို Sanggam အဖြစ် ကြီးစဉ်ငယ်လိုက် တန်းစီ၍ တာဝန်ပေးရပါ သည်။

(၁) Bangkua(ဆွေမျိုးရင်းခြာ)တို့သည် သာရေးနာရေးကိစ္စများအတွင် အဓိကအားဖြင့် ငွေကြေးဆိုင်ရာနှင့် အိမ်ရှင်ကိုယ်စား တာဝန်ယူလုပ်ဆောင်ရပါသည်။

(၂) Tanu- မိမိတို့အမျိုးထဲမှ အခြားမျိုးနွယ်စုသို့မင်္ဂလာဆောင်၍ ခွဲထွက်သော သူများကို အရင်းခြာမှုအလိုက်တန်းစီတာဝန်ပေးရပါသည်။

Haitawi(ကွမ်းတော်ကိုင်) – Tanu ထဲမှ တာဝန်အရှိဆုံးဖြစ်ပါသည်။ အခန်းအနား ပြင်ဆင်ရေး၊ စားသောက်ရေးနှင့်လိုအပ်သမျှကိုဦးဆောင်ပါဝင်ပေးရပါသည်။

(၃) Sasem(အသားများခုတ်ပေးသူ)- မိမိဆွေမျိုးထဲမှ တစ်ဦး၊ အိမ်နီးချင်းထဲမှ တစ်ဦး တာဝန်ပေးရပါ၏။ သာရေး နာရေးအတွက် သတ်ရသော ဝက်၊ နွား စသည်များကို သတ်မှတ်ထားသည့်အတိုင်း ခုတ်ပေးရသော တာဝန်ကို ယူပေးရပါသည်။

(၄) Thusa (မှတ်တမ်းပြုစုသူ/ ဆော်ဩသူ)-ဆွေမျိုးထဲမှ တစ်ဦး၊ အိမ်နီးချင်းမှတစ်ဦး တာဝန်ပေးရပါသည်။ သာရေးနာရေးဖြစ်ပေါ်လာပါက အသိပေးသင့်သူများအား အကြောင်းကြားပေးခြင်း၊ ယူဆောင်လာသော ငွေကြေး၊ ပစ္စည်းများကို စာရင်းပြုစု ခြင်း၊                  လုပ်ငန်းပြီးဆုံးသောအခါ အိမ်ရှင်အား စာရင်းဇယားများနှင့်အတူ လွှဲပြောင်း အပ်နှံရပါသည်။ 

(၅) Nuphal (မရီး/ ခယ်မ)- အိမ်ရှင်အမျိုးသား၏ ခယ်မ/ မရီးနှင့် ချွေးမတစ်ဦးဆီကို သတ်မှတ်တာဝန်ပေးပါသည်။ လုပ်ဆောင်ဖွယ်ရာများ ကူညီဆောင်ရွက်ပေးရပါ သည်။ 

(၆) Pu(အမေ၏ ညီအကိုများ)-ကြီးစဉ်ငယ်လိုက် တန်းစီဇယားပြုစုထားရပါသည်။ အိမ်ထောင်စုမှ သားများနှင့် အိမ်ထောင်မပြုသေးသူ သမီးများ ကွယ်လွန်ပါက “ Pu” တို့ကို ကန်တော့ရပါသည်။ သမီးများထဲမှ ယောကျာ်းယူပြီးသူများအတွက်မူ ဖခင်ကို ကန် တော့ရပါသည်။

ဘာသာစကားနှင့်စာပေ

ဘာသာစကားနှင့်စာပေ

ဘာသာစကားအနေဖြင့် အဓိက တီးတိန်/ ဇိုမီးဘာသာစကားဖြင့် အသုံးပြုပါသည်။ စာပေအနေဖြင့် Zolai (ဇိုလိုင်း)ကို အသုံးပြုပါသည်။ နေထိုင်ရာဒေသအလိုက် အသံထွက်အနည်းငယ် ကွဲပြားမှုရှိသော်လည်း အားလုံးနားလည်ကြပါသည်။ 

(က) စာပေအရဖြင့် (၂)မျိုးရှိပါသည်။

(၁) Pau Cin Hau Lai (ပေါင်ကျင့်ဟောက်စာပေ)

၁၉၀၂ ခုနှစ်တွင် ကနဦးတီထွင်သော စာပေဖြစ်ပါသည်။ အမျိုးအစားဖြင့် Logographic Script ဖြစ်ပြီး စာလုံးရေ ၁၀၅၃ ပါဝင်ပြီး အုပ်ရေ (၆)အုပ် ရှိပါသည်။ ၁၉၄၁ ခုနှစ်တွင် Alphabetic Script အဖြစ် ပြောင်းလဲပြီး စာလုံးရေ(၅၇)လုံး ရှိပါ သည်။ ထိုစာလုံး(၅၇)လုံးအနက် (၃၇)လုံးမှာ Consonants vowel(s) (Lailung)များ ဖြစ်ပြီး (၂၀)လုံးမှာ tone marks (Dawngtawi)များ ဖြစ်ပါသည်။ စာရွက်နှင့် ကျောက်ပြားများတွင် မှတ်တမ်းတင်ထားပြီး သင်ကြားပို့ချပေးပါသည်။ ၁၉၁၇ ခုနှစ် ပြင်သစ်နိုင်ငံသို့ သွားရောက် သော လုပ်သားများက စာရေးသားရာတွင် အသုံးပြုခဲ့ ကြပါသည်။ အစိုးရထံတင်ပြလိုသော အချက်များကိုလည်း ထိုစာပေအသုံးပြု တင်ပြကြပါသည်။ ယခုအခါ လိုင်ပြန်ဘာသာဝင်များ က အဓိက အသုံးပြုပါသည်။ 

(၂) Roman Script ခေါ် ရောမအက္ခရာစာပေ

အင်္ဂလိပ်စာပေတွင် ရောမအက္ခရာ (၂၆)လုံးရှိသည့်အနက် တီးတိန်(ချင်း) ဇိုမီးစာပေ တွင် လက်ရှိအသုံးပြုနေသော ဗျည်း(၁၈)လုံးသာ ရှိပါသည်။ F,J, Q, R, W, X, Y ခုနှစ်လုံး မပါဝင်ပါ။ သို့ရာတွင် ထိုဗျည်း(၇)လုံးကို January , February, Ratio, Quinine, Whale, X-ray, Yak တို့ကို ရေးသားရာတွင် အသုံးပြုပါသည်။ ၁၉၁၃ ခုနှစ်တွင် သာသနာပြုဆရာ Dr. Joseph Herbert Cope မှ တီထွင်ပေးပါသည်။ 

(၃) တီးတိန်(ချင်း)ဇိုမီးစာပေသည်အဆင့်မြင့်ပြီးဝေါဟာရကြွယ်ပါသည်။ သင်ကြားရန်လည်း လွယ်ကူပါသည်။ ၁၉၂၄ ခုနှစ်၌ Zolai (တီးတိန်စာပေ)ကို မူလတန်း ကျောင်းများ၌ ပထမတန်းမှ စတုတ္ထတန်းအထိ စတင်သင်ကြားပြီး အထွေထွေသိပ္ပံ၊ ကျန်ူမာ ရေး၊  ဂဏန်း သင်္ချာ၊ တီးတိန်(Zolai)ဖတ်စာတို့ကို သင်ယူပါသည်။ ၁၉၅၃ ခုနှစ်မှစ၍ တီးတိန် (Zolai) ဖတ်စာ တစ်မျိုးကိုသာ သင်ကြားပါသည်။ 

(၄) Puzzle(ပဟေဠိ)၊ Axioms(ဆိုရိုးစကား)၊ Proverbs(စကားပုံ)၊ Poem(ကဗျာ)၊ ခက်ဆစ် (Lakam)၊ အဘိဓာန်(Dictionary) နှင့် Zolai (တီးတိန်စာပေ)သင်ကြားနည်း စသည့်အပြင် စာအုပ်များစွာရှိပါသည်။

ဝတ်စားဆင်ယင်မှု

ဝတ်စားဆင်ယင်မှု

(က) ရိုးရာအမျိုးသားဝတ်စုံ


(၂) Tangcing ( တန်ကျိန်းစောင်) -ကြက်သွေးရောင်ပေါ်တွင် ခရမ်းကွက်များဖြင့် အကွက်ဖော်ထားပြီး အကွက်အတွင်း၌ ဖြူ၊နီ၊နက်၊ပြာအစင်းလိုင်းများဖြင့် ယက်လုပ်ထားပါသည်။ ခြုံစောင်အဖြစ် အရွယ်အစားတစ်မျိုးသာ ယက်လုပ် ထားပါသည်။ သားရဲတိရိစ္ဆာန်များဖမ်းဆီးနိုင်သူ ၊ ထင်ပေါ်ကြော်ကြားသူများ၊ ဂုဏ်ပြုထိုက်သူများကသာ ဝတ်ဆင်လေ့ရှိပါသည်။ ယခုအခါ အမျိုးသား ကုတ်အင်္ကျီအပြင် နက်တိုင်လည်စည်းအဖြစ်ချူပ်လုပ်ပြီး ဝတ်ဆင်နေကြပါ သည်။

(၃) Tualpuan (တွာလ်စောင်)- ဝါဂွမ်းချည်နှင့်ယက်လုပ်ထားသော အထည်ဖြစ်ပါ သည်။ ကိုယ်တိုင်းဖြင့် ပြန်လည်ချုပ်လုပ်ပြီး ရာသီမရွေးအများသုံး ( Common use) အဖြစ် ဝတ်ဆင်ကြပါသည်။ အစင်းကြောင်းများ ပုံပေါ်ခြင်းမရှိဘဲ အဖြူရောင်ပြောင်ဖြစ်ပါသည်။

(၄) Puantamsilh (စောင်ပါး)-ပခုံးတွင် ခြုံရသော စောင်ပါးအမျိုးအစား ဖြစ်ပါသည်။ အဖြူ၊ အနက်၊ အနီ၊ အကွက်ဟူ၍ ရှိပါသည်။ သားကောင်ဖမ်းနိုင်ခြင်း မရှိသူ၊ အိမ်သန့်မင်္ဂလာမပြုနိုင်သူ ၊ သာမန်လူတန်းစားအတွက်သေဆုံးသည့် အခါ အလောင်းကို ဖုံးအုပ်ရာတွင် အသုံးပြုသည်။

(၅) Koptahpuan (ကွပ်သစောင်)- ယက္ကန်းစင် ယက္ကန်း tah 12ချိန်ကိုက်ရာတွင် အသုံးပြုသည်၊ နောင်တွင်ညအိပ်ခြုံစောင်/ သာမန် ခြုံစောင်အဖြစ် အသုံးပြု ကြသည်။

       (ခ) အမျိုးသမီးများအတွင်းရိုးရာ ဝတ်စားဆင်ယင်မှု

  (၁) Puandum (ပွင်းဒုမ်စောင်)-အောက်ခံအနက် ရောင်ပေါ်တွင်စိမ်း နီစပ်ကြား အစင်းနှင့် အလယ်တွင်အဖြူရောင်ကို အနက်ရောင်စင်းကြားဖြင့် ယက်လုပ် ထားပါသည်။ အမျိူးသမီးများကွယ်လွန်ချိန်တွင်အလောင်းကိုဖုံးအုပ်၍၎င်း ဂုဏ်ပြုချီးမြှင့်သည့် အခါ၎င်းခြုံ ရပါသည်။ယခင်ကသားရဲတိရိစ္ဆာန်များကို ဖမ်းဆီးနိုင်သူ၊ ဖမ်းထားသည့် တိရိစ္ဆာန်အတွက် အောင်ပွဲကျင်းပနိုင်သူဇနီးအတွက် အဓိကအသုံးပြု ရပါသည်။ယခုအခါလူတိုင်း ကရိုးရာစောင်အဖြစ် အသုံးပြုကြပါသည်။

(၂) Khephiau(ခဲဖြိုးစောင်)-အပျိုများကခြုံစောင်၊ပတ်ထဘီအဖြစ် အသုံးပြုကြပါသည်။ Puandumအသုံးမပြုရန်သတ်မှတ်ထား ခံရသူအမျိုးသမီးများ အတွက် ဖြစ်ပါသည်။ယခုအခါအသုံးနည်းသော်လည်းရိုးရာပစ္စည်းအဖြစ်တန်ဖိုးထားအသုံးပြုပါသည်။

(၃) Zonik(ရိုးရာထဘီ)- ရှေးယခင်ကဒူးအထိသာဖုံးစေပြီးSkirtပုံစံ ဝတ်ဆင်ရပါ သည်။ယခုအခါခြေမျက်စိအထိဖုံးအောင်ဝတ်ဆင်ရပါသည်။မူလZonikခေါ်အမျိုးသမီးထဘီမှာအနက်ရောင်အောက်ခံတွင်တင်ပါးအနီး(သို့မဟုတ်)ဒူးအထက်နားတွင်အဖြူရောင်ပတ်လည်အစင်းများထားရှိပါသည်။ယခုအခါလုံချည်အရှည်အဖြစ်ဝတ်ဆင်ကြပါသည်။

(ဂ) Dial (ပုဝါ)-

ဆင်စွယ်ရောင်၊အနီရောင်၊အနက်ရောင်၊ ပုဝါပိတ်စ(၃)မျိုးရှိပါသည်။

(၁) ဆင်စွယ်ရောင်ပုဝါပိတ်စ- ကြံ့စသည့်သားကောင်ကြီးမျိုး ဖမ်းဆီးနိုင်သူ၊ သီးနှံများစွာရိတ်သိမ်းနိုင်သူကအောင်ပွဲခံသည့်အခါ ဦးခေါင်းကိုပတ်ရစ်ရပါ သည်။ အရှည်၃တောင်မှ၉တောင် အထိရှိပါသည်။ အနံမှာ ၄လက်မခန့် ရှိပါသည်။ တောလည်                                 ရာတွင်လည်းကောင်း၊ပြင်ပသို့ ခရီးနှင်ရာတွင် လည်း ကောင်း၊ ရန်သူ/တောကောင်တိုက်ခိုက်၍ မတော်တဆသေဆုံးသွားပါက အလောင်းကိုလုံခြုံစွာပတ်ရစ်နိုင်အောင်အရှည်ထားခြင်းဖြစ်ပါသည်။

(၂) အနီရောင်ပုဝါစ-ဖမ်းမိသည့်ကျားသားကောင်ကိုရေတွက်ရန်အသုံးပြုပါသည်။ ဖမ်းမိသည့်သားကောင်အတွက်အောင်ပွဲခံရတွင်နတ်ဆရာ(Siampu/ siampi) တို့ ကဦးခေါင်းတွင်ပတ်ရစ်ရပါသည်။

(၃) အနက်ရောင်ပုဝါစ-မြင်းကောင်အရေအတွက်နှင့်ဖမ်းမိသည့်သားကောင်ကို ရေတွက် ရာတွင်အသုံးပြုသည်။

(၄) အမျိုးသမီးများ၏ပုဝါပိတ်စ-မိုးနှင့်နေရောင်ကိုကာကွယ်နိုင်ရန်ခရီးသွားသည့် အချိန်နှင့်တောင်ယာသွားသည့်အခါ ခေါင်းပေါ်တွင်ပတ်ရစ်ရပါသည်။ ရှေး အခါကဂျီသားရေကိုအခွန်ပုံပြုလုပ်၍စောင်းသည့်ကာလလည်းရှိခဲ့ပါသည်။

(၅) လက်ကောက်(Tau)-ကြေးလက်ကောက်၊ငွေလက်ကောက်ဟူ၍ရှိပါသည်။

       (၆) ပုတီး(Khi)-{Khibah(Galleng khi), Sim khi,Khinaal(Aban leh a zawl), Khi dum ,Khi mai, Khi kang, Khisan (Eng lai khi), Khi mau, Khi kilnei khi teng lak ah khibah, sim khi, khi naii cihte thupipen hi.}ဟူ၍၁၀မျိုးတို့ရှိပါသည်။ 



ကိုးကွယ်ယုံကြည်မှု

ခရစ်ယာန်ဘာသာ၊ဗုဒ္ဓဘာသာ၊ လိုင်ပြန်ပေါင်ကျင့်ဟောက်ဘာသာ၊ နတ်ကိုးကွယ်ကြပါသည်။ ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကြပါသည်။

ခရစ်ယာန်ဘာသာ၊ဗုဒ္ဓဘာသာ၊ လိုင်ပြန်ပေါင်ကျင့်ဟောက်ဘာသာ၊ နတ်ကိုးကွယ်ကြပါသည်။ ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကြပါသည်။

အုပ်ချုပ်မှုအစဉ်အလာ

၁၈၉၀ ခုနှစ် နယ်ချဲ့အင်္ဂလိပ်တို့ ကျူးကျော်သိမ်းပိုက်ခြင်း မပြုမီနှင့် ၁၉၈၆ ခုနှစ် Chin Hills Regulation Act ကို ပြဋ္ဌာန်းအုပ်ချုပ်ခြင်း မပြုမီကာလများတွင် ဇိုမီး ချင်းလူမျိုးများသည် မိမိတို့၏ ဒေသကို မိမိတို့ကိုယ်တိုင်စော်ဘွားများ၊ သူကြီးများက ကိုယ့်ထီးကိုယ့်နန်းဖြင့်  မည်သူ့ကိုမျှ အခွန် ပေးဆောင်ရခ...

၁၈၉၀ ခုနှစ် နယ်ချဲ့အင်္ဂလိပ်တို့ ကျူးကျော်သိမ်းပိုက်ခြင်း မပြုမီနှင့် ၁၉၈၆ ခုနှစ် Chin Hills Regulation Act ကို ပြဋ္ဌာန်းအုပ်ချုပ်ခြင်း မပြုမီကာလများတွင် ဇိုမီး ချင်းလူမျိုးများသည် မိမိတို့၏ ဒေသကို မိမိတို့ကိုယ်တိုင်စော်ဘွားများ၊ သူကြီးများက ကိုယ့်ထီးကိုယ့်နန်းဖြင့်  မည်သူ့ကိုမျှ အခွန် ပေးဆောင်ရခြင်းမရှိဘဲ လွတ်လပ်စွာ စီမံအုပ်ချုပ်ခဲ့ကြပါသည်။ ၁၉၈၆ခုနှစ် ချင်းတောင်တန်းစည်း မျဉ်းနှင့်အညီ အုပ်ချုပ်ရာတွင်လည်း တီးတိန်၊ တွန်းဇန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီမြို့ နယ်တို့ကို မြောက်ပိုင်းချင်းတောင်ခရိုင်အဖြစ် ဖွဲ့စည်းပြီး ဖလမ်းမြို့ ရုံးထိုင်သည့် Deputy Commissimer က အုပ်ချုပ်ပါသည်။ မင်းတပ်၊ ကန်ပက်လက်မြို့နယ်များကို ပခုက္ကူတောင်တန်းဒေ သတွင် ထည့်သွင်းပြီး၊ ပခုက္ကူခရိုင်ဝန်မှ အုပ်ချုပ်ခဲ့ပါသည်။ ခရိုင်ဝန်လက်တော်တွင် နယ်ပိုင်ဝန် ထောက်၊ ဒေသခံအကြီးအကဲ/စော်ဘွား၊ ရွာသူကြီးများက အဆင့်ဆင့် အုပ်ချုပ်ခဲ့ကြပါသည်။

ထိုသို့အုပ်ချုပ်ရာတွင် ဒေသအကြီးအကဲ၊ သူကြီးများသည် မိမိလူမျိုးစုများကို ထုံးတမ်း ဓလေ့နှင့်အညီ ထိန်းသိမ်းအုပ်ချုပ်ပေးကြပါသည်။ ချင်းတောင်တန်း အုပ်ချုပ်ရေးတွင် အကြီးအကဲ များက ခန့်အပ်ပြီး ၎င်းတို့ ပိုက်နက်နယ်မြေနှင့် တန်ခိုးအာဏာများကို ကန့်သတ်ပေးထားပါသည်။ ဒေသအုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆောင်ရွက်ရာတွင် ၁၈၄၈ ခုနှစ် တွင်ကျင့်သုံးပြီး ၁၉၂၄ ခုနှစ်တွင် မြန်မာဘာသာပြန်ဆို၍ ထုတ်ဝေသော Kam Hau  ကမ်းဟောက်ဥပဒေအရ စီမံအုပ်ချုပ်ကြပါသည်။

လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ချင်းဒေသတိုင်း ဥပဒေနှင့်အညီ အုပ်ချုပ်ကြပြီး စနစ်သစ် အုပ်ချုပ်ရေးပေါ်ပေါက်လာသည့် ၁၉၇၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ပြဌာန်းကျင့်သုံးနေသည် ဥပဒေနှင့်အညီ အုပ်ချုပ်ကြပါသည်။


ရိုးရာယဉ်ကျေးမှု

(က) Sialawm Pawi (ရှာလ်ဆောမ်ပွဲ)

လောမ်ခေါ် ဆွေမျိုးစု လက်စုံစားပွဲ သို့မဟုတ် ရှာလ်ဆောမ်ပွဲသည် နတ်ကိုပူဇော်ပ သသည့် အစဉ်အလာမှ စတင်သည့်ပွဲဖြစ်ပါသည်။ ရွာအလယ်တွင် Tual (တွာလ်) ခေါ် ညီညာပြန့်ပြူးသောနေရာကို ရွေးချယ်ပြီး ၎င်းတွာလ်တွင် ယဇ်ကောင်((ဝက်)ကို...

(က) Sialawm Pawi (ရှာလ်ဆောမ်ပွဲ)

လောမ်ခေါ် ဆွေမျိုးစု လက်စုံစားပွဲ သို့မဟုတ် ရှာလ်ဆောမ်ပွဲသည် နတ်ကိုပူဇော်ပ သသည့် အစဉ်အလာမှ စတင်သည့်ပွဲဖြစ်ပါသည်။ ရွာအလယ်တွင် Tual (တွာလ်) ခေါ် ညီညာပြန့်ပြူးသောနေရာကို ရွေးချယ်ပြီး ၎င်းတွာလ်တွင် ယဇ်ကောင်((ဝက်)ကို ၎င်းကျောက်ပြားပေါ်တွင် တင်၍ ပူဇော်ရပါသည်။ နှစ်စဉ် ဒိုးပီးလ (ဧပြီလ)တွင် Siampi ခေါ် ယစ်ပူဇော်ပသသူ နတ်ဆရာက တောစောင့်နတ်၊ မြစ်စောင့်နတ်တို့ကို ပင့်ဖိတ်ပြီး သီးနှံမျိုးကောင်းရန်၊ သီးနှံဖြစ်ထွန်းရန်၊ လေပြင်းမုန်တိုင်း ဖျက်ဆီးခြင်းမပြုစေရန် ဂါထာကိုရွတ်ဖတ် သရဇ္ဇယ်ပါသည်။ ပထမနေ့တွင် ဆွေမျိုးစုများ အတူတကွ လက်ဆုံစားပွဲ ပြုလုပ် ခြင်းကြောင့် Lawm Annek Pawi ဟုလည်းခေါ်ဆိုနိုင်ပါသည်။ ထိုနေ့တွင် အိုးစည်၊ ဗုံမောင်းများတီး ခွင့်မရှိပါ။ ဒုတိယနေ့တွင် ရွာသူရွာသားစုပေါင်း၍ Sawng ခေါ် သားကောင်ရှာဖွေရန် တောနက်သို့ သွားရောက်၍ သားကောင်းဖမ်းမိပါက ကောင်းသောနှစ်ဖြစ်သည်ဟု နိမိတ်ဖတ်ကြပါသည်။ ပျော်ရွှင်စွာ ကခုန်ရသော နေ့ဖြစ်ပါသည်။ ဤပွဲတွင် ရှေးယခင်က နတ်ပူဇော်သည့်ပွဲ ဖြစ်သော်လည်း ယခုအခါ မျိုးစေ့ကြဲသောကာလဖြစ်သည်နှင့်အညီ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ရိုးရာပွဲကိုမဖျက်သိမ်းဘဲ နှစ်ကောင်းရန်၊သီးနှံကောင်းရန် ဆုတောင်းဆက်ကပ်ပွဲအဖြစ် ပြောင်းလဲကျင့်သုံးလာကြပါသည်။

(ခ) Khuado Pawi (ခွါဒိုပွဲ)

ဇိုမီးတိုင်းရင်းသားများအတွက် အထင်ကရ အဓိကပွဲလမ်းသဘင်ဖြစ်ပါသည်။ ခွါဒိုပွဲ ကျင်းပရန် နေ့ရက်သတ်မှတ်ချခြင်း၊ မီးပုံပွဲတွင် ထင်းရှုးသားများစုဆောင်းခြင်း၊ ပျားအုံဖွတ်၍ နိ မိတ်ဖတ်ခြင်း၊ ခွါဒိုပွဲကျင်းပ၍ ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေခြင်း၊ ရိုးရာအားကစားပွဲ များကျင်းပခြင်း၊  ဆွေမျိုးစုအလိုက် မိတ်ဆုံစားပွဲများကျင်းပခြင်း၊ မကောင်းဆိုးဝါးများ နှင်ထုတ်ခြင်းများ ပြုလုပ်ကြပါသည်။ “Kum khen”နှစ်သစ်ကူးပွဲအဖြစ် သတ်မှတ်ထားသဖြင့် Khuado Pawi သည် အပျော်ရွှင်ဆုံးနေ့ရက်ကာလများဖြစ်ပါသည်။ 

(ဂ) အခြားရိုးရာအလေ့အထများ

(၁) Zunun Pawi(ဇူးနွန်းပွဲ)

ရှေးဘိုးဘွားများ ပြိုင်ဆိုင်မှုတစ်ခုအဖြစ် ကျင်းပ ပြုလုပ်သောပွဲဖြစ်ပါသည်။ခေါင်ရည်အိုးအကြီးမျိုး(စဉ့်အိုးကြီးကြီးမျိုး) ကို အသုံးပြု၍ အိမ်ရှင်မှအစ ဆွေမျိုးသားချင်းများစုပေါင်း၍ အနည်းဆုံး အိုး(၂၀) ခန့်တည်ရပါသည်။ Zunun pwai (ဇူးနွန်းပွဲ) ကျင်းပရခြင်းမှာ ရန်သူများအပေါ် အောင်ပွဲခံပွဲ၊ သားကောင်ဖမ်းမိ၍ အောင်ပွဲခံပွဲ၊ ဆပ်ဆန်တင်း ၁၀၀ ကျော်ရိပ် သိမ်း၍ အောင်ပွဲခံပွဲ(၃)မျိုးကို စုပေါင်း၍ စွမ်းဆောင်ရည်ပြိုင်ဆိုင်မှု တစ်ခု သာမကရှေးအယူအဆဖြစ်သော အသုဘအလောင်းကို ကောင်းမွန်စွာ သဂြိုလ်ခွင့် ရရှိရန်ဖော်ညွှန်း ကျင်းပရခြင်းလည်းဖြစ်ပါသည်။ ယခုအခါ ခရစ်ယာန်ဘာသာဝင်များ ယုံကြည်မှုအယူအဆအရ ဤပွဲကို ကျင်းပခြင်း မပြုတော့ပေ။

(၂) Zu kholh( ခေါင်ရည်အိုးပို့၍ ကန်တော့ခြင်း)

“Pu”ဟုခေါ်သော အမေဘက်က အမျိူးများ အဓိကအားဖြင့်အမေ၏ အစ်ကို ၊ မောင်များအားနှစ်စဉ်ကန်တော့ရသော ကောင်းမွန်သည့် အစဉ်အလာရှိသော ယဉ်ကျေးမှုတစ်ခုပင်ဖြစ်ပါသည်။ “Pu”တို့အထဲမှ ကောင်းကြီးမင်္ဂလာ တောင်းခံခြင်းဖြစ်ပါသည်။နှစ်စဉ် အဦးသီးသော သီးနှံမှ ထွက်ရှိသောပြောင်း၊ ဆပ်၊ ဆန်တို့ကို ခေါင်ရည်ပြုလုပ်၍ “Pu”ဖြစ်သူတောင်ယာမှ ပြန်လည် ရောက်ရှိချိန်တွင် အမောပြေစေရန်နှင့်အားဖြည့်စေရန်အတွက် ခေါင်ရည်အိုး တစ်လုံးကို “Pu”တို့ အိမ်ကို ပို့ထားရပါသည်။ တောင်ယာမှပြန်လာသော “Pu”က ခေါင်ရည်အိုးကို ရေဖြည့်၍စုပ်ကာ “Tuu”ခေါ် မြေး/မြစ်တို့ကို ကောင်းကြီးပေး၍ ဆုတောင်းပေးပါသည်။ယောက္ခမကို‌လေးစားရသော အစဉ်အလာကောင်းတစ်ခုဖြစ်ပေသည်။ ယခုအခါ ခေါင်ရည်အစား သကြား၊ နို့ဆီပေးပို့၍ အစားထိုး ဆောင်ရွက်ကြပါသည်။

(၃) Naucing guai( ယောက္ခမအားကန်တော့ခြင်း)

ယခင်ကတောင်ယာခုတ် စိုက် ပျိုးရသော လုပ်ငန်းအဖြစ်အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြသည်ဖြစ်ရာ ကလေးထိန်းငှားရမ်းအသုံးပြုလေ့မရှိသဖြင့် ယောက္ခမအိမ်တွင် ကလေးကို ပို့ထားရပါသည်။၊ ယောက္ခမကြီးမှ ကလေးကို တနေ့လုံး ထိန်းကျောင်းပေးပြီး ကလေးမှဝေယျာဝစ္စကိုယ်တိုင်ဆောင်ရွက်နိုင်သည့်ကာလအထိ ဖြစ်ပါသည်။ ၎င်းအတွက် ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ဝက်တစ်ကောင်သတ်ပြီး ယောက္ခမ အိမ်တွင်ပွဲလုပ်ပေးပြီး စောင်ကောင်းကောင်းတစ်စောင် သို့မဟုတ် လက်ဆောင်တစ်ခုခုပေးပြီး ဆု‌တောင်းခံခြင်းဖြစ်ပါသည်။ ဤအစဉ်အလာ ကို ယနေ့တိုင် ကျင့်သုံးဆောင်ရွက်ကြပါသည်။

(၄) Ton Pawi (တွန့်ပွဲ or Ton Festival)

Zu Naung ဇူနုန်းပွဲကျင်းပပြီးမှသာ ကျင်းပခွင့်ရသော အရေးကြီးသည့် ဂုဏ်ပြိုင်ဆိုင်မှုပွဲမျိုးဖြစ်ပါသည်။ တွန့်ပွဲကျင်းပသည့်အခါ နွားနောက်ကို စီးပွားရှိသလောက် သတ်ဖြတ်ရပါသည်။ သတ်ဖြတ်သည့်နွားနောက်ကောင်ရေ အတိုင်းအိမ်ရှေ့သလင်းပြင် အလယ်တွင် “Song ” ခေါ် လုံးပတ် ၈”အရှည် ၁၅’ ခန့်ရှိသော သစ်သား လုံးတိုင်ကိုစိုက်ထူရပါသည်။ တွန့်ပွဲသည် ယဇ်ပူဇော်မှု တစ်မျိုးဖြစ်ပါသည်။ တွန့်ပွဲ၏ ရည်ရွယ်ချက်မှာ တွန့်ပွဲကျင်းပသည့်ဇနီးမောင်နှံ ကွယ်လွန်သွား သည့်အခါ ၎င်းတို့၏ ဝိညာဉ်များအတူတကွ ကောင်းကင်ဘုံတွင် ရောက်ရှိ နေထိုင်နိုင်ရန် ရည်သန်၍ ကျင်းပခြင်းဖြစ်ပါသည်။တွန့်ပွဲသည် တစ်ရွာလုံးကိုဖိတ်ခေါ်ရန်  ၇ ရက်တစ်ပတ်ခန့်ကျွေးမွေးရသည်ဖြစ်ရာ အကုန်အကျ အလွန်များသော ပွဲလမ်းသဘင်တစ်ခုဖြစ်ပါသည်။ တစ်သက်တာတွင် တွန့်ပွဲ (၂)ခါကျင်းပနိုင်ခြင်းသည် တီးတိန်(ချင်း) ဇိုမီးတို့၏ ဂုဏ်ပြိုင်မှု အထွတ် အထိပ်ဖြစ်ပါသည်။ ပထမတွန့်ပွဲတွင် နွားနောက် ဘယ်နှစ်ကောင်သတ်၍ ပွဲကျင်းပနိုင်သည်ဖြစ်စေ Sialkopgo ဟုမခေါ်ဆိုနိုင်ပေ။ Sialkopgo ဆိုသည် မှာ နွားနောက်(၂) ကောင်သတ်ပွဲကို သီးခြားကျင်းပခြင်းဖြစ်ပါသည်။ယခု အခါခရစ်ယာန်ဘာသာကိုးကွယ်ကြသည့်အတွက် ဤသို့ပြိုင်ဆိုင်မှု ပွဲတစ်ခု ဖြစ်သည့် တွန့်ပွဲကိုကျင်းပခြင်းမရှိကြတော့ပေ။


ဆောင်ရန်

၁။ မိဘကိုရိုသေပါ။

၂။ အမေဘက်က Pute( အဖိုး) တို့ကိုနှစ်စဉ်ကန်တော့ပါ။

၃။ အိမ်ထောင်စုတာဝန် ခွဲဝေမှုမျှတစွာ ခွဲဝေပါ။


၁။ မိဘကိုရိုသေပါ။

၂။ အမေဘက်က Pute( အဖိုး) တို့ကိုနှစ်စဉ်ကန်တော့ပါ။

၃။ အိမ်ထောင်စုတာဝန် ခွဲဝေမှုမျှတစွာ ခွဲဝေပါ။

၄။ သူကြီး၊ လူကြီးများ၏ စကားကိုနားထောင်ပါ။

၅။ နံနက်စာ၊ ညနေစာများကို အချိန်မှန်စားသုံးပါ။ 

၆။ သက်ကြီးများ၏ အကြံဉာဏ်ကို ရယူပါ။

၇။ မိမိကြောင့်သူတပါးကို အနှောက်အယှက်မဖြစ်ပါစေနှင့်။

၈။ တစ်လုတ်စားဖူးသူ့ကျေးဇူး။



ရှောင်ရန်

၁။ ဆောင်ပြီးသားအိမ်ကို အရှေ့အနောက် မလှည့်ကောင်းပါ။ ( Inn kawng hek lo ding)

၂။

၁။ ဆောင်ပြီးသားအိမ်ကို အရှေ့အနောက် မလှည့်ကောင်းပါ။ ( Inn kawng hek lo ding)

၂။ ဆောက်ပြီးသားအိမ်ကို အနောက်သို့ မရွေ့ကောင်းပါ။(Inn nungtolh lo ding)

၃။ အိမ်ထောင်ခွဲပြီးသူသည် အိမ်မကြီးသို့ ပြန်မဝင်သင့်ပါ။(ခိုက်တတ်သည်ဟု ယူဆကြသည်။)

၄။ နယ်နိမိတ်အမှတ်အသားများကို  နေရာရွေ့ခြင်းမပြုအပ်ပါ။

၅။ အစ်ကိုနှင့်ညီ ခယ်မ မတော်သင့်ပါ။(Unau sangkil kukhawm loding)

၆။ ရေ၊ လမ်း၊တံတားများကို ဖျက်ဆီးခြင်းမပြုအပ်ပါ။

၇။ အများပြည်သူ အသုံးပြုနေသော လမ်းကြောင်းကို မပိတ်ဆို့အပ်ပါ။

၈။ လင်ယောက်ျားနှင့်ကွာသောမိန်းမ အိမ်နောက်တံခါးကို အသုံးပြု၍ မထွက်သွားအပ်ပါ။


ရခိုင်ပြည်နယ်ရှိ လေးတူချင်းလူမျိုးများ၏ရိုးရာဓလေ့ထုံးတမ်းများ

Laitu လေးတူချင်းလူမျိုးများသည် မြန်မာနိုင်ငံ၏ အနောက်မြောက်တောင်တန်းများမှ ဧရာဝတီမြမ္မာပုတ္တရမြစ်ဝှမ်းသို့ ရှေ့အကျဆုံး ဝင်ရောက်လာသော တိဗတ်မြန်မာအနွယ်ဝင်များဖြစ်ကြသည်။ ၎င်းမှတစ်ဆင့် အနောက် တောင်ဖက်သို့ ရေကြည်ရာမြတ်နုရာ ရွေးပြောင်းလာကြပြီး puicang (ဗီတောင်း) pamphxm (လွင်ပြင်) များဖြစ်သည်။ ကန်ပတ်လက်မြို့နယ်ရှိတောင်တန်းများမှ ရခိုင်ရိုးမသို့ ပြောင်းရွေ့နေထိုင် လာသည်ဟု ဖိုဖီးများက အဆိုရှိခဲ့သည် ယနေ့ခေတ်လူငယ်များကလည်း လက်ခံပြောဆိုကြသည်။

