၁။ ဆန်မှုန့် (ယိုးဒယားမယ်) (၂) ထုပ်
၂။ ငှက်ပျောဖူး (၁) ဖူး
၃။ မျှစ်ချိုအလုံးကြီး (၃) လုံး
၄။ ငါးခူ အလတ် (၁) ကောင်
၅။ စပါးလင် (၂) ပင်
၆။ ကြက်သွန်နီ (၅) လုံး
၇။ ကြက်သွန်ဖြူ (၂) လုံး
၈။ ဆီ (၅) ကျပ်သား
၉။ ငရုတ်ကောင်းအနည်းငယ်
၁၀။ ဆားအနည်းငယ်
ရှေးဦးစွာ မျှစ်ပြုတ်ပြီး ခြစ်ထားပါ။ ငှက်ပျောဖူးကို ပါးပါးလှီးထားပါ။ ထို့နောက် ငါးကို အနေတော်လေးတုံးပြီး ဆားနှင့်နနွင်းနယ်ထားရပါမည်။ စပါးလင်နှင့် ကြက်သွန်ဖြူကို ထောင်းထားပြီး ကြက်သွန်နီကို ပါးပါးလှီးထားရပါမည်။ အသင့်လုပ်ထားသော မျှစ်၊ ငှက် ပျောဖူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ဆီ၊ ဆားအနည်းငယ်၊ နနွင်းအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်၊ ငရုတ်သီးမှုန့်အနည်းငယ် သကြားအနည်းငယ်ထည့်ပြီး ပန်း ကန်ပြားထဲထည့်၍ အားလုံးကိုရောနယ်ရပါမည်။ ထို့နောက် ငှက်ပျောရွက်ကို ဆီအနည်းငယ် သုတ်ပီး ရဲယိုရွက်ထပ်ခင်းရပါမည်။ နယ်ထားတဲ့အရာအားလုံးကို ရဲယိုရွက်ပေါ်ထည့်ပီး ငါးအတုံးလေး အနည်းငယ်ထည့်ပြီး ထုတ်ရပါမည်။ ဆက်လက်ပြီး ပေါင်းအိုးထဲထည့်ပီး မိနစ် (၂၀) ပေါင်း ပြီးနောက် ကရင်ရိုးရာ ငါးပေါင်းထုပ်ကိုရရှိမည်ဖြစ်ပါသည်။