တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေးခြင်း အစီအစဉ်ကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ် ကရင်၊ ဇွန် ၆
ကရင်ပြည်နယ် 2025-06-12
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ် ရေးရာအသိပညာပေးခြင်း အစီအစဉ်” ကို (၆-၆-၂၀၂၅) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ မြို့နယ်၊ ကွမ်တာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းနှင့် ကျောင်းသား/သူများအတွက် တိုင်းရင်းသားဘာသာသင် ပုံပြ/ပုံပြင်စာအုပ်များ၊ အားကစားပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုး၊တိုင်းရင်း သား စာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက   သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အသီးသီးအသိပညာပေး ဟောပြောခဲ့ကြပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာကြသော ကျောင်းသား/သူများအား ဗဟုသုတဉာဏ်စမ်း မေးခွန်းများမေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူ ကျောင်းသား/သားသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသော ဒေသခံများနှင့် ကျောင်းသား/သူ (၁၀၀)ဦးက တိုင်းရင်းသားဒေသ၏ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက်မေးခွန်း စစ်တမ်းကိုဖြေဆိုခဲ့ကြကာ ပြသထားသော အသိပညာပေးပိုစတာများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။ 

Image
Image
Image
Image
Image
Image