Laitu လေးတူချင်းတိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသများမှာရခိုင်ပြည်နယ် အတွင်းရှိ အမ်းမြို့နယ် ဒလက်ချောင်းဒေသများနှင့် မြောက်ဦးမြို့နယ်လေးမြို့ချောင်းဒေသ မြေပုံမြို့နယ် ယိုးချောင်းဒေသ မင်းပြားမြို့နယ် ဖုံသာချောင်း ၊ပန်းမြောင်းကြီးချောင်း ၊မင်းချောင်ဒေသများနှင့် မြောက်ဦးမြို့နယ်လေးမြို့ချောင်းဒေသ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် လေးမြို့ချောင်း ဒေသများ အများဆုံးမှီတင်နေထိုင်ကြပြီး မြန်မာနိုင်ငံရှိ အခြားတိုင်းနှင့်ပြည်နယ်များတွင် ပြန့်ကြဲနေထိုင်ကြပါသည်။ ဘင်္ဂလားနိုင်ငံတွင်လည်းနေထိုင်လျှက်ရှိကြသည်။ 

Laitu လေးတူတိုင်းရင်းသားလူမျိုးများ၏ သွင်ပြင်လက္ခဏာများမှာ နဖူပြင်ကျယ်ခြင်း၊ ယောက်ျား၊ မိန်းမကြီးများ ဆံထုံးထားခြင်း၊ ဆံထိုးပုတီးလုံးများဝတ်ဆင်ခြင်း၊ ခြေကွင်း၊ လက် ကောက်များကို မိန်းမကြီးငယ်ဝတ်ဆင်ခြင်း၊ ယောက်ျားများ နားတွင်ငွေသားအပြားများဝတ် ဆင်ခြင်း၊ မိန်းမကြီးများ ငွေသားနားဒေါင်း များဝတ်ဆင်ခြင်း အရွယ်ရောက်မိန်းမကြီးများ မျက်နှာစာ ပါးရဲထိုးခြင်း အနီ၊ အမဲအရောင်းများကို ဦးစားပေးဝတ်ဆင်ခြင်းများရှိသည့်ရိုးရာဓလေ့များမှာ တစ်နှစ်တစ်ကြိမ်ရိုးရာရွာခင်းခြင်း၊ နှစ်သစ်ကူးပွဲတော် အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲ၊ မင်္ဂလာဆောင်ပွဲ၊ ကျွဲ၊ နွားထိုးနတ်ပူဇော်ပွဲ၊ အသုပအခန်းအနားများနှင့် အရိုးပြာအိုးပို့ပွဲ ချင်းအမျိုး သားနေ့ပွဲတော်များရှိသည်။

ဘာသာစကားနှင့်စာပေ

 ချင်းလူမျိုးများထဲမှ သီခြားဘာသာစကားပြောဆိုခြင်းဖြစ်သည်။ စာပေကိုလည်း ရောမအက္ခရာနှင့်မိမိတို့၏ Laitu လေးတူဘာသာစကားဖြင့် အက္ခရာပြုရေးသားဖေါ်ပြခြင်းများဖြစ်ပါသည်။

ဝတ်စားဆင်ယင်မှု

ယောက်ျားများတွင် ခေါင်းပေါင်း အနီ၊ အဖြူနှစ်ရောင်စပ်ခေါင်းပေါင်းလေ့ရှိသည် ဝတ်ဆင်ခြင်းပုဆိုးများမှာ အဖြူ၊ အမဲ၊ အနီ အရောင် စပ် အဆင်များကို ဝတ်ဆင်ကြသည်၊ အင်္ကျီမှာ ကိုယ်လုံးစွပ် ပန်းဖေါ်ထားသော အကွက်များ ထည်၍ ရက်လုပ်သော အနီ၊ အမဲ၊ အဖြူ ရောင်များစပ်၍ ဝတ်ဆင်ကြသည်။ 

မိန်းမများတွင် ပါးရဲထိုးခြင်း၊ ထပိန်အတိုအမဲရောင်နှင့် ရှေ့တွင်အနီရောင်ပိတ်စများနှင့် အနောက်တွင်အမဲရောင်ပိတ်စများကို ခါးစည်းကြိုး ငွေခါးပန်များနှင့် ပတ်စည်း၍ဝတ်ဆင်ကြသည်၊ နားတွင်လည်းနားဒေါင်းများပန်ဆင်ပြီး၊ ပုတီးရောင်စုံများကိုလည်း ဝတ် ဆင်ကြသည်။

Image

ကိုးကွယ်ယုံကြည်မှု

Laitu လေးတူချင်းတိုင်းရင်းသားလူမျိုးများတို့သည် ယခင်က နေ၊ လနှင့် သစ်ပင်ကြီး၊ တောင်ကြီး၊ ကျောက်ဆောင်ကြီးများကို ပူဇော်ကိုးကွယ်ခဲ့ကြပြီး နတ်ကိုလည်းပူဇော် ကိုးကွယ်ခဲ့ကြပါသည်။ ယခု...

Laitu လေးတူချင်းတိုင်းရင်းသားလူမျိုးများတို့သည် ယခင်က နေ၊ လနှင့် သစ်ပင်ကြီး၊ တောင်ကြီး၊ ကျောက်ဆောင်ကြီးများကို ပူဇော်ကိုးကွယ်ခဲ့ကြပြီး နတ်ကိုလည်းပူဇော် ကိုးကွယ်ခဲ့ကြပါသည်။ ယခုဆိုလျှင် ခေတ်လူငယ်များမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာများကို ကွယ်မှုပြုလာကြသည်။

အုပ်ချုပ်မှုအစဉ်အလာ

Laitu လေးတူချင်းတိုင်းရင်းသား လူမျိုးများသည် မိသားစုအနွယ်ဝင်အလိုက်ရှိကြသည် မိမိတို့၏ အမျိုးအနွယ်ထဲတွင် အမြှော်အမြင်ကြီးပြီး၊ အသက်အရွယ်ကြီး၍ သင့်တော်သောပုဂ္ဂိုလ်များ ကိုရွေးချယ်တင်မြှောက်ကြသည်။ ကြီးစဉ်ငယ်လိုက် ဒေ...

Laitu လေးတူချင်းတိုင်းရင်းသား လူမျိုးများသည် မိသားစုအနွယ်ဝင်အလိုက်ရှိကြသည် မိမိတို့၏ အမျိုးအနွယ်ထဲတွင် အမြှော်အမြင်ကြီးပြီး၊ အသက်အရွယ်ကြီး၍ သင့်တော်သောပုဂ္ဂိုလ်များ ကိုရွေးချယ်တင်မြှောက်ကြသည်။ ကြီးစဉ်ငယ်လိုက် ဒေသခံကို (သို့) ရပ်ရွာ တည်ထောင်သူများကို ဦးစားပေးအုပ်ချုပ်မှုကို နေရာပေးကြသည်။

ရိုးရာယဉ်ကျေးမှု

Lautu လေးတူချင်းတိုင်းရင်းသားများတို့သည် ယဉ်ကျေးမှုကို ရှေ့ယခင်ကပင် မိမိတို့၏ အဝတ်အထည်များကို တောင်ယာခင်းများတွင် စိုက်ပျိုးသော ဝါဂွမ်းများ၊ ချဉ်ပြုလုပ်ပြီး သစ်ခေါက်များနှင့် အရောင်ဆိုးစေပြီး၊ မိမိကြိုက်နှစ်သက်သ...

Lautu လေးတူချင်းတိုင်းရင်းသားများတို့သည် ယဉ်ကျေးမှုကို ရှေ့ယခင်ကပင် မိမိတို့၏ အဝတ်အထည်များကို တောင်ယာခင်းများတွင် စိုက်ပျိုးသော ဝါဂွမ်းများ၊ ချဉ်ပြုလုပ်ပြီး သစ်ခေါက်များနှင့် အရောင်ဆိုးစေပြီး၊ မိမိကြိုက်နှစ်သက်သော အရောင်များနှင့် ဂျတ်ခုတ် ယက်ကန်းဖြင့် ရက်လုပ်ပြီး အင်္ကျီ၊ ပုဆိုး၊ ပုဝါ၊ လွယ်အိတ်၊ စောင်၊ ထမိန်၊ ခေါင်းခြုံများကို အလှဆင်ပြီး ရိုးရာ လက်ကောက်၊ ငွေသားခါးကြိုးများကို ရိုးရာယဉ်ကျေးမှုအဖြစ် မောင်း၊ စည်၊ လင်းကွင်း၊ ပုလွေ၊ ဝါထိန်ခေါင်၊ သံထိန်းခေါင်နူတ်နဲ့မှုတ်သော တူရိယာများကိုလည်း ရိုးရာယဉ်ကျေးမှုအဖြစ် ထားရှိကြသည်။ ရိုးရာ ခေါင်၊ နွားနောက်၊ ဝက်၊ ကြက် စသည်တို့ကိုလည်း ရိုးရာအခန်းအနားများတွင် သုံးလည်းရှိသည်။

ဆောင်ရန်

 Laitu လေးတူချင်းတိုင်းရင်းသားလူမျိုးများသည် တောင်ယာစိုက်ခင်းများတွင် လယ်ကွင်းများတွင် အိမ်များတွင် ပျားများဝင်ခိုလာပါက ကောင်းသောလက္ခအဖြစ်ခံယူကြသည်။ သက်ကြီးရွယ်အိုများနှင့် ဧည်သည့်များကို ကောင်းခြင်းမင်္ဂလာနှင့်...

 Laitu လေးတူချင်းတိုင်းရင်းသားလူမျိုးများသည် တောင်ယာစိုက်ခင်းများတွင် လယ်ကွင်းများတွင် အိမ်များတွင် ပျားများဝင်ခိုလာပါက ကောင်းသောလက္ခအဖြစ်ခံယူကြသည်။ သက်ကြီးရွယ်အိုများနှင့် ဧည်သည့်များကို ကောင်းခြင်းမင်္ဂလာနှင့် လက်ခံကြသည်။ ရွှေ၊ ငွေ ၊ကြေး၊ ငွေကြေးများနှင့် ၊လူ၊ သတ္တဝါများ ရရှိခြင်းကို မင်္ဂလာအဖြစ်ခံယူကြသည်။ ငှက်မြည်သံများကိုလည်း နံက်ပိုင်းတွင် ကောင်းခြင်းမင်္ဂလာဟု ခံယူကြသည်။

ရှောင်ရန်

 မကောင်းသောစကား၊ မကောင်းသောပြုမူခြင်း၊ အိမ်ခြံထဲတွင် မြွေများ၊ အဆိပ်အတောက်ရှိသောသတ္တဝါ၊ မကောင်းသောအကြံအစည်နှင့် လူပုဂ္ဂိုလ်များတို ရှောင်ရှားကြသည်။

 မကောင်းသောစကား၊ မကောင်းသောပြုမူခြင်း၊ အိမ်ခြံထဲတွင် မြွေများ၊ အဆိပ်အတောက်ရှိသောသတ္တဝါ၊ မကောင်းသောအကြံအစည်နှင့် လူပုဂ္ဂိုလ်များတို ရှောင်ရှားကြသည်။

ချင်းတိုင်းရင်းသား လူမျိုးစုများ၏ဆင်းသက်လာပုံ

ချင်းလူမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသော လူမျိုး အုပ်စုကြီးသုံးစုဖြစ်သည့် မွန်ခမာအနွယ် တိဗက်မြန်မာအုပ်စုဝင်ဖြစ်သည်။ ချင်းလူမျိုးများ သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား(၁၃၅)မျိုးအနက် လူမျိုး တစ်မျိုးဖြစ်သည်။ ချင်းလူမျိုးတို့သည် ကသည်းခေါ် မေထေးချင်း ၊ ရိုးရိုးချင်းဟု ခွဲခြားထား သော်လည်း နေထိုင်ရာ အရပ်ဒေသကိုလိုက်၍လည်းကောင်း ဒေသအမည်ခွဲ၍လည်းကောင်း ခေါ်ဝေါ်ခြင်းများလည်းရှိသည်။ ဤနည်းဖြင့် တီးတိန် (တဲဒင်မ်)ချင်း၊ ဖလမ်းချင်း၊ ဟားခါးချင်း၊ မင်းတပ်ချင်း၊ မတူပီချင်း၊ ကန်ပက်လက်ချင်း၊ ပလက်ဝချင်းနှင့် မြေပြန့်ချင်းဟူ၍ အမည် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ချင်းလူမျိုးစုများကို ပထဝီအနေအထားအရ သုံးပိုင်းခွဲထားပါသည်။ ယင်းတို့မှာ-

 ၁။ တောင်တန်းနေပင်ရင်းချင်းများ၊

၂။ ခမီ၊ မြို၊ ချင်းဘုံ(ဉပ်ပူးချင်း) အစရှိသောချင်းလူမျိုးများ၊ ရခိုင်ရိုးမမြောက်ပိုင်းနှင့် ပခုက္ကူ ခရိုင်အတွင်းရှိ တောင်တန်း များတွင်နေထိုင်သော အလယ်ပိုင်းချင်းများ၊

၃။ ရခိုင်ရိုးမတစ်လျှောက်လုံးတွင်နေထိုင်ကြသော တောင်ပိုင်းချင်းများစသည်ဖြင့် ပြန့်နှံ့ နေထိုင်လျက်ရှိကြပေသည်။

 ချင်းလူမျိုးတို့နေထိုင်ရာ မြောက်ဘက်အစွန်ဆုံးဒေသ၌ ပေ(၁၂၅၀၀)မြင့်သော စာရာမေတိတောင်ရှိရာ စုံမရတောင်တန်းဒေသဖြစ်၏။ ယင်းဒေသ အနောက်တောင်ဘက် မဏိပူရမြေပြန့်မှာ ကသည်းခေါ် မေထေးချင်း လူမျိုးတို့ဒေသဖြစ်သည်။ ထိုဒေသ၏တောင်ဘက်တွင်ချင်းတောင်စစ်စစ်ဟုဆိုရမည့် တီးတိန်၊ ဖလမ်းနှင့် ဟားခါးနယ်များရှိပေသည်။ ယင်းဒေသ၏ တောင်ဘက်တွင်ပေ(၁၀၄၀၀)မြင့်သောဝိတိုရိယတောင်တစ်ဝိုက်ဖြစ်သည့်ပခုက္ကူဒေသ(ကန်ပက်လက်)ရှိသည်။ အနောက် မြောက်ဘက်၌ ရခိုင်တောင်တန်းဒေသ (ပလက်ဝ)နှင့် ကုလားတန်မြစ်ဝှမ်း၏ အနောက်မြောက်ဘက်တွင်လည်း ချင်းလူမျိုးများ နေထိုင်လျက်ရှိပါသည်။ ထို့ပြင် ရခိုင်ရိုးမတောင်ဘက်ပိုင်းနှင့် အရှေ့ဘက်မင်းဘူး၊ သရက်၊ ပြည် ခရိုင်များတွင်လည်း ချင်းလူမျိုးများ နေထိုင်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။  မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ချင်းလူမျိုးခွဲပေါင်း (၅၃) မျိုးရှိပါသည်။ လူမျိုးအုပ်စုအနေ ဖြင့် များစွာကွဲပြားနေသော်လည်း စကားအုပ်စုအနေဖြင့် အနည်းငယ်မျှသာ ခြားနားမှုရှိသည်။ဒေသန္တရဆိုင်ရာအသုံးအနှုန်းများ ဝေါဟာရများနှင့် လေယူလေသိမ်း အသံထွက်အလေးအပေါ့သာ ကွဲပြားကြသည်။ချင်းလူမျိုးများနေထိုင်ရာဒေသကိုအကြမ်းဖျင်းအားဖြင့်ဖော်ပြရလျှင်မြန်မာနိုင်ငံအနောက်မြောက်ဘက်တောင်တန်း ဒေသ၊ နာဂတောင်နှင့် မဏိပူရ ပြည်နယ်တို့မှ တောင်ဘက်မော်တင်စွန်း ရောက်လုနီး ဒေသစပ်ကြားနှင့် အရှေ့ဘက်ချင်းတွင်း မြစ် ၏ မြစ်လက်တက်ဖြစ်သော မြစ်သာမြစ်နှင့်အနောက်ဘက် ဘင်္ဂလားပင်လယ်အော် ရောက်လုနီးဒေသစပ်ကြားတောင်မြင့်၊ ကုန်းတန်း၊ လျှိုမြောင်တို့မှာ ချင်းလူမျိုးတို့နေထိုင်ရာ အချက်အချာဒေသ ဖြစ်လေသည်။

(က)အရှိုချင်းလူမျိုးတို့ဆင်းသက်လာဖြစ်ပေါ်လာပုံ

အရှိုချင်းတို့သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသော တိဗက်-မြန်မာ အုပ်စုတွင် ပါဝင်သော ပျူ၊ ကမ်းယံ၊ သက် စသော လူမျိုးစုသုံးစုအနက် သက်အုပ်စုအနွယ်ဝင်ဖြစ်ပါသည်။ အချို့သမိုင်းပညာရှင်များက “သက်”  ဟူသော ဝေါဟာရ ကို “သက်ကျ” မှရွေ့လျားလာသည် ဟု လည်းကောင်း၊ သက်လူမျိုးတို့သည် “သာကီဝင်” ဟုလည်းကောင်း ယူဆကြသည်။ အရှိုချင်း တို့သည် ပုံတောင်ပုံညာဒေသတွင် ပထမဦးစွာ အခြေချနေထိုင်သူများ ဖြစ်ကြသည်။ ထိုနေရာ သည် ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်းတို့နှင့် ဆက်စပ်လျက်ရှိပါသည်။ ထို့ပြင် ယောဒေသ နှင့်လည်း ဆက်စပ်လျက်ရှိပါသည်။

    ပုဂံခေတ်တွင် ပျူစောထီးသည် အရှိုချင်းလူမျိုးဖြစ်သည်။ ထိုသူ၏အရှိုနာမည်မှာ ခစိုက်လှဲန် (Kha Sai Hlan) ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အရှိုချင်းတို့ ယုံကြည်ကြသည်မှာ အရှိုနှင့် သက်လူမျိုးတို့သည် မြန်မာပြည်တွင် ပထမဆုံး အခြေချနေထိုင်သည့် လူမျိုးစုသုံးစုတွင် အရှိုနှင့် သက်တို့ ပါဝင်သည်ဟု ယုံကြည်ကြသည်။ အရှိုချင်းတို့သည် နှုတ်ရာဇဝင်သမိုင်းအရ ဗိဿ နိုးမြို့(တောင်တွင်းကြီး)မြို့၊ သီရိခေတ္တရာမ(ပြည်) မြို့များတွင် နေထိုင်ကြသည်။ 

   အရှိုချင်းတို့ ဆင်းသက်လာပုံနှင့်ပတ်သက်၍ ပါးစပ်ရာဇဝင်တစ်ခု ရှိခဲ့ပါသည်။ ယင်းကို ဗဟုသုတတစ်ခုအဖြစ် တင်ပြလိုက်ပါသည်။ အောက်အူလှီ(အမိဖုရား)သည် တောင်ဝှေးတော် ဖြင့် လူမျိုးစုံပေါက်မည့်ဥများကို ဖန်ဆင်းခဲ့ပါသည်။ အရှိုချင်းဖြစ်လာမည့်ဥမှာ ဆေးရောင်စုံ ခြယ်သထားသည့်နှယ် အခြားဥများထက် ထူးခြားခဲ့ပါသည်။ ထို့ကြောင့် အရှိုဖြစ်ပေါ် လာမည့် ဥကို ကြေးဝါဖလားထဲတွင် ထည့်ထားခဲ့ပါသည်။ အခြားသောဥများသည် ‌ခြောက်ရက်၊ ခုနှစ်ရက်နှင့်ပေါက်သော်လည်း အရှိုဥမှာ မပေါက်ဘဲနေခဲ့သည်။ ထို့ကြောင့် ပုပ်ပြီအထင်နှင့် လွှင့်ပစ်လိုက်လေသည်။ မိုးရေနှင့်အတူ ပင်လယ်ထဲသို့ မျောပါသွားခဲ့သည်။ တလိုင်းမွေးဆေး ငှက်သည် ထိုဥကိုဝပ်ပေးသော်လည်း မပေါက်ခဲ့ပေ။ ထို့ကြောင့် ယင်းဥကို ကျောက်ဆောင် ဘက်သို့ လွှင့်ပစ်လိုက်ရာ ချုံပုတ်တစ်ခုပေါ်သို့ တင်နေပြန်ပါသည်။ လွီကျုပ်ပရွှန်းနူးငှက် (ငှက်တော်)သည် ထို့ချုံပုတ်ပေါ်တွင် အသိုက်လုပ်၍ ဝပ်ပေးရန် ကြိုးပမ်းခဲ့သည်။ ယင်းတွင် မြွေနဂါး၏ အကူအညီယူခဲ့ပါသည်။ တစ်ပတ်ခန့်ကြာသောအခါထိုဥမှမောင်လိင်းဟူသောလူသားတစ်ဦးမွေးဖွားလာခဲ့ပါသည်။ မောင်လိင်းသည် မိခင်ငှက်မကြီးကို ကျေးဇူး ဆပ်သည့်အနေဖြင့် ပိုးဟပ်၊ နှံကောင်စသည်ဖြင့် အစာရှာကျွေးလေသည်။ တစ်နေ့သော် အစာရှာထွက်ခိုက်မိမိအား ဝပ်ပေးခဲ့ဖူးသော တလိုင်းမွေးဆေးငှက်နှင့်တွေ့သောအခါ “သင်သည် ငါ၏ အမိဖုရားနေသောရွာကို ရောက်ဖူးပါသလား” ဟု မေးလေရာ သိသည်နှင့် မောင်လိင်းသည် မိမိ၏ဥခွံများကို ကျောပိုးကလိုင်းအဖြစ်လည်းကောင်း၊ ဆံပင်ကိုပလိုင်းကြိုးအဖြစ်လည်း ကောင်း ချက်ကြိုးအခြောက်အား ပလိုင်းအတွင်းသို့ထည့်၍ လက်ဆောင်အဖြစ် ပေးလိုက် ပါသည်။ အမိဖုရားသည် မောင်လိင်းပေးလိုက်သော လက်ဆောင်ကိုမြင်သော် “ဪ.... ငါ့သား မောင်လိင်းဥက ပေါက်သွားပါပကောလား”ဟု ဆို၍ ဝမ်းသာသွားခဲ့သည်။ ထို့နောက် ဥအား ဝပ်ပေးခဲ့သော ငှက်မအား ချီးမြှင့်သည့်အနေဖြင့် ပန်းရောင် ခေါင်းပေါင်းသရဖူ၊ ဓါး၊ အနှောင့် မပါသောဒူးလေး၊ မြားတို့အား ယူဆောင်လျက် ဆင်ပေါက်စီး၍ မြေသို့ဆင်းသက်လာခဲ့ပါသည်။ ထိုအခါ ငှက်မက ငါသည် “ဒီဆင်ပေါက်ကြီးကိုလည်း စီးနိုင်သည့် အားအင်မရှိပါ၊ ခေါင်းပေါင်း သရဖူနှင့်လည်း အလိုက်ဖက်ပါ၊ ဒူးလေးကိုင်ဖို့ရန်လည်း လက်မရှိပေ။ ထို့ကြောင့် ဒီလက် ဆောင်များကို ငါလက်ခံ၍မဖြစ်နိုင်” ဟု ဆိုလေသည်။ အမိဖုရားလည်း ပြန်လာခဲ့သည်။ မောင်လိင်းလည်းငို၍ ကျန်ခဲ့လေသည်။

    ထိုအခါ ငှက်တော်မက “ နင်လိုက်ချင်လျှင် ငါ့ကို ကင်ပွန်းတပ်ပွဲလုပ်ပေးပါ” ဟု ဆိုလေ သည်။ မောင်လိင်းလည်း ပုရစ်ကို ကြက်အဖြစ်လည်းကောင်း၊ ပိုးဟပ်ကို ဝက်အဖြစ် လည်းကောင်း ကင်ပွန်းပွဲ ဆက်လေသည်။ ကြွေဥနှင့်ဂုံးဥကို ခေါင်ရည်တည်၍ ကင်ပွန်းပွဲ လုပ်ပေးလိုက်လေသည်။ ထိုကင်ပွန်းပွဲသို့ လှိုင်စင်းမြွေနဂါးကိုလည်း ဖိတ်ကြားခဲ့သည်။ ငှက်တော်မလည်း ခေါင်ရည်မူး၍ မြွေနဂါးနှင့် အချင်းများကြလေသည်။ မြွေနဂါးသည် ငှက်တော်မကို ညှို့ကွင်းဖြင့်ညှို့လေသည်။ ငှက်တော်မ၏ ဦးခေါင်းကိုမိလေရာ မောင်လိင်းက ဖြေပေးခဲ့ပါသည်။ ငှက်တော်မလည်း လွတ်မြောက်သွားခဲ့သည်။

    မောင်လိင်းလည်း အမိဖုရားထံအပြန်ခရီးစခဲ့သည်။ လမ်းတွင်မောပမ်း၍ တကွိုင်းချန် ပလပ်ခေါ် အသီးအနှံကို ဆန်ပြုတ်လုပ်သောက်၍ ခရီးဆက်ခဲ့သည်။ ခရီးတွင် ကျားနှင့်တွေ့၍ မိခင်တော်ခဲ့သည်။ ထိုကျားမ၏ နို့ကိုသောက်ခဲ့သည်။ ကျားမသည် ကလူကျီစယ်ရင်း မောင်လိင်း၏လက်ကို ခြစ်မိလေရာ သွေးထွက်လေသည်။ ကျားမသည် ထိုသွေးကိုလျှက်ရာမှ ချိုမြိန်မှန်းသိသွားလေသည်။ ထိုအခါ ကျားမသည် မောင်လိင်းအားစားရန် ကြိုးပမ်းတော့ သည်။ မောင်လိင်းလည်း သိသည်နှင့် ထွက်ပြေးရန်ကြံစည်လေသည်။ မောင်လိင်းသည် “သားနောက်ဖေးသွားချင်သည်”ဟု မိခင်ကျားမကြီးအားဉာဏ်ဆင်၍ ခွင့်တောင်းခဲ့သည်။ ကျားမလည်းအကြံကိုသိနှင့်၍ နောက်ဖေးသွားလျှင် အုံမ......အုံမအော်ပြီးသွားပါဟု ဆိုလေ သည်။ မောင်လိင်းထွက်ပြေးလျှင် သိနိုင်ရန်ဖြစ်လေသည်။ မောင်လိင်းလည်း ယင်းသို့အော်၍ ပြေးလေသည်။ မောပမ်းလွန်း၍ ငိုလေရာတွင် အနားတွင်ရှိသော သန်းမကြီးက သနားသဖြင့် “မင်းပြေးလေ ငါတို့ အုံမအော်ပေးမည်” ဟု ဆိုလေသည်။ မောင်လိင်းလည်း ဆက်၍ပြေးရင်းမှ ရစ်ကြက်မ၊ ခါငှက်တို့နှင့်ဆုံလေရာ ငါ၏ခြေရာများကို ဖျက်ပေးပါဟု တောင်းဆိုလေသည်။ လမ်းခရီးညအိပ်သောအခါ မျောက်ချောပင်ပေါ်သို့ တက်၍အိပ်လေသည်။ ထိုအခါ အောက်ချင်း ငှက်နှင့် တွေ့လေသည်။ မောင်လိင်းသည် ထိုအောက်ချင်းငှက်အား ငါ၏အမိဖုရားထံ ပို့ပေးပါ ဟု ဆိုလေသည်။ ထိုအခါ အောက်ချင်းငှက်က ငါ၏အစာဖြစ်သော အစာဘလိုးသီး၊ ပကော့သီး တွေ တုန်းသွားမှာစိုး၍ မပို့နိုင်သေးကြောင်းဆိုလေရာ မောင်လိင်းက ကျွန်ုပ်က သင်၏နှုတ်သီး ကို အဝါ‌ရောင်ဖြစ်အောင် ပြောင်းပေးပါမည် လိုက်ပို့ပေးပါဟုဆို၍ အဝါ‌ရောင်သို့ ပြောင်းပေး လိုက်ပါသည်။ ထို့ကြောင့် အောက်ချင်းငှက် များ၏ နှုတ်သီးများသည် အဝါ‌ရောင်ဖြစ်၍ လှပလှပေသည်။

       မောင်လိင်းသည် အမိဖုရားထံသို့ရောက်သောအခါ အမိဖုရားက ဝမ်းသာလှ၍ နွားခြံ တစ်ခြံပေးလိုက်သည်။ ထိုသို့ပေးအပ်သောပွဲသို့ လာ‌ရောက်ကြသော သား၊ သမီး၊ ချွေးမတို့အား လက်တွင် ချည်ခင်ပတ်ပြီး အမှတ်သညာလုပ်ပေးလေသည်။ ယင်းပွဲနေ့ကို ယနေ့တိုင်အောင် အရှိုချင်းတို့က ပွဲတော်တစ်ခုအဖြစ် ပြုလုပ်ကြပေသည်။ တစ်နေ့သောအခါ မောင်လိင်း၏ နွားခြံ အပေါက်ဝတွင် ဗိုင်းငင်နေသော ဗိုက်ကြီးသည်တစ်ဦးကို တွေ့ရာတွင် လမ်းဖယ်ပေးဖို့ပြော လေသည်။ ဖွင့်ပါဟုဆိုသဖြင့် ဖွင့်လိုက်ရာတွင် နွားမတစ်ကောင်က ထိုအမျိုးသမီးကို နင်းမိလေသည်။ အမျိုးသမီးက တရားစွဲဆိုသဖြင့် နွားခြံတစ်ခြံလုံး အလျော်ပေးလိုက်ရာက မောင်လိင်း လည်း ဆင်းရဲမွဲတေသွားလေသည်။ ထိုအခါ အမိဖုရားအောက်အူးလှီက သားဖြစ်သူ ‌မောင်လိင်းကို ဆင်၊ မြင်းများကို ပေးပြန်သည်။ သူစိမ်းတစ်ယောက်က ထိုဆင်၊ မြင်းများကို ဆိတ်နှင့်လဲသောကြောင့် မောင်လိင်းလည်း တစ်ဖန် ဆင်းရဲသွားပြန်ပါသည်။ အမိဖုရားက ‌ရွှေ၊ ငွေ တို့ကို ပေးပြန်လေသည်။ ထို့ကြောင့် အရှိုတို့သည် ယနေ့တိုင်အောင် မောင်လိင်းကဲ့သို့ ရွှေတို့ငွေစတို့ ဆောင်ထားသည်ဟု ဆိုကြလေသည်။

(ခ) အရှိုချင်းလူမျိုးများနေထိုင်ရာဒေသများ

       မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ချင်းလူမျိုး (၅၃) မျိုးအနက် မကွေးတိုင်းဒေသကြီး အတွင်း၌ ချင်းလူမျိုးအနွယ်ဝင်(၆)မျိုး နေထိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုချင်း(၆)မျိုး အနက် တစ်မျိုးဖြစ်သော အရှိုချင်းများ နေထိုင်ရာမြို့နယ်များမှာ-
၁။ မင်းတုန်းမြို့နယ်
၂။ အောင်လံမြို့နယ်
၃။ ဆင်ပေါင်ဝဲမြို့နယ်
၄။ တောင်တွင်းကြီးမြို့နယ်
၅။ မင်းလှမြို့နယ်
၆။ ငဖဲမြို့နယ်
၇။ ကံမမြို့နယ် 
၈။ သရက်မြို့နယ်
၉။ စေတုတ္တရာမြို့နယ်
၁၀။ မင်းဘူးမြို့နယ်တို့တွင် အနှံ့အပြားနေထိုင်လျက်ရှိကြောင်းတွေ့ရသည်။ 

(ဂ) အရှိုချင်းလူမျိုးတို့၏သွင်ပြင်လက္ခဏာများ

  တိဗက်အနွယ်ဝင်ဖြစ်သော အရှိုချင်းတို့သည် အသားအရောင်မှ ာအဝါရောင်သန်းကြပါသည်။ရှေးအခါကအရှိုချင်းများ သည် ရိုးရာပွဲတော်များတွင် ရိုးရာသင်တိုင်းကို ဝတ်ဆင်လေ့ရှိသည်။ အမဲလိုက်သောအခါတွင်ဖြစ်စေ ၊ အိမ်နေရင်းအချိန်များတွင်ပုဆိုးနံငယ်ပိုင်းမျှသာဝတ်ဆင်လေ့ရှိကြပါသည်။ ရှေးယခင်က အရှိုချင်းအမျိုးသားတို့သည် ဆံပင်အရှည်ထားလေ့ ရှိကြသည်။ နားတောင်းကိုလည်း ဆင်မြန်းလေ့ရှိကြသည်။ အမျိုးသားများသည်အရွယ်ရောက်သော် ပေါင်တွင်ထိုးကွင်းမှင် ကြောင်များ ထိုးလေ့ရှိကြသည်။ ကျားရုပ်၊ ကြောင်ရုပ်၊ မျောက်ရုပ်နှင့် မိမိနှစ်သက်သော အရုပ်များကိုအလှဖော်၍ ထိုးလေ့ရှိကြပါသည်။ ထိုးကွင်းထိုးရာတွင်လည်း ကျွမ်းကျင်သော အရှိုအမျိုးသားများကသာ ထိုးပေးလေ့ရှိကြပါသည်။ အရှို အမျိုး သားတို့၏အယူမှာ ပေါင်တွင်ထိုးကွင်း ထိုးထားသော အမျိုးသားသည် သိမ်ငယ်စိတ်မရှိဘဲရပ်ရေး၊ ရွာရေး ဝိုင်းဝန်းလုပ် ဆောင်ကြရာတွင် ခါးတောင်မြောင်အောင်ကျိုက်၍ အားတက်သရော စုပေါင်းပါဝင်လုပ်ဆောင်ပေးသောကြောင့် ရပ်ရွာကအားကိုးအားထားပြုခံရသူများဖြစ်ကြပေသည်။ယခုအခါတွင်ယင်းသို့ ထိုးကွင်းထိုးသောအလေ့မှာ မှေးမှိန်ပျောက်ကွယ်လုနီး ဖြစ်နေပါသည်။ 
     အရှိုအမျိုးသားများနည်းတူ အရှိုအမျိုးသမီးများ၏ အသွင်အပြင်မှာလည်း ထူးခြားလှပါသည်။ အရှိုအမျိုးသမီးများသည်အသက်(၉-၁၀)နှစ်အရွယ်တွင်မျက်နှာနှင့်လည်ပင်းတွင်ပါးရဲထိုးလေ့ရှိကြပါသည်။ အရှိုအမျိုးသမီးတို့သည် မျက်နှာမဲနေလျှင် ဂုဏ်ရှိသည်ဟု ယူဆကြ၍ ဆောင်းတွင်းအခါတွင် ပါးရဲထိုးခြင်း ပြုလုပ်လေ့ရှိကြပါသည်။ ပါးရဲထိုးကြရာ၌ ပါးတွင်ရာဇမတ်ကွက်၊ နဖူးတွင် လက်စွပ်သဏ္ဍာန်၊ မေးစေ့တွင်ပန်းတွန့်၊ သစ်ရွက်သဏ္ဍာန် စသည်ဖြင့် ဆန်းသစ်တီထွင်၍လည်း ထိုးလေ့ရှိကြပါသည်။ ပါးရဲထိုးဆရာတို့သည် မေးစေ့တွင်မိမိတို့၏ လက်စွမ်းပြ၍ လှပသေသပ်စွာ ထိုးလေ့ရှိပါသည်။ အရှိုအမျိုးသမီးတို့၏ပါးရဲထိုးခြင်းနှင့်ပတ်သက်၍ မြန်မာသာမက ကမ္ဘာလှည့်ခရီးသည်များကပါ အထူးစိတ်ဝင်စားလှပေသည်။ ပါးရဲထိုးခြင်းနှင့်ပတ်သက်၍ သုံးမျိုးရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ယင်းတို့မှာ -
၁။ မကွေးတိုင်းဒေသကြီးအတွင်းနှင့် မကွေးတိုင်းဒေသကြီးနှင့်နယ်နိမိတ်ချင်းထိစပ်လျက်ရှိသောချင်းရွာများမှအမျိုးသမီးများ ထိုးလေ့ရှိသော ပါးရဲထိုးခြင်းမှာ ပါးပြင် အနှံ့ အိုးမဲသုတ်လိမ်းထားသကဲ့သို့ မဲပြောင်နေသည်အထိ ထိုးလေ့ရှိကြသည်။  
၂။ မကွေးတိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ချင်းတောင်နယ်ခြားရွာများတွင် နေထိုင်ကြသော အမျိုးသမီးများသည် မျက်နှာပြင်တွင် စက်ဝိုင်းကွင်းဆက် သဏ္ဍာန်၊ ကကြီးအက္ခရာသဏ္ဍာန် ထိုးလေ့ရှိကြသည်။ 
၃။ ပြည်မနှင့်ဝေးကွာလှသော ချင်းတောင်အလယ်ပိုင်းဒေသများတွင်မူ နဖူးပေါ်တွင်အရေးအကြောင်းတစ်ခုတစ်လေ၊ စတိမျှသာ ထိုးလေ့ရှိကြပါသည်။ ယနေ့အခါတွင် ပြည်မနှင့်ဝေးကွာလှသော ချင်းတောင်ဒေသတွင်အမျိုးသမီးများပါးရဲထိုးခြင်း အလေ့မှာ မရှိသလောက် ပျောက်ကွယ်နေပြီဖြစ်ပါသည်။ 
     ပါးရဲထိုးခြင်းသမိုင်းနှင့်ပတ်သက်၍ လေ့လာကြည့်ပါက မြန်မာဘုရင်များ လက်ထက်အခါက တိုင်းသူပြည်သားများ သည် ဘုရင့်ထံ အခွန်အတုတ်များ ဆက်သကြရပါသည်။ မကွေးတိုင်းအတွင်းရှိ ချင်းရွာများမှထွက်ရှိသော စပါး၊ ပဲ၊ ပြောင်း၊ ဝါ၊ ငရုတ်ကောင်း၊ ပျားဖယောင်း၊ လျှော်၊ ပွဲ့လျက်၊ ချည်စောင်စသည်များအပြင် လူခွန်များလည်း ဆက်သရကြောင်း လေ့လာတွေ့ရှိရပါသည်။ 
      သက္ကရာဇ် ၁၇၇၂ ခုနှစ် ယိုးဒယားအရေးအခင်း ပေါ်ပေါက်ချိန်တွင် ချင်းတို့သည် ထီးလင်းနယ် ခင်ရမ်းရွာ၊တတင်သားရွာ ၊ မြင်းစုရွာတို့ကို တိုက်ခိုက်ခံရပြီး လူအချို့ကိုလည်းကျွန်အဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါသည်။ ထိုသို့ဖမ်းဆီးခံရသူများ အားကျွန်အဖြစ်ဖမ်းဆီးရောင်းချခဲ့ကြသည်။ကျွန်အဖြစ် ဖမ်းဆီးခံရသူအများစုမှာ အမျိုးသမီးများဖြစ်ကြသည်။ ထို့ကြောင့် ချင်းအမျိုးသမီးတို့သည်မိမိတို့၏မျက်နှာအလှကိုဖျက်ဆီးသောအနေဖြင့် ပါးရဲများ ထိုးကြခြင်းဖြစ်သည်ဟု ယူဆကြသည်။ ယင်းသို့ ပါးရဲထိုးခြင်းများမှစ၍ ချင်းအမျိုးသမီးများ၏ ပါးရဲထိုးခြင်းအလေ့ စတင်ပေါ်ပေါက်လာသည်ဟု မှတ်တမ်းများကဖော်ပြလျက်ရှိပါသည်။တချို့သောမှတ်တမ်းများတွင်ရှင်ဘုရင်၏တော်ကောက်ခြင်းမခံရစေရန်အတွက်လည်းကောင်း၊မိမိချစ်သူနှင့်မကွေကွင်းစေရန်အလို့ငှာ ပါးရဲထိုးကြသည်ဟုလေ့လာတွေ့ရှိရပါသည်။ ယင်းအဆိုမှန်ပါလျှင် မိမိချစ်သူအတွက် မိမိအလှကိုဖျက်ဆီးဝံ့သောချင်းအမျိုးသမီးတို့၏မေတ္တာတရားကြီးမားပုံမှာချီးမွမ်းဖွယ်ပင်ဖြစ်ပါသည်။ထို့ပြင်မျက်နှာအလှ ပျက်စီးသွားသော်လည်း ဆက်လက်ချစ်နိုင်သော ချင်းအမျိုးသားတို့၏ စိတ်ဓာတ်မှာလည်း ချီးမွမ်းဖွယ် ပင်ဖြစ်ပါသည်။ ပါးရဲထိုးခြင်းဓလေ့ကို အရှိုချင်းလူမျိုးများဆိုသည့်ထက် အရှိုမျိုးနွယ်ခွဲဖြစ်သည့် မရန်(ခေါ်) မာလင်လူမျိုးများက အဓိကထိုးကြသည်။

(ဃ) အရှိုချင်းတို့၏ရိုးရာအကများ

အရှိုချင်းအမျိုးသားတို့၏ ရိုးရာအကများ

တုတ်စယ်အက- အရှိုရိုးရာ သိုင်းအကတစ်မျိုးဖြစ်သည်။ အိမ်သစ်တက်ပွဲ၊ မိုးကောင်း နတ်ပွဲများနှင့် မင်္ဂလာဆောင်များတွင် ကပြလေ့ရှိပါသည်။
လိုက်ခွေဖွေအက- မြူးကြွသော တီးကွက်များဖြင့်ကရသော ခေါင်းပေါင်းလုအကဖြစ်သည်။ ရှေးအခါက ရန်သူ့လက်သို့ပါသွားသော ညီမဖြစ်သူကို ကယ်တင်ရန် အကို ခုနှစ်ယောက်တို့သည် ဓားရေး၊ လှံ‌ရေး၊ လေးပစ်စွမ်းရည်များဖြင့် မိမိတို့၏ အစွမ်းများ ပြိုင်ကြသည်။ အနိုင်ရသူက ညီမဖြစ်သူကို သွားရောက်ကယ် တင်ရမည်ဖြစ်ရာ အကိုအကြီးဆုံးဖြစ်သော ဇွန်စိုကနိုင်၍ သူရဲကောင်းဘွဲ့ (ဆလိုင်း)ကိုရကာ ညီမဖြစ်သူကို ကယ်တင်ခွင့်ရခဲ့သည်။ ယင်းမှ အကြောင်းပြု၍လိုက်ခွေ ဖွေခေါ်ခေါင်းပေါင်းလုအက ပေါ်ပေါက်လာခဲ့ သည်။
တွီကွန်အက- အရှိုချင်းအမျိုးသားတို့၏ သူရဲကောင်းရွေးချယ်ပွဲတွင် မိမိတို့၏စွမ်းရည်ကို ပြသရန်အတွက် စည်းချက်ညီစွာဖြင့် ခြေကိုသိုင်းကွက်ကျနင်းကာ ကရ သော အကတစ်မျိုး ဖြစ်ပါသည်။
လှော်လွန်အက- အရှိုချင်းသူရဲကောင်းများသည် ဝါးနှီးများ၊ ဒိုင်းလွှာများကိုင်ကာ ဓားရေး၊ လှံ‌ရေးပြသော အကဖြစ်သည်။

အရှိုချင်းအမျိုးသမီးတို့၏ရိုးရာအကများ

ပွန်တောင်ကလိုင်အက- အရှိုချင်းအမျိုးသမီးငယ်လေး များစည်းချက်ညီစွာဖြင့် လင်းကွင်း တီးကာ ကရသောအကဖြစ်သည်။ 
ကျလုတ်ထီးန်လိုက်အက- ကျလုတ်(ပုတ်သင်)နှစ်ကောင် သစ်ပင်ကိုကွယ်၍ ချောင်းမြောင်း ကျီစယ်သည့်ဟန် ကရသောအကဖြစ်သည်။ 
ဝကူလှိုက်လွန်အက- မျောက်လွဲကျော်များသဖွယ် ရှေ့ပြန်နောက်ပြန်လွှဲ၍ ကရသော အကဖြစ်သည်။ ပျော်ရွှင်မြူးတူစွာကရသော အကတစ်မျိုးဖြစ်ပါ သည်။ 
ဖွယ်ပေါ့အက- တောင်ယာခုတ်သည်မှစ၍ ဝါစိုက်၊ ဝါခူး၊ ချည်ငင်၊ ရိုးရာဝတ်စုံ များရက်လုပ်သည်အထိ ပုံစံကို သရုပ်ဖော်ကပြသော အက တစ်မျိုးဖြစ်သည်။ 
လိုင်ဖုန်နွှေးအက- ချည်ခင်စွပ်ငှက်သည် တန်ခိုးကြီးသော တောင်တန်းများကို တစ်နှစ်တစ်ခါ လာရောက်ပူဇော်သည့်အသွင်ဖော်ကျူးကပြသောအကဖြစ်သည်။သက်ကြီးရွယ်အိုများ၊ဂုဏ်သရေရှိ လူကြီးလူကောင်းများ၊ လူမျိုးစုခေါင်းဆောင် များအား ဂါရဝပြုသည့် အနေဖြင့် ကပြရသော အကဖြစ်ပါသည်။  

ဘာသာစကားနှင့်စာပေ

(င) အရှိုချင်းလူမျိုးတို့၏ဘာသာစကားနှင့်စာပေ

အရှိုချင်းလူမျိုးတို့၏ ဘာသာစကားသည် ချင်းဝိသေသတိုင်းအတွင်းရှိ ချင်းမိသားစု များနှင့်မတူဘဲ သီးခြားတည်ရှိပါ သည်။ သို့သော် အသိုက်အမြုံတစ်ခုတည်းမှ ဆင်းသက်လာ သောကြောင့် ပင်ရင်းစကားများနှင့် အဓိပ္ပာယ်တူညီမှုများ ရှိနေကြောင်း တွေ့ရပေသည်။ ဉပမာအားဖြင့်-

ရေကို---------တွီး

ခွေးကို--------အွီး စသည်ဖြင့် ချင်းမျိုးနွယ်စုတော်တော်များများနှင့် အသံထွက်ရော အဓိပ္ပာယ် ရောတူညီကြောင်း လေ့လာတွေ့ရှိရပါသည်။

အရှိုချင်းဘာသာစကားအချို့ကို မြန်မာအသံထွက်ရန် လွယ်ကူသော်လည်း အချို့အက္ခရာ များမှာမူ ကြားအသံများစပ်ဟပ်ထွက်ရသည့်အတွက် မြန်မာသံရွတ်ဆိုရန် ခဲယဉ်းသကဲ့သို့ မြန်မာစာဖြင့် အသံထွက်မှန်အောင် ရေးသားရန်မှာလည်း ခဲယဉ်းလှပါသည်။ပြောရခက်သောစကားကို လူပြောနည်းသည်မှာ သဘာဝပင်ဖြစ်ပါသည်။ လေယူလေသိမ်း ၊ အဖိအဖော့၊ အနိမ့်အမြင့် စသည်များက ပြောဖို့ရန် အခက်ဖြစ်စေပါသည်။ အရှိုစကားသည်‘အရေးတကြီးပြောမည်ဆိုလျှင်ပြောမထွက်’ ဆိုသကဲ့သို့ ဖြစ်တတ်ပါသည်။အရှိုစကားကောင်းကောင်းပြောတတ်သောလူကြီးများပင် အရေးတကြီးပြောလိုလျှင် မြန်မြန် မရောက်ဘဲမြန်မာစကားနှင့်ပြောထွက်သွားတတ်ပေသည်။အရှိုချင်းများသည်မြေပြန့်ဒေသအနှံ့အပြားတွင်ဗမာတိုင်းရင်း သားများနှင့်ကာလကြာရှည်စွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြသည့်အတွက် ယခုအခါတွင် အရှိုချင်း ဝေါဟာရအသုံး အနှုန်းများ အားနည်းလာသော လက္ခဏာများ တွေ့ရပေသည်။ အရှိုချင်း ဝေါဟာရအချို့ကို မြန်မာဝေါဟာရများနှင့် တွဲဖက်၍ လည်း ကောင်း၊ မြန်မာဝေါဟာရများကို မွေးစား၍လည်းကောင်း တွဲဖက်သုံးစွဲလာကြောင်း လေ့လာ တွေ့ရှိရပါသည်။

အရှိုချင်းအက္ခရာများသည် မြန်မာအက္ခရာအပေါ်တွင် အခြေခံ၍ တီထွင်ထားကြောင်း သိရှိရပါသည်။ အရှိုချင်းစာကို ၁၈၉၂ ခုနှစ်တွင် ရောမအက္ခရာဖြင့် အင်္ဂလီကန်သာသနာပြု ဘုန်းတော်ကြီး ဂျော့ချ်ဝှိုက်လက်ထက်တွင် ပထမဆုံး တီထွင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့သော် အင်္ဂလိပ်စာနှင့် ရင်းနှီးသူများအတွက် အဆင်ပြေသော်လည်း အင်္ဂလိပ်စာနှင့် မရင်းနှီး သူများအတွက်မူ အခက်အခဲ ဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် ၁၉၂၅ ခုနှစ်တွင် ပိုးကရင် စာပေရေးသားနည်းကို မှီငြမ်းကိုးကား၍ဒုတိယအကြိမ်ထပ်မံတီထွင်ခဲ့ကြပါသည်။ သက္ကရာဇ်၁၉၂၆ခုနှစ်တွင် အသစ်ထပ်မံပြင်ဆင်ပြီး အရှိုချင်းစာပေသင် ကြား နည်းအခြေခံကို ပုံနှိပ်ထုတ်ဝေခဲ့ကြသည်။ တစ်ဖန် သက္ကရာဇ် ၁၉၄၁ ခုနှစ်နှင့် ၁၉၅၂ ခုနှစ်များတွင် ထပ်မံပုံနှိပ် ထုတ်ဝေ ခဲ့ကြပြန်ပါသည်။ 

 အရှိုချင်းဘာသာစကားတွင် အခြေခံအားဖြင့် ဝါကျအထားအသိုမှာ  - 

ကတ္တား + ကံ + ကြိယာ 

ဟူ၍ ဖြစ်ရာတွင် မြန်မာဝါကျအထားအသိုနှင့် တူညီပါသည်။

အရှိုချင်းစာတွင် အက္ခရာအဖြစ်  -  

- ဗျည်း (၂၆) လုံး ၊

- သရ (၁၁) လုံး၊ 

- သရအတုလက္ခဏာများ( ၉ ) လုံး၊

- သံခွဲလက္ခဏာ အဓိက ( ၆ ) လုံး၊ နှင့်

- ပုဒ်ဖြတ်များ ( ၄ ) ခုရှိကြောင်းလေ့လာတွေ့ရှိရပါသည်။ 

အရှိုဗျည်း(၂၆)လုံးမှာ-

- က၊ ခ၊ ဂ၊ ဃ၊ င၊

- စ၊ ဆ ၊ဇ၊ ည၊ 

- တ၊ ထ ၊ဒ ၊ဓ၊ န၊

- ပ၊ ဖ၊ ဗ၊ ဘ၊ မ၊

- ယ၊ ရ၊ ရှ၊ လ၊ ဝ၊

- ဟ၊ အ၊ ဧ      စသည်တို့ဖြစ်ကြသည်။ ယင်းတို့အနက် (ဒ)၊ (ဘ)၊ (ဧ) စသော အက္ခရာများကို မြန်မာအက္ခရာအတိုင်း အသံမထွက်ဘဲ ကြားသံများဖြင့် စပ်ဟပ်ထွက်ကြောင်း လေ့လာ တွေ့ရှိရပါသည်။ အရှိုချင်းစာတွင်(သ) အက္ခရာကို မသုံးပါ။ ဤသို့ဖြင့် တီထွင်ထားသော အရှိုချင်းအက္ခရာများကို ယနေ့တိုင် အသုံးပြုလျက်ရှိကြောင်း  တွေ့ရပေသည်။

ဝတ်စားဆင်ယင်မှု

(စ) အရှိုချင်းလူမျိုးတို့၏ဝတ်စားဆင်ယင်မှု

အရှိုချင်းလူမျိုးတို့သည် အသားဝါသည့်အစုတွင်ပါဝင်သည်ဟု ဆိုနိုင်ပေသည်။ အဝတ် အစားဆင်ယင်မှုမှာ အလေးအနက်ထား ချယ်သတတ်သူများ မဟုတ်ကြချေ။ အရှိုတို့သည် ဝတ်ကောင်းစားလှနှင့် ဟိတ်ဟန်ထုတ်လေ့၊ ကြွားဝါလေ့၊ ခြောက်လှန့်လေ့မရှိကြပေ။ အရှို လူမျိုးများသည် ရုပ်ဝတ္တုပစ္စည်းအပေါ် စွဲလန်းသူများမဟုတ်ကြချေ။ မချမ်းသာ၍လည်း ဝမ်းမနည်း၊ မသိမ်ငယ်ကြပေ။ လောဘမကြီးတတ်သော လူမျိုးစုများ ဖြစ်ကြပေသည်။

အရှိုချင်းလူမျိုးတို့၏ရိုးရာသင်တိုင်း

အရှိုချင်းတို့သည် ရှေးအခါက လက်ရက်သင်တိုင်းထည်များကိုသာ ဝတ်ဆင်လေ့ရှိကြ သည်။ အရှိုချင်းတို့ ရိုးရာသင်တိုင်းဝတ်စုံတွင် အမျိုးသမီးအတွက်ဝတ်စုံနှင့် အမျိုးသားအတွက် ဝတ်စုံဟူ၍ ခွဲခြားထားပါသည်။ အမျိုးသားများသည် ခေါင်းပေါင်းရာတွင် ခေါင်းပေါ်လက်ဝဲ လက်ယာကျင်လည်သလို ပတ်၍ ပေါင်းလေ့ရှိကြသည်။ ယခုအခါတွင် အသင့်ပြုလုပ်ထားသော ခေါင်းပေါင်းများလည်း ဝတ်ဆင်လာကြပါသည်။

အမျိုးသားသင်တိုင်းနှင့်ပတ်သက်၍ အရိပ်ပန်းတစ်နှစ်အား ဝန်းရံစောင့်ထိန်းထားပုံဖြစ် သည်။ ရွှေထမင်းခွက်ငွေပြားပုံကို အနီရောင်၊ အစိမ်းရောင်၊ အဖြူရောင်၊ အဝါရောင်တို့ဖြင့် ပုံဖော်ထားသည်။ အဓိပ္ပာယ်မှာ အရှိုဘိုးဘွားဘီဘင်တို့ ကိုးကွယ်ဆည်းကပ်လာခဲ့သော ဘုရားက အမွေပေးခဲ့သော ရွှေငွေဉစ္စပစ္စည်းပုံရိပ်များ ဖြစ်သည်ဟု ဆိုလိုပါသည်။ ထို့ပြင် အရိပ်ကြီးသုံးပုံ ဖြစ်သော လက်ယာပုံရိပ်၊ အလယ်ပုံရိပ်၊ လက်ဝဲပုံရိပ်တို့၏ အဓိပ္ပာယ်မှာ လက်ရုံးရည်ကို ပုံဖော်ခြင်းဖြစ်သည်။ လက်ယာဘက် မတ်တပ်အနက်စင်းနှစ်ခုသည် သတို့သမီးသတ်မှန်ခြင်း ဖြစ်ပါသည်။  

ရှေးအခါက အရှိုအမျိုးသားသင်တိုင်းအမျိုးအစားနှင့်ပတ်သက်၍ အရှိုချင်းမြေရှင်၊ ကြေးရှင်တို့၏သင်တိုင်းမှာ နက်ပြာရောင်သင်တိုင်းဖြစ်၍ ပဆန်းဆရာ သုံးသင်တိုင်းမှာ နီညို ရောင်ဖြစ်သည်။ မျိုးနွယ်ရိုးရာထိန်းသော အရပ်ကျေးလက်ဒေသများတွင် အဆင့်ဆင့်ရှိ လူကြီး လူကောင်းများသုံးသည့် သင်းတိုင်းဖြူ၊ ခုနစ်ဆယ်ကျော် သက်ကြီးရွယ်အိုများအတွက်သော် လည်းကောင်း၊ လူပျိုအရွယ်မှအသက်ငါးဆယ်ကျော်အရွယ်တို့အတွက် သွေးနီရောင်သင်တိုင်း များ ဝတ်ဆင်လေ့ရှိကြပါသည်။

အမျိုးသမီးသင်တိုင်းနှင့်ပတ်သက်၍ ချိပ်အရိပ်ပန်းတံခါး၊ မောင်ရင်ဆိုင်းထမ်းကြယ်စဉ် အဓိပ္ပာယ်မှာ မိခင်မျိုးနွယ်ပုံ ဖော်ထားခြင်းဖြစ်ပါသည်။ မျိုးဆက်သစ်ကို ပုံဖော်ထားပါသည်။ အရိပ်ပန်းကွက်များကြားတွင် ချိပ်ကွေး၊ ချိပ်လုံး၊ ချိပ်ခဲ၊ ချိပ်ဆံ၊ ချိပ်တန်းများဖြင့် ပုံဖော် ထားသည်။ အောက်နားတောက်လျှောက် ကြက်ခြေခတ်ချိပ်၊ မျက်ဆံလုံးနှစ်တန်းသွယ်ထား ပါသည်။ ဝဲယာ တိုင်နီ၊ အနက်၊ အစိမ်း၊ အဝါ၊ အဖြူ စသည့်အရောင်များဖြင့် ပုံဖော်ထားပါ သည်။ တည်ကြည်ခြင်း၊ သစ္စာရှိခြင်း၊ ဖြူစင်ခြင်း စသည့်အမျိုးသမီးတို့၏ ဘွဲ့ကိုဖော်ကျူးထား ပါသည်။ 

အရှိုချင်းတို့သည် ရိုးရာထည်ရက်လုပ်ရာတွင် အခြေခံအားဖြင့် အနီရောင်နှင့်အနက် ရောင်ကို အဓိကထား၍ အသုံးပြုကြသည်။ အဝါ ၊ အစိမ်းတို့မှာအနားကွပ် သို့မဟုတ် အစက် အပြောက်များအဖြစ်သာ ထည့်သွင်းရက်လုပ်လေ့ရှိကြပါသည်။ သင်တိုင်း၏အရှည်မှာ (၃၃) လက်မခန့်ရှည်သည်။ သင်တိုင်း၏အောက်တွင် ရှပ်အင်္ကျီအဖြူရောက်လက်ရှည်ကိုဝတ်ဆင်ပြီး အနက်နှင့်အဖြူပါသည့် ခေါင်းပေါင်းကို ပေါင်းလေ့ရှိကြပါသည်။ အနီရောင်သည် ရဲရင့်မှု၊ အနက်ရောင်သည် တည်ကြည်ခံ့ညားမှုနှင့် မြင့်မြတ်မှုကို ဖော်ညွှန်းပြသခြင်းဖြစ်သည်။ 

ယနေ့ခေတ်တွင်မူ အရှိုချင်းအမျိုးသားများသည် အနီနှင့်အနက်စင်း အင်္ကျီခေါင်းစွပ် (သို့မဟုတ်) ရင်ကွဲနှစ်မျိုးစလုံးကို ဝတ်ဆင်လေ့ရှိကြပါသည်။ နောက်ကျောဆက်ပါပြီး ပခုံး ဆက်ပါသော လက်တိုအင်္ကျီဖြစ်သည်။ ပခုံးပေါ်တွင် အီလွန်ခေါ် ကြွေပြား၊ ကွန်ပြာခေါ် ကြွေလွယ်အိတ်၊ ခေါင်းပေါင်းပုဝါကို ပေါင်းလေ့ရှိကြပါသည်။ ခါးစည်းကိုလည်း အနီနှင့် အနက်စင်းများ ရက်လုပ်ကြပါသည်။ အရှိုအမျိုးသားတို့၏ ရိုးရာလုံချည်မှာ နှစ်နံစပ်ချုပ်စပ်ပြီး ဆင်မြန်းကြသည်။ ထိုကဲ့သို့သော ဝတ်စုံများကို ရှေးအခါက ပွဲလမ်းသဘင်သွားသောအခါတိုင်း ဝတ်စုံပြည့် ဝတ်ဆင်လေ့ရှိကြပါသည်။

အရှိုချင်းအမျိုးသားတို့သည် အမဲလိုက်ထွက်သောအခါတွင်လည်းကောင်း၊ အိမ်တွင် နေထိုင်သည့်အခါတွင်လည်းကောင်း ပုဆိုးနံငယ်ပိုင်းကိုသာ ဝတ်ဆင်လေ့ရှိကြသည်။ ခါးတောင်းမြောင်အောင် ကျိုက်ထားသည်နှယ်ဖြစ်သည်။ ယင်းကို အရှိုချင်းဘာသာစကားဖြင့် ဆိုလျှင် ခယောက် စီးသည်ဟု ခေါ်ဆိုလေ့ရှိပါသည်။

အရှိုချင်းအမျိုးသမီးတို့သည်ဦးခေါင်းတွင်အနီနှင့်အနက်စင်းပါသောတဘက်ဖြင့်ပေါင်းကြသည်။ပခုံးဆက်မပါဘဲချုပ် ထားသော လက်ရှည်၊ ဒူးခေါင်း အောက်ခြေသလုံးထိရှည်သော အင်္ကျီပွပွကို ဝတ်ဆင်ကြသည်။ အဝါရောင်အစင်းနှင့် ချိတ်သဏ္ဍာန်လေးများဖြင့်အလယ်တွင်ပတ်ပတ်လည်အလှဆင်ထားပါသည်။ ခါးစည်းမှာ အနီရောင်ခံပေါ်တွင် အနက်ရောင်စင်းများ ပါရှိပါသည်။ အရှိုအမျိုးသမီးတို့၏လုံချည်သည် အနက်ပေါ်တွင် အနီစက်လေးများ ၊ အနီစင်း လေးများပါရှိပါသည်။ 

ရှေးအခါက အရှိုအမျိုးသမီးတို့သည် ကန်တော့ပုံသဏ္ဍာန် ငွေနားတောင်းများ ဝတ်ဆင် လေ့ရှိပါသည်။ ထိုနားတောင်းများတွင် မှန်များတပ်ဆင်ထားကြသည်။  ထိုသို့ဝတ်ဆင်ကြခြင်းအပေါ်တွင် နားတောင်းတစ်ဖက်တည်းသာလျှင် တစ်ခုလပ် သို့မဟုတ် တစ်လင်ကွာဟု လည်းကောင်း၊ အမျိုးသမီးတစ်ဦးသည် မိမိ၏မိခင်၊ ခင်ပွန်းသေဆုံးသွားသောအခါ၌ မိမိ၏ ညာ ဘက်နားတောင်းမှန်ကိုဖြုတ်၍ လည်းကောင်း၊ အိမ်ထောင်ကျသော အမျိုးသမီးများသည် နားတောင်းမှန်နှစ်ဖက်စလုံး တပ် ၍လည်းကောင်း၊ နှစ်ဖက်စလုံးဖြုတ်၍လည်းကောင်းဝတ်ဆင်လေ့ ရှိကြသည်မှာလည်း အရှိုအမျိုးသမီးတို့၏ ရိုးရာ ဓလေ့ အယူအဆတစ်ခုပင် ဖြစ်ပါ သည်။ 


ကိုးကွယ်ယုံကြည်မှု

(ဆ) အရှိုချင်းလူမျိုးတို့၏ကိုးကွယ်ယုံကြည်မှု

အရှိုချင်းလူမျိုးများ ကိုးကွယ်သောနတ်ဘုရားကို နတ်ဟု မခံယူဘဲ ဖန်ဆင်းရှင် ‘အောက်အူ သယောင်’ ၊ ‘လှီအပါသယောင်နှိမ်’ (တစ်ဆူတည်းသောဘုရား)ဟူ၍ ယနေ့တိုင် လက်ခံယုံကြည် ကိုးကွယ်ကြသည်။...

(ဆ) အရှိုချင်းလူမျိုးတို့၏ကိုးကွယ်ယုံကြည်မှု

အရှိုချင်းလူမျိုးများ ကိုးကွယ်သောနတ်ဘုရားကို နတ်ဟု မခံယူဘဲ ဖန်ဆင်းရှင် ‘အောက်အူ သယောင်’ ၊ ‘လှီအပါသယောင်နှိမ်’ (တစ်ဆူတည်းသောဘုရား)ဟူ၍ ယနေ့တိုင် လက်ခံယုံကြည် ကိုးကွယ်ကြသည်။ အရှိုချင်းတို့၏ ရိုးရာအယူအဆတစ်မျိုးမှာ ကွယ်လွန်စုတေပြီးသောဘိုးဘွားများ ၊ မိသားစုဝင်များ၏ ဝိညာဉ်(လိပ်ပြာ)အား ပူဇော်ပသခြင်းဖြစ်သည်။ ထိုသို့ပူဇော်ခြင်းများကို ပဆန်းဆရာများက ဦးဆောင်ကျင်းပလေ့ရှိပါသည်။ အိမ်သူအိမ်သား များ ကျန်းမာရေးအညံ့ကြုံခိုက်၊ အနှောင့်အယှက်ကြုံခိုက်တွင်လည်း ပဆန်းဆရာများက ပူဇော်ပွဲများ ဦးဆောင်ပြုလုပ်တတ်ကြပါသည်။  ရိုးရာပဆန်းဆရာကြီးဦးဆွန်၏အဆိုအရအရှိုတို့ကိုးကွယ်နေသောအခြားနတ်များကိုမူအိမ်နီးချင်းဗမာလူမျိုးများထံမှ ပုံတူကူးကိုးကွယ် ကြကြောင်းသိရပါသည်။

အရှိုချင်းတို့အကြားတွင် ရွာဘုံနတ်၊ ဘိုးဘွားတို့၏ လိပ်ပြာနတ်၊ တောတောင်သစ်ကြီးရှိ ရုက္ခစိုးနတ်တို့အား ပူဇော်ခြင်းများရှိသော်လည်း ယင်းနတ်တို့အား ကိုယ်စားပြုသော နတ်ရုပ် တုဟူ၍ မတွေ့ရပေ။ အချို့သော ကျေးလက်ဒေသရပ်ရွာများတွင် ရွာဘုံနတ်ကို ပူဇော်ပသရန် ရွာထိပ်တွင်လည်းကောင်း၊ ရွာလယ်တွင်လည်းကောင်း၊ မြေသန့်သောနေရာတွင် ကျောက်တုံး များကိုဆင့်ပြီး ပူဇော်ကြပါသည်။ သစ်ပင်ကြီးများအောက်တွင် နတ်စင်အဖြစ်သက်ငယ်၊ ဝါးတိုင်သစ်သားတိုင်များဖြင့် ယာယီဆောက်လုပ်၍ ပူဇော်လေ့ရှိကြပါသည်။ ယင်းသို့ပူဇော်ရာ ၌ နတ်စင်အနီးတွင် မလေးမစားမပြုလုပ်ရ နတ်မကြိုက်ဟု အယူရှိကြပါသည်။ ယင်းကဲ့သို့ ပူဇော်ပွဲများသည် ရာသီအလိုက်ပြုလုပ်သော ပွဲမျိုးဖြစ်သည်။ 

အရှိုလူမျိုးများတွင် လူတိုင်းမဖြစ်မနေ ပြုလုပ်ရသော ရိုးရာယဇ်ပူဇော်ပသခြင်းများ ရှိပါသည်။ ယင်းတို့မှာ - 

မွေးလျှင် ကင်ပွန်းတပ်ပွဲ

မင်္ဂလာဆောင်ပွဲ

ခုံးနတ်သွင်းပွဲ(ခွန်ဆက်)နှင့်

ခုံးနတ်တင်ပွဲတို့ဖြစ်ပါသည်။

အုပ်ချုပ်မှုအစဉ်အလာ

(ဇ) အရှိုချင်းလူမျိုးတို့၏အုပ်ချုပ်မှုအစဉ်အလာ

အရှိုချင်းတို့သည် လွန်ခဲ့သောနှစ်ပေါင်း၂ ရာစုခန့်တွင်ရွာပိုင်၊တောင်ပိုင်သူကြီး၊ နယ်ပိုင်သူကြီး၊ ချောင်းပိုင်သူကြီးစသည့်ကြီးလေးကြီးဖြင့်ပဒေသရာဇ်စနစ်ကိုကျင့်သုံးအုပ်ချုပ်ခဲ့...

(ဇ) အရှိုချင်းလူမျိုးတို့၏အုပ်ချုပ်မှုအစဉ်အလာ

အရှိုချင်းတို့သည် လွန်ခဲ့သောနှစ်ပေါင်း၂ ရာစုခန့်တွင်ရွာပိုင်၊တောင်ပိုင်သူကြီး၊ နယ်ပိုင်သူကြီး၊ ချောင်းပိုင်သူကြီးစသည့်ကြီးလေးကြီးဖြင့်ပဒေသရာဇ်စနစ်ကိုကျင့်သုံးအုပ်ချုပ်ခဲ့ကြသည်။ တောင်ယာများတွင် စိုက်ပျိုးထားသောစပါး၊ပြောင်း၊ ဝါ၊ နှမ်း စသည့် အသီးအနှံတို့အတွက် အခွန်ထမ်းဆောင်ရသည့် ပဒေသရာဇ်တို့၏ တန်ခိုးပြိုင်ဆိုင်မှုကြောင့် အရှိုမျိုးလေးစုကွဲပြီး ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွေ့ပြီး မြေပြန့်အရှိုချင်း အမည်ခံယူပြီး အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြပါတော့ သည်။

ယနေ့အခါတွင် အစိုးရကခန့်အပ်ထားသော ရပ်ရွာအုပ်ချုပ်ရေးမှူးများက တာဝန်ယူ စီမံအုပ် ချုပ်ကြသည်။ သို့ရာတွင် ရပ်ရွာအတွင်း သက်ကြီးဝါကြီး လူပုဂ္ဂိုလ်များ၏ အဆုံးအမ များအတိုင်း အလေးထားလုပ်ဆောင်လေ့ ရှိကြပါသည်။ 

ရိုးရာယဉ်ကျေးမှု

(ဈ) အရှိုချင်းလူမျိုးတို့၏ယဉ်ကျေးမှု

အရှိုလူမျိုးတို့၏ ယဉ်ကျေးမှုတစ်ခုအဖြစ်သော ဝါးညှပ်အကကြောင်းကို တင်ပြပါမည်။  အရှိုချင်းတို့၏ ဝါးညှပ်အကကို ရှေးအခါက ဒုမင်္ဂလနာရေးကိစ္စ(ယော်ဇာ)များတွင် ကသောအက တစ်မျိုးဖြစ်ပါသည်။ အရှို...

(ဈ) အရှိုချင်းလူမျိုးတို့၏ယဉ်ကျေးမှု

အရှိုလူမျိုးတို့၏ ယဉ်ကျေးမှုတစ်ခုအဖြစ်သော ဝါးညှပ်အကကြောင်းကို တင်ပြပါမည်။  အရှိုချင်းတို့၏ ဝါးညှပ်အကကို ရှေးအခါက ဒုမင်္ဂလနာရေးကိစ္စ(ယော်ဇာ)များတွင် ကသောအက တစ်မျိုးဖြစ်ပါသည်။ အရှိုချင်းတို့သည် မိမိတို့၏ ဖန်ဆင်းရှင်ဟုသတ်မှတ်သောအောက်အူလှီဟုခေါ်သောမိခင်ကြီးမှပေါက်ဖွားလာသည်ဟုမှတ်ယူကြသည့်အတွက် သေဆုံး သောအခါတွင်လည်း ထိုသူ၏ဝိညာဉ်ကို အောက်အူလှီထံသို့ ပြန်သွားကြသည်ဟု ယူဆကြသည်။ အောက်အူလှီထံသို့ သွားရာလမ်းခရီးတွင် အနှောက်အယှက်အတားအဆီးများကို ဖြတ်ကျော်သွားရပုံကို ထောင်ချောက်သဖွယ် ဝါးညှပ်အကကို ကကြပါသည်။ဝါးညှပ်အကနှင့်ပတ်သက်၍နှုတ်ရာဇဝင်တစ်ခုကိုတင်ပြပါမည်။ သေဆုံးသူသည် အောက်အူလှီထံ သွားရာ လမ်းတွင် ဝါးညှပ်သဖွယ် အတားအဆီးများကို ဖြတ်ကျော်ရသည်။ ထိုအချိန်တွင် ဝိညာဉ်များက မဖြတ်ကျော်နိုင်သဖြင့် ပချီဟု ခေါ်သော ပိုးနှံကောင်က ကူညီကျော်ဖြတ်ပေးရာတွင် ပိုးနှံကောင်၏ ခြေထောက်သည် ဝါးညှပ်တွင်ညပ်သွားခဲ့ပါသည်။ ထိုအခါ ဖန်ဆင်းရှင်သည် ဝိညာဉ်အား မိမိ၏ဦးခေါင်းတွင်တင်၍ ကူညီပို့ဆောင်ပေးခဲ့ပါသည်။ ထိုအခါမှသာ ဝိညာဉ်သည် မိခင်အောက်အူလှီထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါသည်။ အရှိုတို့၏ ရိုးရာတွင် ဆင်သည်လည်းအရေးပါလှ ပါသည်။ ထို့ကြောင့် အဒေါ်ကို နှံကောင်သဖွယ်၊ ဦးကြီးဦးလေးများကို ဆင်ကြီးသဖွယ် အားကိုး အားထား ရိုသေလေးစားကြသည်။ ဝါးသည် ထောင်ချောက်သဖွယ်ဖြစ်၍ ထိုသို့ထောင်ချောက်ကို ကျော်ဖြတ်သဖွယ် ဝါးညှပ်များကို ကျော်လွှားခုန် ပေါက်ကြရင်းမှ ဝါးညှပ်အက ဖြစ်ပေါ်လာ ကြသည်ဟု အဆိုများရှိကြပေသည်။ ရှေးယခင်က နာရေးအိမ်များတွင် ဝါးညှပ် အကကို ခုနစ်ရက်ခုနစ်လီ ကလေ့ရှိပါသည်။ ယင်းကဲ့သို့သော ဝါးညှပ်အကကို အရှိုတို့စကားဖြင့်“ ခွပ် က္လောမ်ညှပ်လောမ်” ဟုခေါ်ဝေါ်လေ့ရှိကြပါသည်။ ဝါးညှပ်အကနှင့်ပတ်သက်၍ အဆိုတစ်ခုရှိပါသေးသည်။ မောင်နှမ(၈)ဦးမှ အကို(၇)ဦးသည် ညီမငယ်လေးကို ရန်သူများလက်အတွင်းမှ ကယ်ယူပြီးသော်လည်း စစ်ရေးကို ဆက်လက် လေ့ကျင့်သည့်အနေဖြင့် ခြေ ထောက်ကို ညှပ်၍ လေ့ကျင့်ရသည့် ဝါးညှပ်အကအပြင် မတ်တပ်ရပ်၍ ဝါးညှပ်နှင့်ခေါင်းကိုညှပ်ကာ ဦးခေါင်းဖြင့် လေ့ကျင့် ၍ ကပြရသော ဝါးညှပ်အကလည်းရှိပါသေး၏ဟု သိရှိရပါသည်။

ဆောင်ရန်

(ည) ဆောင်ရန်

အရှိုချင်းလူမျိုးတို့၏လိုက်နာဆောင်ရွက်ရမည့်အခြင်းအရာများ

အရှိုချင်းတို့၏ မဖြစ်မနေပြုလုပ်လေ့ရှိသော ရိုးရာပွဲတော်များလည်းရှိပါသည်။ ယ...

(ည) ဆောင်ရန်

အရှိုချင်းလူမျိုးတို့၏လိုက်နာဆောင်ရွက်ရမည့်အခြင်းအရာများ

အရှိုချင်းတို့၏ မဖြစ်မနေပြုလုပ်လေ့ရှိသော ရိုးရာပွဲတော်များလည်းရှိပါသည်။ ယင်းတို့ အနက် ထင်ရှားသောပွဲတော်များမှာ-

ပုန်းမကြည်တင်ခြင်း(ပုတ်ကလာငိုင်)- စပါးရိတ်သိမ်းပြီးသောအခါ ကောက် လှိုင်းများ အိမ်သို့အသယ်မီတွင်ဖြစ်စေ၊ သယ်ပြီးလျှင်ဖြစ်စေ ကြက်သား၊ ခေါင်ရည်၊ ကြက်ဉပြုတ်များဖြင့် ပုန်းမကြည်ရှင်မအား ပူဇော်ခြင်း။

ကောက်သစ်စားပွဲ- အရှိုချင်းတို့အခေါ် ‘ စောင်ထာအေပွေ ’ ဟုလည်း ခေါ် ကြ သည်။ လယ်ကွင်းထဲတွင် နတ်စင်ဆောက်၍ မိမိတို့၏လယ်ယာမှ ပေါ်ဦးပေါ် ဖျားသီးနှံတို့ဖြင့် တင်လှူပူဇော်ခြင်း။ ဟင်းသီးဟင်းရွက်များ၊ ဖွတ်၊ ပဒတ် များကို ယောက်ျား/မိန်းမ မခွဲခြားဘဲ ဝိုင်းဝန်းချက်ပြုတ်ကြသည်။ ခေါင်ရည် များသောက်၍ ကကြ၊ ခုန်ကြဖြင့် လူငယ်၊ မောင်မယ်များသည် တစ်နှစ်တာ ပင်ပန်းသမျှကို အပန်းပြေပျော်ရွှင်ကြသောပွဲဖြစ်သည်။ ကောက်သစ်စားပွဲ သည် မိမိတို့ရပ်ရွာနှင့်သာ ဆိုင်သောပွဲဖြစ်၍ ရွာသို့ ဧည့်သည်လာပါက ၎င်းတို့နှင့်သက်ဆိုင်သောနေရာတွင်သာထိုင်၍ သုံးဆောင်ကြရသည်။

စပါးလိပ်ပြာသိမ်းပွဲ(စေွာင်ခလိုဆင်)- အရှိုချင်းတို့အခေါ် ‘ စောင်ဆန်း’ပွဲကို တပို့တွဲ၊ တပေါင်းလများတွင် စပါးရိတ် သိမ်းရာ၌ အလေအလွင့်မရှိစေရန် ပူဇော်သောပွဲဖြစ်သည်။ ထိုပွဲတွင် ကြက်သား၊ ဂျီသား၊ တောဝက်သား၊ ငါး၊ ပုဇွန်တို့ကို မိမိတို့ယာခင်းထွက် ဘူး၊ ဖရုံ၊ သခွားစသော အသီးအရွက်များဖြင့် အရှိုချင်းတို့ ရိုးရာဟင်းချက်နည်းအတိုင်း ချက်ပြုတ်ပူဇော်ကြသောပွဲဖြစ်သည်။ 

စပါးတင်းတစ်ရာပွဲ - အရှိုလယ်သမားများသည် မိမိလယ်ယာမြေမှ စပါးတင်းတစ်ရာပြည့်ထွက်သောအခါများတွင် နွား၊ ကြက်၊ ဝက်များချက်ပြုတ်၍ ခေါင်ရည်များသောက်ကာ ပြုလုပ်ကျင်းပသောပွဲဖြစ်သည်။ တင်းတစ်ရာ ပြည့်ထွက်သော လယ်ရှင်အား ချီးကျူးဂုဏ်ပြုသောပွဲဖြစ်သည်။ 

မိုးကောင်းနတ်ပူဇော်ပွဲ - ရှေးအခါက အရှိုချင်းတို့သည် ရေကြည်ရာ၊ မြက်နုရာ ပြောင်းရွှေနေထိုင်ခဲ့ကြသည်။ ထိုအခါ မိမိတို့ပြောင်းရွေ့နေထိုင် မည့်အရပ်ဒေသတွင် မိုးလေဝသမှန်ကန်စေရန်၊ ရောဂါဘယများကင်းဝေး စေရန်၊ ဆန်ရေစပါးပေါများစေရန် ရည်ရွယ်၍ မိုးကောင်းအရှင်သခင်အား ပူဇော်သောပွဲဖြစ်သည်။ 

အရှိုချင်းတို့အတွက် မဖြစ်မနေလုပ်ဆောင်ရသော ပွဲတော်တစ်ခုမှာ အိမ်သစ်တက်ပွဲဖြစ်ပါသည်။ အိမ်သစ်တက်ပွဲတွင် နှစ်ဖက်မိဘဆွေမျိုးသားချင်းများ ဖိတ်ကြား၍ ခေါင်ရည်ဖြင့် ဧည့်ခံလေ့ရှိပါသည်။ အရှိုချင်းတို့အယူအရ မိန်းကလေး ဘက်မှ ဆွေမျိုးသားချင်းများကို မြင့်သူဟု သတ်မှတ်၍ ခေါင်အိုးတွင်စိုက်ထား သော ပလူတံ၏ အရှည်ဘက်မှ သောက်ရပါ သည်။ယောက်ျားလေးဘက်မှဆွေမျိုးသားချင်းများကိုနိမ့်သူဟု သတ်မှတ်၍ ပလူတံ၏အနိမ့်ဘက်မှ သောက်ကြရပါသည်။ အိမ်သစ်တက်ပွဲတွင် ရွာသူရွာသားများနှင့် အိမ်သူ အိမ်သားများအကုန် ပါဝင်ဆင်နွှဲလေ့ရှိပါသည်။

ရှောင်ရန်

(ဋ) ရှောင်ရန်

အရှိုလူမျိုးတို့၏ရှောင်ရှားဖွယ်အခြင်းအရာများ

ပလက်ဝုတ်ပွဲ

ပလက်ဝုတ်ပွဲကို မိန်းမခိုးပြေးပီး ပြန်ပို့ချိန်တွင် ပြုလုပ်ရသည်။ ကျင်းပရခြင်းမှာ သမီး အားခိုးပြေးသည့်အတွက် သတို့သမီးမိဘမ...

(ဋ) ရှောင်ရန်

အရှိုလူမျိုးတို့၏ရှောင်ရှားဖွယ်အခြင်းအရာများ

ပလက်ဝုတ်ပွဲ

ပလက်ဝုတ်ပွဲကို မိန်းမခိုးပြေးပီး ပြန်ပို့ချိန်တွင် ပြုလုပ်ရသည်။ ကျင်းပရခြင်းမှာ သမီး အားခိုးပြေးသည့်အတွက် သတို့သမီးမိဘများ ကျေနပ်စေရန် သတို့သားဘက်မှ ပြန်လည် တောင်းပန်ရသည့် ပွဲဖြစ်သည်။ ပွဲကျင်းပရန် လိုအပ်သောပစ္စည်းများမှာ ဝက်ကြီးတစ်ကောင်၊ ခေါင်ငင်ထားသော ဗူးတကောင်း(၄၀)ဗူး၊ လှံ(၅)ချောင်း၊ ငှက်ကြီးတောင်ဓါး(၁)လက်၊ ကွန်ပရာ၊ ပဆန်းဆရာ(၂)ယောက်၊ ကြက် စသည်တို့ဖြစ်သည်။

အရှိုလူမျိုးတို့သည် အခြားလူမျိုးများထက် ရှောင်ဖွယ်၊ ဆောင်ဖွယ် အယူများစွာရှိကြ ပါသည်။ “ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့” ဆိုရိုးအတိုင်းပင် အရှိုလူမျိုးတို့သည် နှောင်းလူတို့ ပြုလုပ်ခဲ့ကြသော ရိုးရာဓလေ့လုပ်ဆောင်ဖွယ်ရာများကို ယနေ့တိုင် လက်ဆင့်ကမ်းလုပ်ဆောင်လာခဲ့ကြသည်ကို လေ့လာတွေ့ရှိရပါသည်။ ယင်းတို့အနက် ဗဟုသုတ တစ်ခုအနေဖြင့် အရှိုချင်းတို့၏ အသုဘအစီအရင်တစ်ခုအကြောင်း ဖော်ထုတ်တင်ပြပါမည်။ 

အစိမ်းသေခြင်း

အစိမ်းသေခြင်းဆိုသည်မှာ သာမန်ဖျားနာ၍သော်လည်းကောင်း၊ အသက်အရွယ်အိုမင်း ၍သော်လည်းကောင်း သေဆုံးခြင်းမျိုးမဟုတ်ဘဲ လူသတ်၍၊ ကျား စသော တိရစ္ဆာန် တစ်ကောင်ကောင ကိုက်၍သော်လည်းကောင်း ၊ ယာဉ်တစ်ခုခုဖြင့် တိုက်မိ၍သော်လည်း ကောင်း၊ အမျိုးသမီးများ သားဖွားချိန်တွင်သော်လည်းကောင်း မထင်မှတ်ဘဲ သေဆုံးခြင်းမျိုး ဖြစ်ပါသည်။ ယင်းကဲ့သို့ အစိမ်းသေသေခဲ့လျှင် သင်္ဂြိုဟ်သောပုံစံမှာ အနည်းငယ် ထူးခြားလှပါသည်။ သာမန်သေဆုံးသူများကဲ့သို့ အိမ်ပေါ်တွင်မထားဘဲ ချက်ချင်းပင် သင်္ဂြိုဟ်ရပါသည်။ သာမန်သေဆုံးသောသူများကဲ့သို့ အကျွေးအမွေးများ မလုပ် ဆောင်ပေ။ လူတိုင်းကို ကိုင်တွယ် ခွင့်မပြုဘဲ ရပ်ရွာအတွင်းရှိ အကြီးအကဲများကသာလျှင် ကိုင်တွယ်စီရင်လေ့ ရှိပါသည်။ လိပ်ပြာခေါ်ပွဲပြုလုပ်ရာတွင်သာမန်သေဆုံးသူများနည်းတူ သုံးနှစ်ကြာမှသာလျှင် လိပ်ပြာခေါ်ပွဲ ပြုလုပ်ကြသည်။ လိပ်ပြာ ခေါ်ပွဲကို အရှိုဘာသာဖြင့် “ ခွန်ခွိုင်” ဟုခေါ်ပါသည်။ 

အရှိုချင်းတို့ထုံးစံအရ အရိုးတောင်သို့ပို့ပြီး သုံးနှစ်ကြာလျှင် သားသမီးများက အရိုးအိုးကို အိမ်သို့ ပြန်လည်ယူဆောင်လာကြပြီးလျှင် ခုနစ်ရက်ခုနစ်လီပွဲလုပ်၍ သေသူ၏ ဝိညာဉ်လိပ်ပြာ ကိုခေါ်၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးကြပါသည်။ ယင်းတွင် သားဖြစ်သူက နွားတစ် ကောင်၊ သမီး၊ မြေး ၊မြစ်များက ဝက်တစ်ကောင်ကျစီ ထည့်ဝင်ကြ၍ အကျွေး အမွေး ပြုလုပ် လေ့ရှိကြပါသည်။ သား၊ သမီး၊ မြေး၊ မြစ်များလျှင် များသကဲ့သို့ အကျွေးအမွေးများ ပေါများ ကြသည်။ 

 


စစ်ကိုင်းတိုင်းဒေသကြီးရှိ လိုင်းနောင်နာဂမျိုးနွယ်စုတို့၏ဆင်းသက်လာပုံသမိုင်းအကျဉ်း

         လိုင်းနောင်နာဂမျိုးနွယ်စုတို့သည်လည်း ရေကြည်ရာမြတ်နုရာရှာဖွေရင်း လက်ရှိနေရပ် ဖြစ်သည့် လဟယ်မြို့နယ်နှင့် ခန္တီးမြို့နယ်သို့ ပျံ့နှံ့နေထိုင်ကြခြင်းဖြစ်ပါသည်။

လိုင်းနောင်နာဂမျိုးနွယ်စု၏ ဆင်းသက်လာပုံကို ဖော်ပြရလျှင် နာဂမျိုးနွယ်စုများ၏ ဆင်းသက်လာပုံကိုလည်း ထည့် သွင်းစဉ်းစားရမည်။ Cluadius Ptolemy(အေဒီ-၁၅၀) ရေးသားဖော်ပြ ချက်အရနာဂလူမျိုးတို့သည် ခရစ်သက္ကရာဇ်မတိုင်မီကပင်လက်ရှိနာဂလူမျိုးများနေထိုင်ရာ အရပ် သို့ ရောက်ရှိနေခဲ့ပြီဟု သမိုင်းလေ့လာသူများကမှတ်ယူကြပါသည်။သမိုင်းလေ့လာသူများနှင့် နှုတ် သမိုင်းများအရနာဂလူမျိုးများသည်မွန်ဂိုရီးယားနှင့် တရုတ်ပြည်မြစ်ဝါမြစ်ကို ဖြတ်၍ ယူနန် ပြည် နယ်ဘက်သို့ရွေ့လျားလာခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းကာ မုတ္တမကွေ့အထိရောက်ရှိခဲ့ပြီး အချို့လည်းအင်ဒိုနီး၊ဗီယက်နန်အထိပျံနှံ့နေထိုင်ကြပြီး အများစုမှာ မြောက်ဘက်မြစ်ကြောင်းအတိုင်း ပြန်လည်ဆန်တက်ကာ ဧရာဝတီ နှင့် ချင်းတွင်းမြစ်စုံ၌ နှစ် အတန်ကြာနေထိုင်ခဲ့ကြသည်။ ထို့နောက်အချို့မှာ တောင်သွတ်နယ်မှ မဏိပူရဘက်သို့ ပြန်လည် ရောက်ရှိသွားပြီး၊ အချို့မှာချင်းတွင်းမြစ်အတိုင်းဆန်တက်ကာ လမ်းကြောင်း(၂)ကြောင်းကွဲသွားပြန်သည်။

ဒုတိယအသုတ်အဖြစ်ခွဲထွက်သည့် အဖွဲ့မှာထမံသီဒေသမှ လက်ရှိ လေရှီးမြို့နယ်ကို ဖြတ်ကာ အနောက်မြောက်ဘက်သို့ရောက်ရှိသွားကြသည်။ ကျန်သည့်တစ်ဖွဲ့မှာ ဇင်းကလင်းခန္တီး လွင် ပြင်သို့ ရောက်ရှိပြီးနှစ်အတန်ကြာနေထိုင်ခဲ့သည်။ ထိုမှတဆင့်အဖွဲ့(၂)ဖွဲ့ကွဲပြန်ပြီး တစ်ဖွဲ့မှာ ထမံ သီနယ်ဘက် ပြန်စုန်ဆင်းပြီး စာရာမေရိတောင်ကို ညာဘက်ချန်လပ်ကာ လက်ရှိအန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်းရှိ နာဂပြည်နယ်၊ တွန်စန်းဒေသနှင့် နောက်လပ်ဒေသသို့ ရောက်ရှိသွားကြ သည်။ ဇင်းကလင်း ခန္တီးလွင်ပြင်မှ ခွဲထွက်သည့် ကျန်တစ်ဖွဲ့မှာ ချင်းတွင်းအတိုင်းပြန်ဆန် တက်ပြီး ဟူးကောင်းချိုင့်ဝှမ်းကို ကျော်ကာ လက်ရှိအိန္ဒိယ၏ ပြည်နယ်တစ်ခုဖြစ်သည့် အာရူနာ ချာလ်ပရာ ဒေ့ရှ်ဒေသသို့ ရောက်ရှိသွား ပြန်သည်။

ဘိုးဘေးများ၏ ပြောဆိုချက်နှင့် သမိုင်းလေ့လာသူများ၏ အဆိုအရ ဇင်းကလင်းခန္တီး လွင်ပြင်မှ ပြန်လည်ခွဲထွက်ကြသည့် နာဂများမှာ လိုင်းနောင်မျိုးနွယ်စု၊ ခင်မ်ညူငန်မျိုးနွယ်စုနှင့် တန်ညူဝမ်း ရှန်းညူဝမ်း (လက်ရှိ-တန်ရှန်နာဂ) တို့ဖြစ်ကြသည်။ တန်ညူဝမ်းနှင့် ရှန်းညူဝမ်းတို့ ဦးဆောင်သည့် အုပ်စုကို လိုင်းနောင်တို့က “ဟိုင်းမြေ” ဟုခေါ်သည်။ “ဟိုင်းမြေ” အဓိပ္ပါယ်မှာ တောင်ဘက်နေသူများ ဟုဖြစ်သည်။ ထမံသီဒေသသို့ပြန်ဆင်းသည့် အဖွဲ့မှာလိုင်းနောင်မျိုးနွယ်စု များနှင့် ခင်မ်ညူငန်း မျိုးနွယ်စုများ (ထိုကာလ၌ လိုင်းနောင်-ခင်မ်ညူငန်း ဟူ၍ အမည် မခေါ် သေးဘဲ တစ်စုတည်းရှိ ခဲ့ကြောင်း Sainyiu, A. (2023) တွင် သုံးသပ်ထားသည်။) ဖြစ်ပြီးချင်းတွင်း အထက်ဘက် ဆန်တက်သည့် အဖွဲ့မှာ တန်ရှန်းအဖွဲ့ဖြစ်သည်။

လိုင်းနောင်မျိုးနွယ်စုသည် ကန်စုမျိုးနွယ်စုမှ ဆင်းသက်သည်ဟုအချို့ကလည်း ယုံကြည်ကြသည်။ချင်မင်းဆက်ဘီစီ ၂၂၁ဝန်းကျင်တွင်တရုတ်တံတိုင်းကြီးတည်ဆောက်ရာတွင် အားနည်းသည့် မျိုးနွယ်စုများကို အလုပ်မတရား ခိုင်စေသဖြင့် ထွက်ပြေးတိမ်းရှောင်ကြရာမှ ယနေ့ နေရာသို့ ရောက်ရှိခဲ့သည် ဟုဆိုကြသည်။ အချို့ကလည်း လိုင်းနောင်မျိုးနွယ်စုတို့သည် ဂျိမ်းဖော မျိုး နွယ်စုများနှင့် အတူဆင်းသက်ခဲ့ပြီး ၎င်းတို့သည် ညီအစ်ကိုအရင်းဖြစ်ကြောင်း ပြောဆိုကြသည်။ မည်သို့ပင် ဆိုစေ၊ ဘာသာဗေဒနှင့် ယဉ်ကျေးမှုဗေဒအရ ကချင်၊ လိုင်းနောင် နှင့် အချို့ တရုတ် မျိုးနွယ်များ ဖြစ်သည့် တိဘက်တန်၊ မြောင်မျိုးနွယ်တို့သည် ဆင်တူနေသည် ကိုတွေ့ရပေမည်။ တရုတ်ပြည်နှင့် မွန်ဂိုနယ်စပ်ဟောလွင်ပြင်မှ မြစ်ဝါမြစ်ကိုဖြတ်ကာ ယူနန် ဒေသမှ လက်ရှိ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းသို့ ရောက်ရှိလာသည်မှာ မမှားနိုင်ပေ။ အလားတူဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံ ဒေသတွင် အခြေချခဲ့ဖူးသည်မှာလည်း ဖြစ်နိုင်ခြေရှိ ပြီး၊ ဧရာဝတီမြစ်ကို လိုင်းနောင်ဘာသာစကားဖြင့် “cëˈliknyiù” (ကျလစ်ညူ) ဟူ၍လည်း ကောင်း၊ ချင်းတွင်းမြစ်ကို “cëhòngnyiù” (ကျဟောင်ညူ) ဟူ၍လည်းကောင်း ခေါ်ဆိုသည့် သက်သေရှိနေသည်။

ခရစ်နှစ် မတိုင်မီ ထန် (Noklak) ဒေသသို့ ရောက်ရှိခဲ့သည်။ ထန်ဒေသတွင် နှစ်အတန်ကြာ နေထိုင်ခဲ့သည်။ ထိုကာလ၌  စဒိန်းမွန်းဆိုညူ၏ရန်ကို ကြောက်ကြရသဖြင့် ထိုနေရာကို စွန့်ခွာခဲ့ကြရသည်။ စဒိန်ဒမွန်ဒဆိုညူ ဆိုသည်မှာ အောင်နာဂ (Ao Naga) နှင့် ယမ်းချွန်ငါနာဂ (Yimchunga) မျိုးနွယ်စုများ၏ ရန်ဖြစ်နိုင်ကြောင်း သမိုင်းပညာရှင်အချို့က ကောက်ချက်ချပါ သည်။ လက်ရှိ အိန္ဒိယဘက်ရှိနောက်လပ် (Noklak) ကို ထျန်(thiàng) ဟုခေါ်ပါသည်။ ထျန် (thiàng) ဟုခေါ်ရသည့် အကြောင်းမှာ စဒိန်းမွန်းဆိုညူ၏ရန်ကိုကြောက်ပြီး၊ ထွက်ပြေးကြရာ မလိုက်နိုင်သည့် သက်ကြီးရွယ်အိုများနှင့် မသယ်နိုင်သည့် တန်ဘိုးကြီးပစ္စည်းများကို ချန်ရစ်ခဲ့ရ သောကြောင့် နမြောတတဖြင့် ထျန်(thiàng) ဟုခေါ်ခြင်းဖြစ်သည်။ လိုင်းနောင်မျိုးနွယ်စုများ သည် နောက်လပ်ဒေသမှ လက်ရှိမြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်ပျံ့နှံ့သွားကြသည်။ အများစု မှာ လက်ရှိမြန်မာနယ် နိမိတ်ဖြစ်သည့် လဟယ်မြို့နယ်နှင့် ခန္တီးမြို့နယ်သို့ ပြန်လည် ရောက်ရှိပြီး ပျံ့နှံ့နေထိုင်ကြသည်။ ၂၀ ရာစုအလယ်ပိုင်းတွင် ရွာချင်းစစ်ပွဲများကြောင့် လက်ရှိ နန်းယွန်းမြို့နယ် ရှိ ကျေးရွားများသို့ ပြောင်းရွှေ့ နေထိုင်ကြပြီး အချို့လည်း မိမိတို့ အမျိုးများရှိရာ ခန္တီးမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်သွားကြသည်။

လိုင်းနောင်ဟူသည့် ဝေါဟာရ၏ အဓိပ္ပါယ်ကို အမျိုးမျိုးရေးသားကြသည်။ တင်ကိုနှင့် မောင်ငွေသန်း (၂၀၀၅) တွင် “ဇန်နောင်”(ဝါ)အလုပ်ကြိုးစားသူ၊ နာဂလူမျိုးများသည် တောင်ယာ လုပ်ငန်း လုပ်ကိုင်သဖြင့် လုပ်ငန်းခွင်တွင် ခါးမမတ်နေဘဲခါးကိုင်းနေသူ(ဝါ) ဦးမမော့ဘဲ အလုပ် လုပ်သူ ဟုဖော်ပြခဲ့သည်။ လိုင်းနောင်မျိုးနွယ်တွင်ညီကိုနှစ်ယောက်ရှိခဲ့ပြီး၊ ၎င်းတို့၏ အမည်မှာ ဇော်ဒျန် (zëūdiāng)နှင့် လိုင်းနောင်(lainòng) ဖြစ်သည်။ ယင်းအနက်ဖွင့်ဆိုချက်မှာ မှန်ကန် ကြောင်း Sainyiu, A. (2012) မှာလည်း ဖော်ပြခဲ့သည်ကို တွေ့ရသည်။ ၎င်းတို့၏ ပင်ကိုယ်စရိုက် ပေါ် အခြေခံကာ ၎င်းတို့ မိသားစုကပေးခဲ့သည့် အမည်ဟုလည်းနှုတ်သမိုင်း ရာဇဝန်တွင်ရှိခဲ့ သည်။ လိုင်းနောင်လူမျိုးတို့သည် မိမိကိုယ်ကို မိတ်ဆက်ပြောဆိုလျှင် ဇော်ဒျန်-လိုင်းနောင်” (zëūdiānglainòng) ဟူ၍ မိတ်ဆက်ကြသည်။ အချို့ကလည်း “လိန်း” လျား၊ “နောင်” ဖြောင့် သည်၊ ပေါင်းလျှင် “လျှာဖြောင့်သော (ဝါ) ဆက်ဆံရေး ပြေပြစ်သော” ဟု မှတ်သား ကြသည်။ 

လိုင်းနောင်လူမျိုးစုများကို ထန်ငန်း (Htangan) လူမျိုးစုဟူ၍လည်း အချို့စာရေးသူများ ကဖော်ပြလေ့ရှိသည်။ ယင်းစကား လုံးသည် ထင်(Thìng) (ဝါ) ထန် (Htang) “နန့်စလိန်ချောင်း” ကိုခေါ်သည်။ထန်ငန်း (Htangan)သည်နန့်စလိန်အထက်တွင် နေထိုင်ကြသော လူမျိုးစုများဟု ဆိုလိုသည်။ထန်ငန်း(Htangan)သည်ခင်မ်ညူငန်း(နောက်အော်)လေသံဖြင့်ခေါ်ကြပြီး၊  ထျင်ညန်း (Thìngnyan) သည် လိုင်းနောင်အသံထွက်ဖြစ်သည်။ လိုင်းနောင် အများစုမှာ ထနောင်ဒေသ (လက်ရှိ-ဆော်လော်ရွာ)သို့ရောက်ရှိ၍နေထိုင်ခဲ့ကြသည်။ထိုကာလ၌အချို့လူမျိုးများကြားတွင်ထန်ငန်း(Htangan)ဟုသာပြောဆိုခဲ့သည့်ဝေါဟာ ရဖြစ်ပါသည်။လိုင်းနောင်လူမျိုးတို့ကို ထန်ငန်း (Htangan) ဟူ၍လည်းကောင်း၊ ဇော်ဒျန်လိုင်းနောင် (zëūdiānglainòng) ဟူ၍လည်းကောင်း၊ လိုင်းနောင်ဟူ၍လည်းကောင်း မှတ်တမ်းတင်လေ့ ရှိကြသည်။ မည်သို့ပင် ဆိုစေကာမူ “လိုင်းနောင်” လူမျိုးစုကို ဆိုလိုခြင်းသာဖြစ်သည်။ လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ တရားဝင် စာရင်းတွင် “လိုင်းနောင်နာဂ” ဟု သာ သုံးနှုန်းပါသည်။ 

နေထိုင်ရာဒေသများ

လိုင်းနောင်နာဂ မျိုးနွယ်စုများသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်တိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ နယ်တွင် အဓိကနေထိုင်ကြပြီး၊ အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း အနည်းငယ်ပျံ့နှံ့ နေထိုင်ကြပါသည်။

သွင်ပြင်လက္ခဏာ

လိုင်းနောင်နာဂမျိုးနွယ်စုများ၏သွင်ပြင်လက္ခဏာများ-

(က) အသားအရည်

လိုင်းနောင်နာဂမျိုးနွယ်စု၏အသားအရည်မှာအဝါရောင်ရှိသည်။ မျက်လုံးအမည်း ရောင်ရှိပြီးဆံပင်အရောင်မှာအနက်ရှိသည်။

(ခ) အရပ်အမောင်း

            လိုင်းနောင်နာဂမျိုးနွယ်စု၏အရပ်အမောင်းမှာ 5 ပေနှင့် 7ပေကြားတွင်ရှိသည်။

        (ဂ) ပင်ကိုယ်စရိုက်

          လိုင်းနောင်မျိုးနွယ်စု၏ ပင်ကိုယ်စရိုက်မှာ သဘောထားကြီးပြီး သစ္စာရှိခြင်း၊ ရိုးသားခြင်း၊ ဇွဲလုံးလရှိခြင်း၊ ငြိမ်ချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း တို့ကိုတန်ဖိုးထား မြတ်နိုးကြပါသည်။

ဘာသာစကားနှင့်စာပေ

(က) ဘာသာစကား

လိုင်းနောင်နာဂမျိုးနွယ်စု၏ဘာသာစကားသည် တိဘက်-မြန်မာ စကားအုပ်စုဝင် ဖြစ်ပြီး လဟယ်နှင့် ခန္တီးဒေသတွင် အများသုံးဘာသာစကားအဖြစ် ၂၀ ရာစု နှောင်းပိုင်းအထိ ရှိနေခဲ့သည်။ လဟယ်မြို့နယ်သို့ရောက်ရှိသော အစိုးရဌာနဆိုင်ရာ အစည်းအဝေးများ၊ တစ်ရွာနှင့် တစ်ရွာ၊ နာဂလူမျိုးနွယ်စုတစ်ခုနှင့်တစ်ခု သတင်းစကားများပေးကြသည့်အခါ မြန်မာဘာသာမှ လိုင်းနောင်စကားဖြင့်ပြန်ဆိုပြောပြခြင်း၊ ဘာသာစကားကွဲ မျိုးနွယ်များက လိုင်းနောင်စကားကို ကြားခံစကား(language of communication) အဖြစ်အသုံးပြုခြင်း စသည်တို့ကို ထောက်ရှုရ ပါလျှင် လိုင်းနောင်စကားသည် အများသုံးဘာသာစကား (language of wider communication _LWC) ဖြစ်ခဲ့သည်ကို ဖော်ပြနေခြင်းဖြစ်သည်။ ဘာသာဗေဒပညာရှင်များ၏ သုတေသနပြုချက်အရ လိုင်းနောင်၊ ခင်မ်ညူငန်၊ နာဟင် စသည့် စကားများသည် ၉၈ ရာခိုင်နှုန်း တူညီနေသည်ကို ဖော်ပြကြသည်။ လိုင်းနောင်လူမျိုးတို့သည် ၎င်းတို့၏ နေထိုင်ရာဒေသ၊ ရပ်ရွာအနေအထားပေါ်မူတည်၍ လေယူလေသိမ်း အနည်းငယ်ကွဲပြာကြသည်။ ဒေသုံးဘာသာ စကားအဖြစ် လိုင်းနောင်၊ ဗမာစကား၊ အင်္ဂလိပ်စကားနှင့် နာဂမစ်စကားများကိုလည်း ပြောဆိုပါ သည်။

( ခ) စာပေ

လိုင်းနောင်နာဂမျိုးနွယ်စုတွင် လိုင်းနောင်စာပေကို တရာဝင်ရုံးသုံး ဘာသာစာပေ အဖြစ် အသုံးပြုကြပါသည်။ စာပေအရေးအသားစနစ်ကို ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းတွင် အတည်ပြု  ရေးသားသုံးစွဲလာခဲ့သည်။ လိုင်းနောင်နာဂမျိုးနွယ်စုများနေထိုင်ရာဒေသရှိ မြန်မာနိုင်ငံအစိုးရ ကျောင်းများတွင်လည်း ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်မှစ၍ လိုင်းနောင်စာပေကို သင်ကြား ပို့ချလျှက်ရှိပါသည်။

ဝတ်စားဆင်ယင်မှု

လိုင်းနောင်နာဂမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှုမှာ ခေတ်အဆက်ဆက် အသုံးပြုခြင်း ပြောင်းလဲမှုရှိပါသည်။

(၁) အမျိုးသားဝတ်စားဆင်ယင်မှု

            (က) ခေတ်ဟောင်း

ရှေးအချိန် တွင်းဖက်ယားပင် (Him) ၏အခေါက်နှင့် လျှော်ပင် (ì) ၏ အခေါက်များကို ခွာယူပြီးချည်သားများရရှိအောင် အဆင့်ဆင့်ပြုလုပ်၍ ခြုံထည်၊ အဝတ် အထည်၊ လွယ်အိတ်များအဖြစ် အသုံးပြုခဲ့ကြပါသည်။ အမျိုးသားများသည် ဘောင်းဘီအဖြစ် လန်ကွတ်ကိုဝတ်ဆင်ပြီး အင်္ကျီအဖြစ် စောင်ဖြူယက်၍ ပစ်ရစ်ဝတ်ဆင်ကြပါသည်။ ခေတ်အဆက်ဆက်  ဝတ်စားဆင်ယင်မှု ပြောင်းလဲလာခဲ့သည်နှင့်အမျှ ယခုအခါတီရှပ် အနက်ရောင်လက်မောင်းတွင် ဆင်ဆွယ် (၃) လက်မ၊ နာဂရင် ထိုးတံဆိပ် (အလျား၂လက်မ၊ အနံ၃လက်မ)၊ စလွယ်တိုင်းကြိုး ရှေ့နောက်ပတ်လည် (အကျယ် (၃)လက်မ) ဒူးအထက် ဘောင်ဘီတိုအနက်ရောင်၊ ခြေတလုံး အလှဆင် အရစ် (၂လက်မ)၊ အဖြူရောင်၊ ဘေးအိတ် ထောင်အိတ်ကပ်အနား အဖြူရောင်အရစ်၊ ဘောင်ဘီ၏အရှေ့အလယ်တွင် ရှေးခေတ်လန် ကွတ်တီ (အကျယ် 4 လက်မ) အလယ်တည့်တည့် အနီရစ်ဘေးတစ်ဖက်တစ်ချပ်စီတွင် အစီးရောင် (5) မူးစီရှိသောဘောင်းဘီတိုတို့ကို တူညီဝတ်စုံးအဖြစ် ဝတ်ဆင်ကြပါသည်။

( ခ) ခေတ်သစ်

လိုင်းနောင်နာဂ မျိုးနွယ်စု၏ အမျိုးသားကုတ် အင်္ကျီးမှာ အရှေ့ဘက်တွင် ဘယ်ညာအုန်းလှံတစ်စုံ (အနံ 8/ လက်မ၊ အလျား1လက်မ) ဘယ်ဘက်ခြမ်းတွင် နာဂ ရင်ထိုး တံဆိပ် (အနံ3လက်မ၊ အလျား2လက်မ)၊ ညာဘက်ခြမ်း အထက်တွင် မှေးရိုးတက်တူးပုံစံ (အလျား 3 လက်မ၊ အနံ5မူး) ၊ခြုံထည်ပုံစံအနီကွက် ဘယ်ညာ (6) ကွက် (အလျား2လက်မ၊ အနံ1လက်မ)၊ ကြွေခါးပတ်အကျယ် (4လက်မအဖြူရောင်)၊ အင်္ကျီ၏ အနောက်ဘက်ခြမ်းတွင် ခြုံထည်ပုံး အနီကွက် ဘယ်ညာ (3) ကွက်စီ၊ ဓါးအိမ်ပုံံစံ (အလျား5လက်မ၊ အနံ6.5လက်မ) ဓါးထိပ် (4လက်မ)၊ ဓါးရိုးဘက်ခြင်းဓါး(1လက္မ)၊ ဓါးရိုးအကျယ်(1.5လက္မ)၊ အရှည်(4လက္မ)၊ ဓါးရိုးအမြိတ် အနီ ရောင်(2လက္မ) အင်္ကျီ၏လက်မောင်း နာဂဆုတောင်းတိုင် အရစ်အဖြူရောင်၊ အနက်ရောင်၊ အနီရောင်အကျယ်(၇ )စိပ်စီ၊ အရှည် (၄လက္မ)၊ အင်္ကျီ၏ ကော်လံတွင် နာဂဆုတောင်းတိုင်အရစ် အဖြူ၊ အနက်၊ အနီတစ်စိပ်စီ၏ အကျယ်မှာ (၅မူး)၊ အရှယ်မှာ (၁လက္မ) ရှိသော ကုတ်အင်္ကျီကို ပွဲတက်ရုံးတက်သည့် အခါများတွင် ဝတ်ဆင်ကြသည်။ အမျိုးသားဝိစကုတ်အင်္ကျီ၏ ဒီဇိုင်းမှာ အောက်ခံအရောင်ကို အနက်ရောင်ထားရှိပြီး အရှေ့ ဘက်တွင် ဓါးမနှစ်လက်(ကြက်ခြေခတ်)ဓါးမနှင့် လက်အပေါ်တွင် ရင်ဘတ်တက်တူး လူပုံ အောက်ဘက်တွင် မှေးရိုးတက်တူးပုံ၊ အင်္ကျီ၏ အနောက်ဘက်တွင် ဓါးအိမ်နှင့်ဓါး၊ ကြွေခါးပတ်၏ အပေါ်တွင်အုန်လှံတစ်စုံ၊ နာဂဦးထုပ်တစ်လုံး၊ အင်္ကျီ၏ အောက်ခြေအနားကွပ်တွင် ကြွေသီး ပတ်လည်၊ ကြွေသီးအပေါ်အောက်တွင် အနီ၊ အဖြူ၊ အနီဖြင့် ဘောင်ကွပ်ထားကာ အမျိုးသား ဝိစကုတ်အင်္ကျီအဖြစ် ဝတ်ဆင်ကြပါသည်။

(၂) အမျိုးသမီးဝတ်စားဆင်ယင်မှု

(က) ခေတ်ဟောင်း

ရှေးအခါက လိုင်းနောင်နာဂ မျိုးနွယ်စုများသည် ဖက်ယားပင်း၏ အခေါက် နှင့် အီ (ì) (လိုင်းနောင်အခေါ်) လျှော်ပင်အခေါက်များကို ခွာယူပြီး ချည်သားများရရှိအောင် အဆင့်ဆင့်ပြုလုပ်ထားသောချည်များဖြင့် ဒူးအထက်ထဘီတိုနှင့် အင်္ကျီအဖြစ်ခြုံစောင်ကို စလွယ် တိုင်း ပုံစံ ချည်၍ဝတ်ဆင်ကြပါသည်။ လည်ဆွဲအဖြစ် ပုတီးအမျိုးမျိုးကို ပန်ဆင်ပြီး နာဆွဲအဖြစ် ပုတီးနှင့် ငှက်တောင်မွေးများကို အသုံးပြုပန်ဆင်ကြသည်။ လက်ကောက်အဖြစ် ကြေးကွင်း၊ သတ္တုများကို ပြုလုပ်၍ လက် ကောက်ဝတ်နှင့် လက်မောင်များတွင်ဝတ်ဆင်ခဲ့ကြသည်။

( ခ)    ခေတ်သစ်ဝတ်စုံ

               ယခုအခါတွင် လိုင်းနောင်နာဂ မျိုးနွယ်စုများ၏ အမျိုးသမီး အင်္ကျီကို အနေက်ရောင်နောက်ခံထား၍ လက်မောင်ပေါ်တွင် ကြေးလက်ကောက်ရှည်ပုံစံ ရွှေရောင် (၄) လက္မနှင့် အင်္ကျီးလက်အနားသတ်တွင်လက်ကောက်ပုံစံအဖြူရောင်အဆင်းနှစ် ရစ် (၄ cm) နှင့် ဘယ်ဘက်ခြမ်းတွင် ရင်ထိုးအဖြစ်မှေးစေ့တက်တူးနဖူးတက် တူးပါရှိသောလက်စကပ် အင်္ကျီကို ဝတ်ဆင် ကြပါသည်။

လုံချည်အဖြစ် နောက်ခံအနက်ရောင်ပေါ် ခါးနားတွင် ခေတ်ဟောင်း ခါးချည်ကြိုးပုံစံ ရွှေရောင်အတွန့် ကွက်ထားပြီး ခြေသလုံးတက်တူးပုံစံနှင့် ရွှေရောင်အရစ် ၃ဆင့်ကို ၃ရစ်စီရှိပြီးအောက်တွင်(၈)ရစ်ပတ်ထားလျှက်ရှိပါသည်။ ၎င်းအရစ်များ ကြားတွင်း ခြေသလုံး တက်တူးပုံစံများပါရှိသော ထဘီကိုဝတ်ဆင်ကြပါသည်။

ကိုးကွယ်ယုံကြည်မှု

 လိုင်းနောင်နာဂမျိုးနွယ်စုတို့သည်ခေတ်အဆက်ဆက်ရိုးရာနတ်ဘုရားများကိုကိုးကွယ်မှုရှိခဲ့ကြသည်။လိုင်းနောင်လူမျိုးတို့ မူလကိုးကွယ်သည...

 လိုင်းနောင်နာဂမျိုးနွယ်စုတို့သည်ခေတ်အဆက်ဆက်ရိုးရာနတ်ဘုရားများကိုကိုးကွယ်မှုရှိခဲ့ကြသည်။လိုင်းနောင်လူမျိုးတို့ မူလကိုးကွယ်သည့် ရိုးရာနတ်ဘုရားများသည် Sainyiu, A. (2012) ၏ ဖော်ပြချက်အရ သုံးပါးရှိသည်။ ၎င်းတို့မှာ Sopùyiupù Ga (ဖန်ဆင်းရှင်)၊ (၂) Gapiòvipù/Piòvi Ga (ဘိုးဘေးတို့ဘုရား/သခင်ဘုရား)၊ Campù Ga (စောင့်ရှောက်သောဘုရား) ဟူ၍ သုံးပါရှိသည်။ ယခုအခါ အသိအမြင်ဗဟုသုတဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှခရစ်ယာန် ဘာသာဝင် ၆၀%၊ ဗုဒ္ဓဘာသာ ၃၃% နှင့် ရိုးရာနတ်ဘုရားယုံကြည်သူ ၇% ရှိသည်။

အုပ်ချုပ်မှုအစဉ်အလာ

      (က)

      (က) အုပ်ချုပ်ရေး

            လိုင်းနောင်မျိုးနွယ်စုများ မိမိတို့၏ ရပ်ရွာကို vi (ဗီး) ဟု ခေါ်သည့် ယဇ်ပရောဟိတ် ကြီး ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စီမံအုပ်ချုပ်မှုကို လိုက်နာဆောင်ရွက်ရသော လွတ်လပ်သည့်ကျေးရွာအုပ်ချုပ်ရေးစနစ် (village republic)ဖြစ်ပါသည်။ မြန်မာ နိုင်ငံ လွတ်လပ်ရေးရပြီးနောက် သူကြီးများအဖြစ် ရွေးချယ်တင်မြှေက်ပြီး vi (ဗီး)နှင့်တွဲ၍ အုပ်ချုပ် သည်။ ယခုအခါ မြန်မာ နိုင်ငံ အစိုးရ၏ အုပ်ချုပ်မှုစနစ် ပြောင်းလဲမှုအလိုက် ကျေးရွာဥက္ကဌ (ဝါ) ကျေးရွားအုပ်ချုပ်ရေးမှူးများနှင့် လိုင်းနောင်လူမျိုးတို့၏ အစဉ်အလာဖြစ်သည့် vi (ဗီး)တို့က သင့်တင့်လျောက်ပတ်သည့် တာဝန်များခွဲဝေအုပ်ချုပ်လျှက်ရှိသည်။

( ခ) တရားစီရင်ရေး

       လိုင်းနောင်မျိုးနွယ်စုတို့တွင်ပြဿနာတစ်စုံတစ်ရာဖြေရှင်းရာတွင်ရပ်ရွာလူကြီးများ၊ နှစ်ဖက်သော ဆွေမျိုးသားချင်းများ အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီး တရားမျှတစွာစီရင် ဆုံးဖြတ်ရပါသည်။ (ဥပမာ)- တောင်ယာနယ်နိမိတ်ဖြေရှင်းရာတွင် ရပ်ရွာအတွင်းဖြေရှင်း၍ မပြေလည်နိုင်ပါကမှားယွင်းသူ၏တောင်ယာကိုအမှုမှန်သူကအပိုင်သိမ်းမည်ဟုကတိပြု၍ တောင် ယာနယ်နိမိတ်ကို သက်သေများ၊ ရပ်ရွာလူကြီးများနှင့်တကွ သွားစိစစ်ရသည်။ ဤသို့ဖြင့်မှားယွင်းသူ၏ တောင်ယာကွက်ကို မဆုံးရှုံးလိုပါက တောင်ယာကွက်၏ တန်ဖိုးငွေကို ပေးရသည်။ ထိုနည်းတူ လင်မယားကွာရှင်းခြင်း ကိစ္စအမှုဖြေရှင်းရာတွင်လည်း နဂိုကတိသစ္စာစကား မူတည်၍ အမှားအမှန် စီရင်ဆုံးဖြတ်ရပါသည်။

ရိုးရာယဉ်ကျေးမှု

    လိုင်းနောင်မျိုးနွယ်စုတွင်လည်း အခြားတိုင်းရင်းသားများကဲ့သို့ ဘိုးဘေးစဉ်ဆက် ကျင့်သုံး ထိန်းသိမ်းလာသော ယဉ်းကျေး မှုဆိုင်ရာရိုးရာဓလေ့ထုံးစံများစွာရှိပါသည်။ ရိုးရာဓလေ့ ထုံးစံ များစွာရှိသည့် အနက် အဓိကကျ...

    လိုင်းနောင်မျိုးနွယ်စုတွင်လည်း အခြားတိုင်းရင်းသားများကဲ့သို့ ဘိုးဘေးစဉ်ဆက် ကျင့်သုံး ထိန်းသိမ်းလာသော ယဉ်းကျေး မှုဆိုင်ရာရိုးရာဓလေ့ထုံးစံများစွာရှိပါသည်။ ရိုးရာဓလေ့ ထုံးစံ များစွာရှိသည့် အနက် အဓိကကျသော ရိုးရာဓလေ့များကို အကျဉ်းချုပ် ဖော်ပြလိုပါသည်။

(က)ပွဲလမ်းသဘင်များ

             လိုင်းနောင်မျိုးနွယ်စုများတွင် အိမ်တွင်းပြုလုပ်သော ပွဲလမ်းသဘင်များနှင့် တောင်ယာတွင် ပြုလုပ်သော ဆုတောင်းပွဲများဟူ၍နှစ်မျိုးရှိပါသည်။ အိမ်တွင်ပြုလုပ်သော ပွဲလမ်းသဘင်များမှာ-

(၁) Kaīvi Zëūqui (နှစ်သစ်ကူးပွဲတော်)

(၂) Sëuˈvi (ကောက်သစ်စားပွဲတော်)

(၃) Zàmngaī (မုန့်ထောင်းပွဲတော်) တို့ဖြစ်ပြီး

တောင်ယာတွင်ပြုလုပ်သောဆုတောင်းပွဲများမှာ-

(၁) Vànnyiùcàn (တောင်ယာမီးကြောင့်ဖြစ်တတ်သည့်မကောင်းဆိုးဝါးများဖယ်ရှားရန်ဆုတောင်းခြင်း)

(၂) Okzëū (ဆန်ရေစပါးအထွက်တိုးအောင်ဆုတောင်းခြင်း)

(၃) Kaīsok(ကောက်ပဲသီးနှံများဖူးပွင့်ဝေဆာရန်ဆုတောင်းခြင်း) တို့ဖြစ်ပါသည်။

(ခ) ထိမ်းမြားမင်္ဂလာပြုခြင်း

       လိုင်းနောင်နာဂ မျိုးနွယ်စုတွင် သူ့မျိုးရိုးကိုယ့်မျိုးရိုး ဟုရှိပါသည်။ ဤသို့ မျိုးရိုး အလိုက် (၆)မျိုးရှိပါသည်။

(၁) Vuìseiˈ (ဗွီစိတ်)

( ၂) Hë̄mceidiām (ဟွမ်ကျီးဒွမ်)

(၃) Vàngtòng             (ဗန်တောင်)

(၄) Santong (စန်းတောင်း)

( ၅) Lë̀buāng             (လဗွမ်)

( ၆) Kiothiˈ (ကရိုးထိ)

မျိုးရိုးအမည်များအချို့ကို ကျေးရွာအလိုက် အခေါ်အဝေါ်ကွဲပြားမှုလည်းတွေ့ရှိရပါသည်။

    လက်ထပ်ထိမ်းမြားသည့်အခါတွင်  မျိုးရိုးမဟုတ်သည့်အခြားမျိုးရိုးနှင့်သာ ထိမ်းမြားလက်ထပ်ခွင့်ရှိသည်။ ထိုသို့ထိမ်းမြား လက်ထပ်သည့် အခါတွင်ယောင်္ကျားနှင့် မိန်းကလေးနှစ်ဦး မေတ္တာမျှ ကြပြီးပါက နှစ်ဘက်မိဘများအားအသိပေး၍ စေ့စပ်ကြောင်းလမ်းဖို့ ယောင်္ကျားလေးဘက်မှ အသိသက်သေနှစ်ဦးစေလွတ်၍ ကမ်းလမ်းသဘောတူညီမှု ယူရပါသည်။ 

     သဘောတူညီမှုရရှိပြီးပါက လက်ထပ်ထိမ်းမြားပေးရန်(3)ဦးရွေးချယ်ရပါသည်။ တစ်ဦးက Vuìheiˈ cyiuliàm bangianpù (ဝီဟိတ်ဂျူးလျမ်ဗန်းဂန်း) နှင့် နောက်လိုက်(၁)ဦးက huakdokviˈ zak (ဝက်တစ်ကောင်နှင့် အခြားတတ်နိုင်သော ပစ္စည်းဥစ္စာငွေကြေးများကို ပေးဆောင်ရသည်။ သတိုးသားဘက်မှသတိုးသမီး၏ မျိုးရိုးတူအမျိုးသမီးများအား ငွေကြေး၊ ပစ္စည်း လက် ဆောင်များ ပေးလျှက်ရှိသည်။ သက်သေ(၂)ဦးနှင့် နှစ်ဘက်သော မိဘများက သာယာ ပျော်ရွှင်သော အိမ်ထောင်ရေးဖြစ်ပါစေကြောင်းဆုတောင်းထိမ်းမြားပေးရပါသည်။လိုင်းနောင်မျိုးနွယ်စုတွင် အခြားတိုင်းရင်းသားများနှင့် မတူသောယဉ်ကျေးမှုများရှိပါသည်။

   လိုင်းနောင်နာဂမျိုးနွယ်စုတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ရွှေ့ပြောင်းတောင်ယာ ကို နှစ်စဉ်လုပ်ကိုင်စားသောက်ကြပါသည်။ တစ်နေ့တွင် အလုပ် လုပ်ချိန်ပုံမှန် အားဖြင့် (8) နာရီအလုပ်လုပ်ကြရသည်။ တစ်နေ့တွင်ပုံမှန်ထမင်း(၃) နပ်စား ကြပါသည်။

ဆောင်ရန်

     လိုင်းနောင်လူမျိုးများသည် မြေကို အခကြေးဖြင့် ဝယ်ယူပိုင်ဆိုင်ကြသည်။ တောတောင်ရေမြေအားလုံးသည် အသုံးချမြေများသာ ဖြစ်သည်။ယင်းပိုင်ဆိုင်မှုတွင်နှစ်မျိုးရှိသည်။၎င်တို့မှာတောပိုင်(lòpiòpù)နှင့်တော...

     လိုင်းနောင်လူမျိုးများသည် မြေကို အခကြေးဖြင့် ဝယ်ယူပိုင်ဆိုင်ကြသည်။ တောတောင်ရေမြေအားလုံးသည် အသုံးချမြေများသာ ဖြစ်သည်။ယင်းပိုင်ဆိုင်မှုတွင်နှစ်မျိုးရှိသည်။၎င်တို့မှာတောပိုင်(lòpiòpù)နှင့်တောင်ယာပိုင် (viuˈthiàngpiòpù) ဟူ၍ဖြစ်သည်။ တောပိုင်သည် မြေဧရိယာအပိုင်းအခြား တောအမည်နာမဖြင့် ပိုင်ဆိုင်လေ့ရှိပြီး ထိုမြေ(တော)အတွင်း တောင်ယာကွက်ပေါင်း ရာကျော်ပါဝင်သည်။ ၎င်းမြေ (တော)အတွင်းရှိ ရေး၊ ကျောက်၊ သားငါးတိရိစ္ဆာန်အပါဝင်း ရှိရှိသမျှ ၎င်းတောပိုင်နှင့် သက်ဆိုင်သည်။ ထို့ကြောင့် မုဆိုးများက သားကောင် ရလျှင်သော်လည်းကောင်း၊ တောင်ယာ အတွက် တောခုတ်ရန်သော်လည်းကောင်း ၎င်းတောပိုင်အားအခွန်ဆောင်ရသည်။ တောင်ယာပိုင်ရှင်သည် မိမိတောင်ယာကွက်ကို အခြားသူတစ်ဦးအား ငှားရမ်းခြင်း၊ ရောက်ချခြင်းများ ပြုလုပ်နိုင်သည်။

      သို့သော် တောမြေသည် တောပိုင်နှင့် သက်ဆိုသည်ဖြစ်၍ တောင်ယာပိုင်ရှင်တိုင်း အခွန် အခကို တောပိုင်အား ပေးဆောင်ရသည်။ တောင်ယာကွက်တစ်ကွက်လျှင် အနည်းဆုံး (၅) ဧကမျှရှိပြီး တစ်နှစ်စာ ဖူလုံအောင်လုပ်ဆောင်နိုင်သည်။ လိုင်းနောင်လူမျိုးတို့သည် တောတစ်တောကို ယခုနှစ်ခုတ်လျှင် ကျန်သည့်တောများကို သစ်တောရင့်လာအောင် ၁၀ စုနှစ် တစ်ခုမျှမခုတ်ဘဲထားရသည်။ စည်းကမ်းဖောက်ဖြတ်၍ သွားခုတ်သူသည် အရေးယူ ခံရတတ်သည်။ ထို့အတူ၊ သစ်ပင်၊ ဝါးပင်၊ ငါးတွင်း ဆားတွင်း ပိုင်ဆိုင်မှုများသည်လည်း အခကြေးငွေဖြင့် ပိုင်ဆိုင်ကြရသည်။ 

ရှောင်ရန်

လိုင်းနောင်နာဂ မျိုးနွယ်စု၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ ဆောင်ရန်ရှောင်ရန်များ ရှိပါသည်။ (ဥပမာ)-လိုင်းနောင်မျိုးနွယ်စုတွင် မျိုးရိုးတူထိမ်းမြားလက်ထပ်ခြင်းကို (လုံးဝ) မပြုရ။

လိုင်းနောင်နာဂ မျိုးနွယ်စု၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ ဆောင်ရန်ရှောင်ရန်များ ရှိပါသည်။ (ဥပမာ)-လိုင်းနောင်မျိုးနွယ်စုတွင် မျိုးရိုးတူထိမ်းမြားလက်ထပ်ခြင်းကို (လုံးဝ) မပြုရ။

ပဲခူးတိုင်းဒေသကြီးရှိ အရှိုချင်းများ၏ ဆင်းသက်လာပုံအကျဉ်း

တိဘက်-မြန်မာအုပ်စုမှရွှေ့ပြောင်းတောင်ယာစနစ်ဖြင့်မိသားစုအလိုက်၊မျိုးနွယ်အလိုက်စုဖွဲ့၍ဆင်းသက်လာပြီးနေထိုင်ကြပါသည်။

နေထိုင်ရာဒေသများ

      ဧရာဝတီမြစ်အနောက်ဘက်ခြမ်း-ရခိုင်ရိုးမတလျှောက်-မကွေးတိုင်းဒေသကြီး၊စေတုတ္တရာ ငဖဲ၊တောင်တန်းဒေသများနှင့်  အရှေ့ဘက်တောင်တွင်းကြီး၊မကွေး၊အောင်လံ၊ဧရာဝတီအနောက်ဘက်ခြမ်း  သရက်၊မင်းတုန်း၊ကံမ၊ပဲခူးတိုင်းဒေသကြီး၊ပြည်၊ပေါက်ခေါင်း၊ ပန်းတောင်း၊ဇီးကုန်း၊အုတ်ဖို၊ပေါင်းတည်၊ပဲခူးတိုင်းအရှေ့ခြမ်း  ကျောက်တံခါး၊ဒိုက်ဦး၊ အုတ်တွင်း၊နေပြည်တော်နယ်မြေ၊ရန်ကုန်တိုင်း  လှည်းကူး၊တိုက်ကြီး  တို့တွင်နေထိုင်ကြပါသည်။

သွင်ပြင်လက္ခဏာများ

သီးခြားဝတ်စုံရှိခြင်း၊အစားအစာရှိခြင်း၊ဘာသာစကားရှိခြင်း၊စာပေရှိခြင်း၊သီးခြားရွာများဖြင့် နေထိုင်ကြပါသည်။

ရိုးရာဓလေ့ထုံးစံများ

ကောက်သစ်စားပွဲတော်များ၊ အမျိုးသားနေ့ပွဲတော်၊ မျိုးနွယ်စုအလိုက်ပူဇော်ကန်တော့ကြပါသည်။

ဘာသာစကားနှင့်စာပေ

မိမိဘာသာစကားသီးသန့်ရှိ၍ ကိုယ်ပိုင်စာပေဖြင့်ရပ်တည်ကြသည်။

ဝတ်စားဆင်ယင်မှု

-

ကိုးကွယ်ယုံကြည်မှု

ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကိုးကွယ်ကြပြီး၊ ရိုးရာနတ်ကိုးကွယ်ပူဇော်ခြင်းရှိကြပါသည်။

ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကိုးကွယ်ကြပြီး၊ ရိုးရာနတ်ကိုးကွယ်ပူဇော်ခြင်းရှိကြပါသည်။

အုပ်ချုပ်မှုအစဉ်အလာ

ရှေးယခင်ကအစဉ်အလာကြီးမားသော  မျိုးနွယ်စုကြီးမှမျိုးရိုးအစဉ်အလာအရအုပ်ချုပ်ကြပြီး ယခုအခါနိုင်ငံတော်စီမံအုပ်ချုပ်ရေးဆိုင်ရာများဆောင်ရွက်ကြပါသည...

ရှေးယခင်ကအစဉ်အလာကြီးမားသော  မျိုးနွယ်စုကြီးမှမျိုးရိုးအစဉ်အလာအရအုပ်ချုပ်ကြပြီး ယခုအခါနိုင်ငံတော်စီမံအုပ်ချုပ်ရေးဆိုင်ရာများဆောင်ရွက်ကြပါသည်။

ရိုးရာယဉ်ကျေးမှု

မင်္ဂလာယဉ်ကျေးမှု့အရ မျိုးနွယ်စုတူဆိုင်သူနှင့်လက်ထပ်ကြရပြီး  ဝက်သဲကြည့်မင်္ဂလာပြုကြ၍  ရိုးရာခေါင်ရည်  ဝက်သားဟင်းလျာဖြင့်ဧည့်ခံကြပါသည်...

မင်္ဂလာယဉ်ကျေးမှု့အရ မျိုးနွယ်စုတူဆိုင်သူနှင့်လက်ထပ်ကြရပြီး  ဝက်သဲကြည့်မင်္ဂလာပြုကြ၍  ရိုးရာခေါင်ရည်  ဝက်သားဟင်းလျာဖြင့်ဧည့်ခံကြပါသည်။ မိသားစုအလိုက် ကျေးရွာအလိုက်ဝိုင်းဖွဲ့၍လက်ဖက်ရည်ဖြင့်တည်ကာစားသောက်ကြသောယဉ်ကျေးမှု့ကိုထိန်းသိမ်းကြပါသည်။

ဆောင်ရန်

မိမိယဉ်ကျေးမှု့အမွေအနှစ်ဓလေ့ထုံးစံများအားကာကွယ်စောင့်ရှောက်ရန်ဆောင်ရွက်ပါမည်။

မိမိယဉ်ကျေးမှု့အမွေအနှစ်ဓလေ့ထုံးစံများအားကာကွယ်စောင့်ရှောက်ရန်ဆောင်ရွက်ပါမည်။

ရှောင်ရန်

ယဉ်ကျေးမှု့ပျက်ပြားစေမည့်ကိစ္စရပ်များအားရှောင်ကျဉ်ကြပါသည်။

ယဉ်ကျေးမှု့ပျက်ပြားစေမည့်ကိစ္စရပ်များအားရှောင်ကျဉ်ကြပါသည်။

မကွေးတိုင်းဒေသကြီးရှိ အရှိုချင်းလူမျိုးများသမိုင်း

အရှိုချင်းတို့အကြောင်း လေ့လာတင်ပြရမည်ဆိုလျှင် အစဦးစွာ ချင်းလူမျိုးအကြောင်း တင်ပြ ရပေလိမ့်မည်။ ချင်းလူမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသော လူမျိုးအုပ်စုကြီး သုံးစုဖြစ်သည့် မွန်ခမာအနွယ် တိဗက်မြန်မာ အုပ်စုဝင်ဖြစ်သည်။ ချင်းလူမျိုးများသည် မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား(၁၃၅)မျိုးအနက် လူမျိုးတစ်မျိုးဖြစ်သည်။ ချင်းလူမျိုး တို့သည် ကသည်းခေါ် မေထေးချင်း ၊ ရိုးရိုးချင်းဟု ခွဲခြားထားသော်လည်း နေထိုင်ရာ အရပ်ဒေသကို လိုက်၍လည်းကောင်း ဒေသအမည်ခွဲ၍လည်းကောင်း ခေါ်ဝေါ်ခြင်းများလည်းရှိသည်။ ဤနည်းဖြင့် တီးတိန် (တဲဒင်မ်)ချင်း၊ ဖလမ်းချင်း၊ ဟားခါးချင်း၊ မင်းတပ် ချင်း၊ မတူပီချင်း၊ ကန်ပက်လက်ချင်း၊ ပလက်ဝချင်းနှင့် မြေပြန့်ချင်းဟူ၍ အမည်အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ချင်းလူမျိုးစုများကို ပထဝီ အနေအထားအရ သုံးပိုင်းခွဲထားပါသည်။ ယင်းတို့မှာ-

 ၁။ တောင်တန်းနေပင်ရင်းချင်းများ၊

၂။ ခမီ၊ မြို၊ ချင်းဘုံ(ဉပ်ပူးချင်း) အစရှိသောချင်းလူမျိုးများ၊ ရခိုင်ရိုးမမြောက်ပိုင်းနှင့် ပခုက္ကူခရိုင် အတွင်းရှိ တောင်တန်းများတွင်နေထိုင်သော အလယ်ပိုင်းချင်းများ၊

၃။ ရခိုင်ရိုးမတစ်လျှောက်လုံးတွင်နေထိုင်ကြသော တောင်ပိုင်းချင်းများစသည်ဖြင့် ပြန့်နှံ့နေထိုင် လျက်ရှိကြပေသည်။

 ချင်းလူမျိုးတို့နေထိုင်ရာ မြောက်ဘက်အစွန်ဆုံးဒေသ၌ ပေ(၁၂၅၀၀) မြင့်သော စာရာမေတိ တောင်ရှိရာ စုံမရတောင်တန်းဒေသဖြစ်၏။ ယင်းဒေသ အနောက်တောင်ဘက် မဏိပူရ မြေပြန့်မှာ ကသည်းခေါ် မေထေးချင်း လူမျိုးတို့ဒေသဖြစ်သည်။ ထိုဒေသ၏ တောင်ဘက်တွင် ချင်းတောင် စစ်စစ်ဟုဆိုရမည့် တီးတိန်၊ ဖလမ်းနှင့် ဟားခါးနယ်များရှိပေသည်။ ယင်းဒေသ၏ တောင်ဘက်တွင်       ပေ(၁၀၄၀၀) မြင့်သော ဝိတိုရိယတောင် တစ်ဝိုက်ဖြစ်သည့် ပခုက္ကူဒေသ(ကန်ပက်လက်)ရှိသည်။ အနောက်မြောက်ဘက်၌ ရခိုင်တောင်တန်းဒေသ (ပလက်ဝ )နှင့် ကုလားတန်မြစ်ဝှမ်း၏ အနောက် မြောက်ဘက်တွင်လည်း ချင်းလူမျိုးများနေထိုင်လျက်ရှိပါသည်။ ထို့ပြင် ရခိုင်ရိုးမတောင်ဘက်ပိုင်းနှင့် အရှေ့ဘက်မင်းဘူး၊ သရက်၊ ပြည်ခရိုင်များတွင်လည်း ချင်းလူမျိုးများ နေထိုင်ကြကြောင်းလေ့လာ တွေ့ရှိရပါသည်။  မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ချင်းလူမျိုးခွဲပေါင်း (၅၃) မျိုးရှိပါသည်။ လူမျိုး အုပ်စုအနေဖြင့် များစွာကွဲပြားနေသော်လည်း စကားအုပ်စုအနေဖြင့် အနည်းငယ်မျှသာ ခြားနားမှု ရှိသည်။ ဒေသန္တရဆိုင်ရာ အသုံးအနှုန်းများ ဝေါဟာရများနှင့် လေယူလေသိမ်း အသံထွက်အလေး အပေါ့သာ ကွဲပြားကြသည်။ ချင်းလူမျိုးများ နေထိုင်ရာဒေသကို အကြမ်းဖျင်းအားဖြင့် ဖော်ပြရလျှင် မြန်မာနိုင်ငံ အနောက်မြောက်ဘက် တောင်တန်းဒေသ၊ နာဂတောင်နှင့် မဏိပူရပြည်နယ်တို့မှ တောင်ဘက် မော်တင်စွန်းရောက်လုနီး ဒေသစပ်ကြားနှင့် အရှေ့ဘက် ချင်းတွင်းမြစ်၏ မြစ်လက် တက်ဖြစ်သော မြစ်သာမြစ်နှင့် အနောက်ဘက် ဘင်္ဂလားပင်လယ်အော်ရောက်လုနီး ဒေသစပ်ကြား တောင်မြင့်၊ ကုန်းတန်း၊ လျှိုမြောင်တို့မှာ ချင်းလူမျိုးတို့နေထိုင်ရာ အချက်အချာဒေသ ဖြစ်လေသည်။

တိုင်းရင်းသားလူမျိုးနှင့် လူမျိုးစုများ၏ဆင်းသက်လာပုံ

(က)အရှိုချင်းလူမျိုးတို့ဆင်းသက်လာဖြစ်ပေါ်လာပုံ

အရှိုချင်းတို့သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသော တိဗက်-မြန်မာ အုပ်စုတွင်ပါဝင် သော ပျူ၊ ကမ်းယံ၊ သက် စသော လူမျိုးစုသုံးစုအနက် သက်အုပ်စုအနွယ်ဝင် ဖြစ်ပါသည်။ အချို့ သမိုင်းပညာရှင်များက “သက်”  ဟူသော ဝေါဟာရ ကို “သက်ကျ” မှရွေ့လျားလာသည်ဟု လည်းကောင်း၊ သက်လူမျိုးတို့သည် “သာကီဝင်” ဟုလည်းကောင်း ယူဆကြသည်။ အရှိုချင်းတို့သည် ပုံတောင်ပုံညာဒေသတွင် ပထမဦးစွာ အခြေချနေထိုင်သူများဖြစ်ကြသည်။ ထိုနေရာသည် ဧရာဝတီ မြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်းတို့နှင့် ဆက်စပ်လျက်ရှိပါသည်။ ထို့ပြင် ယောဒေသနှင့်လည်း ဆက်စပ် လျက်ရှိပါသည်။

ပုဂံခေတ်တွင် ပျူစောထီးသည် အရှိုချင်းလူမျိုးဖြစ်သည်။ ထိုသူ၏အရှိုနာမည်မှာ ခစိုက်လှဲန် (Kha Sai Hlan)ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အရှိုချင်းတို့ ယုံကြည်ကြသည်မှာ အရှိုနှင့် သက်လူမျိုး တို့သည် မြန်မာပြည်တွင် ပထမဆုံး အခြေချနေထိုင်သည့် လူမျိုးစုသုံးစုတွင် အရှိုနှင့် သက်တို့ ပါဝင် သည်ဟု ယုံကြည်ကြသည်။ အရှိုချင်းတို့သည် နှုတ်ရာဇဝင်သမိုင်းအရ ဗိဿနိုးမြို့(တောင်တွင်းကြီး) မြို့၊ သီရိခေတ္တရာမ(ပြည်) မြို့များတွင် နေထိုင်ကြသည်။ 

အရှိုချင်းတို့ ဆင်းသက်လာပုံနှင့်ပတ်သက်၍ ပါးစပ်ရာဇဝင်တစ်ခု ရှိခဲ့ပါသည်။ ယင်းကို ဗဟု သုတတစ်ခုအဖြစ် တင်ပြလိုက်ပါသည်။ အောက်အူလှီ(အမိဖုရား)သည် တောင်ဝှေးတော်ဖြင့် လူမျိုး စုံပေါက်မည့် ဥများကိုဖန်ဆင်းခဲ့ပါသည်။ အရှိုချင်းဖြစ်လာမည့်ဥမှာ ဆေးရောင်စုံခြယ်သထားသည့် နှယ် အခြားဥများထက် ထူးခြားခဲ့ပါသည်။ ထို့ကြောင့် အရှိုဖြစ်ပေါ်လာမည့်ဥကို ကြေးဝါဖလားထဲ တွင် ထည့်ထားခဲ့ပါသည်။ အခြားသောဥများသည် ‌ခြောက်ရက်၊ ခုနှစ်ရက်နှင့် ပေါက်သော်လည်း အရှိုဥမှာ မပေါက်ဘဲနေခဲ့သည်။ ထို့ကြောင့် ပုပ်ပြီအထင်နှင့် လွှင့်ပစ်လိုက်လေသည်။ မိုးရေနှင့်အတူ ပင်လယ်ထဲသို့ မျောပါသွားခဲ့သည်။ တလိုင်းမွေးဆေးငှက်သည် ထိုဥကိုဝပ်ပေးသော်လည်း မပေါက် ခဲ့ပေ။ ထို့ကြောင့် ယင်းဥကို ကျောက်ဆောင်ဘက်သို့ လွှင့်ပစ်လိုက်ရာ ချုံပုတ်တစ်ခုပေါ်သို့ တင်နေ ပြန်ပါသည်။ လွီကျုပ်ပရွှန်းနူးငှက်(ငှက်တော်)သည် ထို့ချုံပုတ်ပေါ်တွင် အသိုက်လုပ်၍ ဝပ်ပေးရန် ကြိုးပမ်းခဲ့သည်။ ယင်းတွင် မြေွနဂါး၏ အကူအညီယူခဲ့ပါသည်။ တစ်ပတ်ခန့်ကြာသောအခါ ထိုဥမှ မောင်လိင်းဟူသော လူသားတစ်ဦးမွေးဖွားလာခဲ့ပါသည်။ မောင်လိင်းသည် မိခင်ငှက်မကြီးကို ကျေးဇူးဆပ်သည့်အနေဖြင့် ပိုးဟပ်၊ နှှှှှှှှံကောင်စသည်ဖြင့် အစာရှာကျွေးလေသည်။ တစ်နေ့သော် အစာရှာထွက်ခိုက် မိမိအားဝပ်ပေးခဲ့ဖူးသော တလိုင်းမွေးဆေးငှက်နှင့်တွေ့သောအခါ “သင်သည် ငါ၏အမိဖုရားနေသောရွာကို ရောက်ဖူးပါသလား” ဟု မေးလေရာ သိသည်နှင့် မောင်လိင်းသည် မိမိ၏ဥခွံများကို ကျောပိုးကလိုင်းအဖြစ်လည်းကောင်း၊ ဆံပင်ကို ပလိုင်းကြိုးအဖြစ်လည်းကောင်း ချက်ကြိုးအခြောက်အား ပလိုင်းအတွင်းသို့ထည့်၍ လက်ဆောင်အဖြစ်ပေးလိုက်ပါသည်။ အမိဖုရား သည် မောင်လိင်းပေးလိုက်သော လက်ဆောင်ကိုမြင်သော် “ဪ.... ငါ့သား မောင်လိင်း ဥက ပေါက်သွားပါပကော လား”ဟုဆို၍ ဝမ်းသာသွားခဲ့သည်။ ထို့နောက် ဥအားဝပ်ပေးခဲ့သော ငှက်မအား ချီးမြှင့်သည့်အနေဖြင့် ပန်းရောင် ခေါင်းပေါင်းသရဖူ၊ ဓါး၊ အနှောင့်မပါသောဒူးလေး၊ မြားတို့အား ယူဆောင်လျက် ဆင်ပေါက်စီး၍ မြေသို့ဆင်းသက်လာခဲ့ပါသည်။ ထိုအခါ ငှက်မက ငါသည် “ ဒီဆင် ပေါက်ကြီးကိုလည်း စီးနိုင်သည့် အားအင်မရှိပါ၊ ခေါင်းပေါင်းသရဖူနှင့်လည်း အလိုက်ဖက်ပါ၊ ဒူးလေး ကိုင်ဖို့ရန်လည်း လက်မရှိပေ။ ထို့ကြောင့် ဒီလက်ဆောင်များကို ငါလက်ခံ၍ မဖြစ်နိုင်” ဟုဆိုလေ သည်။ အမိဖုရားလည်း ပြန်လာခဲ့သည်။ မောင်လိင်းလည်းငို၍ ကျန်ခဲ့လေသည်။

ထိုအခါ ငှက်တော်မက “ နင်လိုက်ချင်လျှင် ငါ့ကို ကင်ပွန်းတပ်ပွဲလုပ်ပေးပါ” ဟုဆိုလေ သည်။ မောင်လိင်းလည်း ပုရစ်ကိုကြက်အဖြစ်လည်းကောင်း၊ ပိုးဟပ်ကို ဝက်အဖြစ်လည်းကောင်း ကင်ပွန်းပွဲ ဆက်လေသည်။ ကြွေဥနှင့် ဂုံးဥကို ခေါင်ရည်တည်၍ ကင်ပွန်းပွဲ လုပ်ပေးလိုက်လေသည်။ ထိုကင်ပွန်းပွဲသို့ လှိုင်စင်းမြွေနဂါးကိုလည်း ဖိတ်ကြားခဲ့သည်။ ငှက်တော်မလည်း ခေါင်ရည်မူး၍ မြွေနဂါးနှင့်အချင်းများကြလေသည်။ မြွေနဂါးသည် ငှက်တော်မကို ညှို့ကွင်းဖြင့်ညှို့လေသည်။ ငှက်တော်မ၏ ဦးခေါင်းကိုမိလေရာ မောင်လိင်းကဖြေပေးခဲ့ပါသည်။ ငှက်တော်မလည်း လွတ် မြောက်သွားခဲ့သည်။

မောင်လိင်းလည်း အမိဖုရားထံအပြန်ခရီးစခဲ့သည်။ လမ်းတွင်မောပမ်း၍ တကွိုင်းချန်ပလပ် ခေါ် အသီးအနှံကို ဆန်ပြုတ်လုပ်သောက်၍ ခရီးဆက်ခဲ့သည်။ ခရီးတွင် ကျားနှင့်တွေ့၍ မိခင်တော် ခဲ့သည်။ ထိုကျားမ၏ နို့ကိုသောက်ခဲ့သည်။ ကျားမသည် ကလူကျီစယ်ရင်း မောင်လိင်း၏ လက်ကို ခြစ်မိလေရာ သွေးထွက်လေသည်။ ကျားမသည် ထိုသွေးကိုလျှက်ရာမှ ချိုမြိန်မှန်းသိသွားလေသည်။ ထိုအခါ ကျားမသည် မောင်လိင်းအားစားရန် ကြိုးပမ်းတော့သည်။ မောင်လိင်းလည်း သိသည်နှင့် ထွက်ပြေးရန်ကြံစည်လေသည်။ မောင်လိင်းသည် “သားနောက်ဖေးသွားချင်သည်”ဟု မိခင်ကျားမ ကြီးအားဉာဏ်ဆင်၍ ခွင့်တောင်းခဲ့သည်။ ကျားမလည်းအကြံကိုသိနှင့်၍ နောက်ဖေးသွားလျှင် အုံမ......အုံမအော်ပြီးသွားပါဟု ဆိုလေသည်။ မောင်လိင်းထွက်ပြေးလျှင် သိနိုင်ရန်ဖြစ်လေသည်။ မောင်လိင်းလည်း ယင်းသို့အော်၍ ပြေးလေသည်။ မောပမ်းလွန်း၍ ငိုလေရာတွင် အနားတွင်ရှိသော သန်းမကြီးက သနားသဖြင့် “မင်းပြေးလေ ငါတို့ အုံမ အော်ပေးမည်” ဟု ဆိုလေသည်။ မောင်လိင်း လည်းဆက်၍ပြေးရင်းမှ ရစ်ကြက်မ၊ ခါငှက်တို့နှင့်ဆုံလေရာ ငါ၏ခြေရာများကို ဖျက်ပေးပါဟု တောင်းဆိုလေသည်။ လမ်းခရီးညအိပ်သောအခါ မျောက်ချောပင်ပေါ်သို့ တက်၍အိပ်လေသည်။ ထိုအခါ အောက်ချင်းငှက်နှင့် တွေ့လေသည်။ မောင်လိင်းသည် ထိုအောက်ချင်းငှက်အား ငါ၏အမိ ဖုရားထံ ပို့ပေးပါဟု ဆိုလေသည်။ ထိုအခါ အောက်ချင်းငှက်က ငါ၏အစာဖြစ်သော အစာဘလိုးသီး၊ ပကော့သီးတွေ တုန်းသွားမှာစိုး၍ မပို့နိုင်သေးကြောင်းဆိုလေရာ မောင်လိင်းက ကျွန်ုပ်ကသင်၏ နှုတ်သီးကို အဝါ‌ရောင်ဖြစ်အောင် ပြောင်းပေးပါမည် လိုက်ပို့ပေးပါဟုဆို၍ အဝါ‌ရောင်သို့ ပြောင်းပေး လိုက်ပါသည်။ ထို့ကြောင့် အောက်ချင်းငှက် များ၏ နှုတ်သီးများသည် အဝါ‌ရောင်ဖြစ်၍ လှပလှပေ သည်။

မောင်လိင်းသည် အမိဖုရားထံသို့ ရောက်သောအခါ အမိဖုရားက ဝမ်းသာလှ၍ နွားခြံတစ်ခြံ ပေးလိုက်သည်။ ထိုသို့ပေးအပ်သောပွဲသို့ လာ‌ရောက်ကြသော သား၊ သမီး၊ ချွေးမတို့အား လက်တွင် ချည်ခင်ပတ်ပြီး အမှတ်သညာလုပ်ပေးလေသည်။ ယင်းပွဲနေ့ကို ယနေ့တိုင်အောင် အရှိုချင်းတို့က ပွဲတော်တစ်ခုအဖြစ် ပြုလုပ်ကြပေသည်။ တစ်နေ့သောအခါ မောင်လိင်း၏ နွားခြံအပေါက်ဝတွင် ဗိုင်းငင်နေသော ဗိုက်ကြီးသည်တစ်ဦးကို တွေ့ရာတွင် လမ်းဖယ်ပေးဖို့ပြောလေသည်။ ဖွင့်ပါဟုဆို သဖြင့် ဖွင့်လိုက်ရာတွင် နွားမတစ်ကောင်က ထိုအမျိုးသမီးကို နင်းမိလေသည်။ အမျိုးသမီးက တရား စွဲဆိုသဖြင့် နွားခြံတစ်ခြံလုံး အလျော်ပေးလိုက်ရာက မောင်လိင်းလည်း ဆင်းရဲမွဲတေသွားလေသည်။ ထိုအခါ အမိဖုရားအောက်အူးလှီက သားဖြစ်သူ ‌မောင်လိင်းကို ဆင်၊ မြင်းများကို ပေးပြန်သည်။ သူစိမ်းတစ်ယောက်က ထိုဆင်၊ မြင်းများကို ဆိတ်နှင့် လဲသောကြောင့် မောင်လိင်းလည်း တစ်ဖန် ဆင်းရဲသွားပြန်ပါသည်။ အမိဖုရားက ‌ရွှေ၊ ငွေ တို့ကိုပေးပြန်လေသည်။ ထို့ကြောင့် အရှိုတို့သည် ယနေ့တိုင်အောင် မောင်လိင်းကဲ့သို့ ရွှေတို့ငွေစတို့ ဆောင်ထားသည်ဟု ဆိုကြလေသည်။

(ခ) အရှိုချင်းလူမျိုးများနေထိုင်ရာဒေသများ

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ချင်းလူမျိုး (၅၃) မျိုးအနက် မကွေးတိုင်းဒေသကြီး အတွင်း၌ ချင်းလူမျိုးအနွယ်ဝင်(၆)မျိုး နေထိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုချင်း(၆)မျိုး အနက် တစ်မျိုးဖြစ်သော အရှိုချင်းများ နေထိုင်ရာမြို့နယ်များမှာ-

၁။ မင်းတုန်းမြို့နယ်

၂။ အောင်လံမြို့နယ်

၃။ ဆင်ပေါင်ဝဲမြို့နယ်

၄။ တောင်တွင်းကြီးမြို့နယ်

၅။ မင်းလှမြို့နယ်

၆။ ငဖဲမြို့နယ်

၇။ ကံမမြို့နယ် 

၈။ သရက်မြို့နယ်

၉။ စေတုတ္တရာမြို့နယ်

၁၀။ မင်းဘူးမြို့နယ်တို့တွင် အနှံ့အပြားနေထိုင်လျက်ရှိကြောင်းတွေ့ရသည်။

(ဂ) အရှိုချင်းလူမျိုးတို့၏သွင်ပြင်လက္ခဏာများ

တိဗက်အနွယ်ဝင်ဖြစ်သော အရှိုချင်းတို့သည် အသားအရောင်မှာ အဝါရောင်သန်းကြပါသည်။ ရှေးအခါက အရှိုချင်းများသည် ရိုးရာပွဲတော်များတွင် ရိုးရာသင်တိုင်းကို ဝတ်ဆင်လေ့ရှိသည်။ အမဲ လိုက်သောအခါတွင်ဖြစ်စေ ၊ အိမ်နေရင်းအချိန်များတွင် ပုဆိုး နံငယ်ပိုင်းမျှသာ ဝတ်ဆင်လေ့ရှိကြပါ သည်။ ရှေးယခင်က အရှိုချင်းအမျိုးသားတို့သည် ဆံပင်အရှည် ထားလေ့ရှိကြသည်။ နားတောင်း ကိုလည်း ဆင်မြန်းလေ့ရှိကြသည်။ အမျိုးသားများသည် အရွယ်ရောက်သော် ပေါင်တွင်ထိုးကွင်း မှင်ကြောင်များ ထိုးလေ့ရှိကြသည်။ ကျားရုပ်၊ ကြောင်ရုပ်၊ မျောက်ရုပ်နှင့် မိမိနှစ်သက်သော အရုပ် များကိုအလှဖော်၍ ထိုးလေ့ရှိကြပါသည်။ ထိုးကွင်းထိုးရာတွင်လည်း ကျွမ်းကျင်သော အရှိုအမျိုးသား များကသာ ထိုးပေးလေ့ရှိကြပါသည်။ အရှိုအမျိုးသားတို့၏အယူမှာ ပေါင်တွင်ထိုးကွင်း ထိုးထားသော အမျိုးသားသည် သိမ်ငယ်စိတ်မရှိဘဲ ရပ်ရေး၊ ရွာရေး ဝိုင်းဝန်းလုပ်ဆောင်ကြရာတွင် ခါးတောင် မြောင်အောင်ကျိုက်၍ အားတက်သရော စုပေါင်းပါဝင်လုပ်ဆောင်ပေးသောကြောင့် ရပ်ရွာက အားကိုးအားထား ပြုခံရသူများဖြစ်ကြပေသည်။  ယခုအခါတွင် ယင်းသို့ ထိုးကွင်းထိုးသောအလေ့မှာ မှေးမှိန်ပျောက်ကွယ်လုနီး ဖြစ်နေပါသည်။ 

အရှိုအမျိုးသားများနည်းတူ အရှိုအမျိုးသမီးများ၏ အသွင်အပြင်မှာလည်း ထူးခြားလှပါသည်။ အရှိုအမျိုးသမီးများသည် အသက်(၉- ၁၀)နှစ်အရွယ်တွင် မျက်နှာနှင့် လည်ပင်းတွင် ပါးရဲထိုးလေ့ရှိ ကြပါသည်။ အရှိုအမျိုးသမီးတို့သည် မျက်နှာမဲနေလျှင် ဂုဏ်ရှိသည်ဟုယူဆကြ၍ ဆောင်းတွင်းအခါ တွင် ပါးရဲထိုးခြင်း ပြုလုပ်လေ့ရှိကြပါသည်။ ပါးရဲထိုးကြရာ၌ ပါးတွင်ရာဇမတ်ကွက်၊ နဖူးတွင် လက်စွပ်သဏ္ဍာန်၊ မေးစေ့တွင်ပန်းတွန့်၊ သစ်ရွက်သဏ္ဍာန် စသည်ဖြင့် ဆန်းသစ်တီထွင်၍လည်း ထိုးလေ့ရှိကြပါသည်။ ပါးရဲထိုးဆရာတို့သည် မေးစေ့တွင်မိမိတို့၏ လက်စွမ်းပြ၍ လှပသေသပ်စွာ ထိုးလေ့ရှိပါသည်။ အရှိုအမျိုးသမီးတို့၏ ပါးရဲထိုးခြင်းနှင့်ပတ်သက်၍  မြန်မာသာမက ကမ္ဘာလှည့် ခရီးသည်များကပါ အထူးစိတ်ဝင်စားလှပေသည်။ ပါးရဲထိုးခြင်းနှင့်ပတ်သက်၍ သုံးမျိုးရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ယင်းတို့မှာ -

၁။ မကွေးတိုင်းဒေသကြီးအတွင်းနှင့် မကွေးတိုင်းဒေသကြီးနှင့် နယ်နိမိတ်ချင်းထိစပ်လျက် ရှိသော ချင်းရွာများမှ အမျိုးသမီးများ ထိုးလေ့ရှိသော ပါးရဲထိုးခြင်းမှာ ပါးပြင်အနှံ့ အိုးမဲ သုတ်လိမ်းထားသကဲ့သို့ မဲပြောင်နေသည်အထိ ထိုးလေ့ရှိကြသည်။  

၂။ မကွေးတိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ချင်းတောင်နယ်ခြားရွာများတွင် နေထိုင် ကြသော အမျိုးသမီးများသည် မျက်နှာပြင်တွင် စက်ဝိုင်းကွင်းဆက် သဏ္ဍာန်၊ ကကြီး အက္ခရာသဏ္ဍာန် ထိုးလေ့ရှိကြသည်။ 

၃။ ပြည်မနှင့်ဝေးကွာလှသော ချင်းတောင်အလယ်ပိုင်းဒေသများတွင်မူ နဖူးပေါ်တွင် အရေး အကြောင်းတစ်ခုတစ်လေ၊ စတိမျှသာ ထိုးလေ့ရှိကြပါသည်။ ယနေ့အခါတွင် ပြည်မနှင့် ဝေးကွာလှသော ချင်းတောင်ဒေသတွင် အမျိုးသမီးများ ပါးရဲထိုးခြင်းအလေ့မှာ မရှိသ လောက် ပျောက်ကွယ်နေပြီဖြစ်ပါသည်။ 

ပါးရဲထိုးခြင်းသမိုင်းနှင့်ပတ်သက်၍ လေ့လာကြည့်ပါက မြန်မာဘုရင်များ လက်ထက်အခါက တိုင်းသူပြည်သားများသည် ဘုရင့်ထံ အခွန်အတုတ်များ ဆက်သကြရပါသည်။ မကွေးတိုင်းအတွင်း ရှိချင်းရွာများမှထွက်ရှိသော စပါး၊ ပဲ၊ ပြောင်း၊ ဝါ၊ ငရုတ်ကောင်း၊ ပျားဖယောင်း၊ လျှော်၊ ပွဲ့လျက်၊ ချည်စောင်စသည်များအပြင် လူခွန်များလည်း ဆက်သရကြောင်း လေ့လာတွေ့ရှိရပါသည်။ 

သက္ကရာဇ် ၁၇၇၂ ခုနှစ် ယိုးဒယားအရေးအခင်း ပေါ်ပေါက်ချိန်တွင် ချင်းတို့သည် ထီးလင်းနယ် ခင်ရမ်းရွာ ၊ တတင်သားရွာ ၊ မြင်းစုရွာတို့ကို တိုက်ခိုက်ခံရပြီး လူအချို့ကိုလည်း ကျွန်အဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရပါသည်။ ထိုသို့ဖမ်းဆီးခံရသူများအား ကျွန်အဖြစ် ဖမ်းဆီးရောင်းချခဲ့ကြသည်။ ကျွန်အဖြစ် ဖမ်းဆီးခံရသူအများစုမှာ အမျိုးသမီးများဖြစ်ကြသည်။ ထို့ကြောင့် ချင်းအမျိုးသမီးတို့ သည် မိမိတို့၏ မျက်နှာအလှကို ဖျက်ဆီးသောအနေဖြင့် ပါးရဲများထိုးကြခြင်းဖြစ်သည်ဟု ယူဆကြ သည်။ ယင်းသို့ ပါးရဲထိုးခြင်းများမှစ၍ ချင်းအမျိုးသမီးများ၏ ပါးရဲထိုးခြင်းအလေ့ စတင်ပေါ်ပေါက် လာသည်ဟု မှတ်တမ်းများက ဖော်ပြလျက်ရှိပါသည်။ တချို့သော မှတ်တမ်းများတွင် ရှင်ဘုရင်၏ တော်ကောက်ခြင်း မခံရစေရန်အတွက်လည်းကောင်း၊ မိမိချစ်သူနှင့် မကွေကွင်းစေရန်အလို့ငှာ ပါးရဲထိုးကြသည်ဟု လေ့လာတွေ့ရှိရပါသည်။ ယင်းအဆိုမှန်ပါလျှင် မိမိချစ်သူအတွက် မိမိအလှကို ဖျက်ဆီးဝံ့သော ချင်းအမျိုးသမီးတို့၏ မေတ္တာတရားကြီးမားပုံမှာ ချီးမွမ်းဖွယ်ပင်ဖြစ်ပါသည်။ ထို့ပြင် မျက်နှာအလှ ပျက်စီးသွားသော်လည်း ဆက်လက်ချစ်နိုင်သော ချင်းအမျိုးသားတို့၏ စိတ်ဓာတ်မှာ လည်း ချီးမွမ်းဖွယ်ပင်ဖြစ်ပါသည်။ ပါးရဲထိုးခြင်းဓလေ့ကို အရှိုချင်းလူမျိုးများဆိုသည့်ထက် အရှိုမျိုး နွယ်ခွဲဖြစ်သည့် မရန်(ခေါ်)မာလင်လူမျိုးများက အဓိကထိုးကြသည်။

(ဃ) အရှိုချင်းတို့၏ရိုးရာအကများ

အရှိုချင်းအမျိုးသားတို့၏ ရိုးရာအကများ

တုတ်စယ်အက- အရှိုရိုးရာ သိုင်းအကတစ်မျိုးဖြစ်သည်။ အိမ်သစ်တက်ပွဲ၊ မိုးကောင်းနတ်ပွဲများ နှင့် မင်္ဂလာဆောင်များတွင် ကပြလေ့ရှိပါသည်။

လိုက်ခွေဖွေအက- မြူးကြွသော တီးကွက်များဖြင့်ကရသော ခေါင်းပေါင်းလု အကဖြစ်သည်။ ရှေး အခါက ရန်သူ့လက်သို့ပါသွားသော ညီမဖြစ်သူကို ကယ်တင်ရန် အကိုခုနှစ် ယောက်တို့သည် ဓားရေး၊ လှံ‌ရေး၊ လေးပစ်စွမ်းရည်များဖြင့် မိမိတို့၏ အစွမ်း များပြိုင်ကြသည်။ အနိုင်ရသူက ညီမဖြစ်သူကို သွားရောက်ကယ်တင်ရမည် ဖြစ်ရာ အကိုအကြီးဆုံးဖြစ်သော ဇွန်စိုကနိုင်၍ သူရဲကောင်းဘွဲ့(ဆလိုင်း)ကို ရကာ ညီမဖြစ်သူကို ကယ်တင်ခွင့်ရခဲ့သည်။ ယင်းမှ အကြောင်းပြု၍လိုက်ခွေ ဖွေခေါ်ခေါင်းပေါင်းလုအက ပေါ်ပေါက်လာခဲ့သည်။

တွီကွန်အက- အရှိုချင်းအမျိုးသားတို့၏ သူရဲကောင်းရွေးချယ်ပွဲတွင် မိမိတို့၏စွမ်းရည်ကို ပြသရန်အတွက် စည်းချက်ညီစွာဖြင့် ခြေကိုသိုင်းကွက်ကျနင်းကာ ကရသော အကတစ်မျိုး ဖြစ်ပါသည်။

လှော်လွန်အက- အရှိုချင်းသူရဲကောင်းများသည် ဝါးနှီးများ၊ ဒိုင်းလွှာများကိုင်ကာ ဓားရေး၊ လှံ‌ရေးပြသော အကဖြစ်သည်။

အရှိုချင်းအမျိုးသမီးတို့၏ရိုးရာအကများ

ပွန်တောင်ကလိုင်အက- အရှိုချင်း အမျိုးသမီးငယ်လေးများ စည်းချက်ညီစွာဖြင့်   လင်းကွင်း တီးကာ ကရသောအကဖြစ်သည်။ 

ကျလုတ်ထီးန်လိုက်အက- ကျလုတ်(ပုတ်သင်)နှစ်ကောင် သစ်ပင်ကိုကွယ်၍ ချောင်းမြောင်း ကျီစယ်သည့်ဟန် ကရသောအကဖြစ်သည်။ 

ဝကူလှိုက်လွန်အက- မျောက်လွဲကျော်များသဖွယ် ရှေ့ပြန်နောက်ပြန်လွှဲ၍ ကရသောအက ဖြစ်သည်။ ပျော်ရွှင်မြူးတူစွာ ကရသော အကတစ်မျိုးဖြစ်ပါသည်။ 

ဖွယ်ပေါ့အက- တောင်ယာခုတ်သည်မှစ၍ ဝါစိုက်၊ ဝါခူး၊ ချည်ငင်၊ ရိုးရာဝတ်စုံများ ရက်လုပ်သည်အထိ ပုံစံကို သရုပ်ဖော်ကပြသော အကတစ်မျိုးဖြစ် သည်။ 

လိုင်ဖုန်နွှေးအက- ချည်ခင်စွပ်ငှက်သည် တန်ခိုးကြီးသော တောင်တန်းများကို တစ်နှစ် တစ်ခါ လာရောက်ပူဇော်သည့်အသွင် ဖော်ကျူးကပြသော အကဖြစ် သည်။ သက်ကြီးရွယ်အိုများ၊ ဂုဏ်သရေရှိလူကြီးလူကောင်းများ၊ လူမျိုးစုခေါင်းဆောင်များအား ဂါရဝပြုသည့်အနေဖြင့် ကပြရသော အကဖြစ်ပါသည်။  

ဘာသာစကားနှင့်စာပေ

အရှိုချင်းလူမျိုးတို့၏ ဘာသာစကားသည် ချင်းဝိသေသတိုင်းအတွင်းရှိ ချင်းမိသားစုများနှင့် မတူဘဲ သီးခြားတည်ရှိပါသည်။ သို့သော် အသိုက်အမြုံတစ်ခုတည်းမှ ဆင်းသက်လာသောကြောင့် ပင်ရင်းစကားများနှင့် အဓိပ္ပာယ်တူညီမှုများ ရှိနေကြောင်း တွေ့ရပေသည်။ ဉပမာအားဖြင့်-

ရေကို---------တွီး

ခွေးကို--------အွီး စသည်ဖြင့် ချင်းမျိုးနွယ်စုတော်တော်များများနှင့် အသံထွက်ရော အဓိပ္ပာယ်ရော တူညီကြောင်း လေ့လာတွေ့ရှိရပါသည်။

အရှိုချင်းဘာသာစကားအချို့ကို မြန်မာအသံထွက်ရန် လွယ်ကူသော်လည်း အချို့အက္ခရာများ မှာမူ ကြားအသံများစပ်ဟပ်ထွက်ရသည့်အတွက် မြန်မာသံရွတ်ဆိုရန် ခဲယဉ်းသကဲ့သို့ မြန်မာစာဖြင့် အသံထွက်မှန်အောင် ရေးသားရန်မှာလည်း ခဲယဉ်းလှပါသည်။ ပြောရခက်သောစကားကို လူပြော နည်းသည်မှာ သဘာဝပင်ဖြစ်ပါသည်။ လေယူလေသိမ်း ၊ အဖိအဖော့၊ အနိမ့်အမြင့်စသည်များက ပြောဖို့ရန် အခက်ဖြစ်စေပါသည်။ အရှိုစကားသည် ‘အရေးတကြီးပြောမည်ဆိုလျှင် ပြောမထွက်’ ဆိုသကဲ့သို့ ဖြစ်တတ်ပါသည်။ အရှိုစကား ကောင်းကောင်းပြောတတ်သော လူကြီးများပင် အရေး တကြီးပြောလိုလျှင် မြန်မြန်မရောက်ဘဲ မြန်မာစကားနှင့် ပြောထွက်သွားတတ်ပေသည်။ အရှိုချင်း များသည် မြေပြန့်ဒေသအနှံ့အပြားတွင် ဗမာတိုင်းရင်းသားများနှင့်  ကာလကြာရှည်စွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည့်အတွက် ယခုအခါတွင် အရှိုချင်းဝေါဟာရ အသုံးအနှုန်းများ အားနည်းလာသော လက္ခဏာများ တွေ့ရပေသည်။ အရှိုချင်းဝေါဟာရအချို့ကို မြန်မာဝေါဟာရများနှင့် တွဲဖက်၍ လည်းကောင်း၊ မြန်မာဝေါဟာရများကို မွေးစား၍လည်းကောင်း တွဲဖက်သုံးစွဲလာကြောင်း လေ့လာ တွေ့ရှိရပါသည်။

အရှိုချင်းအက္ခရာများသည် မြန်မာအက္ခရာအပေါ်တွင် အခြေခံ၍ တီထွင်ထားကြောင်း သိရှိ ရပါသည်။ အရှိုချင်းစာကို ၁၈၉၂ ခုနှစ်တွင် ရောမအက္ခရာဖြင့် အင်္ဂလီကန်သာသနာပြုဘုန်းတော်ကြီး ဂျော့ချ်ဝှိုက်လက်ထက်တွင် ပထမဆုံး တီထွင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့သော် အင်္ဂလိပ်စာနှင့် ရင်းနှီးသူများအတွက် အဆင်ပြေသော်လည်း အင်္ဂလိပ်စာနှင့် မရင်းနှီးသူများအတွက်မူ အခက်အခဲ ဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် ၁၉၂၅ ခုနှစ်တွင် ပိုးကရင်စာပေရေးသားနည်းကို မှီငြမ်းကိုးကား၍ ဒုတိယအကြိမ် ထပ်မံတီထွင်ခဲ့ကြပါသည်။ သက္ကရာဇ် ၁၉၂၆ ခုနှစ်တွင် အသစ်ထပ်မံပြင်ဆင်ပြီး အရှို ချင်းစာပေသင်ကြားနည်း အခြေခံကို ပုံနှိပ်ထုတ်ဝေခဲ့ကြသည်။ တစ်ဖန် သက္ကရာဇ် ၁၉၄၁ ခုနှစ်နှင့် ၁၉၅၂ ခုနှစ်များတွင် ထပ်မံပုံနှိပ် ထုတ်ဝေခဲ့ကြပြန်ပါသည်။ 


 အရှိုချင်းဘာသာစကားတွင် အခြေခံအားဖြင့် ဝါကျအထားအသိုမှာ  - 

ကတ္တား + ကံ + ကြိယာ 

ဟူ၍ ဖြစ်ရာတွင် မြန်မာဝါကျအထားအသိုနှင့် တူညီပါသည်။

အရှိုချင်းစာတွင် အက္ခရာအဖြစ်  -  

- ဗျည်း (၂၆) လုံး ၊

- သရ (၁၁) လုံး၊ 

- သရအတုလက္ခဏာများ( ၉ ) လုံး၊

- သံခွဲလက္ခဏာ အဓိက ( ၆ ) လုံး၊ နှင့်

- ပုဒ်ဖြတ်များ ( ၄ ) ခုရှိကြောင်းလေ့လာတွေ့ရှိရပါသည်။ 

အရှိုဗျည်း(၂၆)လုံးမှာ-

- က၊ ခ၊ ဂ၊ ဃ၊ င၊

- စ၊ ဆ ၊ဇ၊ ည၊ 

- တ၊ ထ ၊ဒ ၊ဓ၊ န၊

- ပ၊ ဖ၊ ဗ၊ ဘ၊ မ၊

- ယ၊ ရ၊ ရှ၊ လ၊ ဝ၊

- ဟ၊ အ၊ ဧ စသည်တို့ဖြစ်ကြသည်။ ယင်းတို့အနက် (ဒ)၊ (ဘ)၊ (ဧ) စသော အက္ခရာများကို မြန်မာအက္ခရာအတိုင်း အသံမထွက်ဘဲ ကြားသံများဖြင့် စပ်ဟပ်ထွက်ကြောင်း လေ့လာတွေ့ရှိ ရပါသည်။ အရှိုချင်းစာတွင် (သ) အက္ခရာကို မသုံးပါ။ ဤသို့ဖြင့် တီထွင်ထားသော အရှိုချင်း အက္ခရာများကို ယနေ့တိုင် အသုံးပြုလျက်ရှိကြောင်း  တွေ့ရပေသည်။

ဝတ်စားဆင်ယင်မှု

အရှိုချင်းလူမျိုးတို့သည် အသားဝါသည့်အစုတွင်ပါဝင်သည်ဟု ဆိုနိုင်ပေသည်။ အဝတ်အစား ဆင်ယင်မှုမှာ အလေးအနက်ထား ချယ်သတတ်သူများ မဟုတ်ကြချေ။ အရှိုတို့သည် ဝတ်ကောင်း စားလှနှင့် ဟိတ်ဟန်ထုတ်လေ့၊ ကြွားဝါလေ့၊ ခြောက်လှန့်လေ့မရှိကြပေ။ အရှိုလူမျိုးများသည် ရုပ်ဝတ္တုပစ္စည်းအပေါ် စွဲလန်းသူများမဟုတ်ကြချေ။ မချမ်းသာ၍လည်း ဝမ်းမနည်း၊ မသိမ်ငယ်ကြ ပေ။ လောဘမကြီးတတ်သော လူမျိုးစုများဖြစ်ကြပေသည်။

အရှိုချင်းလူမျိုးတို့၏ရိုးရာသင်တိုင်း

အရှိုချင်းတို့သည် ရှေးအခါက လက်ရက်သင်တိုင်းထည်များကိုသာ ဝတ်ဆင်လေ့ရှိကြသည်။ အရှိုချင်းတို့ ရိုးရာသင်တိုင်းဝတ်စုံတွင် အမျိုးသမီးအတွက်ဝတ်စုံနှင့် အမျိုးသားအတွက်ဝတ်စုံဟူ၍ ခွဲခြားထားပါသည်။ အမျိုးသားများသည် ခေါင်းပေါင်းရာတွင် ခေါင်းပေါ်လက်ဝဲ လက်ယာကျင်လည် သလိုပတ်၍ ပေါင်းလေ့ရှိကြသည်။ ယခုအခါတွင် အသင့်ပြုလုပ်ထားသော ခေါင်းပေါင်းများလည်း ဝတ်ဆင်လာကြပါသည်။

အမျိုးသားသင်တိုင်းနှင့်ပတ်သက်၍ အရိပ်ပန်းတစ်နှစ်အား ဝန်းရံစောင့်ထိန်းထားပုံဖြစ် သည်။ ရွှေထမင်းခွက်ငွေပြားပုံကို အနီရောင်၊ အစိမ်းရောင်၊ အဖြူရောင်၊ အဝါရောင်တို့ဖြင့် ပုံဖော် ထားသည်။ အဓိပ္ပာယ်မှာ အရှိုဘိုးဘွားဘီဘင်တို့ ကိုးကွယ်ဆည်းကပ်လာခဲ့သော ဘုရားကအမွေ ပေးခဲ့သော ရွှေငွေဉစ္စပစ္စည်းပုံရိပ်များ ဖြစ်သည်ဟုဆိုလိုပါသည်။ ထို့ပြင် အရိပ်ကြီးသုံးပုံဖြစ်သော လက်ယာပုံရိပ်၊ အလယ်ပုံရိပ်၊ လက်ဝဲပုံရိပ် တို့၏အဓိပ္ပာယ်မှာ လက်ရုံးရည်ကို ပုံဖော်ခြင်းဖြစ်သည်။ လက်ယာဘက် မတ်တပ်အနက်စင်းနှစ်ခုသည် သတို့သမီး သတ်မှန်ခြင်းဖြစ်ပါသည်။  

ရှေးအခါက အရှိုအမျိုးသားသင်တိုင်း အမျိုးအစားနှင့်ပတ်သက်၍ အရှိုချင်းမြေရှင်၊ ကြေးရှင် တို့၏သင်တိုင်းမှာ နက်ပြာရောင်သင်တိုင်းဖြစ်၍ ပဆန်းဆရာ သုံးသင်တိုင်းမှာ နီညိုရောင်ဖြစ်သည်။ မျိုးနွယ်ရိုးရာထိန်းသော အရပ်ကျေးလက်ဒေသများတွင် အဆင့်ဆင့်ရှိ လူကြီးလူကောင်းများသုံး သည့် သင်းတိုင်းဖြူ၊ ခုနစ်ဆယ်ကျော် သက်ကြီးရွယ်အိုများအတွက်သော်လည်းကောင်း၊ လူပျိုအရွယ် မှအသက်ငါးဆယ်ကျော်အရွယ်တို့အတွက် သွေးနီရောင်သင်တိုင်းများ ဝတ်ဆင်လေ့ရှိကြပါသည်။

အမျိုးသမီးသင်တိုင်းနှင့် ပတ်သက်၍ ချိပ်အရိပ်ပန်းတံခါး၊ မောင်ရင်ဆိုင်းထမ်းကြယ်စဉ် အဓိပ္ပာယ်မှာ မိခင်မျိုးနွယ်ပုံဖော်ထားခြင်းဖြစ်ပါသည်။ မျိုးဆက်သစ်ကို ပုံဖော်ထားပါသည်။ အရိပ် ပန်းကွက်များကြားတွင် ချိပ်ကွေး၊ ချိပ်လုံး၊ ချိပ်ခဲ၊ ချိပ်ဆံ၊ ချိပ်တန်းများဖြင့် ပုံဖော်ထားသည်။ အောက်နားတောက်လျှောက် ကြက်ခြေခတ်ချိပ်၊ မျက်ဆံလုံးနှစ်တန်းသွယ်ထားပါသည်။ ဝဲယာ တိုင်နီ၊ အနက်၊ အစိမ်း၊ အဝါ၊ အဖြူစသည့် အရောင်များဖြင့်ပုံဖော်ထားပါသည်။ တည်ကြည်ခြင်း၊ သစ္စာရှိခြင်း၊ ဖြူစင်ခြင်း စသည့်အမျိုးသမီးတို့၏ ဘွဲ့ကိုဖော်ကျူးထားပါသည်။ 

အရှိုချင်းတို့သည် ရိုးရာထည်ရက်လုပ်ရာတွင် အခြေခံအားဖြင့် အနီရောင်နှင့်အနက်ရောင်ကို အဓိကထား၍ အသုံးပြုကြသည်။ အဝါ ၊ အစိမ်းတို့မှာအနားကွပ် သို့မဟုတ် အစက်အပြောက်များ အဖြစ်သာ ထည့်သွင်းရက်လုပ်လေ့ရှိကြပါသည်။ သင်တိုင်း၏အရှည်မှာ (၃၃)လက်မခန့်ရှည်သည်။ သင်တိုင်း၏အောက်တွင် ရှပ်အင်္ကျီအဖြူရောက်လက်ရှည်ကို ဝတ်ဆင်ပြီး အနက်နှင့်အဖြူပါသည့် ခေါင်းပေါင်းကို ပေါင်းလေ့ရှိကြပါသည်။ အနီရောင်သည် ရဲရင့်မှု၊ အနက်ရောင်သည် တည်ကြည် ခံ့ညားမှုနှင့် မြင့်မြတ်မှုကို ဖော်ညွှန်းပြသခြင်းဖြစ်သည်။ 

ယနေ့ခေတ်တွင်မူ အရှိုချင်းအမျိုးသားများသည် အနီနှင့်အနက်စင်း အင်္ကျီခေါင်းစွပ် (သို့ မဟုတ်) ရင်ကွဲနှစ်မျိုးစလုံးကို ဝတ်ဆင်လေ့ရှိကြပါသည်။ နောက်ကျောဆက်ပါပြီး ပခုံးဆက်ပါသော လက်တိုအင်္ကျီဖြစ်သည်။ ပခုံးပေါ်တွင် အီလွန်ခေါ် ကြွေပြား၊ ကွန်ပြာခေါ် ကြွေလွယ်အိတ်၊ ခေါင်းပေါင်းပုဝါကို ပေါင်းလေ့ရှိကြပါသည်။ ခါးစည်းကိုလည်း အနီနှင့်အနက်စင်းများ ရက်လုပ်ကြ ပါသည်။ အရှိုအမျိုးသားတို့၏ ရိုးရာလုံချည်မှာ နှစ်နံစပ်ချုပ်စပ်ပြီး ဆင်မြန်းကြသည်။ ထိုကဲ့သို့သော ဝတ်စုံများကို ရှေးအခါက ပွဲလမ်းသဘင်သွားသောအခါတိုင်း ဝတ်စုံပြည့်ဝတ်ဆင်လေ့ရှိကြပါသည်။

အရှိုချင်းအမျိုးသားတို့သည် အမဲလိုက်ထွက်သောအခါတွင်လည်းကောင်း၊ အိမ်တွင်နေထိုင် သည့်အခါတွင်လည်းကောင်း ပုဆိုးနံငယ်ပိုင်းကိုသာ ဝတ်ဆင်လေ့ရှိကြသည်။ ခါးတောင်းမြောင် အောင်ကျိုက်ထားသည်နှယ် ဖြစ်သည်။ ယင်းကို အရှိုချင်းဘာသာစကားဖြင့်ဆိုလျှင် ခယောက် စီးသည်ဟု ခေါ်ဆိုလေ့ရှိပါသည်။

အရှိုချင်းအမျိုးသမီးတို့သည် ဦးခေါင်းတွင် အနီနှင့်အနက်စင်းပါသော တဘက်ဖြင့်ပေါင်း ကြသည်။ ပခုံးဆက်မပါဘဲချုပ်ထားသော လက်ရှည်၊ ဒူးခေါင်း အောက်ခြေသလုံးထိရှည်သော အင်္ကျီ ပွပွကို ဝတ်ဆင်ကြသည်။    အဝါရောင်အစင်းနှင့် ချိတ်သဏ္ဍာန်လေးများဖြင့် အလယ်တွင်ပတ်ပတ် လည် အလှဆင်ထားပါသည်။  ခါးစည်းမှာ အနီရောင်ခံပေါ်တွင် အနက်ရောင်စင်းများပါရှိပါသည်။ အရှိုအမျိုးသမီးတို့၏ လုံချည်သည် အနက်ပေါ်တွင် အနီစက်လေးများ ၊ အနီစင်းလေးများပါရှိပါ သည်။ 

ရှေးအခါက အရှိုအမျိုးသမီးတို့သည် ကန်တော့ပုံသဏ္ဍာန် ငွေနားတောင်းများ ဝတ်ဆင်လေ့ ရှိပါသည်။ ထိုနားတောင်းများတွင် မှန်များတပ်ဆင်ထားကြသည်။  ထိုသို့ ဝတ်ဆင်ကြခြင်းအပေါ် တွင် နားတောင်းတစ်ဖက်တည်းသာလျှင် တစ်ခုလပ် သို့မဟုတ် တစ်လင်ကွာဟုလည်းကောင်း၊ အမျိုးသမီးတစ်ဦးသည် မိမိ၏မိခင်၊ ခင်ပွန်းသေဆုံးသွားသောအခါ၌ မိမိ၏ ညာဘက်နားတောင်းမှန် ကိုဖြုတ်၍ လည်းကောင်း၊ အိမ်ထောင်ကျသော အမျိုးသမီးများသည် နားတောင်းမှန် နှစ်ဖက်စလုံး တပ်၍လည်းကောင်း၊ နှစ်ဖက်စလုံးဖြုတ်၍လည်းကောင်း ဝတ်ဆင်လေ့ရှိကြသည်မှာလည်း အရှို အမျိုးသမီးတို့၏ ရိုးရာဓလေ့ အယူအဆတစ်ခုပင် ဖြစ်ပါသည်။ 

ကိုးကွယ်ယုံကြည်မှု

အရှိုချင်းလူမျိုးများ ကိုးကွယ်သောနတ်ဘုရားကို နတ်ဟုမခံယူဘဲ ဖန်ဆင်းရှင် ‘အောက်အူ သယောင်’ ၊ ‘လှီအပါသယောင်နှိမ်’ (တစ်ဆူတည်းသောဘုရား)ဟူ၍ ယနေ့တိုင် လက်ခံယုံကြည် ကိုးကွယ်ကြသည်။ အရှိုချင်းတို့၏ ရိုးရာအယူအဆတစ်မျိုးမှာ ကွယ်လွန်စုတေ့ပြီးသော ဘိုးဘွားများ ၊ မိသားစုဝင်များ၏ ဝိညာဉ်...

အရှိုချင်းလူမျိုးများ ကိုးကွယ်သောနတ်ဘုရားကို နတ်ဟုမခံယူဘဲ ဖန်ဆင်းရှင် ‘အောက်အူ သယောင်’ ၊ ‘လှီအပါသယောင်နှိမ်’ (တစ်ဆူတည်းသောဘုရား)ဟူ၍ ယနေ့တိုင် လက်ခံယုံကြည် ကိုးကွယ်ကြသည်။ အရှိုချင်းတို့၏ ရိုးရာအယူအဆတစ်မျိုးမှာ ကွယ်လွန်စုတေ့ပြီးသော ဘိုးဘွားများ ၊ မိသားစုဝင်များ၏ ဝိညာဉ်(လိပ်ပြာ)အား ပူဇော်ပသခြင်းဖြစ်သည်။ ထိုသို့ပူဇော်ခြင်းများကို ပဆန်း ဆရာများက ဦးဆောင်ကျင်းပလေ့ရှိပါသည်။ အိမ်သူအိမ်သားများ ကျန်းမာရေးအညံ့ကြုံခိုက်၊ အနှောင့် အယှက်ကြုံခိုက်တွင်လည်း ပဆန်းဆရာများက ပူဇော်ပွဲများ ဦးဆောင်ပြုလုပ်တတ်ကြပါသည်။   ရိုးရာ ပဆန်းဆရာကြီး ဦးဆွန်၏အဆိုအရ  အရှိုတို့ကိုးကွယ် နေသောအခြားနတ်များကိုမူ အိမ်နီးချင်းဗမာ လူမျိုးများထံမှ ပုံတူကူးကိုးကွယ်ကြကြောင်းသိရပါသည်။

အရှိုချင်းတို့အကြားတွင် ရွာဘုံနတ်၊ ဘိုးဘွားတို့၏ လိပ်ပြာနတ်၊ တောတောင် သစ်ကြီးရှိ ရုက္ခစိုးနတ်တို့အား ပူဇော်ခြင်းများရှိသော်လည်း ယင်းနတ်တို့အား ကိုယ်စားပြုသော နတ်ရုပ်တုဟူ၍ မတွေ့ရပေ။ အချို့သော ကျေးလက်ဒေသရပ်ရွာများတွင် ရွာဘုံနတ်ကို ပူဇော်ပသရန် ရွာထိပ်တွင် လည်းကောင်း၊ ရွာလယ်တွင်လည်းကောင်း၊ မြေသန့်သောနေရာတွင် ကျောက်တုံးများကို ဆင့်ပြီး ပူဇော်ကြပါသည်။ သစ်ပင်ကြီးများအောက်တွင် နတ်စင်အဖြစ်သက်ငယ်၊ ဝါးတိုင် သစ်သားတိုင်များ ဖြင့် ယာယီဆောက်လုပ်၍ ပူဇော်လေ့ရှိကြပါသည်။ ယင်းသို့ပူဇော်ရာ၌ နတ်စင်အနီးတွင် မလေးမစား မပြုလုပ်ရ နတ်မကြိုက်ဟုအယူရှိကြပါသည်။ ယင်းကဲ့သို့ ပူဇော်ပွဲများသည် ရာသီအလိုက်ပြုလုပ် သော ပွဲမျိုးဖြစ်သည်။ 

အရှိုလူမျိုးများတွင် လူတိုင်းမဖြစ်မနေ ပြုလုပ်ရသော ရိုးရာယဇ်ပူဇော်ပသခြင်းများ ရှိပါသည်။ ယင်းတို့မှာ - 

မွေးလျှင် ကင်ပွန်းတပ်ပွဲ

မင်္ဂလာဆောင်ပွဲ

ခုံးနတ်သွင်းပွဲ(ခွန်ဆက်)နှင့်

ခုံးနတ်တင်ပွဲတို့ဖြစ်ပါသည်။


အုပ်ချုပ်မှုအစဉ်အလာ

အရှိုချင်းတို့သည် လွန်ခဲ့သောနှစ်ပေါင်း ၂ ရာစုခန့်တွင် ရွာပိုင်၊ တောင်ပိုင်သူကြီး၊ နယ်ပိုင် သူကြီး၊ ချောင်းပိုင်သူကြီးစသည့် ကြီးလေးကြီးဖြင့် ပဒေသရာဇ်စနစ်ကို ကျင့်သုံးအုပ်ချုပ်ခဲ့ကြသည်။ တောင်ယာများတွင် စိုက်ပျိုးထားသော စပါး၊ ပြောင်း၊ ဝါ၊ နှမ်း စသည့် အသီးအနှံတို့အတွက် အ...

အရှိုချင်းတို့သည် လွန်ခဲ့သောနှစ်ပေါင်း ၂ ရာစုခန့်တွင် ရွာပိုင်၊ တောင်ပိုင်သူကြီး၊ နယ်ပိုင် သူကြီး၊ ချောင်းပိုင်သူကြီးစသည့် ကြီးလေးကြီးဖြင့် ပဒေသရာဇ်စနစ်ကို ကျင့်သုံးအုပ်ချုပ်ခဲ့ကြသည်။ တောင်ယာများတွင် စိုက်ပျိုးထားသော စပါး၊ ပြောင်း၊ ဝါ၊ နှမ်း စသည့် အသီးအနှံတို့အတွက် အခွန် ထမ်းဆောင်ရသည့် ပဒေသရာဇ်တို့၏ တန်ခိုးပြိုင်ဆိုင်မှုကြောင့် အရှိုမျိုးလေးစုကွဲပြီး ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွေ့ပြီး မြေပြန့်အရှိုချင်း အမည်ခံယူပြီး အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြပါတော့ သည်။

ယနေ့အခါတွင် အစိုးရကခန့်အပ်ထားသော ရပ်ရွာအုပ်ချုပ်ရေးမှူးများက တာဝန်ယူ စီမံအုပ် ချုပ်ကြသည်။ သို့ရာတွင် ရပ်ရွာအတွင်း သက်ကြီးဝါကြီး လူပုဂ္ဂိုလ်များ၏ အဆုံးအမများအတိုင်း အလေးထားလုပ်ဆောင်လေ့ရှိကြပါသည်။ 

ရိုးရာယဉ်ကျေးမှု

အရှိုလူမျိုးတို့၏ ယဉ်ကျေးမှုတစ်ခုအဖြစ်သော ဝါးညှပ်အကကြောင်းကို တင်ပြပါမည်။  အရှို ချင်းတို့၏ ဝါးညှပ်အကကို ရှေ့အခါက ဒုမင်္ဂလနာရေးကိစ္စ(ယော်ဇာ)များတွင် ကသောအကတစ်မျိုး ဖြစ်ပါသည်။ အရှိုချင်းတို့သည် မိမိတို့၏ဖန်ဆင်းရှင်ဟု သတ်မှတ်သော အောက်အူလှီဟုခေါ်သော မိခင်ကြီးမှ ပေါ...

အရှိုလူမျိုးတို့၏ ယဉ်ကျေးမှုတစ်ခုအဖြစ်သော ဝါးညှပ်အကကြောင်းကို တင်ပြပါမည်။  အရှို ချင်းတို့၏ ဝါးညှပ်အကကို ရှေ့အခါက ဒုမင်္ဂလနာရေးကိစ္စ(ယော်ဇာ)များတွင် ကသောအကတစ်မျိုး ဖြစ်ပါသည်။ အရှိုချင်းတို့သည် မိမိတို့၏ဖန်ဆင်းရှင်ဟု သတ်မှတ်သော အောက်အူလှီဟုခေါ်သော မိခင်ကြီးမှ ပေါက်ဖွားလာသည်ဟု မှတ်ယူကြသည့်အတွက် သေဆုံးသောအခါတွင်လည်း ထိုသူ၏ ဝိညာဉ်ကို အောက်အူလှီထံသို့ ပြန်သွားကြသည်ဟုယူဆကြသည်။ အောက်အူလှီထံသို့ သွားရာလမ်း ခရီးတွင် အနှောက်အယှက် အတားအဆီးများကို ဖြတ်ကျော်သွားရပုံကို ထောင်ချောက်သဖွယ် ဝါးညှပ်အကကို ကကြပါသည်။ ဝါးညှပ်အကနှင့် ပတ်သက်၍ နှုတ်ရာဇဝင်တစ်ခုကို တင်ပြပါမည်။ သေဆုံးသူသည် အောက်အူလှီထံ သွားရာလမ်းတွင် ဝါးညှပ်သဖွယ် အတားအဆီးများကို ဖြတ်ကျော် ရသည်။ ထိုအချိန်တွင် ဝိညာဉ်များက မဖြတ်ကျော်နိုင်သဖြင့် ပချီဟုခေါ်သော ပိုးနှံကောင်က ကူညီ ကျော်ဖြတ်ပေးရာတွင် ပိုးနှံကောင်၏ ခြေထောက်သည် ဝါးညှပ်တွင်ညပ်သွားခဲ့ပါသည်။ ထိုအခါ ဖန်ဆင်းရှင်သည် ဝိညာဉ်အား မိမိ၏ဦးခေါင်းတွင်တင်၍ ကူညီပို့ဆောင်ပေးခဲ့ပါသည်။ ထိုအခါမှသာ ဝိညာဉ်သည် မိခင်အောက်အူလှီထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါသည်။ အရှိုတို့၏ ရိုးရာတွင် ဆင်သည်လည်းအရေးပါလှပါသည်။ ထို့ကြောင့် အဒေါ်ကို နှံကောင်သဖွယ်၊ ဦးကြီး ဦးလေး များကို ဆင်ကြီးသဖွယ်အားကိုးအားထား ရိုသေလေးစားကြသည်။ ဝါးသည် ထောင်ချောက်သဖွယ် ဖြစ်၍ ထိုသို့ထောင်ချောက်ကို ကျော်ဖြတ်သဖွယ် ဝါးညှပ်များကို ကျော်လွှားခုန်ပေါက်ကြရင်းမှ ဝါးညှပ် အက ဖြစ်ပေါ်လာကြသည်ဟု အဆိုများရှိကြပေသည်။ ရှေးယခင်က နာရေးအိမ်များတွင် ဝါးညှပ် အကကို ခုနစ်ရက်ခုနစ်လီက လေ့ရှိပါသည်။ ယင်းကဲ့သို့သော ဝါးညှပ်အကကို အရှိုတို့စကားဖြင့်“ ခွပ် က္လောမ်ညှပ်လောမ်” ဟုခေါ်ဝေါ်လေ့ရှိကြပါသည်။ ဝါးညှပ်အကနှင့်ပတ်သက်၍ အဆိုတစ်ခုရှိပါသေး သည်။ မောင်နှမ(၈)ဦးမှ အကို(၇)ဦးသည် ညီမငယ်လေးကို ရန်သူများလက်အတွင်းမှ ကယ်ယူပြီးသော် လည်း စစ်ရေးကို ဆက်လက်လေ့ကျင့်သည့်အနေဖြင့် ခြေထောက်ကိုညှပ်၍ လေ့ကျင့်ရသည့် ဝါးညှပ်အကအပြင် မတ်တပ်ရပ်၍ ဝါးညှပ်နှင့်ခေါင်းကိုညှပ်ကာ ဦးခေါင်းဖြင့် လေ့ကျင့်၍ ကပြရသော ဝါးညှပ်အကလည်းရှိပါသေး၏ဟု သိရှိရပါသည်။

ဆောင်ရန်

အရှိုချင်းလူမျိုးတို့၏လိုက်နာဆောင်ရွက်ရမည့်အခြင်းအရာများ

အရှိုချင်းတို့၏ မဖြစ်မနေပြုလုပ်လေ့ရှိသော ရိုးရာပွဲတော်များလည်းရှိပါသည်။ ယင်းတို့အနက် ထင်ရှားသော ပွဲတေ...

အရှိုချင်းလူမျိုးတို့၏လိုက်နာဆောင်ရွက်ရမည့်အခြင်းအရာများ

အရှိုချင်းတို့၏ မဖြစ်မနေပြုလုပ်လေ့ရှိသော ရိုးရာပွဲတော်များလည်းရှိပါသည်။ ယင်းတို့အနက် ထင်ရှားသော ပွဲတော်များမှာ-

ပုန်းမကြည်တင်ခြင်း(ပုတ်ကလာငိုင်)- စပါးရိတ်သိမ်းပြီးသောအခါ ကောက်လှိုင်း များ အိမ်သို့အသယ်မီတွင်ဖြစ်စေ၊ သယ်ပြီးလျှင်ဖြစ်စေ ကြက်သား၊ ခေါင်ရည်၊ ကြက်ဉပြုတ်များဖြင့် ပုန်းမကြည်ရှင်မအားပူဇော်ခြင်း။

ကောက်သစ်စားပွဲ- အရှိုချင်းတို့အခေါ် ‘ စောင်ထာအေပွေ ’ ဟုလည်းခေါ် ကြသည်။ လယ်ကွင်းထဲတွင် နတ်စင်ဆောက်၍ မိမိတို့၏လယ်ယာမှ ပေါ်ဦးပေါ် ဖျားသီးနှံတို့ဖြင့် တင်လှူပူဇော်ခြင်း။ ဟင်းသီးဟင်းရွက်များ၊ ဖွတ်၊ ပဒတ်များကို ယောက်ျား/မိန်းမ မခွဲခြားဘဲ ဝိုင်းဝန်းချက်ပြုတ်ကြသည်။ ခေါင်ရည်များသောက် ၍ ကကြ၊ ခုန်ကြဖြင့် လူငယ်၊ မောင်မယ်များသည် တစ်နှစ်တာ ပင်ပန်းသမျှကို အပန်းပြေပျော်ရွှင်ကြသောပွဲဖြစ်သည်။ ကောက်သစ်စားပွဲသည် မိမိတို့ ရပ်ရွာနှင့် သာဆိုင်သောပွဲဖြစ်၍ ရွာသို့ ဧည့်သည်လာပါက ၎င်းတို့နှင့်သက်ဆိုင်သောနေရာ တွင်သာထိုင်၍ သုံးဆောင်ကြရသည်။

စပါးလိပ်ပြာသိမ်းပွဲ(စေွာင်ခလိုဆင်)- အရှိုချင်းတို့အခေါ် ‘ စောင်ဆန်း’ ပွဲကို တပို့တွဲ ၊ တပေါင်းလများတွင် စပါးရိတ်သိမ်းရာ၌ အလေအလွင့်မရှိစေရန် ပူဇော် သောပွဲဖြစ်သည်။ ထိုပွဲတွင် ကြက်သား၊ ဂျီသား၊ တောဝက်သား၊ ငါး၊ ပုဇွန်တို့ကို မိမိတို့ယာခင်းထွက် ဘူး၊ ဖရုံ၊ သခွားစသော အသီးအရွက်များဖြင့် အရှိုချင်းတို့ ရိုးရာဟင်းချက်နည်းအတိုင်း ချက်ပြုတ်ပူဇော်ကြသောပွဲဖြစ် သည်။ 

စပါးတင်းတစ်ရာပွဲ - အရှိုလယ်သမားများသည် မိမိလယ်ယာမြေမှ စပါးတင်း တစ်ရာပြည့်ထွက်သောအခါများတွင် နွား၊ ကြက်၊ ဝက်များချက်ပြုတ်၍ခေါင်ရည် များသောက်ကာ ပြုလုပ်ကျင်းပသောပွဲဖြစ်သည်။ တင်းတစ်ရာ ပြည့်ထွက်သော လယ်ရှင်အား ချီးကျူးဂုဏ်ပြုသောပွဲဖြစ်သည်။ 

မိုးကောင်းနတ်ပူဇော်ပွဲ - ရှေးအခါက အရှိုချင်းတို့သည် ရေကြည်ရာ၊ မြက်နုရာ ပြောင်းရွှေနေထိုင်ခဲ့ကြသည်။ ထိုအခါ မိမိတို့ပြောင်းရွေ့ နေထိုင်မည့် အရပ်ဒေသ တွင် မိုးလေဝသမှန်ကန်စေရန်၊ ရောဂါဘယများကင်းဝေးစေရန်၊ ဆန်ရေစပါးပေါ များစေရန် ရည်ရွယ်၍ မိုးကောင်း အရှင်သခင်အား ပူဇော်သောပွဲဖြစ်သည်။ 

အရှိုချင်းတို့အတွက် မဖြစ်မနေလုပ်ဆောင်ရသော ပွဲတော်တစ်ခုမှာ အိမ်သစ်တက် ပွဲဖြစ်ပါသည်။ အိမ်သစ်တက်ပွဲတွင် နှစ်ဖက်မိဘဆွေမျိုးသားချင်းများ ဖိတ်ကြား၍ ခေါင်ရည်ဖြင့်ဧည့်ခံလေ့ရှိပါသည်။ အရှိုချင်းတို့အယူအရ မိန်းကလေးဘက်မှ ဆွေမျိုးသားချင်းများကို မြင့်သူဟုသတ်မှတ်၍ ခေါင်အိုးတွင်စိုက်ထားသော ပလူ တံ၏ အရှည်ဘက်မှ သောက်ရပါသည်။ ယောက်ျားလေးဘက်မှ ဆွေမျိုးသားချင်း များကို နိမ့်သူဟုသတ်မှတ်၍ ပလူတံ၏ အနိမ့်ဘက်မှ သောက်ကြရပါသည်။ အိမ်သစ် တက်ပွဲတွင် ရွာသူရွာသားများနှင့် အိမ်သူအိမ်သားများ အကုန်ပါဝင် ဆင်နွှဲ လေ့ရှိပါသည်။


ရှောင်ရန်

အရှိုလူမျိုးတို့၏ရှောင်ရှားဖွယ်အခြင်းအရာများ

ပလက်ဝုတ်ပွဲ

ပလက် ဝုတ်ပွဲကို မိန်းမခိုးပြေးပီး ပြန်...

အရှိုလူမျိုးတို့၏ရှောင်ရှားဖွယ်အခြင်းအရာများ

ပလက်ဝုတ်ပွဲ

ပလက် ဝုတ်ပွဲကို မိန်းမခိုးပြေးပီး ပြန်ပို့ချိန်တွင် ပြုလုပ်ရသည်။ ကျင်းပရခြင်းမှာ သမီးအား ခိုးပြေးသည့်အတွက် သတို့သမီး မိဘများ ကျေနပ်စေရန် သတို့သားဘက်မှ ပြန်လည်တောင်းပန် ရသည့်ပွဲဖြစ်သည်။ ပွဲကျင်းပရန် လိုအပ်သောပစ္စည်းများမှာ ဝက်ကြီးတစ်ကောင်၊ ခေါင်ငင်ထားသော ဗူးတကောင်း(၄၀)ဗူး၊ လှံ(၅)ချောင်း၊ ငှက်ကြီးတောင်ဓါး(၁)လက်၊ ကွန်ပရာ၊ ပဆန်းဆရာ(၂)ယောက်၊ ကြက်စသည်တို့ဖြစ်သည်။

အရှိုလူမျိုးတို့သည် အခြားလူမျိုးများထက် ရှောင်ဖွယ်၊ ဆောင်ဖွယ် အယူများစွာရှိကြပါသည်။ “ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့” ဆိုရိုးအတိုင်းပင် အရှိုလူမျိုးတို့သည် နှောင်းလူတို့ ပြုလုပ်ခဲ့ကြသော ရိုးရာဓလေ့လုပ်ဆောင်ဖွယ်ရာများကို ယနေ့တိုင် လက်ဆင့်ကမ်းလုပ်ဆောင်လာ ခဲ့ကြသည်ကို လေ့လာတွေ့ရှိရပါသည်။ ယင်းတို့အနက် ဗဟုသုတတစ်ခုအနေဖြင့် အရှိုချင်းတို့၏ အသုဘအစီအရင်တစ်ခုအကြောင်း ဖော်ထုတ်တင်ပြပါမည်။ 

အစိမ်းသေခြင်း

အစိမ်းသေခြင်းဆိုသည်မှာ သာမန်ဖျားနာ၍သော်လည်းကောင်း၊ အသက်အရွယ်အိုမင်း၍ သော်လည်းကောင်း သေဆုံးခြင်းမျိုးမဟုတ်ဘဲ လူသတ်၍၊ ကျားစသော တိရစ္ဆာန်တစ်ကောင်ကောင် ကိုက်၍သော်လည်းကောင်း ၊ ယာဉ်တစ်ခုခုဖြင့် တိုက်မိ၍သော်လည်းကောင်း၊ အမျိုးသမီးများ သားဖွားချိန်တွင် သော်လည်းကောင်း မထင်မှတ်ဘဲ သေဆုံးခြင်းမျိုးဖြစ်ပါသည်။ ယင်းကဲ့သို့ အစိမ်းသေ သေခဲ့လျှင် သင်္ဂြိုဟ်သောပုံစံမှာ အနည်းငယ်ထူးခြားလှပါသည်။ သာမန်သေဆုံးသူများကဲ့သို့ အိမ်ပေါ်တွင် မထားဘဲ ချက်ချင်းပင်သင်္ဂြိုဟ်ရပါသည်။ သာမန်သေဆုံးသောသူများကဲ့သို့ အကျွေးအမွေးများ မလုပ်ဆောင်ပေ။ လူတိုင်းကိုကိုင်တွယ်ခွင့်မပြုဘဲ ရပ်ရွာအတွင်းရှိ အကြီးအကဲများကသာလျှင် ကိုင်တွယ် စီရင်လေ့ရှိပါသည်။ လိပ်ပြာခေါ်ပွဲပြုလုပ်ရာတွင် သာမန်သေဆုံးသူများနည်းတူ သုံးနှစ်ကြာမှသာလျှင် လိပ်ပြာခေါ်ပွဲပြုလုပ်ကြသည်။ လိပ်ပြာခေါ်ပွဲကို အရှိုဘာသာဖြင့် “ ခွန်ခွိုင်” ဟုခေါ်ပါသည်။ 

အရှိုချင်းတို့ထုံးစံအရ အရိုးတောင်သို့ပို့ပြီး သုံးနှစ်ကြာလျှင် သားသမီးများက အရိုးအိုးကို အိမ်သို့ ပြန်လည်ယူဆောင်လာကြပြီးလျှင် ခုနစ်ရက်ခုနစ်လီပွဲလုပ်၍ သေသူ၏ ဝိညာဉ်လိပ်ပြာကို ခေါ်၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးကြပါသည်။ ယင်းတွင် သားဖြစ်သူက နွားတစ်ကောင်၊ သမီး၊ မြေး ၊မြစ်များကဝက်တစ်ကောင်ကျစီ ထည့်ဝင်ကြ၍ အကျွေးအမွေး ပြုလုပ်လေ့ရှိကြပါသည်။ သား၊ သမီး၊ မြေး၊ မြစ်များလျှင်များသကဲ့သို့ အကျွေးအမွေးများ ပေါများကြသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကိုညတ်(နာဂ)လူမျိုးများ ဆင်းသက်လာပုံ

ကိုညတ်နာဂမျိုးနွယ်စုသည် အိန္ဒိယ၊ မြန်မာ မခွဲခြားမီ အတူအကွ မှီတင်းနေထိုင်ခဲ့ကြပါသည်။ ကိုညတ်နာဂမျိုးနွယ်စုသည် လုံးဖဲမ်းဖိးကြိမ် ( Long phang phe ching )ခေါ် နေရာဒေသတစ်ခုနေ  ဆင်းသကလာခဲ့ပါသည်။ ကိုညတ်ဟု အမည်နာမပေါ်ပေါက်လာရခြင်းမှာ အနောက်ကိုညတ်ကျေးရွာ ဖြစ်သည့် (သမ်လော်ကျေးရွာ) မှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ၎င်းကျေးရွာရှိ ရွာသူ/ ရွာသား များကို “အင်္ဂလိပ်လူမျိုးက” မင်းဘယ်သူလဲ မင်းတို့ဘယ်သူလဲဟု မေးမြန်းရာတွင် ( ခုပ် (ခ်) ညတ်) ဟု ဖြေကြားခဲ့သည်။ ( ခုပ် (ခ်) ညတ်) ဟုသော အဓိပ္ပ္ပယ်မှာ သူတို့အသုံးအနှုန်းစကားအားဖြင့် ဆံပင် နက်ခြင်းဆိုလိုသည်။ ထိုအချိန်မှစ၍ အင်္ဂလိပ်လူမျိုးများက လူမျိုးတစ်မျိုး၏ အမည်နာမဟု ယူစလျှက်  ( KONYAK )ကိုညတ် ဟူသောအမည်တွင်လာခဲ့ပါသည်။ 

ကိုညတ် နာဂလူမျိုးများသည် အတူတကွစည်းလုံးညီညွတ်စွာနေထိုင်လာခဲ့သည်။ ၁၉၇၀ ခုနှစ် အိန္ဒိယ၊ မြန်မာဟု နှစ်နိုင်ငံခွဲခြားသတ်မှတ်ခဲ့သည်။ ထိုအချိန်မှစ၍ အရှေ့ အနောက်ကိုညတ်နာဂဟု ဖြစ်ပေါ်လာခဲ့သည်။ အသင်းတော်များ၏ နှစ် (၁၀၀ )ပြည့် ဂျူဗလီ သမိုင်းမှတ်တမ်းများနှင့် ရှေးဘိုးဘေးစော်ဘွားကြီးများ၏ အစဉ်အဆက် သမိုင်းမှတ်တမ်းများအရ ကိုညတ်နာဂမျိုးနွယ်စုသည်   ( အိန္ဒိယနိုင်ငံရှိ) အနောက်ကိုညတ်နာဂမျိုးနွယ်စုမှ ဆင်းသက်လာပါသည်။

 နေထိုင်ရာဒေသများ 

ကိုညတ်နာဂမျိုးနွယ်စုသည် စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ် ၊နန်းယွန်းမြို့နယ်တွင် နေထိုင်ကြပါသည်။

သွင်ပြင်လက္ခဏာများ

ကိုညတ်နာဂမျိုးနွယ်စုသည် ရှေးအခါက ယောကျာ်းလေးများ အသက် (၃၀)နှစ်ပြည့်လျှင် မျက်နှာ ပေါ်တွင် ကွက်ကြားဖြင့် (ပရဲထိုး) ဆေးအနက်ရောင် မျက်နှာအပြည့်ထိုးကြပါသည်။ မိန်းကလေးများ အသက်(၁၈)နှင့်ပြည့်လျှင် ခြေသလုံးနှစ်ဘက်နှင့် လက်မောင်းနှစ်ဘက်တွင် ဆေးအနက်ရောင်ကွက်ကြား ထိုးကြသည်။ ယခုအခါတွင် ယခင် ဆေးထိုးခဲ့သည့် အဘိုး၊ အဘွားများသာ ကျန်ရှိပြီး ခေတ်နှင့်အညီ ဆေးရောင်အနက်ထိုးခြင်း အသုံးပြုခြင်းမရှိပါ။

ရိုးရာဓလေ့ထုံးစံများ

ကိုညတ်နာဂမျိုးနွယ်စုသည် နှစ်စဉ်အမြတ်တနိုးကျင်းပလျှက်ရှိသည့် ရိုးရာ နှစ်သစ်ကူးပွဲတော်ရှိပါသည်။ အိုလျန်မိုးညူ( AOLEANG MONYU) konyak Ao Leang Moo ကိုညတ်အိုလျန်မိုးညူဟု ခေါ်ပါသည်။ နှစ်စဉ် နှစ်တိုင်း ဧပြီလ ပထမပတ်တွင် ကျင်းပလျှက်ရှိပါသည်။ ကိုညတ်နာဂမျိုးနွယ်စုရှိသည့် ကျေးရွာရပ်ကွက်တိုင်းတွင် ကျင်းပပြုလုပ်သည့် ထုံးစံရှိပါသည်။

ဘာသာစကားနှင့်စာပေ

ကိုညတ်နာဂမျိုးနွယ်စုသည် ဘာသာစကားရှိစာပေရှိပါသည်။ မိမိတို့ ကိုညတ်စကားကို အင်္ဂလိပ် အက္ခရာဖြင့်တီထွင် အသုံးပြုလျက်ရှိပါသည်။

ဝတ်စားဆင်ယင်မှု

ကျား၊ မ ဓါတ်ပုံအတိုင်းဖြစ်ပါသည်။

ကိုးကွယ်ယုံကြည်မှု

ခရစ်ယာန်ဘာသာ

ခရစ်ယာန်ဘာသာ

အုပ်ချုပ်မှုအစဉ်အလာ

ကိုညတ်နာဂမျိုးနွယ်စုသည် ရှေးယခင်ကစပြီး စော်ဘွားကြီးများမှ အုပ်ချုပ် လာသည့် အစဉ်အလာရှိပါသည်။ စော်ဘွားမျိုးရိုးထဲမှ သားစဉ် မြေးဆက် အုပ်ချုပ်သည့် အစဉ်အလာ ရှိပါသည်။ ကျေးရွာ/ရပ်ကွက် (ပန်) အလိုက် စော်ဘွားကြီးများမှ အု...

ကိုညတ်နာဂမျိုးနွယ်စုသည် ရှေးယခင်ကစပြီး စော်ဘွားကြီးများမှ အုပ်ချုပ် လာသည့် အစဉ်အလာရှိပါသည်။ စော်ဘွားမျိုးရိုးထဲမှ သားစဉ် မြေးဆက် အုပ်ချုပ်သည့် အစဉ်အလာ ရှိပါသည်။ ကျေးရွာ/ရပ်ကွက် (ပန်) အလိုက် စော်ဘွားကြီးများမှ အုပ်ချုပ်ပါသည်။

ရိုးရာယဉ်ကျေးမှု

ကြီးသူကိုရိုသလေးစား၊ ငယ်သူကိုသနား၊ မရှိဆင်းရဲသားများကို ကူညီဖေးမကြပါသည်။

ကြီးသူကိုရိုသလေးစား၊ ငယ်သူကိုသနား၊ မရှိဆင်းရဲသားများကို ကူညီဖေးမကြပါသည်။

ဆောင်ရန်

ရှောင်ရန်

ကိုညတ်နာဂလူမျိုးနွယ်စုသည် စော်ဘွားကြီးများ အသုံးပြုသည့် ခွက်၊ ပန်ကန်များ ကို အခြားသူများအသုံးမပြုရန် သတ်မှတ်ထားသည့် အစဉ်အလာရှိပါသည်။

ကိုညတ်နာဂလူမျိုးနွယ်စုသည် စော်ဘွားကြီးများ အသုံးပြုသည့် ခွက်၊ ပန်ကန်များ ကို အခြားသူများအသုံးမပြုရန် သတ်မှတ်ထားသည့် အစဉ်အလာရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ လူရှိုင်းတိုင်းရင်းသားများ၏ အချက်အလက်များ

လူမျိုးစုဆင်းသက်လာပုံ

     လူရှိုင်းတိုင်းရင်းသားတို့သည် တိဗက်-တရုတ်လူမျိုးများမှ ဖြာထွက် လာသော တိဗက်-မြန်မာအနွယ်ဝင်များ ဖြစ်ကြသည်။ ထိုစဉ်က တရုတ်-မြန်မာ နယ်စပ်မြောက်ဘက်ဒေသတဝိုက်တွင် နေထိုင်ကြသည်ဟု ယူဆရသည်။

နေထိုင်ရာဒေသများ

     အေဒီရှစ်ရာစုနှောင်းပိုင်းတွင် တရုတ်ပြည် နယ်စပ်မြောက်ဘက် ဒေသမှချင်းတွင်းမြစ်ကြောတစ်လျှောက်သို့ ရွှေ့ပြောင်းလာကြပြီး၊ ကဘော်တောင်ကြားဒေသ၌ ဝင်ရောက်နေထိုင်ခဲ့ကြဟန်ရှိသည်။ အေဒီ(၁၃)ရာစု နှစ်ဦးပိုင်းမှစ၍ ချင်းပြည်နယ်သို့ ထွက်ခွာသွား ကြပြီး အေဒီ၁၇၀၀ခန့်တွင် တစ်ချို့တို့မှာ ယခုအိန္ဒိယနိုင်ငံအတွင်း သို့ ဆက်လက်ရွှေ့ပြောင်းကြသည်။ ၁၉၁၄ခုနှစ်မှစ၍ ယခုမြန်မာ နိုင်ငံ ကလေးမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြ သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ပြန်လည်ဝင်ရောက်မှုအများဆုံး ဖြစ်သည်။ ယခုအခါကလေးမြို့နယ်နှင့် တမူးမြို့နယ်တွင် အများဆုံး နေထိုင်ကြပြီး ၊ ရန်ကုန်၊ မန္တလေးနှင့် မြန်မာပြည်အနှံ့တွင်လည်း ပျံ့နှံ့နေထိုင်ကြပြီဖြစ်သည်။

သွင်ပြင်လက္ခဏာများ

     လူရှိုင်းတိုင်းရင်းသားတို့သည် ဖော်ရွေ၍ သစ္စာရှိကြသည်။ တိုင်းရင်းသားညီကိုများအပေါ်မေတ္တာစေတနာထားတတ်သည်။ (မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်) တပ်မတော်သို့ ဝင်ရောက် အမှုထမ်းကြသော လူရှိုင်းတိုင်းရင်းသားတို့သည် တော်လှန်ရေးတွင် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့ကြသည်။ နိုင်ငံတော်နှင့် လူမျိုးအတွက် သစ္စာရှိ သည်။ အားနည်းသူ၊ ဆင်းရဲသူကို ကူညီတတ်သည်။ အမှန်တရား ကိုနှစ်သက်သည်။

ရိုးရာဓလေ့ထုံးစံများ

     တောင်ယာခုတ်စိုက်ပျိုးခြင်းနှင့် တိရိစ္ဆာန်မွေးမြူရေးဖြင့် အများ စုမှာ အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြသည်။ မိသားစုအလိုက် နေ့ကြီးရက်ကြီးများ၌ ဝိုင်းဖွဲ့စားသောက်ကြသည်။ အသက်ကြီးသူ ဝါကြီးသူကို ရိုသေလေးစားတတ်သည်။ သားယောကျ်ားသည် သမီး မိန်းမကိုမေတ္တာမျှပါက တောင်းရမ်းလက်ထပ်ကြရသည်။ ရိုးရာ ကောက်သစ်စားပွဲပြုလုပ်တတ်ကြသည်။ နာမကျန်းနှင့်သေဆုံးသူရှိ လျှင် ဝိုင်း၍နှစ်သိမ့်အားပေးလေ့ရှိသည်။ ဝိုင်းဝန်းကူညီကြရသည်။ ပြောင်ချို၊ ဝက်ဆီဗူးနှင့် မောင်းတို့မှာ လူရှိုင်းတိုင်းရင်းသားတို့၏ ကိုယ်စားပြုအမှတ်တံဆိပ်ဖြစ်သည်။ 

ဘာသာစကားနှင့်စာပေ

လူရှိုင်းတို့သည် မိမိကိုယ်မိမိ မီဇိုးဟုခေါ်သဖြင့် မီဇိုးစကားပြော ဆိုကြသည်။ စာပေ၌ ရိုမန်အက္ခရာသုံး စာပေရှိသည်။

ဝတ်စားဆင်ယင်မှု

မိမိတို့ရိုးရာထုံးတမ်းစဉ်လာအရ ယောကျ်ားဝတ်ဆင်ပုံနှင့် မိန်းမ အဝတ်တန်ဆာ ဆင်ယင်ပုံရှိသည်။ ဓာတ်ပုံဖြင့်ပူးတွဲဖော်ပြပါသည်။

ကိုးကွယ်ယုံကြည်မှု

ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။

ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။

အုပ်ချုပ်မှုအစဉ်အလာ

ရွာသူကြီးအုပ်ချုပ်မှုခေတ်မှစ၍ စနစ်တကျဖွဲ့စည်းသော ရပ်ရွာ အုပ်ချုပ်မှုဖြင့် ယနေ့အထိ အုပ်ချုပ်လာခဲ့သည်။ 

ရွာသူကြီးအုပ်ချုပ်မှုခေတ်မှစ၍ စနစ်တကျဖွဲ့စည်းသော ရပ်ရွာ အုပ်ချုပ်မှုဖြင့် ယနေ့အထိ အုပ်ချုပ်လာခဲ့သည်။ 

ရိုးရာယဉ်ကျေးမှု

အသက်ကြီးသူကို ရိုသေလေးစားသည်။ ယဉ်ကျေးမှု အမွေအနှစ် ကို ထိန်းသိမ်းစောင့်ရှောက်သည်။ ရိုးရာပွဲတော်ကို “ ကြပ်ကြာ ကုသ်” ဟုခေါ်ပြီး နှစ်စဉ်မတ်လတွင် ကျင်းပလေ့ရှိသည်။ မီဇိုအက အမျိုးမျိုးရှိရာ “ကျဲရော” ဟုခေါ်သည့် ဝါးညှပ်...

အသက်ကြီးသူကို ရိုသေလေးစားသည်။ ယဉ်ကျေးမှု အမွေအနှစ် ကို ထိန်းသိမ်းစောင့်ရှောက်သည်။ ရိုးရာပွဲတော်ကို “ ကြပ်ကြာ ကုသ်” ဟုခေါ်ပြီး နှစ်စဉ်မတ်လတွင် ကျင်းပလေ့ရှိသည်။ မီဇိုအက အမျိုးမျိုးရှိရာ “ကျဲရော” ဟုခေါ်သည့် ဝါးညှပ်အကမှာ ထင်ရှား သောရိုးရာယဉ်ကျေးမှုအကတစ်ခုဖြစ်သည်။ လက်ဆွဲနှုတ်ဆက် တတ်သော အလေ့ရှိသည်။

ဆောင်ရန်

တိုင်းပြည်နှင့် လူမျိုးကိုချစ်၍ သစ္စာရှိသည်။ သူတစ်ပါးအကျိုး တတ်နိုင်သရွေ့ဆောင်ရွက်သည်။ ရိုးရာယဉ်ကျေးမှုနှင့်စာပေကို ထိန်းသိမ်းစောင့်ရှောက်သည်။

တိုင်းပြည်နှင့် လူမျိုးကိုချစ်၍ သစ္စာရှိသည်။ သူတစ်ပါးအကျိုး တတ်နိုင်သရွေ့ဆောင်ရွက်သည်။ ရိုးရာယဉ်ကျေးမှုနှင့်စာပေကို ထိန်းသိမ်းစောင့်ရှောက်သည်။

ရှောင်ရန်

စည်းလုံးခြင်းသည် ခွန်အားဖြစ်သောကြောင့်၊ တိုင်းရင်းသား အချင်းချင်း သွေးခွဲမှုကို ရှောင်ကြည်သည်။ 

စည်းလုံးခြင်းသည် ခွန်အားဖြစ်သောကြောင့်၊ တိုင်းရင်းသား အချင်းချင်း သွေးခွဲမှုကို ရှောင်ကြည်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီးရှိ ထာဒိုချင်းလူမျိုးနွယ်စု၏ သမိုင်းအကျဉ်း

တိုင်းရင်းသားလူမျိုးများနှင့်ထာဒို(ချင်း)လူမျိုးနွယ်စုများ၏ဆင်းသက်လာပုံ

     ထာဒိုချင်းလူမျိုးနွယ်စုများသည် ဘီစီ(၉)ရာစုခန့်၌ တိဘက်မြန်မာအုပ်စုနှင့်အတူ တိဘက်ပြည်မှတဆင့် တရုတ်နိုင်ငံ ကန်စုပြည်နယ်၊ စီစွမ်ပြည်နယ်နှင့် ယူနန်ပြည်နယ် ဒေသများမှ ပြောင်းရွှေ့လာကြသည်ဟု ဆိုကြပါသည်။ ၁

တိဘက်မြန်မာအုပ်စုသည် ဘီစီ(၉)ရာစုခန့်၌ မြန်မာနိုင်ငံသို့် ရောက်ရှိလာကြသည်။၂

သက်နှင့်ကဒူးလူမျိုးများမှာ မြန်မာနိုင်ငံ၏အထက်ပိုင်း ဧရာဝတီမြစ်၏အရှေ့ဘက် တကောင်းဒေသတွင် ရောက်ရှိလာကြသည်ဟု ဆိုထားပါသည်။၃

သက်လူမျိုးများသည် နောင်တွင် သတိုးချင်းလူမျိုးများဆင်းသက်ရာ ဇစ်မြစ်ဖြစ်လာသည်။

သုတေသနပညာရှင် ဦးဖိုးလတ်က သက်လူမျိုးများသည် နောင်တွင်ချင်းလူမျိုးများဖြစ် လာကြောင်း ကျောက်စာများတွင် ရေးသားထားသည်ဟု ဆိုထားပါသည်။၄

သက်လူမျိုးသည် သတိုးကိုဘွဲ့အမည်ဖြင့် သုံးစွဲသော်လည်း နောင်တွင် လူမျိုး၏အမည် နာမအဖြစ် တွင်လာခဲ့သည်။ 

သမိုင်းပညာရှင် ဦးဘဖေနှင့် သုတေသနပညာရှင် အောင်ကျော်တို့ကလည်း ဒုတိယ တကောင်းမင်းဆက်တွင် ဇမ္ဗူဒီပရာဇာမှ သတိုးအဟာရာဇာအထိ မင်းဆက်(၁၇)ဆက် ရှိရာ မင်းဆက်(၄)ခုသည် သတိုးလူမျိုးများဖြစ်ကြသည်ဟု ဆိုကြပါသည်။၅

၁------မြန်မာနိုင်ငံရေးအခြေပြသမိုင်း၊ အတွဲ၁(မြန်မာ့ဆိုရှယ််လစ်လမ်းစဉ်ပါတီ)စာ-၁၀၀

၂------ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ၊ အတွဲ၁၊ စာ-၄၇

၃------မြန်မာနိုင်ငံသမိုင်း မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၁၀၊ စာ-၂၃၆

၄------U Polatt.Ancient History Of Myanmar & Research.P.28

၅------a).U Ba Pe. Outline Of Myanmar History.P.181

     သင်းတွဲခေါ်တကောင်းနှင့် ဟန်လင်းကြီးအရပ်တို့တွင် ရှေးကာလ၌ မြန်မာနှင့် သတိုးချင်းများ မကွဲမပြား အတူတကွ နေထိုင်ခဲ့ကြဖူး၏။ ထိုသို့သော ရှေးဟောင်းဇာတိအဖြစ်များကို မေဂျာစီ၊ အမ်အင်နရစ်ရေး မြန်မာတိုင်းရင်းသားများခေါ်စာအုပ်နှင့် ဦးကုလား၏ ရာဇဝင် ကြီးပထမတွဲတွင် ဖတ်ရှုရပေသည်။ 

(အထူးထုတ် စစ်နှစ်လုံးအမှတ်-၁၊ ပြည်ထောင်မြန်မာနိုင်ငံနှင့် ချင်းဝိသေသတိုင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရပုံနှိပ်တိုက်၊ စာ-၁၊ ၂)

ထာဒို(Thado)လူမျိုးများသည် ချင်းပြည်နယ်မြောက်ပိုင်း (ယခုတီးတိန်မြို့နယ်၊ တွန်းဇံ မြို့နယ်၊ ဖလမ်းမြို့နယ်များ)တွင် နှစ်(၄၀၀-၆၀၀)ခန့် နေထိုင်ပြီးနောက် နေရာအခက်အခဲ နှင့် စားဝတ်နေရေးမဖူလုံမှုကြောင့် အနောက်ဘက်သို့ တဖြည်းဖြည်း အခြားညီအစ်ကိုများ နည်းတူ ရွှေ့ပြောင်းလာခဲ့ကြသည်။ (၁၉)ရာစုနောက်ပိုင်းတွင် ချင်းတောင်မှ ပြောင်းရွှေ့ သွားကြသောလူများမှာ အများအားဖြင့် ဒေသအတွင်း စစ်မက်အချင်းချင်း တိုက်ခိုက်မှု ကြောင့်ဖြစ်ပါသည်။ သို့ရာတွင် ထာဒိုလူမျိုးတချို့သည် နေရင်းဒေသ ချင်းပြည်နယ် မြောက်ပိုင်းဒေသတွင် အခြေချပြီး ယနေ့ထက်ထိတိုင် ဆက်လက်နေထိုင်ခဲ့ကြသည်။ ၎င်းတို့သည် မြန်မာပြည်၏ သမိုင်းခေတ်ရေစီးကြောင်းတစ်လျှောက် အခြားတိုင်းရင်းသား လူမျိုးများနှင့်အတူ အေးအတူပူအမျှ လက်ရည်တပြင်တည်းဖြင့် သစ္စာရှိစွာ တိုင်းပြည် အတွက် ရပ်တည်ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏သမ္မတ သမ္မတစပ်ရွှေသိုက်မှ တီးတိန်မြို့ရှိ ထာဒိုခေါင်းဆောင်များကို နိုင်ငံ၏အကျိုးကို ထူးချွန်စွာ ထမ်းဆောင်မှု ကြောင့် ငွေဓားနှစ်လက်နှင့် ဂုဏ်ပြုလွှာနှစ်ခုကို ချီးမြှင့်ခဲ့ပါသည်။ ထို့အပြင် ပြည်ထဲရေး ဝန်ကြီးဌာနမှလည်း သေနတ်နှစ်လက်နှင့် ဂုဏ်ပြုလွှာနှစ်ခုကိုလည်း ထပ်မံချီးမြှင့်ခဲ့ပါ သည်။ 

     ချင်းလူမျိုးများသည် အထက်ပါဖော််ပြခဲ့သည့်အတိုင်း ရှေးကာလအစဉ်အဆက်မှ စ၍ နှစ်ပေါင်း(၁၅၀၀)ခန့် မြန်မာနိုင်ငံတွင် မြေပြန့်၌သော်လည်းကောင်း၊ တောင်ပေါ်၌ သော်လည်းကောင်း နေထိုင်လာခဲ့ကြသည်။ နောင်တွင် လူအများစုသည် အနောက်ဘက် သို့ ပြောင်းရွှေ့နေထိုင်ကြသဖြင့် နိုင်ငံနယ်နိမိတ် ခွဲခြားသောအခါ အိန္ဒိယနိုင်ငံထဲသို့ပါ သွားခဲ့ကြသည်။ သို့ရာတွင် အချို့သော သတိုးလူမျိုးများသည် ချင်းပြည်နယ်နှင့်ကလေး၊ ကဘော်ဒေသတွင် ဆက်လက်နေထိုင်ခဲ့ကြသည်။ ထိုသူတို့၏ မျိုးဆက်များသည်တိုင် ရှိမြဲနေမြဲအတိုင်း ဆက်လက်နေထိုင်လျက် ရှိကြပါသည်။ 

နေထိုင်ရာဒေသများ

      အထက်ချင်းတွင်း လေရှှှီး၊ ခန္တီး၊ ဟုမ္မလင်း၊ ကလေး၊ တမူး၊ ကဘော်ဒေသများနှင့် ချင်းပြည်နယ်များတွင် နေထိုင်ကြပါသည်။ 

သွင်လက္ခာဏာများ

ထာဒိုချင်းမျိုးနွယ်စုများသည် ရှေးယခင်က ယောကျ်ားများသည် ဆံထုံးကိုဦးခေါင်း၏ အနောက် သေသေသပ်သပ် ထုံးထားလေ့ရှိပြီး အမျိုးသမီးများမှာ ဆံပင်နှစ်ခွခွဲ၍ ကျစ်ပြီး သပ်သပ်ရပ်ရပ် ထုံးထားလေ့ရှိပါသည်။ နားများကို အရွယ်ရောက်သောအခါတိုင်းတွင် ဖောက်လျက်ရှိကြပါသည်။

ရိုးရာဓလေ့ထုံးစံများ

     ကောက်သစ်ရောက်ရှိတိုင်း ကောက်သစ်စားပွဲ ပွဲတော်ကျင်းပခြင်း၊ သားရဲတိရိစ္ဆာန်များ ရရှိသောအခါ အောင်ပွဲခံဂုဏ်ပြုခြင်း တို့ဖြစ်သည်။



ဘာသာစကားနှင့်စာပေ

ထာဒိုလူမျိုးနွယ်စုများသည် ထာဒိုဘာသာစကားနှင့်ထာဒိုစာပေကို တူညီစွာဖြင့် အသုံးပြုကြပါသည်။ ထာဒိုစာပေကို(pu ngul hao) ပူးငူလ်ဟောင်း မှ (၁၈၈၅)ခုနှစ်တွင် စတင်တည်ထောင်ကာ ယနေ့ထိတိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက် ရှိနေပါ သည်။ 

ဝတ်စားဆင်ယင်မှု

ထာဒိုလူမျိုးနွယ်စုများသည် ရိုးရာပွဲတော်များ၊ နေ့ထူးနေ့မြတ်များ၊ ပွဲလမ်းသဘင် များတွင် ဝတ်စားဆင်ယင်ကြသည့်နည်းတူ ခေတ်နှင့်အညီလည်း ဝတ်စားဆင်ယင်တတ် ကြပါသည်။

ကိုးကွယ်ယုံကြည်မှု

ရှေးယခင်က နတ်ကိုးကွယ်မှုများ ရှိခဲ့သော်လည်း ယခုအခါတွင် ၉၀% သည် ခရစ်ယာန်ဘာသာ ကိုးကွယ်ကြပါသည်။ 

ရှေးယခင်က နတ်ကိုးကွယ်မှုများ ရှိခဲ့သော်လည်း ယခုအခါတွင် ၉၀% သည် ခရစ်ယာန်ဘာသာ ကိုးကွယ်ကြပါသည်။ 

အုပ်ချုပ်မှုအစဉ်အလာ

ထာဒိုလူမျိုးများသည် တောပိုင်တောင်ပိုင်၊ ချောင်းမြောင်းအင်းအိုင်စသည့် မိမိ နေထိုင်ရာဒေသအလိုက် နယ်နိမိတ်များပိုင်းခြားကာ သူကြီးအုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်မှု အစဉ်အလာကို ကျင့်သုံးအုပ်ချုပ် နေထိုင်ခဲ့ကြပါသည်။&nb...

ထာဒိုလူမျိုးများသည် တောပိုင်တောင်ပိုင်၊ ချောင်းမြောင်းအင်းအိုင်စသည့် မိမိ နေထိုင်ရာဒေသအလိုက် နယ်နိမိတ်များပိုင်းခြားကာ သူကြီးအုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်မှု အစဉ်အလာကို ကျင့်သုံးအုပ်ချုပ် နေထိုင်ခဲ့ကြပါသည်။ 

ရိုးရာယဉ်ကျေးမှု

ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများမြှင့်တင်ခြင်း၊ စာပေယဉ်ကျေးမှုတိုးတက်မြင့်မားလာစေရေး၊ ရိုးရာဓလေ့ပွဲတော်များနှင့် ရိုးရာနေ့ထူးနေ့...

ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများမြှင့်တင်ခြင်း၊ စာပေယဉ်ကျေးမှုတိုးတက်မြင့်မားလာစေရေး၊ ရိုးရာဓလေ့ပွဲတော်များနှင့် ရိုးရာနေ့ထူးနေ့မြတ်များ အစဉ်အလာမပျက် မပပျောက်စေရန် ထိန်းသိမ်းကျင်းပနိုင်ရေး တို့ဖြစ်သည်။

ဆောင်ရန်

အထွတ်အမြတ်ထားခြင်းတွင် ထာဒိုလူမျိုးတို့သည် ယောကျ်ားလေးရသည်ကို အထူးအထွတ်အမြတ်ထားကြသည်။ အဘယ့်ကြောင့်ဆိုသော် သားယောကျ်ားများအတွင်း မှာပင် သားဦးယောကျ်ားသည် ဖခင်၏ အမွေအားလုံးနှင့် ဖခင်၏ အရိုက်အရာကို ဆက်ခံ ရသောကြောင့်...

အထွတ်အမြတ်ထားခြင်းတွင် ထာဒိုလူမျိုးတို့သည် ယောကျ်ားလေးရသည်ကို အထူးအထွတ်အမြတ်ထားကြသည်။ အဘယ့်ကြောင့်ဆိုသော် သားယောကျ်ားများအတွင်း မှာပင် သားဦးယောကျ်ားသည် ဖခင်၏ အမွေအားလုံးနှင့် ဖခင်၏ အရိုက်အရာကို ဆက်ခံ ရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သားဦးယောကျ်ားအမွေပေးသော လူမျိုးအားလုံး သည် ထာဒိုလူမျိုးနွယ်ဖြစ်သည်။ သားဦးသည် (Mi Upa) အစ်ကိုကြီး ဟူသောဘွဲ့ကို ခံယူကာ အသက်ပင်ငယ်စေကာမူ မိမိ၏ဦးလေး၊ ဘလေးတို့မှှ ဆင်းသက်လာသော ယောကျာ်းများမှရရှိသော သားကောင်များ၏ကျောသားကို ဆက်သကြသည်။ ဤသို့ ပြုလုပ်ခြင်းအားဖြင့် မိမိတို့မှ ပေါက်ဖွားလာကြသော မျိုးဆက်သစ်များကလည်း ဤအတိုင်း ပြုလုပ်သည့်ထုံးစံရှိသောကြောင့် ထာဒိုလူမျိုးများတွင် မျိုးနွယ်တူသောအုပ်စု များသည် မျိုးဆက်မည်မျှပင်ခွဲခွာလာကြစေကာမူ မိမိတို့သည် သားကောင်၏ ကျောသား ကို မည်သူ့ကိုပေးခဲ့သည်၊ မည်သူ့ထံမှရခဲ့သည် စသည်ဖြင့် ဆက်စပ်ကာ ကိုယ့်အမျိုးကို ပြန်လည်ရှာဖွေနိုင်သည်။ ထာဒိုလူမျိုးတို့၏ မျိုးနွယ်သတ်မှတ်ရာတွင် မိန်းကလေးများကို အသိအမှတ်မပြုကြပေ။ မိန်းကလေးများသည် သူတို့အိမ်ထောင်ပြုသည့်ယောကျ်ားများ၏ အမျိုးဟု ခံယူကြသည်။ မိမိတို့၏အမျိုးကို ပြန့်ပွားစေမည့် သားယောကျ်ားမရသောသူများ ကို မျိုးတုံးသည်ဟု ယူဆကြသည်။ ထို့ကြောင့် ထာဒိုလူမျိုးတို့တွင် တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးကြသော်လည်း သားယောကျ်ား မထွန်းကားသော ယောကျ်ားများမှာ သူ့လင်ရှိ တရားဝင်မိန်းမက ခွင့်ပြုလျှင် နောက်အိမ်ထောင်ပြုခွင့်ရှိသည်။

ရှောင်ရန်

၁။ ထောင်ချောက်မိသော သားကောင်များ၏ အသားကိုစားပြီး “ဗိုက်ဝပြီ” ဟု မပြ...

၁။ ထောင်ချောက်မိသော သားကောင်များ၏ အသားကိုစားပြီး “ဗိုက်ဝပြီ” ဟု မပြောမိရန် ရှောင်ကြည်ရသည်။ အဘယ့်ကြောင့်ဆိုသော် ဤသို့ပြောမိပါက နောက်ထပ်သားကောင်များ မရတော့ပါဟု ယူဆကြသည်။ 

၂။ တောထဲတောင်ထဲရောက်သောအခါ မဟုတ်မဟတ်စကားများမပြောမိရန် ရှောင်ကြည် ကြသည်။ အလွန့်အလွန်ပျော်ရွှင်မှုလည်း မလုပ်မိရန်ရှောင်ကြည်ကြရသည်။ ကံဆိုး တတ်သည်ဟု ယူဆကြသည်။

၃။ အများတကာလူသွားလမ်းတွင် အတားအဆီးမလုပ်ရန် ရှောင်ကြည်ကြသည်။ လုပ်ခဲ့သူသည် လည်ချောင်း၌ထမင်းလုံးတစ်ပြီး သေတတ်သည်ဟု ယူဆကြသည်။ 

၄။ မီးကို ကျင်ငယ်ဖြင့် မပေါက်ချရန်ကိုလည်း ရှောင်ကြည်ကြသည်။ ဆီးလမ်း ကြောင်း၌ ရောဂါရတတ်သည်ဟု ယူဆကြသည်။ 

၅။ မိဘမဲ့များ၊ မုဆိုးမများ၊ မသန်စွမ်းသူများကို ဒုက္ခရောက်အောင်ပြုမိပါက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မိမိလည်း သူတို့ကဲ့သို့ဖြစ်တတ်သည်ဟု ရှောင်ကြည် ကြသည်။ 

၆။ ပူးကပ်နေသော ငှက်ပျောသီးကို မိန်းကလေးများက စားမိပါက အမွှာပူးကလေး မွေးတတ်သည်ဟု ရှောင်ကြည်ကြသည်။ 

၇။ ငါးဖမ်းဘို့သွားသည့်အခါ ဖျံနာမည်ကို ပြောမိပါက ငါးမရတတ်ဟု ရှောင်ကြည် ကြသည်။

၈။ နာမည်တူ (သို့) နာမည်အရင်းပိုင်တူ ယောကျ်ားကလေးနှင့် မိန်းကလေး ပေါင်းဖက်မိပါက အိမ်ထောင်ရေးက မကောင်းပါဟု  ရှောင်ကြည်ကြသည်။

၉။ အိမ်ထောင်ရှိပြီးသား ယောကျ်ား၊ မိန်းမတစ်ယောက်ယောက်က ဖောက်ပြန်ခြင်း၊ ရည်းစားထားခြင်းရှိခဲ့ပါက တစ်ယောက်ယောက်သေတတ်သည်ဟု ရှောင်ကြည် ကြသည်။

၁၀။ အိမ်ထောင်ရှိပြီးသား ယောကျ်ားတစ်ယောက်သည် တခြားမိန်းကလေး တစ်ယောက်ယောက်၏ သားမြတ်ကို ကိုင်မိပါက မိမိ၏ကလေးသေဆုံးသည်ဟု ရှောင်ကြည်ကြသည်။

၁၁။ အမဲလိုက်၊ ငါးဖမ်းသွားသည့်အခါ ငွေ(ပိုက်ဆံ)ယူသွားမိပါက ကံမကောင်းဟု ရှောင်ကြည်ကြသည်။

၁၂။ သေနတ်နှင့် အိမ်မွေးတိရစ္ဆာန်များပစ်မိပါက ၎င်းသေနတ်ဖြင့် သားကောင်များ မရတတ်ဟု ရှောင်ကြည်ကြသည်။

၁၃။ အမဲလိုက်သူသည် သူ့ပထမသားကောင်၏အသားကို မစားရပါ၊ စားခဲ့ပါက နောက်ထပ်သားကောင်မရတတ်ဟု ရှောင်ကြည်ကြသည်။

၁၄။ သားကောင်များ၏ အသည်း၊ နှလုံး၊ ကျောက်ကပ်၊ အဆုတ်များကို အဖိုးအဖွားများ ၏ခွဲတမ်း(Sachan)ဖြစ်၍ လူငယ်များကမစားရပါ။ စားမိပါက ဦးနှောက်မမှန်ခြင်း၊ စိတ်ဓာတ်မမှန်ခြင်းဖြစ်တတ်သည်ဟု ရှောင်ကြည်ကြသည်။

၁၅။ အမဲလိုက်မုဆိုးများသည် ကျေးရွာအတွင်း လူကြီးမလုပ်ရပါ (သို့) အမြီးပြတ် သားကောင်များ ရသူများကလည်း ကျေးရွာအတွင်း လူကြီးမလုပ်ရပါ။ လုပ်ခဲ့ပါက ဩဇာမလွှမ်းနိုင်ဟု ရှောင်ကြည်ကြသည်။

၁၆။ ထင်းချောင်းများကို အဖျားဖက်ကမီးမစိုက်ရပါ။ စိုက်မိပါက ငွေဝင်နှေးသည်ဟု ရှောင်ကြည်ကြသည်။

၆၁။ အိပ်ယာကို ခေါင်းရင်းဘက်မှ မဝင်ရပါ။ 

၆၂။ တောင်ယာပေါင်းရှင်းသောအခါ၊ တောင်ယာခုတ်သောအခါ ခဏခဏ နေရာ အပြောင်းအရွှေ့မပြုလုပ်ရပါ။

၆၃။ အိပ်ရင်းနှင့် ထမင်းမစားရပါ။

၆၄။ စကားများ၊ ရန်ဖြစ်ပြီးမှ ခရီးမထွက်ရပါ။

၆၅။ အိမ်အမှိုက်လှဲသောအခါ အရှေ့ဘက်မှ အနောက်ဘက်သို့ မလှဲရပါ။

၆၆။ သူများအိမ်အလည်သွားသောအခါ အိမ်ဦးစီးထိုင်ခုံ၌ မထိုင်ရပါ။

၆၇။ မီးဖွားခါနီး၊ မိန်းကလေးခရီးမသွားရပါ။

၆၈။ ကိုယ်ဝန်ရှိသောမိန်းကလေးသည် မျောက်သား၊ ဝက်ဝံသား မစားရပါ။

၆၉။ ကိုယ်ဝန်ရှိသောမိန်းကလေးသည် မြေပြိုနှုတ်ခမ်း၊ မြေကျိုင်းခွက်၊ ရေအိုင်၊ စမ်းအိုင် များ၌ ကျင်ငယ်မစွန့်ရပါ။

၇၀။ ကိုယ်ဝန်ရှိသောမိန်းကလေးသည် (Buisai) ပေါ်မနင်းရ၊ သစ်ပင်ပေါ်မတက်၊ အိပ်ယာအပြောင်းအလဲ မလုပ်ရပါ။

၇၁။ ယောကျ်ား၏ ညာဘက်၌ မိန်းကလေး/ဇနီးမယားမအိပ်ရပါ။

၇၂။ အမျိုးသမီးများ၏ ထဘီအောက်၌ ယောကျ်ားများ မဖြတ်သွားရပါ။

၇၃။ ကိုယ်ဝန်ရှိသော အမျိုးသမီးများ၏ ခါး/ တင်ပါးကို လက်နှင့်မပုတ်ရပါ။

၇၄။ မြစ်ဖျား၊ ချောင်းဖျား၌ ကျင်ကြီး၊ ကျင်ငယ်မစွန့်ရပါ။

၇၅။ ပေါက်တူးကို ဓားသွေးကျောက်၌ မသွေးရပါ။

၇၆။ သေနတ်၊ ဓား၊ လှံထိုးနှင့် သူများကို မချိန်ရွယ်ရပါ။

၇၇။ ကျောက်တုံးနှင့် ချေးမကုံးရပါ။

၇၈။ ယောကျ်ားများသည် ဂျပ်ခုတ်စင်အောက် မဖြတ်သွားရပါ။

၇၉။ တောထဲတောင်ထဲ၌ သားကောင်များ၏ အော်သံအတိုင်းမပြုရပါ။

၈၀။ ကိုယ်ဝန်ရှိသော ခွေးမ၊ မသတ်စားရပါ။

၈၁။ ဝက်စားခွက်၌ ကျင်ငယ်မစွန့်ရပါ။

၈၂။ ကိုယ်ဝန်ရှိသောအမျိုးသမီးများသည် ဘူးသီးနု၊ ဟင်းသီးဟင်းရွက် မခူးရပါ။

၈၃။ ချောင်းပိတ် ငါးဖမ်းသွားသောအခါ နေ့လည်စာမထုတ်သွားရပါ။

၈၄။ မီးလောင်အဝတ်အစားများ မဝတ်ရပါ။

၈၅။ မီးဖွားပြီးကာစ မိန်းကလေးသည် ဂျပ်ခုတ်ခြင်းမပြုလုပ်ရပါ။

၈၆။ အပျိုမိန်းကလေးများ ဆံပင်မဖြတ်ရပါ။

၈၇။ အနာကြီးရောဂါနှင့် အစိမ်းသေများ၏ Kuosa (ဧည့်ခံရန်သတ်သောအကောင်များ၏ အသားကို အပျို၊ လူပျိုများနှင့် ကလေးသူငယ်များက မစားရပါ။

၈၈။ မိန်းကလေးများ ခြေကား၊ ပေါင်ကားဖြင့် မထိုင်ရ၊ မအိပ်ရပါ ရှောင်ကြည်ကြသည်။